နိုင်ငံသားတစ်ယောက်အနေနဲ့ ဥပဒေရဲ့ အကာအကွယ် မရဘူးဆိုရင် အဲဒီလို ဥပဒေ အကာအကွယ် မရတဲ့ နိုင်ငံသားတွေ ဘာလုပ်လာမလဲ စဉ်းစားကြည့်မိတယ်။
ဥပဒေကြောင်းအရ ဆောင်ရွက်လို့လဲ မရဘူးဆိုရင်ကော ဘာဆက်လုပ်နိုင်လဲ။ မီဒီယာတွေကနေ တုန့်ပြန်နေကြတာတွေကလည်း အများကြီးတွေ့နေရတယ်။ ဒီလိုတွေတွေ့နေရတာက ဘာကိုပြဆိုနေလဲ ဆိုတော့ကာ မြန်မာနိုင်ငံမှာ ဥပဒေထက်မှာ ဥပဒေထက် အရာရောက်သူတွေ ရှိနေသေးကြောင်း မီးမောင်း ထိုးပြနေတယ်လို့မြင်မိတယ်။
(၁) ဥပဒေကြောင်းအရ အမှန်တရားအတွက် ရဲရဲဝံ့ဝံ့ ရင်ဆိုင်တုန့်ပြန်ခြင်း၊
( အားသာချက်းးး အမှန်တရားကို လိပ်ြပာလုံလုံဖြင့် ဖြေရှင်းနိုင်သည်။ အားနည်းချက်းးး အကိုကြီး ညီလေးဖြင့်ပြီးတတ်သည်။)
(၂) မီဒီယာအားကိုးပြီး အမှန်တရားအတွက် တုန့်ပြန်ခြင်း၊
( အားသာချက်းးး လူထုထံ ပြန်နှံ့မှုမြန်ဆန် ကျယ်ပြန့်သည်။ တိကျသောမူရှိပြီး၊ မီဒီယာအလုပ်ကို မီဒီယာ သမားပီသစွာ လုပ်ဆောင်နိုင်သော၊ လုပ်ဆောင်ရဲသော မီဒီယာသမားများကြောင့် ပိုမို ထိရောက် နိုင်သည်။ အားနည်းချက်းးး မီဒီယာအချို့သည် ခါးပိုက်ဆောင်တွင် ထည့်ခံထားရသည်။ မီဒီယာသမား အချို့သည် အမျိုးသားရေးအမြင် အားနည်းသည်။ )
(၃) လွှတ်တော်တွင် တင်ပြဆွေးနွေးနိုင်ရန် ဆောင်ရွက်ခြင်း
( အားသာချက်းးး ပိုမိုထိရောက်နိုင်သည်။ နိုင်ငံတော်မူတစ်ရပ် အနေဖြင့် ပေါ်ပေါက်လာနိုင်သည်။ သို့သော် ပုဂိုလ်ရေးရှေ့တန်းမတင်သင့်။ Vision ရှိရှိဖြင့် အနာဂတ်အမြင်ထားဆာင်ရွက်သင့်သည်။ အားနည်းချက်းးး တင်ပြပေးမည့် အမျိုးသားရေးအမြင်ရှိသော လွှတ်တော်ကိုယ်စားလှယ်များက သာလျှင် တင်ပြဆွေးနွေးပေး နိုင်သည်။ လွှတ်တော်ကိုယ်စားလှယ်တိုင်းကို အားကိုးနိုင်မည်မဟုတ်။ ကန့်ကွက် ပယ်ချခံရနိုင်သည် ကိုလည်း သတိပြုသင့်သည်။)
(၄) လက်တုန့်ပြန်ခြင်း
( အားမပေးလိုပါ။ သို့သော်တားမြစ်မည်မဟုတ်ပါ။ လူသည် ကိုယ်တိုင်ခံစားဘူးမှ ကိုယ်ချင်းစာ နားလည် တတ်သည်။ သူများအမေသေတော့ အသုဘကမ္မဌာန်းဟောပြီး၊ ရဟန်းမယ်တော်သေတော့ အငိုကြီး ချက်မတတ်သော ရဟန်းလိုလူများရှိတတ်သည်။ တလောက ကိုးရီးရွေးကောက်ပွဲအကြောင်း ရိုက်ကူးထားသော 5 Move လိုင်းတစ်လိုင်းတွင် ကြည့်လိုက်ရသည့်ဇာတ်လမ်းတွင် ဥပဒေ အကာအကွယ် မရသော ရဲအရာရှိက တရားရုံးတစ်ခုတွင် အတင်းဝင်ရောက်ကာ သေနတ်ပစ်ခတ်မှုဖြစ်ပွား ခဲ့ခြင်းကို တရားရင်ဆိုင်စဉ် သူ၏လုပ်ဖော်ကိုင်ဘက် ရဲအရာရှိက အလုပ်ထွက်ကာ ရှေ့နေအဖြစ်လျှောက်လဲပေး သည့်အခန်း။ ထိုရှေ့နေ၏ ဒိုင်ယာလော့ကို ကြိုက်မိသည်။ နိုင်ငံသားတစ်ယောက်ကို အကာအကွယ် မပေးသော ဥပဒေကို တိုက်ခိုက်ခြင်းဖြစ်ပါသတဲ့။)
(၅) နောက်မတွန့်ပဲ ရဲဝံ့ပြတ်သားစွာ အဆက်မပြတ် ထိုးနှက်ခြင်း
( မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် နေ့ခြင်းညခြင်းရောက်ခဲ့သည် မဟုတ်ပါ။ အချိန်ယူရပါမည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ မြန်မာနိုင်ငံ သံရုံးတွင် သူရဦးအောင်ကိုက ပညာရေးအဆိုရှုံးနိမ့်ခဲ့မှုနှင့် ပတ်သက်ပြီး ရင်ဖွင့်ခဲ့ဘူးသည်။ ယခုအချိန်တွင် ပညာရေးပြုပြင်ပြောင်းလဲမှုတွေ လုပ်နေပြီကိုတွေ့နေ ရသည်။ “Time will tell. ဟုပြောနိုင်ပါသည်။” )
အကြောက်တရားကြီးမားနေဆဲသူများကို စည်းရုံးနိုင်ရန် ကြိုးပမ်းသင့်သည်။ တစ်ယောက်အားဖြင့် ယူသော်မရသော်လည်း တစ်သောင်းအား၊ တစ်သိန်းအားဖြင့် ယူသော် ရနိုင်ပါသည်။ ပြိုင်တူ တွန်းလျှင် ရွေ့နိုင်ပါသည်။
Rule Of Law In Myanmar ကပို့စ်လေးတစ်ခုကို အမှတ်ရမိသွားတယ်။ အဲမှာ...

နိုင်ငံတခု အတွင်း၌ တရားဥပဒေသည် တန်ခိုးအာဏာအကြီးမြင့်ဆုံးနေရာ၌ ရှိရပေမည်။
မည်သူမဆိုဥပဒေကိုကျော်လွန်၍လုပ်ကိုင်ဆောင်ရွက်ခြင်းမှန်သမျှကိုမည်သည့်ဥပဒေကမျှ ခွင့်ြုပမည် မဟုတ်ပေ။ သက်ဆိုင်ရာအာဏာပိုင်များသည် မိမိထင်ရာမြင်ရာကို လုပ်ကိုင်ဆောင်ရွက်ခွင့် အာဏာမရှိဘဲ တရားဝင် အတည်ဖြစ်နေသော ဥပဒေများနှင့်ဆီလျော်ကိုက်ညီသည့် အတိုင်းတာအရသာ လုပ်ကိုင်ဆောင် ရွက်စေခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ- မည်သည့်ကိစ္စရပ်ကိုမဆို ဥပဒေမဲ့၊ တရားလက်လွတ်ြုပမူဆောင် ရွက်ခြင်းကိုခွင့်မပြုဘဲ၊ ပြဌာန်းထားရှိပြီးဖြစ်သော ဥပဒေများနှင့်အညီသာလျှင်၊ မည်သူမဆို လိုက်နာ၊ ကျင့်ကြံ၊ ပြုမူဆောင်ရွက်စေ ခြင်းပင်ဖြစ်ပေသည်။
ထို့အတူဥပဒေဆိုရိုးစကားတခုဖြစ်သော “ဥပဒေ၏အထက်၌ မည်သူမျှမရှိစေရ။”ဟု ဆိုသောစကားရပ် မှာလည်း ဥပဒေသည်သာ အကြီးမြင့်ဆုံး တန်ခိုးအာဏာဖြစ်သည် ဆိုသည်ကို ထပ်တူ အဓိပ္ပါယ်ဖေါ် ညွှန်းခြင်းပင်ဖြစ်သည်။ ဥပဒေတခုကြိုပလုပ်ပြဌာန်းပြီးဖြစ်ပါကအဆိုပါဥပဒေကို ဥပဒြေုပလုပ်သူအပါအ၀င်၊ နိုင်ငံသား အားလုံးကလေးစားလိုက်နာကြရမည်ဖြစ်သည်။ အဆိုပါ ဥပဒေကို ချိုးဖေါက်ပါက ဥပဒေ ကြိုပသူပင်ဖြစ်စေ၊ ဥပဒေကို ကိုင်တွယ်ကျင့်သုံးသော အစိုးရပင်ဖြစ်စေကာမူ ဥပဒေအရ သတ်မှတ်ထား သည့်ပြစ်ဒဏ်ကိုကျခံရမည်ဖြစ်ပေသည်။ ဤသည်မှာ တရားဥပဒေ စိုးမိုးရေး၏ အဓိကနှင့် အခြေခံ အကျဆုံးသောမူတရပ် လည်းဖြစ်ပေသည်။
တရားဥပဒေ စိုးမိုးမှုမရှိသည့် နိုင်ငံများတွင်မူ အုပ်ချုပ်သူ အာဏာရှင်များသည် တိုင်းသူပြည်သားများ လိုက်နာရန်အတွက် ဥပဒေအမျိုးမျိုးကိုထုတ်ပြန်၍
ကြီးလေးသောပြစ်ဒဏ်များကိုလည်း သတ်မှတ်ခါ ၄င်းတို့၏
ဥပဒေကိုချိုးဖေါက်သော သူများကို ရက်စက်စွာ အပြစ်ပေးလေ့ရှိသည်ကိုတွေ့ရမည်ဖြစ်ပေသည်။
သို့ရာတွင် ၄င်းတို့ကိုယ်တိုင်၌ကမူ
၎င်းတို့ထုတ်ပြန် ထားသော ဥပဒေများကိုလေးစားလိုက်နာခြင်း မရှိကြပေ။
ဆိုလိုသည်မှာ ဥပဒေဟူသည်
အုပ်ချုပ်ခံ တိုင်းသူပြည်သားများကလိုက်နာရန်ရေးဆွဲထားခြင်းသာဖြစ်ပြီး၊
၎င်းတို့မှာမူအုပ်ချုပ်သူ များဖြစ်၍ ဥပဒေများ၏အထက်တွင်ရှိသဖြင့်
ဥပဒေများကိုလိုက်နာရန်မလို- ဆိုသောအဓိပ္ပါယ်ပင်ဖြစ်ပေသည်။ ဥပဒေများကိုလည်း
၎င်းတို့၏အကျိုးစီးပွားကိုထိခိုက်လာနိုင်ရန်
အကြောင်းပေါ်ပေါက်လာတိုင်း အချိန်အခါ မရွေးအပြောင်းအလဲအမျိုးမျိုးကိုပြုလုပ်လေ့ရှိကြသည်။
မိမိတို့၏ အာဏာဆက်လက်တည်မြဲမှုအတွက် တရားဥပဒေစိုးမိုးရေးကိုလစ်လျှူရှုပြီး၊
ဥပဒေကိုဖိနှိပ်မှု ယန္တယားတရပ်အဖြစ် အသုံးပြုခြင်းပင်ဖြစ်သည်။ မည်သူမဆိုဥပဒေကိုကျော်လွန်၍လုပ်ကိုင်ဆောင်ရွက်ခြင်းမှန်သမျှကိုမည်သည့်ဥပဒေကမျှ ခွင့်ြုပမည် မဟုတ်ပေ။ သက်ဆိုင်ရာအာဏာပိုင်များသည် မိမိထင်ရာမြင်ရာကို လုပ်ကိုင်ဆောင်ရွက်ခွင့် အာဏာမရှိဘဲ တရားဝင် အတည်ဖြစ်နေသော ဥပဒေများနှင့်ဆီလျော်ကိုက်ညီသည့် အတိုင်းတာအရသာ လုပ်ကိုင်ဆောင် ရွက်စေခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ- မည်သည့်ကိစ္စရပ်ကိုမဆို ဥပဒေမဲ့၊ တရားလက်လွတ်ြုပမူဆောင် ရွက်ခြင်းကိုခွင့်မပြုဘဲ၊ ပြဌာန်းထားရှိပြီးဖြစ်သော ဥပဒေများနှင့်အညီသာလျှင်၊ မည်သူမဆို လိုက်နာ၊ ကျင့်ကြံ၊ ပြုမူဆောင်ရွက်စေ ခြင်းပင်ဖြစ်ပေသည်။
ထို့အတူဥပဒေဆိုရိုးစကားတခုဖြစ်သော “ဥပဒေ၏အထက်၌ မည်သူမျှမရှိစေရ။”ဟု ဆိုသောစကားရပ် မှာလည်း ဥပဒေသည်သာ အကြီးမြင့်ဆုံး တန်ခိုးအာဏာဖြစ်သည် ဆိုသည်ကို ထပ်တူ အဓိပ္ပါယ်ဖေါ် ညွှန်းခြင်းပင်ဖြစ်သည်။ ဥပဒေတခုကြိုပလုပ်ပြဌာန်းပြီးဖြစ်ပါကအဆိုပါဥပဒေကို ဥပဒြေုပလုပ်သူအပါအ၀င်၊ နိုင်ငံသား အားလုံးကလေးစားလိုက်နာကြရမည်ဖြစ်သည်။ အဆိုပါ ဥပဒေကို ချိုးဖေါက်ပါက ဥပဒေ ကြိုပသူပင်ဖြစ်စေ၊ ဥပဒေကို ကိုင်တွယ်ကျင့်သုံးသော အစိုးရပင်ဖြစ်စေကာမူ ဥပဒေအရ သတ်မှတ်ထား သည့်ပြစ်ဒဏ်ကိုကျခံရမည်ဖြစ်ပေသည်။ ဤသည်မှာ တရားဥပဒေ စိုးမိုးရေး၏ အဓိကနှင့် အခြေခံ အကျဆုံးသောမူတရပ် လည်းဖြစ်ပေသည်။
တရားဥပဒေ စိုးမိုးမှုမရှိသည့် နိုင်ငံများတွင်မူ အုပ်ချုပ်သူ အာဏာရှင်များသည် တိုင်းသူပြည်သားများ လိုက်နာရန်အတွက် ဥပဒေအမျိုးမျိုးကိုထုတ်ပြန်၍
ထိုကဲ့သို့သောအခြေအနေမျိုးဆိုက်ရောက်နေသောကာလ၊ ဒေသ၊
အခြေအနေမျိုးဖြစ်ပါက အဆိုပါ နိုင်ငံတစ်နိုင်ငံ၌
တရားဥပဒေစိုးမိုးမှုမရှိကြောင်းကိုသိသာထင်ရှားစွာတွေ့မြင်နိုင်မည်ဖြစ်ပေသည်။
ကဲ... ဘယ်လိုလုပ်ကြမှာ..................။
မောင်စိမ်းသူ( ချယ်ရီမြေ )

No comments:
Post a Comment