ဆင်နှာမောင်းပင်
အပင်မှ ပွင့်တံသည် ဆင်နှာမောင်းနှင့် တူ၏။ လမ်းဘေး၊ ကွင်းပြင်များတွင် အလေ့ကျ အများအပြား တွေ့ရတတ်သည်။
နွေရာသီ၌ ဆီးပူ၊ ဆီးအောင့်၊ ဆီးနည်း ရောဂါများတွင် အသုံး ပြုကြ၏။ ဆင်နှာမောင်း ပင်မှာ ၀မ်းအနည်းငယ် သက်၏။ ဆီးရွှင်စေ၏။ အပင်၏ အရည်သည် အဖုနာ၊ သွားဖုံးနာ၊ အနာပေါက် တို့၌ လိမ်းရ၏။ အဆိပ်ရှိသော သတ္တ၀ါ ကိုက်ခဲခြင်းနှင့် လေရောဂါ တို့၌ အသုံးပြု၏။
ဆီးရောဂါ ရှိသူများ သုံးခွက် တစ်ခွက်တင် ကြို၍ သောက်သုံးခြင်းဖြင့် ဆီးပူ၊ ဆီးအောင့်၊ ဆီး ကျင်၊ ဆီးနည်းခြင်း တို့ကို ပျောက်ကင်းစေနိုင်ပါသည်။
Credit To : မြ၀တီ

No comments:
Post a Comment