ဝမ်းမနာ သမီးတော်များကို ဌာနမှူးပေးဖို့ စီမံကိန်းချထားသော ဒုချုပ်(လကရ)
ခပ်ညံ့ညံ့ လက်ထောက်ကထိက ၀မ်းမနာ သမီးတော်များကို သူပင်စင် မသွားမီ ဌာန မှူးအဖြစ် ရာထူး တင် ပေးနိုင်ရေးအတွက် ထိုအချိန်က ကထိက ယခု ဌာနမှူးဖြစ်နေသူ တစ်ဦုးအား “မတိုင်နဲ့၊ ရှင့်ကိုလည်း ရာထူး ပေးမှာပါ” ဟု ၀မ်းမနာ သမီးတော်များကို လက်ထောက် ကထိကရာထူးမှ ကထိက ရာထူးမပေးမီက ဗဟိုဝန်ထမ်းတက္ကသိုလ် (ဖောင်ကြီး) မှ ဒုတိယပါမောက္ခချုပ်(လေ့ကျင့် သင်ကြားရေး) က ခေါ်ပြောခဲ့ ကြာင်း သိရသည်။
စာပေးစာယူဖြင့် တစ်ဘွဲ့သာရထားပြီး အရည်အချင်းလည်းမရှိသူများက ဌာနမှူး ဆက်ဖြစ်နေမည်ဆိုပါက တက္ကသိုလ်၏ အရည်အသွေးနှင့် အင်းမေ့ခ်ျမှာ ဆက်လက် ကျဆင်းနိုင်သည်။ ၀န်ကြီးဌာနအသီးသီးမှ ၀န်ထမ်းများကို လေ့ကျင့် သင်ကြားပေးနေ သည့် အဖွဲ့အစည်းကိုယ်တိုင်က အရည်အသွေးမပြည့်ဝ ပဲ ပြည်သူ့ ၀န်ထမ်းများ အရည်အသွေးပြည့်ဝလာရေးကို မည်သို့မည်ပုံ ဆောင်ရွက်ပေးနိုင်မည်လဲဆိုသည် မှာ တွေးတောစရာဖြစ်နေသည်။
ဒုတိယပါမောက္ခချုပ် (လေ့ကျင့်သင်ကြားရေး) သည် ထိုအရင်ကလည်း ထို ၀မ်းမနာ သမီးတော်များကို လုပ်ပိုင်ခွင့် နေရာများပေးခြင်း၊ ထိုကာလ တစ်လျှောက်လုံး ထာဝရ တပ်ခွဲမှူးများအဖြစ် တာဝန်ပေးခြင်း များလည်း ပြုခဲ့သည်။
ဗဟိုဝန်ထမ်းတက္ကသိုလ် (ဖောင်ကြီး)တွင် တပ်ခွဲမှူးးတာဝန်ပေးနိုင်သော အမျိုးသမီး အရာထမ်း ၅၀ ခန့်ရှိပြီး၊ အမျိုးသမီးတပ်ခွဲမှာ ၈ ခွဲသာရှိသဖြင့် အလှည့်ကျ စနစ်ဖြင့် တာဝန်ပေးနိုင်သော်လည်း ဒုတိယပါမောက္ခချုပ် (လေ့ကျင့်သင်ကြားရေး) သည် ၀မ်းမနာသမီးတော်များကိုသာ တာဝန်ပေးသဖြင့် မကျေနပ်ကြဟုလည်း ဆိုပါသည်။
ယခုအခါတွင်လည်း ၀မ်းမနာသမီးတော် တစ်ဦးကို အိန္ဒိယသို့ စေလွှတ်ပြီး ပြန်လာ သည်နှင့် စင်္ကာပူသို့ တစ်နှစ်စေလွှတ်ရန် စီစဉ်ထားကြောင်း ထပ်မံသိရှိရပါသည်။ ထို့အပြင် ဌာနကြီးမှူး ဦးညွန့်သန်း ပင်စင် သွားသည်နှင့် ထိုနေရာသို့ ပညာဌာနမှူး တစ်ဦး ရာထူးတိုးသွားလျှင် ၀မ်းမနာသမီးတော်ကို ၎င်းပင်စင်မသွားမီ ဌာနမှူးတင်ပေးရေး လက်သိပ်ထိုး စီစဉ်နေကြောင်း၊ ဒုတိယပါမောက္ခချုပ် (လေ့ကျင့်သင်ကြားရေး) အုပ်စုမှ လွဲ၍ ၀န်ထမ်းအများစုက မကျေနပ်ကြကြောင်း လည်း ပြောကြားသွားသည်။
ဆက်သွယ်မေးမြန်းချက်များအရ လတ်တစ်လော ဖြစ်ပျက်သွားသည့် ကိစ္စတစ်ခုတွင် လည်း တပ်ခွဲလွတ်သွားသည့် ၀မ်းမနာသားတော်ကို တပ်ခွဲပိုင်ရရေးအတွက် ကြိုးပမ်း မှုတစ်ရပ် ဖြစ်ပွားခဲ့ကြောင်းလည်း ဆိုသည်။
“အဖွားကြီးက သူ့လူကုလား တပ်ခွဲလပ်သွားတော့ ဦးနိုင်လင်းတပ်ခွဲကို အဲဒီကုလားဆီ ဆွဲသွင်းပေးတာ။ နောက်ထပ် ကြံစည်ထားတာတွေလည်း ရှိသေးတယ်။ စီမံ ဌာနကြီး မှူးနဲ့က တစ်ကြိတ်ထဲ တစ်ညဉ်တည်း ဆိုတာ ဆရာလည်း အသိသားနဲ့။ သူလည်း ပါချုပ် အပြာင်းအလဲမှာ သက်သာရန်ပုံငွေတွေ စာရင်းဖျောက် အိတ်ထဲထည့်လိုက် တယ် ပြောနေကြတာ။ အပျောက်ရိုက်သွားတာ နည်းတာမှမဟုတ်တာ။ ခုလည်း ဦးညီညီစံ ဘာလုပ်တယ် ဘာပြောတယ် ဆိုတာ ကြိတ်ကြိတ်နဲ့ ပြောနေ တိုင်ပင်နေကြတာ နေ့တိုင်းလိုပဲ။ ဆရာကော ပြန်မလာသေးဘူးလား။ ကျွန်တော်တို့က မျှော်နေတာ။ နည်းပြတစ်ယောက်ကဆို ဆရာပြန်လာရင် ကြိုဆိုပွဲလုပ်ဖို့ ကြက်ပေးမယ်နဲ့၊ တစ်ချို့က ဘီယာတာဝန်ယူမယ်တဲ့။ တစ်ချို့က ကာရာအိုကေပါ လုပ်ပေးမယ်တဲ့။ အတော်များများက ဆရာ့ကို မျှော်နေကြတာ။ ဆရာမတစ်ယောက်ကဆို ပညာရှင်တစ်ယောက် ဆုံးရှုံးသွားတာ ကျောင်းအတွက် နစ်နာတယ်လို့ ပြောတယ်။”
No comments:
Post a Comment