တိမ်ညိုရိုင်းက မှိုင်းလှတယ် (ဖြစ်ရပ်မှန်)
မုန်းစီးဆိုတာ လားရှိုး-မူဆယ်ပြည်ထောင်စုကားလမ်းမကြီးဖြတ်သန်းသွားတဲ့
ပေ ၄၀၀၀ ကျော် မြင့်မားတဲ့ ကွတ်ခိုင်မြို့ကလေးရဲ့ အရှေ့ဘက်မှာရှိတဲ့
လယ်ကွင်းတွေဝိုင်းနေတဲ့ မြို့မကျတောမက ရွာကြီးတစ်ရွာပါ။ ကွတ်ခိုင်ကနေ
ကုန်းကြမ်း၊ လောက်ကိုင်စတဲ့ မြို့တွေကို ဆက်သွယ်ထားပြီး သံလွင်မြစ်ကြီးကို
ဖြတ်သန်းသွားတဲ့ ဒေသချင်းဆက်လမ်းကြောင်းပေါ်မှာ တည်ရှိပါတယ်။ ယခင်ကာလများက
အေးချမ်းတည်ငြိမ်တဲ့ ရှမ်းရွာကြီး တစ်ရွာဖြစ်ပါတယ်။ ကွတ်ခိုင်-တာမိုးညဲ-မုံးစီး-တာပါး-ကုန်းကြမ်း
ဆက်သွယ်တဲ့လမ်းမကြီးဟာ ယခင်အစိုးရ လက်ထက်က သံလွင်မြစ်ကူးတံတား (တာပါး) ကို
တည်ဆောက်ခဲ့လို့ ကားကြီးကားငယ်တွေနှင့် နေ့စဉ်စည်ကားလို့ နေပါတယ်။
ဒါပေမယ့် ငြိမ်းချမ်းရေးပျက်ပြားပြီးနောက်ပိုင်း
ပြည်တွင်းစစ်ကြောင့် ကားတွေအရင်လို မသွားနိုင် တော့ပါဘူး။
တံတားတွေအချိုးခံခဲ့ရလို့ ပြန်ပြုပြင်ထားတဲ့ တံတားတွေဟာ
အရင်လောက်မကောင်းတော့ပါဘူး။ ဒါပေမယ့် တာမိုးညဲကနေ
တစ်နာရီလောက်ကားစီးလိုက်ရင် လှပတဲ့တောင်တန်းကြီးတွေကြားမှာ
ရွှေဝါရောင် လယ်ကွင်းတွေခြံရံထားတဲ့ မုံးစီးမြို့ကို တွေ့ရပါလိမ့်မယ်။
အဆင့်လိုက်ဖော်ထားတဲ့ လယ်ကွင်းတွေကြားမှာ မုံးစီးချောင်းက ဝေ့ကာဝိုက်ကာရစ်ခွေသိုင်းပြီး စီးဆင်းလို့ နေပါတယ်။ သံတံတားကြီးပေါ်က ခပ်တည်တည်ဖြတ်သွားတဲ့ ကျောက်ခင်းလမ်းလေး
ဘေးမှာတော့ ဟိုတစ်ကွက် ဒီတစ်ကွက် ပွက်နေတဲ့ရေပူစမ်းကလေးတွေရှိပါတ ယ်။
ဒီရေပူစမ်းလေးတွေက မုံးစီးရွာသူ ရွာသားတွေရဲ့ ရေချိုးဆိပ် ပါပဲ။
ကန့်နံ့အနည်းငယ်ရှိပေမယ့် ရေပူစမ်းဟာ ရွာသားတွေရဲ့ ဆောင်းရာသီမှာတော့
အားကိုးရာအစစ်ပါ။ နန်းမွေ့ဖောင်တစ်ယောက်လည်း
နေမွန်းတည့်ကျော်လို့ နာရီပြန်နှစ်ချက်တီးချိန်မှာ ရေချိုးအဝတ်လျှော်ဖို့ ရေပူစမ်း ကိုထွက်ခဲ့ပါတယ်။ ရေပူစမ်းမှာ ရှမ်းရွာဓလေ့အတိုင်း ဆောင်းဥတုရဲ့နေမွန်းလွဲချိန်မှာ ရေချိုးသူတွေ စုံနေပါပြီ။ ဆောင်းရာသီရဲ့ အအေးဒဏ်ကို အံတုနိုင်အောင် နေရောင်မြင့်မြင့်ရောက်ချိန်မှ
ရေချိုးအဝတ်လျှော် လုပ်ကြတာ ကလည်း ရှမ်းမြေရဲ့ ဆောင်းရာသီပန်းချီကား တစ်ချပ်ပါပဲ။
မွေ့ဖောင်အဝတ်ကလေး သုံးလေးထည်လျှော်ပြီးချိန်မှာ ဝုန်းကနဲပေါက်ကွဲသံကြီးတစ်ခု ကြားလိုက်ရပါ တယ်။ ယခင်က ငြိမ်းချမ်းခဲ့သော်လည်း ယခုအချိန်မှာ တိုက်ပွဲတွေမကြာခဏ ဖြစ်နေတာကြောင့် ရွာက စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပြီလားလို့ ထင်လိုက်မိပါတယ်။ တိုက်ပွဲဖြစ်ရင် ပြေးရလွှားရ ပုန်းအောင်းရပေဦးမယ်။ တခြားသော ရေချိုးနေသူတွေလည်း မွေ့ဖောင်လို ရုတ်ရုတ်သဲသဲ
ဖြစ်သွားကြပါတယ်။ ကိုယ့်ပစ္စည်းလေးတွေ သိမ်းပြီး ရေဆိပ်မှထွက်ဖို့ပြင်ကြပြီ။ ကလေးတွေ လက်ဆွဲသူဆွဲ၊ အော်ခေါ်သူခေါ်နှင့် ယောက်ယက်ခတ် ကုန်ကြသည်။ ဒါပေမယ့် ပေါက်ကွဲသံက တစ်ခုတည်းဖြစ်ပြီး ပေါက်ပေါက်ဖောက်သံနှင့်တူသော သေနတ်သံတို့က ထပ်ပြီးထွက်မလာခဲ့ဘူး။ အဝေးကပဲ ရွာထဲကို လက်နက်ကြီးနှင့် ပစ်ကြတာလား။ ဒါဆို ရွာထဲဘယ်နားကျပြီး ဘယ်သူတွေ သေကြေကြပြီမသိပေ။ မွေ့ဖောင် ကြောက်လည်းကြောက်သည်။ စိတ်လည်းပူသည်။
မုံးစီးဆိုတာက ရှမ်းသူပုန်ရော KIA ရော ခြေရှုပ်သည့်နေရာဖြစ်သည်။ ရွာမှာပြည်သူ့စစ်တပ်ဖွဲ့ရော စစ်ကြောင်းရောရှိလို့ ရွာနားသိပ်မကပ်သော်လည်း မွေ့ဖောင်တို့ လယ်ယာထဲပင်သိပ်မသွားဝံ့ပါ။
တောင်ယာ လယ်တောတွေမှာ လူသစ်ဆွဲ၊ မိုင်းထောင်၊ ပြန်ပေးဆွဲလုပ်တတ်သလို တချို့ပျိုမေတွေလည်း အသက်ကို အရှက်နှင့်ဝယ်ခဲ့ရသူတွေ ရှိနေသေးတယ်။ တကယ်တော့ မုံးစီးဆိုတာ ကချင်ရော၊ ပလောင်ရော၊ ရှမ်းရော၊ လီရှောရော စုပေါင်းနေထိုင်ကြသည့် ပြည်ထောင်စုရွာကြီးဖြစ်ပါတယ်။ ကချင်စု၊ ရှမ်းစု၊ ပလောင်စု၊ လီရှောစု နယ်မြေရပ်ကွက်လေးတွေသာကွဲသည်။ အားလုံးကတော့ မုံးစီးရွာသားများသာဖြစ်ပါတယ်။ မုံးစီးမှာ အထက်တန်းကျောင်း၊ ရဲစခန်း၊ ဆက်သွယ်ရေးစာတိုက်ကအစရှိသဖြင့် တောဟုဆိုသည့်တိုင် မြို့ငယ်လေးပါပဲ။
မွေ့ဖောင်ပစ္စည်းလေးတွေသိမ်းပြီး
ခပ်သုတ်သုတ်လေးတက်လာခဲ့စဉ် ရွာထဲလမ်းမှ ဆိုင်ကယ်တစ်စီး
ခပ်မြန်မြန်မောင်းလာတာကို တွေ့ရပါတယ်။ မွေ့ဖောင်ရှိလားဟု
လှမ်းအော်မေးသံကိုလည်း ကြားရတယ်။ ပြည်သူ့စစ်ခေါင်းဆောင် ကိုစိုင်းဝါ
အသံပါလား။ ဘာကိစ္စရှိပါလိမ့်ဟု တွေးရင်း စိုးရိမ်စိတ်ဝင်လာတယ်။ ကိုစိုင်းဝါ၏
အသံက စိုးရိမ်သံ၊ အရေးကြီးသံပါနေတယ်။ မနက်က လယ်ထဲမှာ စပါးသွားသိမ်းနေသော
အဖေနဲ့အမေများ တစ်ခုခုဖြစ်ပြီလားလို့ စိတ်ပူမိတယ်။ ကိုစိုင်းဝါဆီသို့
ကျွန်မဒီမှာ ကျွန်မဒီမှာလို့ အော်ရင်း ပြေးသွားမိသည်။ ကိုစိုင်းဝါ
အရေးတကြီး ပြောချင်နေပုံရတယ်။ သို့သော် သူမပြောသေး။ မွေ့ဖောင်
နင့်ပစ္စည်းတွေ အိမ်မှာဝင်ထားခဲ့၊ ပြီးရင် ငါနဲ့လိုက်ခဲ့လို့ပြောပါတယ်။
ဘုရားဘုရား တစ်ခုခုတော့ ဖြစ်ပြီလားမသိ ဟုမွေ့ဖောင်စိုးရိမ်မိသည်က အမှန်…
မိုင်းစထိမှန်၍ ပျံလွန်တော်မူ သွားသော ကိုရင် ရှင်နေ၀ိန္ဒ
ဈေးရပ်လို့ခေါ်တဲ့ မွေ့ဖောင်တို့အရပ်ရောက်တော့ မွေ့ဖောင်ကို ဒေါ်လေးဖြစ်သူကဆီး၍ဖက်ပြီး ငိုတော့ တယ်။ မွေ့ဖောင်ရေ ကိုရင်လေးပျံတော်မူပြီတဲ့။ ကိုရင်လေး ဟုပြောလိုက်တော့ ၉ နှစ်အရွယ်မောင်လေးကို ပြောတာပေါ့။ မနက်ကပဲ အိမ်ရှေ့မှာ မွေ့ဖောင်ဆွမ်းလောင်းခဲ့သေးသည်။ ခုတော့… ကိုရင်လေးမရှိတော့ပြီ။ မွေ့ဖောင်မျက်ရည်တွေစီးကျလာတယ်။
ရုတ်တရက်မို့ ဘာပြောရမှန်းမသိ။ ရင်မှာပြည့်ကျပ်မွမ်းသိပ်ပြီး
လည်ချောင်းမှာ ဆို့နင့်နေသည်။ ပြီးတော့ ကိုရင်လေး ကိုရင်လေး
ဟုအော်ငိုနေမိတယ်…
ကိုစိုင်းဝါက ဘေးမှ နှစ်သိမ့်နေသော်လည်း ဘာပြောနေမှန်း မွေ့ဖောင် မသိပါ။ ကိုစိုင်းဝါ လိုက်ပို့သဖြင့် ကိုရင်လေး ပျံတော်မူတဲ့နေရာ ဝိန်းခေါင်ရွာဘက်အထွက်လမ်းဘက် ရောက်လာခဲ့ပါတယ်။ အမေ၊ အဖေ တို့အပြင် တစ်ရပ်ကွက်တည်းနေ ကိုရင်ရှင်စိဏ္ဏာ၏ မိသားစုကိုလည်းတွေ့ရသည်။ အားလုံး မျက်ရည်တွေကိုယ်စီ စီးကျနေပြီး မိခင်တွေက ပဋာမြေလူးမတတ် ငိုကြွေးနေကြပါတယ်။ စစ်ကြောင်းမှ တပ်ရင်းမှူးနဲ့ ရဲစခန်းမှူးတို့လည်း ရောက်နေကြတယ်။ အားလုံးမျက်နှာမကောင်းကြ။ မွေ့ဖောင်ကတော့ ကိုရင်လေး ကိုရင်လေးဟု အော်ဟစ် ငိုကြွေးရင်း လူအုပ်ထဲတိုးဝင်ပြီး ကိုရင်လေးကို ကြည့်လိုက်တော့ကိုရင်လေးမှာ မြင်လို့မှမကောင်း။ ဦးခေါင်းခွံကွဲပြီး ဦးနှောက်များပင်ထွက်နေသည့် ရုပ်ကလပ်တစ်ခုဖြစ်နေပြီ။ တစ်ရပ်ကွက်တည်းသားဖြစ်သူ ရှင်စိဏ္ဏာမှာလည်း မိုင်းစများထိမှန်ထားပါတယ်။ ကိုရင်လေး၏ ရုပ်ကလပ်တို့မှာ မြင်ရက်စရာမရှိပေ။ မွေ့ဖောင် အရူးတစ်ပိုင်းဖြစ်ရပါပြီ။
မောင်လေးကို ဘယ်သူတွေသတ်ခဲ့တာလဲ။ KIA က သတ်တာလား၊ ရှမ်းပြည်လွတ်မြောက်ရေးအတွက် ဆိုပြီး လူသစ်တွေဆွဲနေတဲ့ RCSS/ SSA
ကသတ်တာလား မွေ့ဖောင်မသိပါ။ တောရွာမှာ ရှင်တစ်ဆူရဖို့မနည်း ကြိုးစားပြီး
မိဘနဲ့ဆရာတွေပြုစုခဲ့ရတာကို ဘယ်သူတွေဖျက်ဆီးခဲ့တာလဲ။ တရားခံက ဘယ်သူတွေလဲ။
မွေ့ဖောင်မှာ မေးခွန်းများစွာ မေးနေမိတယ်။ မွေ့ဖောင် ၁၀
တန်းအထိကျောင်းနေဖူးသူမို့ ဥာဏ်မီသမျှစဉ်းစားမိတယ်။ ဒီနေရာမှာ မောင်လေးမို့
မဟုတ်၊ မုံးစီးရွာသား ဘယ်သူ့ကိုမျှ မဖြစ်စေချင်ပါ။ ကချင်ရွာနဲ့နီးလို့
တပ်မဟာ(၄)ကလက်ကျန် KIA က မိုင်းထောင်ထားတာလား၊ ရှမ်းဘက်က လုပ်ထားတာလား
မသိပေမယ့် သေချာတာကတော့ ဒါဟာ အကြမ်းဖက် လမ်းစဉ်မို့
အကြမ်းဖက်သမားတွေလက်ချက်ပါပဲ။ ရေဒီယိုမှာ နိုင်ငံရေးလမ်းစဉ်တွေ၊
ငြိမ်းချမ်းရေးတွေ အော်နေပြီး လက်တွေ့မှာ လူသစ်စုပြီး
အစိုးရတပ်ကိုတိုက်မယ်၊ အစိုးရဖွံ့ဖြိုးရေးတွေကို ဖျက်ဆီးဟန့်တားမယ်ဆိုတဲ့
သူတို့ရဲ့ အရင်လမ်းစဉ်အတိုင်းဆက်လုပ်နေတဲ့ သူတွေပါပဲ။
အစိုးရကျောင်းကကျောင်းသားလေးတွေ ကို
လူသစ်ဆွဲမယ်၊ အဆွဲခံရမှာကြောက်လို့ သာသနာ့ဘောင် ဝင်နေတဲ့ ကိုရင်လေးတွေကို
ယခု… တမင်ဒုက္ခပေးပြန်ပြီ၊ ဒါလား သူတို့ ငြိမ်းချမ်းရေးလမ်းစဉ် အော်နေကြတာ။
ငြိမ်းချမ်းရေးလို့ပြောပြီး အပြောအလုပ်မညီတာတွေကရော ဘယ်သူတွေလဲ။
အစိုးရသိက္ခာကျဖို့ရည်ရွယ်ချက် တစ်ခုတည်းနဲ့ ပြည်သူတွေမျက်ရည်ကျအောင်တမင်
လုပ်နေတာလား။ အစိုးရတပ်ရှိနေတော့ ရွာထဲဝင် ဆက်ကြေး ကောက်မရ၊ စော်ကားမရလို့ ဘယ်သူထိထိဆိုပြီး တမင်ဗုံးလုပ်ပြီး လမ်းဘေးချ လုပ်ကြံတာလား။ ပြည်သူတွေရဲ့ အပြစ်မဲ့သွေးတွေနဲ
့ ပြည်သစ်တည်ထောင်ကြမလို့လား။ ဒီလိုလူမိစ္ဆာတွေက ဘယ်လိုနည်းနဲ့ ပြည်သူတွေကို တရားမျှတစွာ အုပ်ချုပ်ကြမှာလဲ။ မွေ့ဖောင်နာကြည်းမုန်းတီးစွာ မေးခွန်းတွေ တစ်ခုပြီးတစ်ခုထုတ်နေမိတယ်။ ရွာဘေးကလယ်ကွင်းတွေလည်း မျက်ရည်ပင်လယ်ကြီးအဖြစ် မြင်နေရတယ်။
မုန်းစီးရွာ၊ ဝေဠုဝန်ကျောင်းက သာသနာ့ငွေကြယ်လေးကတော့ အကြမ်းဖက်သမားတွေကြောင့် ဒီဇင်ဘာ ဆောင်းနှင်းတွေနှင့်အတူ ကြွေလွင့်သွားရှာပါပြီ။ မငြိမ်းချမ်းသော အစွန်းရောက် အကြမ်းဖက်သမားတို့ နယ်မြေက ပြည်သူတွေရဲ့ ကံကြမ္မာကတော့ မိုးတိမ်မဲတို့ကြီးစိုးနေဆဲပါပဲ။
သတင်းစာတွေမှာ ပါလာပေမယ့် ဒါကို အမှန်မထင်သူတွေကလည်း အမြင်တွေဝေဝါးနေဆဲ။
ထိုဝေဝါးနေသူတွေကြောင့် ကျေးလက်နေရိုးသားတဲ့
တောင်ပေါ်သားတို့ဘဝအလင်းရောင်တွေ လည်း ကွယ်ပျောက်နေဆဲ။ တောင်ပေါ်သူရိုးသားဖြူစင်တဲ့ မောနှမလေး မွေ့ဖောင်ကတော့ ကြေကွဲမှုများစွာနဲ့မရေ
ရာတဲ့ အပြစ်မဲ့သောသူတို့အနာဂတ်အတွက် မျှော်လင့်ချက်တွေ ကွယ်ပျောက်နေဆဲပါပဲ။
ငြိမ်းချမ်းရေးအလင်းရောင်က လာချေသော်လည်း တိမ်ညိုရိုင်းက မှိုင်းလွန်းလှတယ်လေ…
စိုင်းခမ်းခေး(မောဝ်မြေသစ်)
မုန်းစီးဆိုတာ လားရှိုး-မူဆယ်ပြည်ထောင်စုကားလမ
ရွှေဝါရောင် လယ်ကွင်းတွေခြံရံထားတဲ့ မုံးစီးမြို့ကို တွေ့ရပါလိမ့်မယ်။
အဆင့်လိုက်ဖော်ထားတဲ့ လယ်ကွင်းတွေကြားမှာ မုံးစီးချောင်းက ဝေ့ကာဝိုက်ကာရစ်ခွေသိုင်းပြီး စီးဆင်းလို့ နေပါတယ်။ သံတံတားကြီးပေါ်က ခပ်တည်တည်ဖြတ်သွားတဲ့ ကျောက်ခင်းလမ်းလေး
ဘေးမှာတော့ ဟိုတစ်ကွက် ဒီတစ်ကွက် ပွက်နေတဲ့ရေပူစမ်းကလေးတွေရှိပါတ
နေမွန်းတည့်ကျော်လို့ နာရီပြန်နှစ်ချက်တီးချိန်မှာ ရေချိုးအဝတ်လျှော်ဖို့ ရေပူစမ်း ကိုထွက်ခဲ့ပါတယ်။ ရေပူစမ်းမှာ ရှမ်းရွာဓလေ့အတိုင်း ဆောင်းဥတုရဲ့နေမွန်းလွဲချိန်မှာ
ရေချိုးအဝတ်လျှော် လုပ်ကြတာ ကလည်း ရှမ်းမြေရဲ့ ဆောင်းရာသီပန်းချီကား တစ်ချပ်ပါပဲ။
မွေ့ဖောင်အဝတ်ကလေး သုံးလေးထည်လျှော်ပြီးချိန်မှာ ဝုန်းကနဲပေါက်ကွဲသံကြီးတစ်ခု ကြားလိုက်ရပါ တယ်။ ယခင်က ငြိမ်းချမ်းခဲ့သော်လည်း ယခုအချိန်မှာ တိုက်ပွဲတွေမကြာခဏ ဖြစ်နေတာကြောင့် ရွာက စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပြီလားလို့ ထင်လိုက်မိပါတယ်။ တိုက်ပွဲဖြစ်ရင် ပြေးရလွှားရ ပုန်းအောင်းရပေဦးမယ်။ တခြားသော ရေချိုးနေသူတွေလည်း မွေ့ဖောင်လို ရုတ်ရုတ်သဲသဲ
ဖြစ်သွားကြပါတယ်။ ကိုယ့်ပစ္စည်းလေးတွေ သိမ်းပြီး ရေဆိပ်မှထွက်ဖို့ပြင်ကြပြီ။ ကလေးတွေ လက်ဆွဲသူဆွဲ၊ အော်ခေါ်သူခေါ်နှင့် ယောက်ယက်ခတ် ကုန်ကြသည်။ ဒါပေမယ့် ပေါက်ကွဲသံက တစ်ခုတည်းဖြစ်ပြီး ပေါက်ပေါက်ဖောက်သံနှင့်တူသော သေနတ်သံတို့က ထပ်ပြီးထွက်မလာခဲ့ဘူး။ အဝေးကပဲ ရွာထဲကို လက်နက်ကြီးနှင့် ပစ်ကြတာလား။ ဒါဆို ရွာထဲဘယ်နားကျပြီး ဘယ်သူတွေ သေကြေကြပြီမသိပေ။ မွေ့ဖောင် ကြောက်လည်းကြောက်သည်။ စိတ်လည်းပူသည်။
မုံးစီးဆိုတာက ရှမ်းသူပုန်ရော KIA ရော ခြေရှုပ်သည့်နေရာဖြစ်သည်။ ရွာမှာပြည်သူ့စစ်တပ်ဖွဲ့ရော စစ်ကြောင်းရောရှိလို့ ရွာနားသိပ်မကပ်သော်လည်း မွေ့ဖောင်တို့ လယ်ယာထဲပင်သိပ်မသွားဝံ့ပါ။
တောင်ယာ လယ်တောတွေမှာ လူသစ်ဆွဲ၊ မိုင်းထောင်၊ ပြန်ပေးဆွဲလုပ်တတ်သလို တချို့ပျိုမေတွေလည်း အသက်ကို အရှက်နှင့်ဝယ်ခဲ့ရသူတွေ ရှိနေသေးတယ်။ တကယ်တော့ မုံးစီးဆိုတာ ကချင်ရော၊ ပလောင်ရော၊ ရှမ်းရော၊ လီရှောရော စုပေါင်းနေထိုင်ကြသည့် ပြည်ထောင်စုရွာကြီးဖြစ်ပါတယ်။ ကချင်စု၊ ရှမ်းစု၊ ပလောင်စု၊ လီရှောစု နယ်မြေရပ်ကွက်လေးတွေသာကွဲသည်။ အားလုံးကတော့ မုံးစီးရွာသားများသာဖြစ်ပါတယ်။ မုံးစီးမှာ အထက်တန်းကျောင်း၊ ရဲစခန်း၊ ဆက်သွယ်ရေးစာတိုက်ကအစရှိသဖြင့် တောဟုဆိုသည့်တိုင် မြို့ငယ်လေးပါပဲ။
မွေ့ဖောင်ပစ္စည်းလေးတွေသိမ်းပြီး
မိုင်းစထိမှန်၍ ပျံလွန်တော်မူ သွားသော ကိုရင် ရှင်နေ၀ိန္ဒ
ဈေးရပ်လို့ခေါ်တဲ့ မွေ့ဖောင်တို့အရပ်ရောက်တော့ မွေ့ဖောင်ကို ဒေါ်လေးဖြစ်သူကဆီး၍ဖက်ပြီး ငိုတော့ တယ်။ မွေ့ဖောင်ရေ ကိုရင်လေးပျံတော်မူပြီတဲ့။ ကိုရင်လေး ဟုပြောလိုက်တော့ ၉ နှစ်အရွယ်မောင်လေးကို ပြောတာပေါ့။ မနက်ကပဲ အိမ်ရှေ့မှာ မွေ့ဖောင်ဆွမ်းလောင်းခဲ့သေးသည်။
ကိုစိုင်းဝါက ဘေးမှ နှစ်သိမ့်နေသော်လည်း ဘာပြောနေမှန်း မွေ့ဖောင် မသိပါ။ ကိုစိုင်းဝါ လိုက်ပို့သဖြင့် ကိုရင်လေး ပျံတော်မူတဲ့နေရာ ဝိန်းခေါင်ရွာဘက်အထွက်လမ်းဘက် ရောက်လာခဲ့ပါတယ်။ အမေ၊ အဖေ တို့အပြင် တစ်ရပ်ကွက်တည်းနေ ကိုရင်ရှင်စိဏ္ဏာ၏ မိသားစုကိုလည်းတွေ့ရသည်။ အားလုံး မျက်ရည်တွေကိုယ်စီ စီးကျနေပြီး မိခင်တွေက ပဋာမြေလူးမတတ် ငိုကြွေးနေကြပါတယ်။ စစ်ကြောင်းမှ တပ်ရင်းမှူးနဲ့ ရဲစခန်းမှူးတို့လည်း ရောက်နေကြတယ်။ အားလုံးမျက်နှာမကောင်းကြ။ မွေ့ဖောင်ကတော့ ကိုရင်လေး ကိုရင်လေးဟု အော်ဟစ် ငိုကြွေးရင်း လူအုပ်ထဲတိုးဝင်ပြီး ကိုရင်လေးကို ကြည့်လိုက်တော့ကိုရင်လေးမှာ မြင်လို့မှမကောင်း။ ဦးခေါင်းခွံကွဲပြီး ဦးနှောက်များပင်ထွက်နေသည့် ရုပ်ကလပ်တစ်ခုဖြစ်နေပြီ။ တစ်ရပ်ကွက်တည်းသားဖြစ်သူ ရှင်စိဏ္ဏာမှာလည်း မိုင်းစများထိမှန်ထားပါတယ်။ ကိုရင်လေး၏ ရုပ်ကလပ်တို့မှာ မြင်ရက်စရာမရှိပေ။ မွေ့ဖောင် အရူးတစ်ပိုင်းဖြစ်ရပါပြီ။
မောင်လေးကို ဘယ်သူတွေသတ်ခဲ့တာလဲ။ KIA က သတ်တာလား၊ ရှမ်းပြည်လွတ်မြောက်ရေးအတွက် ဆိုပြီး လူသစ်တွေဆွဲနေတဲ့ RCSS/
အစိုးရကျောင်းကကျောင်းသားလေးတွေ
လုပ်နေတာလား။ အစိုးရတပ်ရှိနေတော့ ရွာထဲဝင် ဆက်ကြေး ကောက်မရ၊ စော်ကားမရလို့ ဘယ်သူထိထိဆိုပြီး တမင်ဗုံးလုပ်ပြီး လမ်းဘေးချ လုပ်ကြံတာလား။ ပြည်သူတွေရဲ့ အပြစ်မဲ့သွေးတွေနဲ
့ ပြည်သစ်တည်ထောင်ကြမလို့လား။ ဒီလိုလူမိစ္ဆာတွေက ဘယ်လိုနည်းနဲ့ ပြည်သူတွေကို တရားမျှတစွာ အုပ်ချုပ်ကြမှာလဲ။ မွေ့ဖောင်နာကြည်းမုန်းတီးစွာ မေးခွန်းတွေ တစ်ခုပြီးတစ်ခုထုတ်နေမိတယ်။ ရွာဘေးကလယ်ကွင်းတွေလည်း မျက်ရည်ပင်လယ်ကြီးအဖြစ် မြင်နေရတယ်။
မုန်းစီးရွာ၊ ဝေဠုဝန်ကျောင်းက သာသနာ့ငွေကြယ်လေးကတော့ အကြမ်းဖက်သမားတွေကြောင့် ဒီဇင်ဘာ ဆောင်းနှင်းတွေနှင့်အတူ ကြွေလွင့်သွားရှာပါပြီ။ မငြိမ်းချမ်းသော အစွန်းရောက် အကြမ်းဖက်သမားတို့ နယ်မြေက ပြည်သူတွေရဲ့ ကံကြမ္မာကတော့ မိုးတိမ်မဲတို့ကြီးစိုးနေဆဲပါပ
ရာတဲ့ အပြစ်မဲ့သောသူတို့အနာဂတ်အတွက် မျှော်လင့်ချက်တွေ ကွယ်ပျောက်နေဆဲပါပဲ။
ငြိမ်းချမ်းရေးအလင်းရောင်က လာချေသော်လည်း တိမ်ညိုရိုင်းက မှိုင်းလွန်းလှတယ်လေ…
စိုင်းခမ်းခေး(မောဝ်မြေသစ်)
No comments:
Post a Comment