ဗဟိုဝန်ထမ်းတက္ကသိုလ်ရဲ့
ရည်မှန်းချက်အတိုင်း တကယ်ဆောင်ရွက်နိုင်ပါပြီလား။ အထူးသဖြင့် အပိုဒ်(ဂ) က “လုပ်ငန်းပညာရပ်နှင့်
စီမံခန့်ခွဲမှု ပညာရပ်များကို သုတေသနပြုလုပ်ခြင်းနှင့် စာတမ်းများ၊ ကျမ်းများ ပြုစု
ဖြန့်ချိခြင်းဖြင့် ပညာရပ်များကို တိုးတက် ဖွံ့ဖြိုးစေရန်” ဆိုတဲ့ အချက်နဲ့ ပတ်သက်လို့ ဘာတွေလုပ်နိုင်ပြီလဲ။
ကနေ့အထိ ဘာတွေကို အမှန်တကယ် သုတေသန ပြုနိုင်ခဲ့သလဲ။ ကျမ်းတွေ စာတမ်းတွေ ဘယ်နှစ်စောင်
ဘယ်နှစ်အုပ်များ ထုတ်ဝေ ဖြန့်ချိနိုင်ခဲ့ပါသလဲ။
အပိုဒ်(က)
ရည်မှန်းချက်ကို အခြားဝန်ကြီးဌာနတွေက ၀န်ထမ်းတွေကို လုပ်ပေးနိုင်တာ မပေးနိုင်တာ ထားလိုက်ပါ ဦးဗျာ။
ရာထူးဝန်အဖွဲ့နဲ့ ၀န်ထမ်းတက္ကသိုလ်တွေမှာ ရှိတဲ့ ၀န်ထမ်းတွေကိုတောင် ဆောင်ရွက်ပေးနိုင်ပါသလား။
စီမံအုပ်ချုပ်ရေးအပိုင်းက တာဝန်ရှိသူတွေကိုယ်တိုင်ကရော မိမိတို့ အခန်းကဏ္ဍအလိုက် လုပ်ငန်းများကို
သေချာနားလည် သဘောပေါက်လျက် အံဝင်ခွင်ကျ ပါဝင်ဆောင်ရွက်နိုင်ပြီး ပြည်သူတို့အား အလုပ်အကြွေးပြုမည့်
ဝန်ထမ်းများ ဖြစ်နေပါပြီလား။
မိမိ
အဖွဲ့အစည်းကိုရော မိမိတို့ ကိုယ်တိုင်ရော ပြန်လည် ရီဗျူးလုပ်ဖို့ လိုနေပါပြီ။ ရည်မှန်းချက်အတိုင်း
မလုပ်နိုင်သေးသလို ကိုယ်အဖွဲ့အစည်းရဲ့ ဗီးရှင်း မစ်ရှင်တွေကို ဂဏသေချာစွာ မသိနားမလည်သေးတာက
အတော်ကို ဆိုးရွားလှပါတယ်။
ပညာရှင်တွေကို
လေးစားမှုမရှိသရွေ့၊ ပညာရှင်တွေကို နေရာ မပေးလိုသရွေ့၊ အဖွဲ့အစည်းရဲ့ ရည်မှန်းချက်တွေကို
မျက်ကွယ်ပြုပြီး ကိုယ်ကျိုးရှာနေကြသရွေ့၊ အုပ်စုဖွဲ့ပြီး ကိုယ့်အုပ်စုကို နေရာပေး အခွင့်အရေးပေးနေသရွေ့၊
အသုံးမကျ အရည်အချင်းရှိသူတွေကို ချောင်ထိုး အသုံးမကျ အရည်အချင်းမရှိသူတွေကို ပြည်ပ
အခွင့်အရေးပေး အရည်အချင်းရှိသူ၊ ပြည်ပကလေ့လာလာသူ တံဆိပ်ကပ် ရွှံ့ကိုရွှေချ ရွှေလုံးပလို့
လုပ်နေသရွေ့ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူးဗျာ။
ဗဟိုဝန်ထမ်းတက္ကသိုလ်ဆိုတာ
ဝန်ထမ်းလောကရဲ့ ပညာရှင်တွေနဲ့ စံနမူနာပြတည်ဆောက်ပြီး ၀န်ကြီးဌာန အသီးသီးက ၀န်ထမ်းတွေရဲ့
အရည်အသွေး အရည်အချင်းတွေ မြင့်မားပြီး ပြည်သူကို ဗဟိုပြု ၀န်ဆောင်မှု ပေးနိုင်သူတွေအဖြစ်
လေ့ကျင့်ပျိုးထောင်ပေးရမယ့် အဖွဲ့အစည်းပါ။
အဖွဲ့အစည်းကို
ဝန်ကြီးဌာနအသီးသီးက အားကိုး လေးစားရတဲ့ အဖွဲ့အစည်းအဖြစ် နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေး၊
စီမံခန့်ခွဲရေး၊ မူဝါဒရေးရာတွေကို နိုင်ငံတကာ ၀န်ထမ်းဦးဆောင်အဖွဲ့တွေလို လေ့လာ သုတေသနပြု
ဆွေးနွေးပွဲတွေလုပ်၊ အရပ်ဖက် အဖွဲ့အစည်းများ အပါအ၀င် အစိုးရ ဌာနပေါင်းစုံနဲ့ ဆဲ့မနာတွေ ၀ပ်ရှောတွေလုပ်လို့ စာတမ်းတွေ စာအုပ်တွေ
ထုတ်ဝေကာ နိုင်ငံတော် အကြီးအကဲတွေထံ အစီရင်ခံ တင်ပြတာ၊ ၀န်ထမ်းတွေနဲ့ ပြည်သူတွေ လေ့လာနိုင်ဖို့ စာအုပ်တွေ ထုတ်ဝေတာ လုပ်နိုင်တဲ့ အဖွဲ့အစည်းအဖြစ်
မြင်တွေ့လိုတဲ့ စေတနာမို့ နားလည်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ဗဟိုဝန်ထမ်းတက္ကသိုလ်၏
ရည်မှန်းချက်
(က) ပြည်သူ့ဝန်ထမ်းများသည် နိုင်ငံတော်၏ စီးပွားရေး၊ လူမှုရေးနှင့် ပြည်သူ့ရေးရာ
စီမံခန့်ခွဲရေး တာဝန်များကို ထမ်းဆောင်ရာတွင် မိမိတို့ အခန်းကဏ္ဍအလိုက် လုပ်ငန်းများကို
သေချာနားလည် သဘောပေါက်လျက် အံဝင်ခွင်ကျ ပါဝင်ဆောင်ရွက်နိုင်ပြီး ပြည်သူတို့အား အလုပ်အကြွေးပြုမည့်
ဝန်ထမ်းများ ဖြစ်လာစေရန်၊
(ခ) စီမံခန့်ခွဲမှုဆိုင်ရာ လက်တွေ့ ပြဿနာရပ်များကို စုပေါင်း ဆွေးနွေးခြင်းဖြင့်
အဖြေရှာရန်နှင့် အတွေ့ အကြုံများကို နှီးနှောဖလှယ်ခြင်းဖြင့် လုပ်ငန်းဆောင်ရွက်မှု အရည်အသွေးများ
တိုးတက်လာစေရန်၊
(ဂ) လုပ်ငန်းပညာရပ်နှင့် စီမံခန့်ခွဲမှု ပညာရပ်များကို သုတေသနပြုလုပ်ခြင်းနှင့်
စာတမ်းများ၊ ကျမ်းများ ပြုစု ဖြန့်ချိခြင်းဖြင့် ပညာရပ်များကို တိုးတက် ဖွံ့ဖြိုးစေရန်၊
(ဃ) နိုင်ငံတော် ကာကွယ်ရေးအတွက် အထောက်အကူပြုနိုင်စေရန်။
No comments:
Post a Comment