
ဆရာဆရာမတို့ရေ ကျောင်းစာကိုသာ သင်တာ ပညာမဟုတ်ပါ။ ပြည်သူ့နီတိကို အလကားသင်ခိုင်းနေတာမဟုတ်ပါလို့ထင်ပါတယ်။ ကျနော်လည်းပညာရေးဝန်ထမ်းလုပ်ခဲ့ဘူးပါတယ်။ စာတွေအလွတ်ကျက်ခိုင်းပြီး ကျက်တူးရွေးပညာရေးကနေ ဘ၀တစ်သက်တာ ပညာရေး(ကျောင်းသားဘ၀မှ လူကြီးဖြစ်တဲ့အထိ အသုံးချနိုင်ဖို့ လိုက်နာကြစေဖို့ အလေ့ကျင့်ကောင်းတွေရစေဖို့ တွေးခေါ်မြော်မြင်တတ်စေဖို့ စဉ်းစားတတ်စေဖို့ လေ့ကျင့်ပျိုးထောင်ပေးတဲ့ပညာရေး) ကို သင်ပေးနိုင်ကြဖို့လိုပါတယ်။
ဆရာတို့ ဆရာမတို့ကိုယ်တိုင်က Set the example! Lead the example! လုပ်ပြနိုင်ဘို့လိုပါတယ်။ စာများများဖတ်ကြဖို့လိုပါတယ်။ ပြဌာန်းစာအုပ်ကို လွှဲမချပဲ ပြဌာန်းစာအုပ်နဲ့ ဆက်စပ်ပြီး သင်နိုင်တာတွေအများကြီးပါ။ စာများများဖတ်ခဲ့မယ် လေ့လာမှုကောင်းခဲ့မယ် မျက်မှောက်ခေတ် အခြေအနေ အရပ်ရပ်ကို သုံးသပ်နိုင်မယ်ဆိုရင်ပေါ့။
ဆရာတို့ ဆရာမတို့ကို ဆရာလုပ်တာမဟုတ်ပါဘူးခင်ဗျာ။ တိုင်းပြည်တိုးတက်ဖို့ နိုင်ငံကြီးသားတွေဖြစ်လာဖို့ ဆရာတို့ဆရာမတို့က ရာနှုန်းဝက်လောက်ကို အရေးပါနေလို့ပါ။ ဆရာ၊ဆရာမအားလုံးကိုလေးစားပါတယ်။
မောင်စိမ်းသူ(ချယ်ရီမြေ)
No comments:
Post a Comment