Labels

Tuesday, December 24, 2013

လုပ်ချင်တာကောင်းတယ်။ လုပ်ပုံလေးတွေ အမြင်ရှိဘို့လိုတယ်။



ဖောင်ကြီးမှာ သင်တန်းတက်နေတဲ့ သူငယ်ချင်းများနဲ့ တပည့်များက ပြောပြတဲ့ သတင်းလေးပါ။

ခေတ်တွေလည်းပြောင်းကုန်ပါပြီ။ ဖောင်ကြီးကတော့ ဂရုကိုမစိုက်ဘူးဗျာ။ ဟိုခေတ် က ပြက္ခဒိန် တွေရောင်းကြလို့ ဂျာနယ်တွေမှာပြောခဲ့ကြပြီ။ လိုင်စင်လုပ်လည်း ပြက္ခ ဒိန် ၀ယ်ရ။ ဟိုဟာဒီဟာ ဘာပဲလုပ်လုပ် အစိုးရရုံးနဲ့ပတ်သက်လို့ကတော့ ပြက္ခ ဒိန်တွေ ၀ယ်ခဲ့ကြရတယ်။

ခုလည်း မုန့်လက်မှတ်ဆိုလားပဲ တက္ကသိုလ် နှစ်ပတ်လည်ပွဲနေ့မှာ ၀ယ်စားရမယ်ဆိုပြီး တပ်ခွဲမှာ သင်တန်းသူ၊ သင်တန်းသားတွေကို မုန့်လက်မှတ်တွေရောင်းတာ မလိုချင်သူတွေ များနေလို့ မယူမနေရ မဲနှိုက်ယူကြရတယ်တဲ့။

စာလာသင်တဲ့ ဆရာမတွေကလည်း ရောင်းလို့ ၀ယ်ရသေးတယ်လို့လည်း ပြောပြကြ ပါတယ်။ မ၀ယ်ချင်သော်လည်း မကောင်းတတ်လို့ ၀ယ်ထားလိုက်ရတာ လက်ထဲမှာ လက်မှတ် ၄၊၅၊၆ စောင်စီဖြစ်နေပြီတဲ့။

တစ်ယောက်က “မင်းစဉ်းစားကြည့်ကွာ တစ်ယောက်တည်း ဘယ်လိုလုပ်စားနိုင်မှာ လဲ။ ပြီးတော့လည်း တစ်ရက်တည်းကွာ။ အဲဒီတစ်ရက်မှာပဲ စားရမှာ။ ကောင် မလေးတွေ ကတော့ ကိုယ်မကြိုက်တဲ့ မုန့်ဖြစ်နေတာ ဘယ်လိုလုပ် ရမလဲတဲ့။ ငါတော့ပြောလိုက်တယ်ကွာ။ လမ်းမှာတွေ့တဲ့ ကလေးတွေ လက်မှတ်ဝေသာပေး လိုက်လို့။”

တပည့်တစ်ယောက်ကလည်း “ဆရာတွေ၊ ဆရာမတွေလည်း ခိုင်းလို့ လုပ်ရတာနေမှာ ပါ။ out pass ထွက်ရင် ဆုံကြမယ်ဆရာ။ ”

No comments:

Post a Comment