မိန်းမတွေဟာ နိုင်ငံတော်သမ္မတတွေ၊ ကော်ပိုရိတ် လုပ်ငန်းကြီးတွေရဲ့
ခေါင်းဆောင်တွေ၊ မီဒီယာလောကမှာ သြဇာရှိတဲ့ ပုဂ္ဂိုလ်တွေထိ ဖြစ်လာနေချိန်မှာ မိန်းမဆိုတာကြောင့်
ဆိုးဝါးတဲ့ထင်မြင်မှုတွေကိုလည်း ကြုံနေရဆဲပါ။ ဒီထဲမှာမှ Forbes မဂ္ဂဇင်းကြီးဟာ သြဇာအရှိဆုံး
မိန်းမတွေထင်မြင်ခံနေရတဲ့ အဆိုးဆုံး ပုံသေမူ ၁၀ ချက်ကို ဖော်ပြလာပါတယ်။
1.ရေခဲဘုရင်မ
လုပ်ငန်းခွင်မှာ ခံစားချက်ပြတတ်တဲ့ အမျိုးသမီးတစ်ယောက်ဟာ
ပျော့တယ်၊ ဦးဆောင်ဖို့ မသင့်လျော်ဘူးလို့ သတ်မှတ်ခံရပါတယ်။ ခံစားချက်ကို မပြဘဲ အေးစက်စက်နဲ့ မိန်းမ မဆန်မှ ဦးဆောင်လုပ်ကိုင်နိုင်တာပါတဲ့။
2.တစ်ယောက်တည်းနဲ့အထီးကျန်
မိန်းမတွေအရမ်းသြဇာရှိနေပြီဆို ယောကျာ်းတွေလန့်သွားမယ်။
မိန်းမခေါင်းဆောင်မှန်ရင် တစ်ယောက်တည်းသမား၊ အထီးကျန်ဖြစ်ရမယ်ဆိုတဲ့ အမြင်တွေလည်းရှိပါတယ်။
3.မာကျောမှု
Wall Street မှာ စုံစမ်းစစ်ဆေးရေးသတင်းထောက် အနေနဲ့ ခက်ခဲတဲ့အလုပ်မျိုး
လုပ်ခဲ့တယ်။Time မဂ္ဂဇင်းကြီးရဲ့ ထိပ်တန်းနေရာကို ရောက်ရှိခဲ့တယ်။ လက်ရှိမှာ New
York Times ရဲ့ ပထမဦးဆုံး အမှုဆောင်အယ်ဒီတာ အမျိုးသမီးတစ်ဦးလည်း ဖြစ်တဲ့ အေဘရမ်ဆန်က
“ကျွန်မမှာ မာကျောတဲ့စံတွေရှိတယ်။ သတင်းရေးသားပုံစံချရာမှာ ကျော်ကြားတဲ့နည်းလမ်းရှိတယ်
ဆိုပေမဲ့ ကျွန်မကိုယ် ကျွန်မ မာတဲ့လူလို့မထင်ပါဘူး”
ဟု ပြောကြားခဲ့ပါတယ်။မာတဲ့အမျိုးသမီးလို့ ထင်ခံရတာကို သူက မနှစ်သက်ပါဘူးတဲ့။
4.ပျော့ပြောင်းမှု
မိန်းမတွေအတွက် ပျော့တယ်ဆိုတဲ့ ပုံသေစံဟာ မိန်းမတွေကိုယ်တိုင်
ဒီထင်မြင်ချက်တွေအတိုင်း တည်ဆောက်ချင်တဲ့ ဆန္ဒတွေကနေ အမြစ်တွယ်လာတယ်လို့ ကော်စတာရီကာရဲ့
ပထမဆုံးမိန်းမသမ္မတ လော်ရာချင်ချီလာက ယုံကြည်ပါတယ်။ “ကျွန်မတို့နားလည်တာက အောင်မြင်မှုဟာ
လူတစ်ယောက်လုပ်လိုက်တဲ့ ရလဒ်မဟုတ်ပါဘူး။ အဖွဲ့လိုက် လုပ်လိုက်တဲ့ရလဒ်ပါ။ သြဇာအာဏာကို
မတူတဲ့ပုံနဲ့လုပ်တာကို ပျော့တယ်လို့ နားလည်မှုလွဲနေကြပါတယ်” လို့ သူမက ပြောကြားခဲ့ပါတယ်။
5.ယောကျာ်းဆန်တယ်
စီးပွားရေးလုပ်ငန်းရှင် ယောကျာ်းတစ်ယောက်ပုံ ပေါက်နေတာကို
မုန်းပါတယ်။ ဒါပေမဲ့ တစ်ခါတစ်ရံမှာ ဒီလိုပုံမျိုး လိုက်လုပ်ဖို့ ဖိအားတွေခံစားရပါတယ်။
မတူအောင်လုပ်ဖို့လည်း မကြိုးစားမိပါဘူး” ဟု နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ရဲ့ မန်နေဂျင်းဒါရိုက်တာ
ခရစ်ရှန်လာဂါဒီ က ပြောကြားခဲ့ပါတယ်။
6.အယုံသွင်းခြင်း
သူမကိုအစော်ကားဆုံးအရာကတော့ မိန်းမတွေ အောင်မြင်တာဟာ ယုံအောင်လုပ်တတ်တာကြောင့်
ဆိုတဲ့အမြင်ပါပဲ။ အလွယ်တကူနဲ့ သူမဟာ ငြင်းလို့ရတဲ့လူဆိုရင် ထိပ်ကိုမရောက်ပါဘူး။ သူမကိုယ်တိုင်လည်းလုပ်ခဲ့ရပါတယ်
လို့ NBCရုပ်သံတင်ဆက်သူ ကာရီက ပြောကြားခဲ့ပါတယ်။ မိန်းမတွေမှာ ဆုံးဖြတ်ချက်အသစ်တွေ
မရှိတာကြောင့် သတင်းတင်ဆက်သူ မဖြစ်နိုင်ဘူးလို့ပြောခံခဲ့ရတဲ့ ကာရီ ဟာ အခုဆိုရင် သူမအလုပ်ရဲ့
ထိပ်တန်းနေရာကို ရောက်ရှိနေပါပြီ။
7.ခံစားချက်ပေါက်ကွဲပြတတ်တယ်
တည်ငြိမ်တဲ့လူတွေဖြစ်ပေမဲ့ ခံစားချက်ကိုတော့ တစ်ခါတစ်ရံမှာ
ပေါက်ကွဲပြတတ်တဲ့လူတွေလို့လည်း ထင်ခံရပါတယ်။
8.ဒေါသကြီးတယ်
ဒေါသကြီးတာဟာ ယောကျာ်းတွေရဲ့ သင်္ကေတလိုဖြစ်နေပေမဲ့ သူတို့ကို
သိပ်မစွမ်းနိုင်ဘူးလို့ မြင်လာတယ်ဆိုရင်တော့ မိန်းမတွေလည်း ဒေါသကြီးတတ်ပါတယ်။ ၂၀၀၈
သမ္မတရွေးကောက်ပွဲမှာ သူ့ယောကျာ်းအတွက် လှုံဆော်ရေးတွေ လုပ်ပေးနေတုန်း “ဒေါသကြီးတဲ့ လူမဲအမျိုးသမီး”
လို့ မီချဲအိုဘားမားဟာ ရှုံ့ချခံခဲ့ရပါတယ်။
မိန်းမကော၊ ယောကျာ်းကောရှိနေတယ်လို့ထင်ရအောင် မိန်းမတွေကို
ခန့်ထားတယ်လို့လည်း မြင်တတ်ကြပါသေးတယ်။ “မိန်းမတွေဟာ သူတို့ရဲ့ပညာ၊ သူတို့ရဲ့အတွေ့အကြုံ့နဲ့
ကုမ္ပဏီအတွက် သူတို့လုပ်ပေးနိုင်တာတွေကြောင့် ခန့်ထားတာပါ” လို့ Northeastern တက္ကသိုလ်ရဲ့
MBA အလုပ်အကိုင်ဒါရိုက်တာ လင်းဆာရီကတ်စ် က ပြောကြားခဲ့ပါတယ်။
10.မြှောက်ပင့်တတ်တဲ့ ခေါင်းဆောင်တစ်ယောက်
မိန်းမလည်းဆန်တယ်၊ နွေးနွေးထွေးထွေးလည်း ရှိတယ်ဆိုရင်တော့
လိုတာထက်ပိုပြီး မြှောက်ပင့်တတ်တဲ့ ခေါင်းဆောင်အဖြစ် ထင်မြင်ခံရတတ်ပါတယ်လို့
Change Startegists ရဲ့ စီးအီးအိုနဲ့ ခေါင်းဆောင်ဖြစ်သူ ဘေလီဘလဲ ကလည်း ပြောကြားခဲ့ပါသေးတယ်။
ဖိုးသူတော်phothutaw.com
No comments:
Post a Comment