Labels

Tuesday, December 31, 2013

မလျော်ကန်သော လုပ်ရပ်များကို မီဒီယာများသို့ ဖွင့်ချရှင်းလင်း

Myanmar Journalist Network ရုံးခန်းတွင် ဗဟိုဝန်ထမ်း တက္ကသိုလ် ဖောင်ကြီးမှ အကြီးအကဲ တစ်ချို့နှင့် ပြည်ထောင်စုရာထူးဝန်ဥက္ကဌတို့၏ မလျော်ကန်သော လုပ်ရပ်များကို မီဒီယာများသို့ ဖွင့်ချရှင်းလင်းနေစဉ်

Monday, December 30, 2013

၂၀၁၄ သို့မဟုတ် ဂငယ်ကွေ့



ကျနော့်မိတ်ဆွေတစ်ယောက် ဆောင်းပါးမှာ လုပ်ချလိုက်တာ ကျနော့်မှာ မွန်ဂိုလီးယား ဘွဲ့သွားယူရတဲ့ အဆင့်ကို ရောက်ကရောပဲ။

ကျနော် ပြောခဲ့တာက ပေကျင်းက ချင်းဟွာ တက္ကသိုလ်မှာ International Master of Public Administration (IMPA) အတန်းကို တက်နေစဉ်က ဖွံ့ဖြိုးတိုးတက်နေတဲ့ ရှန့်ဟိုင်မှာ လက်တွေ့ဆင်းခဲ့ရသလို မွန်ဂိုလီးယားဘက်က ကန်ပေါင်စီးတီးမှာလည်း လက်တွေ့ဆင်းပြီး စာတမ်းတွေတင်ခဲ့ရတယ်ဆိုတာ။

အဲလို လက်တွေ့ဆင်းတဲ့အခါ မြို့ပေါ်သာမက ကျေးလက် တောရွာတွေမှာပါ ဆင်းခဲ့ ရတဲ့အကြောင်း၊ ကျေးလက် တောရွာတွေမှာ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေက ပညာ တတ်တွေ ဖြစ်ကြောင်း၊ ကျေးလက် အုပ်ချုပ်ရေးမှူး ရုံးမှာ စာဖတ်ခန်း၊ ရုပ်သံခန်းတွေ ပါရှိကြောင်း၊ ပြီးတော့ အားကစားကွင်းနဲ့ ပန်းခြံပါရှိကြောင်း (ကျနော်တို့ဆီမှာလို ဆိုရင် ကျေးလက်တွေမှာ ပြန်ကြားရေးရုံး အငယ်စားလေး ထားနိုင်မယ် ထင်ပါ တယ်။)၊ ကျေးလက် အုပ်ချုပ်ရေးမှူးကို မြို့နယ်ကောင်စီ၊ မြို့နယ် အုပ်ချုပ်ရေး နဲ့ မြို့နယ်ပါတီတွေက ဆင့်ကဲ ကွပ်ကဲသွားကြောင်း၊ လက်တွေ့လည်း ဆောင်ရွက်ကြောင်း၊ အဓိက ပြော ချင်သည်မှာ ဆင့်ကဲဆင့်ကဲ Follow Up လုပ်သွားကြောင်း၊ ကျနော်တို့ဆီမှာ ပါတီကောင်စီခေတ်ကတည်းက မအောင်မြင်ခဲ့တဲ့ န၀တလက်ထက်မှာ မအောင်မြင်ခဲ့တဲ့ ဂျီအီးစီ ဒါတွေကိုကြည့်ပြီး သမ၀ါယမစနစ် မအောင်မြင်နိုင်ကြောင်း၊ အောင်မြင်အောင် လုပ်မည်ဆိုပါက Follow Up System ကို ပီပီပြင်ပြင် ဆောင်ရွက်နိုင်မှသာ အောင်မြင်နိုင်ကြောင်း၊ ခေတ် အဆက်ဆက် လူလည်လူနပ်များသာ ဂွင်တည့်သွားကြကြောင်း၊ လက်တလော ဖြစ်သွားတာပြောရရင် ဗဟိုဝန်ထမ်း တက္ကသိုလ်တွင် သမချေးငွေကို အောက်သို့ အပြည့်အ၀ ချေးမပေးပဲ တာဝန်ရှိသူ တစ်ဦးက သိန်း ၃၀၊ ၄၀ လောက် ဖြတ်ယူထားပြီး သူ့စီးပွားရေးမှာ ရင်းနှီးမြုပ်နှံမှု လုပ်ထားခဲ့ကြောင်းတွေ ပြောခဲ့တာ ဖြစ်ပါတယ်။

ခုတော့ မိတ်ဆွေက မွန်ဂိုလီးယားကို ပို့ပစ်လိုက်တာ အဲမှာ သိုးသားပဲ စားနေရတော့မယ်ဗျာ။ ။ဒါပေမယ့် မွန်ဂိုမလေးတွေကတော့ အချောသားဗျ။
……………………
သမ၀ါယမ ချေးငွေတွေနဲ့ ပတ်သက်လို့ မြင်ရ တွေ့ရ ကြားသိနေရတာလေးတွေ ပြောပါရစေ။
ဗဟိုဝန်ထမ်း တက္ကသိုလ်(ဖောင်ကြီး)မှာ အုပ်ချုပ်မှုရုံးက ဌာနခွဲမှူး အမျိုးသမီးဆို အုပ်ချုပ်မှုရုံးကနေ ရိပ်သာဌာနစုကို သူ့ကြောင့် ပြောင်းသွားတဲ့ ၀န်ထမ်းတစ်ဦးအား ဌာနပြောင်းသွားပြီဖြစ်လို့ဆိုပြီး သမချေးငွေတွေအားလုံး ပြန်ဆပ်ခိုင်တာလည်း တွေ့ခဲ့ရတယ်။ ဒီအဖွဲ့အစည်းတွင်း ဒီကျောင်းဝင်းအတွင်း ဌာနစုတစ်ခုကို ပြောင်းရွှေ့တာတောင် AUTOCRACY CULTURE (ကျွန်တော်ကတော့ ဖောင်ကြီးကားချား လို့အမြဲပြောခဲ့ပါတယ်။ ပင်စင်သွားပြီဖြစ်တဲ့ ဆရာသမားဆိုရင် “ခင်ဗျားပြောပြောနေတဲ့ ဖောင်ကြီးကားချားလေ” လို့ အမြင်မတော်တာတွေ တွေ့တဲ့အခါတိုင်း ရင်ဖွင်းတတ်ပါတယ်။) ထွန်းကားနေတဲ့ အဖွဲ့အစည်းပီပီ ပါဝါတွေ အာဏာတွေ အလွဲသုံးကြတာလို့ ပြောနိုင်မယ် ထင်ပါတယ်။

တက္ကသိုလ် ပတ်လည်က ရွာတွေမှာလည်း လုပ်ပိုင်ခွင့်ရှိသူ အချို့က သူ့တစ်အိမ်တည်းကို သူ့အမည်၊ သူ့မိန်းမအမည်၊ သူ့သားသမီးအမည်၊ သူ့မိဘအမည် စတာတွေနဲ့ ချေးယူတာတွေ မြင်နေ ကြားနေရပြန်တယ်။ လယ်ယာချေးငွေဆိုရင်လည်း ထိုနည်းလည်းကောင်းလို့ ဆိုပါတယ်။

ကျေးလက်ကလူတွေ မညံ့ကြတော့ပါဘူး။ စာတတ်နေကြပါပြီ။ ရုပ်သံ၊ ဂျာနယ်၊ သတင်းစာ၊ ရေဒီယို စတာတွေက သူတို့ကိုမျက်စိ ဖွင့်ပေးနေတာ အောင်မြင်ပါတယ်။ ဖုန်းတွေကိုင်နိုင်လာကြတော့ အွန်လိုင်းမီဒီယာ လူမှု ၀က်ဘ်ဆိုက်တွေကနေ အချိန်မီ သတင်းအချက်အလက်တွေ ရနေကြပါပြီ။ ဒီတော့ ကျေးလက်တွေမှာ လုပ်ပိုင်ခွင့်ရှိသူတွေ မဟုတ်တာလုပ်မလုပ် မြင်တတ် ကြည့်တတ် တွေးတတ်လာကြတာကို တွေ့လာရပါတယ်။
ဒါတွေကို သဘောမပေါက်တဲ့ ပါရာဒိုင်းအရွေ့ကို နားမလည်တဲ့ တာဝန်ရှိသူတွေက အဟောင်းကိုပဲ အသေဖက်တွယ်နေကြတာကို တွေ့ရတော့ ၂၀၁၄ ဟာ အဖွဲ့အစည်းနဲ့ ကျေးလက် ခရိုနီတွေ မြွေပွေးကိုက်ခံ ရမယ့်နှစ်လို့ တွက်လို့ ရနေပါတယ်။

ယနေ့ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို ကြိုတင်ဟောကိန်းထုတ်ပြီး ကျနော်တို့ ၀န်ထမ်းတွေ ချိန်းလုပ်ဖို့ ပြောခဲ့တာကို ၂၀၁၀ ရှေ့ပိုင်း သင်တန်း တက်ခဲ့တဲ့သူတွေ မှတ်မိလိမ့်မယ်ထင်ပါတယ်။

အားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေ။

သမ၀ါယမ စစ်ဆေးရေးအဖွဲ့ ဘယ်လဲ… ဘာလဲ (သို့) ပေးတာယူ ကျွေးတာစားပြီး ပြီးသွားတာမျိုးတော့ မလုပ်နဲ့ နောက်ဆက်တွဲတွေ လာလိမ့်မယ်



၂၄.၁၂.၂၀၁၃ နေ့က သမ၀ါယမ စစ်ဆေးရေးအဖွဲ့ ဗဟိုဝန်ထမ်း တက္ကသိုလ် (ဖောင်ကြီး) သို့ သွားရောက် စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။ ထိုစစ်ဆေးမှုမှာ ဗဟိုဝန်ထမ်း တက္ကသိုလ် (ဖောင်ကြီး) သို့ ချေးပေးထားသော သမ၀ါယမ ချေးငွေများကို မသမာမှု ပြုထားကြောင်း တိုင်ကြားခြင်းကြောင့် စစ်ဆေးရသည်ဟု သတင်းပေးပို့လာသည်။

သမ၀ါယမမှ သွားရောက် စစ်ဆေးသူများသည် ဦးညွန့်လှိုင်၏ Service Book ကို ရယူ စစ်ဆေးခဲ့ကြောင်း လည်း ဗဟိုဝန်ထမ်း တက္ကသိုလ် (ဖောင်ကြီး)မှ ၀န်ထမ်းတစ်ဦး၏ သတင်းပေးပို့ချက်အရ ဆက်လက် စုံစမ်းရာ အမာခံ သတင်းပေးများက အကြောင်းကြား သတင်းပေးပို့မှုအရ အောက်ပါအတိုင်း သိရှိရသည်။


သမ၀ါယမ စစ်ဆေးရေးအဖွဲ့ကို ထိုတက္ကသိုလ်မှ သမ၀ါယမ တာဝန်ရှိသူ တစ်ဦးက လိုက်လံ ဧည့်ခံ ကျွေးမွေးခဲ့ကြောင်း၊ ထိုတာဝန်ရှိသူသည် သမ၀ါယမ ချေးငွေများနှင့် ကိုယ်ပိုင်ဆိုင်ဖွင့်လှစ်ခဲ့ကြောင်း၊ ဌာနကြီးမှူးတစ်ဦးကလည်း သမ၀ါယမ ချေးငွေမှ ၁၀ သိန်း ယူခဲ့ကြောင်း၊ တစ်ခါက အုပ်ချုပ်မှုရုံးမှ ဌာနခွဲမှူး တစ်ဦးသည် “ငါ့ကို ဘာမှတ်နေလဲ၊ ယီးတီးယားတားတော့ လာမလုပ်နဲ့၊ သူတို့ သမ၀ါယမ ချေးငွေတွေ ဘာလုပ်ထားတယ်ဆိုတာ အကုန်ဖော်ပစ်လိုက်မယ်” ဟု ရုံးခန်းတစ်ခန်းတွင် လာရောက် ပေါက်ကွဲခဲ့ဘူးကြောင်း ဆိုပါတယ်။

သန္ဓေမိသားစုဝင် တစ်ဦးကလည်း သူသိထားတဲ့ ကိစ္စကို ခုလိုပြောပါသေးတယ် “ … က မြို့နယ်သမက ၅ သိန်းယူပြီး ချေးပေးတယ်။ မြို့နယ်ကလည်း မဖြစ်နိုင်ဘူးဆိုတာ သိတာပေါ့။ ၅ သိန်းမက လိုမယ်ဆိုတာ သူတို့လည်း သိတာပေါ့။ … က သူ့ငွေတွေထည့်ပြီး ချေးထားတာ။ လကုန်ရင် လာမဆပ်ကြသေးရင် …ကရော သူ့သမီးကပါ ရိုင်းရိုင်းစိုင်းစိုင်း ဆဲဆိုနေလိုက်ကြတာ ဆရာ ကြားစေချင်တယ်။ အတော်ကို ရိုင်းစိုင်းလိုက်တာ ပြောကို မပြောချင်ဘူး။”


“ ၀န်ထမ်းတွေလည်း ဒီပါချုပ် လက်ထက်မှ ဘဲဥ ကြက်ဥ မြင်ရတာ။ ကြက်သားစားရတာ။ ဒါပေမယ့် ပါချုပ်က ခိုင်းတာတစ်မျိုး အောက်ကလုပ်တာက တစ်မျိုး။ လက်မှတ်ထိုးခိုင်းတဲ့ ကိစ္စကလည်း ပါချုပ်က ရုံးချိန်အတွင်းလို့ ပြောတာ။ ဒါပေမယ့် ဂိတ်ကို ခိုင်းတဲ့သူတွေက မနက် ၇ နာရီကနေ ညနေ ၄ နာရီ အတွင်းလို့ ခိုင်းတာ။ အထက်တန်းကျောင်း ကလေး ထမင်းချိုင့် ပို့ရတာရှိတယ်။ ရွာတွေမှာ ပြန်ထမင်း စားရတဲ့ သူတွေလည်း ရှိတယ်။ ဆရာ ပြောခဲ့တာလည်း မှန်ပါတယ်။ လူ့အခွင့်ရေးနဲ့ မငြိအောင်တော့ လုပ်သင့်တာပေါ့။ ရုံးချိန်ထွက်ပြီး … နေသူတွေ ရှိတယ်ဆိုလည်း အဲဒီဝန်ထမ်းတွေကို ထိထိရောက်ရောက် အရေးယူပေါ့။ ခုဟာကတော့ မဆိုင်တဲ့သူတွေကိုပါ သိမ်းကျုံးလုပ်လိုက်တော့ ပြောစရာ ဖြစ်သွားတာပေါ့။”

သမ၀ါယမက စစ်ဆေးလာသူတွေကို Service Book ပြတာနဲ့ပတ်သက်လို့ မေးစရာရှိလာတာက…


(၁) ဆာ့ဗစ်ဘွတ်ကို သမ၀ါယမက စစ်ဆေးသူတွေ ကြည့်ရှုခွင့် ရှိပါသလား။
(၂) ဘယ်သူ့ လုပ်ပိုင်ခွင့် (သို့) ဘယ်သူ့ ညွှန်ကြားချက်နဲ့ မိမိအဖွဲ့အစည်းနဲ့ မသက်ဆိုင်တဲ့ သမ၀ါယမက သမ၀ါယမ ချေးငွေကိစ္စ လာရောက် စစ်ဆေးသူတွေကို ဆာ့ဗစ်ဘွတ် ပြရတာလဲ။
(၃) ယင်းသို့ အလွယ်တကူ ပြသခွင့် ရှိပါသလား။
(၄) တာဝန်ရှိသူတွေ သမ၀ါယမ ချေးငွေကို အလွဲသုံးစားမှု မပေါ်ပေါက်ရေးအတွက် အာရုံလွှဲတဲ့ အနေနဲ့ ပြသခဲ့တာလား။
(၅) ဒီလိုပြသတာကို ဦးညီညီစံ သိပါသလား။ ဦးညီညီစံ ကိုယ်တိုင်က ခွင့်ပြုခဲ့တာလား။
(၆) ဒီလုပ်ရပ်ကနေ နောက်ဆက်တွဲ ဖြစ်ပေါ်လာနိုင်တာတွေကိုကော တွေးမိကြပါသလား။

Tuesday, December 24, 2013

လုပ်ချင်တာကောင်းတယ်။ လုပ်ပုံလေးတွေ အမြင်ရှိဘို့လိုတယ်။



ဖောင်ကြီးမှာ သင်တန်းတက်နေတဲ့ သူငယ်ချင်းများနဲ့ တပည့်များက ပြောပြတဲ့ သတင်းလေးပါ။

ခေတ်တွေလည်းပြောင်းကုန်ပါပြီ။ ဖောင်ကြီးကတော့ ဂရုကိုမစိုက်ဘူးဗျာ။ ဟိုခေတ် က ပြက္ခဒိန် တွေရောင်းကြလို့ ဂျာနယ်တွေမှာပြောခဲ့ကြပြီ။ လိုင်စင်လုပ်လည်း ပြက္ခ ဒိန် ၀ယ်ရ။ ဟိုဟာဒီဟာ ဘာပဲလုပ်လုပ် အစိုးရရုံးနဲ့ပတ်သက်လို့ကတော့ ပြက္ခ ဒိန်တွေ ၀ယ်ခဲ့ကြရတယ်။

ခုလည်း မုန့်လက်မှတ်ဆိုလားပဲ တက္ကသိုလ် နှစ်ပတ်လည်ပွဲနေ့မှာ ၀ယ်စားရမယ်ဆိုပြီး တပ်ခွဲမှာ သင်တန်းသူ၊ သင်တန်းသားတွေကို မုန့်လက်မှတ်တွေရောင်းတာ မလိုချင်သူတွေ များနေလို့ မယူမနေရ မဲနှိုက်ယူကြရတယ်တဲ့။

စာလာသင်တဲ့ ဆရာမတွေကလည်း ရောင်းလို့ ၀ယ်ရသေးတယ်လို့လည်း ပြောပြကြ ပါတယ်။ မ၀ယ်ချင်သော်လည်း မကောင်းတတ်လို့ ၀ယ်ထားလိုက်ရတာ လက်ထဲမှာ လက်မှတ် ၄၊၅၊၆ စောင်စီဖြစ်နေပြီတဲ့။

တစ်ယောက်က “မင်းစဉ်းစားကြည့်ကွာ တစ်ယောက်တည်း ဘယ်လိုလုပ်စားနိုင်မှာ လဲ။ ပြီးတော့လည်း တစ်ရက်တည်းကွာ။ အဲဒီတစ်ရက်မှာပဲ စားရမှာ။ ကောင် မလေးတွေ ကတော့ ကိုယ်မကြိုက်တဲ့ မုန့်ဖြစ်နေတာ ဘယ်လိုလုပ် ရမလဲတဲ့။ ငါတော့ပြောလိုက်တယ်ကွာ။ လမ်းမှာတွေ့တဲ့ ကလေးတွေ လက်မှတ်ဝေသာပေး လိုက်လို့။”

တပည့်တစ်ယောက်ကလည်း “ဆရာတွေ၊ ဆရာမတွေလည်း ခိုင်းလို့ လုပ်ရတာနေမှာ ပါ။ out pass ထွက်ရင် ဆုံကြမယ်ဆရာ။ ”

ဝမ်းမနာ သမီးတော်များကို ဌာနမှူးပေးဖို့ စီမံကိန်းချထားသော ဒုချုပ်(လကရ)


ဝမ်းမနာ သမီးတော်များကို ဌာနမှူးပေးဖို့ စီမံကိန်းချထားသော ဒုချုပ်(လကရ)

ခပ်ညံ့ညံ့ လက်ထောက်ကထိက ၀မ်းမနာ သမီးတော်များကို သူပင်စင် မသွားမီ ဌာန မှူးအဖြစ် ရာထူး တင် ပေးနိုင်ရေးအတွက် ထိုအချိန်က ကထိက ယခု ဌာနမှူးဖြစ်နေသူ တစ်ဦုးအား “မတိုင်နဲ့၊ ရှင့်ကိုလည်း ရာထူး ပေးမှာပါ” ဟု ၀မ်းမနာ သမီးတော်များကို လက်ထောက် ကထိကရာထူးမှ ကထိက ရာထူးမပေးမီက ဗဟိုဝန်ထမ်းတက္ကသိုလ် (ဖောင်ကြီး) မှ ဒုတိယပါမောက္ခချုပ်(လေ့ကျင့် သင်ကြားရေး) က ခေါ်ပြောခဲ့    ကြာင်း သိရသည်။


စာပေးစာယူဖြင့် တစ်ဘွဲ့သာရထားပြီး အရည်အချင်းလည်းမရှိသူများက ဌာနမှူး ဆက်ဖြစ်နေမည်ဆိုပါက တက္ကသိုလ်၏ အရည်အသွေးနှင့် အင်းမေ့ခ်ျမှာ ဆက်လက် ကျဆင်းနိုင်သည်။ ၀န်ကြီးဌာနအသီးသီးမှ ၀န်ထမ်းများကို လေ့ကျင့် သင်ကြားပေးနေ သည့် အဖွဲ့အစည်းကိုယ်တိုင်က အရည်အသွေးမပြည့်ဝ ပဲ ပြည်သူ့ ၀န်ထမ်းများ အရည်အသွေးပြည့်ဝလာရေးကို မည်သို့မည်ပုံ ဆောင်ရွက်ပေးနိုင်မည်လဲဆိုသည် မှာ တွေးတောစရာဖြစ်နေသည်။

ဒုတိယပါမောက္ခချုပ် (လေ့ကျင့်သင်ကြားရေး) သည် ထိုအရင်ကလည်း ထို ၀မ်းမနာ သမီးတော်များကို လုပ်ပိုင်ခွင့် နေရာများပေးခြင်း၊ ထိုကာလ တစ်လျှောက်လုံး ထာဝရ တပ်ခွဲမှူးများအဖြစ် တာဝန်ပေးခြင်း များလည်း ပြုခဲ့သည်။


ဗဟိုဝန်ထမ်းတက္ကသိုလ် (ဖောင်ကြီး)တွင် တပ်ခွဲမှူးးတာဝန်ပေးနိုင်သော အမျိုးသမီး အရာထမ်း ၅၀ ခန့်ရှိပြီး၊ အမျိုးသမီးတပ်ခွဲမှာ ၈ ခွဲသာရှိသဖြင့် အလှည့်ကျ စနစ်ဖြင့် တာဝန်ပေးနိုင်သော်လည်း ဒုတိယပါမောက္ခချုပ် (လေ့ကျင့်သင်ကြားရေး) သည် ၀မ်းမနာသမီးတော်များကိုသာ တာဝန်ပေးသဖြင့် မကျေနပ်ကြဟုလည်း ဆိုပါသည်။


ယခုအခါတွင်လည်း ၀မ်းမနာသမီးတော် တစ်ဦးကို အိန္ဒိယသို့ စေလွှတ်ပြီး ပြန်လာ သည်နှင့် စင်္ကာပူသို့ တစ်နှစ်စေလွှတ်ရန် စီစဉ်ထားကြောင်း ထပ်မံသိရှိရပါသည်။ ထို့အပြင် ဌာနကြီးမှူး ဦးညွန့်သန်း ပင်စင် သွားသည်နှင့် ထိုနေရာသို့ ပညာဌာနမှူး တစ်ဦး ရာထူးတိုးသွားလျှင် ၀မ်းမနာသမီးတော်ကို ၎င်းပင်စင်မသွားမီ ဌာနမှူးတင်ပေးရေး လက်သိပ်ထိုး စီစဉ်နေကြောင်း၊ ဒုတိယပါမောက္ခချုပ် (လေ့ကျင့်သင်ကြားရေး) အုပ်စုမှ လွဲ၍ ၀န်ထမ်းအများစုက မကျေနပ်ကြကြောင်း လည်း ပြောကြားသွားသည်။


ဆက်သွယ်မေးမြန်းချက်များအရ လတ်တစ်လော ဖြစ်ပျက်သွားသည့် ကိစ္စတစ်ခုတွင် လည်း တပ်ခွဲလွတ်သွားသည့် ၀မ်းမနာသားတော်ကို တပ်ခွဲပိုင်ရရေးအတွက် ကြိုးပမ်း မှုတစ်ရပ် ဖြစ်ပွားခဲ့ကြောင်းလည်း ဆိုသည်။


“အဖွားကြီးက သူ့လူကုလား တပ်ခွဲလပ်သွားတော့ ဦးနိုင်လင်းတပ်ခွဲကို အဲဒီကုလားဆီ ဆွဲသွင်းပေးတာ။ နောက်ထပ် ကြံစည်ထားတာတွေလည်း ရှိသေးတယ်။ စီမံ ဌာနကြီး မှူးနဲ့က တစ်ကြိတ်ထဲ တစ်ညဉ်တည်း ဆိုတာ ဆရာလည်း အသိသားနဲ့။ သူလည်း ပါချုပ် အပြာင်းအလဲမှာ သက်သာရန်ပုံငွေတွေ စာရင်းဖျောက် အိတ်ထဲထည့်လိုက် တယ် ပြောနေကြတာ။ အပျောက်ရိုက်သွားတာ နည်းတာမှမဟုတ်တာ။ ခုလည်း ဦးညီညီစံ ဘာလုပ်တယ် ဘာပြောတယ် ဆိုတာ ကြိတ်ကြိတ်နဲ့ ပြောနေ တိုင်ပင်နေကြတာ နေ့တိုင်းလိုပဲ။ ဆရာကော ပြန်မလာသေးဘူးလား။ ကျွန်တော်တို့က မျှော်နေတာ။ နည်းပြတစ်ယောက်ကဆို ဆရာပြန်လာရင် ကြိုဆိုပွဲလုပ်ဖို့ ကြက်ပေးမယ်နဲ့၊ တစ်ချို့က ဘီယာတာဝန်ယူမယ်တဲ့။ တစ်ချို့က ကာရာအိုကေပါ လုပ်ပေးမယ်တဲ့။ အတော်များများက ဆရာ့ကို မျှော်နေကြတာ။ ဆရာမတစ်ယောက်ကဆို ပညာရှင်တစ်ယောက် ဆုံးရှုံးသွားတာ ကျောင်းအတွက် နစ်နာတယ်လို့ ပြောတယ်။”

Monday, December 23, 2013



ယနေ့ (၂၃.၁၂.၂၀၁၂၊ တနင်္လာ) ပြည်ထောင်စုရာထူးဝန်ဥက္ကဌ ဦးကျော်သူသည် အခြေခံပညာဆရာ၊ ဆရာမ အထူးမွမ်းမံသင်တန်း အမှတ်စဉ် (၈၇) ဖွင့်ပွဲသို့ လာဟန်ပြကာ တက္ကသိုလ်အတွင်းရှိ ADG ဘဏ် ကို  လှည့်လည် ကြည့်ရှုမှု အယောင်ပြပြီး တက္ကသိုလ်၏ ဂုဏ်ဆောင် ဆုတောင်းပြည့်ကိုးန၀င်းစေတီတွင် ပန်းများဆက်ကပ်လှူဒါန်း ယတြာချေသွားကြောင်း ၀န်ထမ်းတစ်ဦးက သတင်းပေးပို့သည်။ 

“ကျောင်းကို မလာတာကြာပြီဗျ။ အရင်တုန်းက လာရင်လည်း ဘုရားကို တစ်ခါမှမသွားဘူးဘူး။ အခုမှပဲ သွားတာတွေ့ရတယ်။ ယတြာတွေချေကုန်ပြီ။ သူ့မိန်းမတောင် ပါလာသေးတယ်ဗျာ။ တစ်ခါမှ မလိုက်ဘူးပါဘူး” ဟု ထိုဝန်ထမ်းက ဆိုသည်။

ဦးကျော်သူနှင့် အဖွဲသည် နံနက် ၉နာရီတွင် ရောက်ရှိလာပြီး ၉ နာရီခွဲတွင် သင်တန်းဖွင့်ပွဲတက်ရောက်ကာ  ဘဏ်နှင့် ဘုရားသို့ သွားရောက် ယတြာချေပြီး ၁၁နာရီခွဲတွင် ထွက်ခွာသွားသည်ဟု  အခြားအရာထမ်း တစ်ဦးက ပြောသည်။

ယနေ့သည် တနင်္လာနေ့ဖြစ်ပြီး ဦးကျော်သူသည်လည်း တနင်္လာသားဟု သိရသည်။ ကိုးန၀င်းစေတီမှာ လည်း တနင်္လာနံဖြစ်သည်။ တနင်္လာသား တနင်္လာနေ့ တနင်္လာဘုရားတွင် ရွှေပန်းအိုး ငွေပန်းအိုး တို့ဖြင့် နှင်းဆီဝါ ဂန္ဒမာဝါတို့ဖြင့် ယတြာချေသွားကြောင်း ပြောကြသည်။

 နိုင်ငံတော် ဘဏ္ဍာများ နည်းလမ်းပေါင်းစုံဖြင့် ရယူခဲ့မှု၊ အောက်ရုံးများမှ ၀န်ထမ်းများကို ဦးကျော်သူ နန်းတော် ဆောက်လုပ်ရေး တွင် ခေါ်ယူခိုင်းစေမှု၊ စာရင်းစစ်ကန့်ကွက်ချက်၊ နောက်ကြောင်းပြန် တင်ဒါခေါ်မှု၊ နီးစပ်ပတ်သက်သူကို တင်ဒါပေးမှု၊ ၀န်ထမ်းစည်းမျဉ်း စည်းကမ်းများ ပြဌာန်း၊ ၀န်ကြီးဌာနများကို အကြံပေးနေရသည့် အဖွဲ့ အစည်း  ဖြစ်သော်လည်း သူကိုယ်တိုင် ထိုဝန်ထမ်းစည်းမျဉ်း စည်းကမ်းများကို ဖောက်ဖျက်ခဲ့မှု၊ လူ့အခွင့် အရေးချိုးဖောက်မှု၊ သူ့လူများကို နေရာ ရာထူးများပေးမှု၊ ပညာရှင်အဖွဲ့ဝင်များကို ချောင်ထိုးထားမှု၊ ပညာရှင်များကို မလိုလားမှု တို့သည် ဦးကျော်သူ၏ ပြယုတ်မျာဟုလည်း ဆိုကြသည်။

 

မကောင်းမှုဟူသည် ဆိတ်ကွယ်ရာ မရှိပေ။ ထို့အတူ မကောင်းမှုပြုသူအတွက် ကောင်းသော ဆုတောင်း လည်း ပြည့်နိုင်မည် မဟုတ်ကြောင်း သက်ကြီးဝါကြီး ၀န်ထမ်းတစ်ဦးက မှတ်ချက်ပေးသည်။

“၀ယ်မယ်၊စားမယ်”


ဗဟိုဝန်ထမ်းတက္ကသိုလ် (ဖောင်ကြီး)တွင် ဒုချုပ်(လကရ)နှင့် ဌာနကြီးမှူး (စီမံ)မတို့၏ အင်အားကြီးသော အုပ်စုမှ အ၀ယ်တော် အုပ်စုက ရနေကြ အခွင့်အရေးများ(နှစ်စဉ် သိန်းဆယ်ချီစားခွင့် ၀ယ်ယူမှု) ထိခိုက် လာသည့်အတွက် ပါမောက္ခချုပ် ဦးညီညီစံထံ ဌာနကြီးမှူး (စီမံ)မ က ၀င်ရောက်ကာ ၀န်ထမ်းများငွေသား သာ လိုချင်သည်ဟု ပြောခြင်းမှာ စီမံခန့်ခွဲမှုပညာ ဌာနမှူး ဒေါက်တာ နမ့်ခင်သင်းစု (စာပေးစာယူတစ်ဘွဲ့ရ ဌာနကြီးမှူး၊ ဌာနမှူးမဟုတ်ပါ။) သည် ပုဂ္ဂိုလ်ရေး အမြင်မကြည်သဖြင့်ပြောခြင်းဟု အပုတ်ချခဲ့ပြီး တက္ကသိုလ် နှစ်ပတ်လည်အတွက် ဆုမဲဝယ်ယူခွင့်ရရေး လုပ်ဆောင်ချက် အောင်မြင်သွားကြောင်း ၀န်ထမ်းတစ်ဦးကပြောသည်။

ယခင်အပတ်များကလည်း ဒုချုပ်(လကရ)၏ ဥပဒေပညာဌာနမှ ၀မ်းမနာ သမီးတော်ကလည်း စီမံခန့်ခွဲမှု ပညာ ဌာနမှူး ဒေါက်တာ နမ့်ခင်သင်းစု (စာပေးစာယူတစ်ဘွဲ့ရ ဌာနကြီးမှူး၊ ဌာနမှူးမဟုတ်ပါ။) အား “အပြင် သွားရင် ကြည့်သွား၊ ချောင်းရိုက်ခံရဦးမယ်” ဟုပြောကြောင်းသိရသည်။

ယခင်က ဒုချုပ်(လကရ)နှင့် ဌာနကြီးမှူး (စီမံ)မ တို့၏ ပူးပေါင်းထိုးနှက် ချက်ကြောင့် ခေတ္တပါမောက္ခချုပ် အငြိမ်းစားပေးခံလျုက်ရသည် ဟုလည်းသိရသည်။

Saturday, December 21, 2013

သမ ချေးငွေ ခြစားမှုများ ဖြစ်ပေါ်နေ

Hits:7552
အတိုး, ချေးငွေ, သမ၀ါယမ, ဖွံဖြိုးရေး, ဆင်းရဲနွမ်းပါးမှု
အတိုးပါသော ချေးငွေကြောင့် ပိုမိုဆင်းရဲမွဲတေစေနိုင်ကြောင်း ကျွမ်းကျင်သူများက သတိပေးပြောဆိုကြသည် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)




သမ္မတဦးသိန်းစိန် အစိုးရက ကျေးလက်ဒေသဖွံဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး အကောင် အထည်ဖော်ရာတွင် သမ၀ါယမအသင်းများ အသုံးပြု၍ ချေးငွေများ ထုတ်ပေးလျက်ရှိရာ အောက်ခြေ တွင် ခြစားမှုများရှိနေကြောင်း ငွေချေးယူနေသူများက ပြောဆိုပြီး သမ၀ါယမ၀န်ကြီးဌာနက တာဝန်ရှိသူ တချို့ကလည်း ငွေချေးရာတွင် ပြဿနာရှိသည်ဟု ဧရာဝတီသို့ ၀န်ခံပြောကြားသည်။

သမအသင်းများ၏ ငွေချေးမှုများတွင် နေရာဒေသတခုနှင့်တခု အတိုးနှုန်း တူညီမှု မရှိခြင်း၊ လယ်ပိုင်ရာပိုင် မရှိသော်လည်း ငွေချေးငှားသူများနှင့် နီးစပ်မှုရှိပါက ငွေချေးယူနိုင်ခြင်းနှင့် အချို့ငွေကြေးများကို ချေးငွေ ကိုင်ဆောင်သူက အလွဲသုံးစားလုပ်ပြီး ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းများတွင် ရင်းနှီးမြှပ်နှံမှုများ ရှိနေကြောင်း ဧရာဝတီက တွေ့ဆုံခဲ့သူများက ပြောကြားသည်။

တချို့ဒေသများမှာ တောင်သူများမှာ ချေးငွေပေးသည်ကိုပင် မသိရှိကြပေ။
“ ပြည်သူတွေ ပြောနေတာလည်း ဟုတ်ပါတယ်။ ကျနော်တို့ ၀န်ကြီးဌာနကို တိုင်စာတွေလည်း တက်ပါတယ်။ ကိုယ့်အမျိုးတွေကိုပဲ ချေးသွားတယ်။ သူ့လူနဲ့သူပဲ ပေါင်းပြီးထုတ်သွားတယ် ဆိုတာမျိုးတွေလည်း ပါတယ်။ ကျနော်တို့အနေနဲ့ကလည်း ကျေးရွာပေါင်း ခြောက်သောင်းကျော်ကို စီမံခန့်ခွဲနိုင်ဖို့ကလည်း မလွယ်ဘူး။ ပြည်သူ သန်း ၆၀ ကိုပေးချင်ရင် ဘီလျံ ၃၀၀၀ လောက်ကို လိုတာ။ အခုက ကျနော်တို့ တနိုင်ငံလုံးမှာ ၁၀၈ ဘီလျံပဲ ချေးနိုင်သေးတယ်။ ဘီလျံ ၄၀၀ လောက် ထပ်ချေးနိုင်ဖို့ လုပ်နေတယ်”ဟု သမ၀ါယမ၀န်ကြီးဌာန ဒုညွှန်ချုပ် ဦးဇော်မျိုးက ဧရာဝတီသို့ ပြောသည်။

နေပြည်တော် ဥတ္တရသီရိမြို့နယ် တက်ရှိန်းကျေးရွာတွင် ကျေးရွာအုပ်ချုပ်ရေးမှူးက လယ်မြေရှိသူများကို ပိုက်ဆံထုတ်မချေးဘဲ ၄င်းတို့နှင့် နီးစပ်ပြီး လယ်မြေမရှိသူများကို ပိုက်ဆံထုတ်ချေး ခဲ့သောကြောင့် ပြဿ နာဖြစ်ကာ တောင်သူများက သက်ဆိုင်ရာအဖွဲ့အစည်းများသို့ တိုင်ကြားထားကြောင်း တောင်ညိုကျေးရွာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးခင်မောင်တင့်က ပြောသည်။

“အုပ်ချုပ်ရေးမှူးနဲ့ အဆင်ပြေရင် အတိုးနည်းတယ်။ ၂ ကျပ်ပဲ ပေးရတယ်။ အဆင်မပြေတဲ့သူဆိုရင် ၄ ကျပ်ပေးရတယ်။ တချို့လူတွေကျတော့ လယ်တွေက သိမ်းတဲ့အထဲပါသွားတော့ ချေးငွေမရတော့ဘူး။ အုပ်ချုပ်ရေးမှူးနဲ့ ပတ်သက်သူတွေထဲမှာ တချို့ လယ်မရှိတဲ့သူတွေလည်း ချေးငွေရကြတယ် ”ဟု ဦးခင်မောင်တင့်က ပြောသည်။

နေပြည်တော်ဒေသတွင် တောင်သူလယ်သမားများမှာ ချေးယူ၍ ရနိုင်သော ငွေကြေးမှန်သမျှကို ရယူလေ့ ရှိပြီး အတိုးမည်မျှပေးရသည်ကိုပင် တိတိကျကျမသိဘဲ ရသည့်နေရာမှ ယူနေကြရာ ငွေကြေးပြန်ဆပ်ရ မည့်အချိန်တွင် အခက်အခဲများရှိနိုင်ပြီး ငွေချေးငှားရာတွင်လည်း နေရာဒေသတခုနှင့်တခုမှာ အတိုးနှုန်းများ မတူညီသည်ကို တွေ့ရကြောင်း နေပြည်တော် ကျွဲရှင်းရွာမှ ဦးမောင်ထွေးကလည်း ပြောသည်။

“ ရွာက ဥက္ကဌ(အုပ်ချုပ်ရေးမှူး) ပြောတာတော့ မဆပ်နိုင်လည်း စည်းရုံးရေးသဘောနဲ့ ပေးထားပြီး ဒီဘက်မှာ ကြံခိုင်ရေး မဲပြန်နိုင်ခဲ့ရင် ပြန်မဆပ်နိုင်လည်း ပြဿနာရှာမှာ  မဟုတ်ဘူးလို့ ပြောကြတယ်။ ၆ လအတွင်း ၅ သောင်း ပြန်ဆပ်နိုင်ရင် တစ်သိန်းချေးမယ်။ နောက်ပိုင်း နှစ်သိန်း၊ သုံးသိန်း အထိချေးမယ်လို့ ကြားတယ်။ ဆပ်နိုင်မဆပ်နိုင်တော့ မသိဘူး။ ရတာယူကြတာပဲ ။ ပြီးတော့ ငွေပြနိုင်ရင် ထပ်ထုတ်ပေးမဲ့ ပုံစံဆိုတော့။ သူတို့နဲ့ အဆင်ပြေတဲ့သူတွေကို ပေးမှာပဲ” ဟု ဦးမောင်ထွေးကဆိုသည်။

“ အောက်ခြေက တာဝန်ခံတဲ့သူတွေမှာ မသမာမှုတွေ ရှိတယ်။ ဘယ်လိုမသမာမှုတွေလဲဆိုတော့ ချေးမယ့် ပိုက်ဆံကို တကယ်လိုအပ်တဲ့သူဆီကို တိုက်ရိုက်မချေးဘဲ ရာခိုင်နှုန်းတခု ချန်ယူထားတာမျိုး ရှိတယ်။ ၀န်ထမ်းတွေကို ချေးတဲ့ ငွေတွေမှာလည်း ၀န်ထမ်းအကြီးအကဲတွေက ဖြတ်ယူလိုက်တယ်။ ကျနော်တို့ ဌာနမှာဆိုရင်  တာဝန်ရှိတဲ့သူတယောက်က သိန်း ၃၀ လောက်ကို ဖြတ်ပြီးတော့ သူ့အိတ်ထဲကို ထည့်ထား လိုက်တာမျိုးရှိတယ်။ တာဝန်ခံလုပ်မယ့်သူရဲ့ အပေါ်က တာဝန်ရှိသူတယောက်က အဲဒီပိုက်ဆံကို ဖြတ် ယူထားလိုက်တယ်။  ဖြတ်ယူပြီး သူ့စီးပွားရေးလုပ်ငန်းထဲကို ထည့်ထားလိုက်တာပေါ့” ဟု လှည်းကူးမြို့နယ် တွင် နေထိုင်သူ ဦးညွန့်လှိုင်က ပြောသည်။

အစိုးရအနေဖြင့် ဆင်းရဲနွမ်းပါးမှုကို ထိရောက်စွာ လျှော့ချနိုင်ရန် လုပ်ငန်းအကောင်အထည်ဖော်ရာ၌  လုပ်ငန်းအဆင့်ဆင့်တွင် တာဝန်ယူ တာဝန်ခံနိုင်မည့် ပုဂ္ဂိုလ်များကို သေချာစွာ ရွှေးချယ်သင့်ကြောင်း၊  တရုတ်နှင့် မွန်ဂိုးလီးယား နိုင်ငံများတွင် ဆင်းရဲမှု အကောင်အထည်ဖော်ရာ၌ လုပ်ငန်းအဆင့်ဆင့် တာဝန်ယူတာဝန်ခံနိုင်မည့် သူများ ရွှေးချယ်ထားသောကြောင့် လုပ်ငန်းထိရောက်မှုရှိကြောင်း တရုတ်နှင့် မွန်ဂိုလီးယားနိုင်ငံများသို့သွားရောက်ပြီး ပြည်သူ့စီမံခန့်ခွဲမှုဘာသာရပ် လေ့လာခဲ့သူ လှည်းကူးမြို့နယ်မှ ဦးညွှန့်လှိုင်က ဆိုသည်။

သမ၀ါယမ၀န်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဒု-ညွှန်မှူး ဦးမြင့်အောင်က “သမအသင်းဝင်ပြီးတော့ အစုရှယ်ယာငွေ ၅၀၀၀ ပေးသွင်းတဲ့ သူတိုင်းကို ချေးတာပဲ ။ အတိုးနှုန်း မတူဘူးဆိုတာက လယ်မြေ ယာမြေမပိုင်ပေမယ့် ဈေးရောင်းတဲ့ လုပ်ငန်းတဲ့ရှိရင်လည်း ချေးပါတယ်။ ချေးယူတဲ့အခါ လုပ်ငန်းအမျိုး အစား မတူလို့ပါ။ အခုတရုတ်က ချေးတဲ့ငွေကိုတော့ လယ်သမားတွေကိုပဲ သီးသန်းချေးမှာပါ။ အခု စချေးနေပါပြီ ” ဟု ပြောသည်။

သမ၀ါယမ၀န်ကြီးဌာနမှ ချေးငွေရယူလိုပါက အနည်းဆုံး လူ ၃၀ ၊ ၅၀ ခန့်ဖြင့် ဒေသအလိုက် သ/မ အသင်း ငယ်များ ဖွဲ့စည်းနိုင်ပြီး ငွေချေးယူခွင့်ရှိသောကြောင့် နေပြည်တော်တ၀ိုက် ဒေသများတွင် ရိုးမစိမ်းလန်း ၊ ဒေါင်းစိတ်ဓါတ် ၊ ရွက်စိမ်း ၊ ပိတောက်စိမ်း အမည်များဖြင့် သမ၀ါယမအသင်းများ ပေါ်ပေါက်လာပြီး အမျိုးအစားအားဖြင့် လယ်ယာထုတ်ကုန် သမ၀ါယမအသင်း၊ ဈေးသူဈေးသား သမ၀ါမယ အသင်း နှင့် မွေးမြူရေး သမ၀ါယမအသင်း တို့ ပေါ်ပေါက်လာကြောင်း သိရသည်။

လယ်ယာထုတ်ကုန် သမ၀ါယမ အသင်းသို့ အသက် ၁၈ နှစ်နှင့် အထက်မည်သူမဆို ၀င်ရောက်နိုင်ပြီး လူတဦးလျှင် အသင်းဝင်ကြေး ၅၀၀၀ ကျပ်နှုန်းထည့်ဝင်ကာ အသင်းဝင် တဦးလျှင် ကျပ် ၅၀၀၀၀ မှ စတင်ကာ အတိုးနှုန်း နှစ်ကျပ်ခွဲဖြင့် ငွေချေးယူခွင့်ရှိကြောင်း၊ အတိုးနှုန်းထဲမှ တစ်ကျပ် ၂၅ ပြားကို သမ၀ါယမအသင်းသို့ ပေးသွင်းရပြီး ကျန် တစ်ကျပ် ၂၅ ပြားမှာ တောင်သူများအတွက် အသင့်ရန်ပုံငွေ အဖြစ်ထားရှိကြောင်း တောင်ညိုရွာမှ ဦးဂျာကြီးက ပြောသည်။

“ ပိုက်ဆံချေးလို့ ရတဲ့နေရာက စိုက်/ဘဏ် နဲ့ သမနဲ့ ရှိတယ်။  တရုတ်က ငွေချေးမယ်ပြောပြီး ယူရင် လက်မှတ်ထိုးထားလို့ ပြောတဲ့အတွက် လက်မှတ်ထိုးပေးထားသေးတယ်။ ဘယ်လိုချေးမယ်ဆို တာတော့ သေသေချာချာ မသိသေးဘူး။ ၂၀၁၃ ၁၀ လပိုင်းက တစ်သိန်းချေးထားတယ်။ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေဆီကနေ ယူထားတာ။ သ/မ အဖွဲ့အစည်းလို့ ပြောတာပဲ”ဟု ဦးဂျာကြီးက ဆိုသည်။

နေပြည်တော်ဒေသခံ ဦးစိုးမြင့်ကလည်း “ ဈေးသူဈေးသား သ/မ အသင်းကျတော့ လူတယောက်ကို ငွေ ၃ သောင်းပဲ ချေးခွင့်ရှိတယ်။ အတိုး နှစ်ကျပ်ခွဲနှုန်းနဲ့ ၃ လအတွင်း ပြန်ဆပ်ရတယ်။ မွေးမြူရေးအတွက် ကတော့ ၀က်နဲ့နွား မွေးချင်ရင် အကောင်လိုက် လာဝယ်ပေးတယ်။ သူက ၁၀ လအတွင်း ပြန်ဆပ်ရ တယ်။ နောက်ပိုင်းပြန်မဆပ်နိုင်ရင် ကိုယ်ပိုင်တဲ့ လယ်မြေပိုင်ဆိုင်မှု အထောက်အထားစာအုပ်ကို အပေါင်သဘောမျိုးပေးထားပြီး ဆက်လုပ်လို့ရတယ်” ဟု ပြောသည်။

အတိုးနည်းသော ငွေချေးငှားမှုများ ရှိသကဲ့သို့ အတိုးများသော ငွေချေးငှားမှုများလည်း ရှိကြောင်း ၊ ချေး ငှားပေးနေသူများမှာ ကျေးရပ်အုပ်ချုပ်ရေးမှူးနှင့် သမအသင်းများမှ ဖြစ်ကြောင်း နေပြည်တော် အောင်ချမ်း သာကျေးရွာမှ ကိုကျွဲကြီးက ပြောသည်။

“ ပြန်ဆပ်ရင် အတိုးအရင်း ပေါင်းဆပ်ရမှာ။ ဆုကြေးငွေက တစ်သိန်းချေးရင် တစ်သောင်းပေးရတယ်။ ၅၀၀၀ ထောင်က တောင်သူစုငွေ ၊ ကျန်တဲ့ ၅၀၀၀ က ၀န်ဆောင်မှုစရိတ်ပေါ့။ တစ်သိန်းချေးရင် ၉ သောင်းပဲ ရတယ်။ တောင်သူစုငွေက ရတဲ့ ငွေ ၅၀၀၀ ကို စုလိုက်ရင် လူတစ်ရာ ရှိရင် ၅ သိန်းရမယ်။ အဲဒီရတဲ့ ပိုက်ဆံကို စုပြီးပြန်ချေးမှာ ။ စိုက်ပျိုးရေးဘဏ်က ၅ သိန်း ယူထားတယ်။ အတိုးက တစ်သိန်းချေးမှ ၁၅၀၀ ပဲ ပေးရတယ်”ဟု ကိုကျွဲကြီးက ပြောသည်။

ရန်ကုန် အဝေးသင် တက္ကသိုလ်၊ ဘောဂဗေဒဌာန အငြိမ်းစားပါမောက္ခ ဒေါက်တာမောင်မောင်စိုးကမူ အသေးစားချေးငွေ ထုတ်ပေးခြင်းဖြင့် ဆင်းရဲမွဲတေမှု တိုက်ဖျက်နိုင်မည်မဟုတ်ဘဲ အစိုးရတာဝန်ရှိသူများ အနေဖြင့် အသေးစား ချေးငွေထုတ်ပေးခြင်းဖြင့် ဆင်းရဲမွဲတေမှုတိုက်ဖျက်နိုင်လိမ့်မည်ဟု လွဲမှားမယူဆစေ လိုကြောင်း၊ အတိုးပါသော ချေးငွေကြောင့် ပိုမိုဆင်းရဲမွဲတေစေနိုင်ကြောင်း ပြောဆိုခဲ့သည်။

“ငွေချေးတယ် ဆိုတိုင်း ဆင်းရဲမှု တိုက်ဖျက်တာ မဟုတ်ဘူး။ ငွေချေးတယ် ဆိုတာက အတိုးပါမယ်။ ငွေချေး စားတဲ့သဘောပဲ။ ဆင်းရဲသားက လိုနေတာက ချေးငွေ (credit) မဟုတ်ဘူး။ ဆင်းရဲသား၊ လယ်သမားတွေ လိုနေတာက အရင်းအနှီး (Capital) လိုနေတာ။ ချေးငွေဆိုတာ အတိုးပေးရမယ်၊ အချိန်တန်ရင် ပြန်မဆပ် လို့မရဘူး။ ၀ိုင်းကြီးချုပ် စနစ်နဲ့ ချုပ်ထားတယ်။ တောင်သူက အတိုးပါတဲ့ ချေးငွေကြောင့် ပိုဝန်ပိတယ်။ အရင်းအနှီး ဆိုတာက  နှစ် ၃၀၊ နှစ် ၂၀၊ ၁၀ နှစ် တဖြည်းဖြည်း ပြန်ဆပ်ဆိုတဲ့ပုံစံနဲ့ သွားသင့်တယ် ” ဟု ဒေါက်တာမောင်မောင်စိုးက အကြံပြုသည်။

ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအတွက် တရုတ်နိုင်ငံမှ ချေးယူမည့် အမေရိကန် ဒေါ်လာ သန်း ၁၀၀ တွင် သန်း ၅၀ မှာ  ယခုလနောက်ဆုံးပတ်တွင် စတင်ရရှိမည်ဖြစ်ပြီး ယင်းငွေကို ဗဟိုသမ၀ါယမအသင်းသို့ လွှဲပြောင်းပေးကာ ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးတွင် အသုံးပြုသွားမည် ဖြစ်ကြောင်း သမ၀ါယမ၀န်ကြီးဌာနမှ ရုံးအဖွဲ့မှူး ဒုညွှန်ချုပ် ဦးဇော်မျိုးက ပြောသည်။

“တရုတ်က ချေးမယ့် သန်း ၁၀၀ က ပထမ ၂ နှစ်မှာ အတိုးပဲပေးရမယ်။ အရင်းဆပ်စရာမလိုဘူး။ နောက် ၈ နှစ်မှာတော့ အတိုးအရင်း ဆပ်ရမှာပေါ့။ အခုလက်ရှိ ချေးထားတဲ့ ငွေတွေက သမအသင်းက ပိုင်တဲ့ ငွေတွေပါ။ သမအသင်းပိုင် အဆောက်အဦတွေကို သမ၀ါယမဘဏ်မှာ အပေါင်ထားပြီး အဲဒီ ပိုက်ဆံတွေနဲ့ လယ်သမားတွေကို ထုတ်ချေးထားနေတာပါ ” ဟု ဦးဇော်မျိုးက ဆိုသည်။

ယခုချေးငှားထားသော ငွေကြေးများသည် ၀န်ကြီးဌာနပိုင် ငွေကြေးမဟုတ်ဘဲ ဗဟိုသမ၀ါယမအသင်းက ပိုင်ဆိုင်သော ငွေကြေးများဖြစ်ကြောင်း ၊ ၀န်ကြီးဌာနမှာ ငွေချေးရာတွင် လုပ်ငန်းများထိရောက်မှု ရှိစေရန် ကူညီဆောင်ရွက်သော အပိုင်းတွင်သာ တာဝန်ရှိကြောင်း သိရသည်။

Article printed from ဧရာဝတီ: http://burma.irrawaddy.org
URL to article: http://burma.irrawaddy.org/news/2013/12/21/52550.html

Thursday, December 19, 2013

“အားကစားရွာ”


 မြန်မာအမျိုးသမီး ဘောလုံးအသင်း အားကစားစိတ်ဓါတ်အပြည့်နဲ့ အချိန်ပိုပြီးတဲ့ အထိ ရေကုန်ရေခန်းကစားသွားခဲ့ပေမယ့် ရှုံးခဲ့ရပြီ။ အဲဒီအရှုံးကြောင့်  မြန်မာပြည်သူပြည်သားတွေလည်း ရင်နာခဲ့ရပြီ။ ဖေ့စ်ဖုတ်မှာလည်း ပေါက်ကွဲသံတွေ ညံခဲ့ပြီ။

 အဲဒီမှာ အားကစားရွာကြီးကို စီးပွားရေးအမြင်နဲ့ ဆီးဂိမ်းပြီးရင် ငွေရှာနိုင်မယ့် အတွေးတွေ ၀င်လာပါတယ်။ လုပ်နိုင်တာတွေ အများကြီးပါ။ ကျွန်တော် တရုတ်မှာ နေခဲ့စဉ်က ဥယျာဉ်တွေ၊ ပြတိုက်တွေ၊ ဘာသာရေးကျောင်းတွေ သွားခဲ့တာ တစ်ချို့နေရာတွေဆို ယွမ် ၁၀၀ထိပေးရတယ်။ မြန်မာငွေနဲ့ ဆို သောင်းချီပေးရ တာပေါ့ဗျာ။

ရှန့်ဟိုင်မှာဗျာ... မြန်မာနိုင်ငံက ကျောက်စိမ်းနဲ့ထုထားတဲ့ ကျောက်စိမ်းဘုရားကျောင်းကို ၀င်ကြေးပေးပြီးဝင်ရတယ်။ ကျွန်တော်တို့နိုင်ငံမှာ ဘယ်ဘုန်းကြီးကျောင်းမဆို ၀င်ကြေး ပေးစရာမလိုသလို အခြေအနေပေးရင် ထမင်တောင် စားရဦးမယ်။ ဟိုမှာက ပိုက်ပိုက်ပေးမှဗျ။



ကျွန်တော်တို့ဆီမှာကော အဲလိုလာဘ်မြင်ပြီး လုပ်နိုင်ကြရင်မကောင်းလား။ ကျွန်တော်တို့ရဲ့ နိုင်ငံတော်မျက်နှာဆိုတဲ့ ရွှေတိဂုံစေတီတော်မြတ်ကြီး ၀င်ကြေးဘယ်လောက်ပဲရလဲ။ ပုဂံဘုရားတွေ၊ မန္တလေးကဘုရားတွေကောဗျာ။ နိုင်ငံခြားသားဆီကနော်။

ဆီးဂိမ်းပြီးရင် အားကစားရွာအဖြစ်လုပ်ဘို့၊ မြန်မာအမှတ်တရပစ္စည်း (တိုင်းရင်းသား တို့၏ ရိုးရာ အမှတ်တရများအပါအ၀င်) ရောင်းချမည့်ဆိုင်ခန်းများဖြင့် နိုင်ငံခြားငွေ ရှာဖွေလို့ရတာလေးပါ စဉ်းစား ထားနိုင်ရင် မကောင်းလား။ ပြည်သူတွေလည်း လည်ပတ်နိုင်၊ နိုင်ငံခြားငွေလည်းရပေါ့။

 ပေကျင်းကတော့ အဲမှာ ရှိုးပွဲတွေ၊ ပြိုင် ကားမောင်းတာတွေ၊ ရေးကူးကန်တွေနဲ့ လုပ်စားနေပြီ။ ရထားနဲ့သွားမလား၊ ကားနဲ့သွားမလား သွားနိုင်အောင် စီစဉ်ပေးထားတာလည်းတွေ့ရတယ်ဗျာ။

Tsinghua Life


Tsinghua Life ဆိုတဲ့ ချင်းဟွာ တက္ကသိုလ် ကျောင်းသားဘ၀ မှတ်တမ်း ဗွီဒီယိုလေးပါ။


http://tripwow.tripadvisor.com/tripwow/ta-07f8-f162-335f?ln

တရားရေးဆိုင်ရာ ကိစ္စရပ်များကို အခမဲ့ ကူညီ


မြန်မာပြည်တွင်းမှ ကလေးသူငယ်များ နှင့် အမျိုးသမီးများအတွက် တရားရေးဆိုင်ရာ ကိစ္စရပ်များကို အခမဲ့ ကူညီပေးနေပါသည်

အမြန်ဆုံး သတင်းပို့ပါ
ဥပဒေကြောင်းအရ အခမဲ့ အကူအညီပေးပါသည် (နယ်မြို့ ရုံးခွဲများ) အသက်(၁၈)နှစ်အောက်ရှိပြစ်မူကျူးလွန်
စော်ကား ခံရသော ကလေးသူငယ်များ ၊ လူငယ်များ နှင့် သက်သေများ ၊ ပြစ်မူကျူးလွန်သည် ဟု စွပ်စွဲ ခံရ
သော ကလေးသူငယ်များ နှင့် လူငယ်များ၊ အသက်(၁၈)နှစ် ကျော်သော်လည်း အမျိုးသမီးဖြစ်သည့်အတွက် ပြစ်မူကျူးလွန်စော်ကားခံရသော(female survivos of gender based violence) အမျိုးသမီးများအတွက် အမူ လိုက်ပါ ဆောင်ရွက်ခ (ရှေ့နေခ) တစ်စုံတစ်ရာ မယူဘဲ ဥပဒေကြောင်းအရ အခမဲ့ ကူညီပေးသည့်
စီမံချက်ဖြစ်ပါသည်

ရည်ရွယ်ချက်

-မသိနားမလည်၍ သော်လည်းကောင်း၊ တရားရုံးစရိတ် မတတ်နိုင်၍သော်လည်းကောင်း၊ ရှေ့နေငှားရမ်းခ မတတ်နိုင်၍သော်လည်းကောင်း၊ မိမိနစ်နာသောအမူကိုတိုင်တန်းရန် (သို့) စွပ်စွဲခံရသောအမူကို ရင်ဆိုင်
ဖြေရှင်းရန် အခက်အခဲ ရှိသူများအတွက် ဥပဒေကြောင်းအရ အခမဲ့ လိုက်ပါဆောင်ရွက်ပေးရန်။

-ပြစ်မူကျူးလွန် စော်ကားခံရသူ (နစ်နာသူ) အသက်(၁၈)နှစ်အောက် ကလေးသူငယ်၊လူငယ်များအား
ကျောင်းစရိတ်အခက်အခဲရှိပါက ကျောင်းစရိတ်ထောက်ပံ့ကူညီရန်

-ပြစ်မူကျူးလွန် စော်ကားခံရသူ (နစ်နာသူ) များအား ဆေးကုသစရိတ် နှင့် တရားရုံးသို့သွားလာစရိတ် အခက်အခဲရှိပါက လူမူရေးစရိတ် ထောက်ပံ့ကူညီရန်

-ပြစ်မူကျူးလွန် စော်ကားခံရသူ (နစ်နာသူ) အား အသက်မွေးဝမ်းကျောင်းနိုင်ရန်အတွက် အခက်အခဲရှိပါက အသက်မွေးဝမ်းကျောင်းနိုင်ရန်အတွက် အခက်အခဲ ရှိပါက အသက်မွေးဝမ်းကျောင်း သင်တန်းတစ်ခုခုတက်ရောက်နိုင်ရေးအတွက် ထောက်ပံ့သကူညီရန်

xxx အသက်(၁၈)နှစ်အောက် ကလေးများ၊လူငယ်များ ပြစ်မူကျူးလွန်စော်ကားခံရလျှင်
xxx အသက်(၁၈)နှစ်အောက် ကလေးများ၊လူငယ်များ ပြစ်မူကျူးလွန်ကြောင်းစွပ်စွဲခံရ၍ တရားရုံးတွင် အမူ
ရင်ဆိုင်ရလျှင်
xxx အသက်(၁၈)နှစ်ကျော်သော်လည်း အမျိုးသမီးဖြစ်သည်အတွက် ပြစ်မူကျူးလွန်စော်ကားခံရလျှင်

အမြန်ဆုံး သတင်းပို့ပါ ဥပဒေကြောင်းအရ အခမဲ့ အကူအညီ ပေးပါသည်
" Legal Aid Project
အောက်တွင် အမူလိုက်ပါဆောင်ရွက်သော ရှေ့နေများအား ရှေ့နေခ၊ ခရီးစရိတ်၊ စားစရိတ်၊စာရွက်စာတမ်း
ခ များကို အမူသည်များက လုံးဝ မပေးရပါ၊

ရှေု့နေများ မှ ငွေကြေး တစ်စုံတစ်ရာ တောင်းခံလာပါက စီမံကိန်းမန်နေဂျာ ထံတွင် တိုင်တန်းနိုင်ပါသည်။

ဦးငိုင်ဆာခ့် (စီမံကိန်း မန်နေဂျာ)
၀၉-၈၆၁၈၁၉၆၊ ၀၁-၃၉၈၃၉၇
၀၉-၅၁၆၀၇၈၄၊ ၀၁-၃၉၈၂၁၅

"ရုံးခန်း"
အမှတ်(၃၈၅/၃၈၉)၊ (၆)ထပ်၊ အခန်း(ခ)၊ ဂလိုဘယ်တာဝါ ၊ မဟာဗန္ဒုလလမ်း နှင့် ပန်းဆိုးတန်းလမ်းဒေါင့်၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။

အကူအညီတောင်းခံနိုင်သောနေရာနှင့်ဖုန်းနံပါတ်များ

ဥပဒေကြောင်းအရ အကူအညီလိုအပ်သူများအနေဖြင့် အောက်တွင်ဖော်ပြထားသော လိပ်စာနှင့် ဖုန်းနံပါတ်များသို့ ဖုန်းဖြင့်ဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ အချိန်မရွေးအကူအညီ တောင်းခံနိုင်ပါသည်။

ရန်ကုန်ရုံးချုပ်
အမှတ်(၃၈၅/၃၈၉)၊ (၆)ထပ်၊ အခန်း(ခ)၊ ဂလိုဘယ်တာဝါ ၊ မဟာဗန္ဒုလလမ်း နှင့် ပန်းဆိုးတန်းလမ်းဒေါင့်၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။
၀၉-၂၀၅၄၇၈၂၊ ၀၁-၃၉၈၂၁၅

မန္တလေးရုံး
၂၆(ဘီ)လမ်း၊၆၂x ၆၃ လမ်းကြား၊
မဟာဇေယျာဘုံရပ်၊အောင်မြေသာစံမြို့နယ်၊
မန္တလေးမြို့၊
၀၉-၄၉၂၄၀၈၇၃

ပုသိမ်ရုံး
အမှတ်(၅၆) ၊ ပုသိမ်-မုံရွာ-ရေဦးလမ်း၊
(၁၅)နယ်မြေ ၊ မြတ်တိုရပ်ကွက် ၊ပုသိမ်မြို့။
၀၉-၈၅၅၃၄၃၀၊ ၀၉-၇၃၁၃၀၅၂၁

ပြည်ရုံး
အခန်းအမှတ်(၁၅)၊မီးသတ်တိုက်ခန်း
ကန်လမ်း၊ကျောင်းကြီးအိုးတန်းရပ်
ကွက်၊ပြည်မြို့။
၀၉-၇၃၁၃၀၅၂၃

ပဲခူးရုံး
အမှတ်(၂၂၄/ခ)၊ (၃)ထပ် ၊မင်းလမ်း၊ရုံးကြီးရပ်ကွက်၊
ပဲခူးမြို့။
၀၉-၇၃၁၂၆၄၂၅

တောင်ကြီးရုံး
အမှတ်(၁၁၂)၊ မြေညီထပ်၊ဇောတိကလမ်း၊သစ်တောရပ်ကွက်
တောင်ကြီးမြို့။
၀၉-၄၉၃၁၉၉၄၈

မြစ်ကြီးနားရုံး
အမှတ်(၆၂)၊ စီတာပူရပ်ကွက်
မြစ်ကြီးနားမြို့။၀၉-၆၄၁၂၁၇၉

ပခုက္ကူရုံး
အမှတ်(၃၅)၊တပ်မလမ်း၊ (၇)ရပ်ကွက်
ပခုက္ကူမြို့။၀၉-၄၉၃၂၁၁၈၁

ကလေးရုံး
အမှတ်(၄/၇)၊ပင်လုံလမ်းမတော်လမ်း၊
ပင်လုံရပ်ကွက်၊ကလေးမြို့။
၀၉-၄၉၃၃၀၇၁၅

လားရိုးရုံး
ဆိုင်ခန်းအမှတ်(၁၁)၊စစ်သားစုဆောင်းရေးတိုက်တန်း၊ကံ့ကော်လမ်းနှင့် ဘူတာလမ်းထောင့်၊
ရပ်ကွက်(၁)လားရိုးမြို့။
၀၉-၇၃၁၃၆၃၂၆၊ ၀၈၂-၃၀၅၃၅

မော်လမြိုင်ရုံး
အမှတ်(၃၃/ဘီ) သိပွံလမ်း၊အန်းဘဲတန်း ရပ်ကွက်၊
မော်လမြိုင်မြို့။
၀၉-၄၉၃၂၅၉၀၂

မုံရွာရုံး
မုံရွာတက္ကသိုလ်ဘုရားအနီး၊ကျောက်ကာလမ်း၊
မုံရွာမြို့။၀၉-၄၇၀၅၈၂၅၅

မကွေးရုံး
အမှတ်(၈၀)၊ကမ်းနားလမ်း၊အလယ်ရပ်၊
မကွေးမြို့။
၀၉၄၉၃၂၂၁၁၇၈

ကျိုင်းတုံရုံး
နောင်နွန်ကျေးရွာ၊ မိုင်းဇိုင်း၊
ကျိုင်းတုံမြို့။
၀၉၅၂၅၂၀၈၆

သံတွဲရုံး
အမှတ်(၁၂၃)၊ဇီဇဝါလမ်း၊(၆)ရပ်ကွက်၊
သံတွဲမြို့။
၀၉-၈၅၁၆၆၄၈

ဘားအံရုံး
အမှတ်(၆/၄၃၂)မြို့တော်ဦးလမ်း၊(၆)ရပ်ကွက်
ဘားအံမြို့။
၀၉-၇၃၁၄၀၂၃

တောင်ကုတ်ရုံး
ပြည်-တောင်ကုတ်လမ်း၊ ကန်ပိုင်ရပ်ကွက်၊
တောင်ကုတ်မြို့။
၀၉-၄၉၆၆၈၁၃၉

မြိတ်ရုံး
အမှတ်(၃၅)၊ သိန်းညီနောင်လမ်း၊ကံဖျားရပ်ကွက်
မြိတ်မြို့။
၀၉-၄၉၈၇၂၄၃၀

ထားဝယ်ရုံး
အမှတ်(၄၃၀)၊ရေးလမ်း၊ဆင်ဆိမ့်ရပ်ကွက်၊
ထားဝယ်မြို့။
၀၉-၄၉၈၅၀၈၂၆

မီင်္ဒီယာများ နှင့် ဤ စာမျက်နှာကို ဖတ်ပြီးသူများ မှ တဆင့် ပြည်သူတိုင်း
အားလုံး သိရှိစေရန် လက်ဆင့်ကမ်း ဖြန့် ဝေပေးကြပါ။


ဒါကတော မနွယ်နီပြောထားတာလေးပါ... 

 Nweni Aung ဆိုတာကို ကလစ်ချလိုက်ပြီး သွားနိုင်ပါတယ်။

Nweni Aung နွယ်နီလဲ ရှေ့နေတစ်ယောက်ပါ။ ဥပဒေနှင့်အညီ အကူအညီပေးချင်ပါတယ်။ လိုအပ်မယ်ဆိုရင်ဆက်သွယ်လို့ရပါတယ်။ emailကတော့ nweniaungllm@gmail.comပါ။

 ဥပဒေစာအုပ်စင် သို့ အောက်ပါလင့်ခ်မှ ၀င်ရောက်ကြည့်ရှုနိုင်ပါသည်။

သဘာဝဓါတ်ငွေ့နှင့် ရေနံပိုက်လိုင်းစီမံကိန်းကြောင့် များစွာ ထိခိုက်နစ်နာမှုများရှိနေ


ရန်ကုန်၊ ဒီဇင်ဘာ ၁၅။

မြန်မာ-တရုတ် သဘာဝဓါတ်ငွေ့နှင့် ရေနံပိုက်လိုင်း စီမံကိန်း
များကြောင့်ဘ ပိုက်လိုင်းဖြတ်သန်းသွားရာ တစ်လျှောက်ရှိ နယ်မြေဒေသများမှ ပြည်သူလူထုများများစွာထိခိုက်နစ်နာမှုများ
ရှိနေသည်ဟု ပဒေသာမိုးအရပ်ဖက်အဖွဲ့စည်းမှသိရသည်။

မြန်မာ့စွမ်းအင် ၀န်ကြီးဌာန ၊တရုတ်နိုင်ငံအစိုးရပိုင် ရေနံကော်ပိုရေးရှင်း (CNPC) China National Petroleum Corporationနှင့်အခြား စီမံကိန်းများတွင် ပါဝင်ခဲ့သော ကုမဏီတို့ သည်ကမ်းလွန်မှဂတ်စ်များ တင်ပို့ရောင်းချရန် သဘောတူညီခဲ့ကြပြီး ၂၀၀၈ ခုနှစ် ဇွန်လတွင် တရားဝင် နားလည်မှုလက်မှတ် ရေးထိုးခဲ့ကြကြောင်း သိရသည်။

အဆိုပါ စီမံကိန်းသည် ရေနံပိုက်လိုင်းနှစ်လိုင်းတည်ဆောက်ခြင်းဖြစ်ပြီး
တစ်လိုင်းသည် ရခိုင်ကမ်းလွန်မှ သဘာဝဓါတ်ငွေ့ တင်ပို့မည်ဖြစ်ပြီး ကျန်တစ်လိုင်းသည် အရှေ့အလယ်ပိုင်းနှင့်အာဖရိကတို့မှ
သယ်ယူလာသောရေနံတို့ကို သွယ်တန်းတင်ပို့မည်ဖြစ်ကြောင်း
သိရသည်။

တရုတ်နိုင်ငံရင်းနှီးမြှပ်နှံမှုကုမဏီမှ ရွှေ သဘာဝဓါတ်ငွေ့နှင့်ရေနံ ပိုက်လိုင်းသည် တိုင်းဒေသကြီး ၂ခု ၊ ပြည်နယ် ၂ ခု နှင့်မြို့နယ်ပေါင်း ၂၁ မြို့ကိုဖြတ်သန်းသွားပြီး အဆိုပါမြို့နယ်တစ်ချို့မှာ မကွေးတိုင်းဒေသကြီး ၊မင်းဘူးခရိုင် ၊ ငဖဲမြို့နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တို့တွင်ပိုက်လိုင်း စီမံကိန်းများ၏ အကျိုးဆက်များကို ရပ်ရွာပြည်သူလူထု များစွာထိခိုက်နစ်နာခဲ့ရသည်ဟု ပဒေသာမိုး
အရပ်ဖက်အဖွဲ့စည်းမှသိရသည်။

"ဧရာဝတီမြစ်ဆုံပြီးရင် သဘာဝဓါတ်ငွေ့ပိုက်လိုင်းကနိုင်ငံအတွက် ပိုအရေးပါတယ်လို့ ယူဆပါတယ်။တိုင်းရင်းသားအားလုံး ထိခိုက်ခံစားရမယ့်ရင်းနှီးမြှပ်နှံမှုကိုအစိုးရအဖွဲ့စည်းတွေအနေနဲ့ စီမံကိန်းအကောင်ထည် ဖော်တော့မယ်ဆိုရင် ဒေသခံတိုင်းရင်းသား
အားလုံးကိုအသိပေးဖို့လိုပါတယ်။ မြန်မာ-တရုတ်ဖြတ်သန်းသွားတဲ့
ဒေသအားလုံးကိုတော့ စစ်တမ်းကောက်ယူခဲ့တာ မဟုတ်ပါဘူး။ တစ်ချို့ကိုသာကောက်ယူခဲ့တာပါ” ဟု
ပဒေသာမိုး အရပ်ဖက် အဖွဲ့စည်းမှ တာဝန်ရှိသူတစ်ဦးဖြစ်သူ ကိုသန့်ဇင်ကပြောသည်။

ယင်း သဘာဝဓါတ်ငွေ့နှင့်ရေနံပိုက်လိုင်းဖြတ်သန်းသွားရာ တစ်လျှောက်ရိမြို့နယ်များတွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ
ထိခိုက်မှုများ၊ အသက်မွေးဝမ်းကြောင်းဆိုင်ရာ ထိခိုက်မှုများ
နှင့်စီမံကိန်း အကောင်ထည်ဖော်သူများမှ လူ့အခွင့်ရေးဆိုင်ရာ
ကျင့်ဝတ်များ လိုက်နာမှု အားနည်းနေသေးကြောင်းကိုလည်း ထပ်လောင်းပြောကြားခဲ့သည်။

"ပိုက်လိုင်းထဲမှာ ၃ ဧကပါသွားတယ်။ ခုချိန်ထိလျော်ကြေး မရသေးဘူး။ပေးမယ်ဆိုပြီးတော့ လက်မှတ် နှစ်ခါထိုးရတယ်။
မြေလျော်ကြေးကိုသူတို့ဘယ်လိုသတ်မှတ်လည်းမသိဘူး။
မြန်မာ့စွမ်းအင်ဝန် ကြီးဌာနက လျော်ကြေးပေးမယ်ဆိုပြီး
လာစစ်သွားတယ်။ တန်ဖိုးဖြတ်ပေးသွားတယ်။
နောက်မကြာဘူး ၄၅ ရာခိုင်နှုန်းလျော့ပြီးတော့
လျော်ကြေးပေးမယ်ဆိုပြီး လုပ်တယ်။ တစ်ဧကကို
တောင်ပေါ်မှာ ၂၂ သိန်းခွဲပေါက်ဈေးရှိတယ်။ ကျတော်တို့ ဒေသမှာ ၁၄၈ဦးဘယ်သူမှလျော်ကြေးမရသေးဘူး"ဟု မကွေးတိုင်း
ငဖဲခရိုင်က ချင်းတိုင်းရင်းသားတစ်ဦးဖြစ်သူ ဦးလွှီဟန်က
ပြောသည်။

အောက်ခြေပြည်သူတွေခံစားနေရသည်ကို နိုင်ငံတော်သမ္မတကြီးနှင့်
တကွ တာဝန်ရှိပုဂ္ဂိုလ်တွေ သိစေလိုကြောင်း။ အပြုသဘော
ဆောင်သည့် နိုင်ငံတော်ပြောင်းလဲမှုကို ရင်းနှီးမြှပ်နှံမှုများ လက်ခံသည့်
နေရာတွင် ထည့်သွင်း စဉ်းစားရန် အကြောင်းရာ တစ်ခုဖြစ်လိမ့်မယ်ဟု မျှော်လင့်ကြောင်း ပဒေသာမိုးအရပ်ဖက်
အဖွဲ့စည်း မှကိုသန့်ဇင်ကပြောကြားခဲ့သည်။

ရွှေထွဋ်


 FDI news in Myanmar  နှင့် The Myanmar Age တို့ကို အောက်ပါလင့်တွင်ဝင်ရောက် ကြည့်နိုင်ပါသည်။

လက်တွေ့အမှုလိုက် ဥပဒေပညာ ပညာဒါနသင်တန်း


လက်တွေ့အမှုလိုက် ဥပဒေပညာသင်တန်း
ပညာဒါနသင်တန်းဖြစ်ပါသည်။

စတင်သင်ကြားနေပါသည်။
နေရာအခက်အခဲကြောင့်
သင်တန်းသားဦးရေကန့်သတ်ထားပါသည်

စနေနေ့တိုင်း
နံနက်(၈)နာရီမှ (၁၁း၃၀)နာရီထိ
ရှေ့နေ၊ အလုပ်သင်ရှေ့နေ၊ ဥပဒေဘွဲ့ရများ။
အောင်မြင်သောရှေ့နေဖြစ်ချုင်သည်ဆိုလျှင်
ရောက်အောင်လာခဲ့ပါ။

မွန်းလွဲ (၁၂)နာရီမှ (၃)နာရီ အထိ
ဥပဒေပညာလေ့လာလိုသူများမည်သူမဆို
တက်ရောက်လေ့လာသင်ယူနိုင်ပါသည်။

သင်တန်းကြေး၊ ကျောင်းလခ၊ ၀င်ကြေးနှင့်
စာရွက်စာတမ်းကြေးပေးရန် မလိုပါ။

တိုက်(၂)၊ အခန်း(၁၃)၊ ပထမထပ်၊ မြို့ပြအိမ်ရာ မြောက်ဘက်ခြမ်း၊ (၄)ရပ်ကွက်၊ (၈)မိုင် မီးပွိုင့်အနီး၊ မရမ်းကုန်းမြို့နယ်။
ဖုန်း- 0973070433


သက်ဆိုင်ရာလင့်သို့ တိုက်ရိုက်သွားလိုပါက အောက်ပါလင့်ကိုနှိပ်ပါ။

မြန်မာပြည်မှ ဥပဒေဆိုင်ရာ အကျိုးဆောင်အဖွဲ့


Dragon law firm သည် မြန်မာပြည်မှ ဥပဒေဆိုင်ရာ အကျိုးဆောင်အဖွဲ့တစ်ခုဖြစ်ပါသည်

ဝန်ဆောင်မှု
ဥပဒေဆိုင်ရာ အကူအညီ Legal Help ဖုန်းနံပါတ် 095312267, 09423658395 ကိုဆက်ပြီး ဥပဒေပြဿနာများကို မေးမြန်းလိုက်ရုံဖြင့် သင်၏ ဥပဒေပြဿနာများအတွက် ဥပဒေဆိုင်ရာများကို အခမဲ့ ပြန်ကြားပေးမှာဖြစ်ပါသည်။

ဥပဒေအကြံပေးချက်
Dragon Law Firm ရဲ့ ဥပဒေအကြိုးဆောင်များက သင်၏ဥပဒေပြဿနာများကို ရှင်းလင်းပြောပြနိုင်မှုပြုနိုင်ပါသည်။

တရားခွင်အမှုလိုက်ရှေ့နေ
ကျွန်ုပ်တို့၏တရားခွင်အမှုလိုက်ရှေ့နေများက ပြည်မြို့၏ တရားရုံးအသီးသီးတွင် လိုက်ပါဆောင်ရွက်ဝန်ဆောင်မှုပေးရန် အသင့်ရှိနေပါသည်။



ကျွန်ုပ်တို့၏ ပြည်မြို့တရားမ၊ ရှေ့နေများသည် လူမှုရေး ဝန်ဆောင်မှုများအပေါ် အခမဲ့ (သို့မဟုတ်) ငွေတောင်းခံလွှာ ဖြင့် ဆောင်ရွက်လျက်ရှိပါသည်။

အမှုများအပေါ် Fund လှူဒါန်းလိုလျှင် အထက်တွင်ဖော်ပြထားသော ဖုန်းများကိုဆက်သွယ်၍လှူဒါန်းနိုင်ပါသည်။

Scope of business area

ဒါတွေကိုအကူအညီပေး ဥပဒေအကြံအဥာဏ်တောင်းနိုင်ပါသည်။

* လူမှုပါတ်ဝန်းကျင်ရှိ လူ့အခွင့်အရေး ဆုံးရှုံးမှုများ

* ကတိပဋိဥာန်ချိုးဖောက်မှုများ

* မိသားစုကိစ္စများ

* WIPO အသိဥာန်ပစ္စည်းဆိုင်ရာကာကွယ်စောင့်ရှောက်ရေးဥပဒေအရအကာအကွယ်ပေးရန်ကိစ္စများ

* တရားမနှင့်ရာဇဝတ်မှုဆိုင်ရာကိစ္စများ



One LIKE = တစ်ဆယ်ကျပ် အလှူတော်

April 5, 2013 at 4:30pm

HTUT Co.,Ltd ၏ One LIKE and Share အလှူတော်
HTUT Co.,Ltd ၏ One LIKE and Share အလှူတော်


ထေရ၀ါဒဗုဒ္ဓဘာသာဝင်များခင်ဗျာ

ကျွန်တော်တို့ HTUT Co.,Ltd မှမင်္ဂလာရှိသော One LIKE and Share အစီအစဉ်တစ်ရပ်ကိုအမျိုး၊ ဘာသာ၊ သာသနာထွန်းကားပြန့်ပွားရေးအတွက် ရည်မျှော်ကာ စီစဉ် ပြုလုပ်လိုက်ပြီဖြစ်ပါသည်။

One LIKE and Share အစီအစဉ်ဆိုသည်မှာ www.facebook.com/ShwedagonMediaKit လိပ်စာပါ ShwedagonMediaKit Page အား LIKE တစ်ချက်ပြုလုပ်တိုင်း ထေရ၀ါဒဗုဒ္ဓဘာသာ ထွန်းကား  ပြန့်ပွားရေး အတွက် သာသနိကအဆောက်အအုံများ၊ ထေရ၀ါဒဗုဒ္ဓသာသနာပြန့်ပွားရေးအတွက် ကြိုးပမ်းနေကြသော လုပ်ငန်းစဉ်များအတွက် အလှူပါဝင်နိုင်မည့် အစီအစဉ်ဖြစ်ပါသည်။ ShwedagonMediaKit Page အား သင်၏  LIKE တစ်ကြိမ်ပြုလုပ်ခြင်းသည် သင့်အနေဖြင့် အလှူငွေတစ်ဆယ်ကျပ်ကိုအမျိုး၊ ဘာသာ၊ သာသနာထွန်းကားပြန့်ပွားရေးအတွက် လှူဒါန်းလိုက်ခြင်း ပင်ဖြစ်ပါသည်။

ShwedagonMediaKit Page ကို LIKE တစ်သောင်းပြည့်တိုင်း HTUT Co.,Ltd မှနေ၍ထေရ၀ါဒ ဗုဒ္ဓသာသနာ ထွန်းကားပြန့်ပွားရေး အတွက် LIKE ပြုလုပ်သူများကိုယ်စား လှူဒါန်းမှုများပြုလုပ်သွားမည်ဖြစ်ပြီးအဆိုပါအလှူအားလည်း ဓာတ်ပုံ မှတ်တမ်းများဖြင့် ဝေေ၀ဆာဆာဖော်ပြသွားမည် ဖြစ်ပါသည်။

သင်၏ One LIKE and Share တစ်ကြိမ်ပြုလုပ်ခြင်းသည် ထေရ၀ါဒဗုဒ္ဓသာသနာတော်ထွန်းကားပြန့်ပွားရေးအတွက် အုတ်တစ်ချပ်၊ သဲတစ်ပွင့်ပမာ ပါဝင်ထောက်ပံ့ခြင်းဖြစ်သည်သာမက Share ပြုလုပ်ခြင်းဖြင့်သင်၏မိတ်ဆွေများ အားလည်း ကုသိုလ်တွင်ပါဝင်စေခြင်းဖြစ်ပါသည်။ ထို့အတူ သင်၏မျှဝေခြင်းShare သည်လည်း အခြားသူများ ကုသိုလ်ပြုတိုင်း သင့်ကုသိုလ်သည်လည်း ပါဝင်နေမည်ဖြစ်ပါသည်။  ထိုသို့ One LIKE and Share ပြုလုပ်ကာ ကုသိုလ်မျှဝေခြင်းဖြင့် ကျွန်တော်တို့ထေရ၀ါဒ ဗုဒ္ဓသာသနာတော်နှင့်တကွ ၊ အမျိုး၊ ဘာသာအတွက်ပါ စုစည်းညီညာ လက်တွဲကာဖြင့် လှူဒါန်းကြပါစို့ဟု နိဗ္ဗာန်အကျိုးမျှော် ၍နှိုးဆော်အပ်ပါသည်ခင်ဗျာ။

သို့ဖြစ်ပါသောကြောင့်facebook အသုံးပြုရင်းနှင့် ထေရ၀ါဒဗုဒ္ဓဘာသာ၏ အကျိုးအတွက် မင်္ဂလာရှိစွာသော အလှူဖြင့်One LIKE and Share ပြုလုပ်ကြပါရန်ဖိတ်ခေါ်လိုက်ရပါသည်။HTUT Co.,Ltd ၏ One LIKE and Share အလှူတော်
HTUT Co.,Ltd ၏ One LIKE and Share အလှူတော်

ဝန်ထမ်းလောကကို အရင်ပြုပြင် ပြောင်းလဲ

သမ္မတရုံးက Hmuu Zaw ရဲ့ပို့စ်လေးကို တွေ့လို့ Comment ပေးမိတာလေးပါ။

ကျနော် သင်တန်းတွေမှာ ပြောလေ့ရှိတဲ့စကားလေးနဲ့ ပြောပြပါရစေ။ “ LEADER ဆိုတာ Sources ကိုမြင်အောင်ကြည့်တတ်ရတယ်။ ဒါမှ ဘာတွေဖြစ်နေတယ်။

ဘာတွေလုပ်သင့်တယ်။ဘယ်ဟာကအဓိကကျတယ်ဆိုတာသိပြီး Proactive ဖြစ်လာမယ်။ အဲတော့ကာ Performance လည်းကောင်းလာမယ်။ ဒီတော့သူဟာ DIGITAL LEADER ဖြစ်လာမယ်” လို့ပေါ့။ သမ္မတကြီးလည်း စဉ်းစားထားတဲ့အတိုင်း စိတ်ပိုင်းဖြတ်ထားမယ် ဆိုရင် အစိုးရယန္တယားကြီးကို အရှိန်အဟုန် ကောင်းကောင်းနဲ့ ချောချောမွေ့မွေ့ဖြစ်
အောင် အရင်ပြင်ဖို့လိုပါတယ်။

ခေါက်ရိုးကျိုး ကိုယ်ကျိုးရှာ အာဏာပြ ၀န်ထမ်းတွေကို လုပ်ဖော်ကိုဖက်လို့ မမြင်ပဲ ကျွန်သဘောက်လိုမြင်နေတဲ့၊ ၀န်ထမ်းတွေကို Internal Customer လို့ မမြင်တတ်တဲ့သူတွေကို အရင် ဖယ်ရှားဖို့ လိုမယ်ထင်ပါတယ်။ နို့မို့ဆိုရင် အိတ်ပေါက်နဲ့ ဖားကောက်သလို ဖြစ်နေပါလိမ့်မယ်။ အောက်မှာ ဘာတွေဖြစ်နေလဲ အရင်သိမှ ( အနာ သိမှ ဆေးရှိ) မိမိရရ ပြင်နိုင်မှာပါ။

တကယ်တမ်း နိုင်ငံတော်ကို ထူဆောက်တဲ့အခါ အစိုးရရဲ့ ယန္တယားကြီးကို လည်ပတ်စေမယ့် ၀န်ထမ်းလောကကို အရင်ပြုပြင် ပြောင်းလဲနိုင်မှ သမ္မတကြီး လိုချင်တဲ့ ရည်မှန်းချက်ပန်းတိုင်ကို အမြန်ဆုံး၊ အချောမွေ့ဆုံးရောက်မှာပါ။

လမ်းပေါက်ဖာသလို ဟိုနေရာပေါက် ဟိုနေရာလိုက်ဖာ။ ဒီနေရာပေါက် ဒီနေရာလိုက်ဖာ လုပ်နေရင် အချိန်၊ ငွေကြေး၊ လုပ်အားတွေ ပိုဆုံးရှုံးတတ်ပါတယ်။ သူတော်ကောင်း အယောင်ဆောင်ထားပြီး လိမ်ညာနေသူတွေ ရှင်းမှ အောက်က အကောင်ထည် ဖေါ်ပေးမှုတွေ ပိုမိုကောင်းမွန်ပါလိမ့်မယ်လို့ ထင်မြင်မိပါတယ် ခင်ဗျာ။


Hmuu Zaw
Options for this story

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
★ နိုင်ငံတော် သမ္မတကြီးနဲ့ Next Term ★
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
ဒေါ်တင်ထားဆွေ - ကျွန်မ ဒီ ၂၀၁၅ ခု ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး မေးချင်ပါတယ်။ ၂၀၁၅ ခု ရွေးကောက်ပွဲမှာ ဦးရွှေမန်းကရော၊ ဒေါ်အောင်ဆန်းစုကြည်ကရော သူတို့အနေနဲ့ သမ္မတလုပ်ဖို့ ဆန္ဒရှိတယ်ဆိုတာကို အတိအလင်း ထုတ်ဖော် ပြောဆိုသွားပါတယ်။ အဲဒီတော့ သမ္မတကြီးအနေနဲ့ သူတို့ နှစ်ယောက်ထဲက ဘယ်သူက အဓိက ပြိုင်ဖက်ဖြစ်လာနိုင် သလဲရှင့်။
--------------------------------------------------
•နိုင်ငံတော်သမ္မတကြီး၏ ရှင်းလင်းဖြေကြားချက်•
--------------------------------------------------
♦ကျွန်တော်နဲ့ ပတ်သက်ပြီးတော့ ဒီ Next Term ပေါ့လေ။ ၂၀၁၅ မှာ ဝင်ရွေးမလား၊ မရွေးဘူးလား ဒီဟာကတော့ အင်တာဗျူးလုပ်တိုင်းမှာ ခဏခဏ ကြုံတွေ့ရပါတယ်။ ခဏခဏလည်း ကျွန်တော် ဖြေထားတာရှိပါတယ်။

♦ဒီကနေ့အထိကတော့ ၂၀၁၅မှာ ဝင်ရွေးဖို့၊ ပြုဖို့ကတော့ အစီအစဉ် ဆွဲထားတာ ဘာမှ မရှိသေး ပါဘူး။

♦ခေါင်းထဲမှာရှိတာကတော့ -

➊ ကျွန်တော် တာဝန်ယူတဲ့ ကာလအတွင်းမှာ ငြိမ်းချမ်းရေးရအောင် ကျွန်တော်လုပ်ချင်တယ်။

➋ နောက်တစ်ခုက စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ချင်တယ်။

➌ နောက်တစ်ခုကတော့ လူငယ်တွေအတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကို ဖန်တီးပေးချင်တယ်။

♦ ခေါင်းထဲမှာတော့ ဒီကနေ့စဉ်းစားနေတာ ဒါပဲ ရှိပါတယ်။

♦ ဒါပဲစဉ်းစားနေတဲ့အတွက် အတွက်ကြောင့် သူတို့တွေကလည်း ကျွန်တော့်ရဲ့ပြိုင်ဖက်မဟုတ်ဘူးလို့ပဲ ဒီလိုပဲ ပြောရမှာ ဖြစ်ပါတယ်။
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
[Read More :http://www.president-office.gov.mm/zg/?q=briefing-room%2Fpress-conferences%2F
2013/07/24/id-4032]
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ ★ နိုင်ငံတော် သမ္မတကြီးနဲ့ Next Term ★ ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ ဒေါ်တင်ထားဆွေ - ကျွန်မ ဒီ ၂၀၁၅ ခု ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး မေးချင်ပါတယ်။ ၂၀၁၅ ခု ရွေးကောက်ပွဲမှာ ဦးရွှေမန်းကရော၊ ဒေါ်အောင်ဆန်းစုကြည်ကရော သူတို့အနေနဲ့ သမ္မတလုပ်ဖို့ ဆန္ဒရှိတယ်ဆိုတာကို အတိအလင်း ထုတ်ဖော် ပြောဆိုသွားပါတယ်။ အဲဒီတော့ သမ္မတကြီးအနေနဲ့ သူတို့ နှစ်ယောက်ထဲက ဘယ်သူက အဓိက ပြိုင်ဖက်ဖြစ်လာနိုင် သလဲရှင့်။ -------------------------------------------------- •နိုင်ငံတော်သမ္မတကြီး၏ ရှင်းလင်းဖြေကြားချက်• -------------------------------------------------- ♦ကျွန်တော်နဲ့ ပတ်သက်ပြီးတော့ ဒီ Next Term ပေါ့လေ။ ၂၀၁၅ မှာ ဝင်ရွေးမလား၊ မရွေးဘူးလား ဒီဟာကတော့ အင်တာဗျူးလုပ်တိုင်းမှာ ခဏခဏ ကြုံတွေ့ရပါတယ်။ ခဏခဏလည်း ကျွန်တော် ဖြေထားတာရှိပါတယ်။ ♦ဒီကနေ့အထိကတော့ ၂၀၁၅မှာ ဝင်ရွေးဖို့၊ ပြုဖို့ကတော့ အစီအစဉ် ဆွဲထားတာ ဘာမှ မရှိသေး ပါဘူး။ ♦ခေါင်းထဲမှာရှိတာကတော့ - ➊ ကျွန်တော် တာဝန်ယူတဲ့ ကာလအတွင်းမှာ ငြိမ်းချမ်းရေးရအောင် ကျွန်တော်လုပ်ချင်တယ်။ ➋ နောက်တစ်ခုက စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ချင်တယ်။ ➌ နောက်တစ်ခုကတော့ လူငယ်တွေအတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကို ဖန်တီးပေးချင်တယ်။ ♦ ခေါင်းထဲမှာတော့ ဒီကနေ့စဉ်းစားနေတာ ဒါပဲ ရှိပါတယ်။ ♦ ဒါပဲစဉ်းစားနေတဲ့အတွက် အတွက်ကြောင့် သူတို့တွေကလည်း ကျွန်တော့်ရဲ့ပြိုင်ဖက်မဟုတ်ဘူးလို့ပဲ ဒီလိုပဲ ပြောရမှာ ဖြစ်ပါတယ်။ ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ [Read More :http://www.president-office.gov.mm/zg/?q=briefing-room%2Fpress-conferences%2F 2013/07/24/id-4032] ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

“ ဖောင်ကြီး အမှတ်တရ”

       ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အရာထမ်းတစ်ဦးဖြစ်တဲ အဆိုတော် အိုင်ဒီး ကိုယ်တိုင်သီဆိုပေးပို့လိုက်တဲ့ “ ဖောင်ကြီး အမှတ်တရ” ဆိုတဲ့ အသံဖိုင်လေးကို ဗွီဒီယိုအဖြစ် ဖန်တီး ထားတာလေးပါ။


“ဖောင်ကြီးအမှတ်တရ”

      ဒါကတော့ နောက်တစ်ပုဒ်ပါ။ “ဖောင်ကြီးအမှတ်တရ” သီချင်းလေးပါ။ ဗွီဒီယိုသရုပ်ဆောင် ပန်ဆုပြည့်ကျော် မေတ္တာဖြင့် ကူညီသီဆိုပေးထားတာပါ။ ဒီသီချင်း အသက်ဝင်လာဖို့ ရိုက်ကူးပေးကြသော မြ၀တီနှင့် MRTV-4 တို့မှ ကင်မရာမင်းများ၊ ထုတ်လုပ်ရေးမှူးများ၊ သူရိန် ၃၀၊ ၃၁၊ ၃၂၊ ၃၃၊ ၃၄၊ ၃၅၊ ၃၆နှင့် ၃၇ တို့မှ သင်တန်းသူ၊သင်တန်းသားများကို အထူးပင်ကျေးဇူးတင်ပါတယ်။

“၀န်ထမ်းကောင်းတို့ မွေးရာမြ”

    “၀န်ထမ်းကောင်းတို့ မွေးရာမြေ” ဆိုတဲ့ ဗဟိုဝန်ထမ်းတက္ကသိုလ် ဖောင်ကြီးကို  ကျွန်တော် ဂုဏ်ပြုရေးသားခဲ့ပြီး အဆိုတော် ဂျွန်ဟန်းနဲ့ ဒီမင်းခတို့က သီဆိုပေးထားတဲ့ သီချင်းဗွီဒီယိုလေး ပါ။ ဖောင်ကြီးသင်တန်းတက်မယ့် ၀န်ထမ်းများအနေနဲ့လည်း သင်တန်းရဲ့ သဘောသဘာဝနဲ့ လုပ်ဆောင်ရတာတွေကို လေ့လာလို့ရအောင် စီစဉ်ရိုက်ကူးထားပါတယ်။ 

                                                                                           မောင်စိမ်းသူ(ချယ်ရီမြေ)

ဦးရဲထွတ် ရှယ်လိုက်တာကိုတွေ့လို့ ယနေ့ပြောချင်တာလေးပါ။


မိမိကိုယ်ကိုအရင်ကောင်းအောင်လုပ်(Self Domain)၊ ပြီးတော့ မိမိ မိသားစုကောင်းအောင်လုပ်( ကောင်းစားအောင်လုပ်တာမဟုတ်ပါ) Family Domain ပေါ့၊ နောက် မိမိ ပတ်ဝန်းကျင် ကောင်းအောင်လုပ်(Community Domain)၊ မိမိအဖွဲအစည်း ကောင်းအောင်လုပ် (Organisational Domain)ပေါ့ဗျာ၊ နောက်ဆုံးမှာ National Domain...တို့ ကောင်းအောင်လုပ်ပါ။

ရေထဲခဲပစ်ချတဲ့အခါ ခဲကျရာနေရာကနေ ဘေးကို တဖြည်းဖြည်း ချဲ့ကားသွားတယ်မဟုတ်လား။ အဲလိုပဲ တိုင်းပြည်၊ နိုင်ငံ၊ ကမ္ဘာကြီးကောင်းဘို့ဆိုတာ မိမိကစရမှာပါ။

ခုတော့ မိမိကိုယ်တိုင်က မကောင်းပဲ သူများကို အတင်း ကောင်းခိုင်း နေတာတွေ၊ မိမိကိုယ်တိုင် မကောင်းပဲ ကြီးကြီးကျယ်ကျယ် နိုင်ငံရေးစကားတွေပြော၊ နိုင်ငံရေးလုပ်နေကြ တာတွေ၊ ဂေါပကလူကြီး လုပ်နေကြတာတွေ၊

အဲလို မကောင်းတဲ့သူတွေက နေရာတွေ ယူနေကြ၊ ယူထားကြ ငါမှငါသာ ငါသာလျှင်လုပ်နိုင်သည်။ သူများတွေ မလုပ်နိုင်။ နေရာပေးလို့ မရ ဆိုတဲ့အမြင်၊ အတွေး၊ လုပ်ရပ်တွေ ရှိနေသမျှ ဘယ်လူပုဂ္ဂိုလ်၊ ဘယ်အဖွဲ့အစည်း၊ ဘယ်နိုင်ငံမှ တိုးတက်ဖို့လမ်းမမြင်။


                                                                                                မောင်စိမ်းသူ(ချယ်ရီမြေ)

လာဘ်ထိုးခြင်းနဲ့ ကန်တော့ခြင်း ဓလေ့


 ဧရာဝတီဆိုက်မှာတွေ့တဲ့ မိတ်ဆွေ ကိုထက်နိုင်ဇော်ရဲ့ ဆောင်းပါးလေးကို နှစ်သက်မိလို့ ပြန်လည် မျှဝေလိုက်ပါတယ်။ ကျနော်ကိုယ်တိုင်လေး သဘောမကျမိတဲ့ ဒီဓလေ့ကို ပြောပြချင်နေခဲ့တာပါ။ သီတင်းကျွတ်ကာလ ရောက်တိုင်း ဌာနက ဘယ်လောက်ထည့်ရမယ်ဆိုပြီး ထည့်ချင်မှန်မသိ မထည့်ချင်မှန်းမသိ အတင်းငွေကောက်တာကို မထည့်ချင်လည်းထည့်ကြရတယ်။ တစ်ချို့ ၀န်ထမ်းတွေဆို မရှိရှာပါဘူး။ ဟိုကချေးငှား ထည့်ရ၊ ဒီကချေးငှား ထည့်ရနဲ့။ သူတို့ခမျာ သိမ်ငယ်နေကြရှာတယ်။ ကျနောကတော့ သူတို့ကိုအားပေးစကားထည့်ပေးလေ့ရှိတယ်။ တစ်ချို့ဝန်ထမ်းတွေကတော့ စိတ်ဓါတ်ညံ့တယ်။ ကျနော်ပြောတဲ့စကားနဲ့ လူကြီးတွေနားပေါက်အောင်ပြော နေရာယူတတ်လေ့ရှိတယ်။
သွားပြီးဂါကြတဲ့အခါလည်း အကြောင်းအမျိုးမျိုးကြောင့် မလိုက်မိရင်လည်း ကျနော့် အချစ်တော်ကြီး ဌာနကြီးမှူး ဒေါ်တင်တင်ဌေးက ညွန့်လှိုင် ဘယ်သွားလဲ။ လက်ချာသွားတယ်ဖြေကြတော့ အချိန်ဇယားကြည့်စမ်းလို့ ဖြစ်ကုန်တယ်။ နိုင်ငံခြားကပြန်လာရင်လည်း ခုချိန်ထိ လာမဂါရကောင်းလားဆိုပြီး မျက်နှာထိ မျက်နှာထားနဲ့ ပြောခံခဲ့ရတယ်။
ကျနော်က ကိုယ်လေးစားလောက်တဲ့ စံနှုန်းမရှိတဲ့ ဘယ်သူ့ကိုမှ သြကာသ မလုပ်တတ်ဘူး။ ပြောစရာရှိရင်လည်း ရှေ့မှာတင် ယဉ်ယဉ်ကျေကျေးနဲ့တင်ပြတယ်။ မရရင် ဒါဘာမှာ အများရှေ့ပေါ်တင် တင်ပြတယ်။ ၀န်ထမ်းစည်းမျဉ်း စည်းကမ်း၊ ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းတွေနဲ့ ကိုးကားတင်ပြတော့ ၀န်ထမ်းတွေက နားလည် သဘောပေါက်သွားတယ်။ ၀န်ထမ်းတွေက အသံမမြည်အောင် လက်ခုတ်တီး သြဘာပေးကြတယ်။
အဲဒီလိုတွေကစပြီး ”ဒါဘာညွန်လှိုင်” ဆိုပြီး ကင်ပွန်းတတ်ကြတယ်။ လူကြီးတွေကတော့ ကျနော့်ကို မျက်မုန်းကျိုးကုန်ကြတယ်။


လာဘ်ထိုးခြင်းနဲ့ ကန်တော့ခြင်း ဓလေ့

မရှင်းလင်းသေးတဲ့ မြန်မာ့လူ့အဖွဲ့အစည်းမှာ အရင် အစိုးရလက်ထက်နဲ့ နှိုင်းယှဉ် လိုက်ရင် လာဘ်ပေးလာဘ်ယူမှုတွေ နည်းပါးသွားပေမယ့် ဆက်လက် အမြစ်တွယ်နေသေးတယ်လို့ ရန်ကုန်မြို့က တိုင်းအဆင့် အရာရှိတယောက်က ဧရာဝတီကို ပြောပါတယ်။
“ကျနော် နယ်မှာတာဝန်ကျတုန်းက တိုင်းမှူးတွေလက်ထက်က ဆိုရင် တိုင်းမှူးက အချိန်တခုပေးတယ်။ အဲဒီတိုင်းမှူး အားတဲ့ အချိန်မှာ ဌာနဆိုင်ရာတွေ အားလုံး သွားပြီးတော့ ကိုယ့်ပစ္စည်းနဲ့ကိုယ် သွားကန်တော့ကြရတာ။ သူတို့ကလည်း လက်ဖက်ရည်တို့ ရေခဲမုန့်တို့ ပြန်ကျွေးတယ်” လို့ အဲဒီ အရာရှိက ဆိုပါတယ်။


ဦးသိန်းစိန် အစိုးရ စတင်တာဝန်ယူခဲ့တဲ့ ၂၀၁၁ ခုနှစ် မတ်လကနေ ဒီနေ့အချိန်အထိ တနိုင်ငံလုံးမှာ လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး အတွက် ၀န်ကြီးအဆင့်ကနေ အောက်ခြေအထိ အရေးယူခြင်း များစွာ ရှိခဲ့ပေမယ့် နှစ်ပေါင်းများစွာ အမြစ်တွယ် ခဲ့တဲ့ ယဉ်ကျေးမှုကို ချက်ချင်း တိုက်ဖျက်ဖို့ မလွယ်ကူတော့ဘူး၊ အခု အစိုးရရဲ့ သန့်ရှင်းတဲ့ အစိုးရ ဖော်ဆောင်နေမှုဟာလည်း သူ့အစိုးရ သက်တမ်းအတွင်းမှာ မဖြစ်နိုင်တော့ဘူး ဆိုတဲ့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။


အရင်နှစ် သီတင်းကျွတ်ကာလတွေကတော့ စီးပွားရေး အချက်အခြာကျတဲ့ တိုင်းဒေသကြီး တခုမှာ အဲဒီအစိုးရအဖွဲ့ဆီကို ကျပ် တသိန်းနဲ့ နှစ်သိန်းအကြား တန်ဖိုးရှိတဲ့ လက်ဆောင်ခြင်းတွေ သွားကန်တော့ရလေ့ရှိပြီး တခြား သက်ဆိုင်တဲ့ ဌာန တွေကလည်း အသီးသီးသွားပြီးတော့ ဂါရ၀ပြု ကန်တော့ရတယ်လို့ ရန်ကုန်မြို့မှာနေတဲ့ တိုင်းအဆင့် အရာရှိတဦးကပဲ ဧရာဝတီကို ပြောပါတယ်။


“ဂါရ၀ပြု ကန်တော့ရတာက အစဉ်အလာ တခုလို ဖြစ်နေပြီ။ လူကြီးသူမကို သွားကန်တော့တဲ့ ပုံစံမျိုးပါပဲ။ ဒါပေမယ့် ဘယ်လောက် လာကန်တော့ရမယ် ဆိုတာမျိုးတော့ သတ်မှတ်မထားပါဘူး။ သွားကန်တော့လိုက်တော့ သိတတ်တယ်ပေါ့။ တန်ဖိုးရှိတာလေး သွားကန်တော့လိုက်ရင် မျက်နှာကောင်းရတာပေါ့” လို့ သူကပဲ ဆက်ပြောပါတယ်။


စီးပွားရေး အချက်အခြာကျတဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့ဆီကို စီးပွားရေးသမားတွေက တနှစ်ကို အနည်းဆုံး ၄ ကြိမ် လောက်အထိ လက်ဆောင်ခြင်းတွေ၊ တန်ဖိုးကြီးတဲ့ အရက်ပုလင်းတွေနဲ့ လက်ရောက် ဂါရ၀ ပြုလေ့ရှိကြောင်း၊ သီတင်းကျွတ်၊ တန်ဆောင်တိုင်၊ နှစ်သစ်ကူး သင်္ကြန်ကာလနဲ့ အင်္ဂလိပ် နှစ်သစ်ကူး ကာလတွေမှာ ပုံမှန် လာကန်တော့နေတဲ့ သူတွေ ရှိတယ်လို့ အဲဒီ အစိုးရအဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
“ဂါတယ်” ဆိုပြီး အများသုံးနှုန်းနေကြတဲ့ လူကြီးတွေကို သွားပြီးတော့ ဂါရ၀ ပြုရတဲ့အလုပ် မလုပ်ချင်လို့ ကိုယ်ပိုင် စီးပွားရေးကို ဂါရ၀ သွားပြုစရာမလိုအောင် ထူထောင်ထားတယ်လို့ သစ်လုပ်ငန်းရှင် တဦး ဖြစ်တဲ့ ဦးဘာဘာချိုက ဆိုပါတယ်။


“အခုလို တိုင်းပြည်က လာဘ်ပေးလာဘ်ယူတွေကို ဥပဒေနဲ့ တိုက်ဖျက်မယ့် အချိန်မှာ ဂါရ၀တရားကို ရှေ့ထားပြီးလုပ်တဲ့ ဒီအလေ့အထ အရိုးစွဲသွားမှာ ကိုတော့ စိုးရိမ်မိတယ်။ ပြီးခဲ့တဲ့ ကာလတုန်းက ပေးကမ်းတဲ့ ကိစ္စတွေက ယဉ်ကျေးမှုတခုလို ဖြစ်သွားခဲ့တာ။ ဒီလို ဂါ ရတဲ့ ကိစ္စတွေကတော့ ရှိနေဦးမှာပဲ။ အခုလို ဂါ နေကြတာတွေကို ကျနော်တို့ ကြားသိ မြင်သိနေရတာ ရှိပါတယ်။ ကိုယ်တွေ့တော့ မရှိပါဘူး” လို့ ဦးဘာဘာချိုက ဆိုပါတယ်။


စီးပွားရေးသမားတွေနဲ့ ဌာနဆိုင်ရာ အသီးသီးက လာရောက်ကန်တော့လေ့ရှိတဲ့ လက်ဆောင်ခြင်း တခြင်းကို မြန်မာကျပ်ငွေ ၆ သောင်းကနေပြီးတော့ ၅ သိန်း၊ ၆ သိန်း အထိ ရှိကြောင်း၊ အစိုးရသစ် တက်လာတုန်းက ၀န်ကြီးချုပ်တဦးကို လာကန်တော့တဲ့ ခြင်းပေါင်း ၂၀၀ ကျော် ရှိသွားပြီး နောက်ဆုံး အဲဒီ လက်ဆောင်ခြင်းတောင်းတွေကို ကုန်တိုက်ကြီး တခုဆီ ပြန်သွင်းတာ ကျပ် ရာဂဏန်း အထိ ရရှိသွားတယ်ကြောင်း ဧရာဝတီက စုံစမ်းသိရှိ ထားပါတယ်။


“အဲဒီကုန်တိုက်ကြီးက သူရောင်းလိုက်တဲ့ ခြင်းဆိုရင် ၅ ရာခိုင်နှုန်း လောက်ပဲ လျှော့ယူတယ်။ သူများဆိုင်က ခြင်းဆိုရင် ၁၅ ရာခိုင်နှုန်း အထိ လျှော့ယူတယ်။ အဲဒီနှုန်းက မနှစ်က ဈေးနှုန်းပါ” လို့ တိုင်းအစိုးရအဖွဲ့နဲ့ အလွန်နီးစပ်တဲ့သူက ဆိုပါတယ်။


စီးပွားရေး အချက်အခြာကျတဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့ တခုကို ဦးဆောင်နေတဲ့ အငြိမ်းစား ဗိုလ်ချုပ်ကြီး တယောက်ဆီကို အရင်နှစ်တွေက ကားကြီး၊ ကားငယ် အသွယ်သွယ်နဲ့ လာရောက်ကန်တော့တဲ့ လက်ဆောင်ခြင်း အားလုံး လက်ခံခဲ့ပြီးတော့ ဒီနှစ် သီတင်းကျွတ်မှာတော့ လက်ဆောင်ခြင်း တင်လာတဲ့ ကားတွေကို အစိုးရအဖွဲ့ ရုံးရှိတဲ့ အဆောက်အအုံထဲကို ပေးမ၀င် တော့ဖို့ ညွှန်ကြားထားတယ်လို့ အဲဒီတိုင်းဒေသကြီးက အမည်မဖော်လိုတဲ့ ထွေ/အုပ် ၀န်ထမ်းတဦးက ဧရာဝတီကို ပြောပါတယ်။
“ရုံးမှာတော့ ဒီနှစ်လုံးဝ လက်မခံတော့ဘူး။ အိမ် သွားကန်တော့ကြရင်တော့ မသိဘူး။ မနှစ်ကအထိ ရတဲ့ ခြင်းတွေကို ကုန်တိုက်မှာ ပြန်သွင်းတာ ယူတယ်လို့ သိရတယ်။ ကျနော်တို့ အောက်က ၀န်ထမ်းတွေကိုတော့ ခွဲပေးတာမျိုး မရှိပါဘူး” လို့ အဲဒီဝန်ထမ်းက ဆိုပါတယ်။


အခုလို ဂါရ၀ပြုတယ် ဆိုပြီးတော့ လက်ဆောင်ခြင်းတွေ ပေးနေကြတာဟာ စီးပွားရေး အခွင့်အရေးတွေရဖို့ လမ်းကြောင်း ယူထားတာ ဖြစ်ပြီး လူကြီးက မိမိကို အလွယ်တကူ မှတ်မိသွားစေဖို့ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း၊ နောက်ပိုင်း လုပ်ပိုင်ခွင့် ရရှိတဲ့ အခါမှာလည်း ကျေးဇူးတင်တဲ့ အထိမ်းအမှတ်နဲ့ ထပ်ပြီးတော့ တန်ဖိုးကြီးတဲ့ လက်ဆောင်တခုခုနဲ့ ကန်တော့လေ့ ရှိကြောင်း အစိုးရအဖွဲ့နဲ့ နီးစပ်တဲ့ အသိုင်းအ၀ိုင်းက သိရပါတယ်။


“ခြင်းပေးတာ ချဉ်းကပ်တယ်ဆိုတဲ့ စကားကနေ လာတာ။ လူကြီးဆီက အခွင့်အရေး ရဖို့အတွက် ချဉ်းကပ်ရတယ် မဟုတ်လား။ ချဉ်းကပ်ဖို့အတွက် ခြင်းသွား ကပ်ရတာပေါ့ဗျာ။ ၀န်ကြီးတွေ အကုန်လုံးဆီကို ခြင်းတွေ နေ့တိုင်း လာပို့နေကြတာ အများကြီးပဲ။ အဲဒီအထဲမှာ တိုင်းရင်းသားရေးရာ ၀န်ကြီး နှစ်ယောက်ကတော့ မရရှာဘူး” လို့ အစိုးရ အတွင်းရေးကို သိတဲ့ သူတယောက်က ပြောပါတယ်။
မြန်မာတို့ရဲ့ ချစ်စရာကောင်းတဲ့ လူကြီးသူမကို ရိုသေ ဂါရ၀ပြုတဲ့ ဓလေ့ဟာ ၁၉၈၈ ခုနှစ် နောက်ပိုင်းလောက်မှာ အလွန် အရိုအသေ ခံချင်တဲ့ နိုင်ငံအကြီးအကဲ တချို့ကြောင့် သာမန် ဂါရ၀ပြုတဲ့ အဆင့်မဟုတ်တော့ဘဲနဲ့ ရာထူး၊ စီးပွားရေး အခွင့်အရေး စတဲ့ အခွင့်အရေး တခုခုကို ရလိုမှုနဲ့ လုပ်ဆောင်ခဲ့တာကနေ ဂါရ၀ပြုခြင်းလို့ ခေါ်တဲ့ “ဂါ” ရတယ် ဆိုတဲ့ အမည်ကို ရောက်သွား တော့တာပဲလို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရဲ့ နေပြည်တော် ပြည်သူ့လွှတ်တော် အမတ် ဦးမင်းသူက ရှင်းပြပါတယ်။


“တကယ် ဂါရ၀ပြုထိုက်တဲ့ သူကိုပဲ ရှိတာလေးစုပြီး ကန်တော့တာမျိုး ဖြစ်သင့်တယ်။ အခုက ဒါကို အကျင့်ပျက် ခြစားမှုရဲ့ အစိတ်ပိုင်း တခုအဖြစ် ၀င်ရောက်လာတာတော့ မကောင်းဘူးပေါ့လေ။ ကန်တော့တာကို အကြောင်းပြပြီး ဟန်ဆောင်ထားတဲ့ ယဉ်ကျေးမှုကိုတော့ အားလုံး တိုက်ဖျက်ရမှာပဲ။ နောက်ပိုင်းမှာ ဓလေ့ထုံးစံ တခုကို ဖြစ်သွားမှာ အရမ်းကြောက်မိတယ်” လို့ သူက ဆိုပါတယ်။


NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဆိုရင် ဂါရ၀ပြုခြင်းနဲ့ ပတ်သက်ပြီးတော့ တန်ဖိုးကြီး လက်ဆောင် လုံးဝ လက်မခံဘူး ဆိုပြီး ပြတ်ပြတ်သားသား ပြောဆိုထားကြောင်း၊ မိမိတို့ အနေနဲ့လည်း နှစ်စဉ် ကန်တော့လေ့ရှိတဲ့ ပုံစံအတိုင်း နိုင်ငံခြား ခရီးစဉ်ကနေ ပြန်ရောက်လာတာနဲ့ လက်အုပ်ချီပြီး ကန်တော့မယ်လို့ ဦးမင်းသူက ပြောပါတယ်။

အပြောကတော့ ရွှေမန်း ကတော့ချိုမိုင်မိုင်



ဲပြည်ထောင်စုရာထူးဝန် ဥက္ကဌ၊ ဦးကျော်သူနဲ့ အဖွဲ့ဝင် ဦးခင်မောင်အေးတို့ ဘာတွေပြောခဲ့လဲ။ ပြောတာနဲ့ လုပ်တာ ကိုက်ညီမှုရှိပါသလား နှိုင်းယှဉ်ကြည့်နိုင်ဖို့ အောက်က လင့်မှာ ဆွဲယူနားထောင်နိုင်ပါတယ်။ သူတို့ပြောခဲ့တာလေးတွေပါ။

https://drive.google.com/file/d/0BxjQoIYmAyQ0VTlIbURqUGdKNVk/edit?usp=sharing

https://drive.google.com/file/d/0BxjQoIYmAyQ0aGtRWWozelgxYWc/edit?usp=sharing

https://drive.google.com/file/d/0BxjQoIYmAyQ0S2szOXU0S0NqQTQ/edit?usp=sharing

https://drive.google.com/file/d/0BxjQoIYmAyQ0Z0JseXEwbkNVRUU/edit?usp=sharing

ဖောင်ကြီးမှာ ရာထူးဝန်အဖွဲ့ မတရားလုပ်သလား


                                                                                                        ဧရာဝတီ
 ဗဟိုဝန်ထမ်းတက္ကသိုလ်(ဖောင်ကြီး)ကျောင်းတွင် တက္ကသိုလ်အတွင်း မသမာမှုများ ဆောင်ရွက်နေခြင်းကို ပြည်ထောင်စုရာထူးဝန်အဖွဲ့ထံသို့ တင်ပြခဲ့ရာ တရားမျှတစွာ မဆုံးဖြတ်ဘဲ မိမိကို တက္ကသိုလ်ဆရာအဖြစ်မှ အလုပ်ထုတ်ခဲ့ကြောင်း ယင်းတက္ကသိုလ် စီမံခန့်ခွဲမှုပညာဌာနမှ လက်ထောက်ကထိက ဦးညွှန့်လှိုင်က ဧရာဝတီသို့ ဆက်သွယ် ပြောကြားလာသည်။

ဗဟိုဝန်ထမ်းတက္ကသိုလ်(ဖောင်ကြီး)တွင် လက်ထောက်ကထိက တာဝန်ထမ်းဆောင်နေသူ ဦးညွှန့်လှိုင်သည် ကထိကရာထူးအတွက် ရာထူးတိုး စာမေးပွဲဖြေဆိုရာတွင် စာမေးပွဲရလဒ်နှင့် တက္ကသိုလ်အာဏာပိုင်များ၏ လုပ်ကိုင်ဆောင်ရွက်မှုများကို မကျေနပ်သောကြောင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့ထံ ၂၀၁၂ ခုနှစ် နိုဝင်ဘာလတွင် အသနားခံ စာရေးတင်ပြခဲ့ရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ဌာနတွင်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီး ၀န်ထမ်းကျင့်ဝတ်နှင့် စည်းကမ်းဖောက်ဖျက်ခဲ့သည်ဟုဆိုကာ ၂၀၁၃ ခုနှစ် ဇန်နဝါရီလတွင် အရေးယူခံရခြင်း ဖြစ်သည်။

ဦးညွှန့်လှိုင်သည် အခြားဝန်ထမ်းတစ်ဦးကို ထိခိုက်နစ်နာစေရန် မဟုတ်မမှန် စွပ်စွဲတိုင်ကြားခြင်း၊ လုပ်ငန်းခွင် ငြိမ်းချမ်းသာယာမှုကို ဖြစ်စေ၊ ၀န်ထမ်းအချင်းချင်း စည်းလုံးညီညွှတ်မှုကို ဖြစ်စေ ပျက်ပြားစေရန် လှုံ့ဆော်ခြင်း သို့မဟုတ် ပြုလုပ်ခြင်း သို့မဟုတ် ထိုသို့ပြုလုပ်ခြင်းကို အားပေးကူညီခြင်းများ ပြုလုပ်ခဲ့ခြင်း၊ မရိုးဖြောင့်မှု၊ လိမ်လည်လှည့်ဖြားမှုတို့ကို ကျူးလွန်ခဲ့ကြောင်း ပြည်ထောင်စုရာထူးဝန်အဖွဲ့က တွေ့ရှိခဲ့သည်ဟု ဧရာဝတီက ကြည့်ရှုခွင့်ရရှိသော ဌာနတွင်း စုံစမ်းရေး အစီရင်ခံစာက ဆိုသည်။

ဦးညွှန့်လှိုင်သည် ကထိက ရာထူးတိုးမြင့်ရေးစာမေးပွဲ ဖြေဆိုခြင်းနှင့်ပတ်သက်၍ ရာထူးတိုးမြင့်ရေးအဖွဲ့အပေါ် အချက်အလက် အထောက်အထား မရှိဘဲ မရိုးမဖြောင့်သော သဘောဖြင့် လိမ်လည် တိုင်ကြားခဲ့ခြင်း၊ အခြားလက်ထောက် ကထိကဖြစ်သူ ဒေါ်နုနုကြည်အား မကျေနပ်ချက်ကို တိုင်ကြားရန် အားပေးလှုံ့ဆော်ရုံသာမက တိုင်ကြားစာကို ကိုယ်တိုင်ရေးသားပေးခြင်း၊ ပါမောက္ခချုပ်က လက်ထောက်ကထိက ဦးညွှန့်လှိုင်အား ပြည်ထောင်စုရာထူးဝန်အဖွဲ့ထံ တိုင်ကြားစာ မတင်ပြရန် တားဆီးဆုံးမခဲ့သော်လည်း ပါမောက္ခချုပ်၏ ခွင့်ပြုချက်ဖြင့် တိုင်ကြားခဲ့သည်ဟု ပါမောက္ခချုပ်အမည်ကို မရိုးမဖြောင့်သော သဘောဖြင့် လိမ်လည်သုံးစွဲခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်ဟု ဌာနတွင်း စုံစမ်းရေး အစီရင်ခံစာတွင် ဖော်ပြထားသည်။

လက်ထောက်ကထိက ဦးညွှန်လှိုင်၏ တိုင်ကြားမှုနှင့် ပတ်သက်၍ ဌာနတွင်းစုံစမ်းရေး အဖွဲ့ကို ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက် မြန်မာပြည် ) ဒုတိယ ပါမောက္ခချုပ် ဦးဇော်ဇော်၊ ၀န်ထမ်းရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းမြင့်၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးလင်းကျော်စွာကြူတို့ဖြင့် ဖွဲ့စည်ကာ စုံစမ်းစစ်ဆေးခဲ့ခြင်း ဖြစ်သည်။

သို့သော် ”သူတို့ စွပ်စွဲသလို ကျနော်လိမ်ညာပြီး တိုင်ကြားခဲ့တာ မဟုတ်ဘူး။ ရာထူးတိုး မညီမျှမှုတွေ ဖြစ်နေလို့ အသနားခံစာ တင်ခဲ့တာ။ ကျနော် စာစီစာကုံးရေးတာ ၅ မှတ်ပဲပေးတယ်။ ဘာသင်ကြားရေး အတွေ့အကြုံမရှိဘဲနဲ့ ရာထူးတိုးတဲ့သူတွေက တိုးကုန်ကြတယ်။ လက်ထောက်ကထိက ဒေါ်နုနုကြည်ကလည်း သူ့သဘောနဲ့သူ တိုင်တာပါ။ ကျနော်မြှောက်ပေးလို့လဲ မရပါဘူး။ နောက်ပိုင်း သူတို့ဘယ်လိုညှိလိုက်လဲ မသိဘူး။ နောက်တစ်ချက်က ပါမောက္ခချုပ်ခွင့်ပြုချက်နဲ့ တိုင်တယ်လို့ ကျနော်ဘယ်တုန်းကမှ မရေးခဲ့ပါဘူး”ဟု ဦးညွှန့်လှိုင်က ဆိုသည်။

ရာထူးအထုတ်ခံရခြင်းကို စည်းမျဉ်းစည်းကမ်းများအရ ၆ လအတွင်း အယူခံဝင်ခွင့်ရှိသော်ကြောင့် ပြီးခဲ့သည့် ဇူလိုင်လတွင် နေပြည်တော်ရှိ ပြည်ထောင်စုရာထူးဝန် အဖွဲ့ထံ အယူခံ တင်ပြခဲ့သော်လည်း အယူခံကို လက်မခံခဲ့ကြောင်း၊ စုံစမ်းရေး အစီရင်ခံစာမိတ္တူ သွားရောက်တောင်းယူစဉ်ကလည်း ပြည်ထောင်စုရာထူးဝန် အဖွဲ့ရုံးအတွင်းသို့ ပေးမ၀င်ဘဲ နောက်တစ်ရက်တွင်မှ ကျောင်းသို့ စာအိတ်ဖြင့် ပေးပို့ခဲ့သည်ဟု ဦးညွှန့်လှိုင်က ပြောသည်။

“ကျနော်ကို ရာထူးက ထုတ်ရုံနှင့် မဟုတ်ဘူး။ ကျောင်းထဲကပါ နှင်ထုတ်လိုက်ကြတယ်။ ကျနော်ရဲ့ အသနားခံစာကလည်း တိုင်စာဆိုပြီး ဖြစ်သွားတယ်။ တကယ်ဆို ကျနော် အမျိုးသမီးကလည်း ဒီကျောင်းမှာ လက်ထောက်ကထိကပဲလေ။ သူ့ဆီမှာ ကျနော်ဆက်နေလို့ ရရမှာပေါ့။ အခုက လူ့အခွင့်အရေးပါ ချိုးဖောက်ခံခဲ့ရတာ”ဟု ဦးညွှန့်လှိုင်က ဆိုသည်။

ဦးညွှန့်လှိုင်၏ ကထိက ရာထူးတိုးမြင့်ရေး တိုင်ကြားမှုကြောင့် ရှေ့ဦးစုံစမ်းစစ်ဆေးမှု ပြုလုပ်ရာ ဗဟိုဝန်ထမ်းတက္ကသိုလ်ရှိ အခြားတာဝန်ရှိသူများဖြစ်သော ဒုတိယ ပါမောက္ခချုပ် ဒေါ်တင်တင်ဌေး၊ ၀န်ထမ်းရေးရာ ဌာနကြီးမှူး ဒေါ်မူမူမြင့် ၊ သင်တန်းရေးရာ ဌာနကြီးမှူး ဦးမြလွင် ၊ သင်တန်းရေးရာ ဌာနခွဲမှူး ဒေါ်ကြည်ကြည်ခိုင်ထွန်းတို့မှာ နှစ်တိုးလစာ တစ်ကြိမ်သာ ရပ်ဆိုင်းခံခဲ့ရသော ပုံစံဖြင့် ဗဟိုဝန်ထမ်းတက္ကသိုလ် ပါမောက္ခချုပ်က အရေးယူခံခဲ့ကြောင်း၊ သို့သော် မိမိမှာ ရာထူးမှ ထုတ်ပယ်ခံရသည် အထိ အရေးယူခံခဲ့ရကြောင်း ဦးညွှန့်လှိုင်က ပြောဆိုသည်။

ယင်းစုံစမ်းစစ်ဆေးမှုတွင် အုပ်ချုပ်မှု ကွပ်ကဲအားနည်းခြင်း၊ အုပ်ချုပ်မှုဖြစ်စဉ်များအပေါ် အရေးယူဆောင်ရွက်ရန် အားနည်းခြင်း၊ ၀န်ထမ်းများ၏ အမှုထမ်းသက်၊ ကိုယ်ရေးမှတ်တမ်းများ စိစစ်ရန် ပျက်ကွက်ခြင်း၊ ၀န်ထမ်းများအပေါ် ကြပ်ကြပ်မတ်မတ် ကိုင်တွယ်ကွပ်ကဲရန် အားနည်းခြင်းနှင့် ရာထူးတိုးမြင့်ရေး (ရေး/ဖြေ) ရမှတ်များကို လုပ်ထုံးလုပ်နည်းနှင့် မညီဘဲ ကြိုတင် ထုတ်ပြန်ကြေညာခဲ့ခြင်း၊ ရာထူးတိုးမြင့်ခံရသူများစာရင်းအား အထက်အဖွဲ့အစည်းမှ တရားဝင်ထုတ်ပြန်ကြေညာခြင်း မပြုမီ ကြိုတင်အသိပေးသည့်ပုံစံဖြင့် တရားဝင်အတည်ပြုပြောကြားခဲ့ခြင်းများ ပြုလုပ်ခဲ့သောကြောင့် အရေးယူခံရခြင်း ဖြစ်ကြောင်း အစီရင်ခံထားသည်။

”တကယ်ဆိုရင် သူတို့ကို ရာထူးက ထုတ်သည်အထိ အရေးယူလို့ ရတယ်။ အခုကျတော့ နှစ်တိုးလစာ တစ်နှစ်ရပ်ဆိုင်းရုံလောက်ပဲ အရေးယူတယ်။ သူတို့ကိုကျတော့ ပန်းနဲ့ပေါက်ပြီး ကျနော်ကိုကျ အလုပ်ထုတ်ပစ်လိုက်တယ်။ ကျနော်ကလည်း ဒီကိစ္စတွေကို မိမိခံစားချက်ထက် အမျိုးသားရေး တာဝန်တစ်ရပ်လိုသဘောထားပြီး ထုတ်ဖော်သွားမယ်”ဟု ဦးညွှန့်လှိုင်က ပြောဆိုသည်။

၁၉၇၈ ခုနှစ်တွင် ဗဟိုဝန်ထမ်းတက္ကသိုလ်(ဖောင်ကြီး)သို့ ကျန်းမာရေး အခြေအနေအရ တက်ရောက်နိုင်ခြင်း မရှိသောကြောင့် ဆရာဝန်အဖြစ်မှ အလုပ်ထုတ်ခံခဲ့ရကြောင်း မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့လွှတ်တော် အမတ် ဒေါက်တာသန်းဝင်းကလည်း ဧရာဝတီသို့ ပြောသည်။

”ကျနော်က လွှတ်တော်မှာ ဗဟိုဝန်ထမ်းတက္ကသိုလ်ကို ဖျက်ပစ်ဖို့ ဒါမှမဟုတ် ပြုပြင်ပြောင်းလဲရေး လုပ်ဖို့ တင်ခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူး။ ရာထူးဝန်အဖွဲ့ ဥက္ကဌ ဦးကျော်သူက အချက်အလက်နဲ့ တော်တော်လေး ပြန်ပြောသွားတယ်။ အဲဒီတုန်းက ကျနော်ပြင်ဆင်မှု အားနည်းခဲ့တယ်။ အခုချိန်ထိ ဒီကိစ္စကို ပြန်လုပ်ချင်သေးတယ်”ဟု ဒေါက်တာသန်းဝင်းက ဆိုသည်။

ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဝင် အသစ်ဖြစ်သူ ဦးမန်းမောင်မောင်ဉာဏ်က ၄င်းမှာ ပြောင်းရွှေ့လာသည်မှာ မကြာသောကြောင့် ထိုဖြစ်စဉ်ကို မသိရှိသော်လည်း ဖြစ်စဉ်ကို စုံးစမ်းလေ့လာကြည့်ဦးမည် ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။

ပြည်ထောင်စု ရာထူးဝန်အဖွဲ့က မတရားသဖြင့် လက်ထောက်ကထိကရာထူးမှ ထုတ်ပယ်ခဲ့သည့်အတွက် နိုင်ငံတော်သမ္မတထံနှင့် လွှတ်တော်ထံသို့ တင်ပြထားကြောင်း၊ ယခုအချိန်ထိ သက်ဆိုင်ရာမှ တုန့်ပြန်ဆောင်ရွက်ခြင်း မရှိသေးသော်လည်း နိုင်ငံရေးပါတီတစ်ခုချင်းစီထံသို့ ဆက်သွယ် ရှင်းပြမည်ဖြစ်ကြောင်းနှင့် ယင်းကိစ္စကို ရန်ကုန်မြို့တွင် သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်နိုင်ရန် စီစဉ်နေကြောင်းလည်း ဆိုသည်။


                                                                               ထက်နိုင်ဇော်| September 2, 2013

အခွင့်ထူးခံ ၀န်ထမ်းခရိုနီများ

ဥပဒေ၊စည်းမျဉ်းစည်းကမ်းတွေက ပြည်သူကို အမှန်တကယ် အကာအကွယ် မပေးရင် အဲဒီဥပဒေ၊ စည်းမျဉ်းစည်းကမ်းတွေကို တိုက်ခိုက်ရမှာပဲ

ဗဟိုဝန်ထမ်းတက္ကသိုလ် ( ဖေါင်ကြီး) ဥပဒေပညာဌာနမှ အငယ်တန်းစာရေး ခြူးခြူးဝေဟန်သည် ဒဂုံတက္ကသိုလ်၌ဥပဒေရိုးရိုးဘွဲ့ တက်ရောက်သင်ကြားနေသော်လည်းဥပဒေမ
ဟာဘွဲ့ ပထမနှစ်ဝက်သင်တန်းကိုတက်ရောက်အောင်မြင်ခဲ့ကြောင်းလိမ်လည်တင်ပြခဲ့ခြင်း၊ ဥပဒေမဟာဘွဲ့ပထမနှစ်ဝက်သင်တန်းကိုတက်ရောက်နေသည့်ဟန်ဖြင့် ရုံးမတက်ပဲလိမ်လည် အခွင့်အရေးယူခဲ့ခြင်း၊ မဟာဥပဒေပထမနှစ် (ဒုတိယနှစ်ဝက်) သင်တန်းတက်ရောက်ခွင့်ပြုရန် ထပ်မံလိမ်လည်တင်ပြခဲ့ခြင်း၊ တက္ကသိုလ်မှ ခွင့်ပြုထားသောပညာသင် ထောက်ပံ့ကြေးကိုလိမ်လည် ထုတ်ယူခဲ့ခြင်းများပြုခဲ့ကြောင်းသိရှိရသည်။
ယင်းသို့ လိမ်လည် တင်ပြသော်လည်းသက်ဆိုင်ရာဗဟိုဝန်
ထမ်းတက္ကသိုလ် ( ဖေါင်ကြီး) ဥပဒေပညာဌာနမှမစိစစ်ခဲ့ဘဲထောက်ခံတင်ပြခဲ့ကာတက္ကသိုလ် အကြီးအမှူးကလည်းခွင့်ပြုပေးခဲ့သည်ဟုဆိုသည်။
ထိုလိမ်လည်မှု ဖြစ်စဉ်ကိုလေ့ကျင့်သင်ကြားရေးရံ
ုးမှ ဌာနကြီးမှူး (အုပ်ချုပ်^ထောက်ပံ) ဦးသိန်လွင်၊ လေ့ကျင့်သင်ကြားရေးရုံးမှ ဌာနမှူး (အုပ်ချုပ်^ထောက်ပံ) ဦးဝင်းလွင်၊ စီမံခန့်ခွဲရေးရုံးမှ ဌာနမှူး (၀န်ထမ်းရေးရာ) ဦးဝင်းမင်းငြိမ်း တို့ပါဝင်သော ဌာနဆိုင်ရာစုံစမ်းစစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးခဲ့သည်။
၎.၉.၂၀၁၃ နေ့စွဲဖြင့် ဒဂုံတ္ကသိုလ်၊ ဥပဒေဌာန၏စာအမှတ် ၃၆၄၆^ဒဂတ(စမ-၁)^ ၂၀၁၃ ဖြင့် ဗဟိုဝန်ထမ်းတက္ကသိုလ် ( ဖေါင်ကြီး) ဥပဒေပညာဌာနမှအငယ်တန်းစာရေး ခြူးခြူးဝေဟန်သည်မဟာအရည်အချင်းစ
စ် သင်တန်းကိုကျောင်းခေါ်ချိန် (၇၅) ရာခိုင်နှုန်း ပြည့်မီအောင် တက်ရောက်ထားခြင်းမရှိကြောင်းဗဟိုဝန်ထမ်းတက္ကသိုလ် ( ဖေါင်ကြီး) သို့ အကြောင်းကြားခဲ့ကြောင်းလည်းသိရှိရသည်။
ဌာနဆိုင်ရာစုံစမ်းစစ်ဆေးရေးအဖွဲ
့၏စစ်ဆေးတင်ပြချက်ချက်အရ ၀န်ထမ်းစည်းကမ်း ထိန်းသိမ်းရေးလက်စွဲ၊ အခန်း(၄)၊ ၀န်ထမ်းကျင့်ဝတ်နှင့် စည်းကမ်းဆိုင်ရာ ပြစ်မှုများ၊ အပိုဒ် (၇)၊ (ခ) ပါ “တာဝန်ထမ်းဆောင်ရာ၌ရိုးသားဖြောင့်မတ်မှုမရှိခြင်းသို့မဟုတ် လိမ်လည်ခြင်းသို့မဟုတ် လိမ်လည်ရန်အားထုတ်ခြင်းသို့မဟုတ် လိမ်လည်ရန် အားပေးကူညီခြင်း” ကို ကျူးလွန်သည့်အတွက် ၀န်ထမ်းစည်းကမ်းထိန်းသိမ်းရေးလက်စွဲ၊အခန်း(၆)၊ ၀န်ထမ်းဆိုင်ရာ ပြစ်ဒဏ်များ၊ အပိုဒ် (၅၆)၊ (ဂ) အရရာထူးတိုးမြှင့်ခန့်ထားရန် အလှည့်ကြရောက်သည့် အချိန်မှ အစပြု၍ (၂) နှစ်ကြာရာထူးတိုးမြှင့်ခြင်းကိုရပ်ဆိုင်းလိုက်သည်ဟုအမိန့် ထုတ်ပြန်ခဲ့သည်။
အဆိုပါ ၀န်ထမ်းသည် သာမန် စည်းဖောက်ဖျက်မှုမျိုးမဟုတ်ပဲ၊ လိမ်လည်ခဲ့မှု အခြေအနေအရပ်ရပ်အရစာရိတ္တ ပျက်ယွင်းမှုဟုသတ်မှတ်နိုင်ကြောင
်း၊ ဥပဒေဘွဲ့ .ယူမည့်သူတစ်ယောက်ဖြစ်ခြင်း၊ ဥပဒေပိုင်းဆိုင်ရာဖြင့် အသက်မွေးဝမ်းကြောင်းမည့် အခြေအနေတွင်ရှိနေခြင်းတို့အရတရားဥပဒေမှန်ကန် တည့်မတ်ရေးဆောင်ရွက်ရမည့်သူတစ်ယောက်အနေဖြင့် နောင်တစ်ချိန်တွင် တရားရေးမဏ္ဍိုင်အတွက် ရင်လေးစရာအခြေအနေတွင် ရှိနေကြောင်းအငြိမ်းစားဥပဒေအရာရှိတစ်ဦးကသုံးသပ်သည်။
ထို့ကြောင့် ပြစ်မှုနှင့် ပြစ်ဒဏ် မျှတမှု ရှိနိုင် မရှိနိုင်လည်းသုံးသပ်စရာ ဖြစ်လာပါသည်။ တက္ကသိုလ်မှ အခြား ၀န်ထမ်းများမှာ ကိုယ်တိုင်မကျူးလွန်ပဲ မိသားစုဝင် တစ်ဦးဦးက ကျူးလွန်သည်နှင့် နေအိမ် လိုင်းခန်းမှ နှင်ထုတ်ခံနေရခြင်း ကြုံတွေ့ ခံစားနေခဲ့ကြရပြီးလူကြီးတစ်ဦးန
ှင့် ပတ်သက်သော ထိုဝန်ထမ်းမှာမူ သက်ညှာစွာဖြင့် “ရာထူးတိုးမြှင့်ခန့်ထားရန်အလှည့်ကြရောက်သည့်အချိန်မှအစပြု၍ (၂) နှစ်ကြာရာထူးတိုးမြှင့်ခြင်းကိုရပ်ဆိုင်းလိုက်သည်” ဟူသောအမိန့်သာထုတ်ပြန်ခဲ့သည်။
လိမ်လည် ကိုယ်ကျိုးရှာမှု ပြုခဲ့သောထိုစာရေးသည် ယခင် ၀န်ထမ်းရွေးချယ် လေ့ကျင့်ရေးအဖွဲ့ ယခု ပြည်ထောင်စု ရာထူးဝန်အဖွဲ့ အဖွဲ့ဝင်ဟောင်း ဦးညွန်ဆွေ ( စာရေးဆရာမောင်ဆွေသက်) အလုပ် သွင်းပေးထားခဲ့သူ ဖြစ်ကြောင်း ၀န်ထမ်းတစ်ဦးက ပြောပြသည်။ ဘယ်ကခေါ်လာပြီးဘယ်လိုစာရေးအဖြစ် တန်းပေးထားကြောင်းတော့ မသိဟုလည်းဆိုသည်။ သန္ဓေမိသားစုကလေးများမှာဘွဲ့ရသော
်လည်းလုပ်အားပေးအဖြစ်သာစတင် ၀င်ကြရကြောင်းလည်းသိရသည်။
“ဦးညွန့်ဆွေ ၀ိတ်နဲ့ ၀န်ထမ်း ခရိုနီအဖြစ် ၀င်လာပြီး ဆရာတရုတ်ကိုပညာတော်သင် သွားနေတဲ့အချိန်မှာရုံးတောင် မတက်ဘူး။ ဘယ်လိုအခွင့်အရေးရနေလည်းမသိဘူး။
ဒုရဲအုပ် တစ်ယောက်ဆိုလည်းကျောင်းကိုရောက်ကတည်းကရုံးမတက်ပဲသူ့စီးပွားရေးပဲလုပ်နေတာ။
“အဖွဲ့ဝင်ဟောင်း ဦးဝင်းအောင် အိမ်မှာလည်းဝန်ထမ်း(၂) ယောက်တောင် ခေါ်ထားတာ။ ရုံးတက်တဲ့ ၀န်ထမ်းတွေမှာ နေ့စဉ် အဆူအဟောက် အဆဲအဆိုခံနေကြရတယ်။ လုပ်ရတဲ့သူတွေကမျက်နှာကောင်းမရဘ
ူး၊ သူတို့တွေကတော့ အေးဆေးပဲ။”
“ကျနော်တို့က ကျွန်သဘောက်တွေ ဖြစ်မှန်းမသိ ဖြစ်နေကြတာ။ ရေရေလည်လည် စိတ်ပိန်တယ်။ မထွက်နိုင်သေးတော့လည်းခံနေရတာပေ
ါ့ ဆရာရယ်” ဟုဘေးစားပွဲမှ ၀န်ထမ်း တစ်ဦးက ၀င်ကာ ရင်ဖွင့် ပြောလာသည်။ ကျနော် သိပြီးကိစ္စများ ဖြစ်သော်လည်းသူတို့ ရင်တွင်းစကားများကိုနားထောင်ရင်းမှတ်တမ်းတင် ရေးသားဦးမည်ဟုတေးထားခဲ့သည်။
အဖွဲ့ဝင်ဟောင်းဦးညွန်ဆွေ ( စာရေးဆရာမောင်ဆွေသက်) သည်လည်းသူ တာဝန်ထမ်းဆောင် နေစဉ်ကသူ၏ယာဉ်မောင်းကိုဦးညွန်ေ
ဆွ ( စာရေးဆရာမောင်ဆွေသက်) အနားယူချိန်တွင် အဖွဲ့ရုံးမှ ဗဟိုဝန်ထမ်း တက္ကသိုလ် (ဖောင်ကြီး) သို့ အပြောင်းပြပေးပြီးသူ၏ရန်ကုန် အိမ်တွင်သာခေါ်ခိုင်းထားခဲ့သည်။လစာကိုကျောင်းမှ ထုတ်ပေးရသည်ဟုဆိုသည်။ နိုင်ငံတော်လစာဖြင့် သူတို့ အလုပ်သမားများလစာကိုပေးချေနေရသည်။
အလားတူ ဖြစ်ရပ်မျိုးတစ်နိုင်ငံလုံးတွင်
မည်မျှ ရှိနိုင်ကြောင်းစဉ်းစားဖို့ လိုမည် ထင်ပါသည်။ တစ်နိုင်ငံလုံးတွင် ၀န်ထမ်း ၅၀၀ ခန့် ထိုသို့ နိုင်ငံတော် လစာယူနေမည်ဆိုလျှင် တစ်နှစ်လျှင် ပျှမ်းမျှ သန်း (၅၀၀) ခန့် နိုင်ငံတော် ဘဏ္ဍာအလဟဿနစ်နာဆုံးရှုံးနေမည်သာဖြစ်ပါသည်။ လက်ထောက် ညွှန်ကြားရေးမှူး အဆင့်၊ ညွှန်ကြားရေးမှူး အဆင့်များထိ ပါဝင်နေသည်ကိုလည်း သတိပြုသင့်ပါသည်။ ပကတိအခြေအနေတွင် တစ်နိုင်ငံလုံးအနေဖြင့် ကျပ် သန်း (၅၀၀) ထက်မကရှိနိုင်ပါသည်။ ထိုငွေများဖြင့် ကျောင်းဆောင် ဘယ်နှစ်ဆောင်၊ ဆေးရုံ၊ဆေးခန်းဘယ်နှစ်လုံး၊ လမ်းဘယ်နှစ်လမ်းရနိုင်သည်ကိုလည်းထည့်သွင်းစဉ်းစားသင့်ပါသည်။
ထိုသိုသောနိုင်ငံတော်လစာစားပြီး
နိုင်ငံတော်၏ တာဝန်ကို မထမ်းဆောင်သည့် ၀န်ထမ်းများသည် နိုင်ငံတော် လစာအပြင် နေ့တွက်စရိတ်၊ ခရီးစရိတ်၊ သက်သာထောက်ပံ့ကြေးများပါ ရနေကြသည့်အတွက် ထိုငွေကြေးများပါ ထည့်သွင်းတွက်ချက်မည်ဆိုလျှင်…။
အဟောဝတ… ကောင်းလေစွ…နိုင်ငံ့ ၀န်ထမ်း ခရိုနီ ဘ၀…။ ။


                                                                                                       ဆက်ရန်...


                                                                                                           မောင်စိမ်းသူ(ချယ်ရီမြေ)

ဥပဒေသည်သာအကြီးမြင့်ဆုံးတန်ခိုးအာဏာဖြစ်သည်



      နိုင်ငံသားတစ်ယောက်အနေနဲ့ ဥပဒေရဲ့ အကာအကွယ် မရဘူးဆိုရင် အဲဒီလို ဥပဒေ အကာအကွယ် မရတဲ့ နိုင်ငံသားတွေ ဘာလုပ်လာမလဲ စဉ်းစားကြည့်မိတယ်။

    ဥပဒေကြောင်းအရ ဆောင်ရွက်လို့လဲ မရဘူးဆိုရင်ကော ဘာဆက်လုပ်နိုင်လဲ။ မီဒီယာတွေကနေ တုန့်ပြန်နေကြတာတွေကလည်း အများကြီးတွေ့နေရတယ်။ ဒီလိုတွေတွေ့နေရတာက ဘာကိုပြဆိုနေလဲ ဆိုတော့ကာ မြန်မာနိုင်ငံမှာ  ဥပဒေထက်မှာ ဥပဒေထက် အရာရောက်သူတွေ ရှိနေသေးကြောင်း မီးမောင်း ထိုးပြနေတယ်လို့မြင်မိတယ်။

(၁) ဥပဒေကြောင်းအရ
အမှန်တရားအတွက် ရဲရဲဝံ့ဝံ့ ရင်ဆိုင်တုန့်ပြန်ခြင်း၊

    ( အားသာချက်းးး အမှန်တရားကို လိပ်ြပာလုံလုံဖြင့် ဖြေရှင်းနိုင်သည်။ အားနည်းချက်းးး အကိုကြီး ညီလေးဖြင့်ပြီးတတ်သည်။)

(၂) မီဒီယာအားကိုးပြီး အမှန်တရားအတွက် တုန့်ပြန်ခြင်း၊

    ( အားသာချက်းးး လူထုထံ ပြန်နှံ့မှုမြန်ဆန် ကျယ်ပြန့်သည်။ တိကျသောမူရှိပြီး၊ မီဒီယာအလုပ်ကို မီဒီယာ သမားပီသစွာ လုပ်ဆောင်နိုင်သော၊ လုပ်ဆောင်ရဲသော မီဒီယာသမားများကြောင့် ပိုမို ထိရောက် နိုင်သည်။ အားနည်းချက်းးး မီဒီယာအချို့သည် ခါးပိုက်ဆောင်တွင် ထည့်ခံထားရသည်။ မီဒီယာသမား အချို့သည် အမျိုးသားရေးအမြင် အားနည်းသည်။ )

(၃) လွှတ်တော်တွင် တင်ပြဆွေးနွေးနိုင်ရန် ဆောင်ရွက်ခြင်း

    ( အားသာချက်းးး ပိုမိုထိရောက်နိုင်သည်။ နိုင်ငံတော်မူတစ်ရပ် အနေဖြင့် ပေါ်ပေါက်လာနိုင်သည်။ သို့သော် ပုဂိုလ်ရေးရှေ့တန်းမတင်သင့်။ Vision ရှိရှိဖြင့် အနာဂတ်အမြင်ထားဆာင်ရွက်သင့်သည်။ အားနည်းချက်းးး တင်ပြပေးမည့် အမျိုးသားရေးအမြင်ရှိသော လွှတ်တော်ကိုယ်စားလှယ်များက သာလျှင် တင်ပြဆွေးနွေးပေး နိုင်သည်။ လွှတ်တော်ကိုယ်စားလှယ်တိုင်းကို အားကိုးနိုင်မည်မဟုတ်။ ကန့်ကွက် ပယ်ချခံရနိုင်သည် ကိုလည်း သတိပြုသင့်သည်။)

(၄) လက်တုန့်ပြန်ခြင်း

      ( အားမပေးလိုပါ။ သို့သော်တားမြစ်မည်မဟုတ်ပါ။ လူသည် ကိုယ်တိုင်ခံစားဘူးမှ ကိုယ်ချင်းစာ နားလည် တတ်သည်။ သူများအမေသေတော့ အသုဘကမ္မဌာန်းဟောပြီး၊ ရဟန်းမယ်တော်သေတော့ အငိုကြီး ချက်မတတ်သော ရဟန်းလိုလူများရှိတတ်သည်။ တလောက ကိုးရီးရွေးကောက်ပွဲအကြောင်း ရိုက်ကူးထားသော 5 Move လိုင်းတစ်လိုင်းတွင် ကြည့်လိုက်ရသည့်ဇာတ်လမ်းတွင် ဥပဒေ အကာအကွယ် မရသော ရဲအရာရှိက တရားရုံးတစ်ခုတွင် အတင်းဝင်ရောက်ကာ သေနတ်ပစ်ခတ်မှုဖြစ်ပွား ခဲ့ခြင်းကို တရားရင်ဆိုင်စဉ် သူ၏လုပ်ဖော်ကိုင်ဘက် ရဲအရာရှိက အလုပ်ထွက်ကာ ရှေ့နေအဖြစ်လျှောက်လဲပေး သည့်အခန်း။ ထိုရှေ့နေ၏ ဒိုင်ယာလော့ကို ကြိုက်မိသည်။ နိုင်ငံသားတစ်ယောက်ကို အကာအကွယ် မပေးသော ဥပဒေကို တိုက်ခိုက်ခြင်းဖြစ်ပါသတဲ့။)

(၅) နောက်မတွန့်ပဲ ရဲဝံ့ပြတ်သားစွာ အဆက်မပြတ် ထိုးနှက်ခြင်း

     ( မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် နေ့ခြင်းညခြင်းရောက်ခဲ့သည် မဟုတ်ပါ။ အချိန်ယူရပါမည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ မြန်မာနိုင်ငံ သံရုံးတွင် သူရဦးအောင်ကိုက ပညာရေးအဆိုရှုံးနိမ့်ခဲ့မှုနှင့် ပတ်သက်ပြီး ရင်ဖွင့်ခဲ့ဘူးသည်။ ယခုအချိန်တွင် ပညာရေးပြုပြင်ပြောင်းလဲမှုတွေ လုပ်နေပြီကိုတွေ့နေ  ရသည်။ “Time will tell. ဟုပြောနိုင်ပါသည်။” )

  အကြောက်တရားကြီးမားနေဆဲသူများကို စည်းရုံးနိုင်ရန် ကြိုးပမ်းသင့်သည်။ တစ်ယောက်အားဖြင့် ယူသော်မရသော်လည်း တစ်သောင်းအား၊ တစ်သိန်းအားဖြင့် ယူသော် ရနိုင်ပါသည်။ ပြိုင်တူ တွန်းလျှင် ရွေ့နိုင်ပါသည်။

     Rule Of Law In Myanmar ကပို့စ်လေးတစ်ခုကို အမှတ်ရမိသွားတယ်။ အဲမှာ...
 
      နိုင်ငံတခု အတွင်း၌ တရားဥပဒေသည် တန်ခိုးအာဏာအကြီးမြင့်ဆုံးနေရာ၌ ရှိရပေမည်။

  မည်သူမဆိုဥပဒေကိုကျော်လွန်၍လုပ်ကိုင်ဆောင်ရွက်ခြင်းမှန်သမျှကိုမည်သည့်ဥပဒေကမျှ ခွင့်ြုပမည် မဟုတ်ပေ။ သက်ဆိုင်ရာအာဏာပိုင်များသည် မိမိထင်ရာမြင်ရာကို လုပ်ကိုင်ဆောင်ရွက်ခွင့် အာဏာမရှိဘဲ တရားဝင် အတည်ဖြစ်နေသော ဥပဒေများနှင့်ဆီလျော်ကိုက်ညီသည့် အတိုင်းတာအရသာ လုပ်ကိုင်ဆောင် ရွက်စေခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ- မည်သည့်ကိစ္စရပ်ကိုမဆို ဥပဒေမဲ့၊ တရားလက်လွတ်ြုပမူဆောင် ရွက်ခြင်းကိုခွင့်မပြုဘဲ၊ ပြဌာန်းထားရှိပြီးဖြစ်သော ဥပဒေများနှင့်အညီသာလျှင်၊ မည်သူမဆို လိုက်နာ၊ ကျင့်ကြံ၊ ပြုမူဆောင်ရွက်စေ ခြင်းပင်ဖြစ်ပေသည်။
  ထို့အတူဥပဒေဆိုရိုးစကားတခုဖြစ်သော “ဥပဒေ၏အထက်၌ မည်သူမျှမရှိစေရ။”ဟု ဆိုသောစကားရပ် မှာလည်း ဥပဒေသည်သာ အကြီးမြင့်ဆုံး တန်ခိုးအာဏာဖြစ်သည် ဆိုသည်ကို ထပ်တူ အဓိပ္ပါယ်ဖေါ် ညွှန်းခြင်းပင်ဖြစ်သည်။ ဥပဒေတခုကြိုပလုပ်ပြဌာန်းပြီးဖြစ်ပါကအဆိုပါဥပဒေကို ဥပဒြေုပလုပ်သူအပါအ၀င်၊ နိုင်ငံသား အားလုံးကလေးစားလိုက်နာကြရမည်ဖြစ်သည်။ အဆိုပါ ဥပဒေကို ချိုးဖေါက်ပါက ဥပဒေ ကြိုပသူပင်ဖြစ်စေ၊ ဥပဒေကို ကိုင်တွယ်ကျင့်သုံးသော အစိုးရပင်ဖြစ်စေကာမူ ဥပဒေအရ သတ်မှတ်ထား သည့်ပြစ်ဒဏ်ကိုကျခံရမည်ဖြစ်ပေသည်။ ဤသည်မှာ တရားဥပဒေ စိုးမိုးရေး၏ အဓိကနှင့် အခြေခံ အကျဆုံးသောမူတရပ် လည်းဖြစ်ပေသည်။
  တရားဥပဒေ စိုးမိုးမှုမရှိသည့် နိုင်ငံများတွင်မူ အုပ်ချုပ်သူ အာဏာရှင်များသည် တိုင်းသူပြည်သားများ လိုက်နာရန်အတွက် ဥပဒေအမျိုးမျိုးကိုထုတ်ပြန်၍
လက်နက်အပြည့်အစုံဆောင်ထားပါ။
ကြီးလေးသောပြစ်ဒဏ်များကိုလည်း သတ်မှတ်ခါ ၄င်းတို့၏ ဥပဒေကိုချိုးဖေါက်သော သူများကို ရက်စက်စွာ အပြစ်ပေးလေ့ရှိသည်ကိုတွေ့ရမည်ဖြစ်ပေသည်။ သို့ရာတွင် ၄င်းတို့ကိုယ်တိုင်၌ကမူ ၄င်းတို့ထုတ်ပြန် ထားသော ဥပဒေများကိုလေးစားလိုက်နာခြင်း မရှိကြပေ။ ဆိုလိုသည်မှာ ဥပဒေဟူသည် အုပ်ချုပ်ခံ တိုင်းသူပြည်သားများကလိုက်နာရန်ရေးဆွဲထားခြင်းသာဖြစ်ပြီး၊ ၄င်းတို့မှာမူအုပ်ချုပ်သူ များဖြစ်၍ ဥပဒေများ၏အထက်တွင်ရှိသဖြင့် ဥပဒေများကိုလိုက်နာရန်မလို- ဆိုသောအဓိပ္ပါယ်ပင်ဖြစ်ပေသည်။ ဥပဒေများကိုလည်း ၄င်းတို့၏အကျိုးစီးပွားကိုထိခိုက်လာနိုင်ရန် အကြောင်းပေါ်ပေါက်လာတိုင်း အချိန်အခါ မရွေးအပြောင်းအလဲအမျိုးမျိုးကိုပြုလုပ်လေ့ရှိကြသည်။ မိမိတို့၏ အာဏာဆက်လက်တည်မြဲမှုအတွက် တရားဥပဒေစိုးမိုးရေးကိုလစ်လျှူရှုပြီး၊ ဥပဒေကိုဖိနှိပ်မှု ယန္တယားတရပ်အဖြစ် အသုံးပြုခြင်းပင်ဖြစ်သည်။ 
   ထိုကဲ့သို့သောအခြေအနေမျိုးဆိုက်ရောက်နေသောကာလ၊ ဒေသ၊ အခြေအနေမျိုးဖြစ်ပါက အဆိုပါ နိုင်ငံတစ်နိုင်ငံ၌ တရားဥပဒေစိုးမိုးမှုမရှိကြောင်းကိုသိသာထင်ရှားစွာတွေ့မြင်နိုင်မည်ဖြစ်ပေသည်။

ကဲ... ဘယ်လိုလုပ်ကြမှာ..................။

                                                                            မောင်စိမ်းသူ( ချယ်ရီမြေ )