Labels

Thursday, December 19, 2013

အခွင့်ထူးခံ ၀န်ထမ်းခရိုနီများ

ဥပဒေ၊စည်းမျဉ်းစည်းကမ်းတွေက ပြည်သူကို အမှန်တကယ် အကာအကွယ် မပေးရင် အဲဒီဥပဒေ၊ စည်းမျဉ်းစည်းကမ်းတွေကို တိုက်ခိုက်ရမှာပဲ

ဗဟိုဝန်ထမ်းတက္ကသိုလ် ( ဖေါင်ကြီး) ဥပဒေပညာဌာနမှ အငယ်တန်းစာရေး ခြူးခြူးဝေဟန်သည် ဒဂုံတက္ကသိုလ်၌ဥပဒေရိုးရိုးဘွဲ့ တက်ရောက်သင်ကြားနေသော်လည်းဥပဒေမ
ဟာဘွဲ့ ပထမနှစ်ဝက်သင်တန်းကိုတက်ရောက်အောင်မြင်ခဲ့ကြောင်းလိမ်လည်တင်ပြခဲ့ခြင်း၊ ဥပဒေမဟာဘွဲ့ပထမနှစ်ဝက်သင်တန်းကိုတက်ရောက်နေသည့်ဟန်ဖြင့် ရုံးမတက်ပဲလိမ်လည် အခွင့်အရေးယူခဲ့ခြင်း၊ မဟာဥပဒေပထမနှစ် (ဒုတိယနှစ်ဝက်) သင်တန်းတက်ရောက်ခွင့်ပြုရန် ထပ်မံလိမ်လည်တင်ပြခဲ့ခြင်း၊ တက္ကသိုလ်မှ ခွင့်ပြုထားသောပညာသင် ထောက်ပံ့ကြေးကိုလိမ်လည် ထုတ်ယူခဲ့ခြင်းများပြုခဲ့ကြောင်းသိရှိရသည်။
ယင်းသို့ လိမ်လည် တင်ပြသော်လည်းသက်ဆိုင်ရာဗဟိုဝန်
ထမ်းတက္ကသိုလ် ( ဖေါင်ကြီး) ဥပဒေပညာဌာနမှမစိစစ်ခဲ့ဘဲထောက်ခံတင်ပြခဲ့ကာတက္ကသိုလ် အကြီးအမှူးကလည်းခွင့်ပြုပေးခဲ့သည်ဟုဆိုသည်။
ထိုလိမ်လည်မှု ဖြစ်စဉ်ကိုလေ့ကျင့်သင်ကြားရေးရံ
ုးမှ ဌာနကြီးမှူး (အုပ်ချုပ်^ထောက်ပံ) ဦးသိန်လွင်၊ လေ့ကျင့်သင်ကြားရေးရုံးမှ ဌာနမှူး (အုပ်ချုပ်^ထောက်ပံ) ဦးဝင်းလွင်၊ စီမံခန့်ခွဲရေးရုံးမှ ဌာနမှူး (၀န်ထမ်းရေးရာ) ဦးဝင်းမင်းငြိမ်း တို့ပါဝင်သော ဌာနဆိုင်ရာစုံစမ်းစစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးခဲ့သည်။
၎.၉.၂၀၁၃ နေ့စွဲဖြင့် ဒဂုံတ္ကသိုလ်၊ ဥပဒေဌာန၏စာအမှတ် ၃၆၄၆^ဒဂတ(စမ-၁)^ ၂၀၁၃ ဖြင့် ဗဟိုဝန်ထမ်းတက္ကသိုလ် ( ဖေါင်ကြီး) ဥပဒေပညာဌာနမှအငယ်တန်းစာရေး ခြူးခြူးဝေဟန်သည်မဟာအရည်အချင်းစ
စ် သင်တန်းကိုကျောင်းခေါ်ချိန် (၇၅) ရာခိုင်နှုန်း ပြည့်မီအောင် တက်ရောက်ထားခြင်းမရှိကြောင်းဗဟိုဝန်ထမ်းတက္ကသိုလ် ( ဖေါင်ကြီး) သို့ အကြောင်းကြားခဲ့ကြောင်းလည်းသိရှိရသည်။
ဌာနဆိုင်ရာစုံစမ်းစစ်ဆေးရေးအဖွဲ
့၏စစ်ဆေးတင်ပြချက်ချက်အရ ၀န်ထမ်းစည်းကမ်း ထိန်းသိမ်းရေးလက်စွဲ၊ အခန်း(၄)၊ ၀န်ထမ်းကျင့်ဝတ်နှင့် စည်းကမ်းဆိုင်ရာ ပြစ်မှုများ၊ အပိုဒ် (၇)၊ (ခ) ပါ “တာဝန်ထမ်းဆောင်ရာ၌ရိုးသားဖြောင့်မတ်မှုမရှိခြင်းသို့မဟုတ် လိမ်လည်ခြင်းသို့မဟုတ် လိမ်လည်ရန်အားထုတ်ခြင်းသို့မဟုတ် လိမ်လည်ရန် အားပေးကူညီခြင်း” ကို ကျူးလွန်သည့်အတွက် ၀န်ထမ်းစည်းကမ်းထိန်းသိမ်းရေးလက်စွဲ၊အခန်း(၆)၊ ၀န်ထမ်းဆိုင်ရာ ပြစ်ဒဏ်များ၊ အပိုဒ် (၅၆)၊ (ဂ) အရရာထူးတိုးမြှင့်ခန့်ထားရန် အလှည့်ကြရောက်သည့် အချိန်မှ အစပြု၍ (၂) နှစ်ကြာရာထူးတိုးမြှင့်ခြင်းကိုရပ်ဆိုင်းလိုက်သည်ဟုအမိန့် ထုတ်ပြန်ခဲ့သည်။
အဆိုပါ ၀န်ထမ်းသည် သာမန် စည်းဖောက်ဖျက်မှုမျိုးမဟုတ်ပဲ၊ လိမ်လည်ခဲ့မှု အခြေအနေအရပ်ရပ်အရစာရိတ္တ ပျက်ယွင်းမှုဟုသတ်မှတ်နိုင်ကြောင
်း၊ ဥပဒေဘွဲ့ .ယူမည့်သူတစ်ယောက်ဖြစ်ခြင်း၊ ဥပဒေပိုင်းဆိုင်ရာဖြင့် အသက်မွေးဝမ်းကြောင်းမည့် အခြေအနေတွင်ရှိနေခြင်းတို့အရတရားဥပဒေမှန်ကန် တည့်မတ်ရေးဆောင်ရွက်ရမည့်သူတစ်ယောက်အနေဖြင့် နောင်တစ်ချိန်တွင် တရားရေးမဏ္ဍိုင်အတွက် ရင်လေးစရာအခြေအနေတွင် ရှိနေကြောင်းအငြိမ်းစားဥပဒေအရာရှိတစ်ဦးကသုံးသပ်သည်။
ထို့ကြောင့် ပြစ်မှုနှင့် ပြစ်ဒဏ် မျှတမှု ရှိနိုင် မရှိနိုင်လည်းသုံးသပ်စရာ ဖြစ်လာပါသည်။ တက္ကသိုလ်မှ အခြား ၀န်ထမ်းများမှာ ကိုယ်တိုင်မကျူးလွန်ပဲ မိသားစုဝင် တစ်ဦးဦးက ကျူးလွန်သည်နှင့် နေအိမ် လိုင်းခန်းမှ နှင်ထုတ်ခံနေရခြင်း ကြုံတွေ့ ခံစားနေခဲ့ကြရပြီးလူကြီးတစ်ဦးန
ှင့် ပတ်သက်သော ထိုဝန်ထမ်းမှာမူ သက်ညှာစွာဖြင့် “ရာထူးတိုးမြှင့်ခန့်ထားရန်အလှည့်ကြရောက်သည့်အချိန်မှအစပြု၍ (၂) နှစ်ကြာရာထူးတိုးမြှင့်ခြင်းကိုရပ်ဆိုင်းလိုက်သည်” ဟူသောအမိန့်သာထုတ်ပြန်ခဲ့သည်။
လိမ်လည် ကိုယ်ကျိုးရှာမှု ပြုခဲ့သောထိုစာရေးသည် ယခင် ၀န်ထမ်းရွေးချယ် လေ့ကျင့်ရေးအဖွဲ့ ယခု ပြည်ထောင်စု ရာထူးဝန်အဖွဲ့ အဖွဲ့ဝင်ဟောင်း ဦးညွန်ဆွေ ( စာရေးဆရာမောင်ဆွေသက်) အလုပ် သွင်းပေးထားခဲ့သူ ဖြစ်ကြောင်း ၀န်ထမ်းတစ်ဦးက ပြောပြသည်။ ဘယ်ကခေါ်လာပြီးဘယ်လိုစာရေးအဖြစ် တန်းပေးထားကြောင်းတော့ မသိဟုလည်းဆိုသည်။ သန္ဓေမိသားစုကလေးများမှာဘွဲ့ရသော
်လည်းလုပ်အားပေးအဖြစ်သာစတင် ၀င်ကြရကြောင်းလည်းသိရသည်။
“ဦးညွန့်ဆွေ ၀ိတ်နဲ့ ၀န်ထမ်း ခရိုနီအဖြစ် ၀င်လာပြီး ဆရာတရုတ်ကိုပညာတော်သင် သွားနေတဲ့အချိန်မှာရုံးတောင် မတက်ဘူး။ ဘယ်လိုအခွင့်အရေးရနေလည်းမသိဘူး။
ဒုရဲအုပ် တစ်ယောက်ဆိုလည်းကျောင်းကိုရောက်ကတည်းကရုံးမတက်ပဲသူ့စီးပွားရေးပဲလုပ်နေတာ။
“အဖွဲ့ဝင်ဟောင်း ဦးဝင်းအောင် အိမ်မှာလည်းဝန်ထမ်း(၂) ယောက်တောင် ခေါ်ထားတာ။ ရုံးတက်တဲ့ ၀န်ထမ်းတွေမှာ နေ့စဉ် အဆူအဟောက် အဆဲအဆိုခံနေကြရတယ်။ လုပ်ရတဲ့သူတွေကမျက်နှာကောင်းမရဘ
ူး၊ သူတို့တွေကတော့ အေးဆေးပဲ။”
“ကျနော်တို့က ကျွန်သဘောက်တွေ ဖြစ်မှန်းမသိ ဖြစ်နေကြတာ။ ရေရေလည်လည် စိတ်ပိန်တယ်။ မထွက်နိုင်သေးတော့လည်းခံနေရတာပေ
ါ့ ဆရာရယ်” ဟုဘေးစားပွဲမှ ၀န်ထမ်း တစ်ဦးက ၀င်ကာ ရင်ဖွင့် ပြောလာသည်။ ကျနော် သိပြီးကိစ္စများ ဖြစ်သော်လည်းသူတို့ ရင်တွင်းစကားများကိုနားထောင်ရင်းမှတ်တမ်းတင် ရေးသားဦးမည်ဟုတေးထားခဲ့သည်။
အဖွဲ့ဝင်ဟောင်းဦးညွန်ဆွေ ( စာရေးဆရာမောင်ဆွေသက်) သည်လည်းသူ တာဝန်ထမ်းဆောင် နေစဉ်ကသူ၏ယာဉ်မောင်းကိုဦးညွန်ေ
ဆွ ( စာရေးဆရာမောင်ဆွေသက်) အနားယူချိန်တွင် အဖွဲ့ရုံးမှ ဗဟိုဝန်ထမ်း တက္ကသိုလ် (ဖောင်ကြီး) သို့ အပြောင်းပြပေးပြီးသူ၏ရန်ကုန် အိမ်တွင်သာခေါ်ခိုင်းထားခဲ့သည်။လစာကိုကျောင်းမှ ထုတ်ပေးရသည်ဟုဆိုသည်။ နိုင်ငံတော်လစာဖြင့် သူတို့ အလုပ်သမားများလစာကိုပေးချေနေရသည်။
အလားတူ ဖြစ်ရပ်မျိုးတစ်နိုင်ငံလုံးတွင်
မည်မျှ ရှိနိုင်ကြောင်းစဉ်းစားဖို့ လိုမည် ထင်ပါသည်။ တစ်နိုင်ငံလုံးတွင် ၀န်ထမ်း ၅၀၀ ခန့် ထိုသို့ နိုင်ငံတော် လစာယူနေမည်ဆိုလျှင် တစ်နှစ်လျှင် ပျှမ်းမျှ သန်း (၅၀၀) ခန့် နိုင်ငံတော် ဘဏ္ဍာအလဟဿနစ်နာဆုံးရှုံးနေမည်သာဖြစ်ပါသည်။ လက်ထောက် ညွှန်ကြားရေးမှူး အဆင့်၊ ညွှန်ကြားရေးမှူး အဆင့်များထိ ပါဝင်နေသည်ကိုလည်း သတိပြုသင့်ပါသည်။ ပကတိအခြေအနေတွင် တစ်နိုင်ငံလုံးအနေဖြင့် ကျပ် သန်း (၅၀၀) ထက်မကရှိနိုင်ပါသည်။ ထိုငွေများဖြင့် ကျောင်းဆောင် ဘယ်နှစ်ဆောင်၊ ဆေးရုံ၊ဆေးခန်းဘယ်နှစ်လုံး၊ လမ်းဘယ်နှစ်လမ်းရနိုင်သည်ကိုလည်းထည့်သွင်းစဉ်းစားသင့်ပါသည်။
ထိုသိုသောနိုင်ငံတော်လစာစားပြီး
နိုင်ငံတော်၏ တာဝန်ကို မထမ်းဆောင်သည့် ၀န်ထမ်းများသည် နိုင်ငံတော် လစာအပြင် နေ့တွက်စရိတ်၊ ခရီးစရိတ်၊ သက်သာထောက်ပံ့ကြေးများပါ ရနေကြသည့်အတွက် ထိုငွေကြေးများပါ ထည့်သွင်းတွက်ချက်မည်ဆိုလျှင်…။
အဟောဝတ… ကောင်းလေစွ…နိုင်ငံ့ ၀န်ထမ်း ခရိုနီ ဘ၀…။ ။


                                                                                                       ဆက်ရန်...


                                                                                                           မောင်စိမ်းသူ(ချယ်ရီမြေ)

No comments:

Post a Comment