…ယခင်နေ့မှ အဆက်၊
ကျွန်တော်နှင့် ကိုသိန်းတန် - ၁
ယနေ့အချိန်အခါတွင် ညီအရင်း အစ်ကိုသဖွယ် နှစ်ကိုယ့်တစ်စိတ်သ ဖွယ် ဖြစ်နေသော ကျွန်တော်နှင့် ကိုသိန်းတန်သည် ငယ်စဉ်အခါက ရင်းရင်းနှီးနှီး မဆုံဆည်းဖြစ်ခဲ့ကြချေ။ ကျွန်တော်၏ ညီဖြစ်သူ အော်ကျော်ကိုမူ သိရှိကြသည်။ သို့သော် ကျွန်တော် အရွယ်ရောက်လာချိန်တွင် ဦးလှထွန်း+ဒေါ်သန်းစိန် ဆန်စက်ကို ကျီကုန်းတိုက်ဟု ခေါ်ဆိုနေကြပြီဖြစ်သော် လည်း မိသားစု အားလုံးကမူ ချောင်းဦးအစား ဆည်တော်ကြီးသို့ ရောက်ရှိနေကြပြီ ဖြစ်သည်။
ကျွန်တော့်ကို ဦးလှထွန်း+ဒေါ်သန်းစိန်မိသားစုနှင့် စတင်မိတ်ဆက်ပေးသည်မှာ ဌေးဝင်းကြောင့်ဟု ဆိုရပါ မည်။ ဌေးဝင်းသည် ဦးသောင်းတင် ဒေါ်ရှိန်းတို့၏ အငယ်ဆုံးသားဖြစ်ပြီး ကျွန်တော်နှင့် ငယ်စဉ်က အတူကြီးပြင်းလာကြသော ၀မ်းကွဲညီငယ်လည်း ဖြစ်ပါ သည်။
၁၉၈၈ အရေးခင်းကြောင့် ဖမ်းဆီးခံရမည်၊ ရဲစခန်းက ခေါ်ယူနေသည်၊ ၀ရမ်းထုတ်ထားသည် ဆိုသောကြောင့် နေအိမ်မှ တမ်းရှောင်နေချိန်တွင် ကျွန်တော်သည် ချောင်းဦးသို့ ပြန်လည်ရောက်ရှိ လာချိန်လည်း ဖြစ်ပါသည်။
ထိုအချိန်က တပ်မတော်ထောက်လှမ်းရေးနှင့် အဆက်အသွယ်ရှိသောကြောင့် ကျွန်တော့်ကိုလည်း ရှိန်းရှိန်း( ဒေါ်ရှိန်း)တို့က မယုံချေ။ ထောက်လှမ်းရေးနှင့် အဆက်အသွယ်ရှိနေတာလည်း မှန်ပါသည် အဘယ့် ကြောင့်ဆိုသော် ထိုအဖွဲ့အစည်းကလည်း ကျွန်တော့်ကို စောင့်ကြည့်နေချိန် ဖြစ်နေပါသည်။
ယင်းကာလများသည် ကျွန်တော့်အား တွေ့လျှင် ပြောလက်စ စကားများရပ်သွားကြပြီး တီးတိုး တီးတိုးသဖန်းပိုး လုပ်နေကြချိန်ဟု ဆိုရပါမည်။ နောက်ပိုင်းတွင်မှ တစ်မြို့နယ်လုံးတွင် အကူညီလိုအပ် ပါက ကူညီဆောင်ရွက်ပေးကြောင်း ကြားသိလာရပြီး ပြောဆို ဆက်ဆံလာကြပါသည်။ ထိုအချိန်ကတည်းက လူတစ်ဦးအဖို့ စေတနာသည် အဓိကဖြစ်ကြောင်း သိရှိလာရပါသည်။
ဌေးဝင်းကို စိတ်ချရအောင် ရှိန်းရှိန်းက ပို့ပေးထားသော်လည်း၊ ပြန်လာစေလိုသောစတ်ဖြင့် ကျန်းမာရေး ထိချုက်လာသူမှာလည်း ရှိန်းရှိန်းပဲ ဖြစ်ပါသည်။ နောက်ဆုံးကျတော့ ကျွန်တော်ပဲရန်ကုန် ခေါ်သွားပြီး စိတ်ချရအောင် လုပ်ပေးခဲ့သည်။ မြို့နယ် တရားရုံးနှင့် ရဲစခန်းတို့တွင် ဥပဒေနှင့်အညီဖြစ်စေရန် ဆောင်ရွက်ခဲ့သည်။ တက္ကသိုလ် ပြန်တက်ခိုင်း သော်လည်း မတက်ချင်ဟု ပြောသဖြင့် ကွယ်လွန် သွားသည်အထိ ကျောင်းပြီးအောင် နေမသွားခဲ့ရချေ။ ကျွန်တော် နောက်ဆုံးနှစ် စာမေးပွဲ ဖြေပြီးချိန် ဘွဲ့ဝတ်စုံဖြင့် အတူတူဓါတ်ပုံရိုက်ခဲ့ကြ သဖြင့်သာ ယင်း ဓါတ်ပုံသည် အမှတ်တရအဖြစ် ကျန်နေရစ်သည်။
နောက်ဆုံး နွေနေ့လည်ခင်း တစ်ရက်တွင် ဌေးဝင်းက လာခေါ်ခိုင်းသဖြင့် ကျွန်တော် မန္တလေးသို့ သွားခေါ်ရသည်။ ထိုအချိန်ကြမှပင် ဦးလှထွန်း+ ဒေါ်သန်းစိန်ကို စပြီး တွေ့ဘူးသည်။ ကံဆိုးချင်တော့ နောက်တစ်ရက်တွင် ဦးလှထွန်း သစ်စက်အား ထောက်လှမ်းရေးက လာပြီးဖမ်းသည်ဟု ဆိုသဖြင့် “ ဒါကိုကြိုသိလို့ ကိုစောလှထွန်းက သူ့ညီကို လာခေါ်တာ နေမှာ “ ဟု ဘေးက ဆိုကြကြောင်းကြားသိရသည်။
ထိုအချိန်က ဌေးဝင်းကို သွားခေါ်ပေးသဖြင့် ယနေ့အထိ မေ့မရနိုင်သော ၀မ်းသာပီတိများကို ခံစားခဲ့ရပါသည်။ ပထမတစ်ခုမှာ ရှိန်းရှိန်း၏ ဆန္ဒကို ဖြည့်ဆည်းပေးနိုင်ခြင်း၊ သံသယစိတ်ကို ချေဖျက်ပေးနိုင် ခြင်း ဖြစ်ပါသည်။
ဒုတိယတစ်ချက်မှာ ဦးလှထွန်း+ ဒေါ်သန်းစိန် မိသားစုနှင့် ထဲထဲဝင်ဝင် ရင်းရင်းနှီးနှီး ဆုံဆည်းခွင့် ရခဲ့ခြင်းပင်ဖြစ်ပါသည်။ စတင်ပြီး တွေ့ဆုံရမှုသည် လာခြင်းကောင်းသော တွေ့ဆုံခြင်း မဟုတ်သော်လည်း ကျွန်တော်၏ စိတ်စေတနာကို လူကြီးနှစ်ဦးက အသိအမှတ်ပြုကြောင်းကို နောက်ပိုင်းတွင် ဂဃနဏ သိရှိလာရပါသည်။
ထိုအချိန်ထိ ကိုသိန်းတန်နှင့် ဆုံဆည်းခွင့် မရသေးချေ။ သို့ရာတွင် ရွှေလုပ်ကွက်တစ်ခုနှင့် စပ်လျဉ်းပြီး ရန်ကုန်သို့ သွားပေးရန် လူကြီးများကို ပြောပေးရန် ဌေးဝင်းက လာပြောပြီးချိန်မှ စတင်၍ ဆက်ဆံရေး တစ်ခေတ် စတင်ပါတော့သည်။
ပထမဦးဆုံး ဆောင်ရွက်ပေးရသော လုပ်ငန်း သည် မအောင်မြင်ခဲ့ပါ၊ ထို့ကြောင့် ထိရောက်စွာ ကူညီမှု မပေးနိုင်သဖြင့် စိတ်မကောင်းဖြစ်ရသည်။ သို့သော် ဒေါ်လာဖြင့်(နိုင်ငံခြားငွေဖြင့်) စက်သုံးဆီ ထုတ်ယူသည့် လုပ်ငန်းကိုမှု ဆောင်ရွက်ပေးနိုင်ခဲ့ ပါသည်။
ရွှေပြည်သာဘုရား
တစ်ရက်တွင် ဦးတင့်ဝေ၊ ကိုအောင်မြိုင် တို့က လာပြောပါသည်။ ပုပ္ပါရုံ ဘုရားကွင်းကို ဒေါ်သန်းစိန်က အုတ်တံတိုင်းခတ်ဖို့ သိန်း ၂၀ လှူမယ်တဲ့၊ ကောင်းတာ ပေါ့ဗျာဟု ပြောလိုက်သည်။ ကျွန်တော်တို့ အရွယ်ရောက် ကတည်းက ပုပ္ပါရုံတောင်ကျောင်း၊ ပုပ္ပါရုံမြောက်ကျောင်း ဟူ၍ ရှိခဲ့သည်။
ဒီနေရာတွင် စကားဖြတ်ပြီး ပြောစရာ ရှိသည်။ ချောင်းဦးမြို့သည် မည်သည့်မြို့နယ်နှင့်မျှ မတူသော အချက် တစ်ချက်ကိုတွေ့ရသည်။ ရွာသစ်ကျောင်း၊ ရိပ်သာကျောင်း၊ ဓမ္မာရုံစာသင်တိုက်၊ မိုဃ်းကဲကျောင်း၊ (ဆည်ကြီးကျောင်း၊ ၀င်္ခယမန်ကျီးတောကျောင်း၊ ကံမကျောင်း၊ အရှေ့ ရွှေကျောင်း၊ အနောက်ရွှေကျောင်း၊ ကျောင်းကြီးကျောင်း၊ ချမ်းသာကြီးကျောင်း၊ ဘုံစံကျောင်း၊ ဘုံပျံကျောင်း၊) ကံကြီးကျောင်း၊ ပုပ္ပါရုံတောင်ကျောင်း၊ ပုပ္ပါရုံမြောက် ကျောင်း၊ တာဦးကျောင်း၊ ကံဆွယ်ကျောင်း၊ ရတနာတောင်စဉ်ကျောင်း၊ သုံးထပ်ကျောင်းဆိုပြီး ကျောင်း ၂၀ ကျောင်းသည် လည်းကောင်း၊ ရွှေတောင်စာသင်တိုက်၊ ဓမ္မိကာရာမကျောင်း၊ ရွှေသိမ် တော်စာသင်တိုက်၊ သရက်ကန်တောင်ကျောင်း၊ သရက် ကန်မြောက်ကျောင်း၊ ဇေတ၀န် ကျောင်း၊ ခံတောကျောင်း၊ မအုတ်ကျောင်း၊ ထီးလှိုင်ရှင်ကျောင်း၊ ဆုတောင်းပြည့် ကျောင်း၊ ရွှေစေတီကျောင်း၊ ဟူ၍ကျောင်း ၁၁ ကျောင်း တို့သည်လည်း အတန်းလိုက် တည်ရှိပြီး ချောင်းဦးမြို့ကို တောင်မှ မြောက်၊ အရှေ့မှ အနောက်သို့ တည်ရှိခဲ့ရာ ရှေးယခင်က သာသနာ မည်မျှထွန်းကားခဲ့သည်ကို မှန်းဆကြည့်နိုင်ပါသည်။
ထို့ကြောင့်ပင်လျှင် ၀ါဆိုလဆန်း ၈ ရက် နေ့မှ သီတင်းကျွတ် လပြည့်နေ့တိုင် ၀ါတွင်း ဥပုသ်နေ့တိုင်း ဘုရားပွဲများရှိနေခြင်းဖြစ်ပြီး ဘုရားပွဲတကာ လှည့်ပြီးသွား လာနေသူတို့က အမှတ်သင်္ကေတအဖြစ်၊ ပါးစပ်လင်္ကာ ပြောဆိုထားခဲ့ကြသည်။ “ ဆု၊ ဖြူ၊ တာ၊ ကြီး၊ သုံး၊ ထီး၊ မှန်၊ ရှန်၊ ကဲ၊ သစ်၊အုပ်၊ တော၊ ဆွယ်၊ ပုတ်၊ ကြီး၊ ၀ါကျွတ် “ ဟူ၍ ဖြစ်သည်။
ပုပ္ပါရုံတောင်ကျောင်းတွင် ဘုရားပျက် သုံးဆူ၊ လှိုဏ်ဂူဘုရားတစ်ဆူ၊ နဂါးရုံဘုရားနှင့် ငှက်ပစ်ကြသော ထနောင်းပင်ညီနောင်၊ အဲဒီအပင်ခြေက ရေဗွက် ရေချိုင့်၊ သိမ်ဇရပ်၊ ဒေါ်ငွေစိန် အကျော်တဲတို့ ရှိခဲ့သည်။ အမြင့်နယ်မှ လာသမျှ လှည်းတို့သည် ထိုဘုရားကွင်းတွင် ချွတ်ကြ၍ ကျင်ကြီး ကျင်ငယ် စွန့်ရာ နေရာလည်း ဖြစ်နေသည်။ မန်ကျီးပင်အောက်တွင် မသတီစရာ ကွန်ဒုံးများကိုလည်း တွေ့ရသည်ဟု ဆိုကြ၏၊ ညောင်ပင်ရပ်အရှေ့ပိုင်း ဦးအောင်မြင့်+ ဒေါ်နု အလှူည က မိန်းကလေးတစ်ဦး ယောက်ကျားလေး ၄ ဦးခန့် နှင့် ပြသနာဖြစ်ရာနေရာသည်လည်း ဒီဘုရားကွင်း ထဲမှာပင် ဖြစ်သည်။ ဘုရားလှိုင်ထဲက လင်းဝက်များကို သတ် သူမရှား၊ ကပ်လျှက် မန်ကျီးပင်ပေါ် တောကြောင် လိုက်ကြတာကိုလည်း တွေ့ဖူးသည်။
ဒေါ်ငွေစိန် အကျော်တဲတွင် အကျော်စားပြီး ထမင်းကျန် ဟင်းကျန် စွန့်ရာ အရပ်လည်းဖြစ်ခဲ့သည်။ ယခုတော့ အချိန်တန်ပြီထင်သည်။ အလှူရှင် ဒေါ်သန်းစိန်က နဂါးရုံဘုရားတွင် အဓိဌာန်ပြီး အုတ်တံတိုင်းလှူသည်။ နောက်တော့ ဘုရား ၃ ဆူပြင်ခြင်း၊ ဓမ္မာရုံတည်ခြင်း၊ ရွှေထီးတော်အသစ် တင်လှူခြင်းကုသိုလ်ကောင်းမှုပြုသည်။ ထီးတင်အပြီး တွင် ရွှေတောမှ တပည့်တစ်ယောက်လိုက်လာသည်။ “ အမေစိန် အင်းထဲက ရွှေကြော တွေ့လို့ လိုက်ခဲ့ပါတဲ့ “ ဘေးမှ ကြားရရုံနှင့်ပင် ၀မ်းသာမိသည်။ ကုသိုလ်သည် ချက်ခြင်း အကျိုးပေးပြီ။
ကိုသိန်းတန်က စကျင် ဆင်းတုတော်ကို ရွှေချပြီး ဓမ္မာရုံတွင် အပူဇော်ခံရန် လှူသည်။ ဂေါပကအဖွဲ့ တိုင်ပင်ပြီး ပလ္လင်တော်ပြင်ကြသည်။ ကိုယ်တိုင် ကုသိုလ်ယူပြီး ကားပေါ်မှ ပင့်ကြသည်။ ဘုရားဘွဲတော် ဘယ်လိုပေးမလဲ “ ကိုစောလှထွန်း စဉ်းစားဗျာ “ တဲ့၊ ဘွဲ့အမည်သည် သူတို့ မိသားစုကိုလည်း သက်ဆိုင်စေ လိုသည်၊ အများပြည်သူလည်း ကြည်ညိုစေလိုသည်၊ ဘယ်လိုဘဲ စဉ်းစား၊ စဉ်းစား ရျွေပြည်သာ အမည်ထက် ကောင်းတာ ရှာမတွေ့၊ သို့နှင့် ရွှေပြည်သာဘုရားနှင့် ရွှေပြည်သာဓမ္မာရုံ ဟုပင် အမည်ပေးရန် ဆုံးဖြတ်ကြရာ ယင်းအမည်ပင် တွင်သွားသည်။
ထို့နောက်တွင် ဦးဘမော်+ ဒေါ်သိန်းနွဲ့အား အမှူးထားပြီး ဒေါ်ကြည်ကြည်နွယ်က ရှစ်မျက်နှာ လှိုဏ်ဂူဘုရား တည်သည်။
ဦးကျောက်+ ဒေါ်မြင့်ကြည် (ကွမ်းသီး) တို့က ရုပ်ပွားတော် တည်သည်။
ဦးသိန်းဆောင်+ ဒေါ်စောမြက ဘိုးဘွားဘုရားကို ပြင်သည်။
ဦးသိန်းတန်က နှစ်စဉ် ဘုရားပွဲကို အစ်ကိုဖြစ်သူ ဦးမျိုးမြင့်သန်းနှင့်အတူ ကမကထပြုပြီးနှစ်စဉ် ကျင်းပ သည်။ ငွေကျပ် ၅ သိန်း၊ ၃ သိန်းမှအစ၊ ဆိုင်ကယ် အလယ်၊ စောင်နှင့် အိတ်များအဆုံး လှူသည်။ ရောက်တိုင်းလည်း ပိုက်ဆံကြဲသည်၊ ပိုက်ဆံဝေသည်။
မိုးခေါင်သည့် နှစ်များတွင် ကြီးတောဖြစ်သည့် သန်းပင်ကန်၊ ကိုးတောင်ကန်၊ နွယ်ခွေ၊ ချောင်းမ၊ နတ်ရေကန်၊ ကျောက်စစ်ကန်တို့မှ ပြည်သူများကို ဆန်၊ ဆီ အလှူပေးရာ ဘူမိနက်သန်လည်း ဖြစ်လာသည်။ တရားပွဲများကျင်းပပေးသည်။
ဆက်လက်ဖေါ်ပြပါမည်..
No comments:
Post a Comment