Labels

Thursday, February 20, 2014

PR ကိုနားမလည်၊ ပြည်သူကို ငါကိုင်တုတ်၊ တပ်ကထုတ်ပစ်သင့်တဲ့ ဗိုလ်ကြီး


အပေါ်က အမှန်တရားပေါ်ပေါက်ဖို့ စစ်ခိုင်းတယ်။ ဒါပေမယ့် အောက်က အရာရှိအချို့က အာဏာရှင်အကျင့်ဟောင်း မပျောက်သေးဘူးဆိုတာ ဒီဖြစ်စဉ်ကိုကြည့်တာနဲ့ သိနိုင်ပါတယ်။ ဒါပေမယ့် စစ်တပ်ဆိုတာ၊ စစ်သားဆိုတာ တစ်ယောက်မှ မကောင်းဘူးလို့ ၀ါးလုံးသိမ်းရမ်းလို့တော့မရဘူး။ တပ်မှာဖြစ်ဖြစ်၊ အရပ်မှာဖြစ်ဖြစ် ကောင်းတဲ့သူရှိသလို ဆိုးတဲ့သူလည်း ရှိတယ်ဆိုတာတော့ သတိချပ်စေချင်ပါတယ်။ ဒီ အသံဖိုင်မှာ ပါဝင်တဲ့ သူတွေမှာပဲ ပီအာနားလည်ပြီး လူသားဆန်သူတွေ ပါနေပါတယ်။ ရိုင်းစိုင်း မောက်မာတဲ့ အရာရှိဆိုးတစ်ယောက်ကြောင့် အရုပ်ဆိုး အကျည်းတန် သွားတယ်ဆိုတာကို မီးမောင်းထိုးပြတာပါ။
ပြည်သူကို ကာကွယ်ဖို့ မြေသိမ်းတာလား။ ပြည်သူကို ကာကွယ်ဖို့ ပြည်သူကိုယ် မိုးမွှန်အောင်ဆဲတာလား။ ပြည်သူကို လေးစားလို့ ပြည်သူတွေကို ထိုးလိုက်မယ်ဆိုပြီး ခြိမ်းခြောက်တာလား။ လေးစားပါတယ်ဗျာ။ ဒီလို စစ်အရာရှိတွေကြောင့် စစ်တပ်တစ်ခုလုံး အမည်ပျက်နေရတာ။ ပြည်သူ့ချဉ်ဖတ် ဖြစ်နေရတာကို ကုစားနိုင်ဖို့အတွက် ဒီလိုအရာရှိဆိုးတွေကို ထိရောက်တဲ့ အရေးယူမှုတွေ မပြုသင့်ဘူးလား။
အဆဲခံ၊ အဟောက်ခဲရတဲ့ လယ်သမားတွေက သူ့ထက် အသက်ကြီးသူတွေ၊ အဖေအရွယ်တွေ။ အမျိုးသမီး တစ်ယောက်လည်း ပါနေတယ်။ ဒါတောင် ဒီလို ရိုင်းစိုင်းတဲ့ မာန်တက်တဲ့ ခြိမ်းခြောက်တဲ့ ဟိန်းဟောက်တဲ့ အပြုအမူ အပြောအဆိုတွေက တပ်နဲ့ပြည်သူ မြဲကြည်ဖြူနိုင်ပါ့မလားဗျာ။
ကဲ… ဗိုလ်ကြီး ရဲ့ မောက်မာ ရင့်သီး ရိုင်းစိုင်းတဲ့ အသံချိုချိုလေးတွေ နားထောင်ကြည့်ရအောင်ဗျာ။ အောက်မှာ သူပြောခဲ့တဲ့ စကားအချို့ကို ဖေါ်ပြပေးလိုက်ပါတယ်။ အပြည့်အစုံကိုတော့ အသံဖိုင်မှာနားထောင်ကြည့်လိုက်ပါဗျာ။ လှည်းကူးမြို့နယ်၊ မင်းကုန်းမှာ ဖြစ်ခဲ့တာလေးပါ။
“ဘာမှမပြောနဲ့ ငါ့လီး။ …… မင်းတို့။ ငါက သူပုန်နယ်ထဲကလာတာ။ သိရဲ့လား။ ဧရိယာမရှိဘဲ စစ်တပ်လုပ်လို့ရမလား။ မင်းတို့ကိုကာကွယ်ဖို့ စစ်တိုက်ဖို့အတွက် ငါလိုးမသား ဒီနယ်မြေ မရှိလို့ မရဘူးကွာ။ ငါလိုးမသား ငါတို့ သူပုန်ထဲကလာတာ။ ကြားလား။ ရှမ်းသူပုန်၊ ကရင်သူပုန်၊ ကယားသူပုန် ငါတို့ တိုက်ခဲ့ပြီးပြီ။”
“ရှမ်းပြည်မှာ ငါက ဆောင့်ကန်ပစ်လိုက်တာ။ သတ်ပစ်လိုက်တာ။ ငါလည်း ရှမ်းပြည်မှာလုပ်ခဲ့တာ သိလား။ …… လုပ်ပစ်လိုက်တာ။ သတ်ပစ်လိုက်တာ သိလား။ ဒီမှာက အရင်တုန်းက ကွန်မြူနစ်နယ်မြေ။ မင်းတို့ ကွန်မြူနစ် အစွယ်အပွားတွေလား။ ရှမ်းပြည်မှာ သူပုန်လိုဆို သေသွားမယ်။ ယူဂျီလို အစွယ်အပွားလို လာမလုပ်မနဲ့။ ငါ့လီး။ တောက်လျှောက် သူပုန်ထဲမှာနေလာတာ။ ဘာကောင်တွေလည်းမသိဘူး။ ယူဂျီတွေလားမသိဘူး။ ဗကတွေလားမသိဘူး။ ဗကပ လက်ကျန်တွေလားမသိဘူး။ ငါလိုးမသားတွေ။ ထောင်ကျ ယူဂျီတွေပဲ။ ငါလိုးမသား Under Ground ယူတဲ့ကောင် ကပ်တီးကပ်ဖဲ့ကောင်။ ….. ငါလိုးမသားတွေ။ ”
1. https://drive.google.com/file/d/0BxjQoIYmAyQ0dml4R2xJVGtuUVE/edit?usp=sharing

2. https://drive.google.com/file/d/0BxjQoIYmAyQ0Zzk5cjZFU3ZiZkU/edit?usp=sharing
Google Drive lets you store up to 15GB of your stuff for free, access them from anywhere, and collaborate with others.
accounts.google.com

No comments:

Post a Comment