တကယ်တော့ ထိုအဘိုးအို သည် မွန် ပြည်နယ် ဘီးလင်းမြို့ရှိ အဝေးပြေးယာဉ် များ ခရီးတစ်ထောက်နားရာ အောင်ပြည့် စုံစားသောက်ဆိုင်ပိုင်ရှင်ပင်ဖြစ်သည်။ ထိုသို့သော အကြောင်းအရာသည် အံ့ချီး ဖွယ်ရာ မဟုတ်သေးချေ။ ထိုအဖိုးအိုနှင့် လုပ်ဖော်ကိုင်ဖက်များ ထို အဖိုးအို၏ တ ပည့်သားမြေးများသည် လက်ရှိကာလတွင် လက်ညှိုးညွှန်ရာ ဥပဒေဖြစ်နေသူများ နိုင်ငံတော်၏ အနာဂါတ်အား စီမံခန့်ခွဲခွင့် ရှိနေသူများ လက်ရှိ ဝန်ကြီးများဖြစ်နေပြီး ယခုအချိန်တွင် နိုင်ငံ့ထိပ်သီးများ ၂၀၁၁ ခုနှစ်ဝန်းကျင်တွင် ဝန်ကြီးဖြစ်နေသူ ဖြစ်ခဲ့သူများ ဖိန့်ဖိန့်တုန်အောင်ကြောက်၍ နှစ်စဉ်ဘဏ္ဍာနှစ်ကုန်လုနီးအချိန်တိုင်းတွင် သူ့ထံအခစား ဝင်ခဲ့သူများဖြစ်နေသည်ဟု ပြောလျင် လွန်အံ့မထင်ချေ။
ထို အဘိုးအို သည် ပြန်ကြား ရေးဝန်ကြီးဌာန၊ စက်မှု ၁-၂ ၀န်ကြီးဌာန၊ လယ်ယာစိုက်ပျိုးရေးနှုင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမ၀ါယမ၀န်ကြီးဌာန သတ္ထုတွင်းဝန်ကြီး ဌာန စသည့် ဝန်ကြီးဌာနများ၏ အကျင့်ပျက် လာဘ်စားမှုကို ဖော်ထုတ်ခဲ့သော ပြည် ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ယခင် ပြည် ထောင်စု စာရင်းစစ်ချုပ် ဗိုလ်ချုပ်လွန်း မောင် (ငြိမ်း) ပင်ဖြစ်သည်။
တစ်ချိန်က ဝန်ကြီးဌာနများ ဖိန့်ဖိန့် တုန်အောင် ကြောက်ခဲ့ရသူသည် လက်ရှိ ကာလတွင် ဘဝအတွက် နောက်ဆုံးကျန်နေ သော အချိန်များအား သူပိုင်ထမင်းဆိုင် ၏ ဆိုင်ရှင်တဖြစ်လည်း စားပွဲထိုး အလုပ်ဖြင့် ပျော်မွေ့နေသည်။
သူ၏ ဆိုင်အတွင်း ဘုရားစင်အနီး စားပွဲပေါ်တွင် ကျပ် နှစ်သောင်း ဝန်းကျင် ခန့် ကာလတန်ဖိုးရှိမည့် လက်ဆောင်ကန် တော့ခြင်းလေးနှစ်ခြင်းအား တွေ့မြင်နေရ သည်။ အကယ်ရ်ျသာ လွန်ခဲ့သော ၃နှစ် ခန့်ကဆိုလျင် အဆိုပါ စားပွဲမျိုးပေါ်တွင် ကျပ်သိန်းချီတန်သည့် ကန်တော့ခြင်းများ ပြည့်နှက် နေမည်ထင်သည်။
မြန်မာနိုင်ငံတွင် အုပ်ချုပ်ရေးပိုင်းမှ အုပ်ချုပ်သူများ အကြိုက် မလိုက်နာ၊ မ လုပ်ဆောင် အပုတ်နံ့ ထွက်သူများအား ရာထူးမှ လူသိရှင်ကြား ထုတ်ပယ်လေ့ မရှိသော်လည်း တာဝန်မှ အနားပေးလိုက် သည်ဟု အရေးယူခြင်းဖြင့် အရေးယူလေ့ ရှိရာ သူသည်လည်း ဝန်ကြီးဌာနများ၏ လာဘ်စားမှုအား ဖော်ထုတ်ပြီးနောက် အုပ် ချုပ်သူများ ငြိုငြင်ခဲ့ကာ ပညာရှိ အရေးယူ နည်းဖြင့် အနားပေးခံခဲ့ရသူဖြစ်သည်။
သူ့အနေဖြင့် တာဝန်မှ အနားပေးခံ ခဲ့ရသည်မှာ နှစ်နှစ်ခန့် ရှိနေပြီဖြစ်သော် လည်း သူ၏ မှတ်ဥာဏ်အတွင်း ဝန်ကြီး ဌာနများ၏ လာဘ်စားမှုများအား မှတ်မိ နေဦးမည်ကို သူ၏ စကားအချို့က သက် သေခံနေသည်။
““ အနည်းငယ်လေး ထုတ်ပြလိုက်တာ ရာထူးကအနားပေးခံလိုက်ရတယ်။ အခု အချိန်မှာတော့ ဒီအကြောင်းတွေနဲ့ ပတ် သက်ပြီး မပြောချင်တော့ပါဘူး““ ဟု တစ် ချိန်က စာရင်းစစ်ချုပ်ကြီးသည် သံဝေဂများ ကျေနပ်မှုများဖြင့် ပြောပြသည်။
တကယ်လည်း သူသည် ဆိုင်ရှင် တစ်ပိုင်း စားပွဲထိုးတစ်ပိုင်း ဘဝ ကို ကျေ နပ်နေပြီး သူနှင့် အဆင့်တူသော်လည်း သူ့ အား ဖိန့်ဖိန့်တုန်အောင် ကြောက်ခဲ့ရသူများ ရန်ကုန်မြို့တွင် သိန်းပေါင်းသောင်းချီတန် သော စံအိမ်များဖြင့်နေပြီး သိန်းထောင် ကျော်တန် ကိုယ်ပိုင်ကားများ နိုင်ငံတော် မှပေးသောကားများဖြင့် ကြွယ်ဝမှုမမှန်းနိုင် သော အခြေအနေဖြင့် ရပ်တည်နေချိန်တွင် တောသာသာမြို့၏ မြို့သစ်တွင် သာမန် ထမင်းဆိုင်ပိုင်ရှင်ဘဝ၊ စီးစရာဆို၍ စာရင်းစစ်ချုပ်ဖြစ်စဉ် စက်မှု ၁ ဝန်ကြီး ဌာနမှ ရောင်းချပေးခဲ့သော ပါဂျဲရိုးအစုတ် တစ်စီးသာ ကျန်တော့သော်လည်း သူ့ ဘဝ၏ လက်ကျန် အချိန်များအား ပျော် ပျော်ပါးပါး ဖြတ်သန်းနေကြောင်း သူ့ ပြောစကားများက သက်သေခံနေသည်။
““ သူများတွေလိုလည်း လန်ခရူဇာ မစီးနိုင်ပါဘူး။ စာရင်းစစ်ချုပ် ဘဝတုန်းက စက်မှု ၁ ရောင်းပေးတဲ့ ပါဂျဲရိုးတောင် ပြင် စရိတ်မလိုက်နိုင်တော့လို့ မစီးဖြစ်ဘူး။ ဘယ်သူ့ကိုမှ လည်း မနာလိုမဖြစ်ပါဘူး။ ရာထူးတွေ ငွေတွေ မက်မောမှတော့ လုပ် ပိုင်ခွင့်ရှိချိန်မှာ လုပ်ခဲ့မှာပေါ့။ အခုတော့ ဒီဘဝ ကိုပဲ ပျော်နေပါတယ်““ ဟု ဦးလွန်း မောင်က ပြုံးပြုံးရွှင်ရွှင်ဖြင့် ဖြေကြားပါ သည်။
တကယ်ဆိုတော့ ယခုထမင်းဆိုင် သည်ပင် သူထူထောင်ခဲ့သော ဆိုင် မ ဟုတ်ချေ။ သူ၏ဇနီးဖြစ်သူက သူ လည် ချောင်းကင်ဆာဖြစ်စဉ် သူသေတော့မည် ထင်သဖြင့် နောင်ရေး အတွက် လွန်ခဲ့သော ၁၂ခန့်က ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။
““ မိန်းမက ကတော်အသိုင်းအဝိုင်း မှာ မဝင်တော့တာ တော်တော် ကြာနေပြီ။ စဖွင့်စက ဒီဆိုင်လေးက တဲသာသာပါ။ လုပ်ရင်းကိုင်ရင်း ကြီးသွားလို့ အခုလို ဖြစ် လာတာ။ အရင်တုန်းကလည်း နားရက် တွေဆိုရင် နေပြည်တော်မှာ ၃ရက်လောက် ဂေါက်ရိုက်ပေးပြီးရင် ဒီမှာလာလုပ်နေ တာပဲလေ““ ဟု ဦးလွန်းမောင်က ဆက်လက် ပြောသည်။
စာရင်းစစ်ချုပ်၊ ဗိုလ်ချုပ်အဆင့် ဖြင့် အနားယူခဲ့သော ဗိုလ်ချုပ်လွန်းမောင်တွင် သားနှစ်ဦးရှိသည်။ ဗိုလ်ချုပ်လွန်းမောင်နှင့် အဆင့်တူသူတို့၏ သားများ မြန်မာနိုင်ငံ တွင် ကုမဏီကြီးများထောင်ပြီး သူဋ္ဌေးဘွဲ့ ခံနေချိန်တွင် သာမန်ပုထုဇဉ် ဗိုလ်ချုပ် လွန်းမောင်သားများအနေဖြင့် မည်ကဲ့ သို့သော စိတ်ခံစားမှုများဖြင့် ရာထူး၊ ငွေ၊ အာဏာ လက်ညှိုး ညွှန်ရာ ရချိန်တွင် နောင်ရေးအတွက် ဖန်တီးမပေးခဲ့သော ဖခင်အပေါ် မည်သို့သော ပြောဆိုမှုများ ရှိနေ သလည်းဟု မေးခွန်းကိုလည်း ““ ကျွန်တော့်သားတွေက ကျွန်တော့် စိတ်နဲ့ ထပ်တူပါပဲ““ ဟု အမေးမဆုံးခင် ပြုံးရွှင်စွာ ဖြေကြားခဲ့သည်။
ရာထူးမှ အနားပေးခံခဲ့ရသော သူ့ အား လုပ်ဖော်ကိုင်ဖက်များက ပစ်မထားဘဲ မြို့ခံအာဏာပိုင်များအား နေရာတစ်ခုတွင် ထားပေးရန် ပြောကြားကြောင်းကိုလည်း ဦးလွန်းမောင်ပြောကြားချက်အရ သိရပြန် သည်။
““ မင်းတို့ လွန်းမောင်ကြီးကို ပစ် မ ထားနဲ့ ပြောလို့ဆိုပြီး ရာထူးတစ် ခုခု အတွက် အမြဲလာပြောကြတယ်။ မလုပ် လည်း မလုပ်ချင်တော့ဘူးလေ။ ရာထူး လာပေးတဲ့သူတွေကတော့ ဘာမှလုပ်စရာ မလိုတော့ဘူး။ ရုံးမှာ ထိုင်နေရုံပါလို့ ပြော တယ်။ မလုပ်ချင်တော့ဘူး““ ဟု ပြောပါ သည်။
သတ္ထုတွင်းဝန်ကြီးဌာန အပါအဝင် ဝန်ကြီးဋ္ဌာနများ၏ အကျင့်ပျက် လာဘ် စားမှုအား ဖော်ထုတ်ပြီးနောက် ရာထူးမှ အနားပေးခံရသော်လည်း ရုပ်သံသတင်း တွင် ကြားသိ စဉ် “ ဪ ငါတောင်ပါသွားပြီ “ ဟု အနည်းငယ်စိတ်မချမ်းသာသော် လည်း ခဏအတွင်း ပြီးပြီးပျောက်ပျောက် နေလိုက် နိုင်ကြောင်းလည်း ဆက်လက်ပြောပါ သည်။
စာရင်းစစ်ချုပ်ဦးလွန်းမောင်က ဝန် ကြီးဋ္ဌာနများ၏ အကျင့်ပျက် လာဘ်စားမှု အား လွှတ်တော်အတွင်း ထုတ်ပြန်ပြီးနောက် တာဝန်မှ အနား ပေးခံရသကဲ့သို့ ယင်း သတင်းအား ဖော်ပြခဲ့သည့်The Voice Weekly ဂျာနယ်သည်လည်း သတ္ထု တွင်း ဝန်ကြီးဌာန၏ တရားစွဲဆိုမှုအား တစ်နှစ် ကျော်ကြာရင်ဆိုင်ခဲ့ရသည်။ ထပ်မံ အံ့ဩ ဖို့ကောင်းသည်မှာ ဦးလွန်းမောင်က အ ကျင့်ပျက်လာဘ်စားသော ဝန်ကြီးဋ္ဌာနတွင် ထည့်သွင်း ဖော်ပြခဲ့သည့် သတ္ထုတွင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသိန်းထိုက်သည် ဦးလွန်းမောင် အနားပေးခံရ သော ပြည်ထောင်စုစာရင်း စစ်ချုပ်ရုံးတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်အဖြစ် ချက် ချင်း တာဝန်ပေးခံခဲ့ရခြင်း ဖြစ်သည်။
““ သူ ဗျူဟာမှုးဘဝတုန်းက ကျွန် တော့်နောက်မှာ လုပ်ပေးခဲ့ရတာလေ။ သူ့ အကြောင်းကိုကျွန်တော်ပြောပြလို့ ဘယ် ကောင်းပါ့မလည်း။ သူလည်း အရည် အချင်းရှိလို့ ဒီနေရာ ရောက်လာတာပါ““ ဟု ဦးလွန်းမောင်က ဆက်လက်ပြောပြန် သည်။
ယနေ့မြန်မာနိုင်ငံသည် အမေရိကန် အပါအဝင် ဥရောပသမဂ္ဂနိုင်ငံများ၏ အသိအမှတ်ပြုမှုတွင် နေရာအချို့ပြန်လည် ရရှိခဲ့ပြီဆိုသော်လည်း အကျင့်ပျက် လာဘ်စားမှုတွင် ကမ္ဘာ့ အောက်ဆုံးအဆင့် နှင့်သာ ရပ်တည်နေဆဲ ဖြစ်သည်။
နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ ပြု ပြင်ပြောင်းလဲရေးလုပ်ငန်းများ အကောင် အထည်ဖော်နိုင်မှု နှောင့်နှေးရသည့် အ ချက်များတွင်လည်း အကျင့်ပျက် လာဘ် စားမှုသည် ထိပ်ဆုံးအချက်အဖြစ်ရှိနေ ဆဲဖြစ်ပြီး ထို အဂတိလိုက်စားမှုအား ဒုတိယသမ္မ တဖြစ်သူ ဒေါက်တာစိုင်း မောက်ခမ်း ဦးဆောင်သည့် လာဘ်ပေး လာဘ်ယူမှု အရေးယူဆောင်ရွက်ရေး ကော်မတီ ဖွဲ့စည်းပြီးသည့်တိုင်အောင် နိုင် ငံတော်သမ္မတ၏ အကြံပေးအဖွဲ့ အနေဖြင့် အဂတိလိုက်စားမှုအား မည်သို့လျှော့ချ ရမည်ကို ဆွေးနွေးနေရဆဲဖြစ်သည်။
ဒီမိုကရေစီခိုင်မာသည့် နိုင်ငံတိုင်း တွင် အဂတိလိုက်စားမှုများအား ထိပ်ဆုံး အဆင့်မှ တိုက်ဖျက်လေ့ရှိပြီး အဂတိ လိုက်စားမှုကင်းသည့် နိုင်ငံများသည်လည်း ခိုင်မာသည့် ဒီမိုကရေစီနိုင်ငံအဖြစ် ရပ် တည်နေကြောင်း ပညာရှင်များက ထောက် ပြကြသည်။
ထိုသို့သောနိုင်ငံများတွင် အဂတိ လိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့များအား ခိုင်မာအားကောင်းသည့် အဖွဲ့အစည်း များဖြစ်စေရန် အစိုးရဩဇာသက်ရောက်မှု ကင်းသည့် လူထုဩဇာရှိ ယုံကြည်သည့် အဖွဲ့အစည်းများ၊ အစိုးရထောက်ပံ့မှု ကင်း သည့် အဖွဲ့အစည်းများဖြင့် လာဘ်ပေး လာဘ်ယူမှုတိုက်ဖျက်ရေး အဖွဲ့အား ဖွဲ့ စည်းလေ့ရှိကြောင်း ဩစတြေးလျ အမျိုး သားတက္ကသိုလ်၊ ထိန်းကျောင်းအဖွဲ့အစည်း များ ကွန်ရက်မှ Professor Veronica Taylor က ၂၀ဝ၈ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးအလုပ်ရုံဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။
အကယ်ရ်ျသာ နိုင်ငံတော်သမ္မတ အား အကြံပေးခွင့် ပြည်သူတစ်ယောက် အနေဖြင့် အသိပေးခွင့် ရှိခဲ့ပါမူ မြန်မာ နိုင်ငံ၏ အကျင့်ပျက် လာဘ်စားမှုအား ထိရောက်စွာ တိုက်ဖျက်နိုင်ရေးအတွက် ပြည်ထောင်စုစာရင်းစစ်ချုပ်အဖြစ် နှစ် ပေါင်းများ စွာလုပ်ကိုင်ခဲ့ပြီး ဝန်ကြီးဌာန များ၏ လုပ်ကိုင်မှုများအား အတွင်းသိ ထိ တွေ့ခဲ့ကာ ထိုဌာနများ ဖိန့်ဖိန့်တုန်အောင် ကြောက်ခဲ့ရပြီး လက်ရှိကာလတွင် အစိုးရ မှီခိုမှုကင်းနေသည့် ပြည်ထောင်စုစာရင်း စစ်ချုပ်ဟောင်းအား လာဘ်ပေးလာဘ်ယူမှု အရေးယူဆောင်ရွက်ရေးကော်မတီတွင် ထည့်သွင်းပေးသင့်ကြောင်း ပြည်သူ တစ် ဦးအနေဖြင့် အသိပေးလိုပါသည်။
နိုင်ငံ့ဘဏ္ဍာနှင့် ပြည်သူ့ဥစ္စာအား မထိပါးရာတွင် နာမည်ကြီးခဲ့သည့် ဗိုလ် ချုပ်အောင်ဆန်းကဲ့သို့ ကြီးမြတ်မည် မဟုတ်သော်လည်း ဗိုလ်ချုပ်အောင်ဆန်း ကဲ့သို့သော လူတစ်ဦးသည် ဝန်ကြီးဌာန များ၏ အကျင့်ပျက် လာဘ်စားမှုကို ဖော်ထုတ်နိုင်သော အရည်အချင်းများ အသိ တရားများကို သိုဝှက်၍ သာမန် ထမင်းဆိုင်ပိုင်ရှင်တစ်ဦးဘဝဖြင့် ပြည်ဖုံးကား ချနေပြီဖြစ်သည်။
အကယ်၍ ဗိုလ်ချုပ်လွန်းမောင် သည် သာ သူသိနေသော အကျင့်ပျက်လာဘ်စားမှု များအား တစ်သက်တာ မြိုသိပ်သွားမည် ဆိုပါက ပြည်သူ့ဥစ္စာ၊ နိုင်ငံ့ဘဏ္ဍာ များ သည် မည်ကဲ့သို့သော အကျင့်ပျက် လာဘ် စားသူများ၏ လက်တွင် နောင်နှစ်ပေါင်း များစွာအထိ တည်တံ့သွားနိုင်မည်နည်း ဆိုသည့် မေးခွန်းကိုမူ......
Weekly Eleven ဂျာနယ်
No comments:
Post a Comment