Labels

Monday, December 30, 2013

သမ၀ါယမ စစ်ဆေးရေးအဖွဲ့ ဘယ်လဲ… ဘာလဲ (သို့) ပေးတာယူ ကျွေးတာစားပြီး ပြီးသွားတာမျိုးတော့ မလုပ်နဲ့ နောက်ဆက်တွဲတွေ လာလိမ့်မယ်



၂၄.၁၂.၂၀၁၃ နေ့က သမ၀ါယမ စစ်ဆေးရေးအဖွဲ့ ဗဟိုဝန်ထမ်း တက္ကသိုလ် (ဖောင်ကြီး) သို့ သွားရောက် စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။ ထိုစစ်ဆေးမှုမှာ ဗဟိုဝန်ထမ်း တက္ကသိုလ် (ဖောင်ကြီး) သို့ ချေးပေးထားသော သမ၀ါယမ ချေးငွေများကို မသမာမှု ပြုထားကြောင်း တိုင်ကြားခြင်းကြောင့် စစ်ဆေးရသည်ဟု သတင်းပေးပို့လာသည်။

သမ၀ါယမမှ သွားရောက် စစ်ဆေးသူများသည် ဦးညွန့်လှိုင်၏ Service Book ကို ရယူ စစ်ဆေးခဲ့ကြောင်း လည်း ဗဟိုဝန်ထမ်း တက္ကသိုလ် (ဖောင်ကြီး)မှ ၀န်ထမ်းတစ်ဦး၏ သတင်းပေးပို့ချက်အရ ဆက်လက် စုံစမ်းရာ အမာခံ သတင်းပေးများက အကြောင်းကြား သတင်းပေးပို့မှုအရ အောက်ပါအတိုင်း သိရှိရသည်။


သမ၀ါယမ စစ်ဆေးရေးအဖွဲ့ကို ထိုတက္ကသိုလ်မှ သမ၀ါယမ တာဝန်ရှိသူ တစ်ဦးက လိုက်လံ ဧည့်ခံ ကျွေးမွေးခဲ့ကြောင်း၊ ထိုတာဝန်ရှိသူသည် သမ၀ါယမ ချေးငွေများနှင့် ကိုယ်ပိုင်ဆိုင်ဖွင့်လှစ်ခဲ့ကြောင်း၊ ဌာနကြီးမှူးတစ်ဦးကလည်း သမ၀ါယမ ချေးငွေမှ ၁၀ သိန်း ယူခဲ့ကြောင်း၊ တစ်ခါက အုပ်ချုပ်မှုရုံးမှ ဌာနခွဲမှူး တစ်ဦးသည် “ငါ့ကို ဘာမှတ်နေလဲ၊ ယီးတီးယားတားတော့ လာမလုပ်နဲ့၊ သူတို့ သမ၀ါယမ ချေးငွေတွေ ဘာလုပ်ထားတယ်ဆိုတာ အကုန်ဖော်ပစ်လိုက်မယ်” ဟု ရုံးခန်းတစ်ခန်းတွင် လာရောက် ပေါက်ကွဲခဲ့ဘူးကြောင်း ဆိုပါတယ်။

သန္ဓေမိသားစုဝင် တစ်ဦးကလည်း သူသိထားတဲ့ ကိစ္စကို ခုလိုပြောပါသေးတယ် “ … က မြို့နယ်သမက ၅ သိန်းယူပြီး ချေးပေးတယ်။ မြို့နယ်ကလည်း မဖြစ်နိုင်ဘူးဆိုတာ သိတာပေါ့။ ၅ သိန်းမက လိုမယ်ဆိုတာ သူတို့လည်း သိတာပေါ့။ … က သူ့ငွေတွေထည့်ပြီး ချေးထားတာ။ လကုန်ရင် လာမဆပ်ကြသေးရင် …ကရော သူ့သမီးကပါ ရိုင်းရိုင်းစိုင်းစိုင်း ဆဲဆိုနေလိုက်ကြတာ ဆရာ ကြားစေချင်တယ်။ အတော်ကို ရိုင်းစိုင်းလိုက်တာ ပြောကို မပြောချင်ဘူး။”


“ ၀န်ထမ်းတွေလည်း ဒီပါချုပ် လက်ထက်မှ ဘဲဥ ကြက်ဥ မြင်ရတာ။ ကြက်သားစားရတာ။ ဒါပေမယ့် ပါချုပ်က ခိုင်းတာတစ်မျိုး အောက်ကလုပ်တာက တစ်မျိုး။ လက်မှတ်ထိုးခိုင်းတဲ့ ကိစ္စကလည်း ပါချုပ်က ရုံးချိန်အတွင်းလို့ ပြောတာ။ ဒါပေမယ့် ဂိတ်ကို ခိုင်းတဲ့သူတွေက မနက် ၇ နာရီကနေ ညနေ ၄ နာရီ အတွင်းလို့ ခိုင်းတာ။ အထက်တန်းကျောင်း ကလေး ထမင်းချိုင့် ပို့ရတာရှိတယ်။ ရွာတွေမှာ ပြန်ထမင်း စားရတဲ့ သူတွေလည်း ရှိတယ်။ ဆရာ ပြောခဲ့တာလည်း မှန်ပါတယ်။ လူ့အခွင့်ရေးနဲ့ မငြိအောင်တော့ လုပ်သင့်တာပေါ့။ ရုံးချိန်ထွက်ပြီး … နေသူတွေ ရှိတယ်ဆိုလည်း အဲဒီဝန်ထမ်းတွေကို ထိထိရောက်ရောက် အရေးယူပေါ့။ ခုဟာကတော့ မဆိုင်တဲ့သူတွေကိုပါ သိမ်းကျုံးလုပ်လိုက်တော့ ပြောစရာ ဖြစ်သွားတာပေါ့။”

သမ၀ါယမက စစ်ဆေးလာသူတွေကို Service Book ပြတာနဲ့ပတ်သက်လို့ မေးစရာရှိလာတာက…


(၁) ဆာ့ဗစ်ဘွတ်ကို သမ၀ါယမက စစ်ဆေးသူတွေ ကြည့်ရှုခွင့် ရှိပါသလား။
(၂) ဘယ်သူ့ လုပ်ပိုင်ခွင့် (သို့) ဘယ်သူ့ ညွှန်ကြားချက်နဲ့ မိမိအဖွဲ့အစည်းနဲ့ မသက်ဆိုင်တဲ့ သမ၀ါယမက သမ၀ါယမ ချေးငွေကိစ္စ လာရောက် စစ်ဆေးသူတွေကို ဆာ့ဗစ်ဘွတ် ပြရတာလဲ။
(၃) ယင်းသို့ အလွယ်တကူ ပြသခွင့် ရှိပါသလား။
(၄) တာဝန်ရှိသူတွေ သမ၀ါယမ ချေးငွေကို အလွဲသုံးစားမှု မပေါ်ပေါက်ရေးအတွက် အာရုံလွှဲတဲ့ အနေနဲ့ ပြသခဲ့တာလား။
(၅) ဒီလိုပြသတာကို ဦးညီညီစံ သိပါသလား။ ဦးညီညီစံ ကိုယ်တိုင်က ခွင့်ပြုခဲ့တာလား။
(၆) ဒီလုပ်ရပ်ကနေ နောက်ဆက်တွဲ ဖြစ်ပေါ်လာနိုင်တာတွေကိုကော တွေးမိကြပါသလား။

No comments:

Post a Comment