Labels

Monday, February 3, 2014

ကျနော်သိခဲ့ရသော တြိဂံ သက်တော်စောင့် သိုင်းပညာ နှင့် ဆရာကျော်ကျော်



ဆရာကျော်ကျော် ဟာ တြိဂံသက်တော်စောင့် ဟုခေါ်သော သိုင်းပညာရပ်ကို နှစ်ပေါင်း လေးဆယ်ကျော် တစိုက်မတ်မတ် သင်ယူလေ့လာ လိုက်စားခဲ့သလို ဘဝတလျောက်လုံးမှာ သိုင်းပညာနဲ့ပတ်သက်လို့ မစဉ်းစားခဲ့သောရက် မတွေးတောခဲ့သောရက် သုံးသပ်ဆင်ခြင်မှုမဲ့သောရက် မလေ့ကျင့်သောရက်မှာ မရှိသလောက်ပင်ဟုဆိုရပေမည်
ထို့ကြောင့် ရှေးဆရာများပြောဆိုဆုံးမခဲ့ကြသော အကွက်မကျွမ်း သိုင်းမစွမ်း
အကွက်မကျင် သိုင်းမလျင်
အကွက်မနိုင် သိုင်းမပိုင် ဟူသော စကားရပ်၏ အနက်အဓိပ္ပါယ်ကို၎င်း
အကွက်ဟူသည် ခြေနင်းရာတွင် အကွက်ရှ်သည်ဟုဆိုသော်လည်း လေ့ကျင့်ရာတွင် နင်းရသော သိုင်းကွက်များသည် ရှေးအဆက်ဆက် သိုင်းဆရာကြီးများ လက်ကမြင်း၍ ဒီလိုနင်းရတယ် ဆိုပြီး ထွင်ချင်သလိုထွင်ခဲ့ကြသော ပညာမဟုတ်ဘဲ ရေ မြေ လေ မီးဓာတ်ကြီးလေးပါးနှင့် တွဲစပ်၍ သပ်သပ်ရပ်ရပ်တီထွင်ခဲ့သော သိုင်းကွက်များဖြစ်သည်ကို၎င်း ငါးကြင်းဆီနှင့် ငါးကြင်းကြော်ရတယ်ဆိုသော သိုင်းစကားကို၎င်း ခြေကပညာ လက်ကမာယာ ဆိုသော အဓ်ပ္ပါယ်ကို၎င်း ယနေ့ခေတ်လူငယ်များ သိုင်းဝါသနာရှင်များပြောဆိုနေကြသည့် အတွင်းအား သို့မဟုတ် သိုင်းအားဆိုတာ မည်သည့်အရာကို ခေါ်ပါသလည်း ဘယ်လိုလုပ်မှ အားထွက်တာလည်း (အားပါတာလဲ) ဆိုသော အယူအဆတို့ကို နှံ့နှံ့စပ်စပ် သိမြင်သူဖြစ်သလို ခြေတစ်ကွက် လက်တစ်ချက်ရဲ့တန်ဘိုးကိုလည်း သဘောပေါက် နားလည်တတ်ကျွမ်းခဲ့သူဖြစ်ပါတယ်
ဆရာကျော်ကျော် ဤကဲ့သို့တတ်မြောက်စေရန် သင်ကြားပြသခဲ့သော ဆရာကြီးကြူ ဆရာကြီးချစ် တို့၏တပည့်ဖြစ်သော ဆရာ ဦးကျော်ဝင်း၏ ညဏ်ရည်ညဏ်သွေးနှင့် သင်ကြားပြသရာတွင် ကျွမ်းကျင်သောကြောင့် တတ်ကျွမ်းလာရခြင်းဖြစ်ကြောင်း ဂုဏ်ယူဝမ်းမြောက်စွာ ဝန်ခံထားပါတယ်

တြိဂံသက်တော်စောင့်သိုင်းပညာဟာမည်သည့်ကိုယ်ခံပညာရပ်ကိုမဆို လွယ်ကူစွာနားလည်နိုင်ခြင်း အတူတကွတွဲဖက်ကစားနိုင်ခြင်းဟာလည်း ထူးခြားချက်တရပ်ဖြစ်တယ်လို့သိရပါတယ်
ရှေးခေတ် မင်းညီမင်းသားများ၏ သက်တော်စောင့်များအထူးကျွမ်းကျင်သောပညာရပ်လည်းဖြစ်ပါတယ် ဒီအတွက်ကြောင့် လျင်မြန်ခြင်း တိကျခြင်း ခုခံရာတွင်၎င်း တိုက်ခိုက်ရာတွင်၎င်း ပြည့်စုံကောင်းမွန်လှသော ပညာရပ်ဖြစ်ပါတယ် သက်တော်စောင့်တို့မည်သဘ်မှာ နှေးကွေးနေ၍မရပါ အချိန်ဆွဲနေ၍မရပါ
ထိုကဲ့သို့သော ပညာရပ်ကို ယနေ့တွင် ဆရာကြီးများ၏ သွန်သင်ဆုံးမမှုအတိုင်း မြန်မာလူငယ်များ တိုင်းချစ်ပြည်ချစ်စိတ်နှင့် ကာကွယ်ရန်အတွက်၎င်း ကျန်းမာရေးအတွက်သော်၎င်း အမျိုးဘာသာ သာသနာကို စောင့်ရှေက်ရန်အတွက်၎င်း ရည်သန်ပြီး ပညာမျိုးစေ့ စိုက်ပျိုးနေသူတယောက်လည်းဖြစ်ပါတယ်
ဒါကြောင့် တြိဂံသက်တော်စောင့် ပညာရပ်များကို လေ့လာချင်ရင်ဘဲဖြစ်ဖြစ် သင်ယူချင်ရင်ဘဲဖြစ်ဖြစ် မြန်မာတိုင်းရင်းသားစစ်
ဗုဒ္ဓဘာသာဝင်စစ်စစ်
အနန္တငါးပါးကို ကိုယ်ထိလက်ရောက် ရိုင်းပျစွာ မစော်ကားဘူးသူဆိုရင် ပညာသင်ယူခွင့်ပြုမယ်လို့သိရပါတယ်
၁၃ ၂ ၂၀၁၄ ဗထူးအားကစားကွင်းမှာ ပြုလုပ်မည့် အထက်မြန်မာပြည် ကိုယ်ခံပညာ သိုင်းပညာ စုံညီပွဲတော်မှာ လာရောက်လေ့လာဖို့လည်း ဖိတ်ခေါ်ထားပါတယ်
စိတ်ဝင်တစားနဲ့သင်ယူလေ့လာလိုသူများကို ငွေကြေးမလိုဘဲ အခမဲ့သင်ကြားပေးမယ်လို့ ဆရာကျော်ကျော်က ပြောပြပါတယ် သင်ယူလိုရင်တော့
ဆရာ ဦးကျော်ကျော်
၀၉ ၄၀၂၆၆၅၅၇၅
ငွေကံ့ကော်သစ်သီးပွဲရုံ
၈၄ ၈၅ကြား လမ်း ၃၀
နှင့်
ဗောဓိပင်ဘုရားအရှေ့ပေါက်
ဆရာ့အိမ်ကို ဆက်သွယ်နိုင်ပါတယ်

                                Hla Moe

No comments:

Post a Comment