ဗဟိုဝန်ထမ်း တက္ကသိုလ် (ဖောင်ကြီး) ကို ၁၉၆၅ ခုနှစ်၊ ဇန္န၀ါရီလ (၁) ရက်နေ့က စတင်တည်ထောင် ခဲ့သည်။ ယခုဆိုလျှင် ၄၈ နှစ်ပြည့်ရန် ရက်ပိုင်းသာ လိုပါတော့သည်။
တက္ကသိုလ် နှစ်ပတ်လည်နေ့တွင် ၀န်ထမ်းများအား ၀န်ထမ်းသက်သာ ရန်ပုံငွေမှ ရွှေ၊ ဆိုင်ကယ်၊ တီဗီ၊ ရေခဲသေတ္တာ စသည်များ ထည့်သွင်း မဲဖောက်ပေးမည်ဟုသိရသည်။
ထိုသို့ တန်ဘိုးကြီး ပစ္စည်းများ မဲဖောက်ခြင်းကို ၀န်ထမ်းအများ စုက နှစ်သက်မှု မရှိကြောင်းလည်း ကြားသိခဲ့ရသည်။
“ တန်ဘိုးကြီး ပစ္စည်း အနဲအကျဉ်းထည့်ပြီး မဲဖောက်တယ်ဆိုရင် တော်သေး တယ်။ တစ်ယောက်ကို တစ်သောင်းခွဲဖြင့် တစ်သောင်းခွဲ၊ နှစ်သောင်းဖြင့် နှစ်သောင်း ပေးလိုက်တာကမှ ၀န်ထမ်းတွေ သုံးရဦးမယ်။ ငွေပဲ လိုချင်တယ်။ ပစ္စည်းက မဲပေါက်မပေါက် မသေချာဘူး။ ပေါက်လည်း ၃၀၀၀ တန် ပစ္စည်းလောက်ပဲရတာ။ တန်ဘိုးကြီးပေါက်တဲ့သူလည်း ကိုယ့်အိမ်မှာ ရှိပြီးသားဆိုရင် အောက်ဈေးနဲ့ ပြန်ထုတ်ရောင်းနေရမှာ။ ငွေပေးလိုက်တော့ ၀န်ထမ်းတွေ မျှမျှတတ ရတာပေါ့။ ပစ္စည်းက ဆရာလည်းသိသားနဲ့။ အ၀ယ်တော်တွေ ညှိပြီး ဈေးတင် အိတ်ထဲထည့်နေကြတာ ခုမှ မဟုတ်တာ။ အရင်ကတည်းက အစဉ်အလာလို ဖြစ်နေတာပဲလေ။” ဟု ၀န်ထမ်းတစ်ဦးက သူ့အမြင်ကို ပြောပြသွားသည်။
မောင်စိမ်းသူ(ချယ်ရီမြေ)
No comments:
Post a Comment