April 5, 2013 at 4:30pm
HTUT Co.,Ltd ၏ One LIKE and Share အလှူတော်
ထေရ၀ါဒဗုဒ္ဓဘာသာဝင်များခင်ဗျာ
ကျွန်တော်တို့ HTUT Co.,Ltd မှမင်္ဂလာရှိသော One LIKE and Share အစီအစဉ်တစ်ရပ်ကိုအမျိုး၊ ဘာသာ၊ သာသနာထွန်းကားပြန့်ပွားရေးအတွက် ရည်မျှော်ကာ စီစဉ် ပြုလုပ်လိုက်ပြီဖြစ်ပါသည်။
One LIKE and Share အစီအစဉ်ဆိုသည်မှာ www.facebook.com/ShwedagonMediaKit လိပ်စာပါ ShwedagonMediaKit Page အား LIKE တစ်ချက်ပြုလုပ်တိုင်း ထေရ၀ါဒဗုဒ္ဓဘာသာ ထွန်းကား ပြန့်ပွားရေး အတွက် သာသနိကအဆောက်အအုံများ၊ ထေရ၀ါဒဗုဒ္ဓသာသနာပြန့်ပွားရေးအတွက် ကြိုးပမ်းနေကြသော လုပ်ငန်းစဉ်များအတွက် အလှူပါဝင်နိုင်မည့် အစီအစဉ်ဖြစ်ပါသည်။ ShwedagonMediaKit Page အား သင်၏ LIKE တစ်ကြိမ်ပြုလုပ်ခြင်းသည် သင့်အနေဖြင့် အလှူငွေတစ်ဆယ်ကျပ်ကိုအမျိုး၊ ဘာသာ၊ သာသနာထွန်းကားပြန့်ပွားရေးအတွက် လှူဒါန်းလိုက်ခြင်း ပင်ဖြစ်ပါသည်။
ShwedagonMediaKit Page ကို LIKE တစ်သောင်းပြည့်တိုင်း HTUT Co.,Ltd မှနေ၍ထေရ၀ါဒ ဗုဒ္ဓသာသနာ ထွန်းကားပြန့်ပွားရေး အတွက် LIKE ပြုလုပ်သူများကိုယ်စား လှူဒါန်းမှုများပြုလုပ်သွားမည်ဖြစ်ပြီးအဆိုပါအလှူအားလည်း ဓာတ်ပုံ မှတ်တမ်းများဖြင့် ဝေေ၀ဆာဆာဖော်ပြသွားမည် ဖြစ်ပါသည်။
သင်၏ One LIKE and Share တစ်ကြိမ်ပြုလုပ်ခြင်းသည် ထေရ၀ါဒဗုဒ္ဓသာသနာတော်ထွန်းကားပြန့်ပွားရေးအတွက် အုတ်တစ်ချပ်၊ သဲတစ်ပွင့်ပမာ ပါဝင်ထောက်ပံ့ခြင်းဖြစ်သည်သာမက Share ပြုလုပ်ခြင်းဖြင့်သင်၏မိတ်ဆွေများ အားလည်း ကုသိုလ်တွင်ပါဝင်စေခြင်းဖြစ်ပါသည်။ ထို့အတူ သင်၏မျှဝေခြင်းShare သည်လည်း အခြားသူများ ကုသိုလ်ပြုတိုင်း သင့်ကုသိုလ်သည်လည်း ပါဝင်နေမည်ဖြစ်ပါသည်။ ထိုသို့ One LIKE and Share ပြုလုပ်ကာ ကုသိုလ်မျှဝေခြင်းဖြင့် ကျွန်တော်တို့ထေရ၀ါဒ ဗုဒ္ဓသာသနာတော်နှင့်တကွ ၊ အမျိုး၊ ဘာသာအတွက်ပါ စုစည်းညီညာ လက်တွဲကာဖြင့် လှူဒါန်းကြပါစို့ဟု နိဗ္ဗာန်အကျိုးမျှော် ၍နှိုးဆော်အပ်ပါသည်ခင်ဗျာ။
သို့ဖြစ်ပါသောကြောင့်facebook အသုံးပြုရင်းနှင့် ထေရ၀ါဒဗုဒ္ဓဘာသာ၏ အကျိုးအတွက် မင်္ဂလာရှိစွာသော အလှူဖြင့်One LIKE and Share ပြုလုပ်ကြပါရန်ဖိတ်ခေါ်လိုက်ရပါသည်။

HTUT Co.,Ltd ၏ One LIKE and Share အလှူတော်
No comments:
Post a Comment