ရေပေါ်လမ်းလျှောက်သော အဖိုးအို ၃ယောက်
****************************** *******************
-လူတွေအများစုဟာ ကိုယ်ရဲ့အသိအမြင်အကြား
ပေါ်မှာပဲ ထင်သလို မြင်သလို ကြားသလို အပေါ်ယံ
နဲ့ပဲသုံးသတ် ဆုံဖြတ်ကြပါတယ်။တစ်ခါတုန်းက
တက္ကသိုလ်ကျောင်းစာသင်ခန်းထဲကို ပါမောက္ခတဦး
ဝင်လာပြီး စာသင်စာပွဲမှာ ၄ ၂ = လို့ ၄နဲ့ ၂ ကြားမှာ
အမှတ်အသားမပါပဲရေးပါတယ်။ ဆရာက- ကျောင်း
သား/ကျောင်းသူ တွေဘက်လှည့်ပြီး "ဒါဘာအဖြေ
ရပါသလဲ" ဖြေပါလို့ မေးလိုက်ပါတယ်။
တချို့က ၄-၂=၂ လို့ ပြောတယ်။
တချို့က ၄+၂=၆ လို့ ပြောတယ်။
တချို့က ၄×၂=၈ ပြောတယ်။
တချို့က ၄ ၂=၂ ပြောတယ်။
မေးခွန်းတစ်ခုမှာ အဖြေက အမျိုးမျိုးဖြစ်နေပါတယ်
ပြီးမှ ဆရာက တပည့်များကိုပြောပါတယ်။ တကယ်တမ်း
ဆိုယင်မေးခွန်းကမပြည့်စုံပါဘူး (4 2) ကြားမှာဘာ
သင်္ကေတမှ မပါဝင်ဘူးဆိုတာ သတိထားဖို့လိုပါတယ်
ကိုယ့်သဘောနဲ့ကိုစိတ်ထင်ရာအစားသွင်းပြီးအဖြေ
ထုတ်နေကြတာပါပဲ။ဒါကြောင့်အဖြေကမ တူဘူးဖြစ်
နေကြရတယ်။ တကယ်တမ်းဆိုရင် မသိရင်မေးကြရပါမယ် တိတိကျကျ သိပြီးမှအဖြေ
ထုပ်မှသာလျင် အဖြေမှန်ရမယ်လို့ပြောသွားပါတယ်
ဒါကြောင့်ဘယ်အလုပ်ဖြစ်ဖြစ် ဘယ်အကြောင်းအရာ
ဖြစ်ဖြစ် တိတိကျကျ ဖြစ်အောင်လုပ်ရင် ဆုံးရှုံးနစ်
နာစရာမဖြစ်ပါဘူး မစူးစမ်းပဲလုပ်မိရင်တော့ ဆုံးရှုံး
မှု့တွေဖြစ်လာနိုင်ပါတယ်။
--ဒီနေရာမှာ အထင်နဲ့ရမ်းလုပ်တဲ့ ပုံပြင်လေးပြော
ပြပ့မယ်--
--ဟိုတုန်းက ရွာတစ်ရွာရဲ့ အနားမှာ မြစ်ချောင်းတစ်
ခုရှိပါတယ်။အဲဒီမြစ်ချောင်းမှာ နေ့တိုင်း ငါးမျှားတဲ့
အဖိုးအို (3)ယောက်ရှိပါတယ်။ အဖိုးအိုတွေဟာ ငါး
မျှားလို့ပျင်းလာပြီဆိုလျှင် သွေးပူလေ့ကျင့်ခန်းအနေ
နှင့် အဲဒီမြစ်ချောင်းရဲ့ရေပြင်ပေါ်မှာ ဟိုဘက်ကမ်းနဲ့ဒီ
ဘက်ကမ်းကို ရေပြင်ပေါ်မှဖြတ်လျောက်ပြီး လွှား
ကနဲလွှားကနဲ ခုန်ကူးကြပါတယ်။ တနေ့ကြတော့လူငယ်
လေးတယောက်ကလည်း အဲဒီနေရာနဲ့မလှမ်းမကမ်း
မှာငါးလာမျှားပါတယ်။အဖိုးအိုတွေ ငါးမျှားလိုက် ရေ
ပြင်ပေါ်ပြေးလိုက်လုပ်နေတာတွေ့တော့အရမ်းအံ့
သြသွားပါတယ်။
ဒါနဲ့သူကလည်း ငါးမျှားပြီးတဲ့အခါမှာအဖိုးအိုေ တွ
ခုန်ကူးတဲ့နေရာမှာသွားပြီး သူလည်းခုန်ကူးမယ်ဆို
ပြီးလွှားကနဲ တစ်ချက်ခုန်ကူးပါတယ်။သူဟာတစ်ကြိ မ်
ပဲခုန်လိုက်ရုံနဲ့ ရေထဲကြပြီးရေနစ်သွားပါတယ်။
သူရေထဲကြသွားတာကို အဖိုးသုံးယောက်ကမြင်တော့
အမြန်ပြေးလာပြီး အဲဒီလူငယ်ကို ရေထဲကဆယ်
ကြပါတယ်။လူငယ်လေးလဲရေနစ်သွားတော့  အတော်
လေးလန့်သွားတာပေါ့။ ဒါနဲ့အဖိုးသုံးယောက်က
"မင်းဘာဖြစ်လို့ရေထဲခုန်ချရတာလဲ " လို့မေးပါတယ်
အဖိုးတို့ငါးမျှားပြီးတိုင်း ရေပေါ်ဖြတ်ပြေးတာတွေ့
တော့ ကျွန်တော်လဲလုပ်ကြည့်တာပါလို့ ပြောပါတယ်
ဒီတော့ သြော်--မင်းက ငါတို့ရေထဲခုန်ကူးတာမြင်
လို့ကူးတာကိုး-တကယ်တော့ငါတို့ကမ င်းထင်သလို
ငါတို့ကရေပေါ် ပြေးလောက်နေတာမဟုတ်ပါဘူး
ဒီမြစ်ချောင်းဟာ ဟိုးအရင်တုံးက ဒီနားမှာရေမရှိ
ပါဘူး အဲဒီတုံးကဒီနားမှာ တံတားပုံစံမျိုး ငုတ်တိုင်
အကြီးကြီးတွေ လေးပေ အကွာမှာတိုင်တွေစိုက်ထူ
ထားတာပါ။အခုတော့အဲဒီတိုင်လုံးကြီးတွေ ရေထဲ
မြုတ်သွားတာကြောင့် ဘယ်သူမှမမြင်ရတာဖြစ်တယ်
ငါတို့က ငယ်ငယ်ထဲကဒီငုတ်တွေပေါ်မှာပြေးလွှား
ဆော့ကစားခဲ့လို့ ဒီငုတ်တွေ ရေနစ်သွားလည်း ဘယ်
နားမှာဆိုတာ သိနေခဲ့တယ် ဒါဆကြာင့်လဲငါးမျှား
ပြီးတဲ့အခါတိုင်း လေ့ကျင့်ခန်းအနေနဲ့ ဟိုဘက်ကမ်း
ဒီဘက်ကမ်းခုန်ကူးနေတာပါလို့ပြော လိုက်ပါတယ်။
ဒါကိုမင်းကမသိပဲ အထင်နဲ့ငါတို့လုပ်သလို လိုက်
လုပ်တော့ရေနစ်တာပေါ့ လို့ပြောလိုက်ပါတယ်။
ဒါကြောင့် ကိုယ်ဟာကိုယ်လဲ ဘယ်အလုပ်မဆို
မှန်းဆသိရုံလောက်နဲ့ မလုပ်ကြပါနဲ့ သေသေချာချာ
ဂဃနဏ သိမှလုပ်ရမဉာဖြသ်ပါတယ်။
ဒါကြောင့် အထင်နဲ့ ရမ်းမတုတ်ကြဖို့ သတိပေးရင်း
No-1 fri များတခုခုရကြပါစေ။
Lu Phyu
******************************
-လူတွေအများစုဟာ ကိုယ်ရဲ့အသိအမြင်အကြား
ပေါ်မှာပဲ ထင်သလို မြင်သလို ကြားသလို အပေါ်ယံ
နဲ့ပဲသုံးသတ် ဆုံဖြတ်ကြပါတယ်။တစ်ခါတုန်းက
တက္ကသိုလ်ကျောင်းစာသင်ခန်းထဲကို ပါမောက္ခတဦး
ဝင်လာပြီး စာသင်စာပွဲမှာ ၄ ၂ = လို့ ၄နဲ့ ၂ ကြားမှာ
အမှတ်အသားမပါပဲရေးပါတယ်။ ဆရာက- ကျောင်း
သား/ကျောင်းသူ တွေဘက်လှည့်ပြီး "ဒါဘာအဖြေ
ရပါသလဲ" ဖြေပါလို့ မေးလိုက်ပါတယ်။
တချို့က ၄-၂=၂ လို့ ပြောတယ်။
တချို့က ၄+၂=၆ လို့ ပြောတယ်။
တချို့က ၄×၂=၈ ပြောတယ်။
တချို့က ၄ ၂=၂ ပြောတယ်။
မေးခွန်းတစ်ခုမှာ အဖြေက အမျိုးမျိုးဖြစ်နေပါတယ်
ပြီးမှ ဆရာက တပည့်များကိုပြောပါတယ်။ တကယ်တမ်း
ဆိုယင်မေးခွန်းကမပြည့်စုံပါဘူး (4 2) ကြားမှာဘာ
သင်္ကေတမှ မပါဝင်ဘူးဆိုတာ သတိထားဖို့လိုပါတယ်
ကိုယ့်သဘောနဲ့ကိုစိတ်ထင်ရာအစားသ
ထုတ်နေကြတာပါပဲ။ဒါကြောင့်အဖြေကမ
နေကြရတယ်။ တကယ်တမ်းဆိုရင် မသိရင်မေးကြရပါမယ် တိတိကျကျ သိပြီးမှအဖြေ
ထုပ်မှသာလျင် အဖြေမှန်ရမယ်လို့ပြောသွားပါတယ်
ဒါကြောင့်ဘယ်အလုပ်ဖြစ်ဖြစ် ဘယ်အကြောင်းအရာ
ဖြစ်ဖြစ် တိတိကျကျ ဖြစ်အောင်လုပ်ရင် ဆုံးရှုံးနစ်
နာစရာမဖြစ်ပါဘူး မစူးစမ်းပဲလုပ်မိရင်တော့ ဆုံးရှုံး
မှု့တွေဖြစ်လာနိုင်ပါတယ်။
--ဒီနေရာမှာ အထင်နဲ့ရမ်းလုပ်တဲ့ ပုံပြင်လေးပြော
ပြပ့မယ်--
--ဟိုတုန်းက ရွာတစ်ရွာရဲ့ အနားမှာ မြစ်ချောင်းတစ်
ခုရှိပါတယ်။အဲဒီမြစ်ချောင်းမှာ နေ့တိုင်း ငါးမျှားတဲ့
အဖိုးအို (3)ယောက်ရှိပါတယ်။ အဖိုးအိုတွေဟာ ငါး
မျှားလို့ပျင်းလာပြီဆိုလျှင် သွေးပူလေ့ကျင့်ခန်းအနေ
နှင့် အဲဒီမြစ်ချောင်းရဲ့ရေပြင်ပေါ်မှာ
ဘက်ကမ်းကို ရေပြင်ပေါ်မှဖြတ်လျောက်ပြီး လွှား
ကနဲလွှားကနဲ ခုန်ကူးကြပါတယ်။ တနေ့ကြတော့လူငယ်
လေးတယောက်ကလည်း အဲဒီနေရာနဲ့မလှမ်းမကမ်း
မှာငါးလာမျှားပါတယ်။အဖိုးအိုတွေ
ပြင်ပေါ်ပြေးလိုက်လုပ်နေတာတွေ့တေ
သြသွားပါတယ်။
ဒါနဲ့သူကလည်း ငါးမျှားပြီးတဲ့အခါမှာအဖိုးအိုေ
ခုန်ကူးတဲ့နေရာမှာသွားပြီး သူလည်းခုန်ကူးမယ်ဆို
ပြီးလွှားကနဲ တစ်ချက်ခုန်ကူးပါတယ်။သူဟာတစ်ကြိ
ပဲခုန်လိုက်ရုံနဲ့ ရေထဲကြပြီးရေနစ်သွားပါတယ်။
သူရေထဲကြသွားတာကို အဖိုးသုံးယောက်ကမြင်တော့
အမြန်ပြေးလာပြီး အဲဒီလူငယ်ကို ရေထဲကဆယ်
ကြပါတယ်။လူငယ်လေးလဲရေနစ်သွားတော
လေးလန့်သွားတာပေါ့။ ဒါနဲ့အဖိုးသုံးယောက်က
"မင်းဘာဖြစ်လို့ရေထဲခုန်ချရတာလဲ
အဖိုးတို့ငါးမျှားပြီးတိုင်း ရေပေါ်ဖြတ်ပြေးတာတွေ့
တော့ ကျွန်တော်လဲလုပ်ကြည့်တာပါလို့ ပြောပါတယ်
ဒီတော့ သြော်--မင်းက ငါတို့ရေထဲခုန်ကူးတာမြင်
လို့ကူးတာကိုး-တကယ်တော့ငါတို့ကမ
ငါတို့ကရေပေါ် ပြေးလောက်နေတာမဟုတ်ပါဘူး
ဒီမြစ်ချောင်းဟာ ဟိုးအရင်တုံးက ဒီနားမှာရေမရှိ
ပါဘူး အဲဒီတုံးကဒီနားမှာ တံတားပုံစံမျိုး ငုတ်တိုင်
အကြီးကြီးတွေ လေးပေ အကွာမှာတိုင်တွေစိုက်ထူ
ထားတာပါ။အခုတော့အဲဒီတိုင်လုံးကြ
မြုတ်သွားတာကြောင့် ဘယ်သူမှမမြင်ရတာဖြစ်တယ်
ငါတို့က ငယ်ငယ်ထဲကဒီငုတ်တွေပေါ်မှာပြေးလွှ
ဆော့ကစားခဲ့လို့ ဒီငုတ်တွေ ရေနစ်သွားလည်း ဘယ်
နားမှာဆိုတာ သိနေခဲ့တယ် ဒါဆကြာင့်လဲငါးမျှား
ပြီးတဲ့အခါတိုင်း လေ့ကျင့်ခန်းအနေနဲ့ ဟိုဘက်ကမ်း
ဒီဘက်ကမ်းခုန်ကူးနေတာပါလို့ပြော
ဒါကိုမင်းကမသိပဲ အထင်နဲ့ငါတို့လုပ်သလို လိုက်
လုပ်တော့ရေနစ်တာပေါ့ လို့ပြောလိုက်ပါတယ်။
ဒါကြောင့် ကိုယ်ဟာကိုယ်လဲ ဘယ်အလုပ်မဆို
မှန်းဆသိရုံလောက်နဲ့ မလုပ်ကြပါနဲ့ သေသေချာချာ
ဂဃနဏ သိမှလုပ်ရမဉာဖြသ်ပါတယ်။
ဒါကြောင့် အထင်နဲ့ ရမ်းမတုတ်ကြဖို့ သတိပေးရင်း
No-1 fri များတခုခုရကြပါစေ။
Lu Phyu
No comments:
Post a Comment