လူငယ်တစ်ယောက်ဟာ ကုမ္ပဏီကြီးတစ်ခုမှာ မန်နေဂျာရာထူးအတွက် အလုပ်သွားလျှောက်ပါတယ် ပထမ အင်တာဗျူးဖြေဆိုအောင်မြင်သွားတာကြောင့် အလုဆိုနောက်ဆုံးအဆင့်အင်တာဗျူးအတွက် ကုမ္ပဏီရဲ့ဒါရိုက်တာနဲ့ တွေ့ဆုံရမှာဖြစ်ပါတယ်။
ဒါရိုက်တာလုပ်သူက လူငယ်ရဲ့ကိုယ်ရေးရာဇဝင်ကိုကြည့်လိုက်တဲ့အခါ ပညာရေးအဆင့် အောင်မြင်မှုမှာ ထိပ်တန်းဖြစ်နေတာကို တွေ့ရပါတယ် ဒါနဲ့လူငယ်ကိုခေါ်ပြီး
ညီလေးကျောင်းမှာ ပညာသင်ဆုမလျှောက်ခဲ့ဘူးလားလို့မေးပါတယ်။
မလျှောက်ခဲ့ဘူးဗျ။ ဒါဆို.ကျောင်းစရိတ်တွေကို ညီလေးအဖေကတော်တော်ထောက်ပံ့ခဲ့ရမှာပေါ့)
လူငယ်ခေါင်းခါပါတယ် မဟုတ်ဘူးဗျ"ကျွန်တော့်အဖေက ကျွန်တော်တစ်နှစ်သားလောက်မှာဆုံးသွားတာပါ။ ကျွန်တော့်ကျောင်းစရိတ်တွေထောက်ပံ့
ပေးခဲ့တာ ကျွန်တော့်အမေပါ။
ဒါဆို ညီလေးအမေက ဘာအလုပ်လုပ်တာလည်း ကျွန်တော့်အမေက ခဝါသည်ပါ" လူငယ်ရဲ့အဖြေကိုကြားတော့ ဒါရိုက်တာဟာ လူငယ်ရဲ့လက်ကို သူ့အားခဏပြဖို့တောင်းဆိုပါတယ်။ လူငယ်ဟာ ဒါရိုက်တာရဲ့တောင်းဆိုမှုကို လက်ခံပြီး သူ့ရဲ့လက်တွေကို ဖြန့်ပြလိုက်တဲ့အခါမှာတော့ သိပ့်ကိုနူးညံ့ပြီးချောမွေ့တဲ့လက်တစ်စုံဖြစ်နေပါတယ်။
ညီလေးအမေ အဝတ်တွေလျှော်တဲ့အခါ ညီလေးကူလျှော်ပေးခဲ့ဖူးလား"ဟင့်အင်း"ကျွန်တော်ဘယ်တုန်းကမှကူလျှော်မပေးခဲ့ရပါဘူး ဘာဖြစ်လို့လည်းဆိုတော့ အမေက ကျွန်တော့်ကို စာပဲကြိုးစားခိုင်းတာ။ပြီးတော့ အမေအဝတ်လျှော်တာ ကျွန်တော့်ထက်ပိုမြန်တယ်လေ၊ဪ...ဒါဆို အကိုတစ်ခုလောက်တောင်းဆိုစရာရှိတယ်...ညီလေးအိမ်ပြန်တဲ့အခါ အမေ့ဆီသွားပြီး သူ့လက်တွေကိုဆေးကြောပေးနိုင်မလား...ပြီးရင် မနက်ဖြန်အကို့ကိုပြန်လာတွေ့ပါ။
လူငယ်ဟာ သူအလုပ်ရဖို့ ဒီအခွင့်အရေးဟာ အရေးကြီးတယ်ဆိုတာသိပါတယ်။ ဒီတော့ သူအိမ်ပြန်ရောက်တဲ့အခါမှာ မိခင်ဆီသွားပြီး မိခင်ရဲ့လက်တွေဆေးကြောပေးချင်ကြောင်းခွင့်တောင်းပါတယ်။ မိခင်လုပ်သူက သားရဲ့စကားအဆန်းတွေကြောင့် အံ့ဩဝမ်းသာသွားပါတယ်။
စိတ်ခံစားမှုတွေ ရောပြွန်းနေရင်းနဲ့ သူမရဲ့လက်တွေကို သားရှေ့မှာ ထုတ်လိုက်ပါတယ်။
လူငယ်က မိခင်ရဲ့လက်တွေကို ဖြေးဖြေးချင်းဆေးကြောပါပြီ အဲ့ဒီအခိုက်မှာ သူမျက်ရှည်တွေစီးကျလို့လာပါတယ်။မိခင်ရဲ့လက်တွေဟာ ဇရာကြောင့်တွန့်ရှုံ့ပျော့တွဲနေပြီး ဒဏ်ရာတွေတော်တော်များများရှိနေတာကို ပထမဆုံးအကြိမ်အဖြစ် သူသတိထားမိသွားပါတယ်။
တစ်ချို့ဒဏ်ရာတွေဆို သူထိလိုက်တာနဲ့ မိခင်ကတွန့်ခနဲဖြစ်ဖြစ်သွားတဲ့အထိ နာကျင်နေတာဖြစ်ပါတယ်။
လက်တွေဟာ သူ့ကျောင်းစရိတ်တွေကိုပေးချေနိုင်ဖို့ နိစ္စဓူဝ အဝတ်တွေကိုလျှော်လာခဲတဲ့ လက်တစ်စုံပါလားဆိုတဲ့အသိကို သူခံစားမိသွားတာ ဒါပထမဦးဆုံးပါပဲ။ မိခင်ရဲ့လက်ကဒဏ်ရာတွေက သူ့ပညာရေးအတွက်၊သူ့ကျောင်းကိစ္စတွေအတွက်၊သူ့အနာဂတ်တွေအတွက် လဲလှယ်ပေးဆပ်ခဲ့ရတဲ့ အဖိုးအခတွေပါပဲ။
လူငယ်ဟာ မိခင်ရဲ့လက်တွေကိုဆေးကြောခဲ့ပြီးတဲ့နောက်မှာ မိခင်လျှော်ဖို့ရှိနေတဲ့အဝတ်တွေအားလုံးကို နှုတ်ဆိတ်ငြိမ်သက်စွာလျှော်ဖွတ်ပေးခဲ့ပါတယ်။
အဲ့ဒီညမှာ သားအမိနှစ်ယောက် စကားလက်စုံကျရင်း အချိန်အတော်ကြာသွားခဲ့ပါတယ်။
နောက်တစ်နေ့မနက်မှာတော့
လူငယ်ဟာ ဒါရိုက်တာရဲ့ ရုံးခန်းကိုသွားပါတယ်။
ဒါရိုက်တာက ညီလေး မနေ့က အိမ်မှာဘာတွေလုပ်ပြီး ဘာတွေသင်ယူခဲ့လည်းဆိုတာ ပြောပြနိုင်မလားလို့မေးတဲ့အခါ
လူငယ်ရဲ့မျက်ဝန်းမှာမျက်ရည်စတွေတွဲခိုလို့နေပါတယ်။
အခုတော့ ဘယ်အရာကို တန်ဖိုးထား ကျေးဇူးတင်ရမယ်ဆိုတာ ကျွန်တော်သိသွားပါပြီိ၊ ကျွန်တော်အမေမရှိပဲနဲ့ ဒီနေ့ ကျွန်တော်ဆိုတာရှိလာမှာမဟတ်ြပါဘူး။
တစ်စုံတစ်ရာ ပြီးမြောက်အောင်မြင်ဖို့ ဘယ်လောက်ထိ ခက်ခဲကြမ်းတမ်းတယ်ဆိုတာ ကျွန်တော့်အမေကိုကူညီရင်း ကျွန်တော်အခုမှသိရတာပါ၊ မိသားစုကိုကူညီထောက်ပံ့ခြင်းရဲ့အရေးကြီးမှုနဲ့
အဖိုးအခကြီးမှုတွေကိုလည်း ကျွန်တော်သိမြင်လာရပါပြီ။
လူငယ်ရဲ့ အဖြေမှာ ဒါရိုက်တာက နှစ်နှစ်ခြိုက်ခြိုက်ပြုံးပြလိုက်ပါတယ်
ဒါဟာ"အကိုလိုချင်တဲ့ မန်နေဂျာမှာရှိနေရမယ့် စိတ်နေသဘောထားပါပဲ၊ အကိုအလုပ်ခန့်ချင်တာက တစ်ခြားသူတွေရဲ့ အကူအညီကိုတန်ဖိုးထားတတ်တဲ့လူးမျိုး။ အလုပ်ကိစ္စတွေပြီးမြောက်ဖို့ တစ်ခြားလူတွေရဲ့အခက်အခဲကိုလည်း မြင်အောင်ကြည့်တတ်တဲ့လူမျိုး။ ငွေကိုဘဝရဲ့ပန်းတိုင်လိုသဘောမထားတတ်တဲ့လူမျိုးပါ။ ညီလေးကို အလုပ်ခန့်လိုက်ပါပြီ။
လူငယ် အလုပ်ရသွားပြီး အလုပ်ကိုလည်း အင်မတန်ကြိုးစားခဲ့ပါတယ် သူနဲ့တွဲဖက်လုပ်တဲ့ လုပ်ဖော်ကိုင်ဘက်တွေရဲ့ လေးစားမှုကိုလည်း သူရရှိခဲ့ပါတယ်၊ လူငယ်ရဲ့ ဝန်ထမ်းတွေအားလုံးကလည်း စည်းလုံးတဲ့အဖွဲ့တစ်ဖွဲ့အဖြစ် အလုပ်ကို ဝီရိယထားပြီးကြိုးစားကြတယ်။
ရလဒ်အဖြစ် ကုမ္ပဏီရဲ့တိုးတတ်မှုတွေဟာ အံ့မခန်းဖြစ်လာတော့တာပါပဲ။
ဖြစ်ရက်ကလေးကတော့ ဒါပါပဲ။
ဘာပဲလိုလို အမြဲတမ်းရပြီး အလိုလိုက်၊အကာအကွယ်ပေးခံနေရတဲ့ ကလေးတစ်ယောက်ဟာ
ကိုယ့်ကိုကိုယ်ဗဟိုပြု စဉ်းစားတတ်တဲ့အတ္တစိတ်တွေဖွင့်ဖြိုးလာတတ်တယ် သူ့ကိုသူ အမြဲရှေ့တန်းတင်လာတတ်တယ် ၊သူ့နောက်ကနေကြိုးစားထောက်ပံ့နေတဲ့မိသားစုရဲ့ကြိုးစားအားထုတ်မှုတွေကို မျက်ကွယ်ပြုလာတတ်တယ်။
အလုပ်လုပ်တဲ့အခါ သူ့စကားကို
အမြဲတမ်းနားထောင်ရမယ်ဆိုတာမျိုးဖြစ်လာတတ်တယ်။
သူမန်နေဂျာဖြစ်လာတဲ့အခါ သူ့လက်အောက်ဝန်ထမ်းတွေရဲ့အခက်အခဲဒုက္ခတွေကို စာနာနားလည်ပေးနိုင်လိမ့်မှာမဟုတ်ဘဲ အမြဲတမ်း ဆူပူကြိမ်းမောင်းနေပယလိမ့်မယ် အဲ့ဒီလိုလူမျိုးတွေဟာ ပညာရေးအရတော့ ထူးချွန်ကောင်း ထူးချွန်နိုင်ကြပါလိမ့်မယ် ဘဝမှာခဏတစ်ဖြုတ်အောင်မြင်ကောင်း အောင်မြင်နိုင်ကြလိမ့်မယ် ဒါပေမယ့်၊ နောက်ဆုံးမှာတော့ အောင်မြင်မှုရဲ့ အဓိပ္ပါယ်ကို ခံစားနားလည်ရမှာမဟုတ်ပါဘူး သူတို့ဟာ ပိုမိုတဲ့လိုချင်မှုတွေအတွက် မကျေမနပ်နဲ့ မြည်တွန်းတောက်တီးနေကြမယ်။
အမုန်းတရားတွေနဲ့ ဖုံးလွှမ်းနေကြမယ်။ ကတောက်ကဆ စကားများရန်ဖြစ်နေကြမယ်။
ကဲ...ဒီလိုဆို ကျွန်တော်တို့ဟာ
ကလေးတွေကို စိတ်တိုင်းကျအလိုလိုက်ပြီး အမြဲအကာအကွယ်ပေးနေတဲ့ မိဘတွေဖြစ်နေရင်၊ ဒါဟာ သူတို့ကို တကယ်ချစ်ရာရောက်သလား?
ဒါမှမဟုတ် အဲ့ဒီအစား ကိုယ့်ကလေးကိုယ် ဖျက်စီးနေကြတာများလား?။
သင်ဟာ သင့်ကလေးကို အိမ်ကောင်းရာကောင်းနဲ့ နေခွင့်ပြုနိုင်တယ်၊ စားကောင်းသောက်ဖွယ်တွေ ကျွေးနိုင်တယ်၊ စန္ဒရားတီးတတ်အောင်သင်ပေးနိုင်တယ်၊ ကြီးမားတဲ့ဖန်သားပြင်ရှိတဲ့ရုပ်မြင်သံကြားစက်တွေကြည့်ခိုင်းနိုင်တယ်၊ ဒါပေမယ့် သင့်အိမ်ခြံဝင်းထဲကမြက်တွေရိတ်ဖြတ်တဲ့အခါ သူတို့ကိုလည်း အဲ့ဒီအတွေ့အကြုံနဲ့ထိတွေ့ခွင့်ပေးပါ။
ထမင်းစားပြီးတဲ့အခါမှာ စားပြီးသားအိုးခွပ်ပန်ကန်တွေကိုဆေးဖို့ သူတို့ အစ်ကို အစ်မတွေနဲ့အတူ လုပ်ခွင့်ပေးပါ၊ ဒါက အိမ်ဖော်ငှါးဖို့ ပိုက်ဆံမရှိလို ဒီလိုလုပ်ရတာမဟုတ်ပါဘူး၊သင်က
သူတို့ကို သင့်မြတ်မှန်ကန်တဲ့နည်းနဲ့ချစ်ရာရောက်အောင်လို့ပါ။
မိဘတွေ ဘယ်လောက်ပဲ ချမ်းသာ ချမ်းသာ တစ်နေ့မှာ အထက်ပါ ဖြစ်ရက်ထဲက မိခင်လိုပဲ မိဘတွေဟာ ဆံပင်တွေဖြူ အိုမင်းရင့်ရော်သွားမယ်ဆိုတာ သင့်ကလေးတွေကို နားလည်စေရပါမယ်။
အရေးအကြီးဆုံးကတော့ စွန့်လွှတ်ပေးဆပ်ရမှုတွေကို ဘယ်လိုတန်ဖိုးထားရမယ် အခက်အခဲတွေကိုဘယ်လိုရင်ဆိုင်ကျော်လွှားရမယ် ပြီးတော့ အရာကိစ္စတွေပြီးမြောက်အောင်မြင်ဖို့ အခြားလူတွေနဲ့တွဲဖက်လုပ်ကိုင်တဲ့အခါ လိုအပ်တဲ့စွမ်းရည်တွေကို
သင့်ကလေး သင်ယူတတ်မြောက်ဖို့ပါပဲ။
မိတ်ဆွေ ဒီဖြစ်ရက်ကလေးကို
တတ်နိုင်သလော များများမျှဝေနိုင်ဖို့ကြိုးစားပါ။ ဒီဖြစ်ရက်ကလေးကို သိရတဲ့ လူတစ်ဦးတစ်ယောက်ရဲ့ဘဝကံကြမ္မာဟာ ထူးထူးခြားခြား ပြောင်းလဲကောင်း ပြောင်းလည်းသွားနိုင်ပါတယ်။
(The Real Singaporeမှ Mother s Hands Story ကို ဒိုက်ဒိုက်(မန္တလေး)မှ မျှဝေခံစားဘာသာပြန်ဆိုသည်။
No comments:
Post a Comment