Labels

Wednesday, December 18, 2013

ဝန်ထမ်းခရိုနီများ သို့မဟုတ် အခွင့်ထူးခံ ၀န်ထမ်းများနှင့် ပြုပြင်ပြောင်းလဲရေး (၄)


သင်တန်း အမျိုးအစားအလိုက် ပို့ချသည့် ဘာသာရပ်တူသော်လည်း ပို့ချသည့် အကြောင်းအရာနှင့် ချဉ်းကပ်ပုံ ကွဲပြားမှုရှိရပါမည်။

ယနေ့ တွေ့နေရသည်မှာ အမှုထမ်း သင်တန်းများတွင်လည်း ဒီအကြောင်းအရာ၊ ဒီမေးခွန်း၊ ဒီပို့ချပုံဖြင့် သင်ကြားသလို အရာထမ်း သင်တန်းများတွင်လည်း အလားတူဖြစ်နေမှုမှာ တာဝန်ရှိသူများကိုယ်တိုင် ဘာသာရပ်များကို မသိမှု၊ စိတ်မ၀င်စားမှု၊ သုတေသနဌာနကို အသုံးမချတတ်မှု၊ သုတေသနဌာနသည်လည်း သင်တန်းဖွင့်၊ သင်တန်းဆင်း ဆန်းစစ်ချက်နှင့် သင်တန်းအလိုက် လေ့ကျင့်ခန်း၊ ဖောင်ကြီးတွင် အကြံပြုချက်တို့ကို နှိုင်းယှဉ်ပြရုံမျှကို သုတေသနပြုနေသည်ဟု ထင်မှတ်နေခြင်း၊ ပညာဌာနအလိုက်၊ ဘာသာရပ်အလိုက် ထဲထဲဝင်ဝင် ချဉ်းကပ် သုတေသနပြု မတင်ပြနိုင်ခြင်း၊ ယင်းသို့ ဆောင်ရွက်နိုင်ရန်လည်း တန်းမီသော ပညာရှင်များ မရှိခြင်း၊ တက္ကသိုလ်တစ်ခု၏ သုတေသန လုပ်ငန်းနှင့် ရည်ရွယ်ချက်ကို မသိရှိခြင်း၊ သိရှိရန်လည်း စိတ်မ၀င်စားခြင်း၊ ရာထူးစု မတူသူများကို (ပညာရှင်ရာထူးစုမှ မဟုတ်သူများကို) ကိုယ့်လူကိုယ်ကြည့် အုပ်စုကြည့်မူဖြင့် လွတ်သည့်နေရာ ရသည့်နေရာတွင် ဘယ်သူသေသေ ငတေမာပြီးရော သဘောဖြင့် ကိုယ်အုပ်စုမှလူကို အဖွဲ့အစည်းအကျိုး မကြည့်ပဲ ချမှတ်ထားသည့် စည်းမျဉ်း စည်းကမ်း လုပ်ထုံး လုပ်နည်း ချိုးဖောက်ကာ ရာထူးပေးခဲ့ခြင်း စသည့် သိသိမှား၊ မသိမှားနှင့် တမင်မှား ဆိုသော အမှားများကိုပါ ပြင်ဆင်နိုင် ကြမှသာ အသွင်သဏ္ဍာန်ရော အနှစ်သာရပါ ပြင်ဆင်ရာ ရောက်မည် ဖြစ်ကြောင်း အသိပေးတင်ပြလိုက်ပါသည်။


                                                                                    မောင်စိမ်းသူ(ချယ်ရီမြေ)

No comments:

Post a Comment