Labels

Friday, February 28, 2014

ဒီလို ဒီလို ချစ် အဆက်

ရဲစခန်းထဲရောက်တော့ ထုံးစံအတိုင်း အချုပ်ခန်းထဲဝင်ပေါ့။
ရဲစခန်းမှူးက
`` မနှင်းဆီ မိန်းမအချုပ်ထဲဝင်´´
`` ဟုတ်´´
``ကိုစိန် ယောက်ကျားအချုပ်ထဲဝင်´´
``ဟင် မ၀င်နိုင်ဘူးဗျ´´
``ဘာလို့တုန်း ရုတ်ရုတ် ရုတ်ရုတ်မလုပ်နဲ့ နော် ဘာမှတ်လဲ´´
`` ကျနော်က ယောက်ကျားမှ မဟုတ်တာ။´´
ပြောပုံကြည့် ၊ ကျနော်က ယောက်ကျားမှ မဟုတ်တာတဲ့။
စခန်းမှူးက
``ဘာ ယောက်ကျားမဟုတ်ရမလဲ၊ မိန်းမကျလှလှပပကို ရအောင်ယူထားပြီးတော့။
ခင်ဗျားတစ်ခါ မူးယစ်ရမ်းကားမှုနဲ့ တစ်ည အချုပ်ခံရတုန်းက ကိုစိန်ကွ ဘာမှတ်လဲ ယောက်ကျားဆိုတာ ကိုယ်လုပ်တာ ကိုယ်ခံရဲတယ် ဘာညာနဲ့ လက်သီးလက်မောင်းတန်းပြီး ယောက်ကျားအချုပ်ခန်းထဲ ဂျိုင်းနှစ်ဖက်ကားပြီး ၀င်သွားတာလေ။
အချုပ်ခန်းစောင့်တဲ့ ရဲတောင် ခင်ဗျားလက်သီးနဲ့ထိုးလို့ နှုပ်ခမ်းပေါက်သွားသေးတယ် မရဘူး ၀င်။´´
``အဲဒိတုန်းကတော့ အချုပ်ထဲ တစ်ယောက်မှ မရှိတာကိုးဗျာ ကျွန်တော် တကယ်ယောက်ကျားမဟုတ်ရပါဘူးဗျာ။ မယုံရင် ဒီမှာကြည့်ပါ။ ´´
`` ဟင် ခင်ဗျားက ဘာပြမှာတုန်းဗျ´´
``ဒီမှာကြည့် ကျနော့မှာ လဇိ မပါဘူးဗျ´´
အော် တော်ပါသေးရဲ့ လည်ပင်းက အစေ့ လည်စေ့ကိုပြောတာကိုး။
စခန်းမှူးဘဲဗျာ။ မသိရှိမလား။ တမင်နောက်နေတာ။ ကိုစိန်ခမျာ ပြာပြာသလဲနဲ့ ရှိတာတွေ အကုန်ထုတ်ပြမယ် လုပ်တော့တာပေါ့။
မှတ်ပုံတင်တို့ ဘာတို့ပေါ့။
သူ့အတွက်က မိန်းမအချုပ်ခန်းထဲမှာ မနှင်းဆီနဲ့အတူ နေရဖို့ကလွဲလို့ ဘာကိုမှ မစဉ်းစားတော့ဘူး။
စခန်းမှူးကလည်း သူတို့ကို သနားတာနဲ့ သိပ်မကျပ်ပါဘူး။ နှစ်ယောက်စလုံး မိန်းမ အချုပ်ခန်းထဲ ထည့်လိုက်တော့တယ်။
ကဲ ခုလောက်ဆို ဒီဇတ်လမ်းထဲက တရားခံ လင်မယားနှစ်ယောက်ဟာ ယောက်ကျားနဲ့ မိန်းမ မဟုတ်ဘဲ ဖီးမေးဟုခေါ်သော မိန်းမများသာ ဖြစ်ကြကြောင်း စာဖတ်သူ သဘောပေါက်လောက်ပါပြီ။

တရားရုံးမှာ တရားစွဲတဲ့အခါ တော့ ဒီမြို့ရဲ့ ရှေ့နေအကျော်အမော် ဦးစံမတူ တရားခံလင်မယား ဘက်က ပါလာတယ်။
ဦးစံမတူ ငှားတာဆိုတော့ ဈေးက မသက်သာလောက်ဘူး။
ဦးစံမတူကလည်း ကျိုးစားပမ်းစား မလိုက်ပါဘူးဗျာ။ သူ့တပည့်တွေနဲ့ လွှတ်ထားတာများပါတယ်။
ကျွန်တော် ဦးစံမတူကို မေးကြည့်တယ်။
`` ခင်ဗျား တခြားအမှုတွေ အဲလို မဟုတ်ပါဘူး။ ခုအမှုကျမှ ပေါ့နေသလိုဘဲ´´
`` ဟုတ်ပါ့ ဆရာရေ။ ကိုစိန်တို့လင်မယား နှစ်ယောက်က ငှားကတည်းက လွတ်မှာလား အရင်မေးတယ်။
နင်တို့ဟာ လက်ပူးလက်ကျပ်မိတာဆိုတော့ နှစ်ယောက်စလုံး လွတ်ဖို့က မဖြစ်နိုင်ဘူး၊ အနည်းဆုံး တစ်ယောက်ယောက်တော့ ကျမှာဘဲလို့ပြောလိုက်တယ်။
အဲလိုတော့မဖြစ်ဖူး ကျမယ့်ကျရင် နှစ်ယောက်စလုံးကျအောင် လုပ်ပေးပါဆရာရယ် လို့ဆိုတာနဲ့´´
`` ဟိုက်´´
ကျနော် တကယ်သနားသွားတယ်။ ဒီလောက် သံယောစဉ်ကြီးနေကြတာ။ ဘာဆိုဘာမှ မမြင်ကြဘူး။ ညည်းတို့တွေ ဟယ် ။

အချစ်ဆိုတာ အမျိုးမျိုးရှိကြတာပေါ့။ အချို့တွေက ခုတ်ဖြတ်ထားတဲ့ သစ်ပင်သစ်လုံးကြီးတွေကို ဖက်ပြီး ငိုယိုကြတယ်။ သစ်တောသစ်ပင် ကိုချစ်သူများပေါ့။
အချို့က ခွေးလေးကြောင်လေးတွေ၊ အချို့က မြွေတွေ၊ အချို့က အင်းဆက်တွေ။ အချို့က ပင်လယ်ပြင်၊ အချို့က အာကာသ။ အချို့ကရှေးဟောင်းပစ္စည်း၊ ချစ်ကြသူတွေ အမျိုးအစား အများကြီးပေါ့။ ပြောလို့တောင်ကုန်မှာ မဟုတ်ဘူး။
လူအချင်းချင်းတောင်မှ အချိုက ကိုယ့်ထက်အသက်ကြီးသူ ကိုချစ်။ အချို့က ကိုယ့်ထက်ငယ်တဲ့သူတွေချစ်။ တစ်ချို့က မဲမဲတုံးတုံးကိုချစ်၊ အချို့က ဖြူဖြူဖွေးဖွေးကိုချစ်။
ခု ကိုစိန် နဲ့ မနှင်းဆီကတော့ မိန်းမချင်းကိုမှ ချစ်တဲ့ လိင်တူချစ်သူတွေ ပေါ့ဗျာ။

သူတို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် လိမ်ညာချစ်နေကြတာမဟုတ်ဘူး။
ချစ်ဟန်ဆောင် နေကြတာ မဟုတ်ဘူး။
တာဝန် ၀တ္တရား တစ်ရပ်အနေနဲ့ ချစ်နေကြတာလည်း မဟုတ်ဘူး။
ကိုယ့် ဘ၀ ကိုယ်သိရက်သားနဲ့ မခွဲနိုင် မခွာရက်ဘဲ ချစ်နေကြတာ။
သူတို့ နှစ်ယောက်ကို အပြစ်ပြောကြမှာလား။
ကျွန်တော့ အမြင်မှာတော့ ဘယ်အချစ်ကိုမှ အပြစ်ပြောလို့ မရနိုင်ပါဘူးဗျာ။
သူတို့ဖာ သူတို့ချစ်နေကြတာ ကျွန်တော်တို့က ဘာတတ်နိုင်မတုန်း။
တတ်နိုင်တာလေးတွေဘဲ လုပ်ပေးကြရမှာပေါ့။

ဒီလိုနဲ့အမှုစစ်ရောဗျ။
ဦးစံမတူတို့ တော်လိုက်ပုံများ လက်ရေးလက်မှတ်ကို နှစ်ယောက်လုံး တူတယ်လို့ အဖြေထွက်အောင် ဘယ်လိုများ လုပ်လိုက်တယ် မသိဘူး။ ဒါကြောင့် နံမယ်ကြီးပေတာ။
အခုလို နှစ်ယောက်စလုံး ထောင်ကျအောင် ဆောင်ရွက်ပေးရတာလည်း သိပ်တော့ မလွယ်ဘူးထင်တယ်။
ကျွန်တော့ အမြင်တော့ ကိုစိန်က သိပ်စာမရေးတတ်ပါဘူး။
ကဲ ဒါတွေထား။
ကျွန်တော် သူတို့ကို ဘာလုပ်ပေးနိုင်သလဲ။

ဒီနေရာမှာ လောင်းကစား ဥပဒေ အကြောင်းလေးကို နည်းနည်း ပြောချင်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ အစောဆုံးအနေနဲ့ ဘိုးတော်ဘုရားလက်ထက် ပြန်တမ်းတွေမှာ လောင်းကစား မလုပ်ဖို့ ကြပ်တည်းစွာတားမြစ်သည် ဆိုတဲ့ အမိန့်တော်တွေ ထုတ်ခဲ့တာ လေ့လာတွေ့ရပါတယ်။
အင်္ဂလိပ်လက်ထက်မှာတော့ ၁၈၉၉ ခုနှစ်မှာ The Burma Gambling Act ကို ပြဌာန်းခဲ့ပါတယ်။
အဲသည်ဥပဒေဟောင်းမှာတုန်းက ပြစ်ဒဏ်တွေက အလွန်ပျော့တဲ့အပြင် အချို့ပြည်နယ်တွေနဲ့ ဒေသတွေကိုတောင် အာဏာသက်ရောက်ခဲ့ခြင်း မရှိပါဘူး။ ဘောလုံးပွဲ ၊ မြင်းပွဲ နဲ့ လက်ဝှေ့ပွဲတွေလည်း လောင်းလို့ရပါတယ်။
အဲသည်ဥပဒေက နှစ်ပေါင်း ၁၀၀ လောက်တည်ခဲ့ပြီး ၁၉၈၆ ခုနှစ် ဆိုရှယ်လစ်ခေတ်မှာ အခုလောင်းကစား ဥပဒေကို ပြဌာန်းခဲ့တာပါ။ သိကြတဲ့အတိုင်း ၁၉၈၈ မှာ တိုင်းပြည်အခြေအနေ လုံးဝ ယိမ်းယိုင်ပြိုလဲခဲ့ပါတယ်။
၁၉၈၆ လောက်မှာကို သွေးပျက်နေပါပြီ။ စီးပွားရေးစီမံကိန်းတွေ မအောင်မြင်ဘဲ ရုတ်တရက်ချက်ခြင်းကြီး တိုင်းပြည်ချွတ်ခြုံကျ သွားတာကို သူ့ကြောင့် ငါ့ကြောင့် လက်ညိုးထိုးနေတဲ့ အချိန် ဖြစ်ပါတယ်။
ချဲထီဆိုတဲ့ လောင်းကစားနည်း တစ်မျိုးကလည်း ဆင်းရဲတာရယ် အလုပ်လက်မဲ့နှုန်းတွေ မြင့်မားတာရယ်ကို အခွင့်ကောင်းယူပြီး ထိုင်းနယ်စပ်ကနေ မြန်မာပြည်ထဲကို ထိုးဖောက်ဝင်ရောက် လာပါတယ်။
အမှန်တော့ အလုပ်မရှိတဲ့လူတွေ ဆင်းရဲတဲ့သူတွေသာ ချဲဆိုတာကို စိတ်ဝင်စားတာပါ။ ဆင်းရဲတွင်းက လွတ်ချင်ကြတာကိုး။ ကျွန်တော်တို့ ခင်ဗျားတို့လို မအားမလပ်အောင် အလုပ်များတဲ့သူတွေက ချဲ ဘာမှန်းတောင်မသိဘူး။
အဲသည်ခေတ် ဥပဒေပြုသူတွေက ချဲထီလောင်းကစားခြင်းကလည်း ဆင်းရဲရတဲ့အကြောင်းရင်းဘဲ ဆိုပြီး ခုပြဌာန်းထားတဲ့အတိုင်း ထိရောက် ပြင်းထန်တဲ့ ပြစ်ဒဏ်တွေနဲ့ ပြဌာန်းတာပါ။
ခုနှစ်ပေါင်း ၃၀ လောက် ဒီဥပဒေနဲ့ လောင်းကစားမှုတွေကို နှိပ်ကွပ်လာခဲ့တာ လောင်းကစားတွေ ပပျောက်သွားပြီလား။
ပိုတောင်ဆိုးလာသေးသလား။ ခုခေတ်ဆို ချဲ ထီနောက်ပိုင်း နှစ်လုံးထီ၊ ဘောလုံးပွဲလောင်းတာကို တစ်လုံး၊ နောက်ရွှေဘောလုံး၊ ဂိန်းစင်တာ၊ ဖန်လုံးအ၀ိုင်းကြီးထဲက ဂေါ်လီနှိုက်တဲ့ ဟာ တွေက အဲသည် ဥပဒေ ပြဌာန်းပြီးနောက် အသစ်ပေါ်ပေါက်လာသော လောင်းကစား နည်းများ ဖြစ်ကြပါတယ်။
အောင်ဘာလေထီ ကို ဈေးပိုရောင်းပြီး သိန်းတစ်ထောင်ပေါက်လျှင် နောက်ထပ်သိန်း ဘယ်လောက်။ အရက်တွေသောက် ကံစမ်းမဲတွေပေါက် သင်းချိုင်းကုန်းကိုရောက် ဆိုတာတွေလည်း ဥပဒေ လက်တစ်လုံးခြားဖြစ်တဲ့ လောင်းကစားလုပ်ငန်းတွေပါ။
ကျွန်တော်တို့ မဟာဗုဒ္ဒ၀င်မှာ ဘုရင်ကြွေအံကစားတာ ရှုံးလို့ အမတ်ကြီး မြင်းနောက်က ကြိုးနဲ့အဆွဲခံရတဲ့ ၀ိဓူရ ဇာတ်ရှိပါတယ်။ ဒါဆို သမိုင်းမတင်မီ ကတည်းက လောင်းကစားလုပ်ငန်း ရှိနေတာလို့ ပြောရမှာပေါ့။
အဲတော့ ဒီလောက်ရှေးကျတဲ့ လုပ်ငန်းကို ဘယ်လိုသုတ်သင်ကြမလဲ။ ဒီထက်ပိုပြင်းထန်တဲ့ဥပဒေ ပြဌာန်းရင်ရော။ ပျောက်သွားမှာလား။
လောင်းကစားခြင်းကို အမြစ်ပြတ်ချေမှုန်းဖို့ ဖြစ်နိုင်ပါ့မလား။ စဉ်းစားစရာတွေ ရှိနေပါတယ်။
လောင်းကစားကို မပစ်ပယ်နိုင်ကြတော့ ဥပဒေကိုကြောက်ပြီး ပုန်းလျိုးကွယ်လျိုး လုပ်ကြခြင်းဖြင့် ပြစ်မှုကျူးလွန်တဲ့အကျင့်ကို လူတွေကို လေ့ကျင့်ပေးသလို ဖြစ်နေတယ်ထင်ပါတယ်။
ကဲ ဒီအကြောင်းဆိုရင် စာတမ်းကြီး တစ်စောင် ဖြစ်သွားနိုင်တာမို့ ဒီလောက်နဲ့ဘဲ ရပ်ကြပါစို့ရဲ့ ။

ဇတ်လမ်းကို ပြန်ကောက်ရရင် ကိုစိန်တို့လင်မယား . . . .
လင်မယားလို့သုံးရတာ လျှာယားပေမယ့် သူတို့က ဒီလိုခေါ်လိုက်ရင်ကို ကျေနပ်နေကြတာဆိုတော့ ဒီအတိုင်းဘဲ ကောင်းပါတယ်။
အဲဒိလင်မယား ဘယ်လွတ်လိမ့်မတုန်းဗျာ။
ကျွန်တော့ အလုပ်က ကိုစိန်တို့ နှစ်ယောက်ကို လောင်းကစားဥပဒေနဲ့ အပြစ်ပေးဖို့ဘဲရှိတာပေါ့။
အနည်းဆုံး တစ်နှစ် အများဆုံး ၃ နှစ်ပြဌာန်းထားတဲ့ ပုဒ်မဆိုတော့ စဉ်းစားရတော့တာပေါ့။
နည်းရင်လည်း သိတော်မူကြတဲ့အတိုင်း။ များရင်လည်း မဖြစ်သင့်ဘူးဗျ။ တစ်နှစ်နဲ့ သုံးနှစ်ကြား ၂ နှစ်စီပေါ့ဗျာ။
စီရင်ချက်ကို ဖတ်နေရတဲ့အချိန် ကျွန်တော်စိတ်မကောင်းဘူး။ ချဲမှုတိုင်း စိတ်မကောင်းပါဘူး။
သူတို့ဟာ အကျင့်စာရိတ္တ ပျက်ပြားကြတဲ့သူတွေ မဟုတ်ဘူး။ သူတစ်ပါးပစ္စည်း စည်းစိမ်ဥစ္စာတွေကို ဆိုးခိုးတိုက်ခိုက် နေသူတွေ ဒုစရိုက်သမားတွေ လည်း မဟုတ်ဘူး။
ဒီလူတွေကို နှစ်နဲ့ချီပြီး ထောင်ထဲ ထည့်ထားလို့ ဘာအကျိုးထူးမှာလည်း။ ထောင်ထဲဆိုတာ ကောင်းတာရှိသလို ဆိုးတာတွေ တတ်လာတာလည်း ရှိတယ်။
တစ်ချို့ဆို မိသားစု ဆင်းရဲရှာလို့ လုပ်မိတာ။ စာပေးစာယူ တက်နေတဲ့ ကျောင်းသူ သနားကမားလေးလည်း ချခဲ့ရတာဘဲ။ အညွန့်ကျိုးရောပေါ့ဗျာ။

စီရင်ချက် ချပြီး
သူတို့နှစ်ယောက်က တော့ နှစ်ယောက်စလုံး ကျတယ်ဆိုတော့ ပျော်နေကြတယ်ဗျာ။ အရူးထက်ဆိုးတဲ့ အရူးတွေ။
တစ်ယောက် ပုခုံးတစ်ယောက်ဖက်ပြီး ထွက်ခွာသွားတော့ ကျောပြင်တွေကိုကြည့်ပြီး ကျန်ခဲ့တာပေါ့။
အေး . . မင်းတို့ကို ကြိုဆိုနေတယ်ဟေ့ ။ တကယ်တော့ ထောင် ဆိုတာ သူတို့က ဘာမှန်းမသိဘူး။ မခွဲချင်တာဘဲ သိကြတာ။

သူတို့နှစ်ယောက်ကို ကြည့်ပြီး ကျွန်တော် မျက်ရည်လည်ခဲ့မိတယ်။
ကျွန်တော် မျက်ရည်လည်တာ သူတို့နှစ်ယောက်အတွက် ၀မ်းသာလို့လား၊ သူတို့ချစ်ခြင်းမေတ္တာအပေါ် နက်နက်နဲနဲ နားလည်ခံစားမိလို့လား၊
သူတို့ရဲ့ အတိတ်ကံကုသိုလ်ကြောင့် ဖြစ်ရတဲ့ ခုအဖြစ်အပျက်တွေကို သနားမိပြီး ၀မ်းနည်းလို့လား၊ သာမန် မိန်းမနှစ်ယောက်ကို နစ်နစ်နာနာ ထောင်ချလိုက်ရလို့လား ကျွန်တော်ကိုယ်တိုင် နားမလည်ပါဘူး။
ယနေ့ထိလည်း နားမလည်ပါဘူး။ ။

ဒီလို ဒီလို ချစ်


တရားရုံးဆိုသည်မှာ ငြင်းကြခုံကြ အော်ကြဟစ်ကြ ဆဲကြဆိုကြ ၊ အနိုင်လိုချင်သော ဇော ခုနှစ်တန် ၊ လောဘ ဒေါသ မောဟ သောက တို့ ပြွတ်သိပ်ကြပ် နေသော နေရာဌာနဖြစ်ပါသည်။
တရားသူကြီးများသည် ရုံးအလုပ် ရုံးမှာထား အိမ်မပါစတမ်း နေနိုင်ကာမှ အသက်ရှည် အဆင်းလှပေမည်။
သို့မဟုတ်က မိန်းကလေး တရားသူကြီးများမှာ မျောက်ရုပ်ပေါက်ကုန်ကြလိမ့်မည်ဖြစ်ပြီး ယောက်ကျားလေး တရားသူကြီးများမှာလည်း အက်ဖ်ဖိုးမင်းသားများကဲ့သို့သော ရုပ်ဆင်းအင်္ဂါဖြင့် အိုမင်းရင့်ရော် ကုန်ကြမည်မှာဧကန်။
ကျွန်တော်ကိုယ်တိုင် အပါအ၀င် တရားသူကြီး အများစုမှာ နှလုံးသား ကြံ့ခိုင်ကြသူများဖြစ်ကြသည်။

တရားခံတစ်ဦးကို ထောင်ချလိုက်သည်ဆိုပါစို့။ နှစ်ဖက်အပြန်အလှန် ဥပဒေက ပေးသော အခွင့်အရေး တန်းတူ ရရှိခဲ့ကြပြီး ကိုယ်ကိုယ်တိုင်လည်း ဘာမှပါဝင်ပတ်သက်ထားတာ မရှိဘူးဆိုလျှင် ကျွန်တော်တို့သည် ဘာမှဝမ်းနည်းဝမ်းသာ ခံစားနေစရာ မရှိပေ။
သူ့အပြစ်ကို သူခံရတာဘဲ ဖြစ်သည်။ ထို့ကြောင့် တရားသူကြီးများသည် တရားခွင်တွင် မျက်နှာသေကြီး တွေနှင့် ထောင်ဒဏ် ငွေဒဏ် သေဒဏ် အမျိုးမျိုး ချမှတ်နေနိုင်ကြခြင်းဖြစ်သည်။

x x x x x

သို့သော် . . . .
အချို့ အချို့သော အမှုများသည် လောကဓမ္မတာထက် ကျော်လွန်ထူးဆန်းသည်ဖြစ်ရာ အိမ်ပါရုံမျှမက တစ်သက်စာ အမှတ်ရနေမိတတ်ပါသည်။
ထိုနေ့က စီရင်ချက်ချမှတ်လိုက်သော အမှုအတွက် ကျွန်တော့တွင် အမျိုးအမည် အရောင်အသွေး မပြောပြနိုင်သော စိတ်ခံစားချက်တစ်ရပ်ကို ခံစားခဲ့ရပါသည်။
ချစ်ခြင်း မေတ္တာ ဆိုတဲ့အရာသည် ကျနော်တို့ ပညာတတ် ခေါင်းတွေ ဥနှောက်တွေနှင့် မမီ ယုတ္တိဗေဒ၏ အပြင်ဘက်က အရာပါတကား။

အမှုက ရိုးရိုးလေးပါ။ ချဲထီ လောင်းကစားသည့် အမှု။ လောင်းကစားဥပဒေပုဒ်မ ၁၅(က)။ ၁၅(က) ဆိုတော့ ဒိုင်လုပ်တဲ့ပုဒ်မပေါ့။
တရားခံနှစ်ဦးမှာ လင်မယား ဖြစ်ပါသည်။
ကိုစိန် နှင့် မနှင်းဆီ တို့ နှစ်ဦးသား ပေါင်းဖက်လာကြတာ ဘယ်တုန်းကတည်းကမှန်း ကျွန်တော်မသိပါ။
အမှုနှင့် ပတ်သက်သမျှကိုသာ ကျွန်တော်သိပါသည်။
ကျွန်တော် သိသလောက် ပြောပြရလျှင် . . ..
သူတို့အသက်မွေးဝမ်းကျောင်းလုပ်ငန်းက ရပ်ကွက်ဈေးထဲတွင် သားငါးရောင်းချခြင်းဖြစ်သည်။
ပထမတော့ ကိုစိန်က ဈေးထဲ ရေထမ်း ရောင်းသူဖြစ်သည်။ ငါးသည်မ မနှင်းဆီနှင့် အကြောင်းပါသည့်အခါမတော့ မနှင်းဆီလုပ်ငန်းများကို ဦးစီးလုပ်ကိုင်သည်။
မနှင်းဆီ သနပ်ခါး ခြေဆုံးခေါင်းဆုံး လိမ်းပေးထားပြီး သူ့အနားမှာသာထိုင်နေ။ ကျန်တာသူအကုန်လုပ်သည်။
ရေခပ် တံမျက်လှည်း ထမင်းဟင်းချက် ဈေးရောင်း ဈေးသိမ်း၊ ဆိုပါစို့ဗျာ မနှင်းဆီ လုပ်စရာကို မကျန်အောင် သူအကုန်လုပ်သည်။
ဤသို့ဖြင့် တစနှင့်တစ စီးပွားရေးလေးလည်း ထိုက်သင့်သလောက် အဆင်ပြေလာသည်။

ယခုအခြေအနေထက် ပိုမိုတိုးတက်ကောင်းမွန်သော ဘ၀ကို လူသားတိုင်း လိုလား တောင့်တပါသည်။
ဤနိယာမအတိုင်း ကိုစိန်နှင့် မနှင်းဆီတို့သည် အရချောင်သော ချဲထီနှစ်လုံးထီဒိုင် အဖြစ် လုပ်ငန်းကိုတိုးချဲ့ လုပ်ကိုင်မိလေသည်။
မနှင်းဆီက စာရေးတတ်ဖတ်တတ် တွက်တတ်ချက်တတ်ဖြစ်သည်။
သို့နှင့် တစ်နှစ်ခြောက်လအတွင်း ချက်ခြင်းလက်ငင်းဆိုသလို ပြောင်ပြောင်ရောင်ရောင်တွေ ဖြစ်လာသည်။

ခုတော့ခက်ပြီ။ သတင်းအရ ရဲက သူတို့အိမ်ကို ၀င်ရောက်ရှာဖွေဖမ်းဆီးသည်။ ချဲထီနှင့်ပတ်သက်သည့် ဘောက်ချာ၊ လယ်ဂျာ၊ ငွေကြေးမှ၍ ချဲထီလောင်းကစား ဒိုင် ပြုလုပ်သည့် စာရွက်စာတမ်းများ ဖမ်းမိသည်။
ဖမ်းဆီးသော ဒုရဲအုပ်သည် သဘောကောင်းသူဖြစ်သည်။
ဒီအိမ်မှာ နှစ်ယောက်တည်း ရှိတာ တစ်ယောက်ကို တရားခံအဖြစ် ဖမ်းဆီးလျှင်ရပါသည်။ သင်တို့ နှစ်ဦးအနက် မည်သူတရားခံအဖြစ် အဖမ်းခံမလဲ မေး၏ ။
ရဲအရာရှိရှေ့တွင် နှစ်ဦးသား အကြီးအကျယ် ငြင်းခုန်စကားများကြလေသည်။
ကိုစိန်က မနှင်းဆီကို . . .
``ဒီအိမ်မှာ ငါအိမ်ထောင်ဦးစီး ငါအဖမ်းခံမယ်။ ငါ့ တာဝန်ဖြစ်တယ်။ ဒါပေမယ့် မနှင်းဆီရေ မင်းကိုငါ အပြင်မှာ ထားခဲ့ရမှာ စိတ်မချဘူး။ ငါ့ကွယ်ရာမှာ အခြားသူနဲ့ ဖောက်ပြန်မှာပေါ့၊ အဲဒါမျိုးငါအရမ်းရွံတာ။ ထွီ ၊ သူများနောက်ကို နင်ပါသွားရင် ငါရင်ကွဲပြီ။ အဲတော့ နင် ၀င်လိုက်။´´
အင် ၊ မနှင်းဆီ အင်ကနဲဖြစ်သွားတယ်။
မနှင်းဆီက `` ကိုစိန် ရှင်ကျမကို ခြေမွေးမီးမလောင် လက်မွေးမီးမလောင် ထားခဲ့တဲ့ ရှင့်ကျေးဇူးတွေက ကျမတစ်သက် ဆပ်လို့မကုန်ဘူး၊ ရှင်နဲ့ရမှာ ကျမမှာ အကုန်အဆင်ပြေတာ။ အဲသည်တော့ ရှင်ပြောသလို ကျမအထဲဝင်မယ်။ ဒါပေမယ့် ကိုစိန်၊ ကျမမရှိရင် ရှင်အငြိမ်နေပါ့မလား။ ရှင့်အကြောင်း ကျမအသိဆုံး။ ရှင်မရှိလို့ ကျမ မဖြစ်ဘူးကိုစိန်ရဲ့ ၊ အဲတော့ ရှင် ၀င်လိုက်။´´
အင် ၊ သည်တစ်ခါ အင်ကနဲဖြစ်တာက ရဲအရာရှိပါ။ ဦးထုတ်ကိုချွတ်လိုက်သည်။ လေးစားတဲ့အမူအယာကို ပြသလိုက်ခြင်းမဟုတ်။ ဦးထုတ်ချွတ်ပြီး ခေါင်းကို တစ်ဗျင်းဗျင်း ကုတ်တော့သည်။
``အော်ကြီး ဟစ်ကျယ်တွေ လုပ်မနေကြနဲ့ အပြင်မှာ လူတွေဝိုင်းကြည့်နေကြတယ်။ ကြာရင် ဒီကကောင် အလုပ်ပြုတ်လိမ့်မယ်။ ကဲ ဘယ်သူ လိုက်မှာလဲပြော။´´
ကိုစိန်က ကွမ်းတွေစားထားတဲ့ သွားရဲရဲကြီးတွေနဲ့ အံကြိတ်ပြီး ပြောလိုက်တယ် .. .
``ကျုပ်လိုက်မယ်။´´
မနှင်းဆီက သူ့နှုပ်ခမ်း ဖူးဖူးလေးကို ကိုက်ပြီး ပြောလေတယ်။
``မရဘူး ကျမလိုက်မယ်။´´
ကျူပ်လိုက်မယ် ကျမလိုက်မယ်နဲ့ အတန်ကြာအောင် ငြင်းခုန်ကြပြီး နောက် နှစ်ဦးသဘောတူ ဆုံးဖြတ်ချက်တစ်ရပ် ထွက်ပေါ်လာပါသည်။
ကျွန်တော် ကျမတို့ နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် အပြင်မှာ မထားခဲ့ရက်နိုင်ဘူး။ စိတ်မချနိုင်ကြဘူး။ ဒီတော့ နှစ်ယောက်စလုံးလိုက်မယ်။
``ဟိုက်ရှားလဘတ်´´
ဒီတစ်ခါရဲအရာရှိ ဦးထုတ်ချွတ်လိုက်တာက တော့ သူတို့နှစ်ဦးအပေါ် လေးစားသမှုကို ပြသလိုက်တာပါ။

ချဲမှု နှစ်လုံးထီမှု များတွင် ထုံးစံအားဖြင့် တစ်ယောက်ယောက်က ၀န်ခံလိုက်သည်။
ယောက်ကျားလုပ်သူ က ၀န်ခံတာလည်းရှိသည်။
မိန်းမဖြစ်သူ ၀န်ခံတာလည်းရှိသည်။
ယောက်ကျားဖြစ်သူက ကျားကျားယားယား မို့ အနေအစား ဆင်းရဲတဲ့ဒဏ်ခံနိုင်တယ်။ မိသားစုအတွက် အနစ်နာခံတယ်၊ ကလေးသူငယ်ရှိလျှင်လည်း မိန်းမက အပြင်မှာ ကြည့်ရှုစောင့်ရှောက်နိုင်တယ် ဆိုသည့်အယူအဆရှိသလို . . .
မိန်းမဖြစ်သူက ထောင်ကျလျှင် မိန်းမသားဖြစ်သဖြင့် အခွင့်အရေးတွေပိုရသည်။ အထူးသဖြင့် ယခင်ကဆို ရဲဘက်ကို မလိုက်ရ။ လူသားချင်း စာနာသည့် အကူညီများလည်း ပိုရတတ်သည်ဟူသော အယူအဆလည်း တစ်နည်းအားဖြင့် ရှိကြသည်။
ခုလို နှစ်ယောက်သား အကျေအလည် ညှိနှိုင်းပြီး နှစ်ယောက်စလုံး ၀န်ခံတာမျိုး မရှိပေ။
လင်မယားနှစ်ယောက်စလုံး ၀န်ခံကြလျှင် နှစ်ယောက်စလုံးသာ အတိ ဒုက္ခရောက်ဖွယ်ရှိသည်။ အကျိုးများစရာအကြောင်း ဘာတစ်ခုမှ မရှိပေ။
ဘယ်အရူးမှ ထိုသို့ဝန်မခံကြ ဟုသာပြောချလိုက်ချင်ပါတော့သည်။
ကိုစိန် နှင့် မနှင်းဆီတို့နှစ်ယောက် ရူးများနေကြလား။
သူတို့ နှစ်ယောက်သည် အရူးထက်ပင်ဆိုးသော အရူးများဖြစ်ကြပါသည်။

အဲလိုနဲ့ နှစ်ယောက်စလုံး ရဲစခန်း ရောက်ကြပါလေရောပေါ့ဗျာ။
ရဲစခန်းထဲရောက်တော့ အချုပ်ထဲကိုထည့်တော့တာပေါ့။
ပြဿနာက အဲသည်မှာ စတော့တာပဲဗျို့ ။
                                                                        ညိုလွင်ဦး
                         

Wednesday, February 26, 2014

စက်ဝိုင်းကြီးကြီး ၀ိုင်းကြမယ်


ယောင်္ကျားတစ်ယောက်ဟာ ကိုယ့်ရဲ့ဇနီး၊သားသမီးလေးတွေအတွက် စက်ဝိုင်းကြီးတစ်ခုဆွဲ၊အဲဒီထဲမှာ မိသားစုကို ထည့်ထားပြီး ကိုယ့်မိသားစုအတွက် လုံခြုံမှု၊နွေးထွေးမှုတွေ ပေးနိုင်ရမယ်။ ရှေးတုန်းက အောက်လမ်းဆရာကြီးတွေ မြေကြီးပေါ်မှာ စည်းတားပြီး အဲဒီစည်းကို ကျော်ပြီး မထွက်ရလို့ စည်းတားသလိုပေါ့။

ဒီတော့ အမျိုးသားတစ်ယောက်ဟာ ယောင်္ကျားပီသဖို့ဆိုရင် မိသားစုအတွက် စက်ဝိုင်းတစ်ခုတော့ အနည်းဆုံးဆွဲနိုင်ရမယ်ပေါ့။

ယောင်္ကျားမပီသပဲ ညံ့ဖျင်းတဲ့ ယောင်္ကျားမျိုးကျတော့ မိသားစုအတွက် လုံခြုံမှုပေးနိုင်မယ့် မေတ္တာစက်ဝိုင်းကြီးကို မဆွဲနိုင်ပေဘူး။
ကိုယ့်တစ်ယောက်စာ လုံခြုံဖို့လောက်ပဲ စက်ဝိုင်းသေးသေးလေးတွေ ဆွဲနိုင်ကြတာ။

မြင့်မြတ်ထူးချွန်တဲ့ ယောင်္ကျားတွေကျတော့ သူဆွဲတဲ့စက်ဝိုင်းတွေဟာ ပိုပြီး ကြီးလာကြတယ်။ မိသားစုအပြင် ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့် ဆွေမျိုးဇာတိစတာတွေကိုပါ လုံခြုံမှုပေးနိုင်မယ့် စက်ဝိုင်းမျိုးဆွဲကြတာပေါ့။ စက်ဝိုင်းပမာဏ ဘယ်လောက်ကြီးကြီးဆွဲနိုင်တယ်ဆိုတာအသက် အရွယ်၊ပညာအရည်အချင်းနဲ့ ဆိုင်သင့်သလောက် ဆိုင်တယ်ဆိုပေမယ့် အဓိကက မေတ္တာတရားနဲ့ ၀ီရိယအားထုတ်မှုတွေအပေါ်မှာပဲ မူတည် တတ်ကြတာ။

မြန်မာ့လွတ်လပ်ရေး ဖခင် ဗိုလ်ချုပ်အောင်ဆန်းဆိုရင် အသက် ၃၀ရွယ်မှာဆွဲခဲတဲ့ သူ့ရဲ့ စက်ဝိုင်းက သူ့မိသားစုအတွက်သာမက
မြန်မာတစ်နိုင်ငံလုံးအတွက် လွတ်လပ်ရေးအမွေကိုတောင် ပေးနိုင်ခဲ့တယ်။ မြန်မာတစ်နိုင်ငံလုံးပါဝင်တဲ့ စက်ဝိုင်းကြီးတစ်ဝိုင်း ဗိုလ်ချုပ် ဆွဲ
ပေးနိုင်ခဲ့တာပေါ့။

မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်လို မဟာလူသားတွေကျတော့ မေတ္တာစက်ဝိုင်း အ၀န်းအ၀ိုင်းကြီးကို လူသားတစ်ရပ်လုံးအတွက် အတိုင်းအဆမရှိ ဆွဲနိုင်ခဲ့ကြတာ မဟုတ်လား။ ပါရမီဆယ်ပါးမှာ တစ်ပါးအပါဝင်ဖြစ်တဲ့ မေတ္တာပါရမီစက်ဝိုင်းတော်ကြီးကို လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းကြာအောင် ဆွဲခဲ့ရတာ။

ဒီတော့ အရိုးရှင်းဆုံး ကြည့်ကြမယ်ဆိုရင် ယောင်္ကျားတစ်ယောက်၊လူသားတစ်ယောက်ရဲ့ အရည်အချင်းဆိုတာ ငွေကြေးဥစ္စာ၊ ရာထူးဂုဏ်သိမ်နဲ့ ပညာအရည်အချင်းတွေ မဟုတ်မူပဲ သူ့ဆွဲနေတဲ့၊ဆွဲခဲ့တဲ့ မေတ္တာစက်ဝိုင်းကြီးအတွင်းမှာ လူဘယ်နှစ်ဦး လုံခြုံမှုတွေရနေကြသလဲ၊အေးချမ်းတည်ငြိမ်မှုတွေ ရနေကြသလဲ ဆိုတာနဲ့ပဲ တွက်ချက်သင့်တယ်လို့ ကျွန်တော်ကတော့ထင်တယ်။

လူသားတိုင်းက စက်ဝိုင်းတွေကိုယ်စီ ဆွဲနိုင်အောင်ကြိုးစားရမှာ ဖြစ်ပြီး စက်ဝိုင်းကြီးတစ်ခုနဲ့ တစ်ခုက အပြန်အလှန် လွှမ်းခြုံနေဖို့လဲ
လိုတယ်။ ကိုယ်ဆွဲခဲ့တဲ့ စက်ဝိုင်းထဲက ကိုယ့်သားသမီးလေးတွေ အရွယ်ရောက်လို့ ကိုယ်စီစက်ဝိုင်းလေးတွေ ဆွဲကြတော့ ကိုယ်ကိုယ်တိုင်လဲ
သူတို့ မေတ္တာစက်ဝိုင်းထဲရောက်သွားရမှာ မဟုတ်လား။

ပြောချင်တာက လူ့အဖွဲ့အစည်းအတွင်းမှာ လူတိုင်းက စက်ဝိုင်းကိုယ်စီဆွဲနေကြပြီး အဲဒီစက်ဝိုင်းတွေ အချင်းချင်း Overlap ဖြစ်
လွှမ်းခြုံနေကြမှ တည်ငြိမ်းအေးချမ်းတဲ့ လူ့အဖွဲ့အစည်းဆိုတာရမယ်။ လူတိုင်းဟာ အလုပ်တစ်ခုလုပ်တော့မယ်ဆိုရင် “ငါဆွဲနေတဲ့ မေတ္တာ၊ဂရုဏာစက်ဝိုင်းအတွက် အထောက်အကူဖြစ်ပါ့မလား” လို့ အတွေးလေးတစ်ခု တွေးပြီးမှ အဲဒီအလုပ်ကို လုပ်သင့်တယ်။

ကျွန်တော်တို့ မြန်မာပြည်သားတွေ ကိုယ့်မိသားစုအတွက်၊ကိုယ့်နိုင်ငံသားတွေအတွက် တော်တည့်မှန်ကန်ကောင်းမွန်တဲ့ စက်ဝိုင်း
တွေကိုယ်စီ ဆွဲနိုင်ကြပါစေ။


                                                                ဒေါက်တာလွှမ်းမိုးဟန်

ကင်ဆာအတွက် ဆေးတစ်လက်


ကျွန်မတို့ရုံးနှစ်ပတ်လည်အစည်းဝေးအတွက် နိုင်ငံအသီးသီးက တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေ ထဲမှာ တစ်ယောက်ကျွန်မတွေ့တော့ တော်တော်အံ့အားသင့်သွားတယ်။
ဒီနှစ်စမှာဘဲ ဆေးစစ်တဲ့အခါကင်ဆာလို့အဖြေထွက်ပီးကျွန်မတို့တစ်တွေ စိတ်မကောင်းဖြစ်နေခဲ့တာပါ။

အခုပြန်တွေ့တော့ လန်းဆန်းကျမ်းမာတက်ကြွနေတော့ စကားစမြည်ပြောရင်းနဲ့ဆေးနည်းလေးတစ်ခုရလာတာကို ဝေမျှခြင်လို့ပါ။
အခုတစ်လော ကင်ဆာ ဆိုတာနဲလူတွေကလန့်နေကြပါပီ။ ခီမိုသွင်းရတာနဲ့ မိသားစုဝင်တွေစိတ်ပင်ပန်းကြတာနဲ့
ရုတ်တရက် သေဆုံးသွားတာ နဲ့ ဒါကြောင့် ကျွန်မတို့ရုံးက အန်တီဆိုရင်သူ့ကင်ဆာဖြစ်တာသူများ ကိုမသိစေချင်ဘူး၊ သူများတွေသူ့ကိုသေလူလို့ကြည့်နေတဲ့အကြည့်တွေမခံနိုင်ဘူးဆိုပီးရင်ဖွင့်ရှာပါတယ်။ ကျွန်မ ရဲ့ အချစ်ဆုံး ကြီးကြီး လဲ ကင်ဆာနဲ့ဆုံးသွားသလို အမလိုခင်မင်ပီးချစ်ရတဲ့ ရှေ့နေမမ တစ်ယောက်လဲကင်ဆာနဲ့ ဘ၀ဆုံးသွားရရှာပါတယ်။

အထူးသဖြင့် ကျွန်မတို့မိသားစုနဲ့နှစ်အိမ်တစ်အိမ်လိုဖြစ်နေတဲ့ မိုးကောင်းက အန်တီနဲ့အန်ကယ်လဲကင်ဆာနဲ့ဘဲဆုံးပါးသွားကြတယ်။ အရင်ကတော့ ပန်းခါး ဆိုတာအရမ်းကို နာမည်ကြီးတယ်။ ပန်းပင်အခြောက်လေးတွေကိုရေနွေးကြမ်းလိုလုပ်သောက်ရတာပါ၊ အရမ်းကိုခါးတော့ကျွန်မတောင်စမ်းသောက်ကြည့်ပီးတွန့်သွားတာနဲ့ မသောက်ဖြစ်တော့ပါဘူး။

ခီမိုသွင်းထားတဲ့လူနာတွေဆို ခံတွင်းထဲဘာထည့်ထည့်အရသာမရှိတော့ဘူး။ အရမ်းလဲသနားဖို့ကောင်းပါတယ်။
ကင်ဆာရောဂါဖြစ်နေသူများ အတွက် သတင်းကောင်းပါ။ အရသာလဲမဆိုးတဲ့ဘဘာဝအသီးပင်ရဲ့အရွက်ကိုပြုတ်သောက်ရုံတင်နဲ့ ကင်ဆာရောဂါကိုပျောက်ကင်းသက် သာစေတာ ကျွန်မမျက်စိရှေ့မှာတင် ၄ ယောက်လောက်တွေ့ခဲ့လို့ ရဲရဲကြီးမျှဝေလိုက်ပါတယ်။

ဆေးပညာအကြောင်းအစုံလင်နားမလည်ပေမယ့် ခီမိုသွင်းတာ ကင်ဆာ cellအကောင်းရောအဆိုးပါသတ်ပစ် တာဖြစ်ပီး ဒီဒူးရင်းသြဇာအရွက်ပြုတ်ရည်ရဲ့ အာနိသင်ကတော့ကင်ဆာ ဆဲလ် ချည်းသတ်သတ်ကိုသာ သတ်ပစ်တယ်လို့ ရှင်းပြပါတယ်။
ကျွန်မညီမလေးကျောင်းက ပရော်ဖက်ဆာကတော့ လူတိုင်းတော့ ပျောက်နိုင်မှာမဟုတ်ဘူး၊တစ်ယောက်နဲ့ တစ်ယောက် ကင်ဆာဖြစ်ပုံအမျိုးစားခြင်းမတူသလို ခန္တာကိုယ်ကတုံ့ပြန်ပုံခြင်းလဲမတူနိုင်ပါဘူးလို့ ဆိုပါတယ်။ ဒါပေမယ့်ကျွန်မအကြံပေးခြင် တာကတော့ အနည်းနဲ့အများ ပျောက်သွားသည်ဖြစ်စေသက်သာသွားသည်ဖြစ်စေ အန္တရယ်မရှိတာမို့စမ်းသောက်ကြည့်ကြဖို့ တိုက်တွန်းပါရစေ။

ကိုယ်နဲ့သိတဲ့ မိတ်ဆွေ သူငယ်ချင်း ဆွေမျိုးသားခြင်းများမှာလဲ ကင်ဆာရောဂါရှိတဲ့သူများရှိရင် ထပ်ဆင့် ဝေဌပေးကြပါ နော်။ ကင်ဆာဆဲလ် တွေစစ်တဲ့အခါတိုးတက်မှုရှိမရှိကို သိလာပါလိမ့်မယ်နော်။

ဒူးရင်းသြဇာလို့ မြန်မာပြည်မှာခေါ်တဲ့အသီးကို သိကြမယ်ထင်ပါတယ်နော်။အဲဒီအသီးပင်ရဲ့အရွက် ကိုပြုပ်သောက်ရမှာဖြစ်ပါတယ်။
ဆေးနည်းကတော့အရွက် (၂၀) ရွက် ကို ရေ ၆-၈ ခွက်ထည့်ပီး မီးအေးအေးနဲ့ (၂)နာရီကြာအောင်တည်ရပါမယ်။

တစ်ရက်ကို (၃) ခါ နှစ်ခွက်စီ သောက်ပါ

(၅)ရက်သောက်ရမှာဖြစ်ပါတယ်။

လိုအပ်ရင် ဆက်သောက်သွားလို့ရပါတယ်။ အသီးလဲကြိုက်တတ်ရင်ရန်ဖန်ရံခါစားပေးပါ။

ကင်ဆာရောဂါရှိသူများ၊ အသိမိတ်ဆွေအမျိုးထဲမှ ရောဂါရှိသူများကို
သဘာဝဆေးဖြစ်တာကြောင့် ဘေးဥပဒ်မသင့်မှာမို့ စမ်းကြည့်ကြဖို့ တိုက်တွန်းကြပါနော်။
သက်သာပျောက်ကင်းသွားတယ်ဆိုရင် …ကိုယ့်အတွက်အမြတ်ပါဘဲ…

မှတ်ချက်.. Google Group တခုမှ ကူးယူထားပါသည်။ စိတ်ဝင်စားသူမှာ ဖတ်ရှူနိုင်ရန်အတွက်ပါ။

Credit - ZinYawNews

Thursday, February 20, 2014

PR ကိုနားမလည်၊ ပြည်သူကို ငါကိုင်တုတ်၊ တပ်ကထုတ်ပစ်သင့်တဲ့ ဗိုလ်ကြီး


အပေါ်က အမှန်တရားပေါ်ပေါက်ဖို့ စစ်ခိုင်းတယ်။ ဒါပေမယ့် အောက်က အရာရှိအချို့က အာဏာရှင်အကျင့်ဟောင်း မပျောက်သေးဘူးဆိုတာ ဒီဖြစ်စဉ်ကိုကြည့်တာနဲ့ သိနိုင်ပါတယ်။ ဒါပေမယ့် စစ်တပ်ဆိုတာ၊ စစ်သားဆိုတာ တစ်ယောက်မှ မကောင်းဘူးလို့ ၀ါးလုံးသိမ်းရမ်းလို့တော့မရဘူး။ တပ်မှာဖြစ်ဖြစ်၊ အရပ်မှာဖြစ်ဖြစ် ကောင်းတဲ့သူရှိသလို ဆိုးတဲ့သူလည်း ရှိတယ်ဆိုတာတော့ သတိချပ်စေချင်ပါတယ်။ ဒီ အသံဖိုင်မှာ ပါဝင်တဲ့ သူတွေမှာပဲ ပီအာနားလည်ပြီး လူသားဆန်သူတွေ ပါနေပါတယ်။ ရိုင်းစိုင်း မောက်မာတဲ့ အရာရှိဆိုးတစ်ယောက်ကြောင့် အရုပ်ဆိုး အကျည်းတန် သွားတယ်ဆိုတာကို မီးမောင်းထိုးပြတာပါ။
ပြည်သူကို ကာကွယ်ဖို့ မြေသိမ်းတာလား။ ပြည်သူကို ကာကွယ်ဖို့ ပြည်သူကိုယ် မိုးမွှန်အောင်ဆဲတာလား။ ပြည်သူကို လေးစားလို့ ပြည်သူတွေကို ထိုးလိုက်မယ်ဆိုပြီး ခြိမ်းခြောက်တာလား။ လေးစားပါတယ်ဗျာ။ ဒီလို စစ်အရာရှိတွေကြောင့် စစ်တပ်တစ်ခုလုံး အမည်ပျက်နေရတာ။ ပြည်သူ့ချဉ်ဖတ် ဖြစ်နေရတာကို ကုစားနိုင်ဖို့အတွက် ဒီလိုအရာရှိဆိုးတွေကို ထိရောက်တဲ့ အရေးယူမှုတွေ မပြုသင့်ဘူးလား။
အဆဲခံ၊ အဟောက်ခဲရတဲ့ လယ်သမားတွေက သူ့ထက် အသက်ကြီးသူတွေ၊ အဖေအရွယ်တွေ။ အမျိုးသမီး တစ်ယောက်လည်း ပါနေတယ်။ ဒါတောင် ဒီလို ရိုင်းစိုင်းတဲ့ မာန်တက်တဲ့ ခြိမ်းခြောက်တဲ့ ဟိန်းဟောက်တဲ့ အပြုအမူ အပြောအဆိုတွေက တပ်နဲ့ပြည်သူ မြဲကြည်ဖြူနိုင်ပါ့မလားဗျာ။
ကဲ… ဗိုလ်ကြီး ရဲ့ မောက်မာ ရင့်သီး ရိုင်းစိုင်းတဲ့ အသံချိုချိုလေးတွေ နားထောင်ကြည့်ရအောင်ဗျာ။ အောက်မှာ သူပြောခဲ့တဲ့ စကားအချို့ကို ဖေါ်ပြပေးလိုက်ပါတယ်။ အပြည့်အစုံကိုတော့ အသံဖိုင်မှာနားထောင်ကြည့်လိုက်ပါဗျာ။ လှည်းကူးမြို့နယ်၊ မင်းကုန်းမှာ ဖြစ်ခဲ့တာလေးပါ။
“ဘာမှမပြောနဲ့ ငါ့လီး။ …… မင်းတို့။ ငါက သူပုန်နယ်ထဲကလာတာ။ သိရဲ့လား။ ဧရိယာမရှိဘဲ စစ်တပ်လုပ်လို့ရမလား။ မင်းတို့ကိုကာကွယ်ဖို့ စစ်တိုက်ဖို့အတွက် ငါလိုးမသား ဒီနယ်မြေ မရှိလို့ မရဘူးကွာ။ ငါလိုးမသား ငါတို့ သူပုန်ထဲကလာတာ။ ကြားလား။ ရှမ်းသူပုန်၊ ကရင်သူပုန်၊ ကယားသူပုန် ငါတို့ တိုက်ခဲ့ပြီးပြီ။”
“ရှမ်းပြည်မှာ ငါက ဆောင့်ကန်ပစ်လိုက်တာ။ သတ်ပစ်လိုက်တာ။ ငါလည်း ရှမ်းပြည်မှာလုပ်ခဲ့တာ သိလား။ …… လုပ်ပစ်လိုက်တာ။ သတ်ပစ်လိုက်တာ သိလား။ ဒီမှာက အရင်တုန်းက ကွန်မြူနစ်နယ်မြေ။ မင်းတို့ ကွန်မြူနစ် အစွယ်အပွားတွေလား။ ရှမ်းပြည်မှာ သူပုန်လိုဆို သေသွားမယ်။ ယူဂျီလို အစွယ်အပွားလို လာမလုပ်မနဲ့။ ငါ့လီး။ တောက်လျှောက် သူပုန်ထဲမှာနေလာတာ။ ဘာကောင်တွေလည်းမသိဘူး။ ယူဂျီတွေလားမသိဘူး။ ဗကတွေလားမသိဘူး။ ဗကပ လက်ကျန်တွေလားမသိဘူး။ ငါလိုးမသားတွေ။ ထောင်ကျ ယူဂျီတွေပဲ။ ငါလိုးမသား Under Ground ယူတဲ့ကောင် ကပ်တီးကပ်ဖဲ့ကောင်။ ….. ငါလိုးမသားတွေ။ ”
1. https://drive.google.com/file/d/0BxjQoIYmAyQ0dml4R2xJVGtuUVE/edit?usp=sharing

2. https://drive.google.com/file/d/0BxjQoIYmAyQ0Zzk5cjZFU3ZiZkU/edit?usp=sharing
Google Drive lets you store up to 15GB of your stuff for free, access them from anywhere, and collaborate with others.
accounts.google.com
သိမ်းငှက်ပုံပြင်
***************
သိမ်းငှက်ဟာကမ္ဘာပေါ်မှာ အသက်အရှည်ဆုံး
ငှက်တစ်မျိုးဖြစ်ပြီး အသက်(78)နစ်အထိအသက်
ရှင်နေထိုင်နိုင်ပါတယ် ဒါပေမဲ့ သူတို့ဟာ အသက်
ရှည်ရှည်နေနိုင်ဖို့အတွက် သူတို့ရဲ့အသက်(48)နှစ်
မှာ ခက်ခဲတဲ့ဖြစ်စဉ်အတွက် အရေးကြီးတဲ့ဆုံးဖြတ်
ချက်တစ်ခုကိုချကြရပါတယ်။ သူ့အသက် (48) နှစ်
ရောက်တဲ့အခါမှာ သားကောင်ကိုဖမ်းဖို့အတွက်
သူ့ရဲ့လက်သည်းတွေဟာ စတင်ပျက်စီးလာပါတယ်
။နုတ်သီးတွေကလဲရင်ဘတ်ထိအောင်ရှည်ပြီး
ကောက်လာပြီး အတောင်တွေကလဲ အရမ်းလေးလာ
ပါတယ် အမွှေးတွေကလဲအရမ်းထူလာတဲ့အတွက်
ပျံရတာလဲအရမ်းပင်ပန်းလှပါတယ်။သူ့မှာရွေးချယ်
စရာနှစ်လမ်းပဲရှိပါတယ်။ဒီအတိုင်းနေပြီးဘာမှမလုပ်
တော့ပဲအသေခံမလား? နာကျင်ခက်ခဲတဲ့ဖြစ်စဉ်ကို
ဖြတ်သန်းပြီးအသက်ဆက်ရှင်မလား? မစွန့်စားပဲ
သေရတာထက်စာရင် စွန့်စားပြီးသေရတာကပို
မြတ်ပါလိမ့်မယ်။ ဒါကြောင့်အလွန်မြင့်တဲ့တောင်
တစ်ခုဆီပျံသန်းသွားပြီး အသိုက်တစ်ခုတည်ဆောက်
လိုက်ပါတယ် ပြီးတော့ထပ်မပျံသန်းပဲ အဲဒီမှာပဲနား
နားနေပါတယ်။နာကျင်ခက်ခဲတဲ့ဖြစ်စဉ်ကိုကျော်ဖြတ်
ဖို့အစကနေအဆုံးထိ ရက်ပေါင်း (150) နှစ်ဝက်နီး
ပါးကြာပါတယ်။
ဒီတော့သူဟာပထမဦးဆုံး သူ့ရဲ့နုတ်သီးကို ကျောက်
ဆောင်နဲ့ရိုက်ပြီးဖြုတ်ပြစ်ရပါတယ်။ပြီးတော့နုတ်သီး
အသစ်ထွက်လာတဲ့အထိ တိတ်ဆိပ်စွာနဲ့စောင့်
ဆိုင်းနေခဲ့ရပါတယ်။နုတ်သီးအသစ်ထွက်လာတော့
အဲ့ဒီနုတ်သီးနဲ့ပဲ ခြေသည်းတွေကို တစ်ခုပြီးတသ်ခု
ဆွဲနုတ်ရပါတယ်။ခြေသည်းအသစ်တွေထွက်လာမှ
သူ့ရဲ့အတောင်တွေကိုတစ်ခုပြီးတစ်ခု နုတ်ပြစ်ရ
ပြန်ပါတယ်။အတောင်ပံအသစ်တွေထွက်လာတော့
သူ့ရဲ့ခက်ခဲစွာဖြတ်သန်းရတဲ့ရက်ပေါင်းက(150)
ပါပဲ ။ဒီတော့မှသူဟာပျန်သန်းနိုင်ပြီး နောက်ထပ်
နှစ်ပေါင်း(30)အကြာ အသက် (78)နှစ်အထိ အသက်ရှင်နေထိုင်နိုင်ခဲ့ပါတယ်။
ဒီအဖြစ်အပျက်ကတော့ (change)ဆိုတဲ့ပြောင်း
လဲမှု့ကိုပြောခြင်တာပါ။ တသ်ခါတစ်ရံမှာ ကျွန်တော်
တို့ဟာ ဘဝအသစ်အတွက် ခက်ခဲတဲ့ဆုံးဖြတ်ချက်
တွေချကြရပါတယ်။ဘဝကိုအောင်အောင်မြင်မြင်
နဲ့ ဆက်လက်ဖြတ်သန်းချင်ရင်တော့ ကျွန်တော်တို့
ရဲ့အကျင့်ဆိုးတွေ။ ထုံးစံတွေကိုလွှင့်ပြစ်ရပါလိမ်မယ
ကျွန်တော်တို့ဟာ အတွေးအခေါ်အသစ်တွေကို
လက်ခံချင်စိတ်ရှိတာနဲ့အမျှ အတွေးခေါ်ဟောင်းတွေ
ကိုစွန့်ပြစ်ရလိမ့်မယ်။ကိုယ့်ရဲ့အစွမ်းအစတွေဖော်ထုပ်
နိုင်ပြီး လှပတဲ့အနာဂတ်အသစ်တွေကို တည်
ဆောက်နိုင်ရပါမယ်။တိရိစ္ဆာန်ဖြစ်တဲ့ သိမ်းငှက်
တောင်သူ့ခန္ဓာကိုယ်မှာရှိတဲ့ မလိုလားအပ်တဲ့ အင်္ဂါ
အသိတ်အပိုင်းကို နုတ်ပယ်နိုင်သေးရင် အသိဥာဏ်
ရှိတဲ့လူသားတွေကရော ကိုယ့်ကိုယ်ကို(change)
မလုပ်နိုင်ကြဘူးလား? သိမ်းငှက်ဟာ နာကျင်ခက်ခဲ
စွာပြောင်းရတာပါ။လူသားတွေဖြစ်တဲ့ကျွန်တော်တို့
က နာကျင်စရာမရှိပဲ "အတွေးအခေါ်အဟောင်း အမူ
အကျင့်အဟောင်း မကောင်းတဲ့စရိုက် တွေကိုမစွန့်
လွှတ်နိုင်ကြဘူးလား? မပြောင်းလဲ နိုင်ကြဘူးလား?
ဒီအတိုင်းဆက်သွားမလား ဆိုတာ စဉ်းစားစေခြင်
ပါတယ်။ No-1 fri များတစ်ခုခုရကြပါစေ။

                                        Lu Phyu
ရေပေါ်လမ်းလျှောက်သော အဖိုးအို ၃ယောက်
*************************************************
-လူတွေအများစုဟာ ကိုယ်ရဲ့အသိအမြင်အကြား
ပေါ်မှာပဲ ထင်သလို မြင်သလို ကြားသလို အပေါ်ယံ
နဲ့ပဲသုံးသတ် ဆုံဖြတ်ကြပါတယ်။တစ်ခါတုန်းက
တက္ကသိုလ်ကျောင်းစာသင်ခန်းထဲကို ပါမောက္ခတဦး
ဝင်လာပြီး စာသင်စာပွဲမှာ ၄ ၂ = လို့ ၄နဲ့ ၂ ကြားမှာ
အမှတ်အသားမပါပဲရေးပါတယ်။ ဆရာက- ကျောင်း
သား/ကျောင်းသူ တွေဘက်လှည့်ပြီး "ဒါဘာအဖြေ
ရပါသလဲ" ဖြေပါလို့ မေးလိုက်ပါတယ်။
တချို့က ၄-၂=၂ လို့ ပြောတယ်။
တချို့က ၄+၂=၆ လို့ ပြောတယ်။
တချို့က ၄×၂=၈ ပြောတယ်။
တချို့က ၄ ၂=၂ ပြောတယ်။
မေးခွန်းတစ်ခုမှာ အဖြေက အမျိုးမျိုးဖြစ်နေပါတယ်
ပြီးမှ ဆရာက တပည့်များကိုပြောပါတယ်။ တကယ်တမ်း
ဆိုယင်မေးခွန်းကမပြည့်စုံပါဘူး (4 2) ကြားမှာဘာ
သင်္ကေတမှ မပါဝင်ဘူးဆိုတာ သတိထားဖို့လိုပါတယ်
ကိုယ့်သဘောနဲ့ကိုစိတ်ထင်ရာအစားသွင်းပြီးအဖြေ
ထုတ်နေကြတာပါပဲ။ဒါကြောင့်အဖြေကမတူဘူးဖြစ်
နေကြရတယ်။ တကယ်တမ်းဆိုရင် မသိရင်မေးကြရပါမယ် တိတိကျကျ သိပြီးမှအဖြေ
ထုပ်မှသာလျင် အဖြေမှန်ရမယ်လို့ပြောသွားပါတယ်
ဒါကြောင့်ဘယ်အလုပ်ဖြစ်ဖြစ် ဘယ်အကြောင်းအရာ
ဖြစ်ဖြစ် တိတိကျကျ ဖြစ်အောင်လုပ်ရင် ဆုံးရှုံးနစ်
နာစရာမဖြစ်ပါဘူး မစူးစမ်းပဲလုပ်မိရင်တော့ ဆုံးရှုံး
မှု့တွေဖြစ်လာနိုင်ပါတယ်။
--ဒီနေရာမှာ အထင်နဲ့ရမ်းလုပ်တဲ့ ပုံပြင်လေးပြော
ပြပ့မယ်--
--ဟိုတုန်းက ရွာတစ်ရွာရဲ့ အနားမှာ မြစ်ချောင်းတစ်
ခုရှိပါတယ်။အဲဒီမြစ်ချောင်းမှာ နေ့တိုင်း ငါးမျှားတဲ့
အဖိုးအို (3)ယောက်ရှိပါတယ်။ အဖိုးအိုတွေဟာ ငါး
မျှားလို့ပျင်းလာပြီဆိုလျှင် သွေးပူလေ့ကျင့်ခန်းအနေ
နှင့် အဲဒီမြစ်ချောင်းရဲ့ရေပြင်ပေါ်မှာ ဟိုဘက်ကမ်းနဲ့ဒီ
ဘက်ကမ်းကို ရေပြင်ပေါ်မှဖြတ်လျောက်ပြီး လွှား
ကနဲလွှားကနဲ ခုန်ကူးကြပါတယ်။ တနေ့ကြတော့လူငယ်
လေးတယောက်ကလည်း အဲဒီနေရာနဲ့မလှမ်းမကမ်း
မှာငါးလာမျှားပါတယ်။အဖိုးအိုတွေငါးမျှားလိုက် ရေ
ပြင်ပေါ်ပြေးလိုက်လုပ်နေတာတွေ့တော့အရမ်းအံ့
သြသွားပါတယ်။
ဒါနဲ့သူကလည်း ငါးမျှားပြီးတဲ့အခါမှာအဖိုးအိုတွေ
ခုန်ကူးတဲ့နေရာမှာသွားပြီး သူလည်းခုန်ကူးမယ်ဆို
ပြီးလွှားကနဲ တစ်ချက်ခုန်ကူးပါတယ်။သူဟာတစ်ကြိမ်
ပဲခုန်လိုက်ရုံနဲ့ ရေထဲကြပြီးရေနစ်သွားပါတယ်။

သူရေထဲကြသွားတာကို အဖိုးသုံးယောက်ကမြင်တော့
အမြန်ပြေးလာပြီး အဲဒီလူငယ်ကို ရေထဲကဆယ်
ကြပါတယ်။လူငယ်လေးလဲရေနစ်သွားတော့ အတော်
လေးလန့်သွားတာပေါ့။ ဒါနဲ့အဖိုးသုံးယောက်က
"မင်းဘာဖြစ်လို့ရေထဲခုန်ချရတာလဲ" လို့မေးပါတယ်
အဖိုးတို့ငါးမျှားပြီးတိုင်း ရေပေါ်ဖြတ်ပြေးတာတွေ့
တော့ ကျွန်တော်လဲလုပ်ကြည့်တာပါလို့ ပြောပါတယ်
ဒီတော့ သြော်--မင်းက ငါတို့ရေထဲခုန်ကူးတာမြင်
လို့ကူးတာကိုး-တကယ်တော့ငါတို့ကမင်းထင်သလို
ငါတို့ကရေပေါ် ပြေးလောက်နေတာမဟုတ်ပါဘူး
ဒီမြစ်ချောင်းဟာ ဟိုးအရင်တုံးက ဒီနားမှာရေမရှိ
ပါဘူး အဲဒီတုံးကဒီနားမှာ တံတားပုံစံမျိုး ငုတ်တိုင်
အကြီးကြီးတွေ လေးပေ အကွာမှာတိုင်တွေစိုက်ထူ
ထားတာပါ။အခုတော့အဲဒီတိုင်လုံးကြီးတွေ ရေထဲ
မြုတ်သွားတာကြောင့် ဘယ်သူမှမမြင်ရတာဖြစ်တယ်
ငါတို့က ငယ်ငယ်ထဲကဒီငုတ်တွေပေါ်မှာပြေးလွှား
ဆော့ကစားခဲ့လို့ ဒီငုတ်တွေ ရေနစ်သွားလည်း ဘယ်
နားမှာဆိုတာ သိနေခဲ့တယ် ဒါဆကြာင့်လဲငါးမျှား
ပြီးတဲ့အခါတိုင်း လေ့ကျင့်ခန်းအနေနဲ့ ဟိုဘက်ကမ်း
ဒီဘက်ကမ်းခုန်ကူးနေတာပါလို့ပြောလိုက်ပါတယ်။
ဒါကိုမင်းကမသိပဲ အထင်နဲ့ငါတို့လုပ်သလို လိုက်
လုပ်တော့ရေနစ်တာပေါ့ လို့ပြောလိုက်ပါတယ်။
ဒါကြောင့် ကိုယ်ဟာကိုယ်လဲ ဘယ်အလုပ်မဆို
မှန်းဆသိရုံလောက်နဲ့ မလုပ်ကြပါနဲ့ သေသေချာချာ
ဂဃနဏ သိမှလုပ်ရမဉာဖြသ်ပါတယ်။
ဒါကြောင့် အထင်နဲ့ ရမ်းမတုတ်ကြဖို့ သတိပေးရင်း
No-1 fri များတခုခုရကြပါစေ။


                               Lu Phyu                           

ကပ်စေးနှဲမုတ်ဆိုးနှင့်လူရိုင်းပုံပြင်


***********************************
မိတ်ဆွေတို့ရေ -ဒီတစ်ခါပြောမဲ့ ပုံပြင်လေးက အရမ်း
ကပ်စေးနဲရင် ဒုက္ခရောက်တတ်တဲ့ အကြောင်းလေး
ပါပဲ--ဟိုးရှေးရှေးတုန်းက တောလိုက်ထွက်တဲ့မုဆိုး
တစ်ယောက်ဟာ သားကောင်ရှာရင်းနဲ့ မျက်စေ့လည်
လမ်းမှားပြီး လူသားစားတဲ့လူရိုင်းတွေ နေတဲ့ ဒေသ
ကိုရောက်သွားပါတယ်။လူရိုင်းတွေကလည်း သူတို့ရဲ့ နယ်မြေကိုကျူးကျော်လာတဲ့အတွက် ကျိုးနဲ့တုတ်
ဖမ်းဆီးကာ သတ်ဖို့ပြင်ဆင်ထားကြပါတယ်။
သူ့ကိုသတ်ခါနီးကြတော့လူရိုင်းခေါင်းဆောင် ရောက်
လာပြီး သူ့ကိုပြောပါတယ်--မင်းကိုငါအခွင့်လမ်း(3)
ခုပေးမယ်။အဲဒီ(3)မျိုးထဲကမင်းကြိုက်တာတစ်ခုရွေး
ချယ်ပါ။နံပါတ်(1)ဒေါ်လာ ၁၀၀ ပေးလျင်မင်းကိုပြန်လွှတ်
ပေးမယ်။အကယ်၍ဒေါ်လာ ၁၀၀ မပေးနိုင်ဘူးဆိုလျင်
နံပါတ်(2)ငရုတ်သီးစိမ်းတစ်ပြည်စားပြရမယ်။စားပြီး
လျင်လွှတ်ပေးမည်။အကယ်၍ဒေါ်လာ ၁၀၀ လဲမပေး
နိုင်ဘူး ငရုတ်သီးစိမ်းတစ်ပြည်လဲမစားနိုင်ဘူးဆိုလျင်
နံပါတ်(3)ကကြိမ်ဒါဏ် အချက်(100)အရိုက်ခံရမယ်
ရိုက်ပြီးလျင် မင်းကိုလွှတ်ပေးမယ်။
ကြိုက်တာရွှေးပါလို့လူရိုင်းခေါင်းဆောင်ကပြောလိုက်
ပါတယ်။--ဒီအခါမှာ မုဆိုးကစဉ်းစားတယ် ဒေါ်လာ(100)ပေးရမယ်ဆိုလည်းသူ့မှာပါပါတယ် ဒါပေမဲ့ (100)ဆိုတော့များတယ် ငါမပေးခြင်ဘူး
နှမြောစရာကောင်းတယ်။ဒါကြောင့် ငရုတ်သီးပဲစား
မယ်လို့ သူကပြောလိုက်ပါတယ်။ အဲဒီလိုဆိုတော့
လူရိုင်းတွေကငရုတ်သီးကို သူ့ရှေ့လာချပေးပါတယ်
သူဟာငရုတ်သီး လေးငါးတောင့် စားရုံနဲ့ အား------
အရမ်းစပ်တာပဲ--တော်ပြီ--တော်ပြီ--ငရုတ်သီးမစား
တော့ဘူး ကြိမ်ဒါဏ်ပဲ အရိုက်ခံမယ်ဆိုပြီး ကြိမ်ဒါဏ်
အရိုက်ခံပြန်ပါတယ်။ကြိမ်ဒါဏ်ကြတော့လည်း (5)ချက်
လောက်အရိုက်ခံရရုံနဲ့ ငယ်သံပါအောင် အော်ပြီး
မခံနိုင်တော့တဲ့အဆုံး ခင်ဗျားတို့ပြောတဲ့ ဒေါ်လာ
(100) ပေးတော့နယ်ဆိုပြီး ဒေါ်လာ (100) ထုတ်ပေး
လိုက်တော့တယ်။
လူရိုင်းတွေလဲသူတို့ကတိအတိုင်း မုဆိုးကိုပြန်လွှတ်
ပေးလိုက်ပါတယ်။
ဒီမုဆိုးဟာလုပ်သင့်လုပ်ထိုက်တာကိုသိရဲ့နဲ့ လုပ်သင့်
တာကိုမလုပ်ပဲနှမြောတွန့်တို မိတဲ့အတွက်ကြောင့်
ယခုလိုမျိုးဆုံးရှုံးခြင်းနဲ့ ထိခိုက်နစ်နာမှု့ရှိရတာပါ။
ဒါကြောင့်-fri တွေလဲ ပေးသင့်တာပေး လုပ်သင့်လုပ်ထိုက်
တာတွေကို ကိုယ်ချင်းစာနားလည် အသိစိတ်ဖြင့်
ကိုယ့်ဘဝတိုးတက်ရေးကိုလုပ်ဆောင်ပါလို့ အကြံပြု
လိုပါတယ်။ No-1 fri များတခုခုရကြပါစေ။

                                                           Lu Phyu

ကမ္ဘာကျော် နက္ခတ်ဗေဒပညာရှင် Jonathan Cainer ၏ ၂၀၁၄ ခုနှစ်အတွက် ဟောစာတမ်း



AQUARIUS ကုမ်ရာသီဖွား (ဇန်န၀ါရီ ၂၁ ရက်မှ ဖေဖော်ဝါရီ ၁၉ရက်အတွင်း မွေးဖွားသူ)
=================
ဗေဒင်ဝါသနာအိုး

ကုမ်ရာသီဖွားအတွက် ၂၀၁၂ ခုနှစ်မှ ၂၀၁၅ ထိ ကံကောင်းစေသော နှစ်တွေပဲဖြစ်ပါတယ်။ ဒီအတောအတွင်းမှာ ကုမ်ရာသီဖွားအားလုံးဟာ အမှန်တရားလက်ကိုင်ထားဆောင် ရွက်ရမယ့် နှစ်လဲဖြစ်ပါတယ်။ ကုမ်ရာသီဖွားတွေ အစွဲအလန်းကြီးသူများဖြစ်ကြပြီး ဒီနှစ်အတွက် ကိုယ်ပိုင် စိတ်ကူး၊ အကြံဥာဏ်ဖြင့် ဆောင်ရွက်ခြင်းတွေထက် တပါးသူရဲ့ စိတ်ကူး၊ အကြံဥာဏ်တွေက ပိုမိုကောင်းမွန်တဲ့ အခြေအနေတွေကို ရရှိစေမှာဖြစ်ပါတယ်။
ကုမ်ရာသီဖွားတွေဟာ အစွဲအလန်းကြီးသူများဖြစ်ကြပါတယ်။ ဒီနှစ်မှာ စကားပြောဆင်ခြင်သင့်ပြီး စကားပြော မှား၍ ပြသာနာဖြေရှင်းရ တတ်ပါတယ်။ ဒါကြောင့် ကုမ်ရာသီဖွားတွေအတွက် ထင်မြင်ချက်ဖြင့် ဇွတ်တရွက် လုပ်ဆောင်ရန်မသင့်ပါ။ မိမိထင်မြင်ချက်ဖြင့် လုပ်ဆောင်မှုတွေကြောင့် အမှားအယွင်းတွေ တွေ့ကြုံနိုင်ပါတယ်။ မဆင်မခြင်မပြုလုပ်သင့် ပင်မယ့် အရေးကြီးကိစ္စတွေမှာ ရဲရဲရင့်ရင့်ဆောင်ရွက်ခြင်းဖြင့် အောင်မြင်မှုတွေ ရရှိနိုင်မှာဖြစ်ပါတယ်။ မလုပ်ချင်တဲ့ အရာမျိုးကို လုပ်ကိုင်နေရလင့်ကစား ထိုအခြေအနေအတွင်းကပင် မိမိအတွက် အခွင့်အရေး ပေါ်ပေါက်နိုင်သော အခြေအနေမျိုးရရှိနိုင်သည်။


PISCES မိန်ရာသီဖွား ( ဖေဖော်ဝါရီ ၂၀ ရက်မှ မတ်လ ၂၀ရက်အတွင်းမွေးဖွားသူ)
======================
ဗေဒင်ဝါသနာအိုး

ပျော်ပျော်ရွှင်ရွှင်ဖြင့် ဖြတ်သန်းသင့်သော ကာလဖြစ်ပါသည်။ မိမိဆုံးဖြတ်ချက်ဖြင့် အရာရာကို လုပ်ဆောင်သင့် သော ကာလဖြစ်ပါတယ်။ မိန်ရာသီဖွားတွေအတွက် ပြသနာနဲ့တွေ့ကြုံရင် ဘာဖြစ်မှာလဲဆိုတဲ့ စိုးရိမ်စိတ်မထား ဘဲ မလုပ်နိုင်ပါဘူးလို့ပြောမယ့်အစား ပြသနာရှိရင် အဖြေရှိတယ်၊ ဖြေရှင်းနိုင်တယ် ဆိုပြီး ပေါ့ပေါ့ပါးပါး ဆောင်ရွက်သင့်သော ကာလဖြစ်ပါတယ်။ အဖြေရှာပြီး အေးအေးဆေးဆေး ဖြေရှင်းခြင်းဖြင့် အောင်မြင်နိုင် မှာဖြစ်ပါတယ်။ မိန်ရာသီဖွားတွေဟာ အရာရာကို မိမိကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ခြင်းကို နှစ်သက်ပြီး တီထွင်ကြံဆနိုင်သူများလည်းဖြစ်ပါတယ်။ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်လိုသူများလည်းဖြစ်ပါတယ်။
မိန်ရာသီဖွားတွေဟာ ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာဖြင့် လေးလေးနက်နက်ဖြင့် လုပ်ဆောင်တတ်သူများဖြစ်ကြပြီး ဒီနှစ်အတွက် ယတြာအနေဖြင့် “ငါသိတယ် ငါလုပ်နိုင်တယ် ငါဟာ အရာရာကို အောင်မြင်နိုင်တယ်” ဆိုပြီးကြိမ်ဖန်များစွာ ရွတ်ဆိုနေရမှာဖြစ်ပါတယ်။ ဒီနှစ်ဟာ မိန်ရာသီဖွားတွေအတွက် ကံတရားက အကောင်းဆုံးအရာတွေ ရရှိစေနိုင်မယ့် နှစ်လဲဖြစ်ပါတယ်။


Aries မိဿရာသီဖွား ( မတ်လ ၂၁ ရက်မှ ဧပြီလ ၂၀ရက်အတွင်းမွေးဖွားသူ)
============
ဗေဒင်ဝါသနာအိုး

၂၀၁၄ ခုနှစ်သည် သင်၏ စီမံထားသည့် အဓိကဆက်ဆံရေး များ ( အချစ်ရေးနှင့် စီးပွားရေးရာ များသာမက ) တွင် အဆင်မပြေမှုများ လျော့နည်းမည်။ ယခင်က သင့်အား စိတ်အနှောင့်အယှက် ဖြစ်စေခဲ့သူပင် ဖြစ်လင့်ကစား ၂၀၁၄ ခုနှစ်တွင် ၎င်းနှင့် ကောင်းမွန်သောဆက်ဆံရေးကို ရရှိမည် ဖြစ်သည်။
စိတ်ဖိစီးမှု များမည်။ သို့ရာတွင် ယင်းတို့ကို ၂၀၁၄ ခုနှစ်၏ အကောင်းဆုံး သင်ခန်းစာများအဖြစ် မှတ်ယူမည် ဆိုပါက အောင်မြင်မှုရရှိမည် ဖြစ်သည်။


Taurus ပြိဿရာသီဖွား ( ဧပြီ ၂၁ ရက်နေ့မှ မေလ ၂၁ ရက်နေ့ အတွင်း မွေးဖွားသူ)
=============
ဗေဒင်ဝါသနာအိုး

အပြောင်းအလဲများစွာနှင့် ကြုံတွေ့ရမည့်နှစ် ဖြစ်သည်။ ကောင်းသော ပြောင်း လဲခြင်းနှင့် အကျိုးရှိသော အပြောင်းအလဲများ ဖြစ်မည်။ သမားရိုးကျမဟုတ်သော အရာများနှင့် ကြုံတွေ့ရမည်။ ယင်းတို့ကို ၂၀၁၄ ခုနှစ် အတွက် အခွင့်အလမ်းများအဖြစ် မှတ်ယူအသုံးချတတ်ရမည်။
သင်၏ စိတ်ဝင်စားမှုအားလုံး ပျောက်ဆုံးနေလိမ့်မည်။ ၂၀၁၄ ခုနှစ်တွင် သင့်အတွက် အကျများရှိသလို အတက်များလည်း ရှိမည် ဖြစ်သည်။ ယခုနှစ်အတွင်း သင်လုပ်ချင်သော အရာများကိုသာမက မလုပ်ချင်သော အရာများပါ ဖြစ်ထွန်းလာမည်။


Gemini မေထုန်ရာသီဖွား ( မေလ ၂၂ ရက်နေ့မှ ဇွန်လ ၂၂ ရက်နေ့ အတွင်း မွေးဖွားသူ)
===============
ဗေဒင်ဝါသနာအိုး

ဤရာသီဖွားများအတွက် ၂၀၁၄ ခုနှစ်သည် အထူးကောင်း မွန်သော နှစ်တစ်နှစ် ဖြစ်သည်။ စိတ်လှုပ်ရှားစရာ များ၊ အပြောင်းအလဲ များနှင့် ကြုံတွေ့ရမည်။ သမားရိုးကျမဟုတ်သော အရာများနှင့် ကြုံတွေ့ရမည်။ ယင်းတို့ကို ၂၀၁၄ ခုနှစ် အတွက် အခွင့်အလမ်းများအဖြစ် မှတ်ယူအသုံးချတတ်ရမည်။
သင်၏ စိတ်ဝင်စားမှုအားလုံး ပျောက်ဆုံးနေလိမ့်မည်။ ၂၀၁၄ ခုနှစ်တွင် သင့်အတွက် အကျများရှိသလို အတက်များလည်း ရှိမည် ဖြစ်သည်။ ယခုနှစ်အတွင်း သင်လုပ်ချင်သော အရာများကိုသာမက မလုပ်ချင်သော အရာများပါ ဖြစ်ထွန်းလာမည်။


Cancer ကရကဋ်ရာသီဖွား ( ဇွန်လ ၂၃ ရက်နေ့မှ ဇူလိုင် ၂၃ ရက် အတွင်း မွေးဖွားသူများ)
==============
ဗေဒင်ဝါသနာအိုး

၂၀၁၄ ခုနှစ်သည် ဤရာသီဖွားများအတွက် အကောင်းဆုံးနှစ်ဖြစ်ရန် အလားအလာကောင်းများ တွေ့ရသည်။ ဂျူပီတာဂြိုလ်၏ တည်ရှိနေမှုသည် သင့်အတွက် တားဆီးဟန့်တားကန့်သတ်မှုများမှ လွတ်မြောက်မည့် အသွင်ဆောင်သည်။
သင့်အနေဖြင့် မလုပ်သင့်ဟု ထင်သည့်အတွက် မြိုသိပ်ထားခဲ့ရသည့် အတိတ်က ခံစားချက်များကို လွတ်လပ်စွာ ထုတ်ဖော်ပြသနိုင်မည် ဖြစ်သည်။ တစ်နှစ်ပတ်လုံး အတက်ကျ များစွာကို ဖြတ်သန်းရမည် ဆိုသော်လည်း ယေဘူယျအားဖြင့် အားလုံးကောင်းမွန်သည်။


LEO သိဟ်ရာသီဖွား (ဇူလိုင်လ ၂၄ ရက်မှ သြဂုတ်လ ၂၃ ရက်အတွင်းမွေးဖွားသူ)
=============
ဗေဒင်ဝါသနာအိုး

၂၀၁၄ ခုနှစ်တစ်ခုလုံး ကံကောင်းမှုများကို ရရှိမည်ဖြစ်သည်။ နှစ်စပိုင်းတွင် ကံကောင်းမှုများ စိတ်ကျေနပ် လောက်ဖွယ် အပြည့်အ၀ ရရှိမည်မဟုတ်။ သို့သော်လည်း တစ်နှစ်ပတ်လုံး နယ်ပယ်အားလုံးတွင် အောင်မြင်မှု ရရှိခြင်း၊ ဆုံးရှုံးမှုများ ပြန်ရခြင်း နှင့် တိုးတက်မှုခြင်းကို ရရှိမည်ဖြစ်သည်။ ကူညီပံ့ပိုးမှု၊ အသိအမှတ်ပြုမှု ၊ လေးစားယုံကြည်ခံရခြင်းများ ရရှိမည်ဖြစ်သည် ။ ၂၀၁၄ ခုနှစ်သည် သင့်အတွက် ကောင်းမွန်သော ဆက်ဆံရေး များ တည်ဆောက်နိုင်ခြင်းနှင့် သင်လိုအပ်သည်များ ကို အောင်မြင်အောင်လုပ်ဆောင်နိုင်မည့် နှစ်ဖြစ်သည်။


VIRGO ကန်ရာသီဖွား ( သြဂုတ်လ ၂၄ ရက်မှ စက်တင်ဘာလ ၂၃ ရက် အတွင်း မွေးဖွားသူ)
============
ဗေဒင်ဝါသနာအိုး

၂၀၁၄ ခုနှစ်သည် သင်နှင့် ရင်းနှီးသူများနှင့် ဆက်ဆံရေးကို ပြန်လည် အကဲဖြတ်မှုများ ပြုလုပ်ရမည့် နှစ်ဖြစ်ပြီး အရာအားလုံး တွင် ကျေနပ်ဖွယ်ရာဆက်ဆံမှုရှိမည်မဟုတ်ပေ။ ဆက်သွယ်ဆောင်ရွက်မှုများပြုလုပ်ရာတွင် သင်၏ လုပ်ဆောင်ချက်သည် ပဋိပက္ခများတွက်မဟုတ်ဘဲ ပူးပေါင်းဆောင်ရွက်မှုများအတွက် ဦးတည် လုပ်ဆောင်ရန် အရေးကြီးသည်။ ကမ္ဘာကြီးသည် သင်၏ ရန်သူမဟုတ်ဘဲ မိတ်ဆွေဖြစ်သည်ကို ပြသနိုင်မည့် သက်သေတစ်ခု အဖြစ် ပျော်ရွှင်ဖွယ်ကောင်းသည့် တိုးတက်မှုတစ်ခုကို ၂၀၁၄ ခုနှစ်အတွင်း ဆောင်ရွက်နိုင် မည်ဖြစ်သည်။


LIBRA တူရာသီဖွား (စက်တင်ဘာ ၂၄ ရက်မှ အောက်တိုဘာ ၂၃ ရက် အတွင်းမွေးဖွားသူ)
============
ဗေဒင်ဝါသနာအိုး

၂၀၁၄ခုနှစ် တွင် သင်၏ သြဇာအရှိန်အ၀ါမြင့်မားမည့်နှစ်ဖြစ်သည်။ မိမိကိုယ်ကိုယုံကြည်မှုနည်းပါးခြင်းကြောင့် ကြောက်ရွံ့မှုများ၊ စိုးရိမ်မှုများကို ဖြစ်ပေါ်စေမည်ဖြစ်သည်။ သင်၏ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ချမ်းမြေ့မှု၊ ပျော်ရွှင်မှုများကို ရရှိမည်ဖြစ်သည်။ ယခုနှစ်အတွင်း စိန်ခေါ်မှုများကို အပြုသဘောဆောင် သည့် နည်းလမ်းများဖြင့် အကောင်းမွန်ဆုံး ကိုင်တွယ်ဖြေရှင်းနိုင် မည်။အောင်မြင်မှုလမ်းကြောင်း၏ ရလဒ်များ အဖြစ် ကြည်နူးဖွယ်ကောင်းသည် တိုးတက်မှုများကိုယခုနှစ်အတွင်း ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။


SCORPIO ဗြိစ္ဆာရာသီဖွား (အောက်တိုဘာလ ၂၄ ရက်မှ နိုဝင်ဘာလ ၂၂ ရက် အတွင်းမွေးဖွားသူ)
============
ဗေဒင်ဝါသနာအိုး

ယခုလတ်တလောတွင် သင့်အနေဖြင့် စိန်ခေါ်မှုများ စူးစမ်းရှာဖွေမှု များနှင့်ပြည့်နှက်နေသည့် ခရီးလမ်းကို လျှောက်လှမ်းနေရမည်ဖြစ်သည်။ ထို့ကြောင့် ဘ၀တွင် ခက်ခဲသည့် အချိန်များကို တွေ့ကြုံရနိုင်သော်လည်း သင့်၏ ပျော်ရွှင်ချမ်းမြေ့မှုများကို တားဆီးနိုင်ခြင်းမရှိပါ။ ၂၀၁၂ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်းသည် Scorpio ရာသီဖွားများသည် puluto ဂြိလ်နှင့် Uranus ဂြိုလ်ကြားကျရောက်နေသည့်အတွက် နိုးနိုးကြားကြားနေရမည့် အချိန်ကာလဖြစ်သည်။ သို့သော် ၂၀၁၄ ခုနှစ်တွင် သင့်မလိုချင်သည့် မဖြစ်ချင်သည့် ကိစ္စများအားလုံးကို ချိန်ထားခဲ့နိုင်မည်ဖြစ်ပြီး ကြီးကျယ်မြင်မြတ်မှုများစွာကို ရရှိပိုင်ဆိုင်နိုင်ခြင်း၊ ကောင်းမွန်သော အနာဂတ်ပိုင်ဆိုင် ခြင်းများ ရရှိမည်ဖြစ်သည်။


SAGITTARIUS ဓနုရာသီဖွား (နိုဝင်ဘာ ၂၃ ရက်မှ ဒီဇင်ဘာ ၂၁ရက် အတွင်း မွေးဖွားသူ)
============
ဗေဒင်ဝါသနာအိုး

၂၀၁၄ ခုနှစ်သည် ဓနုရာသီဖွားများအတွက် အလွန်အရေးကြီးသော နှစ်တစ် ခုဖြစ်သည်။ ဒီနှစ်အတွင်းမှာ အပြောင်းအလဲများစွာတွေ့ကြုံနိုင်ပါတယ်။ ဒီနှစ်မှာ ဓနုရာသီဖွားတွေအတွက် အလွန် အတက်အကျ များသော နှစ်တစ်နှစ် ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဓနုရာသီဖွားတွေ သတိထားရမည့် နှစ်တစ်နှစ်ဖြစ်ပြီး သနားလွယ် ယုံလွယ်သူများဖြစ်တာမို့ မိမိကိုယ်တိုင်ရဲ့ ရင့်ကျက်မှု၊ ပညာရှိမှုတို့ဖြင့် ဆောင်ရွက်နိုင်မှသာလျှင် ပိုမိုကောင်းမွန် တဲ့ အခြေအနေတစ်ခု ရရှိနိုင်မှာ ဖြစ်ပါတယ်။
၂၀၁၄ ခုနှစ်မှာ ပြသနာတွေ တွေ့ကြုံနိုင်ပါတယ်။ ၂၀၁၃ ခုနှစ်က ဖြစ်ပျက်ပြီးခဲ့တဲ့ ကိစ္စတွေဟာလည်း ပြသနာ အဖြစ် ပြန်လည်ရောက်ရှိလာတက်ပါတယ်။ ဓနုရာသီဖွားတွေအနေနဲ့ မိမိကိုယ်ကို ထိန်းကျောင်းနိုင်တဲ့ စွမ်းအား ရှိရမှာဖြစ်ပါတယ်။ “ငါဟာ ကမ္ဘာပေါ်မှာ ငါလိုချင်တဲ့အရာတိုင်းကို ယူနိုင်တဲ့အစွမ်းရှိတယ်။ ဒါကြောင့်မို့ ကောင်းတာပဲဖြစ်ဖြစ် ဆိုးတာပဲဖြစ်ဖြစ် ရင်ဆိုင်နိုင်စွမ်းရှိတယ်” ဆိုတဲ့ စိတ်ဓာတ်မျိုးထားရှိရမှာဖြစ်ပါတယ်။
အဲဒီလို တွေးခေါ်နိုင်မှသာ ဒီနှစ်ဟာ ဘယ်လို အတက်အကျတွေပဲ ရှိတယ်ပဲဆိုဆို ကိုယ်လုပ်တဲ့ အရာမှန်သ မျှကို ဖြစ်ပါ့မလားလို့ လုပ်ကိုင်ခြင်းမျိုးမဟုတ်ပဲ အလုပ်စ လုပ်ကိုင်တယ်ဆိုရင်ပဲ ဖြစ်ကိုဖြစ်တယ် ဆိုသည့် စိတ်ဓာတ်မျိုးဖြင့်သာ လုပ်ကိုင်လျှင် အောင်မြင်မည်ဖြစ်သည်။


CAPRICORN မကာရ ရာသီဖွား (ဒီဇင်ဘာ ၂၂ရက်မှ ဇန်န၀ါရီ ၂၀ရက်အတွင်း မွေးဖွားသူ)
===============
ဗေဒင်ဝါသနာအိုး

မကာရရာသီဖွားတွေ အတွက် ၂၀၁၄ ခုနှစ်ဟာ အရာရာတိုင်း လွယ်ကူတယ်လို့မဆိုနိုင်သော်လည်း မကာရရာသီဖွားတွေဟာ အနစ်နာခံတတ်ပြီး ကောင်းမွန်တဲ့အခြေအနေတွေကို ဖန်တီးနိုင်တဲ့ စွမ်းရည်ရှိပြီးသူ တွေ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ကောင်းတယ် ဆိုးတယ်ဆိုတာ မကာရ ရာသီဖွားတွေရဲ့ အပေါ်မှာသာ မူတည်နိုင် ပါတယ်။
၂၀၁၄ ခုနှစ်မှာ မကာရရာသီဖွာတွေဟာ မကောင်းတဲ့ အခြေအနေတွေ ဖြစ်ပေါ်နေလင့်ကစား ကောင်းမွန်တဲ့ ရလဒ်တွေ ရရှိနိုင်မယ့် နှစ်ဖြစ်ပါတယ်။ ကံကောင်းခြင်းတွေဟာလည်း မခန့်မှန်းနိုင်တဲ့ အတွေ့အကြုံတွေ အခြေအနေတွေကြားထဲကပင် ဖြစ်ပေါ်နေမှာဖြစ်ပါတယ်။ ဒါကြောင့် ဒီနှစ်ဟာ မကာရ ရာသီဖွားတွေရဲ့ ဘဝလမ်းကြောင်း မှာ ကောင်းမွန်တဲ့ အနာဂတ်ဖြစ်စေတဲ့ အချိန်ကာလဖြစ်ပါတယ်။ မကာရရာသီဖွားတွေအတွက် စိတ်ညစ်ခြင်း၊ စိတ်ရှုပ်ခြင်းတွေကြားထဲကပင် တိုးတက်နိုင်တဲ့ အခြေအနေတွေ ရရှိမှာဖြစ်ပါတယ်။ စိတ်ညစ်ခြင်း၊ စိတ်ရှုပ်ခြင်းတွေ ခံစားနေရလင့်ကစား ရင့်ကျင့်မှု၊ စိတ်ရှည်မှုနဲ့ အခြေအနေတွေကို ကောင်းမွန်တဲ့ဘက် ရရှိအောင် ကြိုးစားဆောင်ရွက်ရမှာဖြစ်ပါတယ်။ ရင့်ကျက်မှု စိတ်ရှည်မှုတွေနဲ့ ဆောင်ရွက်မယ်ဆိုရင် တိုက်ခိုက်နှောင့်ယှက်သူတွေတောင် ရပ်တန့်ပြီး ကိုယ်ဘက်ပါဝင်လာမှာဖြစ်ပါတယ်။
ဒါကြောင့် ၂၀၁၄ ခုနှစ်ဟာ မကာရရာသီဖွားတွေအတွက် စိတ်ရှည်သည်းခံဖြင့် အောင်မြင်နိုင်သော နှစ်တစ်ခုဖြစ်တယ်။ ပြသနာတွေနဲ့ တွေ့ကြုံနိုင်ပင်မယ့် အောင်မြင်ခြင်းတွေ ရရှိနိုင်မယ့် နှစ်တစ်ခုဖြစ်ပါတယ်။

MOI Webportal Myanmar ( ဗေဒင်ဝါသနာအိုး )

ဆူဇူကီးနဲ့ ဝါစတုသျှတ္တရ



တရုတ်ပြည်က ဖုန်းရွှေနည်းတူ အိန္ဒိယမှာလည်း ဂေဟဗေဒနဲ့ သက်ဆိုင်တဲ့ ရှေးဟောင်း ဗိသုကာ ပညာရပ်တစ်ခု ရှိပါတယ်။ ဒါကတော့ ဝါစတုသျှတ္တရပါပဲ။ ဒီပညာရပ်ကို ဟိုတစ်စ၊ သည်တစ်စ ကြားဖူး ဖတ်ဖူးပေမယ့် လူသိများ ကျော်ကြားလှတဲ့ ဖုန်းရွှေလောက် အကျွမ်းတဝင် မရှိခဲ့ပါဘူး။ အခုတော့ ဖတ်လိုက်ရတဲ့ သတင်းတစ်ပုဒ်ကြောင့် ဝါစတုသျှတ္တရဟာ အိန္ဒိယမှာ ယနေ့တိုင် ပန်းပန်နေဆဲ ဆိုတာ သိလိုက်ရပါတယ်။

မကြာသေးခင်က ဂျပန်ဆူဇူကီးကားကုမ္ပဏီရဲ့ လက်အောက်ခံ ၊ အိန္ဒိယက ထိပ်တန်းကားထုတ်လုပ်သူ မာရူတီ ဆူဇူကီးကုမ္ပဏီဟာ သူတို့ ယုံကြည်တဲ့ ဗေဒင်ဆရာတစ်ဦးဆီက ဂမ္ဘီရအစီအရင်တွေကို ရယူဖို့ ကြိုးစားခဲ့ပါတယ်။

ဖြစ်ပုံက ဒီလိုပါ။

ပြီးခဲ့တဲ့လက မာရူတီဆူဇူကီးကုမ္ပဏီပိုင် စက်ရုံတစ်ရုံမှာ အလုပ်သမားတစ်ချို့ လုပ်ခ တိုးပေးဖို့ ဆူပူဆန္ဒပြရာက မန်နေဂျာဖြစ်သူကို မီးရှို့သတ်ဖြတ်ခဲ့တဲ့အပြင် ဒီဖြစ်ရပ်မှာ အမှုဆောင်အရှာရှိတချို့လည်း ထိခိုက် ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။ အဲဒီလို အုံကြွမှုတွေ၊ သေဆုံးမှုတွေ ဖြစ်ပျက်ခဲ့တဲ့အတွက် ဗေဒင်ဆရာရဲ့ အကူအညီနဲ့ အစီအရင်တွေ လုပ်ပြီး စက်ရုံထဲမှာ ငြိမ်းချမ်းသာယာမှုတွေ ပြန်လည် ဖန်တီးဖို့ ကုမ္ပဏီဘက်က ကြိုးစားကြည့်ခဲ့တာ ဖြစ်ပါတယ်။

နယူးဒေလီမြို့တော် အပြင်မှာ တည်ရှိတဲ့ ဒီစက်ရုံမှာ အခုလို ဆူပူမှုတွေ မကြာခဏ ဆိုသလို ဖြစ်ပွားတတ်တာကြောင့် မာရူတီဆူဇူကီးကုမ္ပဏီက သူ့ကို အလုပ်အပ်ခဲ့တယ်လို့ ဝါစတုသျှတ္တရ ကျွမ်းကျင်သူ၊ နက္ခတ်ဗေဒင်ဆရာ ဒေဗာဂျနာ ကေအန်ဆိုမာရာဂျီက မီဒီယာတွေကို ပြောပြပါတယ်။

သူ့အဆိုအရ ဒီစက်ရုံရဲ့ အခြေခံပုံစံဟာ ဝါစတုသျှတ္တရစနစ်နဲ့ တွက်ရင် အပြစ်အနာအဆာတွေ ရှိနေတယ်၊ တခြားစက်ရုံလုပ်ငန်းတွေဆီ ဒီလိုပြဿနာတွေ မပျံ့နှံ့စေဖို့ ဗာစတုသျှတ္တရနည်းနဲ့ ပြင်ဆင်ညှိနှိုင်းမှုတွေ လုပ်ရမယ်လို့ ဆိုထားပါတယ်။

ဝါစတုသျှတ္တရဟာ ဟိန္ဒိုတွေရဲ့ ဗိသုကာအတတ်ပညာ ဖြစ်ပြီး တရုတ်တွေရဲ့ ဖုန်းရွှေနည်းနဲ့ အလားသဏ္ဍာန် တူပါတယ်။ အဆောက်အအုံတွေရဲ့ စွမ်းအင်စီးဆင်းပုံကို အခြေခံ တွက်ချက်တဲ့ ဒီပညာရပ်ဟာ ရှေးခေတ်တုန်းက ဟိန္ဒိုဘုရားကျောင်းတွေ ဒီဇိုင်းချရာမှာ အသုံးပြုခဲ့သလို ဟိန္ဒိုလူမျိုးတွေ အနေနဲ့ ဒီပညာရပ်နဲ့ တည်ဆောက်တဲ့ အိုးအိမ်ဟာ ပျော်ရွှင်မှုနဲ့ ဥစ္စာဓနတွေကို ဖန်တီးပေးနိုင်တယ်လို့ အယူရှိကြပါတယ်။

တရုတ်တွေရဲ့ ဖုန်းရွှေကို ခရေဇီ ဖြစ်သူတွေဟာ အိန္ဒိယသားတွေရဲ့ ဝါစတုသျှတ္တရ ကိုလည်း မြည်းစမ်းကြည့်သင့်ပါတယ်။ ဒီပညာရပ်ကို မြန်မာဘာသာနဲ့ အပြည့်အစုံ ပြန်ဆို တင်ဆက်ထားတဲ့ ကျမ်းမျိုး (ကျွန်တော် သိသလောက်) မတွေ့ရသေးပါဘူး။ ဂမ္ဘီရမဂ္ဂဇင်းမှာ ဆရာရန်အောင်ဟိန်း ဆိုသူက အနည်းအကျဉ်း ရေးဖူးတယ်လို့ ထင်ပါတယ်။

မှတ်ချက်-တစ်နေ့ကမှ စာအုပ်ဆိုင်ရောက်လို့ မွှေနှောက်ရာမှာ မြန်မာပြည်က ဆရာရန်အောင်ဟိန်းက ဝါစတုသျှတ္တရကို မြန်မာ့ရိုးရာအိမ်ခြံမြေပညာ ဆိုတဲ့ နာမည်နဲ့ စာအုပ် ထုတ်ထားတာ တွေ့ရပါတယ်။

ဘိုလို ကျွမ်းကျင်သူတွေအဖို့ကတော့ Vastu shastra ဆိုတဲ့ အမည်နဲ့ Google မှာ မွှေကြည့်နိုင်ပါတယ်။

ခုနက ဇာတ်လမ်းကို ပြန်ဆက်ရရင် မာရူတီဆူဇူကီးက တာဝန်ရှိသူက သူတို့ကုမ္ပဏီ အနေနဲ့ ဗေဒင်ဆရာတစ်ယောက်ဆီက လောကီအစီအရင်တွေ လုပ်ဖို့ အကူအညီ ယူ၊ မယူကို အတည်ပြု ပြောပြဖို့ ငြင်းဆန်ခဲ့ပေမယ့် ဗေဒင်ဆရာဆိုမာရာဂျီကတော့ သူဟာ ကုမ္ပဏီက ပုဂ္ဂိုလ်တချို့နဲ့ တွေ့ဆုံပြီး သူ့အလုပ်ကိုတောင် စနေပြီလို့ ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ကိုးလ်ကတ္တားက ဝါစတုသျှတ္တရကျွမ်းကျင်သူ တစ်ဦး ဖြစ်တဲ့ သြောဒက်ရှ်အဂ္ဂါဝယ်လ်က မာရူတီဆူဇူကီး ဒီစက်ရုံမှာ အကျိုးမပြုတဲ့ ဆန့်ကျင်ဘက် အငွေ့အသက်တွေ ရှိနေတယ် တကယ်လို့ ဝါစတုသျှတ္တရနည်းနဲ့သာ မှားနေတာတွေ ပြင်လိုက်ရင် ပျော်ရွှင်မှု၊ ငြိမ်းချမ်းမှုနဲ့ ချမ်းသာမှုတွေ စက်ရုံမှာ ပြန်လည် ဖြစ်ထွန်းလာမယ်လို့လည်း သူက မှတ်ချက်ပြုသွားပါတယ်။

သတင်းအသေးစိတ်ကိုမှ ဘိုလို ဖတ်ချင်သူများအတွက် ဟောဒီလင့်ခ်မှာ သွားရှုနိုင်ပါတယ်။

ကဲ... နာမည်ကျော် ဂျပန်ဆူဇူကီးကားကုမ္ပဏီ လက်ခွဲ အိန္ဒိယဆူဇူကီးလို လုပ်ငန်းကြီးတစ်ခုက အခုလို ရှေးဟောင်းအတတ်ပညာတစ်ခုကို သူတို့ လုပ်ငန်း တိုးတက်ရေးအတွက် အသုံးပြုတယ်ဆိုတဲ့ သတင်းဟာ အိုင်တီခေတ်၊ သိပ္ပံခေတ်လို့ အသံဝင် မတတ် ကြွေးကြော်နေတဲ့ မျက်မှောက်ကာလမှာ နည်းနည်းတော့ စိတ်ဝင်စားစရာ ကောင်းမနေဘူးလားဗျာ။

Ref:myastroview.com
Photo: ဆူဇူကီးနဲ့ ဝါစတုသျှတ္တရ

တရုတ်ပြည်က ဖုန်းရွှေနည်းတူ အိန္ဒိယမှာလည်း ဂေဟဗေဒနဲ့ သက်ဆိုင်တဲ့ ရှေးဟောင်း ဗိသုကာ ပညာရပ်တစ်ခု ရှိပါတယ်။ ဒါကတော့ ဝါစတုသျှတ္တရပါပဲ။ ဒီပညာရပ်ကို ဟိုတစ်စ၊ သည်တစ်စ ကြားဖူး ဖတ်ဖူးပေမယ့် လူသိများ ကျော်ကြားလှတဲ့ ဖုန်းရွှေလောက် အကျွမ်းတဝင် မရှိခဲ့ပါဘူး။ အခုတော့ ဖတ်လိုက်ရတဲ့ သတင်းတစ်ပုဒ်ကြောင့် ဝါစတုသျှတ္တရဟာ အိန္ဒိယမှာ ယနေ့တိုင် ပန်းပန်နေဆဲ ဆိုတာ သိလိုက်ရပါတယ်။

မကြာသေးခင်က ဂျပန်ဆူဇူကီးကားကုမ္ပဏီရဲ့ လက်အောက်ခံ ၊ အိန္ဒိယက ထိပ်တန်းကားထုတ်လုပ်သူ မာရူတီ ဆူဇူကီးကုမ္ပဏီဟာ သူတို့ ယုံကြည်တဲ့ ဗေဒင်ဆရာတစ်ဦးဆီက ဂမ္ဘီရအစီအရင်တွေကို ရယူဖို့ ကြိုးစားခဲ့ပါတယ်။

ဖြစ်ပုံက ဒီလိုပါ။

ပြီးခဲ့တဲ့လက မာရူတီဆူဇူကီးကုမ္ပဏီပိုင် စက်ရုံတစ်ရုံမှာ အလုပ်သမားတစ်ချို့ လုပ်ခ တိုးပေးဖို့ ဆူပူဆန္ဒပြရာက မန်နေဂျာဖြစ်သူကို မီးရှို့သတ်ဖြတ်ခဲ့တဲ့အပြင် ဒီဖြစ်ရပ်မှာ အမှုဆောင်အရှာရှိတချို့လည်း ထိခိုက် ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။ အဲဒီလို အုံကြွမှုတွေ၊ သေဆုံးမှုတွေ ဖြစ်ပျက်ခဲ့တဲ့အတွက် ဗေဒင်ဆရာရဲ့ အကူအညီနဲ့ အစီအရင်တွေ လုပ်ပြီး စက်ရုံထဲမှာ ငြိမ်းချမ်းသာယာမှုတွေ ပြန်လည် ဖန်တီးဖို့ ကုမ္ပဏီဘက်က ကြိုးစားကြည့်ခဲ့တာ ဖြစ်ပါတယ်။

နယူးဒေလီမြို့တော် အပြင်မှာ တည်ရှိတဲ့ ဒီစက်ရုံမှာ အခုလို ဆူပူမှုတွေ မကြာခဏ ဆိုသလို ဖြစ်ပွားတတ်တာကြောင့် မာရူတီဆူဇူကီးကုမ္ပဏီက သူ့ကို အလုပ်အပ်ခဲ့တယ်လို့ ဝါစတုသျှတ္တရ ကျွမ်းကျင်သူ၊ နက္ခတ်ဗေဒင်ဆရာ ဒေဗာဂျနာ ကေအန်ဆိုမာရာဂျီက မီဒီယာတွေကို ပြောပြပါတယ်။

သူ့အဆိုအရ ဒီစက်ရုံရဲ့ အခြေခံပုံစံဟာ ဝါစတုသျှတ္တရစနစ်နဲ့ တွက်ရင် အပြစ်အနာအဆာတွေ ရှိနေတယ်၊ တခြားစက်ရုံလုပ်ငန်းတွေဆီ ဒီလိုပြဿနာတွေ မပျံ့နှံ့စေဖို့ ဗာစတုသျှတ္တရနည်းနဲ့ ပြင်ဆင်ညှိနှိုင်းမှုတွေ လုပ်ရမယ်လို့ ဆိုထားပါတယ်။

ဝါစတုသျှတ္တရဟာ ဟိန္ဒိုတွေရဲ့ ဗိသုကာအတတ်ပညာ ဖြစ်ပြီး တရုတ်တွေရဲ့ ဖုန်းရွှေနည်းနဲ့ အလားသဏ္ဍာန် တူပါတယ်။ အဆောက်အအုံတွေရဲ့ စွမ်းအင်စီးဆင်းပုံကို အခြေခံ တွက်ချက်တဲ့ ဒီပညာရပ်ဟာ ရှေးခေတ်တုန်းက ဟိန္ဒိုဘုရားကျောင်းတွေ ဒီဇိုင်းချရာမှာ အသုံးပြုခဲ့သလို ဟိန္ဒိုလူမျိုးတွေ အနေနဲ့ ဒီပညာရပ်နဲ့ တည်ဆောက်တဲ့ အိုးအိမ်ဟာ ပျော်ရွှင်မှုနဲ့ ဥစ္စာဓနတွေကို ဖန်တီးပေးနိုင်တယ်လို့ အယူရှိကြပါတယ်။

တရုတ်တွေရဲ့ ဖုန်းရွှေကို ခရေဇီ ဖြစ်သူတွေဟာ အိန္ဒိယသားတွေရဲ့ ဝါစတုသျှတ္တရ ကိုလည်း မြည်းစမ်းကြည့်သင့်ပါတယ်။ ဒီပညာရပ်ကို မြန်မာဘာသာနဲ့ အပြည့်အစုံ ပြန်ဆို တင်ဆက်ထားတဲ့ ကျမ်းမျိုး (ကျွန်တော် သိသလောက်) မတွေ့ရသေးပါဘူး။ ဂမ္ဘီရမဂ္ဂဇင်းမှာ ဆရာရန်အောင်ဟိန်း ဆိုသူက အနည်းအကျဉ်း ရေးဖူးတယ်လို့ ထင်ပါတယ်။

မှတ်ချက်-တစ်နေ့ကမှ စာအုပ်ဆိုင်ရောက်လို့ မွှေနှောက်ရာမှာ မြန်မာပြည်က ဆရာရန်အောင်ဟိန်းက ဝါစတုသျှတ္တရကို မြန်မာ့ရိုးရာအိမ်ခြံမြေပညာ ဆိုတဲ့ နာမည်နဲ့ စာအုပ် ထုတ်ထားတာ တွေ့ရပါတယ်။

ဘိုလို ကျွမ်းကျင်သူတွေအဖို့ကတော့ Vastu shastra ဆိုတဲ့ အမည်နဲ့ Google မှာ မွှေကြည့်နိုင်ပါတယ်။

ခုနက ဇာတ်လမ်းကို ပြန်ဆက်ရရင် မာရူတီဆူဇူကီးက တာဝန်ရှိသူက သူတို့ကုမ္ပဏီ အနေနဲ့ ဗေဒင်ဆရာတစ်ယောက်ဆီက လောကီအစီအရင်တွေ လုပ်ဖို့ အကူအညီ ယူ၊ မယူကို အတည်ပြု ပြောပြဖို့ ငြင်းဆန်ခဲ့ပေမယ့် ဗေဒင်ဆရာဆိုမာရာဂျီကတော့ သူဟာ ကုမ္ပဏီက ပုဂ္ဂိုလ်တချို့နဲ့ တွေ့ဆုံပြီး သူ့အလုပ်ကိုတောင် စနေပြီလို့ ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ကိုးလ်ကတ္တားက ဝါစတုသျှတ္တရကျွမ်းကျင်သူ တစ်ဦး ဖြစ်တဲ့ သြောဒက်ရှ်အဂ္ဂါဝယ်လ်က မာရူတီဆူဇူကီး ဒီစက်ရုံမှာ အကျိုးမပြုတဲ့ ဆန့်ကျင်ဘက် အငွေ့အသက်တွေ ရှိနေတယ် တကယ်လို့ ဝါစတုသျှတ္တရနည်းနဲ့သာ မှားနေတာတွေ ပြင်လိုက်ရင် ပျော်ရွှင်မှု၊ ငြိမ်းချမ်းမှုနဲ့ ချမ်းသာမှုတွေ စက်ရုံမှာ ပြန်လည် ဖြစ်ထွန်းလာမယ်လို့လည်း သူက မှတ်ချက်ပြုသွားပါတယ်။

သတင်းအသေးစိတ်ကိုမှ ဘိုလို ဖတ်ချင်သူများအတွက် ဟောဒီလင့်ခ်မှာ သွားရှုနိုင်ပါတယ်။

ကဲ... နာမည်ကျော် ဂျပန်ဆူဇူကီးကားကုမ္ပဏီ လက်ခွဲ အိန္ဒိယဆူဇူကီးလို လုပ်ငန်းကြီးတစ်ခုက အခုလို ရှေးဟောင်းအတတ်ပညာတစ်ခုကို သူတို့ လုပ်ငန်း တိုးတက်ရေးအတွက် အသုံးပြုတယ်ဆိုတဲ့ သတင်းဟာ အိုင်တီခေတ်၊ သိပ္ပံခေတ်လို့ အသံဝင် မတတ် ကြွေးကြော်နေတဲ့ မျက်မှောက်ကာလမှာ နည်းနည်းတော့ စိတ်ဝင်စားစရာ ကောင်းမနေဘူးလားဗျာ။

Ref:myastroview.com

မွေးနေ့ဗေဒင်တွက်ကြမယ်...



ဗေဒင်တွက်သူ (၇၀)%လောက်တော့ မှန်ကြမှာပါ။ “အနောက်တိုင်း နျူမရိုလိုဂျီ” နည်းစနစ်လေးဖြစ်ပြီး သိပ်လွယ်ပါတယ်။တွက်နည်းအဆင့် (၁) ကိုယ့်ရဲ့ အင်္ဂလိပ်မွေးရက်ကို ယူပါ။ (၂) ကိုယ်တွက်လိုတဲ့ နှစ် မွေးနေ့မှာကျတဲ့ နေ့ (တနင်္ဂနွေ ၊ တနင်္လာ ၊ အင်္ဂါ ၊ ဗုဒ္ဓဟူး . . . ) ကို ယူပြီး - အင်္ဂလိပ်ဂဏန်းပြောင်းပါ။ (၃) အဲဒီ နှစ်ခုကို ပေါင်းလိုက်ပါ။ အဲဒါကို အဲဒီနှစ်(အသက်ပိုင်း) ရဲ့ “...စိုးမိုးဂဏန်း” လို့ ခေါ်ပါမယ်။အဖြေရပါပြီ။ မလွယ်ဘူးလား ? မွေးနေ့ကျတဲ့နေ့က တနင်္ဂနွေနေ့ ဆိုရင် = (1) ဂဏန်းကိုယူ မွေးနေ့ကျတဲ့နေ့က တနင်္လာနေ့ ဆိုရင် = (2) ဂဏန်းကိုယူ မွေးနေ့ကျတဲ့နေ့က အင်္ဂါနေ့ ဆိုရင် = (9) ဂဏန်းကိုယူ မွေးနေ့ကျတဲ့နေ့က ဗုဒ္ဓဟူးနေ့ ဆိုရင် = (5) ဂဏန်းကိုယူ မွေးနေ့ကျတဲ့နေ့က ကြာသပတေးနေ့ ဆိုရင် = (3) ဂဏန်းကိုယူ မွေးနေ့ကျတဲ့နေ့က သောကြာနေ့ ဆိုရင် = (6) ဂဏန်းကိုယူ မွေးနေ့ကျတဲ့နေ့က စနေနေ့ ဆိုရင် = (8) ဂဏန်းကိုယူ = စိုးမိုးဂဏန်းတွေရဲ့ “အကောင်း , အညံ့” ကို ကြည့်ရအောင် ။ အခုလောလောဆယ်တော့ “ကောင်း ၊ ညံ့ ၊ သင့်” ဘဲ ဖော်ပြပေးဦးမယ်။ နောက်ဆောင်းပါးတွေမှာ စိုးမိုးဂဏန်းတစ်ခုဟာ ဘာတွေ ကောင်းလဲ ၊ ဘာတွေ ညံ့လဲ အသေးစိတ်ဖော်ပြပေးပါမယ်။

စိုးမိုးဂဏန်း (2) = ညံ့
စိုးမိုးဂဏန်း (3) = ကောင်း *
စိုးမိုးဂဏန်း (4) = ညံ့ *
စိုးမိုးဂဏန်း (5) =သင့်
စိုးမိုးဂဏန်း (6) = ကောင်း
စိုးမိုးဂဏန်း (7) = ကောင်း
စိုးမိုးဂဏန်း (8) = ကောင်း/ညံ့
စိုးမိုးဂဏန်း (9) = ညံ့ *
စိုးမိုးဂဏန်း (10) =ကောင်း *
စိုးမိုးဂဏန်း (11) = ကောင်း
စိုးမိုးဂဏန်း (12) = ညံ့ *
စိုးမိုးဂဏန်း (13) = ညံ့ *
စိုးမိုးဂဏန်း (14) = သင့်
စိုးမိုးဂဏန်း (15) = ညံ့
စိုးမိုးဂဏန်း (16) = ညံ့ *
စိုးမိုးဂဏန်း (17) = ကောင်း *
စိုးမိုးဂဏန်း (18) = ညံ့ *
စိုးမိုးဂဏန်း (19) = ကောင်း *
စိုးမိုးဂဏန်း (20) = ကောင်း/ညံ့
စိုးမိုးဂဏန်း (21) = ကောင်း *
စိုးမိုးဂဏန်း (22) = ညံ့ *
စိုးမိုးဂဏန်း (23) = ကောင်း *
စိုးမိုးဂဏန်း (24) = ကောင်း
စိုးမိုးဂဏန်း (25) = ကောင်း
စိုးမိုးဂဏန်း (26) = ညံ့ *
စိုးမိုးဂဏန်း (27) = ကောင်း
စိုးမိုးဂဏန်း (28) = ညံ့ *
စိုးမိုးဂဏန်း (29) = ညံ့ *
စိုးမိုးဂဏန်း (30) = ကောင်း
စိုးမိုးဂဏန်း (31) = ညံ့
စိုးမိုးဂဏန်း (32) = ကောင်း
စိုးမိုးဂဏန်း (33) = ကောင်း/ညံ့
စိုးမိုးဂဏန်း (34) = ညံ့စိုးမိုးဂဏန်း (35) = ညံ့ * စိုးမိုးဂဏန်း (36) = ကောင်း စိုးမိုးဂဏန်း (37) = ကောင်း/ညံ့ စိုးမိုးဂဏန်း (38) = ညံ့ * စိုးမိုးဂဏန်း (39) = ကောင်း * စိုးမိုးဂဏန်း (40) = ညံ့ (*) စတားပြထားတာတွေက အကောင်း/အညံ့ နဲနဲ အားပြင်းတယ် ပြောရမယ်။ ကောင်း/ညံ့ တွေကတော့ အကောင်း နဲ့ အညံ့ ရောနေတာလည်း ဖြစ်နိုင်တယ်။ တစ်ချို့ကျတော့ သိပ်ကောင်းနေတတ်ပြီး တစ်ချို့ကျတော့လည်း သိပ်ညံ့နေတတ်တယ်။ အဲဒီတော့ နမူနာ တွက်ကြည့်ရအောင် - ဘယ်သူ့ကို တွက်ကြည့်ရင် ကောင်းမလဲ ? အနီးစပ်ဆုံး ပြီးခဲ့တဲ့ ရက်အနည်းငယ်က ကွယ်လွန်သွားရှာတဲ့ စာရေးဆရာ/သတင်းစာဆရာကြီး “ဆရာမောင်ဝံသ” ကို တွက်ကြည့်ရအောင် ။ဆရာမောင်ဝံသရဲ့ မွေးနေ့က ၁၇ / ၄ / ၁၉၄၅ ခုနှစ်လို့ ဆိုထားတယ်။ ဒီတော့ သူ့အသက် (၆၇)ပြည့်တဲ့ ၂၀၀၂ ခုနှစ် ဧပြီလ (၁၇)ရက်နေ့က ဘာနေ့လဲကြည့်ရအောင် . . . အင်္ဂါနေ့ တဲ့ ။ အဲဒီတော့ ဂဏန်းဖလှယ်လိုက်ရင် (9)ဂဏန်း ရမယ်။ ဒီတော့ အထက်က တွက်နည်းအတိုင်း သူ့အသက် (၆၈)နှစ်ရဲ့ “စိုးမိုးဂဏန်း” ကို ရှာကြည့်ရအောင်။ (၆၇) ပြည့်တော့ (၆၈)နှစ်အတွက်ပေါ့နော်။(၁) အင်္ဂလိပ်မွေးရက် = 17 (၂) အသက် (၆၈)နှစ်ရဲ့ မွေးနေ့ဂဏန်း = 9 (၃) စိုးမိုးဂဏန်း = 17 + 9 = “26” ဆရာမောင်ဝံသရဲ့ အသက်(၆၈)ရဲ့ “စိုးမိုးဂဏန်းဟာ = “26” ဂဏန်းဖြစ်ပြီး အပေါ်က စိုးမိုးဂဏန်း အကောင်း/အညံ့တွေရဲ့ ဖော်ပြချက်အရ စတားပြထားအောင် “ညံ့” တဲ့ ဂဏန်းဖြစ်ပါတယ်။ ဆရာမောင်ဝံသဟာ အသက်(၆၈)ထဲမှာ ကင်ဆာဝေဒနာ စွဲကပ်ခံရပါတယ်။ အဲဒီတော့ နောက်နှစ်ကို ဆက်တွက်ကြည့်မလား။ အတိုချုပ်တွက်ကြည့်မယ်နော်။ နောက်နှစ် (၂၀၁၃)ခုနှစ်ရဲ့ မွေးနေ့ဟာ “ဗုဒ္ဓဟူးနေ့” ကျတယ်။ ဒီတော့ (5) ဂဏန်းကို ယူရမယ်။ မွေးဂဏန်း (17) နဲ့ ပေါင်းလိုက်ပါဦး။ (17+5 = 22) ဖြစ်ပြီး “22” ဂဏန်းဟာလည်း စတားပြထားအောင် “ညံ့” တဲ့ ဂဏန်းဘဲ ဖြစ်နေပြန်တယ်။ ၂၀၁၃ ခုနှစ် ၊ သြဂုတ်လ(၁၁)ရက်နေ့မှာတော့ တိုင်းပြည်အတွက် အစားထိုးမရတဲ့ စာပေပညာရှင်ကြီး “ဆရာမောင်ဝံသ” ကွယ်လွန်သွားရှာပါတယ်။ ဒါဟာ အနီးကပ်ဆုံးနဲ့ အထင်ရှားဆုံးဖြစ်ရပ်တစ်ခုကို ရည်ညွှန်းတာဖြစ်ပြီး ဒီဂဏန်းတွေကျတိုင်း “သေဆုံးခြင်း” လို့တော့ အဓိပ္ပါယ်မကောက်ရပါဘူး။ ညံ့တာ တစ်ခုမဟုတ် တစ်ခု ဖြစ်နိုင်တယ်ပေါ့။ အချစ်ရေး ၊ အိမ်ထောင်ရေး ၊ စီးပွားရေး ၊ အလုပ်အကိုင် ၊ လူမှုရေးပြဿနာ ၊ ကျန်းမာရေး တစ်ခုမဟုတ် တစ်ခု ဖြစ်နိုင်တာဘဲ။ နေဦး။ မကောင်းတာဘဲ တွက်ပြလို့ မဖြစ်သေးဘူး။ ကောင်းတာတစ်ခုလောက် တွက်ကြည့်ရအောင်လား။ ဘယ်သူရှိမလဲ။ ခုနှစ်ပိုင်းတွေမှာ ကျွန်တော့်စိတ်ကြိုက် အကောင်းဆုံး ပေးထားတာကတော့ “အိုပါးဂန်းနန်းစတိုင်” ဖန်တီးရှင် “PSY” ပါဘဲ။ သူ့မွေးနေ့က 31 / 12 / 1977 ဖြစ်ပါတယ်။ သူ့စီးရီး ပေါက်သွားတဲ့ ခုနှစ်က 2012 ခုနှစ်ဖြစ်ပြီး သူ့အသက် (၃၅)နှစ်ထဲမှာ ဖြစ်ပါတယ်။ ဒီတော့ 2011 ဒီဇင်ဘာလ 31 ရက်နေ့ရဲ့ မွေးနေ့ဂဏန်းကို ရှာရပါမယ်။ သူဟာ စနေသားဖြစ်ပြီး အဲဒီနေ့ဟာလည်း စနေနေ့(မွေးနေ့မွေးရက်ထပ်ပါတယ်)။ ဒါကြောင့် စနေ = “8” ဂဏန်းကို ယူရပါမယ်။ သူ့မွေးဂဏန်း (31) နဲ့ (8) ဂဏန်းကို ပေါင်းလိုက်တော့ “39” ဂဏန်းရပါတယ်။ “39” ဂဏန်းဟာ စတားပြထားအောင် ကောင်းတဲ့ ဂဏန်းဖြစ်ပါတယ်။ ကဲ -- ဒီလောက်လွယ်တဲ့ တွက်နည်းလေးနဲ့ ကိုယ့်ရဲ့ ဘ၀မှတ်တိုင်လေးတွေ ပြန်တွက်ကြည့်ကြပေတော့။ ရှေ့လာမယ့် နှစ်တွေလည်း အလွယ်တကူတွက်ကြည့်နိုင်ပါတယ်။ ဖတ်ရှုသူ့အပေါင်း ကျန်းမာချမ်းသာကြပါစေသော်။

မြန်မာ.ရိုးရာဗေဒင်ပညာရပ်

လူတစ်ယောက်၏ ပင်ကိုယ် စရိုက်တွက်နည်း



လူတစ်ဦးဆီမှာ ပင်ကိုယ် `ဇ´ လေးတွေ ပါလာတတ်ပါတယ် ။
(0) လောဘကြီးသူ
(1) ဒေါသကြီးသူ
(2) မောဟစိတ်လွန်ကဲသူ
(3) မေတ္တာစိတ်ရှိသူ
(4)ဂရုဏာစိတ်များသူ
(5) မုဒိတာ တရားလက်ကိုင်ထားသူ
(6)ဥပေက္ခာသမား

ဆိုပြီး (7)မျိုး ခွဲခြာထားပါတယ် .......။

တွက်နည်းကတော့ လွယ်ပါတယ် ကိုယ်ရဲ့ မွေးသက္ကရာဇ်ရယ် ၊မွေးနံကို ဂဏန်းပြောင်းပြီး ပေါင်းပါ။
ရတဲ့ အဖြေ (7) နဲ့ စားရပါမယ် ထွက်လာတဲ့ အဖြေကတော့ ကိုယ့်ရဲ ပင်ကိုယ်စရိုက်ပေါ့ ။

ဥပမာ -
သင့် မွေးသက္ကရာဇ်က 1353 ခု သောကြာသားဆိုရင် 6ပေါ့။
1353+6=1359
1359÷7=1 ကြွင်းပေါ့

မြန်မာမွေးနှစ်မသိတဲ့လူတွေအတွက်တော့
http://www.mmcalendar.com/index.php
အဲဒီထဲမှာ အင်္ဂလိပ်ခုနှစ်က မြန်မာခုနှစ်ပြောင်းပြီး ကြည့်နိုင်ပါတယ်။

ကဲ .....အောက်မှာ ကိုယ့်ရဲ့ စရိုက်လေးကို ကြည့်ကြတာပေါ့ ....

အကြွင်း (0) လောဘ။
သူကတော့ လိုချင်စိတ်များတယ် ။ရတာနဲ့ မတင်းတိမ်ဘူး ။ရောင့်၇ဲတဲ့ စိတ်မရှိဘူး ။ရောက်တဲ့ နေရာမှာ မပျော်ဘူး ဒီထက်သာယာတဲ့ဘ၀ကို လိုလားတဲ့ သူ။ တစ်ခုမပြီးခင် နောက်တစ်ခုလုပ်ချင်တယ် ဘယ်အရာမဆို လက်ဝါးကြီး အုပ်ချင်တယ် ။
ဘယ်တော့မှလည်း နောက်လိုက်မလုပ်ချင်ဘူး ။ ကိုယ်ရယူပိုင်ဆိုင်ဖို့ဆိုရင် ဘယ်အရာကိုမှ မထောက်ထားဘူး မှားသည်မှန်သည် မခွဲခြားဘူး ဘယ်နည်းနဲ့ မဆို ရအာင်ယူမှ ကျေနပ်တဲ့ သူ။ လိုချင်စိတ်များတော့ ဘာမဆိုလုပ်ရမှာ ၀န်မလေးသူပေါ့။ ချမ်းသာလိုတယ် ကြွယ်ဝလိုတယ် ချမ်းသာချင်ကိုလဲ ရမဲ့ သူ။ ဒါပေမဲ့ မှားလား မှန်လား တရားဝင်လား တရားမ၀င်လား
တွေးမှာ မဟုတ်တဲ့အတွက် ဒုက္ခတော့ တွေ့နိုင်တာပေါ့ ။ ဘယ်လိုပဲ ဖြစ်ပါစေ သူကဘ၀ကို ရည်မှန်းချက်ကြီးကြီးနဲ့ ဖြတ်သန်းမည့်သူပါ။ သူတစ်ပါးမှာရှိတာထက် လိုချင်စိတ်မြင့်မားနေတော့ လူတော်တွေ ဖြစ်တတ်ပါတယ် ။ လိုချင်တဲ့ စိတ်ကလေးကို စနစ်တကျ အသုံးပြုသွာမယ်ဆိုရင် ဒိတ်ဒိတ် လူသားဘ၀ကို ပိုင်ဆိုင်ရမှာ အမှန်ပါ။

အကြွင်း (1) ဒေါသ။
စိတ်ကြီးတယ် မဟုတ်မခံစိတ်များတယ် မတော်မတရား လုပ်တာတွေ့ရင် ကိုယ့်ကိစ္စမဟုတ်လဲ ၀င်ပါဖို့ ၀င်ပြောဖို့ ၀န်မလေးတဲ့သူ ဘေးကနေ အလိုလို ဒေါသထွက်နေတတ်တယ် ။ စိတ်တိုဒေါသထွက်ရင်လဲ ဘာမဆို လုပ်ပစ်ပြောပစ်လိုက်မှ
ကျေနပ်တဲ့သူပေါ့ ။ စိတ်ကသာကြီးပါတယ် သူ့နှလုံးသားကတော့ ဖြူစင်လွန်းပါတယ် ။ ဘယ်တော့မှလဲ ကိုယ့်ဘက်ကစပြီး ရန်မလုပ်ဘူး သန့်သန့်လေးပြောတတ်ဆိုတတ်တယ် ။ လာစော်ကားပြီး လာငြိပြီ ဆိုရင်တော့ စိန်ခေါ်ရင် တိမ်ပေါ် အထိ လိုက်မဲ့သူပဲ ။ ပင်ကိုစိတ်ရင်းကောင်းတယ် ။ သူတစ်ပါးကို ပေးရမှာ ကျွေးရမှာ ထိပ်ဆုံးကပေါ့ ။ဒါပေမဲ့ စိတ်မြန် ဒေါသ ထွက်လွယ်တာကြောင့် အန္တရာယ် အမြဲ ရင်ဆိုင်ရတတ်တယ်။ စိတ်မြန်ပုံကတော့ ဖိနပ်စီးရတာ ခက်နေရင်တောင် ဖိနပ်ကိုကန်ထုတ် ရန်လုပ်ပြီး ဖိနပ်မပါပဲ လျှောက်သွာတတ်တဲ့ သူမျိုး။ ကိုယ်ကို လာစော်ကားလာရင်လဲ ဘယ်တော့မှ ခွင့်မလွှတ်ဘူး။ ဖြစ်ခဲ့တာကို စဉ်းစားပြီး စိတ်ထဲမှာ တစ်နုံ့နုံ့နဲ့ တွေးပြီး ကြိတ်မနိုင်ခဲမရ ဒေါပွနေတတ်တယ် ။ အဲဒီစိတ်ကလေးကို ထိန်းနိုင်တဲ့ နေ့ရောက်ရင် ချမ်းသာကြီးပွားတဲ့ လမ်းပေါ်ကို စရောက်တဲ့နေ့ပါပဲ ။ ဘယ်သို့ဆိုစေ ``လူဖြောင့်စိတ်တို´´ဆိုတဲ့ စကားအတိုင်း အလွန်ရိုးဖြောင့်တဲ့ သူတစ်ယောက်ပါ ။

အကြွင်း (2)မောဟ။
သိပ်တွေဝေတတ်တယ် ဘယ်အရာမဆို ဆုံးဖြတ်ချက်ကို ပိုင်ပိုင်နိုင် မချနိုင်ဘူး ။အရာရာကို မေ့လျှော့နေတတ်တယ် ။ တစ်ခါတစ်လေး ငေါင်တောင်တောင်နဲ့ ငေးမောနေတတ်တာတောင်တွေ့ရတတ်ပါတယ် ။ သီးသန့်နေလို့စိတ်ပြင်းတယ် ။ပြသနာတစ်ခု တစ်ယောက်ထဲ မဖြေရှင်းနိုင်ဘူး မြွေမသေ ဒုတ်မကျိုး လုပ်တတ်တယ် ။ အလွန်တော်တဲ့ ဖြန်ဖြေရေး သမာလေး။ ကြားဝင်ဖြေရှင်း ရမယ်ဆိုရင် နှစ်ဖက်နှခွ မြင်တဲ့သူ။ အပြောအေးအေးလေးနဲ့ ကျလောက်အောင် ပြောတတ်တဲ့သူ။ သူ့၇ဲ့ ရိုးပုံအေးပုံကြောင့် လူတိုင်းက ခင်ကြတယ် ။ သူကတော့ ရောက်တဲ့နေရမှာ ပျော်အောင်နေမယ် ။ ပြသနာတွေ့ရင်တောင် ဒါတွေကို မေ့လျှော့ပြီး ကိုယ်လုပ်ချင်တာ လုပ်နေမဲ့ သူပဲ ။ဒါ့ကြောင်ဘာကိုမှ လေးလေးနက်နက် မရှိဘူးလို့ အထင်ခံရတတ်တယ် ။ စကားသာ ကျလောက်အောင်ပြောတာ တစ်ခါတစ်လေ ရှေ့နောက်မညီ ပြောပြီးတာတွေ မေ့တတ်ပြန်တယ် ။စိတ်ဓာတ်တတ်လွယ် ကျလွယ်တယ် ။ အရာရာ မပြတ်မသား နှောင့်နှေးလွန်းတော့ ဘ၀အခွင့်အရေး တွေ မကြာခဏ လက်တစ်လုံးကြား ဆုံးရှုံးရတတ်တယ် ။ သူ့ဘ၀ကို နိုင်နိုင်နှင်းနှင်း ပဲ့ထိန်းပေတဲ့ သူရှိမှ သူဘ၀က ဟန်ကျမယ် ။ နောက်ကတစ်ချိန်လုံး လိုက်ပြောနေမှ တန်ရုံကျမှာ ။အပြောခံရလို့ စိတ်ဆိုးမှာတော့ မပူနဲ သူကဘယ်တော့မှ မှတ်မထားလို့ပါ ။

အကြွင်(3) မေတ္တာ။
သူကတော့ မေတ္တာ ရှင်ကြီးပေါ့ ။အားနာတတ်တယ် ၊ယုံစားလွယ်တယ် ၊သူတစ်ပါးအပေါ် ခွင့်လွတ်နားလည်စိတ်ရှိတယ် ။ သည်းခံစိတ်ရှိတဲံ့နေရမှာ နှစ်ယောက်မရှိဘူး အောချရလောက်တဲ့  အထိပေါ့။ အရာရာကို ရင်ဆိုင်ရဲတယ်။လူသားအားလုံးအေ ပ်ါလေးလေး စားစား ဆက်ဆံတတ်တယ် ။ကိုယ့်ကိုယ်ကို အမြဲ နှိမ့်ချနေတတ်တယ် ။သူအနေနဲ့ ရိုးပေမဲ့ သွားအထင်မသေးပါနဲ့ သူ့မှာချစ်တဲ ခင်တဲသူတွေ အလွန်ပေါတဲသူပါ ။လမ်းလေဂျပိုး လူမိုက်ကအစ လုပ်ငန်းရှင်ကြီး အထိ သူ့ကိုခင်ကြတယ် ။ အရေးအကြောင်းဆို ကူညီဖို့အသင့်ပဲ ။မြင့်မြတ်တဲံ့ စိတ်သဘောထား အပေါ် လူတိုင်းက နေရာပေး ဆက်ဆံကြတယ် ။ရန်သူအပေါ်မှာတောင်မေတ္တာထား တော့ ဘေးလူတွေနာမလည် အားမလိုအား မရ ဖြစ်တတ်ကြတယ်။ဒါပေမဲ့ ရန်သူကိုမေတ္တာနဲ့  အဆုံးမှာ စည်းရုံးနိုင်တဲ့ သူပါ ။စိတ်သဘောထား ကြီးတယ် မဟုတ်တာ မလုပ်တဲ့သူ။ ဘယ်သူ့ကိုမဆို တန်ဖို့းထားဆက်ဆံတတ်တယ်။အပြောသမားမဟုတ်ဘူး လက်တွေ့ဆန်တယ် ။အေးအေးချမ်းချမ်းနေချင်တဲ့သူ။ အချစ်မေတ္တာ အပေါ် အလေးအနက်ထားတယ် ။ အခက်အခဲ ကိုရင်ဆိုင်ရရင်တောင် မေတ္တာ ရှေ့ထားပြီး အောင်မြင်မှုကို ရယူတဲ့သူ ပါ ။ အားလုံးသိပါတယ် အောင်ခြင်(8)ပါးကို မြတ်စွာဘုရားက မေတ္တာနဲ့ အောင်မြင်ခဲ့တာကိုလေ။

အကြွင်း(4)ဂရုဏာ
ရင်တဲမှာစာနာတတ်တယ် ၊ ခံစားတတ်တယ်၊ ကြင်နာတဲ့စိတ်အပြည့်ရှိနေတယ် ။ သိပ်ကို ကိုယ်ချင်းစာတတ်တယ်။ ချစ်သူခင်သူဖြစ်စေ သတ္တ၀ါတွေကိုဖြစ်စေ ``သနားပါတယ်နော်´´ ဆိုပြီး စာနာစိတ်နဲ့ အမြဲ ကူညီလို့စိတ်ရှိတယ် ။သနားအောင်ပြောရင် ဘယ်လောက်စိတ်ဆိုးနေပါစေ ခွင့်လွှတ်တယ် ။ ဂရုဏာသမားမို့ ရန်သူကိုတောင် သနားတတ်တဲသူ ။စိတ်ဆိုးလဲ ခဏပဲ ။ရန်သူကို သူ့ခမျာ ငါ့ကိုတစ်ချိန်လုံး ရန်လိုနေတာ သနားပါတယ်တဲ့လေ။ဒါပေမဲ သူကသူတစ်ပါးအပေါ် ဂရုနာထားသလိုသူ့အပေါ်မှာ ဂရုစိုက်မှ ကျေနပ်တတ်တဲသူ။ သူကိုဂရုမစိုက်ဘူး အလေးမထာဘူး အချစ်ပေါ့တယ်လို့ ထင်ရင် စိတ်ကောက်ပြီး ၀ုန်းတိုင်းကျဲ အရွဲ့တိုက်တတ်သူ။ ၀မ်းနည်းလွယ်တယ် တစ်ဇွတ်ထိုးလုပ်တတ်တယ် ။ ငါကောင်းသလောက်ငါ့အပေါ်မကောင်းဘူးလို့ စိတ်ဝင် ၀မ်းနည်းသွာပြီဆိုရင် အမြန်လေးသာ ချော့လိုက်ပါ ။လူပုံစံ စတိုင်၊ ဟန်ပန်က အစ ပြုမူပြောဆိုပုံက မာကျစ်ကျစ် ၊ဘုခွပြော၊ မသနားတတ်တဲ့ ကြင်နာစိတ်မရှိတဲ့ သူလိုအပြင်ပန်းမှာ ပေါ်နေတယ် ။ တကယ်အတွင်းစိတ် ရင်ထဲမှာတော့ ဂရုဏာ အပြည့်ရှိတဲသူပါ ဂရုဏာကြီးတဲ့ ဟန်ဆောင်နေတဲ့ သူနဲတော့ တခြာစီပေါ့ ။သူ့သဘော သူ့သဘာဝ သူ့မနောကိုသိတဲ့ သူတွေကတော့ လေးလေးစားစား နဲ့ သူ့အရိပ်ကို ခိုဝင်ကြတယ် ။ ဦးဆောင်သူ ၊ဆရာတွေ ၊ သမားတော်တွေ တော်တော်များများကတော့ ကရုဏာရှင်တွေပေါ့ ။

အကြွင်း(5)မုဒိတာ။
မုဒိတာကို လက်ကိုင်ထားနိုင်သူမျိုးကတော့ ရှားပါးလှပါတယ် ။သူကတော့ ရှားရှားပါးပါးထဲက သူတစ်ယောက်မို့ လူတစ်သောင်းမှာ တစ်ယောက်တွေ့ခဲလှတဲ့ မုဒိတာ ပွားနိုင်တဲ့ သူတစ်ယောက်ပေါ့ ။သူတစ်ပါးအောင်မြင်တာ ၊ချမ်းသာကြွယ်ဝတာ ၊ ထွန်းထွန်းပေါက်ပေါက်ဖြစ်တာ၊နာမည်ကြီးတာ ၊ငွေရတာ ၊အလုပ်တိုးတတ်တာ တွေ့ရင် ကိုယ်ကပဲ ဒါတွေကို ခံစားနေရသလိုလိုနဲ့ ပိတိဖြာပြီး ဘေးကနေကြည်နူးနေတတ်တဲ့ သူမျိုး ဒီကမ္ဘာမှား ရှားပါတဲသူပေါ့။ မနာလို ၀န်တိုစိတ်မရှိဘူးအတင်းအဖျင်းမပြောတတ်ဘူး ၊မြင့်မြတ်တဲ့ စိတ်ရှိတယ် ။အရာရာ ရင်ထဲ ခံစားပြီးမှ လုပ်တတ်ပြောတတ်တဲ့သူ ။မှန်ကန် မြင့်မြတ်တဲ့စိတ်ကြောင့်အောင်မြင်မှုထိတ်တန်းရောက်တယ်။ ကိုယ်က သူတစ်ပါးကို ဝေဖန်တိုက်ခိုက်တာ ၊သူတစ်ပါးကို ငယ်ကျိုးငယ်နာ ဖော်ပြီး ဒုက္ခပေးတာမျိုးလုံးဝမုန်းတီးတယ် ။ ကိုယ်ကလဲ မလုပ်ဘူး၊လုပ်ရပ်တွေကိုလဲ လက်မခံဘူး ။ရှောင်ရှားတယ် ။.သူတစ်ပါး အားနည်ချက်အားသာချက်ကို ဖော်ထုတ်ပြီး ချီကျူးပြီးကောင်းတဲ့ အပြုသဘောတွေကို အကြံပေးမှုလေးတွေကြောင့် သူ့ကိုချစ်ခင်သူတွေပေါတယ် ။မနာလိုဝန်တိုစိတ်မရှိပဲ သူတစ်ပါးအပေါ် မျှဝေခံစား တတ်လို့ ကြီပွားအောင်မြင်မှာ မလွဲပါဘူး ။အရာရာ အပေါ်မှာ ရင်ထဲက လှိုက်လှိုက်လှဲလှဲ နဲ့ ဖြစ်ထွန်းစေသလို ကိုယ်တိုင်လဲ ဖြောင့်ဖြောင့် မှနှ်မှန်နဲ့အမြဲကြိုးစားနေတဲ့ မြင့်မြတ်တဲ့  နှလုံးသား ပိုင်ရှင်တစ်ဦးပါ ။

အကြွင်း(6)ဥပေက္ခာ။
အလွန်ထူးခြားတဲ့ နှလုံးသားပိုင်ရှင်ပေါ့။ ဘာသိဘာသာ အေးအေးဆေဆေးပဲ နေတတ်တယ် ။ သူုတစ်ပါးကိစ္စတွေကိုလဲ ကိုယ်နဲ့မဆိုင်အောင် အမြဲကြိုးစာနေတတ်တယ်။ ၀င်ပြီး စွတ်ဖက်တဲ့ သဘာဝ ကင်းတယ် ။ရန်သူကိုတောင် ဒေါသထွက်ပြီး ရင်မဆိုင်ပဲ မသိသလို့ ကိုယ့်ကို ရန်လုပ်တာ မဟုတ်သလို့ ခပ်မဆိတ်နေတတ်တယ်။ ဥပေက္ခာပြု ကျောခိုင်းနေတတ်တယ် တည်ကြည်တည်ငြိမ်ပြီး လူးသားအာလုံးကို ကိုယ်စိတ်ကမှန်တယ်ထင်တာလုပ်နေကြတာပဲတဲ့ ။ ဘာဝင်စွတ်ဖက်စရာလို့လဲဆိုတဲ့ သဘော ထားတတ်တယ် ။ ကိုယ့်ကိစ္စနဲ့ ဆိုင်တဲ့ ၀န်းကျင်အလုပ်ကို စူးစူးစိုက်စိုက် လုပ်တတ်လို့ အောင်မြင်ကြီးပွားကြပါတယ် ။ ထူးခြားချက်က အနေအေးပြီး အရာရာ ကိုမသိဘူးမထင်နဲ့ ။ အရာရာကို သိတယ် လေ့လာတယ် ။ ပတ်ဝန်းကျင်ကို အမြဲ လေ့လာနေတယ် ။ဖြစ်ပေါ်လာတဲ့ အကြောင်း ဆက်တွေအပေါ် နားလည်လွန်းလို့ အရာရာကို အပြစ်မမြင်ပဲ နေတတ်တဲ့သူ ။ အခက်အခဲတွေ ၊ ဒုက္ခတွေကို သူ့ဆီမှာ အကူညီတောင်း ကြည့်။ ကိုယ့်ပြသနာ တစ်ခုကို သူ့ပြသနာတစ်ခုလို လှိုက်လှိုက်လှဲလှဲ သဘောထာပြီး ကူညီမှာသေချာတယ် ။ကိုယ်နဲ့ မပတ်သက်သမျှ ၀င်မပါဘူး။ ကိုယ်နဲ မိတ်ဆက်မပေးသမျှ မည်မျှမျက်မှန်းတန်းနေပါစေ ပြုံးပြနှုတ်ဆက်မှာမဟုတ်ဘူး ။ ယဉ်ကျေးတယ် သိမ်မွေ့တယ် ၊ အရေကြုံလာရင် တကယ်အားထားရတယ် ။ အကယ်ကို အမြင်ကြည်လင်တဲ့ သူတွေပေါ့ ။တစ်နေ့မှာသူဟာ ဘာသာ သာသနာအတွက် တန်ဖိုးရှိတဲ့လူတစ်ယောက်ဖြစ်နိုင်သူ တွေလို့ ရှေးပညာရှိတွေက ဆိုပါတယ် ။

                                                                             စံဇာဏီဘို

Wednesday, February 19, 2014

ထူးတဲ့ ကိုး(9)
...............

ဘာတွေ ထူးသလဲ ? ။

= (9)ဂဏန်းဟာ ဂဏန်းဗေဒင်(သင်္ချာဗေဒ)မှာ အဆုံးသတ်ဂဏန်း ဖြစ်ပါတယ်။ ဂဏန်းအားလုံးကို တစ်လုံးတည်း ဖြစ်အောင် ပေါင်းလိုက်ရင် (1)ကနေ (9) အထိဘဲ ရပါတယ်။ (9)ပြီးရင် ဂဏန်းအားလုံးဟာ (1)ကနေ ပြန်စ, ကြရပါတယ်။ ဥပမာ – 10 = 1+0 = 1 ။

= လူသားတွေဟာ လူ့ဘ၀ထဲကို ရောက်ဖို့ ပဋိသန္ဓေကာလ (9)လ အချိန်ယူရပါတယ်။ (လ, မစေ့ဘဲ မွေးတာတော့ အနည်းအကျဉ်း ရှိတာပေါ့)

= လူသားတိုင်းမှာ ဒွါယ (9)ပေါက် ရှိပါတယ်။ (မျက်စေ့-2 ၊ နား-2 ၊ နှာခေါင်း-2 ၊ ပါးစပ် ၊ စအို ၊ လိင်အင်္ဂါ )

= ဗုဒ္ဓဘာသာဝင်တွေရဲ့ အထွဋ်အမြတ်ထားတဲ့ ဗုဒ္ဓဘုရားရှင်ရဲ့ ဂုဏ်ပုဒ်တွေက (9)ပါး ရှိပါတယ်။ (ဘုရား ဂုဏ်တော် ၉ပါး)

= ဂဏန်းဗေဒင်ပညာကို အုတ်မြစ်ချခဲ့တဲ့ “ချားလ်ဒီးယန်း” တွေကလည်း (9)ဂဏန်းကို “ဘုရားသခင်ရဲ့ ဂဏန်း” လို့ သတ်မှတ်ပါတယ်။

= (9) ဂဏန်း နဲ့ အခြား ဂဏန်း တစ်ခုရဲ့ မြှောက်လဒ်ကို ပြန်ပေါင်းရင် (9)ဘဲ ပြန်ရပါတယ်။ ( 9×5 = 45 = 4+5 = 9)

= အရှေ့တိုင်းသား အတော်များများဟာ (9)ဂဏန်းကို ကံကောင်းစေတတ်တဲ့ ဂဏန်း အဖြစ် အယူရှိပါတယ်။

= မော်တော်ကား / အိမ်အဆောက်အဦးတွေ (9)ဂဏန်းဖြစ်နေရင် (လူကြိုက်များတာကြောင့်) ရောင်းရ/၀ယ်ရ လွယ်ကူ ချောမောလေ့ ရှိပါတယ်။

= လူအများစုဟာ ထီထိုးကြတဲ့အခါ (9)ဂဏန်း များများ ပါတာဖြစ်စေ/ ပေါင်းရကိန်း (9)ဖြစ်တာကို ဖြစ်စေ ရွေးချယ်ကြလေ့ရှိပါတယ်။

= ဒါပေမယ့် ခရီးသွားရင် လူ (9)ယောက်နဲ့ ခရီးမသွားကောင်း ဘူးလို့ ယူဆကြပါတယ်။

= (9)ဂဏန်းကို သင်္ချာဗေဒ ပညာမှာ “အင်္ဂါဂြိုဟ်” ပိုင် ဂဏန်း လို့ ယူပြီး ၊ နက္ခတ်ဗေဒင်ပညာမှာ “ကိတ်ဂြိုဟ်” ပိုင်ဂဏန်း လို့ ယူဆပါတယ်။

= သင်္ချာဗေဒပညာအရ – အင်္ဂလိပ်ရက် (9)ရက် ၊ (18)ရက် ၊ (27) ရက် များမှာ မွေးဖွာသူများဟာ (9)ဂဏန်းသမားများ ဖြစ်ပါတယ်။

= အင်္ဂလိပ်ရက် – (11)ရက် ၊ (12)ရက် ၊ (16)ရက် ၊ (19)ရက် ၊ (24)ရက် ၊ (29)ရက် များမှာ မွေးဖွားသူများဟာလည်း (9)ဂဏန်းသမား မဟုတ်ပေမယ့် (9)ဂဏန်းရဲ့ လွှမ်းမိုးမှုကို (အပြည့်အ၀) ခံစားကြရသူများဖြစ်ပါတယ်။

= မိဿရာသီ ၊ ကရကဋ်ရာသီ ၊ ဗြိစ္ဆာရာသီ ၊ ဓနုရာသီ ၊ မကာရရာသီ ဆိုတဲ့ ရာသီခွင်များမှာ မွေးဖွားသူများဟာလည်း (9)ဂဏန်းရဲ လွှမ်းမိုးမှုအောက်မှာ ရှိပါတယ်။

= “အင်္ဂါဂြိုဟ်” လို့ ယူဆရင် အင်္ဂါဂြိုဟ်ရဲ့ သင်္ကေတတွေဖြစ်တဲ့ “စစ်မက်တိုက်ခိုက်မှု၊ ဆူပူအကြမ်းဖက်မှု၊ သွေးထွက်သံယိုမှု ၊ ပေါက်ကွဲမှု ၊ မတော်တဆ ဖြစ်မှု ၊ ခွဲစိတ်ကုသခံရမှု ၊ သဘာဝ ဘေးဥပဒ် အန္တရာယ်တွေ” ကို ကိုယ်စားပြုပါတယ်။

= “ကိတ်ဂြိုဟ်” လို့ ယူဆရင် ကိတ်ဂြိုဟ်ရဲ့ သင်္ကေတတွေဖြစ်တဲ့ “ လောကီပညာ ၊ အထက်လမ်း အောက်လမ်း ၊ ထွက်ရပ်လည်း ၊ မှော်ပညာ ၊ သဘာဝလွန် ဖြစ်ရပ်များ ၊ စုန်း ၊ သရဲ တစ္ဆေ ၊ ၀ိဉာဉ်လောက ၊ နာမ်လောက ၊ အင်း ၊ အိုင် ၊ လက်ဖွဲ့ ၊ အဂ္ဂိရတ်ပညာ ၊ မူးယစ်ဆေးဝါး ၊ အဆိပ်မျိုးစုံ ” တွေကို ကိုယ်စားပြုပါတယ်။

= အင်္ဂါဂြိုဟ်ဟာ “အိမ်ထောင်ရေး” ကို အလွန်ဖျက်ဆီးတတ်တဲ့ဂြိုဟ် ဖြစ်ပါတယ်။

= ဒါကြောင့် ဇာတာခွင်တစ်ခုမှာ “အင်္ဂါဂြိုဟ်” အနေအထားမကောင်းရင် အိမ်ထောင်ကွဲခြင်း /ပျက်ခြင်းများဖြစ်လွယ်ပြီး တစ်ခုလပ်/ မုဆိုးဖို/မုဆိုးမ များ ဖြစ်လွယ်စေပါတယ်။

= အင်္ဂါသားသမီး (သို့) 9 ဂဏန်းဖွားတွေဟာ အိမ်ထောင်ရေးမှာ (များသောအားဖြင့်) အနစ်နာ ခံကြရတာ များပါတယ်။ အိမ်ထောင်ရေးမှာ အခံဘက်က နေကြရတာများပါတယ်။ မိန်းမသားတွေက ပိုပြီး ခံရတတ် ပါတယ်။ ဒါပေမယ့် အင်္ဂါသားသမီးများ ဖောက်ပြန်ပြီဆိုရင် ကျန်နေ့ သားသမီးများ လိုက်မမှီတတ်ပါဘူး။

= အင်္ဂါသားသမီး (သို့) 9 ဂဏန်းဖွားတွေရဲ့ ဘ၀လမ်းခရီးဟာ အကွေ့အကောက် / အတက်အကျ များတတ်ပြီး ချောမွေ့တာ ရှားပါတယ်။

= ဘာနေ့သားသမီးဖြစ်ဖြစ် နာမည်ပေါင်းကိန်း (9)ကျနေတဲ့ သူတွေဟာလည်း (9)ဂဏန်းသမားတွေနဲ့ အလားသဏ္ဍန် တူပါတယ်။ အကျိုးပေး တူတတ်ပါတယ်။

= (9)ဂဏန်းဟာ – သူနဲ့ တွဲဖက်တဲ့ ဂဏန်းများအပေါ်မှာ မူတည်ပြီး အကျိုးသက်ရောက်မှုများ ကွဲပြားသွားနိုင်ပါတယ်။

- (9)ဂဏန်းဟာ (1)ဂဏန်း နဲ့တွဲရင် (အင်္ဂါ+တနင်္ဂနွေ) = အောင်မြင်ကျော်ကြားမှု ၊ ဘုန်းတန်ခိုးအာဏာ ၊ လူထုထောက်ခံမှု ၊ ချစ်ခင်လေးစားခံရမှုများကို ဖြစ်ပေါ်စေတယ်။

- (9)ဂဏန်းဟာ (2)ဂဏန်း နဲ့တွဲရင် (အင်္ဂါ+တနင်္လာ) = သစ္စာဖောက်ခံရမှု ၊ လိမ်လည်မှု ၊ မရိုးသားမှု ၊ တစ်ကိုယ်ကောင်းကြံမှု ၊ အကောက်ကြံခံရမှု ၊ သဘာဝဘေးဥပဒ် ၊ ပေါက်ကွဲမှု ၊ ၀မ်းနည်းကြေကွယ်ဖွယ်ရာ အဖြစ်အပျက်များကို ဖြစ်ပေါ်စေနိုင်တယ်။

- (9)ဂဏန်းဟာ (3)ဂဏန်း နဲ့တွဲရင် (အင်္ဂါ+ကြာသပတေး)= စီးပွားဖြစ်ထွန်းခြင်း ၊ တိုးတက်ထွန်းကားခြင်း ၊ စုတ်ကြီးလာဘ်ကြီးဝင်ခြင်း ၊ အချီကြီးကြံခြင်း ၊ အပွကြံခြင်း ၊ အကောင်းမြင်ဝါဒ အလွန်များပြားခြင်း ၊ ယုံကြည်မှု လွန်ကဲခြင်း ၊ တန်ခိုးအာဏာ သြဇာကြီးမားခြင်း ၊ တခဲနက် ထောက်ခံအားပေးခြင်း ကိစ္စများကို ဖြစ်ပေါ်စေနိုင်ပါတယ်။

(9)ဂဏန်းဟာ (4)ဂဏန်း နဲ့တွဲရင် (အင်္ဂါ+ယူရေးနပ်စ်) = ပေါက်ကွဲမှု ၊ မီးလောင်မှု ၊ ပြင်းထန်သော သဘာဝဘေးဥပဒ် အန္တရာယ် ၊ ကပ်ကြီး(၃)ပါး ဆိုက်ရောက်ခြင်း ၊ မုန်းတီးခြင်း ၊ အထင်လွဲခြင်း ၊ လူမျိုးရေး/ဘာသာရေး ပဋိပက္ခများ ၊ ပြင်းထန်သော Accident များ ၊ မတော်တဆ ထိခိုက်မှုကြီးများ ၊ အဆင့်မြင့် နည်းပညာများကြောင့် ဒုက္ခမျိုးစုံ ရောက်ရမှု များကို ဖြစ်ပေါ်စေနိုင်ပါတယ်။

(9)ဂဏန်းဟာ (5)ဂဏန်း နဲ့တွဲရင် (အင်္ဂါ+ဗုဒ္ဓဟူး) = လိမ်လည်မှု ၊ အလွဲသုံးစားလုပ်မှု ၊ လိမ်ညာဝါဖြန့်မှု ၊ ကောလာဟလ အကြီးအကျယ် ပေါ်ပေါက်ခြင်း ၊ အသင်းအဖွဲ့ ဂိုဏ်းဂဃများကြားတွင် အကြီးအကျယ် သဘောထား ကွဲလွဲမှု ၊ အဖွဲ့အစည်းများ နှင့် နိုင်ငံများအကြား တစ်ဖက်နှင့် တစ်ဖက် အထင်အမြင် လွဲမှားမှု ပဋိပက္ခများ ကို ဖြစ်ပေါ်စေနိုင်ပါတယ်။

(9)ဂဏန်းဟာ (6)ဂဏန်း နဲ့တွဲရင် (အင်္ဂါ+သောကြာ) = လိင်ကိစ္စ ၊ ကာမဂုဏ် ကိစ္စ များနှင့် ပတ်သက်ပြီး နာမည်ပျက်ခြင်း ၊ အရှက်ကွဲခြင်းများ ဖြစ်ပေါ်မှု ၊ နာမည်ကျော် အနုပညာရှင်များ ၊ ကျော်ကြားသော ပုဂ္ဂိုလ်များ ရုတ်တရက် ကွယ်လွန်ခြင်း (သို့) လုပ်ကြံသတ်ဖြတ်ခံရခြင်း ၊ ဂုဏ်သိက္ခာ ကျဆင်းခြင်း များနှင့် ပက်သတ်သော အရှုပ်အထွေး/ပြဿနာ များကို ဖြစ်ပေါ် စေနိုင်ပါတယ်။

(9)ဂဏန်းဟာ (7)ဂဏန်း နဲ့တွဲရင် (အင်္ဂါ+နက်ပကျွန်း) = အလွန်မတည့်သော တွဲလုံးဖြစ်ပြီး စက်ဆုပ်ဖွယ်ကောင်းသော လုပ်ကြံမှု ၊ ချောက်တွန်းမှု ၊ အောက်လမ်းပညာများဖြင့် စီရင်မှု ၊ သစ္စာဖောက်မှု ၊ ကိုယ်ကျိုးရှာမှု ၊ အလွန်ပြင်းထန်သော သဘာဝဘေးဥပဒ်များ ၊ ကြောက်မက်ဖွယ်ကောင်းသော ကူးစက်ရောဂါများ ၊ ချောင်းမြောင်းလုပ်ကြံမှုများ ၊ လက်သည် ရှာမရသော အမှုအခင်းကြီးများ ၊ ထောက်လှမ်းရေး စုံထောက်များ ပါဝင်နေသော အမှုအခင်း ကိစ္စများ ၊ ဘာသာရေးဆိုင်ရာ အဓိကရုဏ်းများကို ဖြစ်ပေါ်စေနိုင်ပါတယ်။

(9)ဂဏန်းဟာ (8)ဂဏန်း နဲ့တွဲရင် (အင်္ဂါ+စနေ) = အနိဌာရုံ အားလုံးကို ဖြစ်ပေါ်စေနိုင်သော အတွဲဖြစ်ပါတယ်။ လက်နက်ဘေး ၊ ရေဘေး ၊ မီးဘေး ၊ သူခိုး ဓားပြဘေး ၊ ယာဉ်ရထား လေယာဉ် သဘောင်္ စတဲ့ ခရီးသွားလာရေး ယာဉ်များ မတော်တဆဖြစ်ခြင်း ၊ သဘာဝ ဘေးဥပဒ် အားလုံး ၊ အလွန်ဝမ်းနည်းကြေကွဲဖွယ်ရာ ကိစ္စ ရပ်များ အားလုံးကို ဖြစ်စေနိုင်ပါတယ်။

(9)ဂဏန်းဟာ (9)ဂဏန်း နဲ့တွဲရင် (အင်္ဂါ+အင်္ဂါ) = (9)ဂဏန်းရဲ့ သတ္တိကို အဆပေါင်းများစွာ မြှင့်တင်ပေးမယ့် တွဲလုံးဖြစ်ပြီး အလွန်ကြောက်စရာကောင်းတဲ့ သဘာဝ ဘေးဥပါဒ်ကြီးများကို ဖြစ်စေနိုင်ပါတယ်။ ရေ ၊ မီး ၊ မင်း ၊ ခိုးသူ ၊ မချစ်မနှစ်သက်သောသူ စတဲ့ ရန်သူ (၅)ပါး ဘေးဥပဒ်များ ကြုံတွေ့စေနိုင်ပါတယ်။ (9) ဂဏန်း ပူးယှဉ်များလေလေ ဘေးဒုက္ခ အန္တရာယ် ကြီးမားလေလေ မှတ်ယူရပါမယ်။

ဥပမာ - (၂၀၁၀)ခုနှစ် ဇန်န၀ါရီလ (12)ရက်နေ့ “ဟေတီနိုင်ငံ” မှာ လှုပ်ခတ်ခဲ့တဲ့ ငလျှင်ကြီးကို လေ့လာကြည့်ရင် – ဇန်န၀ါရီလဟာ (9)ဂဏန်း စိုးမိုးရာ လ, ဖြစ်ခြင်း ၊ (12)ရက်နေ့ဟာ အင်္ဂါဂြိုဟ် လွှမ်းမိုးသည့် နေ့ဖြစ်ခြင်း ၊ ထိုနေ့သည် အင်္ဂါနေ့ဖြစ်ခြင်း ဆိုတဲ့ အင်္ဂါဂြိုဟ် (၃)ထပ်ကွမ်း ပါဝင်နေတာ တွေ့ရပါမယ်။

ဒါကြောင့် အခြားနေ့တွေမှာ လှုပ်ခတ်ခဲ့သည် ငလျှင်များနှင့် မတူအောင် လူအသေအပျောက် များရခြင်း ဖြစ်ပါတယ်။

ကမ္ဘာကျော်သွားတဲ့ (9/11) အရေးအခင်း ဖြစ်ပွားတဲ့ နေ့ဟာလည်း အင်္ဂါနေ့ ဖြစ်နေတာကြောင့် အဲဒီနေ့ကလည်း (9) ၃ထပ်ကွမ်း ဖြစ်တဲ့နေ့ ပါဘဲ။

= ဒါကြောင့် အင်္ဂါဂြိုဟ်ဆိုတဲ့ (9)ဂဏန်းဟာ တနင်္လာဂြိုဟ်(2)ဂဏန်း / ယူရေးနပ်စ်(4)ဂဏန်း / နက်ပကျွန်း (7)ဂဏန်း / စနေ (8)ဂဏန်း / (9)ဂဏန်း အချင်းချင်း – များနှင့် ပူးယှဉ်မယ်ဆိုရင် အလွန်ပြင်းထန် ကြီးမားတဲ့ အနိဌာရုံများကို ဖြစ်စေနိုင်ပါတယ်။

= သင်္ချာဗေဒပညာမှာ ပေါင်းခြင်း (9) မဟုတ်ပေမယ့် (9)ဂဏန်း (အင်္ဂါဂြိုဟ်) နောက်ကွယ်ကနေ ပါဝင်ကြိုးကိုင်နေတဲ့ ဂဏန်းတွဲလုံးတွေလည်း ရှိပါသေးတယ်။ အဲဒီ ဂဏန်းတွေက (11) (12) (16) (19) (20) (24) (26) (29) ဂဏန်းများဖြစ်ကြောင်း ပညာလိုက်စားနေသူများအတွက် မျှဝေပေးလိုက်ပါတယ်။

အလည်လာ ဖတ်ရှုသူအပေါင်း ကျန်းမာချမ်းသာကြပါစေ။
.

                                                          ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူ- ဗေဒသုခုမ)
Photo: ထူးတဲ့ ကိုး(9)
...............

ဘာတွေ ထူးသလဲ ? ။

= (9)ဂဏန်းဟာ ဂဏန်းဗေဒင်(သင်္ချာဗေဒ)မှာ အဆုံးသတ်ဂဏန်း ဖြစ်ပါတယ်။ ဂဏန်းအားလုံးကို တစ်လုံးတည်း ဖြစ်အောင် ပေါင်းလိုက်ရင် (1)ကနေ (9) အထိဘဲ ရပါတယ်။ (9)ပြီးရင် ဂဏန်းအားလုံးဟာ (1)ကနေ ပြန်စ, ကြရပါတယ်။ ဥပမာ – 10 = 1+0 = 1 ။

= လူသားတွေဟာ လူ့ဘ၀ထဲကို ရောက်ဖို့ ပဋိသန္ဓေကာလ (9)လ အချိန်ယူရပါတယ်။ (လ, မစေ့ဘဲ မွေးတာတော့ အနည်းအကျဉ်း ရှိတာပေါ့)

= လူသားတိုင်းမှာ ဒွါယ (9)ပေါက် ရှိပါတယ်။ (မျက်စေ့-2 ၊ နား-2 ၊ နှာခေါင်း-2 ၊ ပါးစပ် ၊ စအို ၊ လိင်အင်္ဂါ )

= ဗုဒ္ဓဘာသာဝင်တွေရဲ့ အထွဋ်အမြတ်ထားတဲ့ ဗုဒ္ဓဘုရားရှင်ရဲ့ ဂုဏ်ပုဒ်တွေက (9)ပါး ရှိပါတယ်။ (ဘုရား ဂုဏ်တော် ၉ပါး)

= ဂဏန်းဗေဒင်ပညာကို အုတ်မြစ်ချခဲ့တဲ့ “ချားလ်ဒီးယန်း” တွေကလည်း (9)ဂဏန်းကို “ဘုရားသခင်ရဲ့ ဂဏန်း” လို့ သတ်မှတ်ပါတယ်။

= (9) ဂဏန်း နဲ့ အခြား ဂဏန်း တစ်ခုရဲ့ မြှောက်လဒ်ကို ပြန်ပေါင်းရင် (9)ဘဲ ပြန်ရပါတယ်။ ( 9×5 = 45 = 4+5 = 9)

= အရှေ့တိုင်းသား အတော်များများဟာ (9)ဂဏန်းကို ကံကောင်းစေတတ်တဲ့ ဂဏန်း အဖြစ် အယူရှိပါတယ်။

= မော်တော်ကား / အိမ်အဆောက်အဦးတွေ (9)ဂဏန်းဖြစ်နေရင် (လူကြိုက်များတာကြောင့်) ရောင်းရ/၀ယ်ရ လွယ်ကူ ချောမောလေ့ ရှိပါတယ်။

= လူအများစုဟာ ထီထိုးကြတဲ့အခါ (9)ဂဏန်း များများ ပါတာဖြစ်စေ/ ပေါင်းရကိန်း (9)ဖြစ်တာကို ဖြစ်စေ ရွေးချယ်ကြလေ့ရှိပါတယ်။

= ဒါပေမယ့် ခရီးသွားရင် လူ (9)ယောက်နဲ့ ခရီးမသွားကောင်း ဘူးလို့ ယူဆကြပါတယ်။

= (9)ဂဏန်းကို သင်္ချာဗေဒ ပညာမှာ “အင်္ဂါဂြိုဟ်” ပိုင် ဂဏန်း လို့ ယူပြီး ၊ နက္ခတ်ဗေဒင်ပညာမှာ “ကိတ်ဂြိုဟ်” ပိုင်ဂဏန်း လို့ ယူဆပါတယ်။

= သင်္ချာဗေဒပညာအရ – အင်္ဂလိပ်ရက် (9)ရက် ၊ (18)ရက် ၊ (27) ရက် များမှာ မွေးဖွာသူများဟာ (9)ဂဏန်းသမားများ ဖြစ်ပါတယ်။

= အင်္ဂလိပ်ရက် – (11)ရက် ၊ (12)ရက် ၊ (16)ရက် ၊ (19)ရက် ၊ (24)ရက် ၊ (29)ရက် များမှာ မွေးဖွားသူများဟာလည်း (9)ဂဏန်းသမား မဟုတ်ပေမယ့် (9)ဂဏန်းရဲ့ လွှမ်းမိုးမှုကို (အပြည့်အ၀) ခံစားကြရသူများဖြစ်ပါတယ်။

= မိဿရာသီ ၊ ကရကဋ်ရာသီ ၊ ဗြိစ္ဆာရာသီ ၊ ဓနုရာသီ ၊ မကာရရာသီ ဆိုတဲ့ ရာသီခွင်များမှာ မွေးဖွားသူများဟာလည်း (9)ဂဏန်းရဲ လွှမ်းမိုးမှုအောက်မှာ ရှိပါတယ်။ 

= “အင်္ဂါဂြိုဟ်” လို့ ယူဆရင် အင်္ဂါဂြိုဟ်ရဲ့ သင်္ကေတတွေဖြစ်တဲ့ “စစ်မက်တိုက်ခိုက်မှု၊ ဆူပူအကြမ်းဖက်မှု၊ သွေးထွက်သံယိုမှု ၊ ပေါက်ကွဲမှု ၊ မတော်တဆ ဖြစ်မှု ၊ ခွဲစိတ်ကုသခံရမှု ၊ သဘာဝ ဘေးဥပဒ် အန္တရာယ်တွေ” ကို ကိုယ်စားပြုပါတယ်။

= “ကိတ်ဂြိုဟ်” လို့ ယူဆရင် ကိတ်ဂြိုဟ်ရဲ့ သင်္ကေတတွေဖြစ်တဲ့ “ လောကီပညာ ၊ အထက်လမ်း အောက်လမ်း ၊ ထွက်ရပ်လည်း ၊ မှော်ပညာ ၊ သဘာဝလွန် ဖြစ်ရပ်များ ၊ စုန်း ၊ သရဲ တစ္ဆေ ၊ ၀ိဉာဉ်လောက ၊ နာမ်လောက ၊ အင်း ၊ အိုင် ၊ လက်ဖွဲ့ ၊ အဂ္ဂိရတ်ပညာ ၊ မူးယစ်ဆေးဝါး ၊ အဆိပ်မျိုးစုံ ” တွေကို ကိုယ်စားပြုပါတယ်။

= အင်္ဂါဂြိုဟ်ဟာ “အိမ်ထောင်ရေး” ကို အလွန်ဖျက်ဆီးတတ်တဲ့ဂြိုဟ် ဖြစ်ပါတယ်။

= ဒါကြောင့် ဇာတာခွင်တစ်ခုမှာ “အင်္ဂါဂြိုဟ်” အနေအထားမကောင်းရင် အိမ်ထောင်ကွဲခြင်း /ပျက်ခြင်းများဖြစ်လွယ်ပြီး တစ်ခုလပ်/ မုဆိုးဖို/မုဆိုးမ များ ဖြစ်လွယ်စေပါတယ်။

= အင်္ဂါသားသမီး (သို့) 9 ဂဏန်းဖွားတွေဟာ အိမ်ထောင်ရေးမှာ (များသောအားဖြင့်) အနစ်နာ ခံကြရတာ များပါတယ်။ အိမ်ထောင်ရေးမှာ အခံဘက်က နေကြရတာများပါတယ်။ မိန်းမသားတွေက ပိုပြီး ခံရတတ် ပါတယ်။ ဒါပေမယ့် အင်္ဂါသားသမီးများ ဖောက်ပြန်ပြီဆိုရင် ကျန်နေ့ သားသမီးများ လိုက်မမှီတတ်ပါဘူး။

= အင်္ဂါသားသမီး (သို့) 9 ဂဏန်းဖွားတွေရဲ့ ဘ၀လမ်းခရီးဟာ အကွေ့အကောက် / အတက်အကျ များတတ်ပြီး ချောမွေ့တာ ရှားပါတယ်။

= ဘာနေ့သားသမီးဖြစ်ဖြစ် နာမည်ပေါင်းကိန်း (9)ကျနေတဲ့ သူတွေဟာလည်း (9)ဂဏန်းသမားတွေနဲ့ အလားသဏ္ဍန် တူပါတယ်။ အကျိုးပေး တူတတ်ပါတယ်။

= (9)ဂဏန်းဟာ – သူနဲ့ တွဲဖက်တဲ့ ဂဏန်းများအပေါ်မှာ မူတည်ပြီး အကျိုးသက်ရောက်မှုများ ကွဲပြားသွားနိုင်ပါတယ်။

- (9)ဂဏန်းဟာ (1)ဂဏန်း နဲ့တွဲရင် (အင်္ဂါ+တနင်္ဂနွေ) = အောင်မြင်ကျော်ကြားမှု ၊ ဘုန်းတန်ခိုးအာဏာ ၊ လူထုထောက်ခံမှု ၊ ချစ်ခင်လေးစားခံရမှုများကို ဖြစ်ပေါ်စေတယ်။

- (9)ဂဏန်းဟာ (2)ဂဏန်း နဲ့တွဲရင် (အင်္ဂါ+တနင်္လာ) = သစ္စာဖောက်ခံရမှု ၊ လိမ်လည်မှု ၊ မရိုးသားမှု ၊ တစ်ကိုယ်ကောင်းကြံမှု ၊ အကောက်ကြံခံရမှု ၊ သဘာဝဘေးဥပဒ် ၊ ပေါက်ကွဲမှု ၊ ၀မ်းနည်းကြေကွယ်ဖွယ်ရာ အဖြစ်အပျက်များကို ဖြစ်ပေါ်စေနိုင်တယ်။

- (9)ဂဏန်းဟာ (3)ဂဏန်း နဲ့တွဲရင် (အင်္ဂါ+ကြာသပတေး)= စီးပွားဖြစ်ထွန်းခြင်း ၊ တိုးတက်ထွန်းကားခြင်း ၊ စုတ်ကြီးလာဘ်ကြီးဝင်ခြင်း ၊ အချီကြီးကြံခြင်း ၊ အပွကြံခြင်း ၊ အကောင်းမြင်ဝါဒ အလွန်များပြားခြင်း ၊ ယုံကြည်မှု လွန်ကဲခြင်း ၊ တန်ခိုးအာဏာ သြဇာကြီးမားခြင်း ၊ တခဲနက် ထောက်ခံအားပေးခြင်း ကိစ္စများကို ဖြစ်ပေါ်စေနိုင်ပါတယ်။

(9)ဂဏန်းဟာ (4)ဂဏန်း နဲ့တွဲရင် (အင်္ဂါ+ယူရေးနပ်စ်) = ပေါက်ကွဲမှု ၊ မီးလောင်မှု ၊ ပြင်းထန်သော သဘာဝဘေးဥပဒ် အန္တရာယ် ၊ ကပ်ကြီး(၃)ပါး ဆိုက်ရောက်ခြင်း ၊ မုန်းတီးခြင်း ၊ အထင်လွဲခြင်း ၊ လူမျိုးရေး/ဘာသာရေး ပဋိပက္ခများ ၊ ပြင်းထန်သော Accident များ ၊ မတော်တဆ ထိခိုက်မှုကြီးများ ၊ အဆင့်မြင့် နည်းပညာများကြောင့် ဒုက္ခမျိုးစုံ ရောက်ရမှု များကို ဖြစ်ပေါ်စေနိုင်ပါတယ်။

(9)ဂဏန်းဟာ (5)ဂဏန်း နဲ့တွဲရင် (အင်္ဂါ+ဗုဒ္ဓဟူး) = လိမ်လည်မှု ၊ အလွဲသုံးစားလုပ်မှု ၊ လိမ်ညာဝါဖြန့်မှု ၊ ကောလာဟလ အကြီးအကျယ် ပေါ်ပေါက်ခြင်း ၊ အသင်းအဖွဲ့ ဂိုဏ်းဂဃများကြားတွင် အကြီးအကျယ် သဘောထား ကွဲလွဲမှု ၊ အဖွဲ့အစည်းများ နှင့် နိုင်ငံများအကြား တစ်ဖက်နှင့် တစ်ဖက် အထင်အမြင် လွဲမှားမှု ပဋိပက္ခများ ကို ဖြစ်ပေါ်စေနိုင်ပါတယ်။

(9)ဂဏန်းဟာ (6)ဂဏန်း နဲ့တွဲရင် (အင်္ဂါ+သောကြာ) = လိင်ကိစ္စ ၊ ကာမဂုဏ် ကိစ္စ များနှင့် ပတ်သက်ပြီး နာမည်ပျက်ခြင်း ၊ အရှက်ကွဲခြင်းများ ဖြစ်ပေါ်မှု ၊ နာမည်ကျော် အနုပညာရှင်များ ၊ ကျော်ကြားသော ပုဂ္ဂိုလ်များ ရုတ်တရက် ကွယ်လွန်ခြင်း (သို့) လုပ်ကြံသတ်ဖြတ်ခံရခြင်း ၊ ဂုဏ်သိက္ခာ ကျဆင်းခြင်း များနှင့် ပက်သတ်သော အရှုပ်အထွေး/ပြဿနာ များကို ဖြစ်ပေါ် စေနိုင်ပါတယ်။

(9)ဂဏန်းဟာ (7)ဂဏန်း နဲ့တွဲရင် (အင်္ဂါ+နက်ပကျွန်း) = အလွန်မတည့်သော တွဲလုံးဖြစ်ပြီး စက်ဆုပ်ဖွယ်ကောင်းသော လုပ်ကြံမှု ၊ ချောက်တွန်းမှု ၊ အောက်လမ်းပညာများဖြင့် စီရင်မှု ၊ သစ္စာဖောက်မှု ၊ ကိုယ်ကျိုးရှာမှု ၊ အလွန်ပြင်းထန်သော သဘာဝဘေးဥပဒ်များ ၊ ကြောက်မက်ဖွယ်ကောင်းသော ကူးစက်ရောဂါများ ၊ ချောင်းမြောင်းလုပ်ကြံမှုများ ၊ လက်သည် ရှာမရသော အမှုအခင်းကြီးများ ၊ ထောက်လှမ်းရေး စုံထောက်များ ပါဝင်နေသော အမှုအခင်း ကိစ္စများ ၊ ဘာသာရေးဆိုင်ရာ အဓိကရုဏ်းများကို ဖြစ်ပေါ်စေနိုင်ပါတယ်။

(9)ဂဏန်းဟာ (8)ဂဏန်း နဲ့တွဲရင် (အင်္ဂါ+စနေ) = အနိဌာရုံ အားလုံးကို ဖြစ်ပေါ်စေနိုင်သော အတွဲဖြစ်ပါတယ်။ လက်နက်ဘေး ၊ ရေဘေး ၊ မီးဘေး ၊ သူခိုး ဓားပြဘေး ၊ ယာဉ်ရထား လေယာဉ် သဘောင်္ စတဲ့ ခရီးသွားလာရေး ယာဉ်များ မတော်တဆဖြစ်ခြင်း ၊ သဘာဝ ဘေးဥပဒ် အားလုံး ၊ အလွန်ဝမ်းနည်းကြေကွဲဖွယ်ရာ ကိစ္စ ရပ်များ အားလုံးကို ဖြစ်စေနိုင်ပါတယ်။

(9)ဂဏန်းဟာ (9)ဂဏန်း နဲ့တွဲရင် (အင်္ဂါ+အင်္ဂါ) = (9)ဂဏန်းရဲ့ သတ္တိကို အဆပေါင်းများစွာ မြှင့်တင်ပေးမယ့် တွဲလုံးဖြစ်ပြီး အလွန်ကြောက်စရာကောင်းတဲ့ သဘာဝ ဘေးဥပါဒ်ကြီးများကို ဖြစ်စေနိုင်ပါတယ်။ ရေ ၊ မီး ၊ မင်း ၊ ခိုးသူ ၊ မချစ်မနှစ်သက်သောသူ စတဲ့ ရန်သူ (၅)ပါး ဘေးဥပဒ်များ ကြုံတွေ့စေနိုင်ပါတယ်။ (9) ဂဏန်း ပူးယှဉ်များလေလေ ဘေးဒုက္ခ အန္တရာယ် ကြီးမားလေလေ မှတ်ယူရပါမယ်။

ဥပမာ - (၂၀၁၀)ခုနှစ် ဇန်န၀ါရီလ (12)ရက်နေ့ “ဟေတီနိုင်ငံ” မှာ လှုပ်ခတ်ခဲ့တဲ့ ငလျှင်ကြီးကို လေ့လာကြည့်ရင် – ဇန်န၀ါရီလဟာ (9)ဂဏန်း စိုးမိုးရာ လ, ဖြစ်ခြင်း ၊ (12)ရက်နေ့ဟာ အင်္ဂါဂြိုဟ် လွှမ်းမိုးသည့် နေ့ဖြစ်ခြင်း ၊ ထိုနေ့သည် အင်္ဂါနေ့ဖြစ်ခြင်း ဆိုတဲ့ အင်္ဂါဂြိုဟ် (၃)ထပ်ကွမ်း ပါဝင်နေတာ တွေ့ရပါမယ်။

ဒါကြောင့် အခြားနေ့တွေမှာ လှုပ်ခတ်ခဲ့သည် ငလျှင်များနှင့် မတူအောင် လူအသေအပျောက် များရခြင်း ဖြစ်ပါတယ်။

ကမ္ဘာကျော်သွားတဲ့ (9/11) အရေးအခင်း ဖြစ်ပွားတဲ့ နေ့ဟာလည်း အင်္ဂါနေ့ ဖြစ်နေတာကြောင့် အဲဒီနေ့ကလည်း (9) ၃ထပ်ကွမ်း ဖြစ်တဲ့နေ့ ပါဘဲ။

= ဒါကြောင့် အင်္ဂါဂြိုဟ်ဆိုတဲ့ (9)ဂဏန်းဟာ တနင်္လာဂြိုဟ်(2)ဂဏန်း / ယူရေးနပ်စ်(4)ဂဏန်း / နက်ပကျွန်း (7)ဂဏန်း / စနေ (8)ဂဏန်း / (9)ဂဏန်း အချင်းချင်း – များနှင့် ပူးယှဉ်မယ်ဆိုရင် အလွန်ပြင်းထန် ကြီးမားတဲ့ အနိဌာရုံများကို ဖြစ်စေနိုင်ပါတယ်။

= သင်္ချာဗေဒပညာမှာ ပေါင်းခြင်း (9) မဟုတ်ပေမယ့် (9)ဂဏန်း (အင်္ဂါဂြိုဟ်) နောက်ကွယ်ကနေ ပါဝင်ကြိုးကိုင်နေတဲ့ ဂဏန်းတွဲလုံးတွေလည်း ရှိပါသေးတယ်။ အဲဒီ ဂဏန်းတွေက (11) (12) (16) (19) (20) (24) (26) (29) ဂဏန်းများဖြစ်ကြောင်း ပညာလိုက်စားနေသူများအတွက် မျှဝေပေးလိုက်ပါတယ်။


အလည်လာ ဖတ်ရှုသူအပေါင်း ကျန်းမာချမ်းသာကြပါစေ။
.

ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူ- ဗေဒသုခုမ)