Labels

Wednesday, February 12, 2014

မြွေပွေးကို ခါးပိုက် မပိုက်မိပါစေနဲ့ USDP



ကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီ အနေနဲ့  မိမိ ပြည်သူနဲ့  မိမိ နိုင်ငံတော် ထက် မိမိ ပါတီ နဲ့  မိမိ ပါတီဝင် ထိခိုက်မှာကို ရှေ့ ရှု့ ပြီး ဖုံးကွယ် အကာအကွယ်ပေးခြင်းဟာ မိမိ ပါတီ ကို လူထုအယုံအကြည်မရှိအောင် လုပ်ရာရောက်သလို ၊ မိမိပါတီရဲ့  image ကို မိမိ ကိုယ်တိုင် ထိခိုက်စေနိုင်တဲ့ လုပ်ရပ်ဖြစ်တယ်ဆိုတာကို သတိထားစေချင်ပါတယ်..။

ဦးရွှေမောင် လွှတ်တော်ကိုယ်စားလှယ် (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီ )
ဦးရွှေမန်း လွှတ်တော် ဥက္ကဋ္ဌ (ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ)ဆိုတာ လူတိုင်းသိသလို..ဘယ်ပါတီဝင်တွေ ဆိုတာလဲ ပြည်သူအားလုံး အသိ ဖြစ်ပါတယ်..။ သို့ ပါသောကြောင့် ရိုးသားမှု့  ၊ ပွင့်လင်းမှု့  ၊ မြင်သာမှု့ တွေ နဲ့  ဖော်ဆောင်ပေးစေလို ပါတယ်..။

ပြည်သူအတွက် မကြည့်ပဲ ကိုယ့်ပါတီဝင် နဲ့ ကိုယ်ပါတီ ကိုပဲ ကြည့်မယ် ဆိုရင်.... မမှားသင့်သော အမှားကို ပါတီ အတွက်ရော ၊ လူထုအတွက်ပါ ၂ ခုစလုံးကို တစ်ပြိုင်နက် လုပ်ဆောင်ခြင်းဖြစ်တယ်ဆိုတာကို အသိပေးလိုက်ပါရစေခင်ဗျာ..။

ဦးရွှေမောင်ဟာ ဘင်္ဂလီအရေးမှာ သံသယ ဖြစ်စရာအကောင်းဆုံး လူတစ်ယောက်ပါ...အဲလို လူကို အကာအကွယ်ပေးမယ်ဆိုရင် အကာအကွယ်ပေးသူဟာ ကြံရာပါ အဖြစ်သက်ရောက်စေသလို.
..ပြုလုပ်သူကိုယ်တိုင်ဟာလဲ တိုင်းပြည်ရဲ့ သစ္စာကိုဖောက်ဖျက်တဲ့ ဘုံရန်သူပါပဲ.. အဲဒီကိစ္စကို ပါတီဝင်တွေကပါ ၀ိုင်းပြီး ဖုံးဖိထားကြမယ်ဆိုရင် ပါတီသည် လူထုရဲ့  ဘုံရန်သူအဖြစ်ကို တဖြည်းဖြည်း ကျရောက်လာမှာပဲ ဖြစ်ပါတယ်..။

သို့ ပါသောကြောင့် ပါတီ ရဲ့  ဂုဏ်သိက္ခာ နဲ့  လူထု ရဲ့  ယုံကြည်မှု့ ကို ရရှိစေရန် ဒီလိုကိစ္စကို ဖုံးဖိခြင်း ၊အကာအကွယ်ပေးခြင်းထက် ၊ ထုတ်ဖော်ခြင်း ၊ အပစ်ပေး အရေးယူခြင်းက သာ ပြည်သူများ၏ ယုံကြည်ကိုးစားမှု့ ကို ရယူနိုင်မည်ဖြစ်ကြောင်း၊ တိုင်းပြည်ကို သစ္စာစောင့်သိကြောင်း လုပ်ရပ်ကနေ ဖော်ထုတ်ပြသရာရောက်မှာဖြစ်ကြောင်း လေးစားစွာဖြင့် ဆန္ဒပြု တင်ပြလိုက်ပါရစေ..။

ဘင်္ဂလီလူမျိုးတစ်ဦးဖြစ်သော ဦးရွှေမောင်သည် နိုင်ငံသားမှတ်ပုံတင် ရရှိရေးကို လိမ်လှည့်စာရင်းသွင်း ရယူထားခြင်း ရှိ-မရှိ စစ်ဆေးသင့်ပါတယ်..။ တွေ့ ရှိပါက အရေးယူ သင့်ပါတယ်..။

နိုင်ငံတော်သိက္ခာကျဆင်းစေရန် သတင်းဌာနများနှင့် နိုင်ငံတကာအဖွဲ့အစည်းများသို့ မဟုတ်မမှန် သတင်းများ ဖြန့်ချိခြင်း ရှိ မရှိ ဖော်ထုတ်သင့်ပါတယ်..။၊ တွေ့ ရှိပါက အရေးယူ သင့်ပါတယ်..။

ရခိုင်ပြည်နယ်အတွင်း ဆူပူမှုများ ဖြစ်ပေါ်လာစေရန် လှုံ့ဆော်ခြင်း ၊ နိုင်ငံတော်အပေါ် သစ္စာဖောက်ဖျက်ခြင်း ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့အား ဂုဏ်သိက္ခာကျဆင်းစေရန် မဟုတ်မမှန် စွပ်စွဲပြောကြား အသရေဖျက်ခြင်း ရှိမရှိ စစ်ဆေး ဖော်ထုတ်သင့်ပါတယ်..။တွေ့ ရှိပါက အရေးယူ သင့်ပါတယ်..။

နိုင်ငံတော်အား အကြည်ညို ပျက်စေခြင်း စသည့် လုပ်ဆောင်ချက်များ လုပ်ဆောင်ခဲ့သည့် အထောက်အထားများ ရှိ မရှိ သက်ဆိုင်ရာ အာဏာပိုင် အစိုးရ အဖွဲ့ အစည်းများ၏ တရားဝင် စစ်ဆေးမှု့ ကို သက်ဆိုင်ရာ ပါတီ အနေနဲ့ လဲ ပူးပေါင်းပါဝင်ကာ ထောက်ခံ အားပေးသင့်ပါတယ်...။

Rule of Law ကို အကောင်အထည်ဖော်ကာ အစိုးရ အာဏာပိုင်အဖွဲ့ အစည်းများနှင့် လိုအပ်သလို ဆက်လက်ဆောင်ရွက်သင့်ကြောင်း ကြံ့ခိုင်ဖွံ့ ဖြိုးရေး ပါတီ နှင့် လွှတ်တော် ဥက္ကဋ္ဌကြီးအား လေးစားစွာ ဆန္ဒပြုလိုက်ပါရစေ ခင်ဗျာ..။ သိုမှသာ ဥပဒေအထက်မှာ မည်သူမှ မရှိကြမှာပဲ ဖြစ်ပါတယ်..။ ပြဋ္ဌာန်းထားသော ဥပဒေများသည်လဲ ထိရောက်စွာ အသက်ဝင် မှာပဲဖြစ်ပါတယ်.။

မည်သည့်ပါတီ မဆို ၊ မည်သည့် ပါတီဝင်မဆို မိမိ ပါတီနဲ့  မိမိ ပါတီဝင်အတွက် ထက် တိုင်းပြည်နဲ့  ပြည်သူအတွက်ကိုပဲ အဓိကဦးစားပေးကာ အလေးထားဆောင်ရွက်ကြမယ်ဆိုရင်....

ရွှေမောင်လိုကောင် ပေါ်လာစရာ အကြောင်းကို မရှိကြောင်းပါ ခင်ဗျာ.....။

လေးစားစွာဖြင့်
ဘစည်(စင်ကာပူ)
6.2.2014

No comments:

Post a Comment