(၁)
တိုင်းပြည်ကိုချစ်သူများ၏ စကား။
‘တိုင်းပြည်တည်ဆောက်ရာတွင် အုတ်တစ်ချပ် သဲတစ်ပွင့်ဖြစ်ရပါလို၏’
ဤသို့သော ဆုတောင်းသံကို ကြားရသည်မှာ ဝမ်းသာအားရစရာကောင်းလှသည်။ သာဓု၊ သာဓု၊ သာဓုဟူ၍ သုံးကြိမ်ခေါ်မိသည်။ လူ့ဘောင်လောကကြီးကို တည်ဆောက်ရာတွင် အုတ်တစ်ချပ်သဲ တစ်ပွင့်အဖြစ် ပါဝင်ကြိုးပမ်းလိုကြသူများအတွက်
(၂)
အုတ်တစ်ချပ်ဖြစ်လာဖို့။
ပထမမြေကြီးကိုရှာရသည်။ ရေခံမြေခံကောင်းမှ ဆိုသကဲ့သို့ မြေကောင်းကောင်းတော့လိုသည်။ မြေကြီးကိုစေးထန်စေအောင် ရေနှင့်နူးရသည်။ နှပ်ထားရသည်။ နူးနပ်သောမြေကြီးကိုမှ ကြိတ်နယ်ရ သည်။ လူအား၊ တိရစ္ဆာန်အင်အား သို့မဟုတ် စက်အားဖြင့်ဆုံတွင်ကြိတ်နယ်ရသည်
ကြိတ်နယ်ပြီးစီးသော မြေစေးကိုပုံစံခွက်ထဲထည့်ကာ ပုံရိုက်ယူရသည်။ ပုံရိုက်ပြီးသော အုတ်စိမ်းများ ကိုကား နေလှန်းရပြန်သည်။ နေလှန်းထားသောအုတ်များကို အုတ်စိမ်းဟုပင်ခေါ်သေးသည်။ ၎င်းတို့ သည်မကျက်သေး။ ထိုအချိန်တွင်အတော်လေး အလေအလွင့်အပျက်အစီးများသည်။ ဤအဆင့်သည် (၁၀) တန်း၊ တက္ကသိုလ်ဝင်တန်းကျောင်းသားများန
(၃)
နေလှန်းပြီးသောအခါ အုတ်ကျိုးအုတ်ပဲ့များကိုပယ်ပြီး
အသင့်အတင့်မျှပညာအရည်အသွေးရှိသူ
သို့ဖြစ်၍ ပညာရေးဆိုင်ရာ တာဝန်ရှိသူ ဆရာ၊ ဆရာမများ၏ အဆုံးအဖြတ်သည် အရေးကြီးလှသည်။
မီးကျွမ်းသောအုတ်ကိုရရှိပါက ၎င်းကိုအဆောက်အဦကောင်းများတွင် မသုံးနိုင်တော့ပေ။ အုတ် ကောင်းအုတ်သန့်များကိုသာ နှစ်ရှည်ခံနိုင်သော အဆောက်အဦများတွင် သုံးကြသည်။ မည်သို့ပင်ဖြစ် စေအုတ်အားလုံးကား သူ့နေရာနှင့်သူတော့ အသုံးဝင်လေသည်။ တချို့ကို အဆောက်အဦဆောက်ရာ တွင် အသုံးဝင်လေသည်။ တချို့ကိုအဆောက်အဦဆောက်ရာတွင် အသုံးဝင်သလို အချို့ကိုခြံစည်းရိုး အတွက်သုံးသည်။ အချို့ကိုမူ လမ်းခင်းကြသည်။ ပလက်ဖောင်းခင်းကြသည်။
တိုင်းပြည်တည်ဆောက်ရာတွင် ပါဝင်သောအုတ်များကဲ့သို့ လူငယ်များသည်လည်း ကျရာနေရာက တာဝန်ယူ၍ နိုင်ငံကိုတည်ဆောက်ရသည်။
အလေအလွင့်အုတ်များရှိသလို လူငယ်များထဲတွင်လည်း အလေအလွင့်ရှိလေသည်။ အလေအလွင့် အုတ်များသည် မြေကြီးထဲအသုံးမဝင်မြုပ်ဝင်သွား
အလေအလွင့်နည်းစေရန်တော့ အားလုံးတွင်တာဝန်ရှိသည်။
(၄)
အုတ်ကောင်းများဖြင့် ဆောက်လုပ်ထားသော တိုက်တာအဆောက်အဦများစွာတို့သည်
မည်သို့ပင်ဖြစ်စေ တာရှည်ခံသော အဆောက်အဦသည်လည်း တစ်ချိန်တွင်ပြိုပျက်မည်သာပင်။ တား၍မရနိုင်သော သဘာဝတရားပင်ဖြစ်သည်။ အချို့အဆောက်အဦများမှာ အန္တရာယ်ရှိအဆောက် အဦအဖြစ် သတ်မှတ်ခံရကာ ဖြိုဖျက်ရသည်လည်းရှိသည်။
ထိုအခါတွင် မြေအုတ်တို့ဘာဖြစ်သွားမည်နည်း။ အုတ်ကျိုးအုတ်ပဲ့များကို လမ်းခင်းရာတွင်သာ အသုံး များသည်။ တစ်ခါတစ်ခါတော့လည်း အုတ်ဟောင်းများကို ဝင်းခြံစည်းရိုးအတွက် သုံးကြသည်။ နောက် တော့ကော၊ နောက်တော့ မြေအုတ်တို့ဘဝနိဂုံးသို့ရောက်ရေ
အချိန်တန်ရင်တော့ ကျွန်ုပ်တို့တစ်တွေအားလုံးသည်လည
စောင့်ကြည့်သတင်းဂျာနယ်
အတွဲ(၈)၊ အမှတ်(၄၆)၊ ဧပြီလ(၂၂) ရက်၊ ၂၀၁၄ ခုနှစ်
Written by ဒေါက်တာခင်မောင်ညို
No comments:
Post a Comment