ဖွံ့ဖြိုးဆဲနိုင်ငံများ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းစနိုင်ငံများ စနစ်တစ်ခုမှ တိုးတက်ပိုမိုပွင့်လင်းမြင်လာသော အခြား စနစ်တစ်ခုသို့ ကူးပြောင်းနေသည့် နိုင်ငံများတွင် ရေတိုရေရှည်စီးပွားရေး စီမံကိန်းအများအပြား ရှိကြသည် … ယင်းစီမံကိန်း သည် အမှန်တကယ်လိုအပ်သည်ထက် အဆမတန် များပြားလျက်ရှိရာ ယင်းစီမံကိန်းများတွင် အဂတိလိုက် စားမှုများကို သက်ဆိုင်ရာတာဝန်ရှိပုဂ်္ဂိုလ်များ သဘောရှိလုပ်ဖို့ လည်စင်း ခံနေသည့် စီမံကိန်းမျိုးဖြစ်နေတော့သည် …
မြန်မာနိုင်ငံထဲသို့ အဂတိလိုက်စားမှု များပြားပြီး ထုထည်ကြီးမားသည့် နိုင်ငံတွင် သာမန်ပြည်သူတွေ ဆင်းရဲ မွဲတေမှု ပမာဏ၊ ထုထည်အရေအတွက် စသည်တို့ သည် မတန်တဆကြီးမားသည်ဟု ခန့်မှန်း သုံးသပ်ကြ သည်။ အဂတိလိုက်စားမှုသည် စဉ်ဆက် မပြတ် အထူးကြပ်မတ်ကုသရမည့် နာတာ ရှည်ကူးစက် ရောဂါတစ်မျိုး ဖြစ်သည်။ ယင်းအကျိုးဆက်ကြောင့် လူတန်းစေ့နေနိုင် ဖို့မသေချာ၊ယင်းကူးစက်ရောဂါ ပျောက် ကင်းဖို့ ဆိုသည်ကာ လောလာဆယ်အခြေ အနေတွင် ဝေးသောအကြောင်းဖြစ်နေဆဲ အခြေအနေတွင်ရှိသည်။ ဒေသကြီးတစ်ခု (သို့) တစ်တိုင်းပြည်လုံး၏ ဖွံ့ဖြိုးတိုးတက်မှုသည် သက်ဆိုင်ရာ တိုင်းပြည်၏ သယံ ဇာတ ပစ္စည်းများ အဂတိလိုက်စားမှုကြောင့် မည်၍မည်မျှ ဆုံးရှုံးသွားသည့် ပမာဏပေါ် တွင် မူတည်ကြောင်း လေ့လာသူများက ကောက်ချက်ချကြသည်။
အဂတိလိုက်စားမှုကြောင့် တိုင်းပြည်တွင် ပျက်စီးဆုံးရှုံးသွားရသည့် သာဓက အချို့
Corruption ruins the Countries Image Defective or dangerous infrastructures
အခြေခံလိုအပ်ချက်နှင့် မပြည့်စုံသော လမ်းများ (Poor Roads) ၊ တက္ကသိုလ် ကောလိပ်၊ ဆေးရုံ အစရှိသည့် အဆောက် အအုံများ၊ မလုံလောက်သော ပံ့ပိုးမှုများ၊ သာဓကအားဖြင့် ဆေးရုံ၊ တက်္ကသိုလ်၊ ကျောင်း စသည့် အဆောက်အုံများ ခေတ်မီသည် ဆိုထားဦး ဆေးရုံတွင် ဆရာဝန်နှင့် ဆေးမလုံလောက်၊ စာသင်ကျောင်းများ တွင် ၀န်ထမ်းများနှင့် ကျောင်းပရိဘောဂ များ မလုံလောက်မှု စသည့် စသည် …
၂။ မလုံလောက်သော အခြေခံ အဆောက်အအုံများ
Imagdequate Infrastructure
- မပြည့်စုံသော လမ်းများ (Incomplate Roads) မပြည့်စုံမလုံလောက်သော ပရိဘောဂများနှင့် စာသင်ကျောင်း များ၊ စာသင်ခန်း အနည်းငယ်သာရှိသော စာသင်ကျောင်းများ (School building without facility) ရေကြီးရေ လွှမ်းမှုများကို မဟန့်တား နိုင်သည့် ရေကာတာများ
(Dams that cannot stop float)
(သို့မဟုတ်)
မူလအခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ခြင်းမရှိသော အခြေခံ အဆောက်အအုံများ ဖြစ်ကြသည် (Infrastructures, lack of fulfilling basic requirements)
၃။ အဂတိလိုက်စားမှုကြောင့် လူမှုရေး စီးပွားရေး ကျန်းမာရေး ပညာရေး အစရှိသည်များ ချွတ်ခြုံကျသွားသည်၊ နိုင်ငံတကာ မျက်နှာစာတွင် မြန်မာပြည်ပုံရိပ် စုတ်ပြတ်သွားသည့် မြန်မာလူမျိုးများ ၏ ပုံရိပ်မြောင်းထဲ ရောက် သွားသည်။
(Images of country and people lost in corruption)
၎။ အဂတိလိုက်စားမှုများနှင့် ပတ်သက်ပြီး သတင်းမီဒီယာများအနေဖြင့် ပြည်သူလူထုအကျိုးအတွက် ဖုံးကွယ်၊ လျှို့ဝှက်၊ အမှောင်ချထားသည့် အရေး ကြီးသတင်းများအား ရှာဖွေဖော်ထုတ်ရေး သားတင်ပြ မည့် (investigative formalism) အကြောင်းအရာ ကိစ္စရပ်များ အဂတိလိုက် စားမှုစွပ်စွဲပြောဆိုချက်များနှင့် ပတ်သက်ပြီး သက်သေထူထောက်ခံ ရေးသားပြောဆို ပေးရမည့် ကိစ္စရပ်များအတွက် ၀င်ရောက် ကူညီ ဆောင်ရွက် ပေးရန် ဟန့်တားမှုများ ရှိနေသည်။
(Investigative formalism in which formalists effort to discover in porlant facts of public interests and prevatence of corruption in the country have lost in corruption)
၅။ နိုင်ငံတကာအလယ်တွင် သတင်းဆိုးဖြင့် ကျော်ကြားနေသည့် အစိုးရ တာဝန်ရှိပုဂိ္ဂုလ်များနှင့် အစိုးရ ၀န်ထမ်းများ အကြား ပူးပေါင်းလိမ်လည်ရိုက်စားနေ သည်ဆိုသည့် ပြေးနေသောသတင်း (news of collusion) များကြောင့် အကြီးအကျယ် နာမည်ပျက်လျက်ရှိသည်။
အဂတိလိုက်စားမှုဟန့်တားနိုင်ရေး ဆောင်ရွက်ရန်အချို့
Some slpes to curb corruption
၁။ အစိုးရ၀န်ထမ်းများအား လစာ တိုးပေးရန် (လစာတိုးသည်နှင့် တစ်ပြိုင် နက် အထွေထွေသော ကုန်ဈေးနှုန်းများ တက်လာသော ကုန်ဈေးနှုန်းနှင့်အတူ ငွေကြေးဖောင်းပွ၊ ငွေကြေးဖောင်းပွသည့် အတွက် ကုန်ဈေးနှုန်းတက်လာပြန်ရာ အထွေထွေရှားပါးမှု သံသရာစချေတော့သည်)
(cricle of inflation via price rocketing due to increase salary)
၂။ ““တရားဥပဒေစိုးမိုးရေး”” ချက်ချင်း ခိုင်မြဲအောင် ဆောင်ရွက်ရမည်
(Immediate institution of the rule of law)
၃။ တရားစီရင်မှုနှောင့်နှေးကြန့်ကြာ မှု မရှိအောင် ဆောင်ရွက်ရမည် (Speedy Judicial Process)
၎။ တစ်စုံတစ်ယောက်သည် မြန်မာနိုင်ငံတွင် အဂတိလိုက်စားမှုကြောင့် ထိခိုက်ပျက်စီးမှုများကို သိလျှင် မြင်လျှင် အမှန်ဘက်က ရပ်တည်ပြောဆိုနိုင်ရမည်။
(Open arms to open unformants)
၅။ အဂတိလိုက်စားမှုနှင့် ပတ်သက်ပြီး အဖြစ်အမှန် ရှာဖွေဖော်ထုတ်သတင်း ပေး ရေးသားသူများကို အားပေးကူညီရ မည်၊ ချီးမြှောက်ရမည် (Welcoming hand assist the whistleblower)
၆။ အဂတိလိုက်စားမှု အကြောင်းများ နှင့် ပတ်သက်ပြီး ဆွေးနွေးရမည် အချေအတင် ပြောဆိုရမည်၊ မိသားစု မိတ်ဆွေများ နှင့်အတူ ယင်းနှင့် ပတ်သက်သည့် စိုးရိမ် မကင်းဖြစ်မှု သဘောထား၊ သဘောသွား များကို ပွင့်ပွင့် လင်းလင်းလှုံ့ဆော်ရမည်။
(Counselling, debating, discussing in the community must unavoidable)
၇။ မီဒီယာအသီးသီးသည် အဂတိ လိုက်စားမှု ဆန့်ကျင်တိုက်ဖျက်ရေး စည်း ရုံးလှုံ့ဆော်ပွဲများတွင် ရှေ့တန်းမှ ဦးဆောင် ပါဝင်ရမည်။
(Media take a load in launching anti-corruption campaigns)
မီဒီယာများအနေဖြင့် investigative journalism ၏ အင်္ဂါရပ်နှင့်အညီ ဆောင်ရွက်ပြီး အဂတိလိုက်စားမှုကြောင့် ဆုံးရှုံး မှုများတွင် မည်သူတွေ ပါဝင်ပတ်သက်နေသည် စသည်များကို အဖြစ်မှန်အတိုင်း ရဲရဲဝံ့ဝံ့ဖော်ပြနိုင်ရမည်။
၈။ နာမည်ပျက်စာရင်းဝင်သည့် အစိုးရတာဝန်ရှိ ပုဂိ္ဂုလ်များနှင့် အဖွဲ့ အစည်းများကို မှတ်တမ်းပြုစုထားပြီး စီမံ ကိန်း လုပ်ငန်းများနှင့် အရေးကြီးလုပ်ငန်း များကို တာဝန်ပေးလုပ်ကိုင်ဆောင်ရွက်ခြင်းမှ ရှောင်ကြဉ်ရမည်။
(record the black listed corrupt officials and suspended them assigning sunilar unportant project)
၉။ အဂတိလိုက်စားမှုများတွင် ကိုယ် တိုင်ပါဝင်ပတ်သက်နေသည့် မည်သူ့ကို မဆို (နိုင်ငံရေးပါတီခေါင်းဆောင်၊ စစ်ဘက်အရာ အရာရှိထင်ရှားသည့် စီးပွားရေးလုပ်ငန်းရှင်) စံနမူနာအနေဖြင့် တရား စွဲဆိုခြင်းများကို တာဝန်ရှိ သူများအနေဖြင့် မရှောင်ရှားသင့်
no “corrupt” body is above the law and no dutifil body is under the law Bribery လာဘ်ပေး လာဘ် ယူခြင်း Extortion ငွေညှစ်ခြင်းနှင့် Embezzlement အလွဲသုံးစားလုပ်မှုများသည် တွေ့ရလေ့ရှိ သည့် အကျင့် ပျက်ခြစားမှု (Systemic corruption) ဖြစ်သည့် Systemic corruption ဖြစ်ပေါ်ရန် တွန်းအားပေးသည့် အချက်များ တွင် ၁။ မက်လုံးပေးသော ဆွဲဆောင်မှု ကွဲလွဲခြင်း (Conflicting incentives) ၂။ လိုအပ်လျှင် လိုအပ်သလို အသုံးချသော အာဏာများ (discretionary Powers) ၃။ တစ်ဦးတည်း ချုပ်ကိုင်ထားသော အာဏာများ (monopolistic Power) ၄။ ပွင့်လင်းမှုအားနည်းခြင်း (Lack of Transparency) ၅။ လစာနည်း ခြင်း (Low Pay) နှင့် ၆။ အပြစ်မှ ကင်းလွတ်ခွင့်ပေးသည့် အလေ့အထ (Culture of Impunity)
၁၀။ နိုင်ငံရေးပါတီအသီးသီးနှင့် လူမှုအဖွဲ့အစည်းအသီးသီးက အဂတိလိုက် စားကျူးလွန်သူများ ပါဝင်ပတ်သက်နေ သည့် ခေါင်းဆောင်များ ၀န်ထမ်းများကို “ကြဉ်” (Shun) သည့် ဥပဒေများ မူဝါဒ ပေါ်လစီများထားရမည်။
၁၁။ အဂတိလိုက်စားမှု ဆန့်ကျင် တိုက်ဖျက်ရေး ပူးပေါင်းအဖွဲ့အစည်းများ အဖြစ် ဆောင်ရွက်နိုင်ရန် အစိုးရ မဟုတ်သော အဖွဲ့အစည်းများ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများ ဖွဲ့စည်းတည်ထောင်ရေး အားပေးရမည်။ (Volunteers, whistleblowers and NGOs are unavoidably needed)
၁၂။ အဂတိလိုက်စားမှု စွပ်စွဲချက်များနှင့် ပတ်သက်ပြီး သက်ဆိုင်ရာတရား ရုံးတွင် ယင်းစွပ်စွဲချက်သည် မှားယွင်းကြောင်း သက်သေအထောက်အထားများ တင်ပြလာသည့်တိုင်အောင် အဂတိလိုက် စားမှု ကျူးလွန် သည့် အစိုးရတာဝန်ရှိ ပုဂ်္ဂိုလ်များအား တာဝန်မှ ယာယီရပ်စဲထား နိုင်အောင် နိုင်ငံရေးပါတီများ အပါအ၀င် သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးမှ တွန်းအားပေးရမည်။
အကျင့်ပျက်ခြစားမှု ငွေကြေးပမာဏသည် နှစ်စဉ် အမေရိကန်ဒေါ်လာ တစ်ထရီလီယံကျော်ရှိသည် Corruption ကျူးလွန်သည့် နိုင်ငံ ၁၈၀ ကျော်၏ Level အတက်အကျရှိသော်ငြားလည်း ကျူးလွန် သည့် ငွေကြေးပမာဏကား လျော့ကျ မသွားချေ။
နိုင်ငံရေးအုပ်ချုပ်ရေးနှင့် ဖြစ်တည်စ အင်စတီကျူးရှင်းများအပေါ် ရိုက်ခတ်မှု
Impacts on Politics Administration and nascent institutions
- Corruption ကြောင့် မြန်မာနိုင်ငံကဲ့ သို့ ဖွံ့ဖြိုးဆဲ၊ ဒီမိုကရေစီစနစ်သို့ အသွင် ကူးပြောင်းဆဲနိုင်ငံ တစ်နိုင်ငံအဖို့ ဖွံ့ဖြိုး တိုးတက်မှုအပေါ် အလွန်အမင်း စိုးရိမ်ဖွယ် အခြေအနေဖြစ်ပေါ်စေသည်မှာ ငြင်းချက် ထုတ်စရာမလိုပေ၊ နိုင်ငံရေးဖြစ်စဉ်ကြီး အတွင်း ရှင်သန်ရန်ရုန်းထနေသည့် ဒီမို ကရေစီရုပ်လုံးတစ်ခုလုံး အောက်ခြေမှ ပြို ကျပျက်စီးနေသည့်အသွင်ဖြစ်တော့သည်။
- Corruption သည် အောက်ခြေ တွင် လှိုက်စားနေသည့် ဥပဒေပြုအဖွဲ့ အစည်းများ (Legislative body) နှင့် ရွေး ကောက်ပွဲတွင် အကျင့်ပျက်ခြစားခြင်းသည် မူဝါဒများ ရေးဆွဲတည်ဆောက်ရာတွင် တာဝန်ခံမှု တာဝန်ယူ မှုများကို လျော့ပါး စေသည် (reduces accountability)
- တရားရေးကဏ္ဍတွင် အကျင့်ပျက် ခြစားခြင်းသည် တရားဥပဒေစိုးမိုးရေး (rule of law) နှင့် အပေးအယူ လုပ်ရာကျ သည်။
- ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုကဏ္ဍ (Public Administalion) တွင် အကျင့်ပျက် ခြစားမှုသည် စီမံခန့်ခွဲရေး ဆိုင်ရာ အရည်အသွေးများ လျော့ကျစေသည်။ နိုင်ငံသားများနှင့် သက်ဆိုင်သည့် ကောင်းကျိုးဖြစ် ထွန်းမှုကို အဓိကဦးစားပေးသည့် ဒီမိုကရေစီ နိုင်ငံအဖြစ် လိုလားမှု၏ အခြေခံမူ များကို ဖောက်ဖျက်ရာကျသည်။
- အကျင့်ပျက်ခြစားမှုသည် လုပ်ထုံး လုပ်နည်းများ ဥပေက်္ခာပြုခံရ၍သော်လည်း ကောင်း အရင်းအမြစ်များ သဲ့ယူခံရ၍သော် လည်းကောင်း ပြည်သူ့ရေးရာလုပ်ငန်းများ အရောင်းခံ အ၀ယ်ခံ၍သော်လည်းကောင်း စသည် impract များကြောင့် အစိုးရ၏ ဖြစ်တည်စ အင်စတီကျူးရှင်းစွမ်းအင်များ နက်ရှိုင်းစွာ တိုက်စားခံရသည်။ တစ်ချိန် တည်းမှာပဲ အစိုးရ၏ တရားဝင်ဖြစ်မှုများ (Legitimacy) သည် —-ရသကဲ့သို့ ဆုံးရှုံးသွားသည်။ ဒီမိုကရေစီတန်ဖိုးများ သည် အတော်နှင့်ရင်းစားပြန်မရနိုင်တော့ ချေ။
စီးပွားရေးသက်ရောက်မှု
Effects on Economy
ပြည်သူပိုင် စီးပွားရေး ကဏ္ဍများတွင် အကျင့်ပျက်ခြစား သူတွေကြောင့် ယင်းတို့ အား တရားမ၀င်ပေး ရသော ငွေကြေးနှင့် အတူ စီးပွားရေး လုပ်ငန်းကုန်ကျစရိတ်များ မြင့်တက်လာပြီး ကုန်ဈေးနှုန်းတွေ မြင့်မားလာသည်။ သက်ဆိုင်ရာအစိုးရ တာဝန်ရှိပုဂ်္ဂိုလ်များနှင့် စီမံခန့်ခွဲရေးဆိုင်ရာ အပေးအယူများတွင်လည်း ကုန်ကျစရိတ် မြင့်တက်လာသည်။ လုပ်ငန်းဆိုင်ရာ ကတိက၀တ်များဖောက်ဖျက်ခြင်း (Breach of Agreement) (သို့) ရှာဖွေတွေ့ရှိအောင် စုံစမ်းရခြင်း (detection) အတွက် စွန့်စားမှု များ ပေါ်ပေါက်လာရသည်။
- အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းစနိုင်ငံများ စနစ်တစ်ခုမှ တိုးတက် ပိုမိုပွင့်လင်း မြင်လာသော အခြားစနစ်တစ်ခုသို့ ကူးပြောင်းနေသည့် နိုင်ငံများတွင် ရေတိုရေရှည် စီးပွားရေး စီမံကိန်းအများ အပြားရှိကြသည်။ ယင်းစီမံကိန်းသည် အမှန်တကယ် လိုအပ်သည်ထက် အဆမတန်များပြားလျက်ရှိရာ ယင်းစီမံကိန်းများတွင် အဂတိလိုက်စားမှုများကို သက်ဆိုင်ရာတာဝန်ရှိပုဂ်္ဂိုလ်များ သဘောရှိလုပ်ဖို့ လည်စင်း ခံနေသည့် စီမံကိန်းမျိုးဖြစ်နေတော့သည်။ ရေတိုရေ ရှည်၊ နှစ်တိုနှစ်ရှည်စီမံကိန်းများများတင် ပြပြီး ခွင့်ပြုချက် ရရှိရေး ကြိုးပမ်းမှုမှန်သမျှသည် အဂတိလိုက်စားမှု တရားဝင်ရရှိရေး ကြိုးပမ်းမှုတစ်ရပ်သာ ဖြစ်ကြောင်း လေ့ လာသူများက ကောက်ချက်ချကြ သည်။
- စီမံကိန်းသစ်များ လုပ်ငန်းသစ်များ ခွင့်ပြုခြင်းဖြင့် အဂတိလိုက်စားမှုနှင့်အတူ လာဘ်ပေးလာဘ်ယူမှုနှင့် ဆက် စပ်သော ဆိုးကျိုးများ ဘယ်အချိန် အုံနှင့်ကျင်းနှင့် ရောက်ရှိလာမှာကို စောင့်စားနေရသည် ထက် တင်ပြ လာသော စီမံကိန်းသစ်များ ကို ဆိုင်းငံ့ခြင်းသော်လည်းကောင်း ရပ်ဆိုင်းထားခြင်းသော်လည်းကောင်း (ပြည် သူ့လွှတ်တော်ဥက္ကဋ္ဌကြီးက တင်ပြလာ သော စီမံကိန်းသစ် ၄၁ ခုအနက် စီမံကိန်း သစ် ၄၀ ကို ဆိုင်းငံ့ခြင်းမျိုး) ဆောင်ရွက် ချက်များသည် ပြည်သူအတွက် သင့်လျော် မှန်ကန်သည်။
- အဂတိလိုက်စားခြင်းသည် လုပ်ငန်း လွယ်ကူချောမွေ့မှုကို အဟန့်အတား ဖြစ်သည်၊ လုပ်ငန်းအသီးသီး၏ ကုန်ကျ စရိတ်များမြင့်တက်စေသည်။ လိမ်လည် တင်ပြမှုများ၊ ကွက်ကျော်၊ ရိုက်စားမှုများ ဆက်လက် ဖြစ်ပေါ် စေပြီး လုပ်ငန်းဌာန အသီးသီး၏ ကောင်းမွန်သောပုံရိပ်များ ပျက်စီးစေလျှင် အကျိုးဆက်အနေဖြင့် နေ ရာအနှံ့ တွင် အရည်အသွေး မပြည့်မီသည့် ဌာနများကိုသာ တွေ့နေရတော့သည်။
- လာဘ်ပေးလာဘ်ယူမှုများ၊ မသမာမှုများ၊ ခြိမ်းခြောက်ငွေညှစ်မှုများ ဖြတ်စား လှုပ်စား ရိုက်စားမှုများ ပေါများ သည်။ ငွေလုံးငွေရင်း စီမံကိန်းများ (Capital Projects) ဆီသို့အများပြည်သူ ရင်းနှီးမြှုပ်နှံမှု (Public Investment) များကို လမ်းကြောင်းလွှဲပြောင်း ပေးလိုက်သည့်အတွက် စီးပွားရေး မသမာမှုများ (Economics Distortion) များဖြစ်ပေါ်စေသည်။
ပညာရှင်များ၏ ခန့်မှန်းချက်အရ ဖွံ့ ဖြိုးဆဲနိုင်ငံအချို့၏ လူဦးရေထက်ဝက်ခန့် သည် သက်ဆိုင်ရာ အစိုးရ တာဝန်ရှိ ပုဂိ္ဂုလ်များအား အကြောင်းကြောင်းသော အကြောင်းတွေနှင့်အတူ လာဘ်ပေးနေသည်ဟု ဆိုသည်။
- တောထနေသည့် လာဘ်ပေး လာဘ်ယူမှုများကြောင့် ဌာနအသီးသီး၏ အလားအလာရှိသော ဖြစ်ပေါ် တိုးတက်မှု များနှင့်သဟဇာတမဖြစ်တော့ချေ။ အကျိုး ဆက်အနေဖြင့် အစိုးရ၏ဆောင် ရွက်နိုင်မှု အရည်အသွေး များနှင့် အခြေခံအဆောက် အအုံများ လျော့ကျပြီး အစိုးရအပေါ်တွင် ရသုံးငွေဆိုင်ရာဖိအားများ (Budgetary Pressures) တိုးပွားစေကြောင်း ပညာ ရှင်များက ခန့်မှန်းသုံးသပ်ကြသည်။
- တိုင်းပြည်တွင် နိုင်ငံရေးအားဖြင့် မတည်ငြိမ်သည့် အခြေအနေမျိုး ပြည်တွင်းစစ်ဖြစ်နေသည့် အခြေအနေမျိုး သဘာဝ ဘေးအန္တရာယ် တစ်ခုခုကို ဆိုးဝါးစွာ ကြုံတွေ့နေရသည့် ကျဉ်းထဲ ကျပ်ထဲ အခြေအနေမျိုးတွင် တည်ဆဲ အစိုးရအနေ ဖြင့် ပြည်ပတွင် တရားမ၀င်ငွေလုံးငွေရင်းများ ၀ှက်ထားဖို့ အခွင့်အလမ်းဖြစ်ပေါ်စေ သည်။ နိုင်ငံရေး မတည်ငြိမ်မှုနှင့်အတူ စီးပွားရေးတည်ငြိမ်မှုမရှိချိန်တွင် အာဏာရှင် များအဖို့ ပြည်သူ့ ဘဏ္ဍာငွေများ မိမိတို့ စိတ်တိုင်းကျ လုပ်ပိုင်ခွင့်ရရှိကြသည်။
လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင် သက်ရောက်မှု
Environmental and Social effects
အကျင့်ပျက်ခြစားခြင်းသည် တိုင်းပြည်၏ သဘာဝပတ်ဝန်းကျင်ကို အလွယ်တကူ ထိခိုက်စေနိုင်သည်၊ အကျင့်ပျက် ခြစားသည့် နိုင်ငံမျိုးတွင် သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ထိန်းသိမ်းသည့် ဥပဒေပြဋ္ဌာန်း ချက်များ တရားဝင်ရှိသော်ငြား တာဝန်ရှိသူ အစိုးရပိုင်းအနေဖြင့် အလွယ်တကူ ကိုယ်ကျိုးရှာ လာဘ်ပေး လာဘ်ယူလုပ်ခဲ့သော် အစစ အကျိုးသက် ရောက်မှုရှိမည် မဟုတ်ချေ။
- အလားတူစွာပင် အလုပ်သမား များအတွက် လူမှုအခွင့်အရေးကာကွယ် စောင့်ရှောက်ရေး အလုပ်သမား အစည်း အရုံးသမဂ္ဂများ ဖွဲ့စည်းရေးနှင့် အရွယ် မရောက်သေးသူ ကလေးငယ်များအား အလုပ်လုပ်ခိုင်း စေခြင်းမှ ကာကွယ်ရေး စသည့်ဥပဒေများ လုပ်ငန်းစဉ်များလည်း အကျိုးသက်ရောက်မှုရှိတော့မည် မဟုတ် ကြောင်းသုတေသီတွေက သုံးသပ်ကြသည်။
လူနာတစ်ဦး အရေးပေါ်လူနာအဖြစ် ဆေးရုံသို့ ရောက်လာသည်နှင့် ဂိတ်ပေါက် တွင်ရှိကြသော လူပေါင်းစုံမှ RK တောင်း ကြသည်။ ၀န်ထမ်းလား လုပ်အားပေးလား နီးစပ်ရာလား မဝေခွဲနိုင်သောလူများ ရောက်ရှိလာပြီး တွန်းလှည်း ထိုးပေးသည်၊ ရောက်သည့်နေရာတွင် ပိုက်ဆံတောင်းသည်။ ဓာတ်မှန်ရိုက်ခများ တရားဝင် ပေးသွင်း ပြီးသော်လည်း ဓာတ်မှန်ဝန်ထမ်းများက လက်ဖက်ရည်ဖိုးတောင်းကြသည်။ အရေးပေါ်ဌာနတွင် ဖွင့်လှစ်ထားသည့် “စရိတ်မျှပေး” ဓာတ်ခွဲခန်းဆေးခန်းများ သည် အခြားပြင်ပဆေးခန်း ဓာတ်ခွဲခန်း များထက် အရပ်ရပ် ဈေးနှုန်းများ အဆ မတန် မြင့်မားသည်။ အစိုးရဌာန၊ ဆေးရုံ၊ ဆေးခန်းများရှိ အိမ်သာရေချိုးခန်းနှင့် ပရိဘောဂအပါအ၀င် ၀န်ဆောင်မှုများ သည် ညစ်ပတ်စုတ်ပြတ်နေသည်၊ ဆေး ရုံတင်လျက်ရှိသော လူနာများ ထံမှ သန့် ရှင်းရေးခ၊ ညအိပ်စောင့်သူများအတွက် ဧည့်စာရင်းခ၊ ဘာအခ၊ ညာအခများ နေ့စဉ်ကောက်ခံ လျက်ရှိသည်။ ဆေးရုံ ပတ်ဝန်းကျင်၊ ဆေးရုံဝင်းအတွင်း ဆိတ် ငြိမ်အေးချမ်းရမည့်အစား ဘီယာဆိုင် အပါအ၀င် စားသောက်ဆိုင်များဖြင့် စည်ကားလျက်ရှိသည့် အကြောင်းကြောင်းကြောင့် ညအိပ်စောင့်ရမည့် လူနာရှင်များ မိမိအိမ်မှ အိပ်ရာခင်းအစုရှိသည့် အိပ်စရာများ ယူဆောင်ခွင့်မရှိ ညကြေးပေးပြီး ငှားရမ်းမှ အိပ်ခွင့်ရှိသည်။
No comments:
Post a Comment