Labels

Monday, December 23, 2013

“ယတြာတွေခြေနေပြီလား”


ယနေ့ (၂၃.၁၂.၂၀၁၂၊ တနင်္လာ) ပြည်ထောင်စုရာထူးဝန်ဥက္ကဌ ဦးကျော်သူသည် အခြေခံပညာဆရာ၊ ဆရာမ အထူးမွမ်းမံသင်တန်း အမှတ်စဉ် (၈၇) ဖွင့်ပွဲသို့ လာဟန်ပြကာ တက္ကသိုလ်အတွင်းရှိ ADG ဘဏ် ကို  လှည့်လည် ကြည့်ရှုမှု အယောင်ပြပြီး တက္ကသိုလ်၏ ဂုဏ်ဆောင် ဆုတောင်းပြည့်ကိုးန၀င်းစေတီတွင် ပန်းများဆက်ကပ်လှူဒါန်း ယတြာချေသွားကြောင်း ၀န်ထမ်းတစ်ဦးက သတင်းပေးပို့သည်။ 

“ကျောင်းကို မလာတာကြာပြီဗျ။ အရင်တုန်းက လာရင်လည်း ဘုရားကို တစ်ခါမှမသွားဘူးဘူး။ အခုမှပဲ သွားတာတွေ့ရတယ်။ ယတြာတွေချေကုန်ပြီ။ သူ့မိန်းမတောင် ပါလာသေးတယ်ဗျာ။ တစ်ခါမှ မလိုက်ဘူးပါဘူး” ဟု ထိုဝန်ထမ်းက ဆိုသည်။

ဦးကျော်သူနှင့် အဖွဲသည် နံနက် ၉နာရီတွင် ရောက်ရှိလာပြီး ၉ နာရီခွဲတွင် သင်တန်းဖွင့်ပွဲတက်ရောက်ကာ  ဘဏ်နှင့် ဘုရားသို့ သွားရောက် ယတြာချေပြီး ၁၁နာရီခွဲတွင် ထွက်ခွာသွားသည်ဟု  အခြားအရာထမ်း တစ်ဦးက ပြောသည်။

ယနေ့သည် တနင်္လာနေ့ဖြစ်ပြီး ဦးကျော်သူသည်လည်း တနင်္လာသားဟု သိရသည်။ ကိုးန၀င်းစေတီမှာ လည်း တနင်္လာနံဖြစ်သည်။ တနင်္လာသား တနင်္လာနေ့ တနင်္လာဘုရားတွင် ရွှေပန်းအိုး ငွေပန်းအိုး တို့ဖြင့် နှင်းဆီဝါ ဂန္ဒမာဝါတို့ဖြင့် ယတြာချေသွားကြောင်း ပြောကြသည်။

 နိုင်ငံတော် ဘဏ္ဍာများ နည်းလမ်းပေါင်းစုံဖြင့် ရယူခဲ့မှု၊ အောက်ရုံးများမှ ၀န်ထမ်းများကို ဦးကျော်သူ နန်းတော် ဆောက်လုပ်ရေး တွင် ခေါ်ယူခိုင်းစေမှု၊ စာရင်းစစ်ကန့်ကွက်ချက်၊ နောက်ကြောင်းပြန် တင်ဒါခေါ်မှု၊ နီးစပ်ပတ်သက်သူကို တင်ဒါပေးမှု၊ ၀န်ထမ်းစည်းမျဉ်း စည်းကမ်းများ ပြဌာန်း၊ ၀န်ကြီးဌာနများကို အကြံပေးနေရသည့် အဖွဲ့ အစည်း  ဖြစ်သော်လည်း သူကိုယ်တိုင် ထိုဝန်ထမ်းစည်းမျဉ်း စည်းကမ်းများကို ဖောက်ဖျက်ခဲ့မှု၊ လူ့အခွင့် အရေးချိုးဖောက်မှု၊ သူ့လူများကို နေရာ ရာထူးများပေးမှု၊ ပညာရှင်အဖွဲ့ဝင်များကို ချောင်ထိုးထားမှု၊ ပညာရှင်များကို မလိုလားမှု တို့သည် ဦးကျော်သူ၏ ပြယုတ်မျာဟုလည်း ဆိုကြသည်။

 

မကောင်းမှုဟူသည် ဆိတ်ကွယ်ရာ မရှိပေ။ ထို့အတူ မကောင်းမှုပြုသူအတွက် ကောင်းသော ဆုတောင်း လည်း ပြည့်နိုင်မည် မဟုတ်ကြောင်း သက်ကြီးဝါကြီး ၀န်ထမ်းတစ်ဦးက မှတ်ချက်ပေးသည်။

No comments:

Post a Comment