Labels

Wednesday, December 18, 2013

“ဒီမိုကရေစီဆိုတာဘာလဲ သို့မဟုတ် အော်တိုကရေစီ ဖောင်ကြီး”


လူတကာတွေပြောနေကြတာကတော့ - စီးကမ်းရှိရမယ်- လွတ်လွတ်လပ်လပ်နေရမယ် ပြောတယ် - ခင်ဗျားတို့ ပြောသလို ကျွန်တော်တို့ ဗဟိုဝန်ထမ်းတက္ကသိုလ်မှာတော့ - စီးကမ်းတွေကြီးပဲလိုက်နာနေရတယ် - လွတ်လပ်မှုဆိုတာဘာမှမရှိဘူး - လူ့အခွင့်အရေးတွေလည်းပိတ်ပင်ခံရ - အလုပ်သမားအခွင့်အရေးတွေလည်းမရှိပါဘူး - မြန်မာ့သတင်းတို့ ဂျာနယ်သတင်းတို့မှာတော့ - သမတကြီးကအချိန်ပိုတွေ ပေးရမယ် - ရုံးပိတ်ရက်တွေ - ၀န်ထမ်းတွေ မခိုင်းရဘူးလို့ ထုတ်ပြန်တယ်။ ကျွန်တော်တို့ ဗဟိုဝန်ထမ်းတက္ကသိုလ်က အရာရှိတွေက၊ ဘယ်သူမှ မလိုက်နာဘူး - မဆောင်ရွက်ကြဘူးဗျာ -
အလုပ်ဝန်ကြီးဌာနကထုတ်ပြန်တဲ့ ပုဒ်မ - အိုင်-အယ်-အို က ထုတ်ပြန်တဲ့ ပုဒ်မတွေကတော့ ဝေးလေစွ - ဘယ်အရာရှိကမှ မလိုက်နာကြဘူး - ဘယ်လိုက်နာကြပါမလဲ - သူတို့ကတော့ အခွင့်အရေးတွေ အပြည့်နဲ့ - ကျွန်တော်တို့ကျောင်းမှာတော့ - ဌာနမှူးအဆင့်ကနေအထက်ထိရိပ်သါကထောက်ပန့်တယ် - မွေးမြူရေးကထောက်ပန့်တယ် - ပြီးတော့ - အိမ်နဲ့ရုံး ၁ဖါလုံလောက်ရှိတဲ့ ခရီးကိုတလဆီဂါလံ (၃၀) ပေးထားတော့ အစဉ်ပြေတာပေါ့ -
ပြီးတော့ပြည်သူ့ရဲ၊ နည်းပြတွေကြတော့၊ လစါ - ရိက္ခာငွေတွေ အပြည့်အစုံနဲ့ - ကျွန်တော်တို့ ၀န်ထမ်းတွေကြတော့ လစါ တမျိုးထဲနဲ့ - နေည - ပိတ်ရက် မရှိအလုပ် - လုပ်နေကြရတယ် - ဒီကြားထဲ - လူမှုဝန်ထမ်းတို့ ကျောင်းအကျိုးပြု ဆိုပြီး . ခိုင်ကြသေးတယ် - အိမ်ထောင်သယ် လိုင်းတွေထဲမှာလည်းလုပ်ရ - အချိန်ပိုမရ - နားချိန်မရနဲ့ - စစ်တပ်လိုပါပဲဗျာ - ဘာအခွင့်အရေးမှ မရှိဘူး - မလုပ်ရင်လည်းနေရာရွေ့ခံရတာတို့ - အလုပ် ဖြုတ်ပစ်မယ်တို့နဲ့ ချိန်းခြောက် နေတော့ - ဒီအတိုင်းဘဲခံစားနေရတာဘဲဗျာ ----

အားလုံးပုခုံးပေါ်ကအပွင့် မြင်ရင် ကြောက်နေရတယ် - ပခုံးပေါ် အပွင့် တင်ထားလို့သါ လေးစါးနေရတယ် - သူတို့ကိုယ် သူတို့ အလုပ်သမားခေါင်း ဖြစ်နေတယ် ဆိုတာမသိကြဘူး - ဘယ်နားကနေဘယ်လိုရမလဲ - ငါ ချမ်းသါအောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ စစ်အုပ်ချုပ်ရေးတုန်းကမူဝါဒတွေ အခုထိ - မပြောက်သေးဘူး -
သက်သါချောင်ချိရေးဆိုင်တွေဖွင့်- ၀န်ထမ်းတွေ ရောင်းခိုင်းတယ် - ရော်ဘာခြံတွေကြတော့လည်း ၀န်ထမ်းတွေက၊ တောရှင်း ၀ါးပင်ခုတ်နဲး ရော်ဘာပင်တွေ- က ၀င်ငွေတွေ ရပြန်တော့လည်း ၀န်ထမ်းတွေပဲ ခြုံရှင်းခိုင်းတယ် - ၀န်ထမ်းတွေဘဲ လုပ်ရတယ် - ထွက်ရှလာလို့ ရောင်းရတဲးငွေကြတော့ ၀န်ထမ်းတွေ ဘာမှမသိရဘယ်လောက်ရတယ် - ဘယ်၍ရတယ်ထုတ်ပြန်ခြင်းမရှိ - ခိုင်းသမျှ လုပ်နေရတယ် -
ကျွန်တော်တို့ ၀န်ထမ်းတွေကတော့ - ကိုယ့်ပေးထားတဲ့ တာဝန် ကိုယ်ကျွမ်းကျင်မှုဆိုင် အလုပ်တွေကိုဘဲလုပ်ချင်ပြါတယ် ဒါမှသါ့ လုပ်ငန်းအပေါ်တွင် လေးစါးခြင်း - ကျွမ်းကျင်သထက် ကျွမ်းကျင်တာပေါ့ဗျာ - အခုတော့ ကိုယ့်အလုပ် လုပ်ရတာကနဲ့နဲ့ - ကိုယ်နဲ့ မဆိုင်တဲ့ အလုပ်တွေကိုဘဲလုပ်နေရတော့ - ကိုယ်တတ်ထါးအသက်မွေးကျောင်းပညာတွေတောင် ပြောက်ကုန်ပြီ ဖြစ်နေတယ် - ဒါးနဲ့ ပေါက်ပြားပဲကိုင်နေရတယ် - မလုပ်နိုင်ရင် ဖြုတ်မယ် - အပြစ်ပေးမယ် -
ဒါကြောင့် ပညာတတ်တဲ့သူတွေကအပြင်ရောက် - တချို့လည်းအဖြုတ်ခံရ- နောက်ဆုံးတော့ ရာထူးကြီးကြီးယူထားတဲ့ အလုပ်သမားခေါင်းကြီးတွေနဲ့ ချုပ်ခုတ် (ခြုံခုတ်) - တောရှင်း - ကျွမ်းကျင် ၀န်ထမ်း အဆင့်ဆင့်တွေဘဲ - ကျန်တော့တယ်ဗျာ .
နိုင်ငံတော်ကြီးတိုးတက် အောင်မြင်ပါစေ

               ဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝ

ကျနော့်ဆီရောက်လာတဲ့ ဗဟိုဝန်ထမ်းတက္ကသိုလ် ၊ ဖောင်ကြီးက ရင်ဖွင့်စာ (၃) စောင် ထဲက ဖေါ်ပြပါ စာကိုတင်လိုက်ပါတယ်။ သူ့စာအတိုင်းပဲ စာလုံးပေါင်းက အစမပြင်ပဲ တင်လိုက်ပါတယ်။

ဗဟိုဝန်ထမ်းတက္ကသိုလ်၊ဖောင်ကြီးမှာလူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေဟာ အများကြီးပါ။ ၁၉၈၅ “၀န်ထမ်းစည်းကမ်းထိန်းသိမ်းရေးလက်စွဲ” အခန်း(၄)၊ ၀န်ထမ်း ဆိုင်ရာ ပြစ်မှုများခေါင်းစဉ်အောက်မှ “၀န်ထမ်းကျင့်ဝတ်နှင့် စည်းကမ်း ဆိုင်ရာ ပြစ်မှု များ” ခေါင်းစဉ်ငယ်၊ အပိုဒ် (၇/ဋ)ပါ “တာဝန်ထမ်းဆောင်ရာတွင် ရိုင်းပြစွာပြောဆို ဆက်ဆံလေ့ရှိခြင်း”ြ့ပဌာန်းချက်ကို လျစ်လျှူ၍မောက်မာရိုင်းစိုင်းစွာ ၀န်ထမ်းများကို အထက်စီးမှ ပြောဆို ခိုင်းစေနေသောအရာရှိများကြောင့် ၀န်ထမ်းများ ကိုယ်စိတ် ဆင်းရဲနေကြရသည်။

ပါမောက္ခချုပ် ဦးညီညီစံမှ ထိုသို့ ၀န်ထမ်းများကို ဆဲဆိုဆက်ဆံမှုများနှင့် ပတ်သက်၍ တားမြစ်ပြောဆိုမှုများ ရှိခဲ့ကြောင်းလည်း ၀န်ထမ်းများထံမှ သိရှိခဲ့ရပါသည်။

ရော်ဘာစိုက်ခင်းများမှ ရငွေ သုံးငွေများ၊ မိုးဆန်းပန်းကုန်တိုက်၊ ရောင်နီဦး သမ၀ါယမ၊ ဇောတိကဆန်စက်၊ ဒေ၀ူးကားများ၊ ဘုရားဈေး၊ စိမ်းလဲ့ကန်သာတို့မှ သုံးငွေရငွေများကိုယနေ့အထိပွင့်လင်းမြင်သာစွာ ၀န်ထမ်းများအား စာရင်းရှင်းလင်း တင်ပြမှု မရှိခဲ့ခြင်း၊ ယခင်ကတွေ့ကြုံခဲ့ကြရသည်မှာ ထိုဝန်ထမ်း သက်သာရန်ပုံငွေ များကို တာဝန်ရှိသူ အသီးသီးက ကိုယ်ကျိုးရှာ အပျောက်ရိုက်သွားမှုများ ရှိခဲ့သည်။ ယခင် ငမိုးရိပ်သမကိုရောင်နီဦး သမအဖြစ် ပြောင်းလဲဖွင့်လှစ်လာတော့လည်း ယခင်ကသို့ပင် အပြိုင်စားနေမှုများကိုလည်း ကြားသိနေခဲ့ ရသည်။

ခေါက်ရိုးကျိုး စားဖားကြီးများ တစ်နည်းအားဖြင့် စားနေကြခရိုနီကြီးများကတော့ မည်သူရောက်လာရောက်လာ ဖားတတ် နေရာယူတတ်ကြသည်မှာလည်း ချီးကျူးစရာပင်။ ဦးညီညီစံအနေဖြင့် Vision (အနာဂတ်အမြင်၊ ညာဏ်မျက်စိ) မရှိလျှင် ထိုသူများ၏ ဂွင်ထဲရောက်သွားပြီး ရထားသည့် အမည်ကောင်းကို ဟိုးယခင် ပါတီကောင်စီခေတ်က တက္ကသိုလ် အကြီးအကဲ ဦးမောင်မောင်ကဲ့သို့ အမည်ကောင်း ချန်ခဲ့နိုင်လိမ့်မည် မဟုတ်ဟုယူဆပါသည်။

တက္ကသိုလ်တွင် နေ့စားများ တရားဝင်ရော၊ တရားမ၀င်ရော ခန့်ထားသည်များ ရှိသည်။ အချို့ နေ့စားများမှာနေ့စားအလုပ်ကိုမလုပ်ကြရ။ နေ့စားအလုပ်ကို ၀န်ထမ်းများက လုပ်နေကြရသည်။ နေ့စားခန့်ထားမှု၊ နေ့စားမှ ၀န်ထမ်းခန့်ထား မှုများတွင် အခမ မှ တာဝန်ရှိသူ အမျိုးသမီးတစ်ဦးက လုပ်သက်ကြာနေ့စားများ ကို ကျော်လွန်ပြီး အထုပ်ကြီးလျှင် အလုပ်ပြီးသည် ဆိုသောမူဖြင့် ဆောင်ရွက်နေ သည်မှာ အများပြောစရာ ဖြစ်နေခဲ့ သည်။ နေ့စားတစ်ဦးက ရင်ဖွင့်ရာ ၆နှစ်၇နှစ်နေ့စား လုပ်လာခဲ့သော်လည်း ယနေ့ထိ ၀န်ထမ်းမဖြစ်သေးကြောင်း ဆိုသည်။

ထို့အပြင် ၀န်ထမ်းထဲမှ ရုံးမတက် ရုံးတာဝန် မထမ်းဆောင်ရပဲ မည်သူတို့၏ အကာအကွယ်ပေးမှုဖြင့် (တက္ကသိုလ် အတွင်းမှာရော အပြင်မှာရော)မည်သူတွေ လစာအချောင် ရယူနေကြသည်ကို ပြန်လည် စိစစ်သင့်သည်။

နေ့စားများ ၀န်ထမ်းအချောင်သမားများကို မခိုင်းစေပဲ ပြန်တမ်းဝင် အရာရှိများ အပါအ၀င် ၀န်ထမ်းများ နေခင်း (၂)နာရီဝန်းကျင် နေပူစပ်ခါးချွေဒီးဒီးကျ လုပ်အားပေးနေကြရသည်မှာရင်နာစရာကောင်းလှပါသည်။ထိုအလုပ်မျိုးကိုမွေးကတည်းကမလုပ်ခဲ့ရပဲဖောင်ကြီးရောက်မှ ပညာရှင်မဖြစ်ပဲ အလုပ်ကြမ်းသမား ဘ၀ ရောက်ခဲ့ကြရသည်ကိုထိုဝန်ထမ်းများက ပျော်ရွှင် ကျေနပ်နေကြလိမ့်မည် မဟုတ်ပေ။ လုပ်အားပေး မလုပ်နိုင်က ငွေ(၂၀၀၀ ကျပ်၊ ၃၀၀၀ကျပ်ပေးနေရမှုများက အတော်ပင် အမြစ်စွဲနေသည်ဟုလည်း သိရသည်။

တပ်နှင့်အရပ် ကွဲပြားကြဘို့ လိုပါသည်။ ထို့အပြင် ခိုင်းစေရမည့်သူများကို မခိုင်းစေပဲအကုန်သိမ်းကျုံးလုပ်အားပေးစေခိုင်းမှုသည် (Force Labor) နှင့် ညိစွန်းနေသကဲ့သို့ ၀န်ထမ်းများ၏ အမြင်တွင်လည်းမမျှတမှု၊ မတရားမှုဟု ရှုမြင်လာနိုင်ပါသည်။

ပင်မလုပ်ငန်းတာဝန်(Line Function) တစ်နည်းအားဖြင့် တက္ကသိုလ်၏ အဓိကရည်မှန်းချက်၊ ရည်ရွယ်ချက်မှ သွေဖီရာရောက်ပါသည်။ တက္ကသိုလ်အတွက် ချမှတ်ပေးထားသည့် ဦးတည်ချက်ကို နိုင်ငံတကာစံနှုန်း မီအောင် ဆောင်ရွက် ရမည်ကိုမေ့လျော့နေဟန်တူသည်။

တက္ကသိုလ်အနေဖြင့် နိုင်ငံတော်အဆင့်သို့ စာတမ်းဘယ်နှစ်စောင် တင်ပြီးပါပြီလဲ။ နိုင်ငံတော်၏ မူဝါဒများနှင့်ပတ်သက်ပြီး Policy Analysis လုပ်တာ၊ တက္ကသိုလ်အဆင့် စာတမ်းတွေဖတ်တာ၊ ကျမ်းတွေပြုစုတာတွေ ဘယ်နှစ်ကြိမ်များလုပ်ဘူးပါသလဲ။ ဘာမှ မလုပ်ဘူးခဲ့သည့်အတွက် နိုင်ငံတကာ ၀န်ထမ်းတက္ကသိုလ်များ ဘယ်လိုတွေ လုပ်နေသည်၊ ဘယ်လိုအစီအမံများ ချမှတ်ထားသည်ကို ဦးစွာလေ့လာသင့်ပါသည်။

ယင်းသို့ လုပ်ဆောင်နိုင်ရန်မှာ ပညာရှင်များ ( ကိုယ်ကျိုးကိုသာရှေ့တန်း တင်နေ ကြပြီး ကြုံသလို၊ နားလည်သလိုလုပ်နေကြသောလက်ရှိ ကျုပ်ကျက်လိ၊ ကြည့်ကျက် လုပ်နေသူများကိုမဆိုလိုပါ။) ဖြင့် တက္ကသိုလ်ကိုအားဖြည့်ရန် အဓိကကျပါသည်။ စာကျက်သင်၊ စာကြည့်သင်နေကြသည့် ပါတာဖတ်၊ စာလာဖတ် သူများဖြင့် ရုပ်ပြကောင်းရုံလုပ်နေရမည့် အချိန်မဟုတ်တော့သည်ကိုလည်း သတိချပ် သင့်ပါသည်။

ထိုသို့ပြော၍သင်ကြားရေးဝန်ထမ်းများအားလုံးဟု မမြင်စေချင်ပါ။ အချို့မှာ တန်းမီပါသည်။ အခြေအနေမပေး၍လည်းကောင်း၊ တက္ကသိုလ်၏ အခြေအနေကို စိတ်ပျက်၍လည်းကောင်း၊ လုပ်ခွင့်မရသောကြောင့် လည်းကောင်း နောက်ဆုတ်နေကြသူများ ရှိပါသည်။

လူမှန်၊ နေရာမှန်ပေးရန်၊ ပညာရှင်များကို လေစားမှုရှိရန်နှင့် ပညာရှင်များနှင့် ၀ိုင်းရံနေစေရန် အစီအမံများ ချမှတ်ဖို့လိုပါသည်။ ရာထူး၊ အသက်အရွယ်ထက် ပညာကိုစဉ်းဖို့လိုပါသည်။ ယနေ့ ကထိက၊ ဌာနမှူး၊ ဌာနကြီးမှူးအဆင့်ထိ ကြည့်ပါက ပညာရှင် ပီပီသသ လုပ်ပြနိုင်ကာ ယင်းတို့၏ ၀န်ထမ်းများကို ဦးဆောင် လမ်းပြပေး နိုင်သူ လက်(၅)ချောင်း မပြည့်ပါ။

ဖေါ်ပြပါ ပေးစာကဆိုသည့်အတိုင်း အလုပ်သမား ခေါင်းအဆင့်သာ လုပ်တတ်ကြသည်မှာ အံသြစရာမရှိပါ။ အဆက်ဆက် ဦးဆောင်သူများ၏ ကိုယ်ကျိုးရှာမှုကို ရှေ့တန်းတင်ခဲ့ခြင်း၏ သက်ရောက်မှုများ ပင်ဖြစ်ပါသည်။ တက္ကသိုလ်၏ ရည်မှန်းချက်ကိုသာ အမှန်တကယ် အကောင်ထည်ဖေါ်နိုင်ခဲ့ပါက ထိုဝန်ထမ်းများသည် စီမံခန့်ခွဲမှုကောင်းသော၊ ခေါင်းဆောင်ကောင်း များ ဖြစ်လာခဲ့မည်သာဖြစ်ပါသည်။ ယခုလို အလုပ်သမားခေါင်း ဖြစ်ရန် အကြောင်းမရှိပါ။ တက္ကသိုလ်၏ အဓိကလမ်းကြောင်းမှ သွေဖီကာ မယောင်ရာ ဆီလူးခဲ့မှု၏ ဆိုးကျိုးဟု သုံးသပ်မိသည်။ထိုသို့ပြော၍ ဆရာသမားများကျနော့်ကို စိတ်မဆိုးကြစေလိုပါ။ ဆရာသမားများကို ပုတ်ခတ်လို၍ မဟုတ်ပါ။

ခေတ် စနစ်နှင့်အညီ Change ကိုသွားနိုင်ရေးအတွက် ပြောနေခြင်းဖြစ်ပါသည်။ အမှန်တရားသည် ခါးသီးလှပါသည်။ သို့သော် ထိုအမှန်တရားကို ပကတိ အခြေအနေအတိုင်း သုံးသပ်ပြီး လက်ခံရဲဖို့လိုပါသည်။ အစဉ်အဆက် မိသားစုသဏ္ဍာန်ဖြင့်သွားရင်း တက္ကသိုလ်၏ Capacity ကျဆင်းသထက် ကျဆင်းလာသည်ကိုအမှန်အတိုင်း ရှုမြင်လက်ခံနိုင်ရပါမည်။

နေ့စဉ် ၀န်ထမ်းများ တန်းစီနေရမှုသည်လည်း ပြန်လည် သုံးသပ်သင့်သော အချက်ဖြစ်သည်။

နေပြည်တော်ရုံးတွေမှာလည်း တန်းစီရတာပဲဟုတန်းညှိခြင်းသည် လိုရာဆွဲပြောဆိုခြင်းဟုသာ ရှုမြင်ပါသည်။ နေပြည်တော် ရုံးများနှင့် ၀န်ထမ်းတက္ကသိုလ်များ ရုံးတက်ရချိန်၊ တာဝန်ထမ်းဆောင်ရချိန် မတူညီကြပါ။ မနက် (၁၀) နာရီလောက်မှ ရုံးတက်ရသောနေပြည်တော်ရုံးများနှင့် ဆန့်ကျင်ဘက်မှာ ၀န်ထမ်းတက္ကသိုလ်များတွင် မနက် (၇)နာရီရောက်ရန် သွားကြရသည်။ သို့မှသာတန်းစီချိန် မှီမည်ဖြစ်သည်။

မနက်ခင်းချက်ရပြုတ်ရမည့်အချိန်၊ မိသားစုကိစ္စ စသည်ဖြင့် တွက်ကြည့်လျှင် မည်မျှကသီမည်ကိုထည့်သွင်းစဉ်းစားသင့်သည်။ အချို့ ၀န်ထမ်းများမှာ တန်းစီချိန် မမှီမည်စိုးသဖြင့် ဟင်းပင်မချက်နိုင်ကြ။ အပြင်မှ ၀ယ်စားကြရသည်။ ထမင်းတစ်အိုးပင် မီးမလာပါက မချက်လိုက်ကြရ။ ရလဒ်မှာ သူတို့တွေ လစာဖြင့်မလောက်ကြတော့။ ချေးရ၊ ငှားရ၊ ပေါင်ရနှံရဖြင့် စိတ်ဓါတ်များ မြေကြီးထဲထိ စိုက်ဆင်း ၀င်ရောက်သွားကြရရှာသည်။

ပို့ဆွမ်းစားနေကြရသောပုဂ္ဂိုလ်ကြီးများပုဂ္ဂိုလ်မကြီးများကဒါတွေကိုကိုယ်ချင်းစာနားလည်မှုမရှိ၊ ငါးစိမ်းသယ်ရန်တွေ့လို့တွေ့၊ မအေနှမ ဆဲလို့ဆဲကဲ… စဉ်းစားကြည့်ပါ။ အဲလိုမျိုးနေ့စဉ်ကြုံတွေ့နေရတဲ့ ၀န်ထမ်းများ ဘယ်လောက်ထိ ကိုယ်ရောစိတ်ရော ဆင်းရဲလိုက်ကြမလဲ။ ဘယ်လောက်တောင် မွန်းကျပ်နေမလဲ။ ကိုယ်ချင်းစာကြစမ်းပါ။

ဝန်ထမ်းတွေကို ကျေးကျွန်လိုမဆက်ဆံကြပါနဲ့။ ရပ်တန်းကရပ်ကြပါတော့။ သူတို့ကိုကိုယ်စိတ် နားချိန်လေးတွေ အလုံအလောက် ပေးလိုက်ကြပါလို့ မေတ္တာ ရပ်ပါရစေ။

ပါမောက္ခချုပ်အနေနဲ့လည်း တာဝန်ခံများ၊ တာဝန်ရှိသူများကို ရှင်းလင်းတိကျစွာလမ်းညွှန်မှုပေးထားနိုင်မယ်ဆိုရင် တဖြည်းဖြည်း ဒီလိုကိစ္စတွေ လျော့နည်းပပျောက်သွားမယ် ထင်ပါတယ်။

ဒါမှ ရှေ့ဆက်တိုးမယ်ဆိုလည်းတိုးကြပေါ့ဗျာ။ အထောက်အထားအချက်အလက်တွေ အကုန်ရှိပါတယ်။ ပြည်တွင်း ပြည်ပမီဒီယာတွေနဲ့ သက်ဆိုင်ရာအဖွဲ့ အစည်း၊ ကော်မတီ၊ ကော်မရှင်တွေဆီမပို့လိုပါဘူး။ လိုအပ်လာမယ် ဆိုရင်တော့လည်း မတတ်နိုင်ဘူးပေါ့ဗျာ။

ယနေ့ခေတ်ဟာဆိတ်ကွယ်ရာမရှိသလောက်ဖြစ်သွားပါပြီ။ Phaunggyi Culture နဲ့ အရင်အတိုင်းမပြုပြင် မပြောင်းလဲနိုင်ကြဘူးဆိုတော့လည်း အရင်လိုပဲ ဆက်လျှောက်ရင်းချောက်ထဲကိုမကြာခင် ခြေကားယားလက်ကားယားနဲ့ ခွေးကျဝက်ကျ ကျသွားပါလိမ့်မယ်။ ၀န်ထမ်းတွေရဲ့ ခံစားချက်တွေ အပြင်းအထန် မပေါက်ကွဲကြသေးချိန်ဟာအချိန်မီပါသေးတယ်။

အပြင်းအထန်ပေါက်ကွဲချိန် ရောက်သွားရင်တော့ မတွေးဝံ့စရာပါပဲ။
ဒီလိုတွေ ပြောလို့ ကျနော်က ခြိမ်းခြောက်နေတယ်လို့ ထင်ကောင်းထင်နိုင်ပါတယ်။ အမှန်တော့ အတော်များများ ကြိုသိထားလို့ မဖြစ်သင့်တာတွေ မဖြစ်ရအောင် ပြောပြ ရုံလေးပါ။

ဒီအကြောင်းအရာတွေ ဖတ်ပြီးအတွေးအမြင်မှားပြီး ၀န်ထမ်းတွေကို သွားဖိနှိပ်ရင် ကျော်မကောင်း ကြားမကောင်းတွေ ဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့် စေတနာနဲ့ ပြောတာကို ဝေဒနာလို့ ရှုမြင်ရင် ကျနော့်အပိုင်း မဟုတ်ဘူးဆိုတာ ကြိုပြောပါရစေ။

တစ်ဆက်တည်း “ ဆရာဦးညွန့်လှိုင်ကိုကျမတို့က အပြတ်ထောက်ခံတယ်။ ဆရာဦးညွန့်လှိုင်ဘက်က မမှားခဲ့ဘူး။ ဆရာဦးညွန်လှိုင် ရင်ကော့ ခေါင်းမော့ပြီး ပြန်ဝင်လာတာကို ကျမတို့ကမျှော်နေတာ” လို့ ပြောခဲ့ကြသောလုပ်ဖေါ်ကိုင်ဘက် သူငယ်ချင်းများ၊ တပည့်များနဲ့ အွန်လိုင်းတွင် လာရောက် ဆက်သွယ်ကြသောသူငယ်ချင်း ၀န်ထမ်းများကို ကျေးဇူးအထူးတင်ပါတယ်လို့ ပြောပါရစေ။
 

                                                                              မောင်စိမ်းသူ(ဖောင်ကြီး)
                                                                                       ၁၆.၁၁.၂၀၁၃

No comments:

Post a Comment