ဗဟိုဝန်ထမ်းတက္ကသိုလ် (ဖောင်ကြီး)တွင် ဒုချုပ်(လကရ)နှင့် ဌာနကြီးမှူး (စီမံ)မတို့၏ အင်အားကြီးသော အုပ်စုမှ အ၀ယ်တော် အုပ်စုက ရနေကြ အခွင့်အရေးများ(နှစ်စဉ် သိန်းဆယ်ချီစားခွင့် ၀ယ်ယူမှု) ထိခိုက် လာသည့်အတွက် ပါမောက္ခချုပ် ဦးညီညီစံထံ ဌာနကြီးမှူး (စီမံ)မ က ၀င်ရောက်ကာ ၀န်ထမ်းများငွေသား သာ လိုချင်သည်ဟု ပြောခြင်းမှာ စီမံခန့်ခွဲမှုပညာ ဌာနမှူး ဒေါက်တာ နမ့်ခင်သင်းစု (စာပေးစာယူတစ်ဘွဲ့ရ ဌာနကြီးမှူး၊ ဌာနမှူးမဟုတ်ပါ။) သည် ပုဂ္ဂိုလ်ရေး အမြင်မကြည်သဖြင့်ပြောခြင်းဟု အပုတ်ချခဲ့ပြီး တက္ကသိုလ် နှစ်ပတ်လည်အတွက် ဆုမဲဝယ်ယူခွင့်ရရေး လုပ်ဆောင်ချက် အောင်မြင်သွားကြောင်း ၀န်ထမ်းတစ်ဦးကပြောသည်။
ယခင်အပတ်များကလည်း ဒုချုပ်(လကရ)၏ ဥပဒေပညာဌာနမှ ၀မ်းမနာ သမီးတော်ကလည်း စီမံခန့်ခွဲမှု ပညာ ဌာနမှူး ဒေါက်တာ နမ့်ခင်သင်းစု (စာပေးစာယူတစ်ဘွဲ့ရ ဌာနကြီးမှူး၊ ဌာနမှူးမဟုတ်ပါ။) အား “အပြင် သွားရင် ကြည့်သွား၊ ချောင်းရိုက်ခံရဦးမယ်” ဟုပြောကြောင်းသိရသည်။
ယခင်က ဒုချုပ်(လကရ)နှင့် ဌာနကြီးမှူး (စီမံ)မ တို့၏ ပူးပေါင်းထိုးနှက် ချက်ကြောင့် ခေတ္တပါမောက္ခချုပ် အငြိမ်းစားပေးခံလျုက်ရသည် ဟုလည်းသိရသည်။
No comments:
Post a Comment