၈ လေးလုံး အရေးတော်ပုံ ကာလအပြီး ၁၉၈၉၊ ၁၉၉၀ ၀န်းကျင်ခန့်က တစ်နိုင်ငံလုံး လုပ်အားပေးရလွန်း၍ “အနိစ္စအမြဲမရှိ၊လုပ်အားပေးအမြဲရ
ဝမ်းသာစရာ သတင်းကောင်းမှာ ဗဟိုဝန်ထမ်းတက္ကသိုလ် (ဖောင်ကြီး) တွင် ယခင်လို လုပ်အားပေးများ မရှိတော့ကြောင်း အုပ်ချုပ်မှုပိုင်းမှ ၀န်ထမ်း တစ်ဦးက “ခုဆိုရင် ကျောင်းမှာ လုပ်အားပေးတွေ မလုပ်ရတော့ဘူး၊ စိမ်းလန်းပဲရှိတယ်။” ပြောပြသည်။
ကောင်းမွန်ပါသည်။ ပညာတွေ သင်ကြားခဲ့ပြီး ကိုယ်တတ်ထားကြသော ပညာဖြင့် နိုင်ငံကို အလုပ်အကြွေး ပြုပေးလိုကြသည်မှာ ၀န်ထမ်းများ၏ ဆန္ဒပင်။ ၀န်ထမ်းအများစုသည် ပညာဖြင့် အသက်မွေးဝမ်းကြောင်းလို၍သာ ၀န်ထမ်းလုပ်ကြခြင်း ဖြစ်သည်။ နေပူစပ်ခါး ချွေးဒီးဒီးကျအောင် အလုပ်လုပ်လိုပါက ပြည်သူ့ဝန်ထမ်း ဖြစ်လာကြမည် မဟုတ်ချေ။
လုပ်အားပေးကို နိုင်ငံတော် အဆင့်ကပင် ရပ်ဆိုင်းပေးခဲ့ပြီ ဖြစ်သော် လည်း ဖောင်ကြီးတွင် ခေတ်အဆက်ဆက် လုပ်အားပေးနေကြရသည်။ မလုပ်နိုင်က ငွေပေးရသည်။ တစ်ကြိမ်လျှင် ၂၀၀၀ ကျပ်မှ ၃၀၀၀ ကျပ် ပေးကြရသည်။ ထိုငွေများကို လုပ်အားပေး ကြီးကြပ်သူက နေ့စဉ် စုငွေအဖြစ် ထည့်သွင်းပြီး အလှည့်ရောက်ပါက တစ်လုံးတစ်ခဲ တည်း ငွေထုတ်ယူကာ အုပ်ချုပ်မှုရုံးမှ တာဝန်ရှိသူ လူကြီးတစ်ဦးသို့ သွားပေးရသည်ဟု ခိုင်လုံသော သတင်း များက ဆိုသည်။ ယင်းသည် ၀န်ထမ်းများအပေါ် မတရား ဂုတ်သွေး စုတ်ခြင်းပင် ဖြစ်သည်။
ကျနော်၏ စိတ်မှာ အတိတ်အခြေအနေများကို ပြန်ပြောင်းတွေးတော ကာ ပြောင်းလဲလာမှုကို ၀မ်းသာမိနေချိန် ထိုဝန်ထမ်း ဆက်လက်ပြော လာသော စကားကြောင့် အတော်လည်း တတ်နိုင်ပါပေ့ လူလိမ် လူညာကြီးများရယ် ဟုသာ ဆိုညည်းမိသည်။
“ ဆရာက စိမ်းလန်းဆိုလို့ လုပ်အားပေး မရှိတော့ဘူး ထင်နေတာလား။ တကယ်တော့ လုပ်အားပေးလို့ မပြောရဘူး၊ စိမ်းလန်းလို့ ပြောရမယ်ဆိုလို့ စိမ်းလန်းလို့ ပြောရတာ။ လုပ်အားပေးရတာက ပေးရတာပါပဲ။ စားနေကြ ကြောင်ဖားကြီးတွေပဲ၊ ဘယ်သူက ပြောင်းချင်မှာလဲ” တဲ့…….။ ။
မောင်စိမ်းသူ(ချယ်ရီမြေ)
No comments:
Post a Comment