မြန်မာအမျိုးသမီး ဘောလုံးအသင်း အားကစားစိတ်ဓါတ်အပြည့်နဲ့ အချိန်ပိုပြီးတဲ့ အထိ ရေကုန်ရေခန်းကစားသွားခဲ့ပေမယ့် ရှုံးခဲ့ရပြီ။ အဲဒီအရှုံးကြောင့် မြန်မာပြည်သူပြည်သားတွေလည်း ရင်နာခဲ့ရပြီ။ ဖေ့စ်ဖုတ်မှာလည်း ပေါက်ကွဲသံတွေ ညံခဲ့ပြီ။
အဲဒီမှာ အားကစားရွာကြီးကို စီးပွားရေးအမြင်နဲ့ ဆီးဂိမ်းပြီးရင် ငွေရှာနိုင်မယ့် အတွေးတွေ ၀င်လာပါတယ်။ လုပ်နိုင်တာတွေ အများကြီးပါ။ ကျွန်တော် တရုတ်မှာ နေခဲ့စဉ်က ဥယျာဉ်တွေ၊ ပြတိုက်တွေ၊ ဘာသာရေးကျောင်းတွေ သွားခဲ့တာ တစ်ချို့နေရာတွေဆို ယွမ် ၁၀၀ထိပေးရတယ်။ မြန်မာငွေနဲ့ ဆို သောင်းချီပေးရ တာပေါ့ဗျာ။
ရှန့်ဟိုင်မှာဗျာ... မြန်မာနိုင်ငံက ကျောက်စိမ်းနဲ့ထုထားတဲ့ ကျောက်စိမ်းဘုရားကျောင်းကို ၀င်ကြေးပေးပြီးဝင်ရတယ်။ ကျွန်တော်တို့နိုင်ငံမှာ ဘယ်ဘုန်းကြီးကျောင်းမဆို ၀င်ကြေး ပေးစရာမလိုသလို အခြေအနေပေးရင် ထမင်တောင် စားရဦးမယ်။ ဟိုမှာက ပိုက်ပိုက်ပေးမှဗျ။
ကျွန်တော်တို့ဆီမှာကော အဲလိုလာဘ်မြင်ပြီး လုပ်နိုင်ကြရင်မကောင်းလား။ ကျွန်တော်တို့ရဲ့ နိုင်ငံတော်မျက်နှာဆိုတဲ့ ရွှေတိဂုံစေတီတော်မြတ်ကြီး ၀င်ကြေးဘယ်လောက်ပဲရလဲ။ ပုဂံဘုရားတွေ၊ မန္တလေးကဘုရားတွေကောဗျာ။ နိုင်ငံခြားသားဆီကနော်။
ဆီးဂိမ်းပြီးရင် အားကစားရွာအဖြစ်လုပ်ဘို့၊ မြန်မာအမှတ်တရပစ္စည်း (တိုင်းရင်းသား တို့၏ ရိုးရာ အမှတ်တရများအပါအ၀င်) ရောင်းချမည့်ဆိုင်ခန်းများဖြင့် နိုင်ငံခြားငွေ ရှာဖွေလို့ရတာလေးပါ စဉ်းစား ထားနိုင်ရင် မကောင်းလား။ ပြည်သူတွေလည်း လည်ပတ်နိုင်၊ နိုင်ငံခြားငွေလည်းရပေါ့။
ပေကျင်းကတော့ အဲမှာ ရှိုးပွဲတွေ၊ ပြိုင် ကားမောင်းတာတွေ၊ ရေးကူးကန်တွေနဲ့ လုပ်စားနေပြီ။ ရထားနဲ့သွားမလား၊ ကားနဲ့သွားမလား သွားနိုင်အောင် စီစဉ်ပေးထားတာလည်းတွေ့ရတယ်ဗျာ။
No comments:
Post a Comment