Labels

Wednesday, February 12, 2014

aပ်ါလစီရီဗျူး လုပ်ဖို့ လိုအပ်ပြီ



စိုက်ပျိုးရေးကို အခြေခံ၍ အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်
ဆောက်ရေး ဆိုတဲ့ ဆောင်ပုဒ်ဟာ တပ်မတော်အစိုးရလက်ထက်မှာ ချမှတ်ခဲ့တဲ့ စီးပွားရေးဦးတည်ချက်
လေးရပ်ထဲက ဗွေဆော်ဦး အချက်ပါ။ ဒီဦးတည်ချက်မှာ ပါတဲ့ စာသားအသွားအလာကို ကြည့်ရင် စိုက်ပျိုး
ရေးကဏ္ဍဟာ မြန်မာ့စီးပွားရေးရဲ့ ထိပ်တန်းဦးစားပေးလို့ ဖွင့်ဆိုနိုင်မယ်လို့ ထင်ပါတယ်။

Vision အရပြောရင် စိုက်ပျိုးရေးကဏ္ဍကို မြင့်တင်ပေးမယ်လို့ပြောပေသိ၊ စိုက်ပျိုးရေးကဏ္ဍကို ပုံ
ဖော်မယ့် strategy တွေကတော့ Vision နဲ့လိုက်လျောညီထွေမှုမရှိတာကိုတွေ့ရပါတယ်။ ခုလည်း ဒီအတိုင်း
ပဲလို့ ထင်ပါတယ်။

စိုက်ပျိုးရေးကဏ္ဍဟာ တိုင်းပြည်မှာ အရေးကြီးတယ်လို့ ပြောသည့်တိုင် တိုင်းပြည်မှာ စိုက်ပျိုးရေးနဲ့
ပတ်သက်လို့ တက္ကသိုလ်ဆိုလို့ တစ်ခုပဲရှိသေးတယ်လို့ သိရပါတယ်။ စိုက်ပျိုးရေးကို အခြေခံမယ့် နိုင်ငံတစ်ခုမှာ စိုက်ပျိုးရေးတက္ကသိုလ်တစ်ခုပဲရှိတာကို ကြည့်ရင် Vision ကိုချမှတ်တာနဲ့၊
ချမှတ်ထားတဲ့ Vision ကိုပုံဖော်မယ့် Strategy တွေ ဘယ်လောက်သွေဖီ (အံမ၀င်) နေသလဲဆိုတာကို
ဆန်းစစ်နိုင်မယ်လို့ ထင်တယ်။

စိုက်ပျိုးရေးနည်းပညာနဲ့ပတ်သက်ရင် မြန်မာနိုင်ငံဟာ အစ္စရေးနိုင်ငံကို ပညာတော်သင် လွှတ်ပေးလေ့
ရှိပါတယ်။ ဒီပညာတော်သင်တွေဟာ မြန်မာ့စိုက်ပျိုးရေးကဏ္ဍမှာ ဘယ်လိုထည့်ဝင်သယ်ပိုးလိုက်လို့ မည်သို့
သောရလဒ်တိုးတက်ဖြစ်ထွန်းမှု ရလားသလဲဆိုတာတွေကိုလည်း သိပ်မကြားမိပါဘူး။ ( လေ့လာမှုအားနည်းလို့လည်း ဖြစ်နိုင်ပါတယ် ) ခုတလော မြန်မာ့ပညာရေးနဲ့ ပတ်သက်လို့ ဆင်စွယ်ရဲတိုက်က ပညာရှင်အသိုင်းအ၀ိုင်းနဲ့ ပြင်ပကပညာရှင်အသိုင်းအ၀ိုင်းတို့အကြား ဆွေးနွေးငြင်ခုံးမှု တညံညံတွေနဲ့ စည်းကားသိုက်မြိုက်လာတာဟာဝမ်းသာစရာပါ။ သို့ပေသိ၊ ပညာရေးမူဝါဒချမှတ်တဲ့နေရာ
မှာ တိုင်းပြည်ရဲ့ စီးပွားရေးမူဝါဒနဲ့ အမြဲတစေ ချိတ်ဆက်စဉ်းစားဖို့ လိုမယ်လို့ ထင်ပါတယ်။
လွန်ခဲ့တဲ့နှစ် ၂၀ ကျော်ကာလအတွင်း ပညာရေးကို တိုးတက်ဖွံ့ဖြိုးအောင်လုပ်ကြပါစို့ရဲ့လို့ ရည်သန်
ပြီး၊ တက္ကသိုလ်ကျောင်းပေါင်း ၁၅၀ ကျော်၊ ၂၀၀ နီးပါး၊(ဒီကြားထဲ မာတီလ်မီဒီယာဆိုတာလည်း အသံကောင်းလုပ်ပြခဲ့ပါသေးတယ်) တည်ဆောက်ခဲ့တယ်။ ဒါ့အပြင် ဘွဲ့ရလူငယ်ပေါင်း သိန်းပေါင်းများစွာကိုလည်း မွေးထုတ်ပေးနိုင်ပေမယ့်၊ ဒီဘွဲ့ရလူငယ်တွေအတွက် အလုပ်အကိုင်အခွင့်အလမ်းဖန်တီးမှု၊ ဒီလူငယ်တွေအတွက် အသက်မွေးဝမ်းကျောင်းနဲ့ပတ်သက်တဲ
ဈေးကွက်နယ်ပယ်ကို မဖန်တီးပေးနိုင်ခဲ့တာကို တွေ့ရပါလိမ့်မယ်။ တိုင်းပြည်ရဲ့ Education Policy ကို
Economic Policy နဲ့ ကောင်းကောင်း မချိတ်ဆက်နိုင်သမျှကာလပတ်လုံး၊ ပညာရေးရဲ့ အရေးပါမှုတွေ
အဟောသိကံဖြစ်နေဦးမှာပဲ။Policy လို့ပြောရင် အရိုးစွဲနေတာက သမ္မတရဲ့ နှုတ်ထွက်
စကား၊ ၀န်ကြီးမင်းများရဲ့ နှုတ်ထွက်စကားတစ်ခွန်းဟာ Policy ပဲလို့ ထင်မှတ်မှားတတ်ကြပြန်ပါတယ်။
ဘယ်လိုမူဝါဒတွေ ချမှတ်တယ်ဖြစ်စေ၊ မူဝါဒကိုအကောင်အထည်ဖော်တဲ့ ယန္တရားရဲ့စွမ်းဆောင်ရည်
ကိုလည်း တစ်ချက် စေ့ငုံ ဆန်းစစ်ကြည့်ပြန်ရင်လည်းLow Capicity ဖြစ်နေတာက များပါတယ်။
ခုထက်ထိတိုင်၊ အပေါ်က ဘယ်လိုမူဝါဒတွေ ချမှတ်ပေသိ၊ အကောင်အထည်ဖော်ရမယ့် ဗျူရိုကရက်တစ်
ယန္တရားတွေကတော့ နှစ်ငါးဆယ်ကျော် အသားကျနေတဲ့အင်စတီကျူးရှင်းဟောင်းတွေကနေ ရုန်းထဖို့
မနည်းလုပ်ယူနေရတဲ့အဆင့်ပဲရှိနေသေးတယ်လို့ သုံးသပ်ရပါတယ်။

Vision နဲ့ Strategy နှစ်ခုဟန်ချက်မညီတာတွေ၊ မူဝါဒတစ်ခုနဲ့ တစ်ခု ချိတ်ဆက်ဆောင်ရွက်မှုတွေ
လစ်ဟင်းနေတာတွေ၊ မူဝါဒကိုအကောင်အထည်ဖော်မယ့် ယန္တရားရဲ့စွမ်းဆောင်ရည် နိမ့်ကျနေသေးတာ
တွေက မူဝါဒရေးရာ စိန်ခေါ်မှုတွေပါ။

တိုင်းပြည်မှာ ရှိသင့်ရှိထိုက်ပြီး၊ ချမှတ်အကောင်အထည်ဖော်သင့်တဲ့ မူဝါဒများစွာ လိုအပ်နေသေး
တယ်ဆိုတာ လူတိုင်းနီးပါး သိကောင်းသိနိုင်ပါတယ်။ လတ်တလော ဖြစ်သင့်တာက၊ ရှိနေပြီးသား၊ ချမှတ်
ပြီးသား မူဝါဒတွေကိုပဲ အကောင်အထည်ဖော်နေတာ ဘယ်အဆင့်၊ ဘယ်စခန်းအထိ ခရီးပေါက်မြောက်နေ
ပြီလဲဆိုတာကို ဝေဖန်ဆန်းစစ်၊ စောင့်ကြည့်အကဲဖြတ်မယ့် Policy Review လုပ်ဖို့လည်း လိုအပ်မယ်လို့
ထင်ပါတယ်။

ကျွန်တော်တို့တတွေ ရူးကြောင်မူးကြောင်နဲ့ အော်ခဲ့တဲ့ မြန်မာအားကစား ကမ္ဘာကိုလွှမ်းရမည်
(ဆီးဂိမ်းကာလအတွင်းမှာတော့ အာရှဘီလူးကြီးနိုးလာပြီလို့တော့ ပြောခဲ့၊ရေးခဲ့တာတွေ ရှိခဲ့ပါတယ်။
နောက်တော့ ဒီအသံတွေလည်း နေလာနှင်းပျောက်သဘောကို ဆောင်သွားခဲ့ပါတယ် ) ဆိုတာ ကျွန်တော်
တို့ရဲ့ Vision အဖြစ် ခပ်တည်တည်နေရာယူခဲ့ပါတယ်။ ဒီ Vision ကို အထမြောက်ဖို့ဆိုရင်တော့ ကမ္ဘာ့
အဆင့်အတန်းညီတဲ့ အုပ်ချုပ်ထောက်ပံ့မှုတွေ၊ Strategy တွေနဲ့ မ၀န်းရံနိုင်ခဲ့တာကြောင့် ကမ္ဘာမှာ အရယ်
ရဆုံး ဟာသစာရင်းထဲ ၀င်ခဲ့ရပါတယ်။ ထိုနည်းတူပဲ၊ ကျွန်တော်တို့ရဲ့ မြန်မာအစိုးရမင်းများရဲ့ မူဝါဒတွေ၊
Vision တွေကိုလည်း ကမ္ဘာမှာ အရယ်ရဆုံးဟာသစာရင်းထဲဝင်သွားမှာကို တာဝန်သိပြည်သူတစ်ယေက်
အနေနဲ့ စိုးထိတ်မိပါတယ်။

ကျော်ခန့်
ရည်ညွန်း။ ။ ကျော်ခန့်။ ။ The Trade Times Journal ISSUE 94 ။ စာ-၁၄။


 U Aye Kyaw Mhr I told most of the words from that article to my students of CSIS PGCPDD batch 7 class. I think someone from the class shared them to media or he himself/ she herself is from the media. Thats good. Thank u media. Only because of u, my remarks n opinions r spread. But, I want to add some missing points. Not only policy review is needed in Myanmar but also Policy Monitoring, Policy Analysis as well as Policy Evaluation Mechanism r urgently needed. Most of the ministries have no concrete n updated policies. The proper channel is from POLICY to LAW.

No comments:

Post a Comment