Labels

Wednesday, February 12, 2014

ဘာတွေ ဆက်ပြီး လိမ်ကြမှာလဲ





တနင်္လာနေ့က ဗဟိုဝန်ထမ်းတက္ကသိုလ် (ဖောင်ကြီး) မှာ တက္ကသိုလ်၊ ကောလိပ် ဆရာ၊ ဆရာမများ အထူးမွမ်းမံ သင်တန်း အမှတ်စဉ် (၂၂) ဖွင့်ပွဲကို ရာထူးဝန်အဖွဲ့က အဖွဲ့ဝင် ဦးခင်မောင်အေးနှင့် ဦးသန်းထွန်းတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။ ဘက်ဂျက်နှင့် ငွေစာရင်းဌာနကို စစ်ဆေးမှု လုပ်မယ်လို့ ပြောခဲ့ပေမယ် အဓိက အချက်က ရာထူးတိုးမြှင့်ရေးအဖွဲ့ကို အရေးယူထားတဲ့ အမိန့်စာလာယူခြင်းဖြစ်ကြောင်း ၀န်ထမ်းတွေကြား သတင်းပျံ့နေကြောင်း ၀န်ထမ်းတစ်ဦးက ဆိုသည်။
 
ထိုအရေးယူမှုသည် ရာထူးဝန်အဖွဲ့မှ လုပ်ဆောင်ခြင်း မဟုတ်ပဲ တက္ကသိုလ်တွင်း အရေးယူမှုဟု ဆိုကာ ထိုအမိန့်စာကို ရှာခိုင်းခြင်းဖြစ်သည်ဟု သိရသည်။ ရာထူးဝန်အဖွဲ့က ၈.၁.၂၀၁၃ နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည့် ရာထူးတိုးမြှင့်ရေး အဖွဲ့ဝင်များကို အရေးယူသည့် အမိန့်စာကို အခြေပြုကာ တက္ကသိုလ်မှ ရာထူးတိုးမြှင့်ရေး အဖွဲ့ဝင်များကို အရေးယူသည့် အမိန့်ကို ထုတ်ပြန်ခဲ့ခြင်းသာဖြစ်ကြောင်း ခိုင်လုံသော သတင်းပေးပို့ချက်များအရ သိရသည်။

“ ခုဖြစ်နေတာက ဒီကလူကြီးတွေက အပေါ်ရုံးကလုပ်တာလို့ လက်ညှိုးထိုးပြီး၊ အပေါ်ရုံးကလည်း သူတို့လုပ်တာ မဟုတ်ဘူးလို့ ပြောနေတယ်။ မနှစ်က ကျနော်တို့ သိတာက ရွေး/ကျင့်(ရာထူးဝန်အဖွဲ့)က စာဝင်လာတယ်။ တစ်လပိုင်း ၈ ရက်နေ့ ဒိတ်နဲ့။ ဆရာ့ကို စစ်နေတဲ့အချိန်။ အဲဒါကို ၀န်ထမ်းတွေ သိပြီး ပြောရဲဆိုရဲနဲ့ သက်သေ ထွက်မှာကို ကြောက်ပြီး တစ်ပတ်လောက်ခွာပြီး ကျနော်ထင်တယ် ဆရာ့ကို စစ်ပြီးမှ သူတို့ ကျောင်းမိန့်ထုတ်တာ။ ဒီကိစ္စတွေမှာ အဖွဲ့ဝင် ဦးခင်မောင်အေး ချယ်လှယ်ခဲ့တာလို့ ကျနော်တော့ထင်တယ်။ သူ့လူကို ဒီကျောင်းမှာတာဝန်မထမ်းဆောင်ပဲ ရာထူးတိုးတွေလုပ်ခါနီးမှ ကပ်ပြီးအပြောင်းပြ လူကမရောက်ပဲ ရာထူးတိုးပေး ခဲ့တာကိုး။ ဆရာတောင် ပြောခဲ့သေးတယ်လေ။ ပညာရှင်ရာထူးကို ပညာရှင်လည်းမဟုတ် ဒီမှာလည်း တာဝန်မထမ်း ဆောင်သူတွေက ရာထူးတွေတိုး၊ ကိုယ်တပည့်တွေကတောင် ကိုယ့်ထက် ရာထူးတွေ မြင့်ကုန်ပြီ။ ကိုယ်နဲ့အတူတွေကလည်း ညွှန်မှူးတွေဖြစ်ကုန်ပြီလို့ ပြောခဲ့တာလေ။” လို့ ၀န်ထမ်းတစ်ဦးကလည်း သူမြင်လောက် ပြောဆိုခဲ့ပါတယ်။

အကြိမ်ကြိမ် လိမ်ခဲ့၊ ညာခဲ့ကြပြီး အခုလည်း ဘာတွေ လိမ်ကြဦးမလဲလို့ စောင့်ကြည့်နေပါတယ်။ လူကောင်းကို လူဆိုးဖြစ်အောင် မလုပ်ကြစေချင်ပါ။ ပညာတတ် လူကောင်းတွေ သိပ်နာကျည်း မုန်းတီးသွားပြီး လူဆိုးဖြစ်သွားကြရင် အရမ်းကို ကြောက်စရာကောင်းပါတယ်။ တိုင်းပြည်အတွက်လည်း နစ်နာဆုံးရှုံးပါတယ်။ လူသားရင်းမြစ်တွေ ဖေါ်ဆောင်နေတဲ့အချိန်မှာ လူသားရင်းမြစ်တွေ ဆုံးရှုံးအောင်လုပ်တာဟာ တိုင်းပြည်ကို သစ္စာဖောက်တာပါပဲ။

No comments:

Post a Comment