Labels

Friday, May 16, 2014

အိမ်ထောင်ရေး မှာ သာယာကြည်နူးသုခ တိုးစေရန် အိမ်ထောင်သည်များ စားသင့်တဲ့ သစ်သီး ၅ မျိုး




အိမ်ထောင်ရေး မှာ သာယာ ကြည်နူးဖွယ် ရာ အဆင်ပြေ တဲ့ ဘဝမျိုး ရရှိအောင် အောက်ပါ သစ်သီး ငါးမျိုးကို စားပေးသင့်ပါတယ်။

(၁) သလဲသီး

အိမ်ထောင်သည်တွေ အစားသင့်ဆုံး သစ်သီး တွေထဲမှာ သလဲသီးကလည်း ပါဝင်နေပါတယ်။ လေ့ လာမှုတစ်ခုအရ သလဲသီးဟာ သွေးတိုးကို ကျစေ ပြီး နှလုံးရောဂါအန္တရာယ်ကိုလည်း လျော့ကျစေတယ် လို့ သိရပါတယ်။ သလဲသီးဖျော်ရည်ကို သောက်တာ က ဆန္ဒအားကိုကောင်းစေတယ်လို့ သိပ္ပံပညာရှင် တွေက ဆိုပါတယ်။ အကြောင်းကတော့ သလဲသီး စားတဲ့အခါ ခန္ဓာကိုယ်ထဲမှ နိုင်ထရစ်အောက်ဆိုက် ထွက်အောင် ကူညီပေးတာကြောင့် သွေးကြောတွေ ကို ကျယ်စေပြီး သွေးလှည့်ပတ်မှုကို ကောင်းစေလို့ ဖြစ်ပါတယ်။ သလဲသီးကို ဖျော်ရည်အဖြစ်ဖျော်ပြီး အေးခဲအောင် ပြုလုပ်ကာ သောက်နိုင်ပါတယ်။

(၂) သဖန်းသီး

သဖန်းသီးတွေက အမျိုးသားရော အမျိုးသမီး မှာပါ လိင်စိတ်အားကောင်းစေတဲ့ သစ်သီးပါ။ အကြောင်းကတော့ သဖန်းသီးမှာ အမိုင်နိုအက်စစ် ပါဝင်မှု မြင့်မားလို့ပါပဲ။ အမိုင်နိုအက်စစ်ဟာ ပုံမှနှ်နထ လုပ်ငန်းဆောင်တာတွေမှာ ပါဝင်ပြီး ခန္ဓာကိုယ် ထဲမှာ နိုက်ထရစ်အောက်ဆိုက်အဆင့်ကို တိုးစေပါ တယ်။ သဖန်းသီးဟာ အာရုံခံစားမှုနဲ့ စိတ်ခံစားမှုကို ကောင်းမွန်စေတဲ့အတွက် အိမ်ထောင်ရေးမှာ အဆင် ပြေရတာဖြစ်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

(၃) ထောပတ်သီး

ထောပတ်သီးဟာ အိမ်ထောင်သည်တွေ စားသင့် တဲ့ သစသ်ီး ပါ။ အကြောင်း ကတော့  ထောပတသ်ီး မှာ ဖောလစ်အက်စစ် မြင့်မားစွာပါဝင်တာကြောင့် ပရိုတင်းဓာတ်တွေကို ချေဖျက်ကာ စွမ်းအင်အထွက် တိုးစေပါတယ်။ ထောပတ်သီးမှာ ဗီတာမင် B ၆ လည်း ကောင်း ကောင်းပါဝင်တာကြောင့် စိတ်ဖိစီးမှုကို တွန်းလှန်နိုင် ပြီး တိုးလာတဲ့စွမ်းအင်ဟာ ကျားဟော်မုန်းတက်စတို စတီရုန်းကို အထွက်တိုးစေပါတယ်။ ထောပတ်သီးမှာ ပိုတက်စီယမ်ပါဝင်မှုလည်း မြင့်မားတာကြောင့် အိမ် ထောင်သည်အမျိုးသမီးတွေ စားသင့်တာဖြစ်ပါတယ်။

(၄) ငှက်ပျောသီး

တစ်နေ့တာကိုစတင်တဲ့ နံနက်ခင်းမှာ ငှက်ပျော သီးကို စားပေးပါ။ ငှက်ပျောသီးမှာပါဝင်တဲ့ ဘရိုမီလိန်း အင်ဇိုင်းဟာ အိမ်ထောင်သည်တွေရဲ့ စိတ်ဆန္ဒကို တိုးမြင့်စေပါတယ်။ ငှက်ပျောသီးဟာ ပိုတက်စီယမ် ပါဝင်မှု အမြင့်မားဆုံးသစ်သီးထဲမှာ တစ်မျိုးအပါ အဝင်ဖြစ်ပြီး ဗီတာမင်ဘီပါဝင်တာကြောင့် စွမ်းအင် အဆင့်ကို တိုးမြင့်စေပါတယ်။

(၅) စွန်ပလွံသီး

စွမ်းအင်လျော့ကျမှုနဲ့ လိင်စိတ်ဆုံးရှုံးမှုတို့ကို တွန်းလှန်နိုင်ဖို့ စွန်ပလွံသီးကို စားပေးနိုင်ပါတယ်။ အမိုင်နိုအက်စစ် ပါဝင်တဲ့အတွက် ပင်ပန်းနွမ်းနယ်မှုကို ပြေပျောက်စေပြီး စွမ်းအင်ကို တိုးစေနိုင်ပါတယ်။

Good Health

Thursday, May 15, 2014

မျောက်တစ်အုပ် နဲ့ ဦးထုပ်သည်

တစ်ခါက အရပ်ထဲလည်ပြီး ဦးထုပ်ရောင်းတဲ့ ဈေးသည် တစ်ယောက်ဟာ အခုလိုပူတုန်း အိုက်တုန်း သစ်ပင်ကြီးတစ်ပင်အောက် ရောက်လာခဲ့သတဲ့။ အိုက်ကလည်း အိုက်၊ မော
ကလည်းမောမောနဲ့ ဆောင်းထားတဲ့ ဦးထုပ်ကလေး ခေါင်းခုပြီး သစ်ပင်ရိပ်မှာ အိပ်ပျော်သွား
သတဲ့ ပိတ်သတ်ရေ။ နိုးလာလို့ ကြည့်တော့ သူရောင်းတဲ့ ဦးထုပ်တွေထည့်ထားတဲ့ခြင်းထဲမှာ
ဦးထုပ် တစ်လုံးမှ မရှိတော့ဘူးတဲ့။ သူလည်း ဟိုကြည့် ဒီကြည့် ကြည့်လိုက်တော့... လားလား
သစ်ပင်ပေါ်က မျောက်တွေဆီမှာ ဦးထုပ်တွေ ရောက်နေတာ တွေ့ရသတဲ့ဗျ ။
ဦးထုပ်သည် လည်း ညစ်သွားတာပေါ့နော်။ ဒါပေမယ့် သူဟာ လမ်းစဉ်ပါတီဝင် တစ်ဦးဖြစ်လေ
တော့ လူနှင့် ပတ်ဝန်းကျ င်တို့၏ အညမည သဘောတရား ကို အတော်ပိုင်သတဲ့။ အဲဒီထဲမှာက
လူသာ ပဓာန၊ မျောက်သည် သာမည လို့ ရေးထားတာကိုး ပိတ်သတ်ကြီးရဲ့။ ဒီတော့ ငါက လူ
ပဲကွာ ဆိုပြီး သည်လို အကြံထုတ်သတဲ့။
သူ ခေါင်းခု အိပ်နေတဲ့ သူ့ ဦးထုပ်ကို ပြန်ဆောင်းပြီး မျောက်တွေအားလုံးမြင်ရတဲ့ နေရာကိုထွက်
လူလုံးပြ သတဲ့။ အမယ် မျောက်တွေက သူ့ကို အတုခိုးပြီး ဦးထုပ်တွေ လိုက်ဆောင်းကြသတဲ့။
ခဏနေတော့ ဦးထုပ်ကို ချွတ်ပြီး ခေါင်းကုပ်ပြပြန်တယ်တဲ့။ မျောက်တွေကလည်း သူလုပ်သလို
လုပ်ကြပြန်ရောတဲ့ဗျာ။ အဲ အဲ ဒီတော့မှ...ဦးထုပ်ကို ချွတ်ရုံမက မြေကြီးပေါ် ပစ်ချ ပြလိုက်သတဲ့။
မျောက်တွေကလည်း သူတို့ ဦးထုပ်တွေအားလုံးကို မြေပေါ် ပစ်ချလိုက်ကြပါလေရောတဲ့ဗျ ။
ဒီလောက်ဆို ပိတ်သတ်ကြီး အထာပေါက်ကရောပေါ့နော်။ ဦးထုပ်သည် လည်း မြေပေါ်က ဦးထုပ်
တွေ ခြင်းထဲပြန်ကောက်ထည့်ပြီး လစ်လာခဲ့တော့တာပေါ့။
နောင်နှစ်ပေါင်း သုံးဆယ်လောက်ကြာတော့ ဘမျိုးဘိုးတူ စောစောတုန်းက ဦးထုပ်သည်ကြီးရဲ့
မြေး ဦးထုပ်သည်လေးဟာ သူ့အဘိုးနဲ့ အလားတူ ပြသ၁နာမျိုးကြုံရပြန်ပါလေရောတဲ့ ခင်ဗျာ။
ဒါပေမယ့် သူ့အဘိုးက သူ့ကို ဒီပုံပြင်ပြောပြထားတော့ သူက အေးဆေးဘဲ သူ့အဘိုးလုပ်သလို
လုပ်သတဲ့။ မျောက်တွေက သူ ဦးထုပ်ဆောင်းပြတော့ လိုက်ဆောင်းကြသတဲ့။ သူ ဦးထုပ်ချွတ်
ပြီး ခေါင်းကုပ်ပြတော့လည်း လိုက်ကုပ်ကြသတဲ့။ သူက ဦးထုပ်နဲ့ ယပ်ခတ်ပြတော့လည်း ...
အမယ် လိုက်ခတ်ကြပြန်တယ်ဆိုပဲဗျ ။ ဒါနဲ့ပဲ ... သူ က သူ့အဘိုး ပြောပြထားသလို ဦးထုပ်ကို
မြေကြီးပေါ်လည်း ပစ်ချ လိုက်ရော....ဘယ်မျောက်ကမှ သူတို့ ဦးထုပ်တွေကို မြေပေါ်ပစ်မချ ကြ
တော့ဘူးတဲ့ဗျာ။ အသေကိုင်ထားကြသတဲ့။...မျောက်ကလေး တစ်ကောင်က သစ်ပင်ပေါ်ကနေ ဆင်းလာပြီး မြေး ဦးထုပ်သည် ပစ်ချ ထားတဲ့ ဦးထုပ်ကလေး ကိုတောင် လာကောက်သွားသေး
သတဲ့။
ဦးထုပ်သည်လေး လည်း ထင်သလိုဖြစ်မလာတော့ အံ့သြ မင်သက်ပြီး မျောက်တွေကို ငေးကြည့်
နေမိတော့သတဲ့။ ဦးထုပ်ကို လာဆင်းကောက်တဲ့ မျောက်ကလေးက သစ်ပင်ပေါ်ပြန်တက်ကာနီး
မှာ ဦးထုပ်သည်လေးကို စကားတစ်ခွန်းပြောသွားပါသေးရောတဲ့။
" သည်မယ် သယ်ရင်း...မင်းမှာ အဘိုး ရှိသလို...တို့မှာလည်း အဘိုး ရှိတယ် ဆိုတာ မှတ်ထား "
တဲ့ဗျ ။ ၂၀၀၈ ၊ ၂၀၁၀ မှာ သူတို့ အဘိုးတွေ လုပ်စားသွားခဲ့ပေမယ့်...၂၀၁၅ မတော့ ရကြလိမ့်
မယ် ထင်ရင် လွဲတော့မပေါ့ဗျာ။ ကျု ပ်တို့တွေ မလည်း ကျု ပ်တို့ အဘိုးတွေ ရှိကြပါသော်ကော။

( ဆရာ ကောင်းသန့် ရဲ့ မျောက်တစ်အုပ် နဲ့ ဦးထုပ်သည် ...ကို ပြန်ပြောပြတာပါ)
K.K(ကနောင်)
- See more at: http://ayechanmon-news1.blogspot.com/2014/05/blog-post_7653.html#sthash.9Tdl15bq.dpuf

Wednesday, May 14, 2014

သတ္တဝါများနှင့်ပတ်သက်သော စိတ်ဝင်စားဖွယ် အချက်အချို့



-ကြောင်များသည် အမေရိကန်နိုင်ငံတွင် လူကြိုက် အများဆုံး အိမ်မွေးတိရိစ္ဆာန်ဖြစ်သည်။
-ကြောင်များ ကျေနပ်သည့်အခါ (သို့မဟုတ်) ပျော်ရွှင်သည့်အခါတွင် မျက်ပေါက်များ ကျဉ်းသွားတတ်သည်။
-ပျားဘုရင်မ တစ်ကောင်သည် တစ်နေ့လျင်ဥပေါင်း ၁၅၀၀ ဥလေ့ရှိသည်။
-ကြက်တစ်ကောင် အကြာဆုံးပျံသန်းနိုင်သော အချိန်မှာ ၁၃ စက္ကန့်ဖြစ်သည်။
-မခုန်နိုင်သော တစ်မျိုးတည်းသော နို့တိုက်သတ္တဝါမှာ ဆင်ဖြစ်သည်။
-ဖားများသည် သူတို့၏ မျက်လုံးများကို ပါးစပ်ထဲသို့ ဆွဲသွင်းနိုင်ပြီး အစာစားရာတွင် အကူအညီဖြစ်စေသည်။
-ခရုတစ်ကောင်သည် ၃ နှစ်အထိ အိပ်စက်နိုင်သည်။
-ကုလားအုပ်၏ နို့ရည်သည် နွားနို့ထက် သံဓါတ် ၁၀ ဆ ပိုမိုပါဝင်သည်။
-နို့တိုက်သတ္တဝါ ၂၄ မျိုး၏ နို့ရည်မှ စားသုံးနိုင်သော ဒိန်ခဲကို ထုတ်လုပ်နိုင်သည်။
-သစ်ကုလားအုပ် တစ်ကောင်၏ ဦးနှောက်သည် သူ၏ မျက်လုံးထက် သေးငယ်သည်။
-ကြယ်ငါးများတွင် ဦးနှောက်မရှိပေ။
-ပိုလာဝက်ဝံများသည် ဘယ်သန်များဖြစ်သည်၊ ညာသန်သာဖြစ်ပါက အသက်အနည်းငယ် ပိုရှည်မည် ဟုဆိုသည်။
-လိပ်ပြာများသည် သူတို့၏ခြေထောက်ဖြင့် အရသာခံကြသည်။
-သန်းတစ်ကောင်သည် သူတို့၏ခန္တာကိုယ်ထက် အဆပေါင်း ၃၅၀ ရှိသော အကွာအဝေးကို ခုန်နိုင်သည်။
-ခန္တာကိုယ်ရှိ အသန်မာဆုံး ကြွက်သားမှာ လျှာဖြစ်သည်၊ တစ်ခုတည်းသော တစ်ဖက်တည်းမှသာ ချိတ်ဆက်ထားသော ကြွက်သားအမျိုးအစားဖြစ်သည်
-ဆင်များသည် ဒူးလေးခုပါသော တစ်မျိုးတည်းသော သတ္တဝါဖြစ်သည်။
-လူ၏နှလုံးသည် တစ်နေ့လျင် အကြိမ်တစ်သိန်းကျော် ခုန်သည်။
-လူ၏ လက်သည်းများသည် ခြေသည်းများထက် လေးဆခန့် ရှည်နူန်းမြန်သည်။
-အမျိုးသမီးများသည် အမျိုးသားများထက် နှစ်ဆမျက်တောင် ပိုခတ်သည်။
-လူတစ်ဦးသည် အိပ်နေသောအခါ တီဗွီိကြည့်သောအခါ
မှာထက် ကယ်လိုရီကို ပိုမိုသုံးစွဲသည်။


                                                                 မောင်မှတ်

သင်သိရဲ့ လား..?



ရေကို အချိန်မှန်နဲ့ သောက်တဲ့ အခါ ခန္တာကိုယ်အတွက် ထိရောက်တဲ့ ကာကွယ်မှုတွေ ပေးနိုင်တယ် ဆိုတာ မိတ်ဆွေသိပါရဲ့ လား။
အိပ်ရာ နိုးပြီး ချင်း ရေတစ်ခွက်သောက်ရင် အပူကင်းစေပါတယ်။
ထမင်းမစားခင် နာရီဝက်အလို ရေတစ်ခွက်သောက်ရင် အစာကြေစေပါတယ်။
ရေမချိုးခင် ရေတစ်ခွက်သောက်ရင် သွေးဖိအား ကျတာကို ကူညီပေးပါတယ်။
အိပ်ရာမ၀င်ခင် ရေတစ်ခွက်သောက်ရင် နှလုံးရောဂါကို ကာကွယ်ပေးပါတယ်။
ဒီအချိန်တွေမှာ ရေကို အနည်းဆုံး တစ်ခွက် ပုံမှန် သောက်ပေးကြပါနော်။

ကိုလင်း ( MM Social Sky)

MM Social Sky

လူကို ရှိရင်းစွဲအသက်ထက် ရုပ်ပိုရင့်စေတဲ့ အစားအသောက် (၇)မျိုး




လူတစ်ဦးရဲ့ နုပျိုမှုဟာ တစ်ချို့သောအစားအစာတွေကြောင့် ပျက်ယွင်းသွားတတ်ကြပါတယ်။ ခုမှ အသက် ၂၅နှစ်ကို ၄၀ကျော်လို့ ထင်ရတာမျိုးပေါ့။ သူတို့ရဲ့ အစားအသောက်နဲ့ နေထိုင်မှုပုံစံတွေကို ကြည့်ပြီး သူဘာ့ကြောင့်ခုလို အိုမင်းရင့်ရော်ရတာလည်း ဆိုတာ ပြောပြပေးနိုင်ပါတယ်။ ခုလည်း လူကို အိုမင်းရင့်ရော်စေတဲ့ အစားအသောက် (၇)မျိုး အကြောင်း ပြောပြပေးချင်တာပါ။၁။ဆား



ဟင်းချက်တဲ့အခါ ဆားတွေအများကြီးထည့်ချက်တာ၊ အငန်ဓာတ်ကို နှစ်ခြိုက်တဲ့သူတွေဟာ ရုပ်ရင့်ရော်တတ်ကြပါတယ်တဲ့။ ပါးရေတွန့်ခြင်းကို အားပေးတဲ့ ဒီအငန်ဓာတ်ဟာ အထူးသဖြင့် သင့်မျက်လုံးတစ်ဝိုက်က နူးညံ့တဲ့ အသားရေတွေကို ပိုမိုတွန့်စေပါသတဲ့။

၂။သကြား



အသားအရေပိုမိုကြည်လင်စေဖို့နဲ့ လှပတဲ့အသားအရေမျိုးလိုချင်သူတွေအတွက် သကြားကို လျှော့စားဖို့ ဆရာဝန်တွေက ဆိုထားပါတယ်။ သကြားအစား အသီးအနှံတစ်ချို့ကို စားပေးနိုင်တာကြောင့် ခန္ဓာကိုယ်ရဲ့ လှုပ်ရှားမှုကို နှေးသွားစေ နိုင်တဲ့ သကြားဓာတ်ကို လျှော့ဖို့လိုပါတယ်။

၃။ကော်ဖီ



ကော်ဖီဟာ အသားအရည်အတွက်ရော၊ သွားတွေအတွက်ပါ သောက်ဖို့ မသင့်လျော်တဲ့အရာပါ။ အသားအရေကို ခြောက်သွားစေတတ်သလို၊ သွားတွေကိုလည်း ၀ါထိန်ထိန်ဖြစ်စေတာမို့ လူကို ပိုပြီး ရင့်ရော်စေပါသတဲ့။

၎။အရက်



အရက်သောက်လေ့သောက်ထရှိသူ အများစုဟာ ရေဓာတ်ဆုံးရှုံးတတ်ကြတာမို့ အိုမင်းရင့်ရော်တဲ့ပုံ ပေါက်နေတတ်တာ အထူးအဆန်းမဟုတ်တော့ပါဘူး။

၅။ကြွက်သားအမျှင်ပါတဲ့အသား



ကျန်းမာရေးသုတေသီတွေရဲ့ အဆိုအရ ကြွက်သားအမျှင်ပါတဲ့အသားတွေကို တစ်ပတ်ကို တစ်ခါထက်ပိုမို စားသုံးခြင်းဟာ ပါးရေတွန့်စေပါတယ်တဲ့။

၆။ပူစပ်စေတဲ့ အစားအသောက်များ



ငြုတ်သီးတွေ အများကြီးထည့်ချက်ထားတဲ့ အစားအသောက်တွေကို စားမယ်ဆိုရင် ဒါဟာ အသားအရေအတွက် အများကြီးထိခိုက်သွားပြီလို့သာ တွေးလိုက်ပါ။ သွေးကြောတွေကို ပိတ်ဆို့မှုဖြစ်စေနိုင်တဲ့ ဒီလို ပူစပ်စေတဲ့ အစားအသောက်တွေဟာ သင့်ရဲ့မျက်နှာအသားအရေကိုလည်း ပါးရေတွန့်အောင် ကူညီပေးနေပါသေးတယ်။

၇။ဆိုဒါ



သွားနဲ့အသားအရေကို ဂရုစိုက်ချင်သူတွေအတွက်တော့ ဒါလည်းရှောင်ကိုရှောင်သင့်တဲ့အရာပါ။ အထူးသဖြင့် အက်ဆစ်ဓာတ်များတာကြောင့် သွားအတွက် မကောင်းဘူးဆိုတာ သိထားရပါလိမ့်မယ်။

Ref:delish.com

လူကို ရှိရင်းစွဲအသက်ထက် ရုပ်ပိုရင့်စေတဲ့ အစားအသောက် (၇)မျိုး

Trend Myanmar

မြန်မာလူမျိုးများ ဒါတွေကို သိကြလား


စာပေဖတ်ရင်းတွေ့ လို့ မျှဝေလိုက်ပါတယ် သိသင့်တယ်ထင်လို့ မြန်မာတွေရဲ့လ(၁၂)လ
ဖြစ်ပေါ်လာပုံလေး။

တန်ခူး...
********
ဆရာကြီး ဦးဖိုးလတ်က ထန်းသီးတွေခူးတဲ့လမို့ ထန်းခူးလကနေ တန်ခူး ဖြစ်လာတယ်လို့ဆိုတယ်။ပညာရှိတစ်ဦးဖြစ်တဲ့ လှေသင်းအတွင်းဝန်မင်းက
တော့မိန်ရာသီကနေမိဿရာသီပြောင်းတဲ့အတာကူးတဲ့လမို့တာကူးလ၊ နောက်တန်ခူးလ ဖြစ်သွားတယ်လို့ ပြောပါတယ်။

ကဆုန်...
*******
ကုဆုန်ကနေဖြစ်လာတာတဲ့။ ကုဆိုတာ ရေ၊ ဆုန်က စုဆင်းခြင်း။ အဓိပ္ပာယ်ကတော့
ရေသွန်းလောင်းတဲ့လပေါ့။ဒါကြောင့်ကဆုန်လ ညောင်ရေသွန်းပွဲလို့ ဆိုခဲ့တာ မဟုတ်လား။

နယုန်...
*******
နံယုန်ကနေနယုန်ဖြစ်တာ။နံကအချိန်ကာလ၊ယုန်ကမိုးရေစီးဆင်းခြင်းတဲ့။ ပြောရရင် မိုးရွာတဲ့လပေါ့။

ဝါဆို...
******
ပါဠိစာပေမှာ ဝါ က နေခြင်းလေ၊ ဆို က ရွတ်ဆိုတာပေါ့။ ဒါကြောင့် ရဟန်းတော် များဟာ သူတို့ရဲ့ ကျောင်းမှာပဲနေပြီး တရားဓမ္မများကို ရွတ်ဆိုနေကြတဲ့လလို့ ဆိုလာတာပေါ့။

ဝါခေါင်... ဝါတွင်း(၃)လရဲ့ အလယ်လ။ ကျောက်စာတွေမှာတော့ နံကာ တဲ့။ နံဆိုတာ အချိန်ကာလ။ ကာက လယ်ယာလုပ်ငန်းဆိုတော့ လယ်ယာလုပ်ငန်းခွင်ဝင်တဲ့လလို့ဆိုလိုတာပဲ။မိုးတွေဖြိုင်ဖြိုင်ရွာတဲ့လမို့
လယ်သမားကြီးတွေလယ်ယာလုပ်ငန်းခွင်ဝင်နေကြပါတယ်။

တော်သလင်း...
************
တော်ဆိုတာက မြင့်မြတ်တာကို ပြောတာ။သလင်းကသာလင်းကနေလာ
တာ လေ။သာယာထွန်းလင်းသည်လို့အဓိပ္ပာယ်ဖော်ဆောင်တာဆိုတော့ ရဟန်းသံဃာတွေ ဝါတွင်းကာလတရား အားထုတ်၊ ဗုဒ္ဓဘာသာဝင်တွေ
ဥပုသ်သီလဆောက်တည်မှု အထွတ်အထိပ်ဆုံးအချိန်မို့ မြင့်မြတ်တဲ့ သာသနာရောင်ဝါထွန်းလင်းတဲ့ လ။

သီတင်းကျွတ်...
**************
ဥပုသ်သီတင်းဆောက်တည်မှု၊ရဟန်းသံဃာတွေ ကိုယ့်ကျောင်းမှာသာ
တရားအားထုတ်ရတဲ့ ဝါတွင်းကာလ လွန်မြောက်ပြီး ယင်းသို့ သီတင်းသုံး
နေထိုင်ခြင်း ကျွတ်လွတ်တဲ့လမို့ သီတင်းကျွတ် လို့ ခေါ်တာပေါ့။

တန်ဆောင်မုန်း...
*************
ရှေးတုန်းက တန်ဆောင်မှုန်း လို့ ရေးခဲ့တယ်တဲ့..။တန်ဆောင်ဆိုတာ မီးရှုးမီးတိုင်ကပေးတဲ့ အလင်းရောင်၊ မှုန်းက ချယ်မှုန်းသည်ဆိုတော့ ။ ကောင်းကင်ကြီးတစ်ခုလုံးဟာမီးရှုးမီးပန်းတွေနဲ့ချယ်မှုန်းထားလောက် အောင်လင်းလက်တဲ့လပေါ့။မီးပုံးပျံတွေ စေလွှတ်ကြ၊မီးရှုးမီးပန်းတွေပစ် ဖောက်ကြတန်ဆောင်မုန်းလပြည့်မှာ ပြည့်တဲ့လက(၁၂)လရာသီမှာ
အပြည့်ဆုံးလတဲ့ လေ။ဒါကြောင့် ဆေးဖက်ဝင်သစ်ပင်တွေက ဆေးပေါင်းခတဲ့ညလို့ တောင် ဆိုကြတယ်။

နတ်တော်...
***********
နတ်တွေကို ပူဇော်တဲ့လလို့ ပြောကြတယ်။ ဆရာကြီး ဦးဖိုးလတ်က မင်းမဟာဂီရိ မောင်နှမလူပူဇော်တယ်လို့ဆိုတယ်။
လှေသင်းအတွင်းဝန်မင်းက မဟာပိန္နဲနတ်ကို ပူဇော်တာတဲ့။

ပြာသို...
******
ပ္လါသို ကလာတာတဲ့။ ပ္လါက ပျားဖယောင်းကိုပြောတာ။ သို က သိုလှောင်ခြင်းပေါ့။ပျားဖယောင်းတွေအများဆုံးစုဆောင်းလို့ရတဲ့လပေါ့။

တပို့တွဲ...
*******
ထန်းဖူး၊ထန်းခိုင်၊ထန်းပို များ တွဲကျတဲ့လမို့
ထန်းပို့တွဲကနေ တပို့တွဲဖြစ်လာတာပဲ။

တပေါင်း...
********
ထန်းရည်တွေ လှိုင်လှိုင်ထွက်ပြီး ထန်းရည်တွေကိုစုပေါင်းကျိုချက်တဲ့လမို့ ထန်းပေါင်း ကနေ တပေါင်း ဖြစ်လာတာတဲ့။

credit to ဓမ္မစမ်းရေ

Friday, May 2, 2014

အုတ်တစ်ချပ် သဲတစ်ပွင့်


(၁)

တိုင်းပြည်ကိုချစ်သူများ၏ စကား။

‘တိုင်းပြည်တည်ဆောက်ရာတွင် အုတ်တစ်ချပ် သဲတစ်ပွင့်ဖြစ်ရပါလို၏’

ဤသို့သော ဆုတောင်းသံကို ကြားရသည်မှာ ဝမ်းသာအားရစရာကောင်းလှသည်။ သာဓု၊ သာဓု၊ သာဓုဟူ၍ သုံးကြိမ်ခေါ်မိသည်။ လူ့ဘောင်လောကကြီးကို တည်ဆောက်ရာတွင် အုတ်တစ်ချပ်သဲ တစ်ပွင့်အဖြစ် ပါဝင်ကြိုးပမ်းလိုကြသူများအတွက် အားရစရာတွေကို စဉ်းစားဆင်ခြင်မိသည်။

(၂)

အုတ်တစ်ချပ်ဖြစ်လာဖို့။

ပထမမြေကြီးကိုရှာရသည်။ ရေခံမြေခံကောင်းမှ ဆိုသကဲ့သို့ မြေကောင်းကောင်းတော့လိုသည်။ မြေကြီးကိုစေးထန်စေအောင် ရေနှင့်နူးရသည်။ နှပ်ထားရသည်။ နူးနပ်သောမြေကြီးကိုမှ ကြိတ်နယ်ရ သည်။ လူအား၊ တိရစ္ဆာန်အင်အား သို့မဟုတ် စက်အားဖြင့်ဆုံတွင်ကြိတ်နယ်ရသည်။ ပုံစံပြရလျှင် ကျောင်းသားတစ်ယောက်ကို ဆရာ၊ ဆရာမများက စာတတ်ပေတတ်စေရန်နှင့် လိမ္မာယဉ်ကျေးစေရန် အတွက်သင်ကြားပေးသည်နှင့်တူသည်။ ကျောင်းသားသည် ကျောင်းပိတ်ရက်အချို့မှအပ နေ့စဉ်ရက် ဆက်နှစ်ပေါင်းများစွာ စာသင်ခန်းထဲတွင် သင်ယူရသည်။ အိပ်ချင်လည်းမအိပ်ရ၊ ကစားချင်လည်း မကစားရပေ။ ကြိတ်နယ်မှုကောင်းပါမှ အုတ်ကောင်းတစ်ချပ်ကိုရသည်။ ထိုနည်းတူ ဆရာ၊ ဆရာမများ ၏သင်ကြားမှုက အရေးပါသည်။ ကျောင်းသားများကို စည်းမဲ့ကမ်းမဲ့၊ ဆုံးမခြင်းကင်းမဲ့စွာထားပါက ကျောင်းသားကောင်းများ ရနိုင်မည်မဟုတ်ပေ။

ကြိတ်နယ်ပြီးစီးသော မြေစေးကိုပုံစံခွက်ထဲထည့်ကာ ပုံရိုက်ယူရသည်။ ပုံရိုက်ပြီးသော အုတ်စိမ်းများ ကိုကား နေလှန်းရပြန်သည်။ နေလှန်းထားသောအုတ်များကို အုတ်စိမ်းဟုပင်ခေါ်သေးသည်။ ၎င်းတို့ သည်မကျက်သေး။ ထိုအချိန်တွင်အတော်လေး အလေအလွင့်အပျက်အစီးများသည်။ ဤအဆင့်သည် (၁၀) တန်း၊ တက္ကသိုလ်ဝင်တန်းကျောင်းသားများနှင့်တူသည်။ (၁၀) တန်းသည် ကျောင်းသားအများစု ကျရှုံးသောအတန်းဖြစ်သည်။ ကျသောသူအများစုကတော့ နောက်တစ်ကြိမ်ပြန်ဖြေပြန်သည်။ ကျရှုံး ဖန်များလာသည့်အခါ ၎င်းကျောင်းသား လက်လျှော့ကာ ကျောင်းထွက်သွားလေတော့သည်။ ၎င်းတို့ သည်အုတ်မဖြစ်သော မြေများဖြစ်သည့်အလျောက် ‘မြေကြီး’ ဖြစ်သွားသောအခါမှာတော့ ဝမ်းနည်းရ လေမလား၊ ဝမ်းသာရလေမလား မဝေခွဲတတ်ကြ၊ မြေကြီးဘဝမှလာသော ကြိတ်နယ်ထားသော မြေစေးနှင့်ရိုးရိုးမြေစေး၊ ဘာများထူးခြားလာမည်နည်း။
(၃)
နေလှန်းပြီးသောအခါ အုတ်ကျိုးအုတ်ပဲ့များကိုပယ်ပြီးနောက် ဖိုသွင်းမီးဖုတ်ရသည်။ အုတ်များကို စနစ်တကျစီရီကာ မီးထိုးခြင်းသို့မဟုတ်အပူပေးခြင်း ပြုလုပ်ရသည်။ မီးညီစေရေးအတွက် ဖိုဆရာ သည်အရေးပါလှသည်။ အုတ်များသည် မျှတညီညာသော မီးကိုရမှသာ အကျက်မှန်ပေမည်။ ဤနေရာ တွင်တိုင်းပြည်တစ်ခုရှိ ကျောင်းသူ၊ ကျောင်းသားများအား စနစ်တကျပညာသင်ကြားခြင်းနှင့် ဆင်တူ သည်။ စနစ်တကျဆိုရာ၌ ရပ်ဝေးရပ်နီး၊ နယ်နှင့်မြို့ကြီးတန်းတူ အခွင့်အလမ်းရစေခြင်းဖြစ်သည်။ ထို့အပြင် မိမိ၏ဉာဏ်ရည်ဉာဏ်သွေးအလျောက် ပညာသင်ယူစေရသည်။

အသင့်အတင့်မျှပညာအရည်အသွေးရှိသူ သို့မဟုတ် ပညာရည်နိမ့်ကျသူကို အဆင့်မြင့်ပညာသင်ယူ စေပါက မီးထိုးလွန်ကဲသော အုတ်ကဲ့သို့ မီးကျွမ်းသွားပေမည်။ အုတ်ကောင်းမရ။

သို့ဖြစ်၍ ပညာရေးဆိုင်ရာ တာဝန်ရှိသူ ဆရာ၊ ဆရာမများ၏ အဆုံးအဖြတ်သည် အရေးကြီးလှသည်။

မီးကျွမ်းသောအုတ်ကိုရရှိပါက ၎င်းကိုအဆောက်အဦကောင်းများတွင် မသုံးနိုင်တော့ပေ။ အုတ် ကောင်းအုတ်သန့်များကိုသာ နှစ်ရှည်ခံနိုင်သော အဆောက်အဦများတွင် သုံးကြသည်။ မည်သို့ပင်ဖြစ် စေအုတ်အားလုံးကား သူ့နေရာနှင့်သူတော့ အသုံးဝင်လေသည်။ တချို့ကို အဆောက်အဦဆောက်ရာ တွင် အသုံးဝင်လေသည်။ တချို့ကိုအဆောက်အဦဆောက်ရာတွင် အသုံးဝင်သလို အချို့ကိုခြံစည်းရိုး အတွက်သုံးသည်။ အချို့ကိုမူ လမ်းခင်းကြသည်။ ပလက်ဖောင်းခင်းကြသည်။

တိုင်းပြည်တည်ဆောက်ရာတွင် ပါဝင်သောအုတ်များကဲ့သို့ လူငယ်များသည်လည်း ကျရာနေရာက တာဝန်ယူ၍ နိုင်ငံကိုတည်ဆောက်ရသည်။

အလေအလွင့်အုတ်များရှိသလို လူငယ်များထဲတွင်လည်း အလေအလွင့်ရှိလေသည်။ အလေအလွင့် အုတ်များသည် မြေကြီးထဲအသုံးမဝင်မြုပ်ဝင်သွားသကဲ့သို့ အလေအလွင့်လူငယ်တို့၏ ပျက်စီးမှုတွေကို လည်းမြင်တွေ့နေရသည်။

အလေအလွင့်နည်းစေရန်တော့ အားလုံးတွင်တာဝန်ရှိသည်။

(၄)

အုတ်ကောင်းများဖြင့် ဆောက်လုပ်ထားသော တိုက်တာအဆောက်အဦများစွာတို့သည် နှစ်ပေါင်းများ စွာအသုံးချနိုင်သည်။ တာရှည်ခံသည်။ (ထို့အတွက် မှန်ကန်သော သဲ၊ ဘိလပ်မြေ၊ အချိုးအဆများ ရောစပ်ပုံမှန်ကန်မှု စသည်တို့လည်း အရေးပါသေးသည်။)

မည်သို့ပင်ဖြစ်စေ တာရှည်ခံသော အဆောက်အဦသည်လည်း တစ်ချိန်တွင်ပြိုပျက်မည်သာပင်။ တား၍မရနိုင်သော သဘာဝတရားပင်ဖြစ်သည်။ အချို့အဆောက်အဦများမှာ အန္တရာယ်ရှိအဆောက် အဦအဖြစ် သတ်မှတ်ခံရကာ ဖြိုဖျက်ရသည်လည်းရှိသည်။

ထိုအခါတွင် မြေအုတ်တို့ဘာဖြစ်သွားမည်နည်း။ အုတ်ကျိုးအုတ်ပဲ့များကို လမ်းခင်းရာတွင်သာ အသုံး များသည်။ တစ်ခါတစ်ခါတော့လည်း အုတ်ဟောင်းများကို ဝင်းခြံစည်းရိုးအတွက် သုံးကြသည်။ နောက် တော့ကော၊ နောက်တော့ မြေအုတ်တို့ဘဝနိဂုံးသို့ရောက်ရလေပြီ။ အထုခံ၊ အထောင်းခံ၊ မီးဖုတ်ခံရ သောအုတ်ချပ်။ လူအား၊ စက်အား၊ တိရစ္ဆာန်အားစတဲ့ လုပ်အားတွေသုံးကာ တည်ဆောက်ခဲ့သော အုတ်ချပ်။ ထိုအုတ်ချပ်သည် နောက်ဆုံးမြေကြီးထဲသို့ ဝင်ရောက်ငုပ်လျှိုးသွားပေတော့သည်။ အုတ်ချပ် တို့၏လာရာလမ်းကို ပြန်သွားခြင်းပင်ဖြစ်သည်။ ဤသည်မှာဓမ္မတာပင်ဖြစ်တော့သည်။ ဘဝသည် လည်းထိုနည်းနှင်နှင်။

အချိန်တန်ရင်တော့ ကျွန်ုပ်တို့တစ်တွေအားလုံးသည်လည်း ပြန်ကြရပေဦးမပေါ့။ မပြန်ခင်ခဏကာလ လေးကိုဘဝလို့ဆိုထားလေတော့ တို့တစ်တွေအားလုံးကြိုးစားရှင်သန်ရင်း အုတ်တစ်ချပ်သဲတစ်ပွင့် အဖြစ်ကြိုးစားကြရပေဦးမည်ဖြစ်ကြောင်း။

စောင့်ကြည့်သတင်းဂျာနယ်

အတွဲ(၈)၊ အမှတ်(၄၆)၊ ဧပြီလ(၂၂) ရက်၊ ၂၀၁၄ ခုနှစ်
Written by ဒေါက်တာခင်မောင်ညို

''အဖိုးတန်တဲ့လူသားတစ်ယောက်ဘဝကိုရဖို့ နေ့စဉ်ယတြာချေကြစို့''


၁။ ဝင်ငွေမ ကောင်းတဲ့အခါချွေတာသုံးစွဲတာ
အ ကောင်းဆုံးယတြာ

၂။ လမ်းသွားတဲ့အခါ ကြီးမားတဲ့ဝီရိယထားခြင်းဟာ
အန္တရာယ်ကင်းဖို့ အတွက် အ ကောင်းဆုံးယတြာ

၃။ ရန်လိုနေတဲ့လူနဲ့ဖက်ပြိုင်ပြီးမငြင်းတာ
အ ကောင်းဆုံးယတြာ

၎။ ဒေါသထွက်စရာ ကြုံတဲ့အခါစိတ်ဖြေသာတဲ့နေရာကို
ရှောင် ထွက်သွား ခြင်းဟာ အ ကောင်းဆုံးယတြာ

၅။ မနာလိုဝန်တိုစိတ်ကိုမ မွေးအောင်ကံ ကံရဲ့
အကျိုးကိုလက်ခံနိုင်အောင် ကြိုးစားတာ အ ကောင်းဆုံးယတြာ

၆။ စိတ်ကောင်းထားခြင်း ရိုးသားမှုရှိခြင်းဟာ
ကြီးပွားရာ ကြီးပွားကြောင်း အတွက် အ ကောင်းဆုံးယတြာ

၇။ အားလပ်ချိန်မှာ စာဖတ်တဲ့အကျင့်ကို မွေးမြူခြင်းဟာ
အသိအလိမ္မာတိုး တက်စေဖို့အတွက်အ ကောင်းဆုံးယတြာ

၈။ ကံဆိုးချိန်မှာ ရတနာသုံးပါးကိုအထူးတလည်
ဆည်းကပ်ကိုးကွယ်တာသည် ကံကောင်းတွေ
ရောက်စေဖို့အတွက်အ ကောင်းဆုံးယတြာ

၉။ တစ်စုံတစ် ရာ ကျွေးမွေးပေးအပ်သူကို ကျေးဇူးရှင်
တစ်ဦးအဖြစ် မ မေ့အပ်တာ အ ကောင်းဆုံးယတြာ

၁၀။ သူ့တာဝန် ကိုယ့်တာဝန်ကို တိတိကျကျ ခွဲခြားပြီး
တာဝန်ကျေပွန်စွာ လုပ်တာ အ ကောင်းဆုံးယတြာ

၁၁။ ရှေ့နောက်မြော်မြင် တတ်တဲ့ပညာရှိ လူကြီးမိဘရဲ့
ဆိုဆုံးမမှုကို လိုက်နာတာ အ ကောင်းဆုံးယတြာ

၁၂။ မရ သေးတဲ့ဥစ္စာကိုအပူတပြင်းမ တောင့်တ မလိုချင် တာ
စိတ် ချမ်း သာစေဖို့အတွက် အ ကောင်းဆုံးယတြာ

၁၃။ တတ်နိုင် သ လောက်စုဆောင်းသွားတာဟာ
အနာဂတ်ခရီးအတွက် အ ကောင်းဆုံးယတြာ

၁၄။ ဘဝအ ရေးနိမ့်တဲ့ကာလမှာစိတ်ဓါတ်ကို
ကြံ့ကြံ့ခံနိုင် အောင်သတိထားမွေးမြူခြင်းဟာ
မိမိ မပျက်စီးဖို့အတွက်အ ကောင်းဆုံးယတြာ

၁၅။ စီးပွားဖြစ်တဲ့အခါအောက်ခြေမလွတ်အောင်
သတိတရားနဲ့နေထိုင် တာ အ ကောင်းဆုံးယတြာ

၁၆။ ငယ်စဉ်အခါ ပညာသင် ချိန်မှာပညာတတ်ရေးတစ်ခုတည်းကို
ရှေ့ရှု့ပြီးတစိုက်မတ်မတ် ကြိုးစားခြင်း ဟာ
နောင် ရေးအတွက် အ ကောင်းဆုံး ယတြာ

၁၇။ အခွင့်အလမ်းပေါ်လာတဲ့အခါလုံ့လဝီရီယကို ရှေ့တန်းတင်ပြီး
အမိအရဆုပ်ကိုင် လိုက်ခြင်းဟာအောင်မြင်ကြီးပွားဖို့အတွက်
အ ကောင်းဆုံးယတြာ

၁၈။ ဘာကိုမှမစဉ်းစားပဲ မလုပ်တာမ ပြောတာ နောင်
မှနောင် တ ရ တယ်ဆိုတဲ့အဖြစ်မျိုးကို မ ရောက်ဖို့
အတွက်အ ကောင်းဆုံးယတြာ

၁၉။ သုံးနိုင် တဲ့အ ခြေအ နေရှိရက်နဲ့စိတ်ကိုလွှတ်ပေးပြီး
အရမ်းမဲ့မသုံးစွဲတာဟာနောင် စိတ်ဆင်းရဲစရာ
မကြုံဖို့အတွက်အ ကောင်းဆုံးယတြာ

၂၀။ ဘေးရှိတဲ့စကား ကြမ်းတမ်းတဲ့စကားကိုမဆိုခြင်းဟာ
နောင် အခါပြဿနာအရှုပ်အရှင်းနဲ့ ရင်
မဆိုင်ရဖို့အတွက်အ ကောင်းဆုံးယတြာ

၂၁။ သူ့ဘက် ကိုယ့်ဘက်မျှမျှတတကြည့်တာ စဉ်းစားတာ
လုပ်ကိုင် တာသည်ရေရှည်လက်တွဲဖို့အတွက်အ ကောင်းဆုံးယတြာ

၂၂။ မနိုင် တဲ့ဝန်ကို မထမ်းတာဟာအသက် ရှည်ဖို့အတွက်
အ ကောင်း ဆုံးယတြာ

၂၃။ မိမိကိုယ်ကိုအမှန် ရှု့ထောင့်မှဝေဖန်သုံးသပ်တာဟာ
ရှေ့လျှောက်ရမယ့်ဘဝခရီးမှာပန်းခင်းလမ်းဖြစ်ဖို့အတွက်
အ ကောင်းဆုံးယတြာ

၂၄။ ဒေါသကိုအပြင် မထွက်အောင်ထိန်းနိုင် တာဟာ
အစစအရာရာ ပြဿနာနည်းပါးစေဖို့အတွက်အ ကောင်းဆုံးယတြာ

၂၅။ ကျော်ဖြတ် ရတဲ့ဘဝခရီးမှအမှားများကိုဆင်ခြင်
သုံးသပ်ပြီးချက်ချင်းပြုပြင် သွားတာ ရှေ့ခရီး ချောမောဖို့အတွက်
အ ကောင်းဆုံးယတြာ

၂၆။ အတိတ်ကို ပြန်တွေးပြီးလဲမပူဆွေး အနာဂတ်အ ရေးကိုလှမ်း
မျှော်ပြီးလည်းမပူပန် ပစ္စုပ္ပန်တည့်တည့်မှာသာရပ်ပြီးလုပ်သင့်လုပ်
ထိုက်တာတွေကိုလုပ်ကိုင် သွားတာဟာတိုးတက်ဖို့အတွက်အ ကောင်း
ဆုံးယတြာ

၂၇။ အ ကောင်းမြင် ဝါဒနဲ့ဘဝခရီးကိုဆက်ခြင်းဟာ
အ ကောင်းဆုံးယတြာ

၂၈။ ကျန်းမာရေးယိုယွင်းစေတဲ့အပျော်အပါး လိုက်စားမှု
မူးယစ်ဆေးဝါးနဲ့အရက် သေစာကို ရှောင် ရှားတာဟာ
အသက် ရှည် ကျန်းမာစေ ဖို့အတွက်အ ကောင်းဆုံးယတြာပါ။

နေ့စဉ်ဒီအချက်က လေးတွေနဲ့အညီကျင့်ကြံနေထိုင်
သွားကြမယ်ဆိုရင်တော့ယတြာဆိုတာအထူးချေစရာမလိုပါဘူး
လို့ပြောချင် ပါတယ် သူငယ်ချင်းတို့

ဒါ့ကြောင့်----

''အဖိုးတန်တဲ့လူသားတစ်ယောက်ဘဝကိုရဖို့ နေ့စဉ်ယတြာချေကြစို့''

ကိုးဘွဲ့ ရဆရာတော် အရှင်အာစာရာလင်္ကာရ

Credit To>>Scientist Myanmar

" ထာဝရ ကျောင်းသား "


ဘ၀ဆိုတာ တကယ်တော့ ရှေရည်စီမံကိန်းနဲ့  သင်ကြားနေတဲ့ ကျောင်းကြီးပါ။ ကျွန်တော်တို့ အားလုံးဟာလည်း ထာဝရ ကျောင်းသားတွေ
ပါ။ ရေတိုစီမံကိန်းလို သင်ခန်းစာတွေကိုလည်း အကြိမ်ကြိမ်အောင်မြင်အောင် ဖြေဆိုကြရပါတယ်။

အရာရာတိုင်း မတတ်မြောက်နိုင်ပေမယ့် အရာရာတိုင်းကိုတော့ သင်ကြားရပါမယ်။ မသင်ပဲ မြင်နေရတဲ့ အရာတွေဟာလည်း အမြင်နဲ့ သင်ခြင်း
ပါ။ နားမထောင်ပါပဲ ကြားနေရတာဟာလည်း အကြားနဲ့ သင်ယူလိုက်ခြင်းပါ။

ဘယ်အချိန်၊ ဘယ်နေရာမှာပဲဖြစ်ဖြစ် မိမိဟာ ကျောင်းသားတစ်ယောက်ပါပဲလားဆိုတဲ့ ခံယူချက်မျိုးထားခြင်းက အကောင်းဆုံးပါပဲ။ ဒါမှ ဘာ
ကို သင်သင် တတ်မြောက်ဖို့ လွယ်ကူပါတယ်။ ဒီလိုမှ မဟုတ်ဘဲ ငါသိ၊ ငါတတ်ဆိုပြီးနေရင်တော့ ဘာတစ်ခုမှ လောကထဲက သင်ယူနိုင်မှာ မ
ဟုတ်ပါဘူး။

လူတွေဟာ တခါတရံ လောကဓံကို ရင်မဆိုင်ရခင် ကျရှုံးခြင်းတွေ ကြုံတတ်ပါတယ်။ ဒါဘာလို့ လည်းဆိုတော့ မသိ၊ မတတ်ပါပဲ မိမိကိုယ်ကို
အထင်ကြီးနေမိခြင်းကြောင့်ပါပဲ။ ဒီစိတ်မျိုးဝင်နေသူများဟာ အောင်မြင်ဖို့ သိပ်ခက်ခဲပါတယ်။

မိမိကိုယ်ကို အထင်ကြီးနေတာကတော့ လူတော်တော်များများမှာ ရှိကြပါတယ်။ ဒါကြောင့်လည်း အောင်မြင်တဲ့သူက နည်းတာပေါ့။ မိမိဟာ
ကျောင်းသားဆိုတာထက် မိမိဟာ ဆရာပဲ ဆိုတဲ့ အတွေးမျိုးကို လူတွေဟာ မိန်ရည်ယှက်ရေ ခံယူတတ်ကြပါတယ်။

လောကထဲ ရောက်လာပြီဆိုကတည်း သင်ယူရတာတွေ သိပ်များနေတော့ ဆရာကြီးပဲလို့ ခံယူထားတာဟာ အဆင်မပြေလှဘူးပေါ့။ မိမိဟာ
သင်ယူလို့ မပြီးနိုင်တဲ့ လောကကျောင်းသား၊ တနည်း ထာဝရကျောင်းသားလို့ သာ ခံယူထားရမှာဖြစ်ပါတယ်။

True Man

စကား (၃) ခွန်း


ဒီကနေ့ လောကထဲမှာ ရှိနေတဲ့ ကျွန်တော်တို့ အားလုံးဟာ နေရာ ဒေသ တစ်ခုထဲမှာ အတည်တကျနေနိုင်တယ်ဆိုတာ တော်တော်
ရှားပါတယ်။ ဘ၀အတွက် ရုန်းကန်ရတဲ့ နေရမှာ အချိန်နဲ့ တပြေးညီပြောင်းလဲနေတဲ့အတွက် နေရာထိုင်းခင်းလည်း ပြောင်းလဲကျင့်
သုံးနေရပါတယ်။ ဒါကြောင့် ဒီစကား (၃) ခွန်းဟာ အလွယ်ကူဆုံးနဲ့ အဆင်ပြေဆုံးဖြစ်လာပါတယ်။

(၁) စူစမ်းလေ့လာတတ်ပါ။

(၂) စဉ်းစားတွေးတောမှုလုပ်ပါ။

(၃) မှန်ကန်စွာ ဝေဖန်ပိုင်းဖြတ်ပါ။

(၁) စူစမ်းလေ့လာတတ်ပါ။
ဝန်ထမ်းတစ်ယောက်ပဲ ဖြစ်ဖြစ်၊ သာမာန်ပြည်သူတစ်ယောက်ပဲ ဖြစ်ဖြစ် ဘယ်နေရာ၊ ဘယ်ဒေသရောက်ရောက် စူစမ်းလေ့လာတတ်
ဖို့ လိုပါတယ်။ နေရာတိုင်းဟာ မိမိနဲ့ သက်ဆိုင်တယ်လို့ သဘောထားပြီး အကဲခတ်နေရမှာ ဖြစ်ပါတယ်။ လူတိုင်းဟာ မိမိနဲ့ သက်ဆိုင်
တယ်ဆိုတဲ့ စိတ်နဲ့ စူးစမ်းနေရမှာဖြစ်ပါတယ်။ အကြောင်းအရာကို မစူးစမ်းဘဲ မဆင်မခြင်လုပ်မိလို့  ဒုက္ခရောက်ရတဲ့ ယုန်သူငယ်လေး
ရဲ့ လုပ်ရပ်ကြောင့် တစ်တောလုံးဒုက္ခရောက်ရတာကို ကျောင်းစာအုပ်မှာ ဖတ်ဖူးမှာပါ။ စူးစမ်းလေ့လာမှာ မိမိဘာဆက်လုပ်ရမယ်၊ ဘယ်
လိုနေထိုင်ရမယ်ဆိုတာ သိလာမှာပါ။ ဒီလို စူးစမ်းမှုမှာလည်း လေးလေးနက်နက်ရှိဖို့ လိုပါတယ်။ လေးလေးနက်နက်မရှိဘဲ အပေါ်ယံဆို
ရင် ကိုယ်လည်းအသိမှား၊ အမြင်မှားနဲ့  အန္တရာယ်များပါတယ်။ တဖက်လူကိုလည်း နစ်နာစေပါတယ်။ စူးစမ်းလေးမှုဟာ လူတစ်ယောက်
ပြောင်းလဲဖို့ ထိ ဖြစ်လာမှာမို့  အရေးကြီးပါတယ်။

(၂) စဉ်းစားတွေးတောမှုလုပ်ပါ။
မိမိမှာ ရှိတဲ့ ဦးနှောက်ဟာ ဓားတစ်လက်လိုပါပဲ။ မသွေးရင် မထက်ပါဘူး၊ တုံးတတ်ပါတယ်။ ဦးနှောက်ကို အမြဲလေ့ကျင့်ပေးနေရပါ
တယ်။ အလုပ်ပေးထားရပါတယ်။ ဒါမှာ ဥာဏ်ရည်ထက်မြက်တာပါ။ စဉ်းစားတွေးတောမှုဟာ အကောင်းဆုံးရလာဒ်တွေ ရရှိလာနိုင်
ပါတယ်။ သို့ သော် တွေးတောတဲ့ သဘာကနေ ငေးမောတဲ့သဘောတော့ မဖြစ်စေနဲ့ ။ တွေဝေတဲ့ထိလည်း မဖြစ်စေနဲ့ ။ နည်းမှန်၊လမ်း
မှန် တွေ့ နိုင်ဖို့ အတွက် လူ့ ရဲ့ဦးနှောက်ကို အကောင်းချခြင်းပဲ ဖြစ်ပါစေ။ စဉ်းစားတွေးတောရာကနေ ကြံဆလုပ်ကိုင်နိုင်လာမှာဖြစ်လို့ 
ဒါကလည်း အရေးပါတယ်။

(၃) မှန်ကန်စွာ ဝေဖန်ပိုင်းဖြတ်ပါ။
ကိုယ့်အယူအဆ၊ သူ့ အယူအဆ မှန်ကန်စွာ ချိန်ညှိပေးဖို့ အတွက် ဝေဖန်ပိုင်းခြားနိုင်တဲ့ အသိပညာမျိုးတော့ ရှိဖို့ လိုပါတယ်။ ဒါမှလည်း
ရွေးချယ်မှု မှန်ကန်မှာပါ။ မှားယွင်းစွာ ဆုံးဖြတ်မိရင်တော့ ဘ၀တစ်ခုကနေ ဘ၀များစွာထိ နစ်နာသွားနိုင်ပါတယ်။ တစ်ဦးတစ်ယောက်
ခြင်းစီ အရေးကြီးသလို၊ အဖွဲ့ အစည်းတစ်ခုအနေနဲ့ လည်း အရေးကြီးပါတယ်။ ပြီးတော့ ဝေဖန်ပိုင်းဖြတ်မှုဟာ သတ္တိလည်းရှိရမှာပါ။ ဒါ
တွေက သတ္တိရှိမှာ လုပ်နိုင်တာပါ။ စိတ္တသတ္တိ အထူးလိုပါတယ်။ မှန်ကန်ရာကို ဆုံးဖြတ်ရဲရမယ်၊ ပြောရဲရမယ်။ မှန်ရာကို ပြောရဲတဲ့အခါ
ကိုယ်တိုင်လည်း ယုံကြည်မှုတဖန်ဖြစ်လာသလို၊ ကိုယ့်ပတ်ဝန်းကျင်လည်း အလင်းရောင်ရစေပါတယ်။ ကိုယ်လုပ်တာ ဟုတ်လား၊ ပြော
တာဟုတ်လား။ အခြားသူတွေလုပ်နေတာ ဟုတ်လား၊ ပြောတာဟုတ်လား။ ကိုယ်တိုင် ပိုင်းခြားနိုင်ရမယ်။ ထပ်ကာတလဲလဲ ပြန်လည်
ဆန်းစစ်နေရမှာပါ။ ဒါဟာ မရှိမဖြစ်လိုအပ်တဲ့ သတ္တိလည်း ဖြစ်ပါတယ်။

( မှန်ကန်စွာ ဆက်စပ်အသုံးပြုခြင်းများဖြင့် လိုရာခရီးသွားနိုင်ကြပါစေ)

True Man

အမေ့ရဲ့ ဟင်းကောင်းတစ်ခွက်


ဟင်းကောင်းတစ်ခွက်ကို မြိန်ရေယှက်ရေ စားရဖို့ မလွယ်လှကြောင်း အမေက ခဏခဏပြောပြဖူးတယ်။ သူမအနေနဲ့  စိတ်ရှည်ရှည်ထားရ
ကြောင်း၊ ဟင်းထဲကို ထည့်မယ့် ပါဝင်ပစ္စည်းတွေကို အချိုးညီ အချိန်အဆညီအောင် ပေါင်းစပ်နိုင်ရကြောင်း၊ ဆုံးဖြတ်ချက် ခိုင်မာရကြောင်း
တွေလည်း ပြောပါတယ်။

ဒီဘက်ခေတ်ရောက်လာတဲ့အခါ လေ့လာစရာအလွန်များပြားပြီး စိတ်ဝင်စားဖွယ်ကောင်းတဲ့ မီးဖိုကြီးအကြောင်း သိပ်မကြားဖြစ်တာတော့
အမှန်ပါ။ အမေတို့ ခေတ်မှာက မိန်းမသားတစ်ယောက်ရဲ့ မီးဖိုးချောင်စီမံခန့် ခွဲမှု ပညာဟာ သိပ်ပြီး ကြီးကျယ်မြင့်မြတ်တယ်လို့  သိရတယ်။
ယနေ့ ခေတ်မှာတော့ အမျိုးသမီးငယ်တွေက မီးဖိုခန်းကို ၀င်ရမှာပင် ဂုဏ်ငယ်စရာ၊ သေးသိမ်ဖွယ်ရာအဖြစ်တောင် သတ်မှတ်လာကြတာ
ကို တွေ့ ရတယ်။

မီးရဖို့ အတွက် ထင်း၊ ဖွဲ စတာတွေကို အရင် ကောက်ရတယ်။ ပြီးပြန်ရင်လည်း မီးတောက်ရအောင် ဘယ်လို မီးမွှေးရမလဲဆိုတာ သိရတယ်။
ပစ္စည်းတွေရှိပြီး မီးမမွှေးနိုင်တဲ့ မိန်းကလေးတွေလည်း တွေ့ ဖူးခဲ့တယ်။ အခုတော့ လျှပ်စစ်အားတွေကနေ အကူယူပြီး ဖန်တီးလာပြီဆိုတော့
မီးဖိုတွေက ထင်းတွေ၊ ဖွဲတွေ မလိုတော့ဘူးပေါ့။ ဒါတောင် ဟင်းအိုး မတူးရအောင် အပူ အတိုး၊ အလျှော့ကို သိမှ ရလိမ့်ဦးမယ်။

မီးဖိုချောင်စီမံခန့် ခွဲမှုဟာ အိမ်တွင်းမှုတည်ငြိမ်အေးချမ်းဖို့  လွန်စွာ အရေးကြီးပါတယ်။ ဘယ်ဟင်းကို ဘယ်လိုချက်ရမလဲ၊ ဦးစားပေးပြီး အရင်
ချက်သင့်တာ ဘာတွေလဲ၊ အချိန်ဘယ်လောက်ယူရင် လုံလောက်သလဲဆိုတဲ့ ဆုံးဖြတ်ချက်တွေက ခိုင်မာရတယ်။ ဟင်းတစ်ခွက်အတွက်အရေး
ကြီးတာတော့ အပေါ့၊ အငန်ပေါ့။ စားကောင်းအောင်၊ ကျန်းမာရေးနဲ့ ညီအောင်၊ မပေါ့ မငန်အောင် သဟဇာတဖြစ်ဖို့  တွေးတောကြံဆမှုလည်း
ထပ်ပေါင်းနိုင်ရတယ်။

အမေတို့ မိန်းမသားတွေချက်တဲ့ ဒီဟင်းတွေမှာ အသိပညာတွေ၊ အတတ်ပညာတွေ ပေါင်းစပ်ထားတယ် ဆိုတာ သိလာရတယ်။ ပြီးရင် မိန်းက
လေးတစ်ယောက်ရဲ့ ကြင်နာမှု၊ ချစ်ခင်မှု၊ သိမ်မွေ့ မှု၊ လေးနက်မှု စတဲ့ အရည်အသွေးတွေကို သူချက်တဲ့ ဟင်းတစ်ခွက်မှာ တွေ့ နိုင်ပါတယ်။ မိမိ
ချက်ပြုထားတာကို စားချင်စိတ်ဖြစ်လာအောင် တီထွင်ကြံဆပြီး ပြင်ဆင်တဲ့ အပိုင်းကလည်း လိုသေးတယ်။

လင်ယောင်္ကျားနဲ့  သားသမီးတွေကို ကောင်းစွာ ထိန်းသိမ်းနိုင်ဖို့ ရာ ထမင်းဝိုင်းရဲ့ပြည့်စုံမှု အပိုင်းဟာ တော်တော်အရေးပါတယ်လို့ ဆိုနိုင်တယ်။
ဟင်းတစ်ခွက်ကြောင့် မိသားစုကြား ကြီးမားတဲ့ ပြဿနာတွေ ဖြစ်တာကို သင်ခန်းစာယူကြရမယ်။ တစ်နေ့ တာအတွက် မိသားစု စည်းစည်းလုံး
လုံးနဲ့  ရှိနေနိုင်တာ ထမင်းဝိုင်းထဲမှာသာ ဖြစ်တယ်။ မိတ်ဆွေနဲ့ ထိတွေ့ ရတဲ့ သံသမန်ရေးရာတွေမှာလည်း ဟင်းကောင်းတစ်ခွက်က နေရာအ
ပြည့်ယူထားနိုင်တာကိုလည်း သတိပြုသင့်တယ်။

ဒီတော့ ထမင်းဝိုင်းကို တန်ဖိုးထားတတ်ရမယ်။ ပြောင်းလဲမှုတွေ ဘယ်လောက်ရှိရှိ အမေရဲ့ ဟင်းကောင်းတစ်ခွက် နေရာယူထားတဲ့ ထမင်းဝိုင်း
ဟာ လူတိုင်းရင်ထဲမှာ အမှတ်တရအရှိဆုံးဖြစ်ပါလိမ့်မယ်။ ဒါကြောင့် ဟင်းကောင်းတစ်ခွက် မိသားစုအတွက် ဖန်တီးပေးတဲ့ မိန်းမသားများဟာ
မီးဖိုကို စိတ်ဝင်စားဖို့ လိုပါတယ်။ စီမံခန့် ခွဲမှုကို ပိုင်နိုင်စွာ လုပ်နိုင်ရမယ်။ အပြင်လောကမှာလည်း စီမံခန့် ခွဲမှုဟာ အသုံးဝင်တော့ ပညာတောင်
ရပါသေးတယ်။ မီးဖိုဝင်ရတာ သိမ်ငယ်စရာလို့  သဘောထားတဲ့ အမျိုးသမီးများအနေနဲ့  အမေ့ရဲ့ ဟင်းကောင်းတစ်ခွက်တန်ဖိုးကို သိရှိနားလည်
နိုင်ပါစေကြောင်း..။

True Man

အမေ့လက်များ။


Photo: (၅)မိနှစ်လောက်အချိန်ပေးပြီးဖတ်ကြည့်လိုက်ပါ။ ဖတ်ပြီးသွားရင် ပြန်လည်ဝေမျှလိုက်ပါ။ အမေ့လက်များ။

လူငယ်တစ်ယောက်ဟာ ကုမ္ပဏီကြီးတစ်ခုမှာ မန်နေဂျာရာထူးအတွက် အလုပ်သွားလျှောက်ပါတယ် ပထမ အင်တာဗျူးဖြေဆိုအောင်မြင်သွားတာကြောင့် အလုဆိုနောက်ဆုံးအဆင့်အင်တာဗျူးအတွက် ကုမ္ပဏီရဲ့ဒါရိုက်တာနဲ့ တွေ့ဆုံရမှာဖြစ်ပါတယ်။

ဒါရိုက်တာလုပ်သူက လူငယ်ရဲ့ကိုယ်ရေးရာဇဝင်ကိုကြည့်လိုက်တဲ့အခါ ပညာရေးအဆင့် အောင်မြင်မှုမှာ ထိပ်တန်းဖြစ်နေတာကို တွေ့ရပါတယ် ဒါနဲ့လူငယ်ကိုခေါ်ပြီး
ညီလေးကျောင်းမှာ ပညာသင်ဆုမလျှောက်ခဲ့ဘူးလားလို့မေးပါတယ်။
မလျှောက်ခဲ့ဘူးဗျ။ ဒါဆို.ကျောင်းစရိတ်တွေကို ညီလေးအဖေကတော်တော်ထောက်ပံ့ခဲ့ရမှာပေါ့)
လူငယ်ခေါင်းခါပါတယ် မဟုတ်ဘူးဗျ"ကျွန်တော့်အဖေက ကျွန်တော်တစ်နှစ်သားလောက်မှာဆုံးသွားတာပါ။ ကျွန်တော့်ကျောင်းစရိတ်တွေထောက်ပံ့
ပေးခဲ့တာ ကျွန်တော့်အမေပါ။

ဒါဆို ညီလေးအမေက ဘာအလုပ်လုပ်တာလည်း ကျွန်တော့်အမေက ခဝါသည်ပါ" လူငယ်ရဲ့အဖြေကိုကြားတော့ ဒါရိုက်တာဟာ လူငယ်ရဲ့လက်ကို သူ့အားခဏပြဖို့တောင်းဆိုပါတယ်။ လူငယ်ဟာ ဒါရိုက်တာရဲ့တောင်းဆိုမှုကို လက်ခံပြီး သူ့ရဲ့လက်တွေကို ဖြန့်ပြလိုက်တဲ့အခါမှာတော့ သိပ့်ကိုနူးညံ့ပြီးချောမွေ့တဲ့လက်တစ်စုံဖြစ်နေပါတယ်။

ညီလေးအမေ အဝတ်တွေလျှော်တဲ့အခါ ညီလေးကူလျှော်ပေးခဲ့ဖူးလား"ဟင့်အင်း"ကျွန်တော်ဘယ်တုန်းကမှကူလျှော်မပေးခဲ့ရပါဘူး ဘာဖြစ်လို့လည်းဆိုတော့ အမေက ကျွန်တော့်ကို စာပဲကြိုးစားခိုင်းတာ။ပြီးတော့ အမေအဝတ်လျှော်တာ ကျွန်တော့်ထက်ပိုမြန်တယ်လေ၊ဪ...ဒါဆို အကိုတစ်ခုလောက်တောင်းဆိုစရာရှိတယ်...ညီလေးအိမ်ပြန်တဲ့အခါ အမေ့ဆီသွားပြီး သူ့လက်တွေကိုဆေးကြောပေးနိုင်မလား...ပြီးရင် မနက်ဖြန်အကို့ကိုပြန်လာတွေ့ပါ။

လူငယ်ဟာ သူအလုပ်ရဖို့ ဒီအခွင့်အရေးဟာ အရေးကြီးတယ်ဆိုတာသိပါတယ်။ ဒီတော့ သူအိမ်ပြန်ရောက်တဲ့အခါမှာ မိခင်ဆီသွားပြီး မိခင်ရဲ့လက်တွေဆေးကြောပေးချင်ကြောင်းခွင့်တောင်းပါတယ်။ မိခင်လုပ်သူက သားရဲ့စကားအဆန်းတွေကြောင့် အံ့ဩဝမ်းသာသွားပါတယ်။
စိတ်ခံစားမှုတွေ ရောပြွန်းနေရင်းနဲ့ သူမရဲ့လက်တွေကို သားရှေ့မှာ ထုတ်လိုက်ပါတယ်။

လူငယ်က မိခင်ရဲ့လက်တွေကို ဖြေးဖြေးချင်းဆေးကြောပါပြီ အဲ့ဒီအခိုက်မှာ သူမျက်ရှည်တွေစီးကျလို့လာပါတယ်။မိခင်ရဲ့လက်တွေဟာ ဇရာကြောင့်တွန့်ရှုံ့ပျော့တွဲနေပြီး ဒဏ်ရာတွေတော်တော်များများရှိနေတာကို ပထမဆုံးအကြိမ်အဖြစ် သူသတိထားမိသွားပါတယ်။
တစ်ချို့ဒဏ်ရာတွေဆို သူထိလိုက်တာနဲ့ မိခင်ကတွန့်ခနဲဖြစ်ဖြစ်သွားတဲ့အထိ နာကျင်နေတာဖြစ်ပါတယ်။

လက်တွေဟာ သူ့ကျောင်းစရိတ်တွေကိုပေးချေနိုင်ဖို့ နိစ္စဓူဝ အဝတ်တွေကိုလျှော်လာခဲတဲ့ လက်တစ်စုံပါလားဆိုတဲ့အသိကို သူခံစားမိသွားတာ ဒါပထမဦးဆုံးပါပဲ။ မိခင်ရဲ့လက်ကဒဏ်ရာတွေက သူ့ပညာရေးအတွက်၊သူ့ကျောင်းကိစ္စတွေအတွက်၊သူ့အနာဂတ်တွေအတွက် လဲလှယ်ပေးဆပ်ခဲ့ရတဲ့ အဖိုးအခတွေပါပဲ။

လူငယ်ဟာ မိခင်ရဲ့လက်တွေကိုဆေးကြောခဲ့ပြီးတဲ့နောက်မှာ မိခင်လျှော်ဖို့ရှိနေတဲ့အဝတ်တွေအားလုံးကို နှုတ်ဆိတ်ငြိမ်သက်စွာလျှော်ဖွတ်ပေးခဲ့ပါတယ်။
အဲ့ဒီညမှာ သားအမိနှစ်ယောက် စကားလက်စုံကျရင်း အချိန်အတော်ကြာသွားခဲ့ပါတယ်။

နောက်တစ်နေ့မနက်မှာတော့
လူငယ်ဟာ ဒါရိုက်တာရဲ့ ရုံးခန်းကိုသွားပါတယ်။

ဒါရိုက်တာက ညီလေး မနေ့က အိမ်မှာဘာတွေလုပ်ပြီး ဘာတွေသင်ယူခဲ့လည်းဆိုတာ ပြောပြနိုင်မလားလို့မေးတဲ့အခါ
လူငယ်ရဲ့မျက်ဝန်းမှာမျက်ရည်စတွေတွဲခိုလို့နေပါတယ်။

အခုတော့ ဘယ်အရာကို တန်ဖိုးထား ကျေးဇူးတင်ရမယ်ဆိုတာ ကျွန်တော်သိသွားပါပြီိ၊ ကျွန်တော်အမေမရှိပဲနဲ့ ဒီနေ့ ကျွန်တော်ဆိုတာရှိလာမှာမဟတ်ြပါဘူး။

တစ်စုံတစ်ရာ ပြီးမြောက်အောင်မြင်ဖို့ ဘယ်လောက်ထိ ခက်ခဲကြမ်းတမ်းတယ်ဆိုတာ ကျွန်တော့်အမေကိုကူညီရင်း ကျွန်တော်အခုမှသိရတာပါ၊ မိသားစုကိုကူညီထောက်ပံ့ခြင်းရဲ့အရေးကြီးမှုနဲ့
အဖိုးအခကြီးမှုတွေကိုလည်း ကျွန်တော်သိမြင်လာရပါပြီ။

လူငယ်ရဲ့ အဖြေမှာ ဒါရိုက်တာက နှစ်နှစ်ခြိုက်ခြိုက်ပြုံးပြလိုက်ပါတယ်
ဒါဟာ"အကိုလိုချင်တဲ့ မန်နေဂျာမှာရှိနေရမယ့် စိတ်နေသဘောထားပါပဲ၊ အကိုအလုပ်ခန့်ချင်တာက တစ်ခြားသူတွေရဲ့ အကူအညီကိုတန်ဖိုးထားတတ်တဲ့လူးမျိုး။ အလုပ်ကိစ္စတွေပြီးမြောက်ဖို့ တစ်ခြားလူတွေရဲ့အခက်အခဲကိုလည်း မြင်အောင်ကြည့်တတ်တဲ့လူမျိုး။ ငွေကိုဘဝရဲ့ပန်းတိုင်လိုသဘောမထားတတ်တဲ့လူမျိုးပါ။ ညီလေးကို အလုပ်ခန့်လိုက်ပါပြီ။

လူငယ် အလုပ်ရသွားပြီး အလုပ်ကိုလည်း အင်မတန်ကြိုးစားခဲ့ပါတယ် သူနဲ့တွဲဖက်လုပ်တဲ့ လုပ်ဖော်ကိုင်ဘက်တွေရဲ့ လေးစားမှုကိုလည်း သူရရှိခဲ့ပါတယ်၊ လူငယ်ရဲ့ ဝန်ထမ်းတွေအားလုံးကလည်း စည်းလုံးတဲ့အဖွဲ့တစ်ဖွဲ့အဖြစ် အလုပ်ကို ဝီရိယထားပြီးကြိုးစားကြတယ်။
ရလဒ်အဖြစ် ကုမ္ပဏီရဲ့တိုးတတ်မှုတွေဟာ အံ့မခန်းဖြစ်လာတော့တာပါပဲ။

ဖြစ်ရက်ကလေးကတော့ ဒါပါပဲ။

ဘာပဲလိုလို အမြဲတမ်းရပြီး အလိုလိုက်၊အကာအကွယ်ပေးခံနေရတဲ့ ကလေးတစ်ယောက်ဟာ
ကိုယ့်ကိုကိုယ်ဗဟိုပြု စဉ်းစားတတ်တဲ့အတ္တစိတ်တွေဖွင့်ဖြိုးလာတတ်တယ် သူ့ကိုသူ အမြဲရှေ့တန်းတင်လာတတ်တယ် ၊သူ့နောက်ကနေကြိုးစားထောက်ပံ့နေတဲ့မိသားစုရဲ့ကြိုးစားအားထုတ်မှုတွေကို မျက်ကွယ်ပြုလာတတ်တယ်။

အလုပ်လုပ်တဲ့အခါ သူ့စကားကို
အမြဲတမ်းနားထောင်ရမယ်ဆိုတာမျိုးဖြစ်လာတတ်တယ်။
သူမန်နေဂျာဖြစ်လာတဲ့အခါ သူ့လက်အောက်ဝန်ထမ်းတွေရဲ့အခက်အခဲဒုက္ခတွေကို စာနာနားလည်ပေးနိုင်လိမ့်မှာမဟုတ်ဘဲ အမြဲတမ်း ဆူပူကြိမ်းမောင်းနေပယလိမ့်မယ် အဲ့ဒီလိုလူမျိုးတွေဟာ ပညာရေးအရတော့ ထူးချွန်ကောင်း ထူးချွန်နိုင်ကြပါလိမ့်မယ် ဘဝမှာခဏတစ်ဖြုတ်အောင်မြင်ကောင်း အောင်မြင်နိုင်ကြလိမ့်မယ် ဒါပေမယ့်၊ နောက်ဆုံးမှာတော့ အောင်မြင်မှုရဲ့ အဓိပ္ပါယ်ကို ခံစားနားလည်ရမှာမဟုတ်ပါဘူး သူတို့ဟာ ပိုမိုတဲ့လိုချင်မှုတွေအတွက် မကျေမနပ်နဲ့ မြည်တွန်းတောက်တီးနေကြမယ်။

အမုန်းတရားတွေနဲ့ ဖုံးလွှမ်းနေကြမယ်။ ကတောက်ကဆ စကားများရန်ဖြစ်နေကြမယ်။
ကဲ...ဒီလိုဆို ကျွန်တော်တို့ဟာ
ကလေးတွေကို စိတ်တိုင်းကျအလိုလိုက်ပြီး အမြဲအကာအကွယ်ပေးနေတဲ့ မိဘတွေဖြစ်နေရင်၊ ဒါဟာ သူတို့ကို တကယ်ချစ်ရာရောက်သလား?
ဒါမှမဟုတ် အဲ့ဒီအစား ကိုယ့်ကလေးကိုယ် ဖျက်စီးနေကြတာများလား?။

သင်ဟာ သင့်ကလေးကို အိမ်ကောင်းရာကောင်းနဲ့ နေခွင့်ပြုနိုင်တယ်၊ စားကောင်းသောက်ဖွယ်တွေ ကျွေးနိုင်တယ်၊ စန္ဒရားတီးတတ်အောင်သင်ပေးနိုင်တယ်၊ ကြီးမားတဲ့ဖန်သားပြင်ရှိတဲ့ရုပ်မြင်သံကြားစက်တွေကြည့်ခိုင်းနိုင်တယ်၊ ဒါပေမယ့် သင့်အိမ်ခြံဝင်းထဲကမြက်တွေရိတ်ဖြတ်တဲ့အခါ သူတို့ကိုလည်း အဲ့ဒီအတွေ့အကြုံနဲ့ထိတွေ့ခွင့်ပေးပါ။

ထမင်းစားပြီးတဲ့အခါမှာ စားပြီးသားအိုးခွပ်ပန်ကန်တွေကိုဆေးဖို့ သူတို့ အစ်ကို အစ်မတွေနဲ့အတူ လုပ်ခွင့်ပေးပါ၊ ဒါက အိမ်ဖော်ငှါးဖို့ ပိုက်ဆံမရှိလို ဒီလိုလုပ်ရတာမဟုတ်ပါဘူး၊သင်က
သူတို့ကို သင့်မြတ်မှန်ကန်တဲ့နည်းနဲ့ချစ်ရာရောက်အောင်လို့ပါ။

မိဘတွေ ဘယ်လောက်ပဲ ချမ်းသာ ချမ်းသာ တစ်နေ့မှာ အထက်ပါ ဖြစ်ရက်ထဲက မိခင်လိုပဲ မိဘတွေဟာ ဆံပင်တွေဖြူ အိုမင်းရင့်ရော်သွားမယ်ဆိုတာ သင့်ကလေးတွေကို နားလည်စေရပါမယ်။

အရေးအကြီးဆုံးကတော့ စွန့်လွှတ်ပေးဆပ်ရမှုတွေကို ဘယ်လိုတန်ဖိုးထားရမယ် အခက်အခဲတွေကိုဘယ်လိုရင်ဆိုင်ကျော်လွှားရမယ် ပြီးတော့ အရာကိစ္စတွေပြီးမြောက်အောင်မြင်ဖို့ အခြားလူတွေနဲ့တွဲဖက်လုပ်ကိုင်တဲ့အခါ လိုအပ်တဲ့စွမ်းရည်တွေကို
သင့်ကလေး သင်ယူတတ်မြောက်ဖို့ပါပဲ။

မိတ်ဆွေ ဒီဖြစ်ရက်ကလေးကို
တတ်နိုင်သလော များများမျှဝေနိုင်ဖို့ကြိုးစားပါ။ ဒီဖြစ်ရက်ကလေးကို သိရတဲ့ လူတစ်ဦးတစ်ယောက်ရဲ့ဘဝကံကြမ္မာဟာ ထူးထူးခြားခြား ပြောင်းလဲကောင်း ပြောင်းလည်းသွားနိုင်ပါတယ်။

(The Real Singaporeမှ Mother s Hands Story ကို ဒိုက်ဒိုက်(မန္တလေး)မှ မျှဝေခံစားဘာသာပြန်ဆိုသည်။
www.facebook.com/yangontherlay
by ဗဟုသုတ မှတ်စုများ

လူငယ်တစ်ယောက်ဟာ ကုမ္ပဏီကြီးတစ်ခုမှာ မန်နေဂျာရာထူးအတွက် အလုပ်သွားလျှောက်ပါတယ် ပထမ အင်တာဗျူးဖြေဆိုအောင်မြင်သွားတာကြောင့် အလုဆိုနောက်ဆုံးအဆင့်အင်တာဗျူးအတွက် ကုမ္ပဏီရဲ့ဒါရိုက်တာနဲ့ တွေ့ဆုံရမှာဖြစ်ပါတယ်။

ဒါရိုက်တာလုပ်သူက လူငယ်ရဲ့ကိုယ်ရေးရာဇဝင်ကိုကြည့်လိုက်တဲ့အခါ ပညာရေးအဆင့် အောင်မြင်မှုမှာ ထိပ်တန်းဖြစ်နေတာကို တွေ့ရပါတယ် ဒါနဲ့လူငယ်ကိုခေါ်ပြီး
ညီလေးကျောင်းမှာ ပညာသင်ဆုမလျှောက်ခဲ့ဘူးလားလို့မေးပါတယ်။
မလျှောက်ခဲ့ဘူးဗျ။ ဒါဆို.ကျောင်းစရိတ်တွေကို ညီလေးအဖေကတော်တော်ထောက်ပံ့ခဲ့ရမှာပေါ့)
လူငယ်ခေါင်းခါပါတယ် မဟုတ်ဘူးဗျ"ကျွန်တော့်အဖေက ကျွန်တော်တစ်နှစ်သားလောက်မှာဆုံးသွားတာပါ။ ကျွန်တော့်ကျောင်းစရိတ်တွေထောက်ပံ့
ပေးခဲ့တာ ကျွန်တော့်အမေပါ။

ဒါဆို ညီလေးအမေက ဘာအလုပ်လုပ်တာလည်း ကျွန်တော့်အမေက ခဝါသည်ပါ" လူငယ်ရဲ့အဖြေကိုကြားတော့ ဒါရိုက်တာဟာ လူငယ်ရဲ့လက်ကို သူ့အားခဏပြဖို့တောင်းဆိုပါတယ်။ လူငယ်ဟာ ဒါရိုက်တာရဲ့တောင်းဆိုမှုကို လက်ခံပြီး သူ့ရဲ့လက်တွေကို ဖြန့်ပြလိုက်တဲ့အခါမှာတော့ သိပ့်ကိုနူးညံ့ပြီးချောမွေ့တဲ့လက်တစ်စုံဖြစ်နေပါတယ်။

ညီလေးအမေ အဝတ်တွေလျှော်တဲ့အခါ ညီလေးကူလျှော်ပေးခဲ့ဖူးလား"ဟင့်အင်း"ကျွန်တော်ဘယ်တုန်းကမှကူလျှော်မပေးခဲ့ရပါဘူး ဘာဖြစ်လို့လည်းဆိုတော့ အမေက ကျွန်တော့်ကို စာပဲကြိုးစားခိုင်းတာ။ပြီးတော့ အမေအဝတ်လျှော်တာ ကျွန်တော့်ထက်ပိုမြန်တယ်လေ၊ဪ...ဒါဆို အကိုတစ်ခုလောက်တောင်းဆိုစရာရှိတယ်...ညီလေးအိမ်ပြန်တဲ့အခါ အမေ့ဆီသွားပြီး သူ့လက်တွေကိုဆေးကြောပေးနိုင်မလား...ပြီးရင် မနက်ဖြန်အကို့ကိုပြန်လာတွေ့ပါ။

လူငယ်ဟာ သူအလုပ်ရဖို့ ဒီအခွင့်အရေးဟာ အရေးကြီးတယ်ဆိုတာသိပါတယ်။ ဒီတော့ သူအိမ်ပြန်ရောက်တဲ့အခါမှာ မိခင်ဆီသွားပြီး မိခင်ရဲ့လက်တွေဆေးကြောပေးချင်ကြောင်းခွင့်တောင်းပါတယ်။ မိခင်လုပ်သူက သားရဲ့စကားအဆန်းတွေကြောင့် အံ့ဩဝမ်းသာသွားပါတယ်။
စိတ်ခံစားမှုတွေ ရောပြွန်းနေရင်းနဲ့ သူမရဲ့လက်တွေကို သားရှေ့မှာ ထုတ်လိုက်ပါတယ်။

လူငယ်က မိခင်ရဲ့လက်တွေကို ဖြေးဖြေးချင်းဆေးကြောပါပြီ အဲ့ဒီအခိုက်မှာ သူမျက်ရှည်တွေစီးကျလို့လာပါတယ်။မိခင်ရဲ့လက်တွေဟာ ဇရာကြောင့်တွန့်ရှုံ့ပျော့တွဲနေပြီး ဒဏ်ရာတွေတော်တော်များများရှိနေတာကို ပထမဆုံးအကြိမ်အဖြစ် သူသတိထားမိသွားပါတယ်။
တစ်ချို့ဒဏ်ရာတွေဆို သူထိလိုက်တာနဲ့ မိခင်ကတွန့်ခနဲဖြစ်ဖြစ်သွားတဲ့အထိ နာကျင်နေတာဖြစ်ပါတယ်။

လက်တွေဟာ သူ့ကျောင်းစရိတ်တွေကိုပေးချေနိုင်ဖို့ နိစ္စဓူဝ အဝတ်တွေကိုလျှော်လာခဲတဲ့ လက်တစ်စုံပါလားဆိုတဲ့အသိကို သူခံစားမိသွားတာ ဒါပထမဦးဆုံးပါပဲ။ မိခင်ရဲ့လက်ကဒဏ်ရာတွေက သူ့ပညာရေးအတွက်၊သူ့ကျောင်းကိစ္စတွေအတွက်၊သူ့အနာဂတ်တွေအတွက် လဲလှယ်ပေးဆပ်ခဲ့ရတဲ့ အဖိုးအခတွေပါပဲ။

လူငယ်ဟာ မိခင်ရဲ့လက်တွေကိုဆေးကြောခဲ့ပြီးတဲ့နောက်မှာ မိခင်လျှော်ဖို့ရှိနေတဲ့အဝတ်တွေအားလုံးကို နှုတ်ဆိတ်ငြိမ်သက်စွာလျှော်ဖွတ်ပေးခဲ့ပါတယ်။
အဲ့ဒီညမှာ သားအမိနှစ်ယောက် စကားလက်စုံကျရင်း အချိန်အတော်ကြာသွားခဲ့ပါတယ်။

နောက်တစ်နေ့မနက်မှာတော့
လူငယ်ဟာ ဒါရိုက်တာရဲ့ ရုံးခန်းကိုသွားပါတယ်။

ဒါရိုက်တာက ညီလေး မနေ့က အိမ်မှာဘာတွေလုပ်ပြီး ဘာတွေသင်ယူခဲ့လည်းဆိုတာ ပြောပြနိုင်မလားလို့မေးတဲ့အခါ
လူငယ်ရဲ့မျက်ဝန်းမှာမျက်ရည်စတွေတွဲခိုလို့နေပါတယ်။

အခုတော့ ဘယ်အရာကို တန်ဖိုးထား ကျေးဇူးတင်ရမယ်ဆိုတာ ကျွန်တော်သိသွားပါပြီိ၊ ကျွန်တော်အမေမရှိပဲနဲ့ ဒီနေ့ ကျွန်တော်ဆိုတာရှိလာမှာမဟတ်ြပါဘူး။

တစ်စုံတစ်ရာ ပြီးမြောက်အောင်မြင်ဖို့ ဘယ်လောက်ထိ ခက်ခဲကြမ်းတမ်းတယ်ဆိုတာ ကျွန်တော့်အမေကိုကူညီရင်း ကျွန်တော်အခုမှသိရတာပါ၊ မိသားစုကိုကူညီထောက်ပံ့ခြင်းရဲ့အရေးကြီးမှုနဲ့
အဖိုးအခကြီးမှုတွေကိုလည်း ကျွန်တော်သိမြင်လာရပါပြီ။

လူငယ်ရဲ့ အဖြေမှာ ဒါရိုက်တာက နှစ်နှစ်ခြိုက်ခြိုက်ပြုံးပြလိုက်ပါတယ်
ဒါဟာ"အကိုလိုချင်တဲ့ မန်နေဂျာမှာရှိနေရမယ့် စိတ်နေသဘောထားပါပဲ၊ အကိုအလုပ်ခန့်ချင်တာက တစ်ခြားသူတွေရဲ့ အကူအညီကိုတန်ဖိုးထားတတ်တဲ့လူးမျိုး။ အလုပ်ကိစ္စတွေပြီးမြောက်ဖို့ တစ်ခြားလူတွေရဲ့အခက်အခဲကိုလည်း မြင်အောင်ကြည့်တတ်တဲ့လူမျိုး။ ငွေကိုဘဝရဲ့ပန်းတိုင်လိုသဘောမထားတတ်တဲ့လူမျိုးပါ။ ညီလေးကို အလုပ်ခန့်လိုက်ပါပြီ။

လူငယ် အလုပ်ရသွားပြီး အလုပ်ကိုလည်း အင်မတန်ကြိုးစားခဲ့ပါတယ် သူနဲ့တွဲဖက်လုပ်တဲ့ လုပ်ဖော်ကိုင်ဘက်တွေရဲ့ လေးစားမှုကိုလည်း သူရရှိခဲ့ပါတယ်၊ လူငယ်ရဲ့ ဝန်ထမ်းတွေအားလုံးကလည်း စည်းလုံးတဲ့အဖွဲ့တစ်ဖွဲ့အဖြစ် အလုပ်ကို ဝီရိယထားပြီးကြိုးစားကြတယ်။
ရလဒ်အဖြစ် ကုမ္ပဏီရဲ့တိုးတတ်မှုတွေဟာ အံ့မခန်းဖြစ်လာတော့တာပါပဲ။

ဖြစ်ရက်ကလေးကတော့ ဒါပါပဲ။

ဘာပဲလိုလို အမြဲတမ်းရပြီး အလိုလိုက်၊အကာအကွယ်ပေးခံနေရတဲ့ ကလေးတစ်ယောက်ဟာ
ကိုယ့်ကိုကိုယ်ဗဟိုပြု စဉ်းစားတတ်တဲ့အတ္တစိတ်တွေဖွင့်ဖြိုးလာတတ်တယ် သူ့ကိုသူ အမြဲရှေ့တန်းတင်လာတတ်တယ် ၊သူ့နောက်ကနေကြိုးစားထောက်ပံ့နေတဲ့မိသားစုရဲ့ကြိုးစားအားထုတ်မှုတွေကို မျက်ကွယ်ပြုလာတတ်တယ်။

အလုပ်လုပ်တဲ့အခါ သူ့စကားကို
အမြဲတမ်းနားထောင်ရမယ်ဆိုတာမျိုးဖြစ်လာတတ်တယ်။
သူမန်နေဂျာဖြစ်လာတဲ့အခါ သူ့လက်အောက်ဝန်ထမ်းတွေရဲ့အခက်အခဲဒုက္ခတွေကို စာနာနားလည်ပေးနိုင်လိမ့်မှာမဟုတ်ဘဲ အမြဲတမ်း ဆူပူကြိမ်းမောင်းနေပယလိမ့်မယ် အဲ့ဒီလိုလူမျိုးတွေဟာ ပညာရေးအရတော့ ထူးချွန်ကောင်း ထူးချွန်နိုင်ကြပါလိမ့်မယ် ဘဝမှာခဏတစ်ဖြုတ်အောင်မြင်ကောင်း အောင်မြင်နိုင်ကြလိမ့်မယ် ဒါပေမယ့်၊ နောက်ဆုံးမှာတော့ အောင်မြင်မှုရဲ့ အဓိပ္ပါယ်ကို ခံစားနားလည်ရမှာမဟုတ်ပါဘူး သူတို့ဟာ ပိုမိုတဲ့လိုချင်မှုတွေအတွက် မကျေမနပ်နဲ့ မြည်တွန်းတောက်တီးနေကြမယ်။

အမုန်းတရားတွေနဲ့ ဖုံးလွှမ်းနေကြမယ်။ ကတောက်ကဆ စကားများရန်ဖြစ်နေကြမယ်။
ကဲ...ဒီလိုဆို ကျွန်တော်တို့ဟာ
ကလေးတွေကို စိတ်တိုင်းကျအလိုလိုက်ပြီး အမြဲအကာအကွယ်ပေးနေတဲ့ မိဘတွေဖြစ်နေရင်၊ ဒါဟာ သူတို့ကို တကယ်ချစ်ရာရောက်သလား?
ဒါမှမဟုတ် အဲ့ဒီအစား ကိုယ့်ကလေးကိုယ် ဖျက်စီးနေကြတာများလား?။

သင်ဟာ သင့်ကလေးကို အိမ်ကောင်းရာကောင်းနဲ့ နေခွင့်ပြုနိုင်တယ်၊ စားကောင်းသောက်ဖွယ်တွေ ကျွေးနိုင်တယ်၊ စန္ဒရားတီးတတ်အောင်သင်ပေးနိုင်တယ်၊ ကြီးမားတဲ့ဖန်သားပြင်ရှိတဲ့ရုပ်မြင်သံကြားစက်တွေကြည့်ခိုင်းနိုင်တယ်၊ ဒါပေမယ့် သင့်အိမ်ခြံဝင်းထဲကမြက်တွေရိတ်ဖြတ်တဲ့အခါ သူတို့ကိုလည်း အဲ့ဒီအတွေ့အကြုံနဲ့ထိတွေ့ခွင့်ပေးပါ။

ထမင်းစားပြီးတဲ့အခါမှာ စားပြီးသားအိုးခွပ်ပန်ကန်တွေကိုဆေးဖို့ သူတို့ အစ်ကို အစ်မတွေနဲ့အတူ လုပ်ခွင့်ပေးပါ၊ ဒါက အိမ်ဖော်ငှါးဖို့ ပိုက်ဆံမရှိလို ဒီလိုလုပ်ရတာမဟုတ်ပါဘူး၊သင်က
သူတို့ကို သင့်မြတ်မှန်ကန်တဲ့နည်းနဲ့ချစ်ရာရောက်အောင်လို့ပါ။

မိဘတွေ ဘယ်လောက်ပဲ ချမ်းသာ ချမ်းသာ တစ်နေ့မှာ အထက်ပါ ဖြစ်ရက်ထဲက မိခင်လိုပဲ မိဘတွေဟာ ဆံပင်တွေဖြူ အိုမင်းရင့်ရော်သွားမယ်ဆိုတာ သင့်ကလေးတွေကို နားလည်စေရပါမယ်။

အရေးအကြီးဆုံးကတော့ စွန့်လွှတ်ပေးဆပ်ရမှုတွေကို ဘယ်လိုတန်ဖိုးထားရမယ် အခက်အခဲတွေကိုဘယ်လိုရင်ဆိုင်ကျော်လွှားရမယ် ပြီးတော့ အရာကိစ္စတွေပြီးမြောက်အောင်မြင်ဖို့ အခြားလူတွေနဲ့တွဲဖက်လုပ်ကိုင်တဲ့အခါ လိုအပ်တဲ့စွမ်းရည်တွေကို
သင့်ကလေး သင်ယူတတ်မြောက်ဖို့ပါပဲ။

မိတ်ဆွေ ဒီဖြစ်ရက်ကလေးကို
တတ်နိုင်သလော များများမျှဝေနိုင်ဖို့ကြိုးစားပါ။ ဒီဖြစ်ရက်ကလေးကို သိရတဲ့ လူတစ်ဦးတစ်ယောက်ရဲ့ဘဝကံကြမ္မာဟာ ထူးထူးခြားခြား ပြောင်းလဲကောင်း ပြောင်းလည်းသွားနိုင်ပါတယ်။

(The Real Singaporeမှ Mother s Hands Story ကို ဒိုက်ဒိုက်(မန္တလေး)မှ မျှဝေခံစားဘာသာပြန်ဆိုသည်။

ငွေကြေးမရှိသော်လည်း ပေးကမ်းနိုင်သော အလှူဒါန ခုနှစ်မျိုး



ထိုခုနှစ်မျိုးမှာ ...

၁။ မျက်နှာဟန်အမူအရာဖြင့် အလှူဒါနပြုခြင်း - အပြုံးဖြင့်ဖော်ရွေစွာ ဆက်ဆံခြင်း၊
၂။ နှတ်ဖြင့် အလှူဒါနပြုခြင်း - အားပေးစကား၊ နှစ်သိမ့်စကား၊ ချီးကျူးစကား၊ ညှာတာစကား၊ နွေးထွေးသောစကားများ၊ ပြောဆိုခြင်း။

၃။ စိတ်ဖြင့်အလှူဒါနပြုခြင်း - စိတ်တံခါးကိုဖွင့်၍ သူတစ်ပါးကို ပွင့်လင်းရိုးသားစွာ ဆက်ဆံခြင်း၊

၎။ အမြင်ဖြင့် အလှူဒါနပြုခြင်း - ကောင်းသောစေတနာ အမြင်ဖြင့် သူတပါးကိုကြည့်မြင်တတ်ခြင်း၊

၅။ ကာယလုပ်အားဖြင့် အလှူဒါနပြုခြင်း - ကိုယ်နိုင်နင်းသော လုပ်ဆောင်ပေးမှုဖြင့် သူတစ်ပါးကို ကူညီခြင်း၊

၆။ နေရာထိုင်ခင်း အလှူဒါနပြုခြင်း - လှေစီး၊ ကားစီးသည့်အခါ မိမိထိုင်ခုံနေရာကို အိုမင်းမစွမ်းသူ၊ ကိုယ်ဝန်ရှိသူ၊နှင့် ကလေးငယ်တို့အား မိမိ၏ထိုင်ခုံနေရာကို ထိုင်စေခြင်း။

၇။ နေအိမ်အလှူဒါနပြုခြင်း - မိမိ၏ အိမ်နေရာကိုသူတပါးတို့ အနားယူရန် ပေးကမ်းခြင်း။မည်သူမဆို ဤအလှူဒါန

ခုနှစ်မျိုးသောကောင်းမှုကုသိုလ်ကို ပေးကမ်းလေ့ရှိသည့်အကျင့် ကောင်းရှိလျှင် အောင်မြင်ခြင်းသည် ထက်ကြပ်မကွာ လိုက်ပါလာမည်သာဖြစ်ပါသည်။

ပါမောက္ခဒေါ်ခင်ဖြူ (မြင်းခြံ)… မြတ်မင်္ဂလာစာစောင်။ ။

မေတ္တာဖြင့် အရှင်ဝိမလဝံသ