ကျနော့်မိတ်ဆွေတစ်ယောက် ဆောင်းပါးမှာ လုပ်ချလိုက်တာ ကျနော့်မှာ မွန်ဂိုလီးယား ဘွဲ့သွားယူရတဲ့ အဆင့်ကို ရောက်ကရောပဲ။
ကျနော် ပြောခဲ့တာက ပေကျင်းက ချင်းဟွာ တက္ကသိုလ်မှာ International Master of Public Administration (IMPA) အတန်းကို တက်နေစဉ်က ဖွံ့ဖြိုးတိုးတက်နေတဲ့ ရှန့်ဟိုင်မှာ လက်တွေ့ဆင်းခဲ့ရသလို မွန်ဂိုလီးယားဘက်က ကန်ပေါင်စီးတီးမှာလည်း လက်တွေ့ဆင်းပြီး စာတမ်းတွေတင်ခဲ့ရတယ်ဆိုတာ။
အဲလို လက်တွေ့ဆင်းတဲ့အခါ မြို့ပေါ်သာမက ကျေးလက် တောရွာတွေမှာပါ ဆင်းခဲ့ ရတဲ့အကြောင်း၊ ကျေးလက် တောရွာတွေမှာ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေက ပညာ တတ်တွေ ဖြစ်ကြောင်း၊ ကျေးလက် အုပ်ချုပ်ရေးမှူး ရုံးမှာ စာဖတ်ခန်း၊ ရုပ်သံခန်းတွေ ပါရှိကြောင်း၊ ပြီးတော့ အားကစားကွင်းနဲ့ ပန်းခြံပါရှိကြောင်း (ကျနော်တို့ဆီမှာလို ဆိုရင် ကျေးလက်တွေမှာ ပြန်ကြားရေးရုံး အငယ်စားလေး ထားနိုင်မယ် ထင်ပါ တယ်။)၊ ကျေးလက် အုပ်ချုပ်ရေးမှူးကို မြို့နယ်ကောင်စီ၊ မြို့နယ် အုပ်ချုပ်ရေး နဲ့ မြို့နယ်ပါတီတွေက ဆင့်ကဲ ကွပ်ကဲသွားကြောင်း၊ လက်တွေ့လည်း ဆောင်ရွက်ကြောင်း၊ အဓိက ပြော ချင်သည်မှာ ဆင့်ကဲဆင့်ကဲ Follow Up လုပ်သွားကြောင်း၊ ကျနော်တို့ဆီမှာ ပါတီကောင်စီခေတ်ကတည်းက မအောင်မြင်ခဲ့တဲ့ န၀တလက်ထက်မှာ မအောင်မြင်ခဲ့တဲ့ ဂျီအီးစီ ဒါတွေကိုကြည့်ပြီး သမ၀ါယမစနစ် မအောင်မြင်နိုင်ကြောင်း၊ အောင်မြင်အောင် လုပ်မည်ဆိုပါက Follow Up System ကို ပီပီပြင်ပြင် ဆောင်ရွက်နိုင်မှသာ အောင်မြင်နိုင်ကြောင်း၊ ခေတ် အဆက်ဆက် လူလည်လူနပ်များသာ ဂွင်တည့်သွားကြကြောင်း၊ လက်တလော ဖြစ်သွားတာပြောရရင် ဗဟိုဝန်ထမ်း တက္ကသိုလ်တွင် သမချေးငွေကို အောက်သို့ အပြည့်အ၀ ချေးမပေးပဲ တာဝန်ရှိသူ တစ်ဦးက သိန်း ၃၀၊ ၄၀ လောက် ဖြတ်ယူထားပြီး သူ့စီးပွားရေးမှာ ရင်းနှီးမြုပ်နှံမှု လုပ်ထားခဲ့ကြောင်းတွေ ပြောခဲ့တာ ဖြစ်ပါတယ်။
ခုတော့ မိတ်ဆွေက မွန်ဂိုလီးယားကို ပို့ပစ်လိုက်တာ အဲမှာ သိုးသားပဲ စားနေရတော့မယ်ဗျာ။ ။ဒါပေမယ့် မွန်ဂိုမလေးတွေကတော့ အချောသားဗျ။
……………………
သမ၀ါယမ ချေးငွေတွေနဲ့ ပတ်သက်လို့ မြင်ရ တွေ့ရ ကြားသိနေရတာလေးတွေ ပြောပါရစေ။
ဗဟိုဝန်ထမ်း တက္ကသိုလ်(ဖောင်ကြီး)မှာ အုပ်ချုပ်မှုရုံးက ဌာနခွဲမှူး အမျိုးသမီးဆို အုပ်ချုပ်မှုရုံးကနေ ရိပ်သာဌာနစုကို သူ့ကြောင့် ပြောင်းသွားတဲ့ ၀န်ထမ်းတစ်ဦးအား ဌာနပြောင်းသွားပြီဖြစ်လို့ဆိုပြ
တက္ကသိုလ် ပတ်လည်က ရွာတွေမှာလည်း လုပ်ပိုင်ခွင့်ရှိသူ အချို့က သူ့တစ်အိမ်တည်းကို သူ့အမည်၊ သူ့မိန်းမအမည်၊ သူ့သားသမီးအမည်၊ သူ့မိဘအမည် စတာတွေနဲ့ ချေးယူတာတွေ မြင်နေ ကြားနေရပြန်တယ်။ လယ်ယာချေးငွေဆိုရင်လည်း ထိုနည်းလည်းကောင်းလို့ ဆိုပါတယ်။
ကျေးလက်ကလူတွေ မညံ့ကြတော့ပါဘူး။ စာတတ်နေကြပါပြီ။ ရုပ်သံ၊ ဂျာနယ်၊ သတင်းစာ၊ ရေဒီယို စတာတွေက သူတို့ကိုမျက်စိ ဖွင့်ပေးနေတာ အောင်မြင်ပါတယ်။ ဖုန်းတွေကိုင်နိုင်လာကြတော့ အွန်လိုင်းမီဒီယာ လူမှု ၀က်ဘ်ဆိုက်တွေကနေ အချိန်မီ သတင်းအချက်အလက်တွေ ရနေကြပါပြီ။ ဒီတော့ ကျေးလက်တွေမှာ လုပ်ပိုင်ခွင့်ရှိသူတွေ မဟုတ်တာလုပ်မလုပ် မြင်တတ် ကြည့်တတ် တွေးတတ်လာကြတာကို တွေ့လာရပါတယ်။
ဒါတွေကို သဘောမပေါက်တဲ့ ပါရာဒိုင်းအရွေ့ကို နားမလည်တဲ့ တာဝန်ရှိသူတွေက အဟောင်းကိုပဲ အသေဖက်တွယ်နေကြတာကို တွေ့ရတော့ ၂၀၁၄ ဟာ အဖွဲ့အစည်းနဲ့ ကျေးလက် ခရိုနီတွေ မြွေပွေးကိုက်ခံ ရမယ့်နှစ်လို့ တွက်လို့ ရနေပါတယ်။
ယနေ့ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို ကြိုတင်ဟောကိန်းထုတ်ပြီး ကျနော်တို့ ၀န်ထမ်းတွေ ချိန်းလုပ်ဖို့ ပြောခဲ့တာကို ၂၀၁၀ ရှေ့ပိုင်း သင်တန်း တက်ခဲ့တဲ့သူတွေ မှတ်မိလိမ့်မယ်ထင်ပါတယ်။
အားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေ။
No comments:
Post a Comment