Labels

Wednesday, January 29, 2014

၂ဝ၁၂ ခုနှစ် စာပေနိုဘယ်လ်ဆုရ တရုတ်စာရေးဆရာ Mo Yan


လူနှစ်မျိုးကို ကျွန်တော်လေးစားတယ်....
ငယ်ရွယ်ချိန်တုန်းက ယောက်ျားကိုအဖော်ပြုပြီး ဘဝကို ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်းဖြတ်ကျော်တဲ့မိန်းမနဲ့
ချမ်းသာကြွယ်ဝလာချိန်မှာ မိန်းမကိုအဖော်ပြုပြီး နေ့ရက်ကောင်းတွေကို ဖြတ်ကျော်တဲ့ယောက်ျားဖြစ်တယ်။

လူနှစ်မျိုးကို ကျွန်တော်ဝေးဝေးရှောင်တယ်...
ခွင်ကောင်းပြီဆို လက်ဝင်ပါတတ်တဲ့လူနဲ့
အခက်အခဲနဲ့ကြုံပြီဆို ရှောင်ပုန်းတတ်တဲ့လူဖြစ်တယ်။

လူနှစ်မျိုးကို ကျွန်တော်သတိရတယ်...
အခက်အခဲကြုံချိန် အချင်းချင်းရိုင်းပင်းကူညီတဲ့ချစ်သူနဲ့
အချင်းချင်းအပေါ် သစ္စာရှိရိုးသားတဲ့သူငယ်ချင်းဖြစ်တယ်။

လူနှစ်မျိုးကို ကျွန်တော်ငြင်းဆန်တယ်....
အလုပ်နဲ့ပတ်သက်ပြီး ကိုယ်ကျင့်တရားပျက်ပြားတဲ့လူနဲ့
အလုပ်လုပ်တဲ့အခါ အမှန်တရားမရှိတဲ့လူဖြစ်တယ်။

လူနှစ်မျိုးကို ကျွန်တော်တာဝန်ယူတယ်...
ကျွန်တော့်ကို မွေးတဲ့လူနဲ့
ကျွန်တော်က မွေးတဲ့လူဖြစ်တယ်။

လူနှစ်မျိုးကို ကျွန်တော်တန်ဖိုးထားတယ်...
စိတ်ထဲကနေ ကျွန်တော့်ကို သတိရတဲ့လူနဲ့
ကျွန်တော့်ကို တကယ်သတိတရရှိတဲ့လူဖြစ်တယ်။


*** Mo Yan ၂ဝ၁၂ခုနှစ် စာပေနိုဘယ်လ်ဆုရ တရုတ်စာရေးဆရာ

ဗုဒ္ဓမြတ်စွယ်တော်


(GMT+08:00) 2011-11-16 17:30:58
    တရုတ်ပြည်သူ့သမ္မတနိုင်ငံမှပြည်ထောင်စုမြန်မာနိုင်ငံတော်သို့ စတုတ္ထအကြိမ်အဖြစ် ဗုဒ္ဓမြတ်စွယ် တော်ပင့်ဆောင်ပူဇော်သည့်အခမ်းအနားသို့ပါဝင်ပင့်ဆောင်ဖူးမြော်ခွင့်ရခဲ့တာဟာ တန်ဖိုးမဖြတ်နိုင်တဲ့ အခွင့်အရေးတစ်ခုဖြစ်သလို၊အဲလိုပါဝင်ခွင့်ရအောင် ခွင့်ပြုပေးတဲ့သက်ဆိုင်ရာအကြီးအကဲများနဲ့ ညီမ ငယ်ခင်ဆွေဆွေဝင်းကို အလွန်ကျေးဇူးဥပကာရတင်မိပါတယ်။
    တရုတ်ပြည်၊ပီကင်းမြို့ကိုစတင်ခြေချပြီဆိုကတည်းက ဗုဒ္ဓမြတ်စွာဘုရားရဲ့ အထက်လက်ဝဲဘက် မြတ်စွယ်တော်ကိန်းဝပ်စံပယ်လျက်ရှိတဲ့ မြို့ကြီးကိုရောက်လာပြီပဲဆိုပြီး၊အလွန့်အလွန်ဝမ်းသာကြည် နူးနေမိပါတယ်။ဒါကြောင့် ဗုဒ္ဓမြတ်စွယ်တော်ကိန်းဝပ်စံပယ်တည်ရှိရာနေရာ Ba Da Chu ကိုအရောက် သွားချင်ခဲ့မိလို့ စကားစပ်မိတိုင်းပြောဖြစ်နေတာကြောင့်၊ကျွန်မရဲ့လုပ်ဖော်ကိုင်ဖက်တွေဖြစ်တဲ့ မေကြော့ရှင်း နဲ့နွဲ့ကြိုင်ကြိုင်တို့ကလိုက်ပို့ပေးလို့ပထမဆုံးအကြိမ်ဖူးမြော်ခွင့်ရခဲ့ပါပြီ၊ဒါပေမဲ့အဲဒိတုန်း ကတော့ မြတ်စွယ် တော်ကိန်းဝပ်ရာစေတီတော်ကိုပဲ ဖူးမြော်ခွင့်ရခဲ့ခြင်းဖြစ်ပါတယ်၊ဘာလို့ဆိုတော့ ပီကင်းမြို့ရှိ ဗုဒ္ဓမြတ် စွယ်တော်တိုက်ကိုအမြဲတစေဖူးမြော်ခွင့်မရလို့ပါပဲ၊သတ်မှတ်ထားတဲ့အဖွဲ့ အစည်းနဲ့သတ်မှတ်ထားတဲ့ နေ့ရက်တွေမှာပဲအများပြည်သူတို့ကိုဖူးမြော်ခွင့်ပေးပါတယ်။ အဲလိုမျိုးဖူးမြော်မှုကိုသုံးကြိမ်တိုင်တိုင် ဖူးမြော်ရင်းနဲ့ပဲ ကြည်နူးမှု၊ပူဇော်မှု၊လေးစားမှုများစွာ ကိုတင်းတိမ်စွာနှလုံသွင်း ရင်းနေလာရက တစ်နေ့မှာတော့ အခု ပီကင်းမှာ မြတ်စွယ်တော်တိုက်ထဲ ၀င်ရောက်ဖူးမြော်ခွင့်ရတယ်ဆိုတဲ့သတင်း လည်းကြားရော၊ဘယ်လိုနေလို့ရတော့မ လဲ၊သွားပြီးဖူးမြော်ချင်တဲ့စိတ်များကြောင့်၊ပီကင်းမြို့ကို ပညာတော်သင်အဖြစ်နဲ့ရောက်လာကြတဲ့ ကျောင်းသူကျောင်းသားများနဲ့ သွားရောက်ဖူးမြော်လိုက်ရတဲ့အခါ ရရှိတဲ့ကြည်နူးမှု၊၀မ်းမြောက်မှု၊ယုံကြည်သက်ဝင်မှုများကတစ်စတစ်စ ဖြစ်တည်လာပြီး၊အခုလိုဒုတိယ အကြိမ်ဖူးမြော်ခွင့်ရခဲ့ပြီဆိုတော့ အေးလှတဲ့ပီကင်းရာသီနဲ့အပြိုင်အေးမြတဲ့စိတ်ခံစားမှုရလဒ်ကုသိုလ်၊
    ကျွန်မပွားများတဲ့ဘာဝနာကုသိုလ်အစုစုတို့အတွက် ကမ္ဘာပေါ်ရှိလူသားများအားလုံး သာဓုအနုမောဒနာ ပွားများနိုင်ကြပါစေလို့……………

ကြုံတောင့်ကြုံခဲ မြန်မာထမင်းပွဲ


(GMT+08:00) 2012-03-23 18:01:06
    လူတိုင်းလူတိုင်းမှာတော့ မေ့မရနိုင်တဲ့အကြောင်းလေးတွေ အနည်းနဲ့ အများကတော့ရှိတတ်ကြ စမြဲ ပါပဲ။ ကျွန်မတို့ ပီကင်းရောက် မြန်မာတွေရဲ့ မြန်မာထမင်းပွဲလေးကလည်း မေ့မရနိုင်တဲ့အကြောင်း လေးတစ်ရပ် ဖြစ်လို့လာခဲ့ရပါတယ်။ ပီကင်းရောက်မှ မြန်မာထမင်း၊မြန်မာဟင်းတွေ မစားဖြစ်တာ ကြာနေကြပြီ ဖြစ်တာမို့ ပီကင်းရောက်မြန်မာမိသားစုလေးတွေလည်း ဆြုံဖစ်စေ၊ အာသာလေးတွေ လည်းပြေသင့်သလောက်ပြေကြစေဖို့ ကျွန်မတို့တွေ အခုလို ပွဲလေးဖြစ်လာအောင် လုပ်ခဲ့ကြတာပဲ ဖြစ်ပါတယ်။
မေ့လို့မရဖြစ်နေမှာမို့ နေ့စွဲလေးလည်း အမှတ်တရထည့်ရေးလိုက်ပါရစေဦး။ မတ်လ ဆယ့်တစ်ရက် နေ့ နှစ်ထောင့်ဆယ့်နှခုနှစ်ပေါ့။ဒီနေ့ဟာ ကမ္ဘာတစ်ဝန်းလုံးနဲ့ ဂျပန်နိုင်ငံအတွက်  မမေ့နိုင်တဲ့ နေ့တစ်နေ့လည်းဖြစ် တာမို့ အားလုံးသတိထားမိကြမယ်လို့တော့ ထင်ပါရဲ့၊ မနှစ်က ဒီနေ့ ဒီရက် လေးဟာ ဂျပန်နိုင်ငံမှာ ဘေးဆိုးကြီးကြုံခဲ့တဲ့နေ့ကြီးပါလားလို့လည်း တွေးမိကောင်းတွေးမိ နေ ပါမယ်။ ဒါပေမဲ့ ကျွန်မတို့အတွက်တော့ အမှတ်တရရှိနေမယ့် နေ့လေးတစ်နေ့ပဲ ဖြစ်ပါတော့တယ်။
ချက်ပြုတ်ရေး တာဝန်ယူရတဲ့ ကျွန်မတို့ မိန်းကလေးအဖွဲ့တွေက(ကျွန်မတို့ ဆိုပေမဲ့ ကျွန်မက ဆားဖြူး ရုံသက်သက်လောက်ပါ) ဘာတွေချက်ကြမလဲ၊ ဘယ်လောက်ချက်ကြမလဲနဲ့ တော်တော် လေးခေါင်း ချင်းရိုက်ခဲ့ကြပါတယ်။ စိတ်ရောလူရော ပင်ပန်းခဲ့ရတဲ့ ညီမလေးတွေကိုလည်း ပိုပြီးတော့ သံယောဇဉ်တိုး ချစ်ခင်မိပါတယ်။ မအားတဲ့ကြားက တမင်အားအောင်လုပ်ယူပြီးလာရတဲ့ မောင်နှမ         တွေ အားလုံးကိုလည်း အရမ်းကျေးဇူးတင်ပါတယ်။
အသားဟင်းတွေ၊ ခရမ်းချဉ်သီးချက်စပ်စပ်လေးနဲ့ သီးစုံကုလားဟင်းက ကောင်းသလို၊  ငါးပိနဲ့ တို့စရာမြိုင်မြိုင်လေးကလည်း ခံတွင်းတွေ့စေပါတယ်။ ကိုယ်စီကိုယ်စီယူလာကြတဲ့ သစ်သီးတွေ၊ သရေစာတွေဆိုတာကလည်း တစ်ပုံတစ်ပင်ပါပဲ။ ဆင်ပါးစပ်နှမ်းပက် သလို လက်ဖက်သုပ်လေး ကလည်း ပါရတာပေါ့။
တစ်ခုပဲပြောစရာရှိတာက အားလုံးက ဧည့်သည်တွေပဲဖြစ်နေတာမို့ ကိုယ့်အိမ်ကိုယ့်ရာလိုတော့ ဘာမှပြည့်စုံမှု မရှိခဲ့ပါဘူး။ ဒါပေမဲ့ အားလုံးရဲ့ စိတ်ကိုယ်စီမှာ ခင်မင်မှု၊ နားလည်မှုတွေနဲ့ ပြည့်ဝ နေတာကိုက သိပ်ကြည်နူးဖို့ကောင်းတဲ့အချက်တစ်ချက်ပဲ ဖြစ်ပါတယ်။ နောက်ထပ် ကြည်နူးနိုင်ကြ စေဖို့ ကျွန်မအတွေးလေးနဲ့ လုပ်ထားတာလေးကတော့ လူတိုင်းရဲ့ ရင်ထဲက ခုန်ပျံထွက်လာတဲ့ အမှတ်တရ စကားသံလေးတွေပါ။
အဘ ပြောလာတဲ့ စကားလေးက "  ပျော်ပါတယ် "
" အားလုံးကိုခင်ပါတယ်လို့ " ဆိုလာတဲ့ ကိုလှိုင်ပါ…
" အခုလိုဆုံဖို့ဆိုတာ ကြုံရခဲပေမဲ့ ရှေးရေစက်ကြောင့် ဆုံတွေ့မှုလေးကို ၀မ်းသာမိပါတယ်လို့ " ပြော လာသူကတော့ ကိုရဲ ပါပဲ…
ကိုဇော်ကြီးကတော့ " မြန်မာအဖွဲ့တွေ မကြာခဏဆုံကြမယ်" တဲ့လေ…
"မြန်မာအဖွဲ့ အခုလို ညီညီညွတ်ညွတ်နဲ့ တွေ့ရတာပျော်တယ်၊ နောက်လည်း တွေ့ချင်တယ်လို့" ဆိုလာတဲ့ ဦးညွန့်ပါ…
ကျွန်မတို့ရဲ့ organizer ကြီး ကိုညီက ဒီလိုပြောပါတယ်…" အခုလိုစည်းစည်းလုံးလုံး တွေ့ရလို့ အရမ်းဝမ်းသာပါတယ်၊ အခက်အခဲတွေကို စုပေါင်းဖြေရှင်းရင်း ရည်မှန်းချက်ပန်းတိုင်ကို သွားချင်တယ်ဗျာ၊ အားလုံးကိုကျေးဇူးတင်ပါတယ်"
နောင်တတွေကို မုန်းနေတယ်လို့ထင်ရတဲ့ ကိုဝင်းထွန်းကတော့ " ဘ၀မှာ နောင်တမရအောင် နေကြပါ။ " တဲ့လေ…
" အားလုံးကိုတွေ့ရတာ ၀မ်းသာနေတဲ့" ကိုနိုင်လင်းရဲ့ စကားသံလေးပါ…
ကိုကျော်ဇင်ကတော့ အပျော်မျက်နှာကြီးနဲ့ " အပတ်တိုင်းဆုံချင်ပါတယ်တဲ့လေ" …
တရုတ်အရည်အချင်းစစ်စာမေးပွဲမှာ အမှတ်အများဆုံးနဲ့ နိုင်ငံဂုဏ်ဆောင်နိုင်ခဲ့တဲ့ မြတ်ကျော်ဦးက
လည်း " ပျော်ပါတယ်တဲ့"..
လူဆိုးလေး ဟိန်းထက်ကတော့ " နောင်လည်း စုစုစည်းစည်းနေနိုင်ပါစေ" လို့ပြောလာပါတယ်…
ဆရာဝန်တစ်ယောက်ဖြစ်ပေမဲ့လည်း တရုတ်စာကို သင်ချင်လှတဲ့  ၀င်းဇော်လှိုင်က  " ပြန်ဆုံနိုင်ဖို့မျှော်လင့်နေမယ်တဲ့" …
စွန့်စားမှုများစွာနဲ့ Phd ဘွဲ့လာယူတဲ့ ချစ်ညီမချောလေး မဖြူက " မြန်မာအများစုနဲ့ ဆုံတွေ့ခွင့်ရတာ ၀မ်းသာပါတယ်၊ organizer တွေကိုလည်း ကျေးဇူးတင်ပါတယ်တဲ့ရှင် " …
ငုဝါဆိုတဲ့ ညီမလေးကတော့ " အားရပါးရ စားတာတွေကြည့်ပြီး ပျော်တယ်၊ ကြည်နူးတယ်၊ ကျေနပ်တယ်" လို့ဆိုလာပြန်တယ်လေ…
ဒိုင်းခံချက်ပြုတ်ရရှာတဲ့ ညီမလေးငယ်လေး မပုံ့က " ရင်ထဲမှာပြောချင်တာတွေ အများကြီးပဲ၊ တကယ်ကိုပျော်တယ် " တဲ့လေ…
အိမ်ရှင်ကြီးလို ဧည့်ခံရရှာလေတဲ့ ကိုအောင်ရဲ့ စကားသံလေးက " ပင်ပန်းရကျိုးနပ်ပါတယ်ဗျာ" လို့ ပြောလာတယ်ရှင်…
လက်ဖက်သုပ်ကို သိပ်ကြိုက်တဲ့ ကိုခိုင်ကတော့ " အခုလို ရပ်ဝေးမှာရောက်နေတဲ့ အချိန်လေး အတွင်းမှာ အလုပ်လာလုပ်သူတွေရော၊ပညာလာသင်ကြတဲ့ မြန်မာကျောင်းသူ၊ကျောင်းသားတွေ နဲ့တစ်စုတစ်ဝေးတွေ့ဆုံခွင့်ရတာကို အရမ်းပျော်ရွှင်ကြည်နူးမိတယ်" လို့ ပြောလာပါတယ်…
မြန်မာမလေးတစ်ယောက်လို ချစ်ဖို့ကောင်းတဲ့ CRI က နွယ်နွယ်ရဲ့ ရင်ထဲကလာတဲ့ စကားလုံးလေး တွေကတော့ " ခင်ဖို့ကောင်းတဲ့ မြန်မာတွေနဲ့တွေ့ရတာ ပျော်စရာကြီးပဲနော်တဲ့"
ကျွန်မ မေအားမာန်ကလည်း " အားလုံး.. အားလုံး..ရဲ့ ရင်ထဲမှာ ဒီနေ့လေးကိုတော့ တိုက်ဆိုင်မှုလေး တွေရှိခဲ့ရင် ပြန်လည် သတိတရ ရှိနေကြပါလို့ " …


မေအားမာန်တို့ပျော်တဲ့ပွဲ


(GMT+08:00) 2012-03-06 18:28:12
        ပီကင်းရောက်တဲ့ တစ်နှစ်ကျော်အတွင်း ဒီလိုစိတ်လွတ်ကိုယ်လွတ် ပျော်စရာပွဲကို ဒီနေ့ရခဲ့ပါတယ်။
ရခဲ့ရပုံလေးကတော့- တစ်နေ့မှာ မေအားမာန်လိုပဲ ပီကင်းမြို့ကို ရောက်နေတဲ့ မြန်မာလူမျိုးတစ် ယောက်က အားမာန်ကို ဖုန်းဆက်လာပါတယ်။( အားမာန်ကလည်း ပီကင်းရောက်မှ မြန်မာလူမျိုး ဟေ့ ဆိုလိုက်တာနဲ့ ကိုယ့်ဆွေကိုယ့်မျိုးတွေ့လိုက်ရသလို  လွှတ်ကိုပျော်ပြီး၊ ဇွတ်ကိုခင်တော့ တာ ပါပဲ၊) လာမယ့် တနင်္ဂနွေနေ့မှာ အားမလား လို့ မေးလာတယ်၊ ( အားမာန်ဆိုတဲ့ သူကလည်း မအားခဲ့ ဘူးဆိုရင်တောင် မအား အားအောင် လုပ်တတ်တဲ့ သဘာဝက ရှိတတ်တဲ့သူပါလေ၊ ဒါကတော့ အခု ပီကင်းရောက်မှ မဟုတ်ပါဘူး။ ငယ်တည်းက အဲသဘာဝက ရှိခဲ့သူပါ၊)
အားမာန် ကလည်း စက္ကန့် တောင် မဆိုင်းဘဲ ဟာ အားတာပေါ့၊ ဘာကိစ္စများရှိလို့ပါလဲ လို့ မေး လိုက်တော့.. သူက အဲနေ့မှာ ပီကင်းရောက် မြန်မာတွေ(လက်လှမ်းမီသလောက် ပေါ့) ဆုံကြမလို့ လေလို့ ပြောလာတော့၊ အားမာန် ပိုပျော်သွားတာပေါ့။ ဟုတ်ကဲ့ လာဖြစ် အောင်လာပါမယ် ဆိုပြီး ပြောလိုက်တယ်လေ။
     အဲလိုနဲ့ အဲနေ့လေးကို ရောက်ခဲ့ပါတယ်။ ဒါပေမဲ့ တစ်ခုလောက် ကြား ဖြတ်ပြောပါ စေဦး၊ အဲဒါက ဘာလဲဆိုတော့ ကျွန်မ မေအားမာန်ဆိုတဲ့သူကလေ ပီကင်းရောက်မှ အကျင့်ဆိုးတစ်ခု စွဲကပ် နေ တယ်။(သူငယ်ပြန်သလိုတောင် ကိုယ့်ကိုကိုယ်ထင်မိပါရဲ့) ကလေးတို့ သဘာဝ တစ်နေရာရာကို သွားဖို့ရှိရင် သိပ်ပျော်နေတတ်သလိုမျိုးပေါ့၊ အားမာန်လည်း ဘယ်နေ့ ဘယ်နေရာကို သွားရမယ် ဆိုရင် အဲနေ့ညမှာ အိပ်မရတတ်တော့ဘူး။ ပြီးရင် မနက်လင်းမှ အိပ်ပျော် နေတတ်တဲ့ သဘာဝက ဖြစ်နေလေတော့ အားမာန်အမှန်အတိုင်း ၀န်ခံပါရစေ၊ မနက်အိပ်ရာထ နောက်ကျပါတော့တယ်။ ဒါဆို အားလုံးသိကြပါပြီနော်။
 ချိန်းထားတဲ့နေရာကို အားမာန်ဆိုတဲ့ ကျွန်မ နောက်ကျပေပြီပေါ့၊ ပိုဆိုး တာက ပီကင်းလမ်းခရီးကို မကျွမ်းတာလည်း ပါတယ်။(အကြောင်းပြချက် မဟုတ်ပါဘူးနော်) ဘာလို့ဆိုရင်ကိုယ့်ပြည်ကိုယ့်ရွာမှာ အချိန်နောက်ကျနေပြီဆိုရင် ဘယ်လာအခုလို နောက်ကျခံ ပါ့မလဲနော်။ ချက်ချင်းကားဌားစီးသွားလိုက်မှာပေါ့လေ။ အခုတော့ ကားဌားစီးချင် ပေမဲ့လည်း တရုတ်ဘာသာ စကားကိုလည်း ကျွမ်းကျွမ်းကျင်ကျင် မပြောတတ်လေတော့ မဌားရဲဖြစ်နေတယ်လေ။


အဲနေ့ ဆုံကြမယ့်သူတွေထဲမှာ ကိုယ့်ထက် သမ္ဘာရင့်ဝါရင့် ဂုရုကြီးများပါ ပါနေလေတော့ ပိုပြီး ရှက်မိ အားနာမိရပါတယ်။ ကျွန်မ မေအားမာန် နှုတ်နဲ့လည်း ၀န်ခံတောင်းပန်ခဲ့ပါတယ်။ အခုလည်း ထပ်ပြီး တောင်းပန်ပါတယ်။ နောက်နောင်ကို ပိုပိုပြီး သတိထားဆင်ခြင်ရမယ့် အချက်အဖြစ် အားမာန် ဂရု စိုက်သွားပါမယ်။ ဒါပေမယ့် အားလုံးက နားလည်ပေးကြပါ တယ်။ အားလုံးက နားလည်ပေးလေ ကျွန်မ မေအားမာန် ပိုပြီးအားနာရလေဖြစ်နေရပါပြီ။
အဲဒိ ဆုံဖြစ်ကြတဲ့ပွဲလေးကို ဧည့်ခံကျွေးမွေးသူကတော့ စောစောက အားမာန်ဆီ ဖုန်းဆက်လာသူပဲ ဖြစ်ပါတယ်။ သူက အလွန်မျိုးချစ်စိတ်၊ ကူညီရိုင်းပင်းလိုစိတ် ထက် သန်သူတစ်ဦးပါ။ အားမာန်တို့ အားလုံး လူ ၂၀ ကို အခုလို တစ်တိုင်းတစ်ပြည်မှာ ဧည့်ခံ ကျွေးမွေးတယ်ဆိုတာ နည်းတဲ့ စေတနာ မဟုတ်ဘူးလို့ အားလုံးနားလည်ကြပါတယ်။
အဲပွဲလေးမှာ ပိုပြီးအမှတ်တရဖြစ်စေတဲ့ အကြောင်းလေးတစ်ရပ်က အားလုံးရဲ့ရင်ထဲက လာတဲ့ အဖြူ ရောင်စကားလုံးတွေနဲ့ ပျော်ပျော်ပါးပါးပြောဆိုခဲ့ကြလို့ပါပဲ။ ကျွန်မ မေအား မာန်တောင် ဒီလောက် ပျော်တယ်ဆိုရင် အားလုံးရဲ့ ရင်ထဲမှာလည်း အပျော်တွေနဲ့ပြည့်နေ မယ်လို့ ………
(မတ်လ လေးရက်နေ့မှာ ဆုံဖြစ်ခဲ့တဲ့ပွဲလေးအတွက် အမှတ်တရဖြစ်စေဖို့….)

ပီကင်းမြို့၏ မြန်မာ့နှစ်သစ်ကူးနှစ်ဆန်းတစ်ရက်နေ့ အလှုဒါန


(GMT+08:00) 2012-04-18 15:31:11
ဆရာတော်ကြီးက ဆုတောင်းမေတ္တာပို့သနေစဉ်၊





လင်ကွန်းဘုန်းတော်ကြီးကျောင်းမှ နာယကဆရာတော်ကြီး၏ မြန်မာ့နှစ်သစ်ကူးနှစ်ဆန်းတစ်ရက်နေ့အတွက် စတင်ဆုမွန်ကောင်း တောင်းနေစဉ်၊

 ပီကင်းရောက် ရှမ်းလူမျိုးတို့ကလည်း မြန်မာ့နှစ်ဆန်းတစ်ရက် နေ့ အလှုဒါနပွဲမှာ ပါဝင်ကြပါတယ်။
     မြန်မာ့ရိုးရာသင်္ကြန်နှစ်သစ်ကူးပွဲတော်၊ ၁၃၄၇ခုနှစ်၊၁၇.၄.၁၀၁၂ မြန်မာနှစ်ဆန်း တစ်ရက်နေ့တွင်၊ တရုတ်နိုင်ငံဆိုင်ရာ ပြည်ထောင်စု မြန်မာနိုင်ငံတော်၊ မြန်မာနိုင်ငံသံအမတ်ကြီး ဦးတင်ဦး ကဦးဆောင်ပြီး စွယ်တော်မြတ်စေတီတွင် အလှုဒါန ကုသိုလ် ကောင်းမှုများ ပြုလုပ်ပြီး၊ ကိုးပါးသီလများ ဆောက်တည် ခံယူကြပါသည်။လင်ကွန်းဘုန်းတော်ကြီးကျောင်းမှ နာယက ဆရာတော်ကြီးထံ လှုဖွယ်ဝတ္တုအစုစုတို့ကို ဆက်ကပ်ကာ၊ ဇီဝိတဒါနငှက်လေးများကိုလည်း ဘေးမဲ့ လွှတ်ကြ ပါသည်။ ဆရာတော်ကြီးနှင့်တကွ ပင့်သံဃာတော်တို့အား မြန်မာ့ရိုးရာ အစားအစာများဖြင့် အာရုံဆွမ်းဆက်ကပ်လှုဒါန်းပါသည်။
အမိမြေနှင့်ဝေးကွာနေသော မြန်မာပြည်သားများအတွက် နှစ်သစ် ကူးမြန်မာနှစ်ဆန်းတစ်ရက်နေ့ အလှုဒါနများကို မြန်မာသံအမတ်ကြီး ဦးတင်ဦးက ဦးဆောင်ပြီး စွယ်တော်မြတ် စေတီတော်ကြီးတွင် စည်ကား သိုက်မြိုက်စွာကျင်းပခဲ့ပါသည်။

ပီကင်းမှာ မြန်မာတို့ ပျော်ရွှင်စွာဆင်နွှဲခဲ့တဲ့ သင်္ကြန်ပွဲတော် အကြောင်း



မေအားမာန်- အားမာန်ချစ်ရတဲ့ သောတရှင်များအားလုံး မြန်မာ့နှစ်သစ်ကူးအခါသမယမှာ ပျော်ရွှင် ချမ်းမြေ့မှုအဖြာဖြာနဲ့ ပြည့်စုံကြပါစေကြောင်း နှစ်သစ်နှစ်ဦးမင်္ဂလာနှုတ်ခွန်းဆက်သလိုက်ပါတယ်။
ဦးခင်မောင်ဝင်း- သောတရှင်များ မင်္ဂလာနှစ်သစ်မှာ ကိုယ်စိတ်နှလုံးပျော်ရွှင်ကျန်းမာပါစေကြောင်း နှစ်သစ်မင်္ဂလာနှုတ်ခွန်းဆက်ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ။
မေ- ဟုတ်ကဲ့၊ မင်္ဂလာအလွန်ရှိတဲ့ နှုတ်ခွန်းဆက်ဆုတောင်းစကားလေးပါပဲရှင်။ ဒါဆို အားမာန်တို့ ဒီတစ်ပတ်အစီအစဉ်လေးမှာ မြန်မာ့နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော် ကိုပီကင်းမြိုမှာရှိတဲ့ မြန်မာ ပြည်သားတွေ ဘယ်လိုဆင်နွှဲပြီး၊ဘယ်လောက်ပျော်ရွှင်ကြည်နူးခဲ့ရပါတယ်ဆိုတဲ့ အကြောင်းလေး တွေကို သောတရှင်တွေ သိရအောင် ပြောကြရအောင်လားရှင်။
ဦး- ဟုတ်ကဲ့၊ဒါဆို ဒီနေ့အစီအစဉ်လေးကို စ လိုက်ကြရအောင်လားဗျာ။
မေ- ဟုတ်ကဲ့ပါရှင်။ဒါဆို အားမာန်က ပီကင်းရဲ့ မြန်မာ့အတာသင်္ကြန်အကြောင်းလေးတွေ ပြောရမှာ ဆိုတော့ အရင်ဆုံးဧပြီလ ၁၀ ရက်နေ့ကတည်းက သင်္ကြန်အကြိုအလှုဒါနလုပ်ခဲ့တဲ့ တရုတ်နိုင်ငံဆိုင် ရာမြန်မာသံမှုးကြီးဦးလှိုင်မြင့်ဦးနဲ့ဇနီးမမခင်လေးတို့ရဲ့ အိမ်မှာကျင်းပတဲ့ အလှုပွဲအကြောင်းကို အရင် ပြောရမယ်ရှင်။
အဲဒိအလှုနေ့က မြန်မာနိုင်ငံရဲ့ နှစ်သစ်ကူးရုံးပိတ်ရက်ပထမဆုံးနေ့ ဖြစ်ပေမဲ့ ပီကင်းမှာတော့ ပိတ်ရက် မဟုတ်ဘူးလေ။ ဒါကြောင့် အလှုချိန်ကို သတ်မှတ်ထားခြင်းမရှိဘဲ၊ ကိုယ်အဆင်ပြေတဲ့အချိန်လာခဲ့ ဖို့ဖိတ်လာတာဆိုတော့ အရမ်းဝမ်းသာသွားတယ်၊ ဘာလို့ဆိုတော့ ရုံးဆင်းမှ သွားလည်းရတယ်ဆို လို့ပေါ့။ အဲမှာဘာကျွေးလဲဆိုတော့ အားမာန်တို့အရမ်းလွမ်းနေ၊စားချင်နေတဲ့ မြန်မာ့အစားအစာ အမျိုးမျိုးကို အလှုရှင်ကအားရပါးရစားဖို့ အလျှံပယ်ကို တည်ခင်းဧည့်ခံတယ်လေ။ မုန့်ဟင်းခါး၊အုန်း နို့ခေါက်ဆွဲ၊ရွှေကြည်ဆနွင်းမကင်း၊ကောက်ညှင်းပေါင်းကိုအုန်းသီးနိုင်ခြင်းနဲ့ အို အစုံပါပဲ ဦးခင်မောင် ၀င်းရယ်။ ဒီမှာ ဓာတ်ပုံလေး ကြည့်ပါဦး။
ဦး- ဟုတ်တယ်ဗျာ၊ ကျွန်တော်တောင် မြန်မာပြည်ကို ပိုပိုလွမ်းလာသလိုပဲ။
မေ- ဟုတ်ကဲ့၊ ဦးခင်မောင်ဝင်း ဒီထက်မက ပိုလွမ်းရလေအောင် အားမာန် နောက်ထပ် ပြောစရာ တွေရှိသေးတယ်။ နောက်ထပ်လွမ်းဖို့ချန်ထားဦးနော်။အခုပြောချင်တဲ့ အကြောင်းလေးက အားမာန် တို့ပီကင်းသင်္ကြန်ကို ဧပြီလ ၁၅ ရက်(ဒုတိယသင်္ကြန်အကြတ်နေ့)လုပ်မယ်ဆိုတဲ့အကြောင်း ပြီးခဲ့တဲ့ အပတ်က ပြောခဲ့ပါတယ်နော်။ အဲတော့ အားမာန်တို့က စနေနေ့တည်းက ပွဲအတွက်အားလုံးလုပ်ရ တော့တာပေါ့။ လုပ်မယ့်နေရာက ချင်ဟွာတက္ကသိုလ်ဆိုတော့ အဲကိုသွားရတယ်လေ။ ပြီးတော့ အဲ ကျောင်းမှာက ချက်ပြုတ်ဖို့ အစစအရာရာ လိုတယ်လေ။ ဒါကြောင့် အားမာန်က မီးဖိုယူဖို့ တာဝန်ကျ တယ်လေ။(ဟော့ပလိပ်) အားမာန်တစ်ယောက် အထုပ်ကြီးကို ဆွဲပြီး ချင်ဟွာတက္ကသိုလ်ကို နံနက် ၁၀ နာရီအရောက် သွားဖို့ အိမ်က မနက် ရှစ်ခွဲလောက်တည်းက မြေအောက်ရထားဆီ တက္ကစီးဌား စီး၊ ပြီးတော့ မြေအောက်ရထား နှစ်ဆင့်ပြောင်းစီး၊ ပြီးတော့ ချင်ဟွာတက္ကသိုလ်ရောက်အောင် နောက်ထပ် တက္ကစီတစ်ခါဌားပြီးတော့မှ ရောက်တာလေ၊
ဦး- ဟုတ်တယ်လေ၊ ချင်ဟွာက လိုင်း ၁၃ မှာရှိတာ ဆိုတော့၊အားမာန်တို့က လိုင်း ၁ ကနေ၊လိုင်း ၂ ကိုတစ် ခါပြောင်းစီးပြီး၊ အဲဒိလိုင်း ၂ ကနေ၊ လိုင်း ၁၃ ကို ပြောင်းစီးရတာ မဟုတ်လားဗျာ။
မေ- ဟုတ်တယ်၊ အဲကို ဆယ်နာရီကျော်ကျော် ရောက်သွားတယ်။ ရောက်တာနဲ့ ဈေးကိုပြေး၊ အားမာန်တို့ ဈေးသွားနေတုန်း၊ ကျန်တဲ့အဖွဲ့က လုပ်စရာရှိတာတွေ လုပ်နေကြတယ်။ အားမာန်တို့ ဈေးကပြန်လာတော့၊ အားမာန်ဦးဆောင်ပြီး လုပ်ကြရတယ်လေ။
အားမာန်တို့ စတုဒိသာကျွေးမှာတွေကိုလည်း ပြောပြဦးမယ်နော်။ မုန့်ဟင်းခါးကို လှုတဲ့ အလှု့ရှင်က ren min Da Xue မှာ မဟာဘွဲ့လာတက်နေတဲ့ ကိုဇော်ဇော်စိုးက လှုတာပါ၊ အဲလို မုန့်ဟင်းခါးလှုဖို့ ဆိုတာကလည်း လွယ်တဲ့ကိစ္စတော့ မဟုတ်ဘူးနော်။ ဘာလို့ဆိုတော့ ဦးခင်မောင်ဝင်းသိတဲ့ အတိုင်း ပီကင်းမှာက မြန်မာအစားအစာတွေ သိပ်ရှားတာနော်။ အဲဒါတွေကို မြန်မာပြည်ကနေ တကူးတကမှာပြီးတော့မှ လှုလို့ရတယ်လေ။ ပြီးတော့ အုန်းနို့ကျောက်ကျောနဲ့ တခြားမြန်မာမုန့်တွေ ကိုတော့ အားမာန်တို့မြန်မာပြည်သားတွေ စုပေါင်းလှုကြတာပါ။ ပြီးတော့ ဆီထမင်းလည်း ပါသေး တယ်။
ဦး- အော ဒါနဲ့၊ အဲနေ့က လာတဲ့ပရိသတ်တွေက မြန်မာတွေပဲလား။
မေ- မဟုတ်ပါဘူးရှင်။ ချင်ဟွာတက္ကသိုလ်ကဆရာ၊ဆရာမတွေ၊နို်င်ငံပေါင်းစုံကပည်ာတော်သင် ကျောင်းသူကျောင်းသားတွေလည်း ပါ ပါတယ်ရှင်။
ဦး- အဲပွဲရဲ့ဖျော်ဖြေရေးအစီအစဉ်အကြောင်းကော ပြောပါဦးဗျာ။
မေ- ဟုတ်ကဲ့။ ဖျော်ဖြေရေးလေးကလည်း မြိုင်မြိုင်ဆိုင်ဆိုင်လေးပါပဲ၊ မြန်မာပြည်သားတွေသာမက ပဲ နန်နင်းမြို့ကအလည်လာတဲ့ ဒုကောင်စစ်ဝန်တို့ မိသားစုကလည်း အဆို၊အကတွေနဲ့ ဖျော်ဖြေပေး တယ်။ပြီးတော့ မြန်မာပြည်ပြန်တရုတ်သမဂ္ဂဥက္ကဋ္ဌအမျိုးသမီးကြီးကလည်း မြန်မာသီချင်းတစ်ပုဒ်သီ ဆိုပေးတယ်။ ပြီးတော့ စီအာအိုင်ဝိုင်းတော်သားတွေကလည်း အားဖြည့်ထားသေးတယ်လေ။ အဲထဲ မှာ ဦးခင်မောင်ဝင်းရဲ့သားတော်မောင်က ကိုလင်းကြည်နဲ့အတူ တိုက်ကွမ်ဒို အကအလှနဲ့ ကပြဖျော် ဖြေပေးသလို၊မိုးသူဇာက မြန်မာပညာတော်သင်ကိုထိုက်လွင်ကိုနဲ့အတူစုံတွဲတေးတစ်ပုဒ်နဲ့လည်း သီဆိုဖျော်ဖြေပေးထားတယ်လေ။
အဲနေ့က စတုဒီသာဆိုတဲ့အတိုင်းပဲ ဦးခင်မောင်ဝင်းရေ၊ မုန့်ဟင်းခါးတွေ အားလုံးတက်တက်ပြောင် တယ်၊ အားမာန်တို့တောင် ပွဲပြီးတော့မှ နောက်တစ်အိုးထပ်ချက်စားရတယ်။
ဦး- ဟုတ်ကဲ့ပါ။ ကျွန်တော်လည်း သာဓု အနုမောဒနာခေါ်ပါတယ်ဗျာ။
မေ- အားမာန်တို့တွေ အားလုံးပင်ပန်းကြပေမဲ့ မြန်မာပြည်ကို လွမ်းမောနေကြတဲ့ ကလေး၊လူကြီး အားလုံး ပျော်နေတာကို မြင်ရတော့ အမောတွေကနေ အပျော်တွေအဖြစ်ပြောင်းသွားပါတယ်ရှင်။
ဦး- ဟုတ်တာပေါ့ဗျာ။ အားလုံးအတွက် လုပ်ပေးရတာဆိုတာ ကိုယ်လည်း ကောင်းမှုလုပ်လိုက်တဲ့ သဘောပဲ မဟုတ်လားဗျာ။
မေ- ဟုတ်ပါတယ်ရှင်။ ပြီးတော့ နှစ်ဆန်းတစ်ရက်နေ့ကျတော့လည်း သံအမတ်ကြီးဦးတင်ဦးက ဦးဆောင်ပြီး စွယ်တော်မြတ်စေတီတော်မှာ အရုဏ်ဆွမ်းကပ်လှုတယ်၊လှုဖွယ်ပစ္စည်းတွေလည်း အများကြီးလှုတယ်။ ပြီးတော့ မုန်လုံးရေပေါ်၊ဆီထမင်း၊ရွှေရင်အေး၊သာကူစတဲ့ မြန်မာရိုးရာအစား အစာတွေကို စွယ်တော်မြတ်စေတီမှာ စတုဒိသာလှုဒါန်းဒါနပြုခဲ့သလို၊ ဇီဝိတဒါနငှက်ငယ်လေးတွေ ကိုလည်း ဘေးမဲ့လွှတ်ခဲ့ကြပါတယ်။ ပြီးတော့ လင်ကွန်းဘုန်းတော်ကြီးက သံအမတ်ကြီးနဲ့တကွ ဧည့်သည်တွေ အားလုံးကို နှစ်သစ်ကူးနေလယ်စာ ကျွေးပါသေးတယ်။
ဦး- အပြန်အလှန် ကုသိုလ်ယူ၊ဒါနပြုနေကြတာပေါ့ဗျာ။
မေ- ဟုတ်ပါတယ်။ အဲဒိနေ့လယ်စာ စားတဲ့ စားသောက်ဆိုင်ကြီးမှာလည်း စားရင်းသောက်ရင်း၊ အဆို၊အကတွေနဲ့ ဖျော်ဖြေပေးပါသေးတယ်။ အဲဆိုင်ကမန်နေဂျာကလည်း တရုတ်သီချင်းတစ်ပုဒ် ဖြစ်တဲ့ peng you ဆိုတဲ့ သီချင်းလေး တစ်ပုဒ်နဲ့ နှစ်သစ်ကူးလက်ဆောင်အဖြစ် သီဆိုပေးသွားပါ တယ်။
ဟုတ်ကဲ့။ ချစ်ရတဲ့ သောတရှင်တို့ရေ အားမာန်တို့တွေအားလုံးက အကြောင်းကြောင်းတွေကြောင့် ကိုယ့်ပြည်ကိုယ့်ရွာနဲ့ ဝေးကွာနေရပေမဲ့လည်း အားလုံးက ကိုယ့်ရိုးရာယဉ်ကျေးမှုကိုတမြတ်တနိုးနဲ့ ဖြစ်မြောက်အောင်မြင်အောင် တတ်စွမ်းနိုင်သလောက် လုပ်နေကြပါတယ်ဆိုတာကို ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးတွေကို အသိပေးတင်ဆက်ပေးလိုက်တာပါရှင်။ သောတရှင်များ ကြည်နူးပျော်ရွှင်နိုင် မယ်လို့ မျှော်လင့်မိပါတယ်။
အားမာန်နှစ်သစ်နှစ်ဦးမှာ ချစ်ရတဲ့ သောတရှင်တွေကို အပြောချင်ဆုံးစကာလေး တစ်ခွန်းလောက် ပြောလိုက်ပါရစေရှင်။ အဲစကားလေးကတော့ အားမာန်တို့အစီအစဉ်လေးအတွက် ဝေဖန်အကြံပေး တဲ့ စာလွှာလေးများကို ပေးပို့ပေးကြပါလို့ အနူးအညွတ်တောင်းဆိုလိုက်ပါတယ်။ နောက်ပြီးတော့ အားမာန်တို့ ၀ိုင်းတော်သားတွေ အားလုံး ကြိုးစားတင်ဆက်ထားတဲ့ သင်္ကြန်အထူးအစီအစဉ်လေး ဖြစ်တဲ့ အသံလွှင့်ဇာတ်လမ်းလေးနဲ့ ပတ်သက်ပြီးလည်း ဝေဖန်အကြံပေးကြပါဦးလို့ လေးစားစွာနဲ့ ဖိတ်ခေါ်လိုက်ပါတယ်နော်။
ချစ်သောတရှင်များ နှစ်သစ်မင်္ဂလာမှာ လိုတိုင်းရ၊တတိုင်းပြည့်ဝနိုင်ကြပါစေလို့ ဆုမွန်တောင်းရင်း နှုတ်ဆက်လိုက်ပါရှင်။

တယ်လီဖုန်းယဉ်ကျေးမှု အလေ့အကျင့်ကောင်းများ



ဖုန်းခေါ်ဆိုသူသည် စကားပြောသည့် အချိန်ကို သတိပြုပါ။

(၁) သင်နှင့်ဖုန်းပြောမည့်သူအတွက် နိုးကြားတက်ကြွမှု အကောင်းဆုံးရှိနေချိန်ကို ရွေးချယ်ပြောဆိုတတ်ခြင်းသည် အကြောင်းအရာတစ်ခုအတွက် ထိရောက်မှု အရှိဆုံးဖြစ်ကြောင်း သတိပြုပါ။

(၂) အရေးကြီးသော ဖုန်းခေါ်ဆိုများသည် ပင်ပန်းနွမ်းနယ်နေသောအချိန် သို့မဟုတ် တစ်ဖက်သားအတွက် အလုပ်အလွန်ရှုပ်နေသော အချိန်များ ၌ အာရုံစူးစိုက် မှု လျော့ပါးနေတတ်သည်။ အကောင်းဆုံးမှာ နိုးကြားမှု အရှိဆုံး နံနက်ပိုင်းဖြစ်စေ အလုပ် အားလုံးပြီးစီးသည့် ညပိုင်းဖြစ်စေ ရွေးချယ်မှုသည် အသင့်တော် ဆုံး ဖြစ်နိုင် ပါသည်။ သို့ရာတွင် အားလပ်ရက်အတွင်း မိသားစုနှင့်အနားယူနေ သည့် အချိန်များတွင် ဆက်သွယ်ပြော ဆိုရန် မပြုသင့်ပါ။

(၃) တစ်ဖက်သားစိတ်ထဲတွင် ကြည်လင် ရွှင်ပြနေချိန်တွင် ဖုန်းပြောဆိုခြင်း သည် ကုန်ပစ္စည်းတစ်ခုအတွက် Marketing လုပ်နေသူ တစ်ဦးအတွက် အောင်မြင် မှုအရှိ ဆုံးဖြစ်တတ်သည် ဟု မှတ်ချက်ပြုထားကြသည်။

(၄) အိမ်ရှိ ဆိုဖာပေါ်တွင် ပျော့တိပျော့ခွေ ထိုင်ပြီးဖုန်းပြောနေသူသည် စီးပွားရေး အလုပ်သဘောမဆန်သည့် အသံမျိုး ကိုဖြစ်ပေါ်စေတတ်ပြီး တစ်ဖက်သား အတွက် စိတ် မဝင်စားသည့် အနေ အထားကို ရောက်ရှိသွားနိုင်သည်။ ရုံးအလုပ်မျိုးကို မိမိနေအိမ်မှ ဖုန်းခေါ် ဆိုပြောခြင်းကိုလည်း အထူးသတိချပ် အပ်ပေသည်။နားထောင်သူအတွက် ညက်ညော နားဝင်ချို အောင်ပြောဆိုတတ်မှုလည်း အရေးကြီးပါသည်။

(၁) အချိန်တိုတိုအတွင်း သွက်လက်ဖျတ် လတ်ကျွမ်းကျင်စွာဖြင့် တိုတိုနှင့်လိုရင်း ကို ပြောဆိုတတ်မှုသည် တစ်ဖက်သား အပေါ်တွင် ဂရုစိုက်မှုအား ပိုကောင်း လာေ စနိုင်ပြီး အောင်မြင်သော စူပါဖုန်းပြောတတ်သူအဖြစ် ရောက်ရှိနိုင်ပေသည်။

(၂) ဖုန်းခေါ်ဆိုခံသူတစ်ဦးအတွက် ၎င်းတွင်ရှိနေတတ်သည့် အခက်အခဲဒုက္ခများ ကြုံနေရသူတစ်ဦးအား စာနာမှုကို မျှဝေခံစားတတ်သူအဖြစ် ရှိနေသည် ကိုလည်း သတိပြုပါ။

(၃) ဖုန်းခေါ်ဆိုခံရသူနှင့် မိမိသည် စကားဝိုင်းတစ်ခုကို အချိန်တိုအတွင်း အတူတကွစိတ်ပါဝင်စားစွာ ပြောဆိုဝိုင်းဖွဲ့ အသွင်ဖြစ်အောင် ဖန်တီးရပါမည်။
(၄) မိမိဖုန်းပြောမည့်သူသည် ပြဿနာ တစ်ခု (သို့) အခက်အခဲတစ်ခုရှိနေ တတ်သည်ကိုလည်း နားလည်ပေးထား ရန် လိုအပ်သည်။
(၅) မိမိနှင့် ဖုန်းပြောမည့်သူတွင် ဖုန်းလိုင်း အများအပြားရှိလျှင် အကောင်းဆုံးကို ရွေးသုံးပါ။

ဖုန်းလက်ခံပြောသူများအထူးသတိ

ခေါ်ဆိုမှုတစ်ခုသည် သင်နှင့်မဆိုင်သည့်အခါ အထူးသတိပြုရမည့်အချက်ဖြစ်သည်။

(၁) ပြောလာသူကို လုံးဝအပြစ်မတင်ပါနှင့်။
(၂) ‘မင်းဆက်နေတာဟာ ဌာနမှားနေပြီ’ ဟူသော အပြောသည် ဖုန်းခေါ်နေသူ ကို အပြစ်တင်သံပါနေကြောင်း သတိ ပြုပါ။
(၃) ‘မင်းဆက်နေတာဟာ မဟုတ်တဲ့ ဖုန်းနေရာကို ရောက်နေတယ်’ အားလုံး အပေါ်မှာ မကျေမနပ်အပြစ်တင် လေသံပါနေသည်ကို သတိပြုပါ။
(၄) စိတ်ရှည်သည်းခံတတ်စွာဖြင့် ပြန်လည် ပြောဆိုမှုဖြင့် အောင်မြင်သူတစ်ဦး ဖြစ်လာနိုင်ပါသည်။
(၅) ခက်ခက်ခဲခဲရှိနေသူကို ကူညီမှုဆန္ဒ ရှိပါစေ၊ ဖုန်းပြောလိုသူ၏ လိုအပ်သော နေရာကို စနစ်တကျမေးမြန်းပြီး ဖုန်း လွှဲပေးလိုက်ပါ။ သို့မဟုတ် သိလိုသည့် နေရာကို ရရှိနိုင်သည့်အကြံပေးပါ။
(၆) မိမိထက်ပို၍ သိနိုင်သောသူထံသို့ လွှဲပေးခြင်းမှာ အကောင်းဆုံးတာဝန် ယူမှုဖြစ်သည်။

                                                                            ကိုလင်းမာန်အောင်
                                                                               ရတီမဂ္ဂဇင်း

Monday, January 27, 2014

သင်တန်းအမှတ်စဉ်(၇)ဖွင့်တော့မည်။



သင်တန်းသားများစာရင်းလက်ခံနေပါပြီ။
လက်တွေ့အမှုလိုက် ဥပဒေပညာဒါနသင်တန်း
သင်တန်းကြေး၊ ကျောင်းလခ၊ ၀င်ကြေးနှင့်
စာရွက်စာတမ်းကြေးပေးရန်.... မလိုပါ။
နေရာအခက်အခဲကြောင့်
သင်တန်းသားဦးရေကန့်သတ်ထားပါသည်။
စနေနေ့တိုင်းနံနက်(၈)နာရီမှ (၁၂)နာရီထိ
ရှေ့နေ၊ အလုပ်သင်ရှေ့နေ၊ ဥပဒေဘွဲ့ရများ။
အောင်မြင်သောရှေ့နေဖြစ်ချုင်သည်ဆိုလျှင်
ရောက်အောင်လာခဲ့ပါ။
စနေနေ့တိုင်းမွန်းလွဲ (၁၂)နာရီမှ (၃)နာရီ အထိ
ဥပဒေပညာလေ့လာလိုသူများမည်သူမဆို
တက်ရောက်လေ့လာသင်ယူနိုင်ပါသည်။
တိုက်(၂)၊ အခန်း(၁၃)၊ ပထမထပ်၊ မြို့ပြအိမ်ရာ မြောက်ဘက်ခြမ်း၊ (၄)ရပ်ကွက်၊ (၈)မိုင် မီးပွိုင့်အနီး၊ မရမ်းကုန်းမြို့နယ်။
ဖုန်း- 0973070433


U Khin Zaw - Mayangone

ဒီမိုကရေစီနှင့်အညီ ပြောင်းလဲလာသည့် မြန်မာ့မီဒီယာကဏ္ဍ(၄)


ဒေါက်တာသီတာတင်

စတုတ္ထဆန်းစစ်ချက်အနေဖြင့် ဥပဒေကြမ်းပါ ပြဋ္ဌာန်းချက်များတွင် မြန်မာ့မီဒီယာရည်မှန်းချက်ကို ဖော်ဆောင်ပေးနိုင်သည့် အစီအစဉ်ပုံစံများ ပါရှိ/မရှိကို လေ့လာဆန်းစစ်မည်ဖြစ်ပါသည်။ အများပြည်သူ ဝန်ဆောင်မှု မီဒီယာဥပဒေကြမ်းတွင် အများပြည်သူဝန်ဆောင်မှု သတင်းစာနှင့်အများပြည်သူဝန်ဆောင်မှု ရေဒီယို ရုပ်သံထုတ်လွှင့်/ဖြန့်ချိရာတွင် မြန်မာဘာသာဖြင့်သာမက တိုင်းရင်းသားအစီအစဉ်များဖြင့် လည်းကောင်း၊ ရုပ်သံလွှင့်ဥပဒေကြမ်းတွင် အစိုးရရုပ်သံလွှင့် လုပ်ငန်းဝန်ဆောင်မှု၊ လူမှုအသိုက်အဝန်းပိုင် ရုပ်သံလွှင့်ဝန်ဆောင်မှု (Community Broadcasting Service)၊ စီးပွားဖြစ် ရုပ်သံလွှင့်ဝန်ဆောင်မှု၊ ရုပ်သံထုတ်လုပ်ဖြန့်ချိမှု လုပ်ငန်းဝန်ဆောင်မှုဖြင့် လည်းကောင်း အစီအစဉ်ပုံစံများပါဝင်သည်ကို တွေ့ရှိ ရပါသည်။
ပဉ္စမမြောက် ဆန်းစစ်ချက်အနေဖြင့် မီဒီယာဥပဒေကြမ်းများတွင် မီဒီယာပိုင်ဆိုင်မှု ဗဟုဝါဒဖြစ်ပေါ်စေနိုင် သည့် ပြဋ္ဌာန်းချက်များ ပါရှိခြင်းရှိ/မရှိ ဆန်းစစ်လေ့လာ တင်ပြမည်ဖြစ်ပါသည်။ အများပြည်သူဝန်ဆောင်မှု မီဒီယာဥပဒေကြမ်းတွင် အများပြည်သူဝန်ဆောင်မှု သတင်းစာနှင့် အများပြည်သူဝန်ဆောင်မှု ရေဒီယို ရုပ်သံလွှင့်လုပ်ငန်းများကို လည်းကောင်း၊ သတင်းမီဒီယာဥပဒေကြမ်းတွင် အများပိုင်၊ ပုဂ္ဂလိကပိုင်နှင့် ဖက်စပ်ပိုင်အစရှိသည့် မီဒီယာလုပ်ငန်းများ လုပ်ပိုင်ခွင့်နှင့် လုပ်ငန်းလုပ်ဆောင်ရာတွင် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုဥပဒေ သို့မဟုတ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေများနှင့်အညီ လုပ်ဆောင်ခြင်းကို လည်းကောင်း၊ ရုပ်သံလွှင့်ဥပဒေတွင် အစိုးရပိုင်၊ အများပြည်သူဝန်ဆောင်မှု ရေဒီယိုရုပ်သံလွှင့်လုပ်ငန်း၊ စီးပွားဖြစ် ရုပ်သံလွှင့်လုပ်ငန်း၊ လူမှုအသိုက်အဝန်းပိုင် ရုပ်သံလွှင့်လုပ်ငန်းနှင့် ရုပ်သံထုတ်လုပ်ဖြန့်ချိမှု လုပ်ငန်းအစရှိသည်ဖြင့် ရုပ်သံလွှင့်လုပ်ငန်းငါးမျိုးကို လုပ်ဆောင်ခွင့်ပြုခြင်း၊ ဈေးကွက်တစ်ခုတည်း သို့မဟုတ် ရုပ်သံလွှင့်ဇုန်တစ်ခုတည်းအတွင်း ပုဂ္ဂလိကသတင်းစာလုပ်ငန်းနှင့် ရုပ်သံလွှင့် မီဒီယာနှစ်ခု ပူးတွဲပိုင်ဆိုင်မှု တားမြစ်ခြင်းနှင့် ကြိမ်နှုန်းခွဲဝေသတ်မှတ်ခြင်း၊ ရုပ်သံလွှင့်လိုင်စင်ကို အလွယ်တကူ ရရှိစေနိုင်သည့် စနစ်ထားရှိပေးခြင်း၊ လိုင်စင်ကြေးပေးခြင်းမှ ကင်းလွတ်ပေးခြင်းတို့ဖြင့် လူမှုအသိုက်အဝန်း ရုပ်သံလွှင့်လုပ်ငန်းကို အထောက်အပံ့ပေးခြင်းတို့ ပါဝင်သည်ကို တွေ့ရှိရပါသည်။
ဆဋ္ဌမမြောက် ဆန်းစစ်ချက်အနေဖြင့် မီဒီယာဥပဒေကြမ်းများပါ ပြဌာန်းချက်များတွင် မီဒီယာအကြောင်း အရာမျိုးစုံစွာ တင်ဆက်ပေးနိုင်သည့်အချက် ပါဝင်ခြင်းရှိ/မရှိ ဖြစ်ပါသည်။ အများပြည်သူဝန်ဆောင်မှု မီဒီယာဥပဒေကြမ်းတွင် ရုပ်သံလွှင့်အဖွဲ့အစည်းများသည် ပြည်တွင်း၌ ထုတ်လုပ်သည့် အစီအစဉ်များ ကိုထုတ်လုပ်၍ ထုတ်လွှင့်ပြသခြင်းကို ဦးစားပေးဆောင်ရွက်ခြင်း၊ ကလေးသူငယ်များနှင့် လူငယ်များ၊ အမျိုးသမီး၊ သက်ကြီးရွယ်အိုများနှင့် ကိုယ်အင်္ဂါမသန်စွမ်းသူများ အပါအဝင် အထူးပရိသတ်များအတွက် အစီအစဉ်များကို တိုးမြှင့်ထုတ်လုပ်ပေးခြင်း၊ အကာအကွယ်ပေးခြင်းနှင့် တချို့သော အစီအစဉ်များကို နားမကြားသူများအတွက် အချက်ပြဘာသာစကားဖြင့် ထုတ်လွှင့်ပေးခြင်း၊ လူမှုအသိုက်အဝန်းပိုင် ရုပ်သံလွှင့်လုပ်ငန်းကို မြန်မာနိုင်ငံရှိ ရုပ်သံလွှင့်လုပ်ငန်း အမျိုးအစားငါးခုထဲမှ တစ်ခုအဖြစ် အသိအမှတ်ပြု ထားခြင်းတို့ ပါဝင်ပါသည်။ အများပြည်သူဝန်ဆောင်မှု မီဒီယာဥပဒေကြမ်းတွင် လူမျိုး၊ ယဉ်ကျေးမှုနှင့် ကိုးကွယ်ယုံကြည်မှု ကွဲပြားခြားနားမှုကို ထည့်သွင်းစဉ်းစားကာ မြန်မာပြည်သူများအားလုံးကို ပြန်ကြားပေး ခြင်း၊ အသိပညာပေးခြင်း၊ ဖျော်ဖြေမှုပေးခြင်း အစီအစဉ်အကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့် ဝန်ဆောင်မှုပေးခြင်းနှင့် လူနည်းစု တိုင်းရင်းသားများနှင့် တိုင်းရင်းသားများအတွက် အစီအစဉ်များကိုလည်း ထုတ်လွှင့်တင်ဆက်ပေးခြင်းတို့ ပါဝင်သည်ကို တွေ့ရှိရပါသည်။
သတ္တမ ဆန်းစစ်ချက်အနေဖြင့် မီဒီယာဥပဒေကြမ်းပါ ပြဋ္ဌာန်းချက်များသည် မျှတပြီး ယှဉ်ပြိုင်နိုင်စွမ်းရှိကာ ရှင်သန်နိုင်သည့် မီဒီယာဝန်းကျင်တစ်ခုကို ဖြစ်ပေါ်နိုင်သည့် အခြေအနေများ ရှိ/မရှိကို ဆက်လက် တင်ပြသွားမည် ဖြစ်ပါသည်။ ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းတွင် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်း လုပ်ငန်းအတွက် အသိအမှတ်ပြု လက်မှတ်ထုတ်ပေးခြင်းနှင့် တရားမဝင်စာဟု ကြေညာခြင်းခံရပါက မိမိ၏ ထုတ်ဝေစာသည် တရားမဝင် ထုတ်ဝေစာမဟုတ်ကြောင်း အဆုံးအဖြတ်ပေးရန် ဥပဒေကြောင်းအရ လျှောက်ထားနိုင်ပါသည်။ သတင်းမီဒီယာ ဥပဒေကြမ်းတွင် မီဒီယာလုပ်ငန်းတစ်ခုခုကို လုပ်ကိုင်လိုသော ပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် အဖွဲ့အစည်းတစ်ခုခုသည် လုပ်ငန်းအသိအမှတ်ပြု လက်မှတ်ကိုရရှိရန် လိုအပ် သည်ကို တွေ့ရှိရပါသည်။ အဆိုပါ ဥပဒေကြမ်းနှစ်ခုစလုံးတွင် ပါရှိသည့်လုပ်ငန်း အသိအမှတ်ပြု လက်မှတ်များကို ထုတ်ယူရခြင်းဖြင့် လုပ်ငန်းတူ၊ နာမည်တူ ကိစ္စရပ်များဖြစ်ပေါ်ခြင်း မရှိစေနိုင်သည့်အပြင် ဖြစ်ပေါ်လာပါကလည်း အသိအမှတ်ပြုလက်မှတ်ကို ရယူထားခြင်းဖြင့် အငြင်းပွားမှုကို အလွယ်တကူ အချိန်တိုအတွင်း ဖြေရှင်းနိုင်သည့် အနေအထားများ ဖြစ်ပေါ်လာစေနိုင်ပါသည်။ ရုပ်သံလွှင့်ဥပဒေကြမ်းတွင် တရားမျှတစွာ ယှဉ်ပြိုင်မှုနှင့် ရုပ်သံလွှင့်လုပ်ငန်းပိုင်ဆိုင်မှု အမျိုးအစားများစွာကို ဖြတ်ထွန်းစေခြင်း၊ မည်သည့် ရုပ်သံလွှင့်လုပ်ငန်း ပိုင်ဆိုင်မှုဖြစ်စေကာမူ (ဥပမာ-ပုဂ္ဂလိကပိုင်၊ လူမှုအသိုက်အဝန်းပိုင်) မျှတ သော၊ သမာသမတ်ကျသော၊ ခွဲခြားမှုမရှိသော၊ ပွင့်လင်းမြင်သာသော၊ ယှဉ်ပြိုင်အားကောင်းသော လှိုင်းနှုန်းခွဲဝေမှု လိုင်စင်ထုတ်ပေးခြင်း၊ စည်းကမ်းကျင့်ဝတ် ဖောက်ဖျက်၍ လိုင်စင်ရုပ်သိမ်းခြင်း၊ သဘော တူညီချက်ရယူခြင်း၊ တရားဥပဒေစိုးမိုးရေးကို စောင့်စည်းလိုက်နာခြင်းနှင့် ဥပဒေကြောင်းအရ အယူခံပိုင်ခွင့် ရှိခြင်းတို့ကို စနစ်တကျသတ်မှတ်ထားခြင်း၊ အစိုးရပိုင်၊ အများပိုင်နှင့် စီးပွားဖြစ်မီဒီယာများတွင် အစိုးရဆိုင်ရာ ကြော်ငြာများကို ထည့်သွင်းရာတွင် မျှတမှုရှိပြီး ပွင့်လင်းမြင်သာစွာ ဆောင်ရွက်စေခြင်းတို့ ပါဝင်ကြောင်း တွေ့ရှိရပါသည်။ ဤသို့ဖြင့် မီဒီယာကဏ္ဍတွင် မျှတပြီး ယှဉ်ပြိုင်နိုင်စွမ်းရှိကာ ရှင်သန်နိုင် သည့် မီဒီယာဝန်းကျင်တစ်ခု ဖြစ်ပေါ်လာမည်ဖြစ်ပါသည်။ နောက်ဆုံးဆန်းစစ်ချက် အဋ္ဌမမြောက်အဖြစ် မီဒီယာဥပဒေကြမ်းများတွင် မီဒီယာ အတတ်ပညာဆိုင်ရာနှင့် ကျင့်ဝတ်ဆိုင်ရာစံနှုန်းများ သတ်မှတ် ပါဝင်ခြင်း ရှိ/မရှိ ဆန်းစစ်ခြင်းပင်ဖြစ်သည်။ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းတွင် နိုင်ငံတော် အတွင်း၌ အရည်အသွေးအဆင့်အတန်းမီ၍ ကျင့်ဝတ်သိက္ခာရှိသော ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်းဖြစ်ထွန်းရေးကို ဦးတည်ရန်ဟူသော ပြဋ္ဌာန်းပါရှိပါသည်။ အများပြည်သူဝန်ဆောင်မှု မီဒီယာ ဥပဒေကြမ်းတွင် စံနှုန်းနှင့်ကျင့်ဝတ်ပိုင်းဆိုင်ရာ ပြဋ္ဌာန်းချက်များတွင် လည်းကောင်း၊ သတင်းမီဒီယာ ဥပဒေကြမ်းတွင် သတင်းရေးသားရာတွင် သတင်းမီဒီယာသမားများ လိုက်နာရမည့် တာဝန်၊ ကျင့်ဝတ် များကိုလည်းကောင်း ပြဌာန်းထားရှိပါသည်။
သို့ဖြစ်ပါ၍ ရေးဆွဲထားသော မီဒီယာဥပဒေကြမ်းများသည် မြန်မာ့မီဒီယာစနစ်၏ ရည်မှန်းချက်များကို ရရှိရန် အကောင်အထည်ဖော်နိုင်သည့် ပြဋ္ဌာန်းချက်များပါဝင်သည်ကို လေ့လာဆန်းစစ်ချက်များအရ သိရှိရပြီး နောက် ဥပဒေကြမ်းပါ ပြဋ္ဌာန်းချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်မှာ သက်ဆိုင်သူများအားလုံးက အပြုသဘောဆောင်သော လုပ်ဆောင်မှု၊ ဟန်ချက်ညီမှု၊ အပြန်အလှန်ယုံကြည်မှုနှင့် နားလည်မှုတို့ဖြင့် ပူးပေါင်း လုပ်ဆောင်သွားမည် ဆိုပါက မြန်မာ့မီဒီယာစနစ်၏ ရည်မှန်းချက်များကို အောင်မြင်စွာ ရရှိနိုင်မည်မှာ မလွဲဧကန်ပင်ဖြစ်ပါကြောင်း တင်ပြအပ်ပါသည်။

ဓာတ်ပုံပညာဆိုတာ ဘာလဲ



(ကျော်နန္ဒ)

တဖြည်းဖြည်းခွဲခြမ်း စိတ်ဖြာလိုက်ရင် နောက်ဆုံးမှာသိသာလာတဲ့စကားလုံးက “အမြင်” ဆိုတာပဲဖြစ်ပါတယ်။ထားပါတော့။ “အမြင်” ပဲဖြစ်ဖြစ်၊ “စိတ်ကူးစိတ်သန်း” ပဲဖြစ်ဖြစ်၊“အာရုံ” ပဲဖြစ်ဖြစ်၊ အားလုံးကို ခြုံကြည့်ရင်တော့ ဖြစ်ပေါ်စေချင်တဲ့ပုံရိပ်ကို စိတ်ကူးစိတ်သန်းနဲ့ အာရုံမှာ ကြိုတင်သိမြင်လာတဲ့စွမ်းရည်ကို ပိုင်ဆိုင်ပြီး လက်ထဲမှာရှိတဲ့ အကူပစ္စည်းနဲ့ ဖန်တီးလိုက်တာပါပဲ။


ဓာတ်ပုံပညာဆိုတာ အများနားလည်သလိုကင်မရာတွေ၊ မှန်ဘီလူးတွေ ကိုင်တွယ်ခြင်းကိစ္စဟာ အဓိကမဟုတ်ရပါဘူး။

ဓာတ်ပုံတစ်ပုံကို ဖန်တီးတဲ့အခါမှာ- တစုံတရာကို မြင်မယ်၊

- မြင်တဲ့ အဲသည်အရာကို ဘယ်လိုပုံလေးပေါ်အောင်လုပ်ရမယ်ဆိုတာကို သိတယ်၊

- သိတဲ့အတိုင်း ဖန်တီးတယ်၊

ဒါကြောင့် ဦးစွာပထမ အရာရာကို သတိမူတတ်ခြင်းဆိုတဲ့ စွမ်းအင်ဟာ အဓိကကျလှပါတယ်။ လက်ညိုးကလေးကွေးပြီး ကင်မရာရှပ်တာကို ဖွင့်လိုက်တာဟာအရေးသိပ်မပါလှတော့တဲ့ နောက်ဆုံး
အဆင့်ပါ။


ဓာတ်ပုံပညာနဲ့ ပန်းချီပညာဟာ အတော်နီးစပ်ပါတယ်။ပညာရပ်နှစ်မျိုးစလုံးဟာ တကယ်လက်တွေ့ဘဝမှာ ကြုံလာတာတွေကို အခြေပြုပြီးရလာတဲ့ ကိုယ့်ရဲ့ စိတ်ကူးယဉ်မှုကိုလက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ အရာတစ်ခုအဖြစ် အကောင်အထည်ဖော်ရတာချင်းတူပါတယ်။


ဒိုင်မင်းရှင်းနှစ်ခုသာရှိတဲ့ ချပ်ပြား မီဒီယာပေါ်မှာဖော်ပြရတာခြင်းလည်းတူပါတယ်။ ကွဲပြားသွားတာကပန်းချီဆရာဟာ သူ့ရဲ့ စိတ်ကူးယဉ်မှုသက်သက်ကို လွတ်လပ်စွာဖော်ကျူးနိုင်တဲ့
နေရာမှာ အားသာပါတယ်။ ဓာတ်ပုံလောကမှာ စိတ်ရှုပ်စရာတစ်ခုကနည်းပညာနဲ့ ပေါင်းစပ်ထားတဲ့ ကင်မရာတွေ ခေတ်မှီလာတာနဲ့အမျှ သာမာန်လူပြိန်းတစ်ယောက်လက်ထဲကို ရောက်သွားတဲ့
ခေတ်ပေါ်ကင်မရာတစ်လုံးကနေ ဖိုးကပ်စ်ပြတ်တဲ့ အိတ်စပိုရှာမှန်တဲ့ကြည်လင်တောက်ပတဲ့ ပုံကောင်းတစ်ပုံထွက်လာနိုင်တာဟာအငြင်းပွားဖွယ်ရာတစ်ခုပါပဲ။


အရင်ခေတ်တွေတုန်းကလိုဓာတ်ပုံဆရာဖြစ်ဖို့ သုံးနှစ်သုံးမိုး အမှောင်ခန်းအတွက်ဆေးစပ်တဲ့ အလုပ်လုပ်ရတာ၊ ဖလင်မထူအောင် မပါးအောင်အကွက်ကျန်အောင် သတိထားရိုက်ရတာ၊ ဖလက်မီးဖောက်ရင်ဂိုက်ဘယ်လောက် ရောက်မယ်တွက်ရတာ၊ နေပူ ၁၆ မိုးအုံ့၈ ဆိုတဲ့ဂါထာတွေ ကျက်မှတ် အာဂုံဆောင်ရတာ၊ စတာတွေစတာတွေ ဒီခေတ်မှာမရှိတော့ဘဲ လူတိုင်း လက်ညိုးကွေးပြီးဖိတတ်ရင် ရပြီဆိုတဲ့ အရာရာအော်တိုအလုပ်လုပ်တဲ့ခေတ်ကိုရောက်နေတဲ့အခါမှာ ဓာတ်ပုံဆရာဆိုတာသာမန်အိမ်သုံးသမားလား၊ အပျော်တမ်းသမားလား၊ ကြေးစားသမားလား စသည်ဖြင့် သိပ်မကွဲပြားတော့ဘဲ ကင်မရာခပ်ကြီးကြီး ကိုင်ထားရင် ဓာတ်ပုံဆရာလို့ ယေဘုယျ သတ်မှတ်ရမလိုဖြစ်လာပါတယ်။


ဒါတောင် အချို့သူဌေးများက သူတို့မွေးထားတဲ့ ခွေးတွေကြောင်တွေကို ရိုက်ဖို့အတွက် ကင်မရာအကောင်းကြီးတွေ ဝယ်တတ်တော့ ပြောရခက်ပါသေးတယ်။လူတွေ ဓာတ်ပုံပညာကို လေ့လာတဲ့အခါမှာနည်းလမ်း နှစ်ခု ရှိပါတယ်။ လူတော်တော်များများက သူတို့စိတ်ကြိုက်သုတေသနပြုပြီးထားတဲ့ ကင်မရာဝယ်ပြီးတာနဲ့ ချက်ချင်းပဲ ကင်မရာတွေ လန်းစ်တွေကို ဘယ်လို အသုံးချရမယ်ဆိုတာ အကြီးအကျယ် လေ့လာပါတော့တယ်။ ပြီးရင်တော့ ဖိုတိုရှော့လိုလိုက်ရွန်းလို ဆော့ဝဲအသုံးပြုနည်းတွေ ဆက်ပြီးလေ့လာပါတယ်။အလွန်နည်းပါးသော လူအချို့ကပဲ အနုပညာအကြောင်းကိုလေ့လာပါတယ်။ ပြီးရင် ဓာတ်ပုံထွက်ရိုက်ပါတယ်။


အပါချာကို ကျယ်ကျယ်ဖွင့်ပြီး ပြောင်းရှည်ရှည်နဲ့မော်ဒယ်ရဲ့ မျက်နှာနားကပ်ရိုက်ရင် နောက်ခံဝါးဝါး
နဲ့ဓာတ်ပုံရပါတယ်။ ကင်မရာကို ဒေါက်ပေါ်တင် ကောင်းကင်ပေါ်မော့ထားပြီး ရှပ်တာကို အကြာကြီးဖွင့်ထားရင် အိပ်ရေးတစ်ရေးရတဲ့အချိန်မှာ ကြယ်တွေပြေးနေတဲ့ ဓာတ်ပုံရပါတယ်။လမ်းဘေးမှာ ရှပ်တာစပိနှေးနှေးနဲ့ ပြောင်းတရမ်းရမ်းလုပ်နေရင်ပန်နင်ရှော့လို့ခေါ်တဲ့ဓာတ်ပုံတွေ ရတတ်ပါတယ်။
မြင်ကွင်းကျယ်ဝိုက်လန်းစ်ကြီးကို အပါချာ ခပ်ကျစ်ကျစ်ထားပြီး မြေကြီးနားကပ်ပြီးပင့်ရိုက်ရင် အမြင်ဆန်းတဲ့ ပြူးပြူးပြဲပြဲ ဓာတ်ပုံတွေရပါတယ်။စသည်ဖြင့် စသည်ဖြင့် အဲသည်ပညာတွေဟာ ဓာတ်ပုံအနုပညာလား ကင်မရာတက်ကနစ်တွေလား ဆိုတာ ကွဲပြားအောင် သိမြင်ဖို့ အရေးကြီးပါတယ်။


စေတီဘုရားနောက်ခံနဲ့ ဓာတ်ပုံထဲမှာ ကိုရင်လေးတွေတန်းစီပါရင် ဆန်းပါတယ်။ အဲသည်ကိုရင်လေးတွေစာအုပ်လေးတွေကိုင်ပြီး စာဖတ်ခိုင်းထားရင် ပိုဆန်းပါတယ်။ကိုရင်လေးတွေ သင်္ကန်းခါးတောင်းကြိုက်ပြီး ဘောလုံးကန်နေကြရင် ပိုပိုဆန်းပါတယ်။ ကိုရင်လေးတွေ နေကာမျက်မှန်ကိုယ်စီတပ်ပြီး ကျိုက်ထီးရိုးက ဝါးသေနတ်ကိုယ်စီနဲ့မာန်တင်းနေကြရင် ပိုပိုပိုပြီးတော့ ဆန်းပါတယ်။ စသည်ဖြင့်စသည်ဖြင့် အဲသည်ပညာတွေကကော ဓာတ်ပုံအနုပညာလားအဆန်းအဆင်ပညာလားဆိုတာလဲ ဆန်းစစ်ကြည့်ဖို့ လိုပါသေးတယ်။

စိတ်ကြိုက် အလင်းအမှောင် အရောင်စသည်တို့လိုသလိုချိန်ညှိပေးနိုင်သော ဖိုတိုရှော့ လိုက်ရွန်း အစရှိတဲ့ ဆော့ဝဲတွေကျွမ်းကျင်တာ၊ ဟိုက်ဒိုင်းနမစ်ရှိန့်ခ်ျ(အိတ်ခ်ျဒီအာ) ဓာတ်ပုံဖန်တီးသော
ဆော့ဝဲများသုံးတတ်တာ၊ဖလင်ခေတ်က လိုမိုစတိုင်၊ ခရော့စ်ပရော့ဆတ်ဆင်းစတိုင်မမှန်သော
အရောင်ဆန်းနဲ့ ဓာတ်ပုံများအဖြစ် ဖန်တီးပေးသောပလပ်ကင်များရွေးတတ်တာ၊ စသည်ဖြင့် စသည်ဖြင့်တို့ကရောဓာတ်ပုံအနုပညာလား ဆော့ဝဲအော်ပရိတ်တာပညာလား ဆိုတာလည်း အမြင်ရှင်းဖို့လိုပါတယ်။


လူတိုင်းလက်ထဲမှာ ခေတ်မှီကင်မရာတွေကလည်းရှိ၊တော်တန်ရုံ ဒီအက်စ်အယ်လ်အာကင်မရာ လွယ်ထားရင်ပဲအချင်းချင်း အထင်မကြီးကြတော့တဲ့ သည်ခေတ်ကြီးထဲမှာကန်မရာမန်းတစ်ယောက်ကတော့ ပုံကောင်းထွက်ဖို့ အထက်ကပြောခဲ့သလို ကင်မရာတက်ကနစ်တွေ အဆင်ပညာတွေနဲ့သူများထက်သာအောင် ပုံဆန်းဆန်းတွေကိုမရရအောင် ဖန်တီးပါလိမ့်မယ်။ ပြီးရင် ကွန်ပျူတာဆော့ဝဲများကို အသုံးပြုပြီး စိတ်ကျေနပ်တဲ့အထိ အရောင်အဆန်းအပြားများရအောင်ချိန်ညှိပါလိမ့်မယ်။ အဲသည်အခါမှာ ကြည်လင်တောက်ပသောအမြင်ဆန်းသော သာမာန်လူများရိုက်ချက်ထက် ပိုကြည့်ကောင်းသော ဓာတ်ပုံများ ထွက်လာပါလိမ့်မယ်။

ဒါပေမယ့် ပန်းချီဆရာလို အနုပညာသမားတစ်ယောက်က ခပ်စုတ်စုတ်ကင်မရာတစ်လုံးနဲ့ဖြစ်ဖြစ် ရိုက်လာတဲ့ ပုံတွေဟာ အထက်က ကင်မရာမန်းရိုက်တာထက်ပိုကောင်းတဲ့ ပုံကောင်းတွေဖြစ်နေတာ၊ သူ့ကင်မရာမှာချိန်စရာ ညှိစရာ ခလုတ်တွေ ဖန်ရှင်တွေ အဖက်တွေ များများစားစားမပါပါဘူး။ ဒါပေမယ့် သူဟာ အမြင်ရှိပါတယ်။ဘယ်လို ဖွဲ့စည်းလိုက်ရမလဲဆိုတဲ့ ကွန်ပိုဇေးရှင်းကိုနားလည်ပါတယ်။ ဘယ်နေရာမှာ အလင်းကျနေရင် ဘယ်လို အလှတရားရှိတယ်ဆိုတာကိုလည်း ခံစားတတ်ကြပါတယ်။ ကာလာသီအိုရီနဲ့ အရောင်အယူအဆတွေဟာလည်း ကျေနေအောင်နားလည်ပြီးသားပါ။ နောက်ဆုံးနဲ့ အရေးအကြီးဆုံးအချက်ကသူ့စိတ်ကူးထဲမှာ ဘယ်လိုအာရုံပေါ်နေပါတယ်ဆိုတာကိုချပြပြီးခံစားစေတာပါပဲ။
ဒါဆို သူ့ပုံတွေဟာ ဘာကြောင့် ကင်မရာအကောင်းစားကိုင်ထားတဲ့ ကင်မရာမန်းတစ်ယောက်ရဲ့ကြည်လင်တောက်ပတဲ့ ပုံတွေထက်ပိုကောင်းနေတယ်ဆိုတာသိသာပါတယ်။

ဒါကြောင့် ဓာတ်ပုံပညာလေ့လာမယ်ဆိုရင်တော့တူးဒိုင်မင်းရှင်းချင်းတူတဲ့အတွက် ပန်းချီဆရာတစ်ယောက်လိုမြင်တတ်ဖို့ အခြေခံပန်းချီပညာကို တီးမိခေါက်မိထားရင်လည်းအကောင်းဆုံးပါ။ အလှတရားကို ရှာဖွေတတ်ပြီး အနုပညာကိုအာရုံခံစားတတ်အောင် လေ့ကျင့်မွေးမြူနိုင်ရင်လည်း အကောင်းဆုံးပါ။

အစကနေ ပြန်ကောက်ရမယ်ဆိုရင်
- ကင်မရာတွေ မှန်ဘီလူးတွေ ကျွမ်းကျွမ်းကျင်ကျင်ကိုင်တတ်ရင်မကောင်းဘူးလား (ကောင်းတာပေါ့ဗျာ)
- စုံစီနဖာကင်မရာ တက်ကနစ်တွေ လေ့လာထားရင် မကောင်းဘူးလား (ကောင်းတာပေါ့ဗျာ)
- အမြင်ဆန်းဆန်း ပုံတွေရအောင်ဆင်တတ်တဲ့ နည်းလမ်းတွေသိထားရင် မကောင်းဘူးလား (ကောင်းတာပေါ့ဗျာ)
- ဆော့ဝဲတွေနဲ့ ပုံကို လိုသလိုပြင်နိုင်တဲ့ ပုံပြင်ပညာတတ်ရင်ကောမကောင်းဘူးလား (ကောင်းတာပေါ့ဗျာ)

ဒါပေမယ့် အဲသည်ပညာတွေဟာ ဓာတ်ပုံပညာစစ်စစ်တော့မဟုတ်သေးပါဘူး။
အနုပညာရဲ့ အခြေခံ ဖွဲ့စည်းမှုတွေကို နားလည်ပြီးခံစားတတ်မယ်၊ အမြင်အာရုံထဲမှာ စိတ်ကူးယဉ်ပြီး ဖော်ကျူးမယ်။ပြီးမှ ခလုတ်နှိပ်ပါဗျာ။

ကျော်နန္ဒ
(Ken Rockwell ရဲ့ ဆောင်းပါးကို မှီငြမ်းရေးသားသည်။)
အတွဲ (၁)၊ အမှတ်(၃)၊ ၂၀၁၂၊ ဒီဇင်ဘာလထုတ်မှ

တိုင်းရခက်တဲ့ ကိုယ်ကျင့်တရား နှင့် အလီဘာဘာ၏ လက်တံများ .





(၁)
လူတိုင်းမှာ မတူညီတဲ့ tripping point တွေရှိကြတယ်။ တချို့တွေက အိမ်က အိမ်ဖော်ကိုတောင် အလွတ်မပေးချင်ကြပေမယ့် တချို့ကျတော့လည်း ဂျိုလီလောက်မှ မရရင် စိတ်မဝင်စားကြပြန်ဘူး။ ဘဏ်ဖောက်တဲ့သူခိုးက နောက်ဖေးလမ်းကြားမှာ ထမိန်လိုက်မရုတ်သလိုပေါ့ဗျာ။ ဒီတော့ မတူညီတဲ့ tripping point တွေနဲ့ လူတွေရဲ့ ကိုယ်ကျင့်တရားဆိုတာကြီးကို ကောင်း၊ မကောင်း ဘယ်လို သုံးသပ် ဆုံးဖြတ်ကြမလဲ။ နောက်ပြီး ကိုယ်ကျင့်တရားဆိုတာကိုကလဲ ခေါင်းစဉ်ခွဲက များသားကလား။

(၂)
တကယ်လို့ ကျွန်တော်ဟာ ကျွန်တော့်ရဲ့ tripping point ကို မဖြတ်သန်းခဲ့ဘူးသေးတဲ့ အတိတ်မှတ်တမ်းရှင်းရှင်းနဲ့ စင်ကာပူက မြန်မာပြည်သား အလီဘာဘာ လောင်းလျာ တစ်ယောက် ဖြစ်ခဲ့မယ် ဆိုပါစို့။

စင်ကာပူမှာ မြန်မာတွေလုပ်တဲ့ ပရဟိတ အဖွဲ့သေးသေး၊ လတ်လတ်၊ ကြီးကြီး အရွယ်စုံရှိကြတယ်။ အဲဒီ ပရဟိတအဖွဲ့တွေရဲ့ တစ်နှစ်တာ အလှူကောက်ခံရရှိတဲ့ ငွေတွေဟာ ကျပ်ငွေ သိန်း ဆယ်ဂဏန်း ကနေ ရာ ဂဏန်းအထိ ရှိတတ်ကြတယ်။ အလီဘာဘာလောင်းတစ်ယောက် ပထမဆုံးလုပ်ရမယ့် အလုပ်က ဒီအဖွဲ့ရဲ့ အရေးပါတဲ့သူ ဖြစ်အောင် စ လုပ်တာပါပဲ။ ဒါကလဲ လွယ်မှ သိပ်လွယ်။ အချိန်ရှားတဲ့ စင်ကာပူမှ အချိန်ပေးပြီး လုပ်နိုင်တယ် ဆိုရင်ပဲ တော်တော်ဟုတ် နေပြီ။ ပြောတတ်၊ ဆိုတတ်၊ တာဝန်ယူတတ် များဆိုရင် အတိုင်းထက်အလွန်ပေါ့။ မြန်မာဆိုတဲ့ လူမျိုးကလည်း ယုံလွယ်တတ်သမှ။ ပရဟိတဆိုတာမျိုးကလည်း အချိန်ပေးနိုင်ဦးတောင် တာဝန်ယူနိုင်တဲ့သူက ရှားတော့ ဒီလောက်ဆိုရင်ကို လူယုံလို့ သတ်မှတ်ခံရပြီလေ။


လူယုံဖြစ်သွားတာနဲ့ အလှူခံပေးရမလားဆိုပြီး ကမ်းလှမ်းကြည့်လိုက်ရုံပဲ။ ဒီနေရာမှာတော့ နည်းနည်းလေး ခက်လိမ့်မယ်။ ငွေကိစ္စဆိုတော့လေ။ ကိုယ့်ရဲ့ background ကို ဟိုမေး ဒီမေး စုံစမ်းကြလိမ့်မယ်။ ပြောပြီးပါရော .. ကိုယ်ကျင့်တရားဆိုတာ တိုင်းရ ခက်တဲ့ အရာပါလို့၊ ထူးထူးခြားခြား နာမည်ပျက်မရှိခဲ့ရင်ကို ရပြီ။ သိပ်တော့ မလောနဲ့ အချိန်လေးသာ စောင့်နေလိုက်။ တစ်ချိန်ချိန် လက်ရှိ အလှူငွေ ကောက်ခံပေးနေတဲ့ သူတွေ မလုပ်နိုင်တော့ဘူးဆိုတဲ့ အချိန်အရောက်မှာ ခုန်သာဝင်လိုက်တော့။ သိပ်မစောင့်ရပါဘူး။ စင်ကာပူက မြန်မာအများစုက အလုပ်လုပ်ခွင့်လက်မှတ်၊ ကျောင်းတက်ခွင့်လက်မှတ်တွေနဲ့ နေကြရတာ။ ၁နှစ်တစ်ခါ၊ ၂နှစ်တစ်ခါ အခြေအနေက အမြဲပြောင်းနေတတ်တာမျိုးလေ။


POSB၊ OCBC၊ UOB စတဲ့ အထင်ကရသုံး ဘဏ်ကြီးတွေမှာ account တစ်ခုစီတော့ဖွင့်ထား ဖို့တော့ လိုမယ်ပေါ့။ ကိုယ့် bank account တွေကို အခါအားလျော်စွာ စစ်ခွင့်တောင်းရင် ဘယ်လိုလုပ်မလဲ။ ဒါလဲ လွယ်ပါတယ်။ Bank account ဆိုတာ confidential လေ။ အခြား ကိစ္စတွေအတွက်လည်း သုံးတော့ ဒါတော့ ပေးလို့ မဖြစ်လို့ပါလို့သာ ပြောထားလိုက်ပေါ့။ မြန်မာတွေက သိပ်အားနာတတ်တာနော။ Joint account လုပ်ဖို့ ပြောရင်ကော။ အဟဲဟဲ စင်ကာပူမှာ နိုင်ငံသား နဲ့ အမြဲနေထိုင်ခွင့်ရတဲ့သူ မဟုတ်ရင် ဘဏ်တစ်ခုထဲမှာ saving account ၂ခု ဖွင့်လို့ မရဘူးလေ။ ရှင်းတယ်နော်။

ကဲ ဒီလောက်ဆို ဆက်လုပ်လို့ရပြီ။ အစပိုင်းတော့ စာရင်းမှန်မှန်လေးတင်ပေးပြီး အလှူခံပေးပေါ့။ နောက်နည်းနည်းလေး အသားကျမှ ငွေလွှဲခ သက်သာ အောင်တို့၊ ဘာတို့ ညာတို့ အကြောင်းတွေပြပြီး ကိုယ့် bank account ထဲမှာ ငွေများများ ကျန်နေအောင်သာ ချန်ထားလိုက်။ လိုသလောက်ရပြီဆို ရှောင်သာနေလိုက်တော့ ရပြီ။ ဥပဒေကြောင်းအရ အရေးယူမယ် ဟုတ်လား။ စင်ကာပူက မြန်မာ ပရဟိတအဖွဲ့ အများစုက မြန်မာပြည်မှာတောင် တရားဝင် မှတ်ပုံတင်ထားတာ မဟုတ်ဘူး။ စင်ကာပူမှာ ဆိုရင်တော့ ဝေလာဝေး။ ဘာမှ လုပ်လို့မရဘူး။ စင်ကာပူမှာ မှတ်ပုံတင်မထားရင် တရားဝင်တောင် အလှူခံလို့ကို မရဘူးဗျ။ မြန်မာပြည်မှာ ရော ဘာလုပ်လို့ ရမယ်ထင်သလဲ။ ဟင်း ဟင်း .. သိတယ် မဟုတ်လား မြန်မာပြည်လေ။


(၃)

ခေတ်ကြီးကိုက တစ်ခါသုံး အရမ်းခေတ်စားလာတဲ့ ခေတ်ပါဗျာ။ နောက်ပြီး အတိုင်းရခက်တဲ့ ကိုယ်ကျင့်တရား ဆိုတာကလည်း နာမည်ကိုက "ကိုယ် ကျင့် " တဲ့။ ဘာအဆင့်အတန်းပဲရှိရှိ၊ ဘယ်လို အသိပညာပဲရှိရှိ၊ ဘာအလုပ်ပဲလုပ်လုပ် ကိုယ်ကိုယ်တိုင်က ကျင့်သုံးပါမှ ဆိုသကိုး။ တကယ်တော့လည်း tripping point မတူတဲ့ လူတွေကြားမှာ ကိုယ်ကျင့်တရားကို ခန့်မှန်ပြီး တည်ဆောက်ကြတဲ့ ယုံကြည်မှုဆိုတာ ကမ်းစပ်သဲသောင်ပြင်မှာ တုတ်နဲ့ ခြစ်ပြီး ဆွဲထားတဲ့ စည်းလေး တစ်ချောင်းပဲလေ။


အားနည်းချက်များကို သိမြင်ပြီး “ခန့်မှန်းကိုယ်ကျင့်တရားအခြေခံတဲ့ ယုံကြည်မှု” ဆိုတာကို “ဖောက်ဖျက်ရခက်တဲ့ စနစ်” နဲ့ အစားထိုး နိုင်စေကြောင်း ရည်သန်ပါသည်။

ဝသုန်
၁၆၊ ဇန်နဝါရီ၊ ၂၀၁၄။

စီးပွားရေးလား နိုင်ငံရေးလား



( ပိုက်တင် )
( The Voice weekly ဒီကနေ့ထုတ် )

အတိုက်အခံနဲ့ အစိုးရ ကြား ရင်ကြားစေ့ရေးဟာ ကြားဖြတ်ရွေးကောက်ပွဲ နောက်ပိုင်းကာလမှာ
မျှော်လင့်ချက်ရောင်ခြည်သန်းလာခဲ့ပြီး အချိန်တိုအတွင်း အမျိုးသားစည်းလုံးညီညွတ်ရေးအဆင့်
တက်လှမ်းနိုင်တော့မလိုနဲ့ အခုဆိုရင် တဖြည်းဖြည်း အခြေအနေက အနှုတ်လက္ခဏာဘက်ကို ဦးတည်ရွေ့လျားလာနေပြီး ဒီအချက်ကို နှစ်ဘက်စလုံးက အလေးအနက် စဉ်းစားသုံးသပ်မှသာ၊ ကောင်းမွန်တဲ့ အခြေအနေပြန်ရအောင်စိတ်ရှည်လက်ရှည်နဲ့
ပြန်လည်ဦးတည်ဆောင်ရွက်မှသာ ဒီမိုကရေစီ တည်ဆောက်ရေးနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး အတွက် လမ်းကြောင်းပေါ်က ချော်ထွက်မသွားအောင် ထိန်းထားနိုင်မှာဖြစ်သလို ရည်မှန်းသလောက်
ပေါက်မြောက်ဖို့ ဖြတ်သန်းရမယ့်အချိန် လိုတာထက် ပိုကြာမသွားအောင်လည်း ထိန်းသိမ်းနိုင်မှာဖြစ်ပါတယ်။

ဒေါ်စု ရဲ့ရည်ရွယ်ချက်ကို သုံးသပ်လို့ရသလောက် စီးပွားရေးကို ခန ထား၊ နိုင်ငံရေးကို အရှိန်မြှင့်ပြီးပြောင်း
စံနှုန်းပြည့် ကောင်းမွန်တဲ့ နိုင်ငံရေးစနစ် တည်ဆောက်ပြီးမှ ဖွံ့ဖြိုးတိုးတက်ရေးကို ပြန်စဉ်းစား ဆိုတဲ့
စိတ်ကူးစိတ်သန်း ကို အခြေခံထားတာတွေ့ရပါတယ်။ တစ်ဖက်မှာ အစိုးရနဲ့ တပ်က တော့ နိုင်ငံရေးကို
အချိန်များများယူပြီး တစ်ဆင့်ချင်း တိုးတက်ပြောင်းလဲလာအောင် တည်ဆောက် ၊ စီးပွားရေးကိုတော့ ရွက်ကုန်ဖွင့် အရှိန်အဟုန်အမြင့်ဆုံးနဲ့ တိုးတက်အောင်တည်ဆောက် ဆိုတဲ့ စိတ်ကူးကို အခြေခံထားတဲ့ ရည်ရွယ်ချက်ပါ။

သေသေချာချာကြည့်ရင် ဒီရည်ရွယ်ချက် နှစ်ခုက တစ်ခုကိုတစ်ခု ဆန့်ကျင်ဘက်ဖြစ်နေပြီး ဒါဟာ သာမန်ကိစ္စမဟုတ်ဘဲ ရင်ကြားစေ့ရေး အဲဒီက တစ်ဆင့် အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးနဲ့
အဲဒီကတစ်ဆင့် ဒီမိုကရေစီနဲ့ဖွံ့ဖြိုးတိုးတက်ရေး အောင်မြင်အောင်တည်ဆောက်နိုင်ဖို့ အကြီးအကျယ် အဟန့်အတားဖြစ်နေတယ်ဆိုတာ သတိပြုကြဖို့လိုနေပြီဖြစ်ပါတယ်။

အဲဒီရည်ရွယ်ချက် နှစ်ခုစလုံးမှာ အောင်မြင်အောင် အကောင်းအထည်ဖော်နိုင်ဖို့ မဖြစ်နိုင်အောင် အဟန့်အတားဖြစ်နေတဲ့ အခြေခံအကြောင်းတရားတွေ အသီးသီးရှိနေတာဟာလည်း နိုင်ငံတော်နဲ့ လူထုရဲ့ တိုးတက်ကောင်းမွန်မှု ဖြစ်ထွန်းပေါ်ပေါက်ဖို့ မလွယ်ကူသေးဘူး ဆိုတဲ့ သဘောဖြစ်နေတာကြောင့် နှစ်ဘက်စလုံးက အခြေအနေအရပ်ရပ်ကို ပြန်လည်သုံးသပ်ပြီး ပြင်သင့်တာပြင်
လျှော့သင့်တာလျှော့ဖို့မလုပ်ဘဲ ဘယ်ဘက်ကမှ လွယ်လွယ်ကူကူနဲ့ ကိုယ်မျှော်မှန်းသလို
ပေါက်မြောက်အောင်မြင်အောင် အကောင်အထည်ဖော်နိုင်မယ့် အခြေအနေမရှိပါဘူး။

ဒေါ်စု ရည်ရွယ်သလို နိုင်ငံရေးကိုအရင်တည်ဆောက်ဖို့ အခြေခံလိုအပ်ချက်တွေလည်း
မပြည့်စုံသေးတာကို လက်တွေ့ကျကျ ထည့်သွင်းစဉ်းစားဖို့လိုပါတယ်။ လေးပွင့်ဆိုင်တောင်းဆိုမှု မအောင်မြင်တဲ့နောက်ပိုင်း လူထုတွေ့ဆုံပွဲတွေမှာ အစိုးရနဲ့တပ်ကို စိတ်ခေါ်မှုတွေအရှိန်မြှင့်ဆောင်
ရွက်လာခြင်းက ရင်ကြားစေ့ရေးမျှော်လင့်ချက်ကိုရော အခြေခံဥပဒေ( အတိုက်အခံတို့ လိုလားသလောက်
၊ ဒီမိုကရေစီစံနှုန်းကိုက် အဆင့် ) ပြင်ဆင်နိုင်ရေး ပိုမို ခက်ခဲစေမှာဖြစ်ပါတယ်။ ဒေါ်စုပြောသလို ဘယ်လိုနည်းနဲ့မှ ပြင်မရရင် လူထုအားနဲ့ပြင်မယ်ဆိုတဲ့ ပြောဆိုမှုကလည်း လက်တွေ့မှာ လူထုအင်အားနဲ့ပြင်ဆင်လို့ရနိုင်ဖို့ရာ မျှော်လင့်ချက် နည်းလွန်းနေပေမယ့် ရင်ကြားစေ့ရေး မအောင်မမြင်ဖြစ်နိုင်ပြီး နိုင်ငံရေးအရ အတိုက်အခံတို့အောင်မြင်မှု ရရှိဖို့ အတွက် မျှော်လင့်ချက် နည်းသထက်နည်းလာအောင် အခြေအနေတွေ ပိုမိုဆိုးရွားစေနိုင်တဲ့ လုပ်နည်းလုပ်ဟန်ဖြစ်နေပါတယ်။
တပ်ကိုလည်း နိုင်ငံရေးကနေ အပြီးဖယ်ထုတ် အခြေခံဥပဒေကိုလည်းအသစ်ရေးဆွဲလိုက်သလောက် ကောင်းအောင်ချက်ချင်းပြင်ဖို့ လက်ရှိအစိုးရနဲ့ လွှတ်တော်ကိုဖျက်သိမ်းပြီး တပ်ကိုလည်း revolution ပုံစံနဲ့ ဖယ်ထုတ်ပစ်ဖို့ လို့ပဲ ကောက်ချက်ချလို့ရတာကြောင့် လက်တွေ့မှာ ဒီလိုလုပ်ဖို့ မဖြစ်နိုင်သလို လုပ်လည်းမလုပ်သင့်တဲ့အနေအထားမှာ နိုင်ငံရေးကို ချက်ချင်း အကောင်းဆုံးတည်ဆောက်ဖို့စိတ်ကူးဟာ
မအောင်မမြင်နဲ့ဘဲ အဆုံးသပ်ရဖို့ရှိပါတယ်။ NLD အပါအဝင် ပါတီများအားလုံးက institutionalize လုပ်ဖို့လိုအပ်နေပေမယ့် လောလောဆယ်ဘယ်ပါတီမှ ဒီကိစ္စကိုထိထိရောက်ရောက် မလုပ်ကြသေးမလုပ်နိုင်သေးတဲ့အချိန်မှာ တပ်ကိုဖယ်ထုတ်ဖို့နဲ့ စံနှုန်းပြည့်ဒီမိုကရေစီ တည်ဆောက်ဖို့ ကို ချက်ချင်းလက်ငင်း အကောင်အထည်ဖော်ဖို့ဆိုတာ ပြန်လည်သုံးသပ်သင့်တဲ့ အလျင်အမြန်ပြင်ဆင်သင့်တဲ့ မူဝါဒတစ်ရပ်သာဖြစ်နေပါတယ်။ တစ်ဖက်ကလည်းနှစ်ပေါင်းများစွာ
ဆင်းရဲမွဲတေမှုဒဏ်ကို ခံနေကြရတဲ့ လူထုကို စံနှုန်းပြည့်ဒီမိုကရေစီမရခင် ဆက်ပြီး အဆင်းရဲခံကြဖို့ ပြဌန်းပေးလိုက်သလိုဖြစ်လေတော့ တစ်ကယ်လို့၂၀၁၅ အလွန်မှာ ဒီမိုကရေစီလည်း စံနှုန်းပြည့်ရ စီးပွားရေးကလည်း ၂၀၁၅ အလွန် များမကြာခင်မှာ အတိုင်းအတာတစ်ခုအထိ တိုးတက်အောင် ဆောင်ရွက်ပေးနိုင်မှသာ လူထုက အတိုက်အခံအပေါ် ယုံကြည်မှု တိုးပွားနိုင်မှာဖြစ်ပြီး ဒီလိုသာ ဆောင်ရွက်မပေးနိုင်ခဲ့ရင် အတိုက်အခံအပေါ် ယုံကြည်မှု ကျဆင်းသထက် ပိုမိုကျဆင်းလာနိုင်ရုံမကဘဲဒီမိုကရေစီ အပေါ်ယုံကြည်မှုပါ ကျဆင်းလာနိုင်ပါတယ်။

လောလောဆယ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ လာသင့်သလောက်မလာနိုင်သေးခြင်းက အခြေခံအဆောက်အဦများကို အစိုးရက ဖြည့်ဆည်းမပေးနိုင်တာက တစ်ကြောင်းဖြစ်ပြီး ဒေါ်စုအနေနဲ့ ၂၀၁၅ အလွန်ကာလအထိ စောင့်စေချင်တဲ့သဘောရှိတာကြောင့် နိုင်ငံတကာစီးပွားရေး
လုပ်ငန်းတော်တော်များ ကစောင့်ဆိုင်းလိုခြင်းကတစ်ကြောင်းဖြစ်တယ်လို့ယူဆနိုင်တဲ့အကြောင်းတွေ
လည်းရှိပါတယ်။ အမှန်ကတော့ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို ရဖို့ မြန်မြန်စနိုင်လေကောင်းလေဆိုတဲ့အနေအထားပါ။ အခုကတည်းက စီးပွားရေးကိုအစွမ်းကုန်စတင်ဆောင်ရွက် ထားကြရင်တောင် ၂၀၁၅ ကျော်တာနဲ့ တိုင်းပြည် သိသိသာသာ
နာလံထူနိုင်ဖို့မရှိသေးပါဘူး။ ဒီတော့ အခု မစနိုင်သေးတဲ့ကိစ္စက အခုအစိုးရကို အကြီးအကျယ်ထိခိုက်နိုင်သလို ၂၀၁၅ မှာ ဘယ်အစိုးရတက်တက် အခုထိခိုက်တာထက်ပိုထိခိုက်တော့မှာပါ။ အကြောင်းကတော့ လူထုက ၂၀၁၅ အစိုးရအပေါ်
အကြီးအကျယ်မျှော်လင့်ထားလို့ပါပဲ။ဒီတော့ စီးပွားရေး ခနထား နိုင်ငံရေးကိုအရင်တည်ဆောက် ဆိုတဲ့ ဒေါ်စုရဲ့မူဝါဒ အောင်မြင်ရေးဟာလည်း လမ်းစ ပျောက်ဆုံးနေတယ်လို့ ကောက်ချက်ဆွဲလို့ရပါတယ်။

တစ်ဖက်က အစိုးရရဲ့ စီးပွားရေး တွန်းတင် နိုင်ငံရေး ဖြည်းဖြည်းပြောင်းဆိုတဲ့ မူဝါဒကလည်း ၂၀၁၅ နီးလာလေ ပို ကျပ်တည်းလာလေ ဖြစ်နေပါတယ်။ ရင်းနှီးမြှုပ်နှံမှုတွေလည်း အီလည်လည်ဖြစ်နေပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် စီးပွားရေးကောင်းဖို့မျှော်လင့်ချက်တွေ ဝေဝါးနေပါသေးတယ်။
အခြေခံအဆောက်အဦများအတွက် လက်ရှိ ဂျပန်နိုင်ငံက လုပ်ဆောင်နေမှုများ အောင်မြင်ပြီးမြောက်တဲ့ အချိန်ရောက်မှသာ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများအလုံးအရင်းဝင်လာဖို့မျှော်လင့်လို့ရနိုင်မှာပါ။
ဒီတော့ လက်ရှိအစိုးရသက်တမ်းကာလမှာ စီးပွားဖြစ်ဖို့ မျှော်လင့်ချက်မရှိသလောက်ဖြစ်သွားပြီး
အစိုးရကိုယ်တိုင်ကလည်းဒီအချက်အပေါ် စိတ်ပျက်လက်ပျက်ရှိနေပုံရပါတယ်။ အတိုက်အခံက နိုင်ငံရေးမြန်မြန်ပြောင်းဖို့ဖိအားပေးနေခြင်းက တစ်ဖက်မှာ စီးပွားရေးရည်မှန်းချက်
ပေါက်မြောက်အောင်မြင်အောင်ဆောင်ရွက်နိုင်ဖို့ ခက်ခဲနေတဲ့ ( အဲဒီလိုကျပ်တည်းခက်ခဲရခြင်းက အတိုက်အခံရဲ့ ပယောဂလည်း သက်ရောက်မှုရှိတယ်လို့ ယူဆစရာရှိနေတဲ့ ) အစိုးရနဲ့အတိုက်အခံတို့ယုံကြည်မှုတည်ဆောက်ဖို့ ဘယ်လိုမှ ဖြစ်နိုင်တဲ့အနေအထားမရှိပါဘူး။

နိုင်ငံရေး ကျတော့လည်း အဓိက အတိုက်အခံခေါင်းဆောင်နဲ့ရင်ကြားစေ့ရေးက မျှော်လင့်ချက်နည်း
လာသလိုဖြစ်နေရုံမက ငြိမ်းချမ်းရေးအတွက်အခြေခံ ဖြစ်တဲ့အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးနိုင်ဖို့လည်း ခက်ခက်ခဲခဲ လုပ်နေရတာတွေ့ရပါတယ်။ အခုဆိုရင် မြန်မာနိုင်ငံတောင်ပိုင်းက ဆွေးနွေးပွဲနဲ့ မြောက်ပိုင်းကဆွေးနွေးပွဲအနေအထားတွေက
ရလဒ်တွေကွဲပြားတဲ့ပုံ ဖြစ်နေပြီး အပစ်ရပ်လက်မှတ်ထိုးရင်တောင် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တချို့ ကျန်နေဦးမယ့် အသွင်မျိုးမြင်နေရခြင်းက နိုင်ငံရေး ( ဒီမိုကရေစီရေး ) အောင်မြင်ဖို့ အချိန်ပိုကြာဦးမယ်ဆိုတဲ့ နိမိတ်လက္ခဏာတွေဖြစ်လေတော့ အစိုးရနဲ့တပ်ရဲ့မူဝါဒကလည်း
အောင်မြင်သင့်သလောက် မအောင်မြင်နိုင်ဘူးလို့သုံးသပ်ရင်မှားမယ်မထင်ပါဘူး။

ဒီတော့ စီးပွားရေး ပထမ ဆိုတဲ့ အစိုးရနဲ့တပ် တစ်ဖက်၊ နိုင်ငံရေးပထမ ဆိုတဲ့ အတိုက်အခံဖက် လုံးလုံးဆန့်ကျင်ဘက်ဖြစ်လာနေခြင်းက နိုင်ငံတော်နဲ့လူထုကံကြမ္မာ အပြောင်းအလဲကို လွယ်လွယ်လုပ်လို့မရအောင် ကြီးကြီးမားမား အဟန့်အတားဖြစ်လာနေတယ်ဆိုတာ အထူးဂရုပြုကြစေချင်ပါတယ်။နှစ်ဖက်စလုံးက ပြန်လည်စဉ်းစားသုံးသပ်မှုများပြုလုပ်ဖို့လိုအပ်နေပါပြီ။

ဖြတ်သန်းလာခဲ့သမျှ နိုင်ငံရေးခရီးကို ပြန်ငဲ့ကြည့်မယ်ဆိုရင် ၁၉၈၈ နောက်ပိုင်းကာလ တောက်လျှောက် တပ်က သူရည်မှန်းသလို မရ ရအောင် ဆောင်ရွက်နိုင်ခဲ့တာတွေ့ရပြီး အခု လောလောဆယ်ကြုံတွေ့
နေရတဲ့ အကျပ်အတည်းအခက်အခဲတွေကိုလည်း မရ အရ ကျော်လွှားသွားမယ့်ပုံမျိုးရှိတယ်လို့ ယူဆရပါတယ်။ဘာကြောင့်လဲဆိုတော့ လောလောဆယ်တွေ့ကြုံနေရတဲ့ နိုင်ငံရေးအကျပ်အတည်းဆိုတာက ၂၀၁၀ ဟိုဘက်ပိုင်းတုန်းက တွေ့ကြုံခဲ့ရတဲ့ အခက်အခဲတွေနဲ့နှိုင်းစာရင် တပ်အနေ ကျော်လွှားသွားဖို့
ပိုလွယ်ကူနေတာကြောင့်ဖြစ်ပါတယ်။ နိုင်ငံရေးလည်းပြောင်းစီးပွားရေးလည်းကောင်းဆိုတာမျိုးဖြစ်လာနိုင်ပေ
မယ့် အခုအတိုင်းဆိုရင် နိုင်ငံရေးရော စီးပွားရေးပါလိုတာထက်ပိုကြာမယ့်အနေအထားပါ။
ဒါပေမယ့် အခုလို နှစ်ဖက် မူဝါဒများ ပြဒါးတစ်လမ်းသံတစ်လမ်းဖြစ်နေမယ်ဆိုရင်အဓိက နစ်နာမှာကတော့ နိုင်ငံတော်နဲ့လူထုပါပဲ။အတိုက်အခံအနေနဲ့ကလူထုထောက်ခံမှု ကျဆင်းနိုင်တဲ့အခြေအနေကို ပေါ့ပေါ့မစဉ်းစားသင့်ပါဘူး။လိုတာထက်ပိုပြီး လူထုထောက်ခံမှုကျဆင်းမယ်ဆိုရင် နောက်ဆယ်စုနှစ်များမှာနိုင်ငံရေးလုပ်ဖို့ တော်တော်ကြီးခက်ခဲမယ်ဆိုတာ သတိချပ်စေချင်ပါတယ်။

နိုင်ငံတော်လည်းဂုဏ်ကျက်သရေကျဆင်းခဲ့ရတာ ကြာပြီဖြစ်သလိုလူထုကိုလည်းဆင်းရဲတွင်းထဲ ဆက်မထားသင့်တော့ဘူးလို့ထင်ပါတယ်။ မြန်မာလူထုကဒီမိုကရေစီကိုလိုချင်တောင့်တကြရတဲ့ အဓိက အကြောင်းရင်းကထမင်းဝချင်ကြတာပါ။ အာဏာရှင်စနစ်ဆိုးကြောင့် ငတ်ခဲ့ပြတ်ခဲ့ရတာဖြစ်ပြီး
ဒီမိုကရေစီဆိုရင်တော့ ငါတို့ထမင်းဝ နိုင်ကောင်းရဲ့ဆိုတဲ့အတွေးက အဓိကပါ။လွတ်လပ်ခွင့်ကို မလိုချင်ကြဘူးလို့ ဆိုလိုခြင်းမဟုတ်ပါ။လွတ်လပ်ခွင့်ကို အသက်ရှင်နေတဲ့လူတိုင်း လိုချင်ကြပါတယ်။လိုအပ်ကြပါတယ်။ထမင်းဝဖို့က မြန်မာလူထုအတွက်( အဓိက )လိုအပ်ချက်ဖြစ်တယ်။
လိုချင်တောင့်တမှုလည်းဖြစ်တယ်လို့ ဆိုလိုရင်းပါ။စီးပွားရေးကိုခနထားပြီး နိုင်ငံရေးကို မြန်မြန်
တည်ဆောက်လိုတဲ့အတိုက်အခံတို့ အောင်မြင်အောင်ဆောင်ရွက်နိုင်ရင် လူထုကသာမက
တစ်ကမ္ဘာလုံးကပါတစ်ခဲနက် ချီးမွန်းဂုဏ်ပြုကြမှာဖြစ်ပေမယ့်၂၀၁၅မှာအမှန်တစ်ကယ် အောင်မြင်
အောင်ဆောင်ရွက်နိုင်ဖို့အလားအလာမရှိပါဘူး။ဒီတော့ နိုင်ငံရေးလည်းကောင်းမလာဘဲ စီးပွားရေးကအခုထက်နိမ့်ပါးသွားရင် လူထုက ဒီမိုကရေစီဆိုတာကို သံသယဝင်ကြပါလိမ့်မယ်။
ထောင်စုနှစ်အသစ်မှာ စီးပွားရေးကနိုင်ငံရေးရှေ့ကိုရောက်လာနေတယ်ဆိုတာသတိပြုကြဖို့ပါ။
နိုင်ငံရေးဆိုတာကလည်းတစ်ကမ္ဘာလုံးဟာ ဒီမိုကရေစီဘက်ကိုပဲဦးတည်နေတာဖြစ်ပြီး မကြာမတင်မှာပဲ
လက်ကျန်အာဏာရှင်နိုင်နိုင်များပင်လျင် ဒီမိုကရေစီအသွင် ကူးပြောင်းရေးကိုမဖြစ်မနေလုပ်ကြရတော့မှာဖြစ်ပါတယ်။ အာဏာရှင်စနစ်ဆိုတာ သမိုင်းမှာသာကျန်ရစ်တော့မှာဖြစ်ပါတယ်။စီးပွားရေးပိုတောင့်တင်းတဲ့နိုင်ငံက ပိုပြီးရှေ့ရောက်ဖို့ရှိတယ်ဆိုတာလောလောဆယ်တရုတ်ပြည်ကအမေရိကားကိုကျော်တက်တော့မယ့်အ
ခြေအနေကအဖြေဖြစ်ပါတယ်။ဒီတော့ မြန်မာနိုင်ငံတော်သစ် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်ကြီးမှာ
တဖြည်းဖြည်းနဲ့ အချိန်တွေကြာလာရင်လူထုကို ထမင်းဝအောင်ကျွေးနိုင်ခဲ့ရင် ၊ အကျင့်ပျက်ခြစားမှုကိုထိထိရောက်ရောက် နှိမ်နင်းနိုင်ခဲ့ရင်၊နိုင်ငံတော်ရဲ့ပုံရိပ်ကိုဖြည်းဖြည်းချင်းမြှင့်တင်နိုင်ခဲ့ရင်၊
လူထုကို အခုထက် ပိုလေးစားတန်ဖိုးထားနိုင်ခဲ့ရင် ၊ တပ်မတော်က လူထုကိုအလုပ်အကျွေးပြုပြီး သမိုင်းသစ်ကိုရေးနိုင်ခဲ့ရင် (နိုင်ငံရေးနှေးကွေးနေသော်ငြားလည်း )စီးပွားရေးကိုမြန်မြန်တည်ဆောက်ပြီး
နိုင်ငံရေးကိုဖြည်းဖြည်းပြောင်းမယ်ဆိုတဲ့ ဖက်ကအခုထက်ပိုပြီးအသာဆီးရသွားမှာမုချဖြစ်ကြောင်း သတိပေးတင်ပြလိုက်ပါတယ်။  ။
                                                                           ပိုက်တင်

နိုင်ငံရေးလုပ်စား၊ မီဒီယာလုပ်စားများအား ပြင်းထန်စွာ အရေးယူဖို့ လိုပြီ



ပန်းလှိုင်တံတားအဆင့်(တွံတေးဘက်ခြမ်း)နှင့် လှိုင်သာယာ-တွံတေးလမ်းမ ပေါ်ရှိ ကျူးကျော်တဲ ၂၀၀၀ ကျော်ကို ဇန်န၀ါရီလ ၁၄ ရက်နေ့ နံနက်အစာပိုင်းတွင် သက်ဆိုင်ရာက ဖယ်ရှားခဲ့ကြောင်း သိရသည်။

ကျူးကျော်နေထိုင်သူများကို မြေနေရာပြုလုပ်ပေးပြီး အိမ်ထောင်စုစာရင်း ပြုလုပ်ပေးသည် ဟု ဆိုကာ တစ်အိမ် ကျပ်တစ်သောင်းနှုန်းဖြင့် ဒီမိုကရက်တစ် ပါတီ(မြန်မာ)မှ ကျော်ထက်နိုင် ဆိုသူထံ ပေးချေခဲ့ရပြီး ထိုသူက နေထိုင်နိုင်ရန် အတွက် ကျူးကျော်များကို အာမခံပြောကြားခဲ့ကြောင်း ကျူးကျော်နေထိုင်သူများထံမှ ပြန်လည်သရကြောင်း ယနေ့ထုတ် Eleven နေ့စဉ်သတင်းစာတွင် ဖော်ပြထားသည်။

ယင်းကဲ့သို့ တစ်အိမ် တစ်သောင်းနှုန်း ပေးရခြင်းအပြင် ယခု ဖျက်သိမ်းခံလိုက်ရသည့် ကျူးကျော်အိမ်များမှာ လှိုင်သာယာ-တွံတေးလမ်းမပေါ်တွင် တစ်ကွက်လျှင် အနည်းဆုံး ကျပ်တစ်သိန်းမှ ငါးသိန်းအထိ ပေါက်ဈေးရှိနေပြီး ပွဲစားများထံမှ အကွက်ရိုက်လက်လွှဲ ရောင်းချခြင်းများလည်း ဖြစ်ပေါ်ခဲ့ကြောင်း ဖော်ပြထားသည်။

ဒီမိုကရက်တစ် ပါတီ(မြန်မာ)မှ ကျော်ထက်နိုင်နှင့် အပေါင်းအပါ ခြောက်ဦးကို တွံတေးရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သိရှိရသည်။

အလားတူ နိုင်င်ငံရေးပါတီများက မြှောက်ပင့်ပေးသည့် မြေယာပြဿနာများလည်း ရှိနေကြောင်း၊ The Street View ဂျာနယ်မှ သတင်းထောင်အချို့ အပါအ၀ငင် အချို့သော မီဒီယာသမားများသည် မြေယာကိစ္စများတွင် ပွဲစားသဖွယ် ပါဝင်ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။ ထိုသို့ လုပ်စား မီဒီယာများကိုလည်း ထိထိရောက်ရောက် တားဆီးအရေးယူသင့်ပြီ ဖြစ်ကြောင်း မီဒီယာသမား တစ်ဦးက ပြောကြားသည်။

"သတင်းထောက်တစ်ချို့ပေါ့ဗျာ။ မြေယာကိစ္စတွေမှာ ပြန်ရရင် ဘယ်လောက် ဆိုတာမျိုး၊ ဘယ်အထိ စာတင်ပေးမယ် ဆိုတာမျိုး၊ နောက် သတင်းစာ ရှင်းလင်းပွဲ လုပ်ဖို့ စီစဉ်ပေးတာ၊ သွားဖို့ လာဖို့ စီစဉ်ပေးတာ၊ နောက်ကနေ မြှောက်ပေးနေတာတွေ ရှိတယ်။ လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းရဲ့ မိသားစုက ထုတ်တဲ့ The Street View ဂျာနယ်တို့၊ ကြံ့ခိုင်ရေးက ထုတ်တဲ့ Union Daily သတင်းစာတို့ စတဲ့ သတင်းထောက်တွေ အများဆုံး ပါတယ်။ သူတို့က မြေယာကိစ္စတွေပေါ့ဗျာ အထူးသဖြင့်တော့.. လိုက်လှုပ်နေတာ။ နိုင်ငံရေးပါတီတွေ ပါလာအောင် လိုပ်ခေါ်တယ်။ လွှတ်တော်အမတ်တွေ ၀င်လာအောင်ပေါ့ဗျာ။ သူတို့ကမှ မီဒီယာရှင်းလင်းပွဲတွေ ဖြစ်အောင် ရွာသားတွေဆီက လည်ပင်းညှစ်ထားတဲ့ ပိုက်ဆံတွေနဲ့ လုပ်ပေးတာ။ လုပ်စား မီဒီယာတွေ တော်တော်ကြီးကို ဆိုးတယ်" ဟု ၄င်းက ပြောဆိုသည်။

နိုင်ငံရေးလုပ်စား၊ မီဒီယာလုပ်စားများ၏ မြှောက်ပင့်ပေးမှုများကို ထိထိ ရောက်ရောက် ပြင်းပြင်းထန်ထန် အရေးယူပေးရန် လိုလားလျက် ရှိကြောင်း သိရှိရသည်။

"ဒီမိုကရေစီခရီးကြမ်း၊ ကွန်စတီကျုးရှင်းနှင့် လူပုဂ္ဂိုလ်အခြေပြုနိုင်ငံရေး"



ယနေ့ အခါသမယမြန်မာနိုင်ငံတွင်အခြေခံဥပဒေပြင်ဆင်ရေး၊ ၂၀၁၅ အခင်းအကျင်း၊ ရွေးကောက်ပွဲ နှင့် ၂၀၁၅ အလွန်မြန်မာ့ နိုင် ငံရေး စသည့် ခေါင်းစဉ်များမှာ လွန်စွာ လူပြောများ၍ လူအများစိတ်ဝင်စားသောအကြောင်း အရာများဖြစ်သည်ဆိုသည်မှာ ထင်ရှားပါသည်။ အခြေခံဥပဒေပြင်ဆင်ရေးဆိုရာတွင်ပင် သမ္မတအ ရည်အချင်းဆိုင်ရာ သတ်မှတ်ချက် နှင့် သက်ဆိုင်သော ဥပဒေ ကြောင်းရာများမှာလူထုအကြား ရေပန်းအစားဆုံးနှင့် ပွဲအဆူဆုံး ဆိုသည်မှာမကြာသေးမီက မြင်တွေ့ ခဲ့ ကြရသော လူထုဆန္ဒပြပွဲများကြောင့် ပို၍ ထင်သာမြင်သာဖြစ်စေပါသည်။

မြန်မာနိုင်ငံ ကဲ့ သို့ သောပထ၀ီနိုင်ငံရေး ဗဟိုချက်မ နိုင်ငံတခုတွင် အစိုးရတရပ် အနေဖြင့်  Diplomacy ဆိုင်ရာများ နိုင်ငံရေး ချိန်ခွင်လျှာထိန်းညှိမှု နှင့် အင်အားကြီး အရှေ့ ကမ္ဘာ၊ အနောက်ကမ္ဘာ ကြားအဆင်ပြေအောင် ထိန်းသိမ်း၍ အမျိုးသားအကျိုးစီးပွါး အောင်မြင်ဖြစ်ထွန်းအာင် မူဝါဒ များချမှတ်ရသည်မှာလွယ်ကူသော အခြေ အ နေတရပ်မဟုတ်ပါပေ။ ပထ၀ီနိုင်ငံရေးအရ ဆက်စပ်နေသောအကြောင်းအရာများမှာ သံတမန်ရေးရာများ၊ ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာများမှသည် စစ်ရေးစစ်ရာများအထိ အကျုံးဝင် သည်ဆိုသည်မှာ မြေကြီးလက် ခတ်မလွဲပင်။ ၂၀၀၈ အခြေခံဥပဒေ ပါသမ္မတအရည်အချင်း သတ်မှတ်ချက်တွင် ပါဝင်သော ပုဒ်မ ၅၉(ဃ) နှင့်  ပုဒ်မ ၅၉ (စ) တို့ ကို လက်မခံနိုင်ကြောင်း ဆန္ဒထုတ်ဖော်ပွဲများ၊ အတိုက်အခံပါတီ အင်အားစုများ၏ သတင်းစာရှင်းလင်းပွဲများ၊ မီဒီယာများပေါ်တွင် မကြာခဏဆိုသလိုပင်မြင်တွေ့ နေရပေသည်။အခြေခံ ဥပဒေ ပုဒ်မ ၅၉(ဃ)တွင်ဖော်ပြ ပါရှိသော သတ်မှတ်ချက်အရ နိုင်ငံတော် သမ္မတသည် နိုင်ငံတော်အရေးအရာများဖြစ်သော နိုင်ငံရေး၊ အုပ်ချုပ်ရေး ၊စီးပွါးရေး ၊စစ်ရေးအမြင်များရှိရမည်ဟူ၍ ၄င်း ၊ ပုဒ်မ ၅၉(စ)တွင်ဖော်ပြပါရှိသော သတ်မှတ်ချက်အရ နိုင်ငံတော် သမ္မတသည် မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏ မိဘ တပါးပါးသော် လည်းကောင်း၊ မိမိ၏ဇနီး သို့ မဟုတ် ခင်ပွန်းသော် လည်းကောင်း၊ မိမိ၏တရားဝင်သား၊ သမီးတဦးဦးသော်လည်းကောင်း ၊ထိုတရားဝင်သားသမီး၏ ဇနီး(သို့ )ခင်ပွန်းသည်လည်းကောင်း၊ နိုင်ငံခြားအစိုးရ၏ ကျေးဇူး သစ္စာကိုခံယူစောင့် ရှောက်ရိုသေသူ (သို့ ) နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ (သို့ ) တိုင်းတပါး၏နိုင်ငံသားဖြစ်သူများမဖြစ်စေရ ဟူ၍ရှင်းလင်းစွာ ဖော်ပြထားပေသည်။ ပုဒ်မ ၅၉(ဃ)ပါ သတ်မှတ်ချက်များအနက် စစ်ရေးအမြင်ရှိ ရမည်ဟူသော သတ်မှတ်ချက်မှာ စစ်ဗိုလ်ချုပ်များသာ သမ္မတဖြစ်နိုင်စေရန် တမင်ရည်ရွယ် ၍ရေးဆွဲထားသည်ဟူ ၍အမြင်ကျဉ်းမြောင်းစွာ အဓိ ပ္ပါယ်ဖွင့် ဆိုမှုများကိုတွေ့ ရှိနေရပေသည်။ မြန်မာနိုင်ငံကဲ့ သိုပထ၀ီနိုင်ငံရေးအချက်အခြာတွင်တည်ရှိသောနိုင်ငံတခုအဖို့ မိမိနိုင်ငံအကျိုးစီးပွါးအလို့ငှာမူဝါဒများကို ချမှတ်ရာတွင်ဖြစ်လာနိုင်သမျှသော နိုင်ငံရေးသက်ရောက် မှု၊စစ်ရေးသက်ရာက်မှု၊စီးပွါးရေးသက်ရောက်မှု တို့ ကိုစစ်ရေးအမြင်၊ အုပ်ချူပ်ရေးအမြင် စသဖြင့် ထောင့် စုံဘက်စုံ ချိန်ထိုးသုံးသပ်ရမည်ဆိုသည်မှာ လက်ခံနိုင်လောက်သောအရာဖြစ်ပေသည်။ ထို့ ကြောင့် အခြေခံဥပဒေပါ သမ္မတအရည်အချင်းသတ်မှတ်မှုများ နှင့် ပထ၀ီနိုင်ငံရေး တိုက်ရိုက်(သို့)သွယ်ဝိုက် သက်ရောက်မှု များကိုကျယ်ပြန့် စွာ သုံးသပ်စေလိုပါသည်။ ပုဒ်မ ၅၉(စ)တွင်ဖော်ပြ ပါရှိသော သတ်မှတ်ချက်များမှာမူ ပြင်ဆင်စရာ၊ ဖြည့် စွက်စရာ ပင်မလိုအောင် ကောင်းမွန်မှန်ကန်သည်မှာ အငြင်းပွါးဖွယ်မရှိပါပေ။

မိမိတို့ နိုင်ငံတွင်ဒီမိုကရေစီ စတင်ကျင့် သုံးသောကလာလမှစ၍ လူထုအကြားပေါ်ပြူလာ အဖြစ်ဆုံးလူ တန်းစား ကိုပြပါဆိုလျှင်နိုင် ငံရေး သမားလူတန်းစားကိုပြရမည်ထင်ပါသည်။ နိုင်ငံရေးသမားများကို သရုပ် ခွဲကြည့် မည်ဆိုပါက မိမိ ကိုယ်ကို ထင်ပေါ်အောင်လုပ်သော နိုင်ငံရေးသမားများနှင့်  နိုင်ငံတိုးတက်အောင် အနစ်နာခံသောနိုင်ငံရေးသမား ဟူ၍ အခြေခံအားဖြင့် ခွဲခြားနိုင်ပေသည်။ ထိုသို့ ခွဲခြားရန်မှာလည်း များစွာ မခက် ပါချေ၊ ထိုသူတို့ ၏ လုပ်ဆောင် ချက်များ၊ ပြောဆိုမှုများကို ကြည့် ယုံဖြင့် ပင်ကွဲပြားနိုင်ပါသည်။ ယနေ့ မြန်မာ့နိုင်ငံရေးတွင်မနှစ်မြို့ ဖွယ်အခြေအနေ တရပ်မှာ ဓမ္မဓိဌာန် နိုင်ငံရေးထက် လူပုဂ္ဂိုလ် အခြေပြုနိုင်ငံရေးမှာ အလွန်ပေါ်ပြူလာဖြစ်နေခြင်းပင်ဖြစ်သည်။ သို့သော်လည်း လူပုဂ္ဂိုလ် အခြေပြုနိုင်ငံရေးမှာ များစွာသက်ဆိုးရှည်မည် မဟုတ်သည်ကား အသေအချာ ပင်ဖြစ်သည်။ လူပုဂ္ဂိုလ် အခြေပြုစနစ် ဖြစ်သည်နှင့် အညီ ချမှတ်သောမူဝါဒများမှာ ဒီမိုကရေစီဟုအမည်ခံသော် လည်း ဗျုရိုကရေစီ ဆန်ဆန်ပင်ဖြစ်သည် မှာ မြင်သာပေ သည်။

လူပုဂ္ဂိုလ် အခြေပြုနိုင်ငံရေးဖြင့် ဒီမိုကရေစီ အောင်မြင်အောင် ဖော်ဆောင်မည်ဆိုသည်ကို မချင့်မရဲဖြစ်မိပါ သည်၊ ဥပမာဆိုရပါသော် လူပုဂ္ဂိုလ် အခြေပြုနိုင်ငံရေးသည် အမည်ကွဲအာဏာရှင် စနစ်နှင့် ကွာခြားမှုမရှိပါပေ။ ဤနေရာတွင် စတုထ္ထ မဏ္ဍိုင်ကြီး၏ တာဝန်မှာပြည်သူများကို အတင်းအဖျင်းသာသာ သတင်းများထက် မှန်ကန်သောအချက်အလက်များ၊ မှန်ကန်သောသုံးသပ်ချက်များကိုတင်ပြနိုင်ရန် များစွာအရေးပါပေသည်။

ထို့ကြောင့်ကျွန်ုပ်တို့နိုင်ငံတွင်မျိုးစေ့မှန်အပင်သန်သော အားကောင်းမောင်းသန် ဒီမိုကရေစီ ထွန်းကားလာစေရန် အဓိကဇာတ်ကောင်ကြီးများဖြစ်ကြသည့် တရားစီရင်ရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်၊ ဥပဒေပြုရေးမဏ္ဍိုင်၊ စာနယ်ဇင်း မဏ္ဍိုင် နှင့်  ဆင်ခြင်တုံတရား၊အသိဥာဏ်ပညာ ပြည့် ဝသောပြည်သူ့ မဏ္ဍိုင် စသော မဏ္ဍိုင်ကြီး (၅) ရပ် အချိုးကျကျ ရှင်သန်ပါမှ စစ်မှန်သော ဒီမိုကရေစီ ဖြစ်ပေါ်လာမည်ဟု မချင့် မရဲမျှော်လင့် မိပါသည်။

ကျော်ဇ
(၁၃.၁.၂၀၁၄)

Saturday, January 25, 2014

ရာထူးဆိုတာ

ရာ ထူး ဆို တာ ရူး တာ လို့ လူ တွေ ပြော ကြ တယ် .......
လက် ခံ ပါ တယ် ဗျာ ......

အ ချိန် ကာ လ အ လျှောက် သတ် မှတ် ထား တဲ့ မူ ၀ါ ဒ တွေ ကို .....
ဘယ် လို မှ မ ထင် ပဲ ကံ တ ရား ကြောင့် ပါ လို့ ဖြေ သိမ့် နိုင် ခဲ့ ပါ တယ် .....
ဘယ် လူ ကြီး ဘယ် ပု ဂ္ဂိုလ် တစ် ဦး တစ် ယောက် ကို မှ လည်း အ မြင် မ စောင်း ခဲ့ ဘူး .....
ကျေ နပ် နိုင် ခဲ့ ပါ တယ် ..... အ လှည့် အ ပြောင်း တစ် ခု မှာ ခံ စား ရ မဲ့ အချိန် မှာ ကိုယ် က ပါ ၀င် သွား တာ လို့ ပဲ ခံ ယူ ခဲ့ တယ် ......

ဘယ် တော့ မှ လည်း သစ္စာ မ ဖောက် ခဲ့ ဘူး ......
ဘယ် တော့ မှ လည်း ဖောက် မှာ မ ဟုတ် ဘူး .....
ဒါ ပေ မဲ့ ဗျာ ......
တစ် ခါ တစ် ခါ တော့ ခံ စား ရ တယ် .....

စစ် မှု ထမ်း သက် ၂ နှစ် ပြစ် ဒဏ် ရှိ တဲ့ သူ က မိ မိ ထက် ရာ ထူး ကြီး ပြီး ...... ကြီး ကြီး ကျယ် ကျယ် ပြော .....(တပ် ထဲ မှာ တုန်း က ပါ ဗျာ)
အ ခု ကြ ပြန် တော့ လည်း ဗိုလ် ကြီး အ ဆင့် နဲ့ လာ လို့ ဆို ပြီး နှိမ်ပြန် ရော ....

မ ပေး လို့ မ ရ တာ ကို တော့ စောက် သုံး မ ကျ ဘူး လို့ သတ် မှတ် ရင် တော့ ဗျာ ...( ရိုင်း သွား ရင် ခွင့် လွှတ် ပါ ခင် ဗျား) နောက် ဆုံး တော့ ဗျာ.... တိုင်း ရင်း သားဖြစ် ပြန် တော့ က ရင် တိုင်း ရင်း သား ဖြစ် ပြန် ...... ဘာ သာ ကလည်း ခ ရစ် ယာန် ဘာ သာ ၀င် ဖြစ် ပြန်.....
ဒါ တွေ က ပဲ အ ပြစ် လား ဗျာ .... တစ် သက် လုံး ခံ ဆို တဲ့ သ ဘော လား ဗျာ ...

တ ရား မျှ တ မှု နဲ့ ပွင့် လင်း မှု ဆို တာ ..... ဘယ် သူ တွေ အ တွက် ကျင့် သုံး နေ တာ လဲ ဗျာ .....
တစ် ခါ တစ် ခါ တော့ စိတ် ထိ ခိုက် မိ တယ် ဗျာ .....
စိတ် မ နာ မိ အောင် ကြိုး စား နေရ တယ် .....

လူ တွေ က ဗျာ .... ခေတ် အ ဆက် ဆက် ဒီ လို ပဲ နှိမ် နေ မှာ လား ...
နှိမ် ရင်း နှိမ် ရင်း နဲ့ သ ဘောင်္ သီး ခေတ် ဖြစ် တော့ မယ် ....

အား လုံး စိတ် နဲ့ ဦး နှောက် နဲ့ ဖွဲ့ စည်း အ သက် ရှင် နေ ကြ တာ ဗျ ...
အ တ္တ ရဲ့ ဖ ခင် ကြီး များ လုပ် ခဲ့ တဲ့ ဒဏ် ရာ ဒဏ် ချက် တွေ ဟာ အ ခု ထိ ခံ နေ ရ ဆဲ ဗျ .....
ကျွန် တော် လိုပဲ အ တ္တ ရဲ့ ဖ ခင် ကြီး တွေ လုပ် ခဲ့ တဲ့ မူ တွေ နဲ့ ခံ နေ ရ တဲ့ လူ တွေ အ များ ကြီး ရှိ မှာ ပါ .....

ဒါ ပေ မဲ့ ဗျာ ..... တစ် ကြော့ ပြန် တစ် ပတ် တော့ ပြန် လာ မှာ ပါ .... လာ လည်း လာ နေ ပါ ပြီ .....

                                                                     ( လင်း - မင်း။)
 
Photo: ရာ ထူး ဆို တာ ရူး တာ လို့ လူ တွေ ပြော ကြ တယ် .......
လက် ခံ ပါ တယ် ဗျာ ......
အ ချိန် ကာ လ အ လျှောက် သတ် မှတ် ထား တဲ့ မူ ၀ါ ဒ တွေ ကို .....
ဘယ် လို မှ မ ထင် ပဲ ကံ တ ရား ကြောင့် ပါ လို့ ဖြေ သိမ့် နိုင် ခဲ့ ပါ တယ် .....
ဘယ် လူ ကြီး ဘယ် ပု ဂ္ဂိုလ် တစ် ဦး တစ် ယောက် ကို မှ လည်း အ မြင် မ စောင်း ခဲ့ ဘူး .....
ကျေ နပ် နိုင် ခဲ့ ပါ တယ် .....
အ လှည့် အ ပြောင်း တစ် ခု မှာ ခံ စား ရ မဲ့ အချိန် မှာ ကိုယ် က ပါ ၀င် သွား တာ လို့ ပဲ ခံ ယူ ခဲ့ တယ် ......
ဘယ် တော့ မှ လည်း သစ္စာ မ ဖောက် ခဲ့ ဘူး ......
ဘယ် တော့ မှ လည်း ဖောက် မှာ မ ဟုတ် ဘူး .....
ဒါ ပေ မဲ့ ဗျာ ......
တစ် ခါ တစ် ခါ တော့ ခံ စား ရ တယ် .....
စစ် မှု ထမ်း သက် ၂ နှစ် ပြစ် ဒဏ် ရှိ တဲ့ သူ က မိ မိ ထက် ရာ ထူး ကြီး ပြီး ...... ကြီး ကြီး ကျယ် ကျယ် ပြော .....(တပ် ထဲ မှာ တုန်း က ပါ ဗျာ)
အ ခု ကြ ပြန် တော့ လည်း ဗိုလ် ကြီး အ ဆင့် နဲ့ လာ လို့ ဆို ပြီး နှိမ်ပြန် ရော ....
မ ပေး လို့ မ ရ တာ ကို တော့ စောက် သုံး မ ကျ ဘူး လို့ သတ် မှတ် ရင် တော့ ဗျာ ...( ရိုင်း သွား ရင် ခွင့် လွှတ် ပါ ခင် ဗျား)
နောက် ဆုံး တော့ ဗျာ.... တိုင်း ရင်း သားဖြစ် ပြန် တော့ က ရင် တိုင်း ရင်း သား ဖြစ် ပြန် ...... ဘာ သာ ကလည်း ခ ရစ် ယာန် ဘာ သာ ၀င် ဖြစ် ပြန်.....
ဒါ တွေ က ပဲ အ ပြစ် လား ဗျာ .... တစ် သက် လုံး ခံ ဆို တဲ့ သ ဘော လား ဗျာ ...
တ ရား မျှ တ မှု နဲ့ ပွင့် လင်း မှု ဆို တာ ..... ဘယ် သူ တွေ အ တွက် ကျင့် သုံး နေ တာ လဲ ဗျာ .....
တစ် ခါ တစ် ခါ တော့ စိတ် ထိ ခိုက် မိ တယ် ဗျာ .....
စိတ် မ နာ မိ အောင် ကြိုး စား နေရ တယ် .....
လူ တွေ က ဗျာ .... ခေတ် အ ဆက် ဆက် ဒီ လို ပဲ နှိမ် နေ မှာ လား ...
နှိမ် ရင်း နှိမ် ရင်း နဲ့ သ ဘောင်္ သီး ခေတ် ဖြစ် တော့ မယ် ....
အား လုံး စိတ် နဲ့ ဦး နှောက် နဲ့ ဖွဲ့ စည်း အ သက် ရှင် နေ ကြ တာ ဗျ ...
အ တ္တ ရဲ့ ဖ ခင် ကြီး များ လုပ် ခဲ့ တဲ့ ဒဏ် ရာ ဒဏ် ချက် တွေ ဟာ အ ခု ထိ ခံ နေ ရ ဆဲ ဗျ .....
ကျွန် တော် လိုပဲ အ တ္တ  ရဲ့ ဖ ခင် ကြီး တွေ လုပ် ခဲ့ တဲ့ မူ တွေ နဲ့ ခံ နေ ရ တဲ့ လူ တွေ အ များ ကြီး ရှိ မှာ ပါ .....
ဒါ ပေ မဲ့ ဗျာ ..... တစ် ကြော့ ပြန် တစ် ပတ် တော့ ပြန် လာ မှာ ပါ .... လာ လည်း လာ နေ ပါ ပြီ .....

( လင်း - မင်း။)

မပေါင်းသင်းအပ်တဲ့ မိတ်ဆွေတုလေးယောက်။




Photo: *******မပေါင်းသင်းအပ်တဲ့ မိတ်ဆွေတုလေးယောက်။*******

လောကမှာ မိတ်ဆွေကောင်း ရှိဖို့လိုပါတယ်။ အဲဒီ မိတ်ဆွေကောင်းအထဲမှာ မိတ်ဆွေ
မဟုတ်ဘဲနဲ့ မိတ်ဆွေယောင် ထင်နေရတဲ့ ပုဂ္ဂိုလ်မျိုးက လေးမျိုးရှိပါတယ်။ မြတ်စွာဘုရားက
သိင်္ဂါလောဝါဒသုတ္တန်မှာ သင်္ဂါလသတိုးသားကို ဆုံမသြ၀ါဒ ပေးတဲ့အနေနဲ့ဟောထားပါတယ်။
၁။ အညဒတ္ထုဟရ= ကိုယ့်ဘက်က တစ်ဖက်သတ် ကိုယ်ပေါင်းသင်းတဲ့ ပုဂ္ဂိုလ်ထံက ဘာပဲ
ဖြစ်ဖြစ် ရအောင်ယူတတ်ပါတယ်။ ဟိုဟာလေး တောင်းမယ်။ ဒီဟာလေး တောင်းမယ်။ ဟိုဟာ
လေး ယူမယ်။ ဒီဟာလေး ယူမယ်။ အမြဲတမ်းရအောင် ယူတတ်ပါတယ်။ ပေးရင်လည်း နည်း
နည်းပါးပါးလေး ပေးပြီး များများရအောင် ယူသွားတတ်ပါတယ်။
၂။ ၀စီပရမ = ပေးရန် လက်မပါဘူး။ အပြောသက်သက်သာ ရှိပါတယ်။ အပြောနဲ့
လောကွတ်လုပ်တဲ့ မိတ်ဆွေမျိုးပါ။ သူက အတိတ်နဲ့ လောကွတ်လုပ်ပါတယ်။ အနာဂတ်နဲ့ လော
ကွတ်လုပ်ပါတယ်။ ဆိုပါစို့၊ အိမ်တစ်အိမ်သွားတယ်၊ အိမ်ရှင်သူငယ်ချင်းက၊ ဟာ.. သူငယ်ချင်း
ကွာ၊ မင်းနောက်ကျ လိုက်တာကွာ၊ ငါတို့ ကြက်သားချက်ထားတာ၊ ငါတို့အားလုံး စားလို့ကုန်
သွားပြီ။ အခုတော့ ချဉ်ပေါင်ဟင်းပဲ ကျန်တော့တယ်ကွာ။ (တကယ်ချက်ထားတာ မဟုတ်ဘူး)
တစ်ခါတစ်ရံ ဟိုမနှစ်က အရာနဲ့ ဧည့်ခံလိုက်တယ်။ “ဟို မနှစ် ငါစီးပွားဖြစ်တုန်းက မင်းကိုမျှော်
လိုက်တာ၊ မင်းမလာဘူး။ အခုတော့ ငါလည်း ဒုက္ခရောက်နေတယ်ကွာ။ ကူညီချင်လိုက်တာ။
(ဒါပေမယ့် ဟိုလူက၀မ်းသာသွားတယ်၊ သြော်..ဒီလူ ငါ့အပေါ်ကောင်းသားပဲလို့ ထင်သွားတယ်)
၃။ အနုပိယဘာဏီ= ဘယ်တော့မဆို အကြိုက်ကို လိုက်ပြောတတ်တဲ့ မိတ်ဆွေ။ ကောင်းတာပြောလည်း အေး..ကောင်းတယ်။ မကောင်းတာပြောလည်း အေး..ကောင်းတယ်။
ဟို တစ်ဖက်သား အကြိုက်ကို လိုက်ပြောတာပါ။ ဘယ်တော့ဖြစ်ဖြစ် အကောင်းဖက်ကနေ လိုက်
ပြောပါတယ်။ မကောင်းမှုတွေလုပ်လည်း ဟာ..ကောင်းတာပေါ့။ အဲဒီလို ပုဂ္ဂိုလ်မျိုးဟာ လူရှေ့
ကျတော့ ချီးမွမ်းတတ်တယ်။ မင်းသိပ်တော်တာပေါ့ ဘာညာနဲ့ဆိုပြီး၊ ဒီလူလည်း ထွက်သွားရော
မေးငေါ့ကျန်ခဲ့တယ်။ ရှေ့တင် ကောင်းတယ်။ ကွယ်ရာကျတော့ အတင်းပြောတယ်။
၎။ အပါယသဟာယ= ပျက်စီးဖို့အတွက် အပေါင်းအသင်းဖြစ်နေတဲ့ ပုဂ္ဂိုလ်တဲ့။ ဘီယာ၊
အရက် သောက်ဖေါ်သောက်ဖက်။ အချိန်မတော် အချိန်တော် ထွက်လည်ဖို့ခေါ်မယ်၊ လိုက်မယ်၊
ဖဲရိုက်မယ်၊ လောင်းကစားလုပ်မယ်။ ဘုရားသွား၊ ကျောင်းတက်ကျတော့ မလိုက်ဘူး။ အဲဒီကိစ္စ
မျိုးမှာ လိုက်လျောတဲ့၊ အဖေါ်ပြုတဲ့ မိတ်ဆွေမျိုးဟာ မိတ်ဆွေအစစ် မဟုတ်ပါဘူး။
မြတ်စွာဘုရားက အဲဒီပုဂ္ဂိုလ်လေးမျိုးကို မိတ်ဆွေလို့ မခေါ်ဘူး။ အမိတ္တ ရန်သူလို့တောင်
သတ်မှတ်ပါတယ်။ အဲဒီလို ပုဂ္ဂိုလ်မျိုး ကိုယ်ကိုယ်တိုင်လည်း မဖြစ်သင့်ဘူး။ ကိုယ်ပေါင်းသင်းတဲ့
ပုဂ္ဂိုလ်မှာလည်း ဒါမျိုးကို မိတ်ဆွေအဖြစ် မပေါင်းသင်းရဘူး။
ဒါကြောင့် တရားချစ်ခင် တရားကျင့်ကြံအားထုတ်နေကြတဲ့ ဓမ္မမိတ်ဆွေအပေါင်းက
လည်း မိတ်ကောင်းဆွေကောင်းကို ပေါင်းသင်းကြကာ ဘ၀မြင့်မြတ်သထက် မြင့်မြတ်ပြီး မြတ်
နိဗ္ဗာန်ကို ရရောက်နိုင်ကြပါစေ ကုန်သတည်း။
{ ကောဇာသက္ကရာဇ် ၁၃၇၁ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၅ ရက်၊ လှိုင်မြို့နယ်၊ တိုင်းရင်း
သားများ ဖွံ့ဖြိုးရေး ပရဟိတကျားကျောင်း၌ အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာအရှင်နန္ဒမာလာဘိ
ဝံသ၏ မိတ်ကောင်းဆွေကောင်း တရားဒေသနာတော်မှ ကောက်နုတ်ရေးသားပါသည်။ }
“ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
လောကမှာ မိတ်ဆွေကောင်း ရှိဖို့လိုပါတယ်။ အဲဒီ မိတ်ဆွေကောင်းအထဲမှာ မိတ်ဆွေ မဟုတ်ဘဲနဲ့ မိတ်ဆွေယောင် ထင်နေရတဲ့ ပုဂ္ဂိုလ်မျိုးက လေးမျိုးရှိပါတယ်။ မြတ်စွာဘုရားက
သိင်္ဂါလောဝါဒ သုတ္တန်မှာ သင်္ဂါလသတိုးသားကို ဆုံမသြ၀ါဒ ပေးတဲ့အနေနဲ့ဟောထားပါတယ်။
၁။ အညဒတ္ထုဟရ= ကိုယ့်ဘက်က တစ်ဖက်သတ် ကိုယ်ပေါင်းသင်းတဲ့ ပုဂ္ဂိုလ်ထံက ဘာပဲဖြစ်ဖြစ် ရအောင်ယူတတ်ပါတယ်။ ဟိုဟာလေး တောင်းမယ်။ ဒီဟာလေး တောင်းမယ်။ ဟိုဟာလေး ယူမယ်။ ဒီဟာလေး ယူမယ်။ အမြဲတမ်းရအောင် ယူတတ်ပါတယ်။ ပေးရင်လည်း နည်းနည်းပါးပါးလေး ပေးပြီး များများရအောင် ယူသွားတတ်ပါတယ်။

၂။ ၀စီပရမ = ပေးရန် လက်မပါဘူး။ အပြောသက်သက်သာ ရှိပါတယ်။ အပြောနဲ့
လောကွတ်လုပ်တဲ့ မိတ်ဆွေမျိုးပါ။ သူက အတိတ်နဲ့ လောကွတ်လုပ်ပါတယ်။ အနာဂတ်နဲ့ လော
ကွတ်လုပ်ပါတယ်။ ဆိုပါစို့၊ အိမ်တစ်အိမ်သွားတယ်၊ အိမ်ရှင်သူငယ်ချင်းက၊ ဟာ.. သူငယ်ချင်း
ကွာ၊ မင်းနောက်ကျ လိုက်တာကွာ၊ ငါတို့ ကြက်သားချက်ထားတာ၊ ငါတို့အားလုံး စားလို့ကုန်
သွားပြီ။ အခုတော့ ချဉ်ပေါင်ဟင်းပဲ ကျန်တော့တယ်ကွာ။ (တကယ်ချက်ထားတာ မဟုတ်ဘူး)
တစ်ခါတစ်ရံ ဟိုမနှစ်က အရာနဲ့ ဧည့်ခံလိုက်တယ်။ “ဟို မနှစ် ငါစီးပွားဖြစ်တုန်းက မင်းကိုမျှော်
လိုက်တာ၊ မင်းမလာဘူး။ အခုတော့ ငါလည်း ဒုက္ခရောက်နေတယ်ကွာ။ ကူညီချင်လိုက်တာ။
(ဒါပေမယ့် ဟိုလူက၀မ်းသာသွားတယ်၊ သြော်..ဒီလူ ငါ့အပေါ်ကောင်းသားပဲလို့ ထင်သွားတယ်)

၃။ အနုပိယဘာဏီ= ဘယ်တော့မဆို အကြိုက်ကို လိုက်ပြောတတ်တဲ့ မိတ်ဆွေ။ ကောင်းတာပြောလည်း အေး..ကောင်းတယ်။ မကောင်းတာပြောလည်း အေး..ကောင်းတယ်။
ဟို တစ်ဖက်သား အကြိုက်ကို လိုက်ပြောတာပါ။ ဘယ်တော့ဖြစ်ဖြစ် အကောင်းဖက်ကနေ လိုက်
ပြောပါတယ်။ မကောင်းမှုတွေလုပ်လည်း ဟာ..ကောင်းတာပေါ့။ အဲဒီလို ပုဂ္ဂိုလ်မျိုးဟာ လူရှေ့
ကျတော့ ချီးမွမ်းတတ်တယ်။ မင်းသိပ်တော်တာပေါ့ ဘာညာနဲ့ဆိုပြီး၊ ဒီလူလည်း ထွက်သွားရော
မေးငေါ့ကျန်ခဲ့တယ်။ ရှေ့တင် ကောင်းတယ်။ ကွယ်ရာကျတော့ အတင်းပြောတယ်။

၎။ အပါယသဟာယ= ပျက်စီးဖို့အတွက် အပေါင်းအသင်းဖြစ်နေတဲ့ ပုဂ္ဂိုလ်တဲ့။ ဘီယာ၊
အရက် သောက်ဖေါ်သောက်ဖက်။ အချိန်မတော် အချိန်တော် ထွက်လည်ဖို့ခေါ်မယ်၊ လိုက်မယ်၊
ဖဲရိုက်မယ်၊ လောင်းကစားလုပ်မယ်။ ဘုရားသွား၊ ကျောင်းတက်ကျတော့ မလိုက်ဘူး။ အဲဒီကိစ္စ
မျိုးမှာ လိုက်လျောတဲ့၊ အဖေါ်ပြုတဲ့ မိတ်ဆွေမျိုးဟာ မိတ်ဆွေအစစ် မဟုတ်ပါဘူး။
မြတ်စွာဘုရားက အဲဒီပုဂ္ဂိုလ်လေးမျိုးကို မိတ်ဆွေလို့ မခေါ်ဘူး။ အမိတ္တ ရန်သူလို့တောင်
သတ်မှတ်ပါတယ်။ အဲဒီလို ပုဂ္ဂိုလ်မျိုး ကိုယ်ကိုယ်တိုင်လည်း မဖြစ်သင့်ဘူး။ ကိုယ်ပေါင်းသင်းတဲ့
ပုဂ္ဂိုလ်မှာလည်း ဒါမျိုးကို မိတ်ဆွေအဖြစ် မပေါင်းသင်းရဘူး။

ဒါကြောင့် တရားချစ်ခင် တရားကျင့်ကြံအားထုတ်နေကြတဲ့ ဓမ္မမိတ်ဆွေအပေါင်းက
လည်း မိတ်ကောင်းဆွေကောင်းကို ပေါင်းသင်းကြကာ ဘ၀မြင့်မြတ်သထက် မြင့်မြတ်ပြီး မြတ်
နိဗ္ဗာန်ကို ရရောက်နိုင်ကြပါစေ ကုန်သတည်း။

{ ကောဇာသက္ကရာဇ် ၁၃၇၁ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၅ ရက်၊ လှိုင်မြို့နယ်၊ တိုင်းရင်း
သားများ ဖွံ့ဖြိုးရေး ပရဟိတကျားကျောင်း၌ အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာအရှင်နန္ဒမာလာဘိ
ဝံသ၏ မိတ်ကောင်းဆွေကောင်း တရားဒေသနာတော်မှ ကောက်နုတ်ရေးသားပါသည်။ }

“ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
                        Ko Kyaw

Friday, January 24, 2014

မိန်းကလေးများ သတိထားစေချင်




Photo: 23.1.2014

မိန်းကလေးများ သတိထားစေချင်
====================
Reposted by ပျိုမေတို့သိစေဖို့


တစ်ဦးတစ်ယောက်ကို ချစ်မိသွားရင် ပညာရှိ မိန်းမများပဲ ဖြစ်စေ အသိတရား လွင့်ပြယ် သွားတတ်ကြပါသည်။

ချစ်သူရဲ့ ကြင်နာ ယုယမှုအောက်တွင် ဆင်ခြင်တုံတရားတို့ လွင်ပြယ်သွားတတ်ပါသည်။ အဲဒီအချိန်မှာ ပြန်ပြင်လို့ မရတော့တဲ့ အမှားတို့ ဆက်တိုက် မှားယွင်းမိတော့သည်။

သို့သော် သဘာဝတရားမို့ မည်သူ့ကိုမျှ အပြစ်မဆိုသာချေ။

အထူးသဖြင့် ဆိတ်ကွယ်ရာတွင် ဖြစ်စေ ညအခါတွင်ဖြစ်စေ ချစ်သူရဲ့ အထိအတွေ့ပာာ မှားယွင်းမိသည်အထိ အဆိပ်ပြင်းပါသည်။

ယခုအခါ အလွန်တိုးတက်သဖြင့် လိင်စိတ်ကို ပြင်းထန် ထကြွစေသည့် ကော်ဖီမစ်ဖြစ်စေ ပီကေဖြစ်စေ အသုံးပြုပြီး မိန်းကလေးတစ်ယောက်ရဲ့ ဘ၀ကို အလွယ်တကူ ဖျက်ဆီးနိုင်ပါသည်။ ထို့ကြောင့် ဆိတ်ကွယ်ရာတွင် ချစ်သူကျွေးသည့် မည်သည့်အစားအစာကိုမျှ မစားမိပါစေနှင့် ။

ချစ်သူကို ယုံလျှင်တစ်မျိုးပေါ့။ ချစ်သူက ခန္ဓာကိုယ်ကို တောင်းခံလာလျှင် ခြွင်းချက်မရှိ ငြင်းပယ်ပေးပါ။ ချစ်သူဘ၀တွင် မှားယွင်းမိလျှင် မိမိအပေါ် ရိုးအီသွားသဖြင့် နောက်တစ်ယောက်အပေါ် ကျိန်းသေ စိတ်ယိုင်သွားပါမည်။ စောင့်ထိန်းမှသာ ရေရှည် တည်မြဲပါမည်။

ချစ်သူကလည်း အထင်သေးမှာ မြေကြီးလက်ခတ်မလွဲပင်။

ကျွန်ုပ်ထက် အသိပညာ ထက်မြက်သော မိန်းကလေးများ အင်မတန်ပေါများသော်လည်း မေ့လျော့နေမည်ကို စိုးရိမ်းသဖြင့် ယခုလို အသိပေးရခြင်းဖြစ်ပါသည်။ အထင်သေးခြင်း မပာုတ်ပါ ခင်ဗျာ။

နားလည်စောင့်ထိန်းနိုင်ပါစေ။
ပြည်ငြိမ်း

Credit to ပြည်ငြိမ်း
တစ်ဦးတစ်ယောက်ကို ချစ်မိသွားရင် ပညာရှိ မိန်းမများပဲ ဖြစ်စေ အသိတရား လွင့်ပြယ် သွားတတ်ကြပါသည်။

ချစ်သူရဲ့ ကြင်နာ ယုယမှုအောက်တွင် ဆင်ခြင်တုံတရားတို့ လွင်ပြယ်သွားတတ်ပါသည်။ အဲဒီအချိန်မှာ ပြန်ပြင်လို့ မရတော့တဲ့ အမှားတို့ ဆက်တိုက် မှားယွင်းမိတော့သည်။

သို့သော် သဘာဝတရားမို့ မည်သူ့ကိုမျှ အပြစ်မဆိုသာချေ။

အထူးသဖြင့် ဆိတ်ကွယ်ရာတွင် ဖြစ်စေ ညအခါတွင်ဖြစ်စေ ချစ်သူရဲ့ အထိအတွေ့ပာာ မှားယွင်းမိသည်အထိ အဆိပ်ပြင်းပါသည်။

ယခုအခါ အလွန်တိုးတက်သဖြင့် လိင်စိတ်ကို ပြင်းထန် ထကြွစေသည့် ကော်ဖီမစ်ဖြစ်စေ ပီကေဖြစ်စေ အသုံးပြုပြီး မိန်းကလေးတစ်ယောက်ရဲ့ ဘ၀ကို အလွယ်တကူ ဖျက်ဆီးနိုင်ပါသည်။ ထို့ကြောင့် ဆိတ်ကွယ်ရာတွင် ချစ်သူကျွေးသည့် မည်သည့်အစားအစာကိုမျှ မစားမိပါစေနှင့် ။

ချစ်သူကို ယုံလျှင်တစ်မျိုးပေါ့။ ချစ်သူက ခန္ဓာကိုယ်ကို တောင်းခံလာလျှင် ခြွင်းချက်မရှိ ငြင်းပယ်ပေးပါ။ ချစ်သူဘ၀တွင် မှားယွင်းမိလျှင် မိမိအပေါ် ရိုးအီသွားသဖြင့် နောက်တစ်ယောက်အပေါ် ကျိန်းသေ စိတ်ယိုင်သွားပါမည်။ စောင့်ထိန်းမှသာ ရေရှည် တည်မြဲပါမည်။

ချစ်သူကလည်း အထင်သေးမှာ မြေကြီးလက်ခတ်မလွဲပင်။

ကျွန်ုပ်ထက် အသိပညာ ထက်မြက်သော မိန်းကလေးများ အင်မတန်ပေါများသော်လည်း မေ့လျော့နေမည်ကို စိုးရိမ်းသဖြင့် ယခုလို အသိပေးရခြင်းဖြစ်ပါသည်။ အထင်သေးခြင်း မပာုတ်ပါ ခင်ဗျာ။

နားလည်စောင့်ထိန်းနိုင်ပါစေ။
ပြည်ငြိမ်း

Credit to ပြည်ငြိမ်း

Dirty drugs ညစ်ညမ်းဆေးတွေ





• “အမျိုးသမီး-မိန်းကလေးတွေ သတိပေးပါရစေ”
• “Date Rape Drugs သတိလစ်စေရန် ပြုလုပ်နိုင်သည့်ဆေးဝါးများ” နဲ့
• “ဆေးခတ်မခံရအောင် ဘယ်လိုကာကွယ်မလဲ” ကိုတင်လက်စနဲ့ တပုဒ်တင်ပါရစေ။ အမှန်က သင်္ကြန်ကာလနီးမှ တင်ဘို့ပါ။ မနှစ်က ရာသီဆေးစာအနေနဲ့ ရေးခဲ့တာပါ။
• “ညစ်ညမ်းလက်ဖက်ရည်၊ လေဒီကော်ဖီနဲ့ ညစ်ညမ်းကော်ဖီ” ကိုတော့ (ဘလော့ခ်) မှာဘဲ တင်ထားပါတယ်။

သတိလစ်စေရန် ပြုလုပ်နိုင်သည့်ဆေးဝါးများက အရက်လို၊ ဘီယာလို၊ သောက်တာတခုခုထဲမှာ တည့်တယ်။ ညစ်ညမ်း လက်ဖက်ရည်၊ လေဒီကော်ဖီနဲ့ ညစ်ညမ်းကော်ဖီဆိုတာတွေက ရေနွေးမှာဖျော်ပြီး ရိုးရိုးကော်ဖီလို ဖျားယောင်းတိုက်တဲ့ ဆေးကော်ဖီတွေပါ။ ညစ်ညမ်းဆေးတွေကတော့ သင်္ကြန်မှာ ရေအေးနဲ့ပက်ဖြန်းပြီး အအေးသောက်ရ၊ တိုက်ရတာက ပိုလွယ်ကူပါတယ်။

လက်လှမ်းမီသလောက် (၄) မျိုးသိပါတယ်။ ရှိပါအုံးမယ်။
1) Spanische Fliege
2) German Spanische Love 20ml drop
3) Spanische Fliege extra konzentriert Liebesstropfen 15ml
4) Die Spanische Fliege စတဲ့နာမည်တွေနဲ့ ရောင်းပါတယ်။

ဆေးအရည်ပုလင်းငယ်လေးတွေပါ။ ၁၅-၂ဝ (စီစီ) သာပါလို့ ထိုးဆေးပုလင်းအတိုင်းပါဘဲ။ မိန်းကလေး တယောက်ကို ဖျားယောင်းသွေးဆောင်ဘို့ရာ (သားကာင်းကို ကျော့ကွင်းထောင်ဘို့ရာ) ဆေး ၁ဝ-၁၅ စက်သာလိုပါတယ်။

"ညီမလေး အအေးလေးသုံးဆောင်ပါအုံး" ဆိုပြီး တစိမ်းယောက်ျားဖြစ်ဖြစ် သမီးရည်းစားကဖြစ်ဖြစ် သဘောကောင်းချင်ယောင်နဲ့ တိုက်လာရင် သတိထားပါလေ။ ငါးမျှားချိတ်ကိုမမြင်ကြဘဲ စားစရာသာမြင်လို့သာ ငါးတွေဟာ တငါသည်ဖမ်းတာ ခံကြရတာပါ။ သင်္ကြန်တွင်းမှာသာ အဲလိုလုပ်နိုင်တာ မဟုတ်တာလည်း သတိထားပါ။ ဒီဆေးကို “ယင်ကောင်” တမျိုးကနေ ထုတ်တာပါ။ “အညှီရှိရင် ယင်အုံတယ်” မဟုတ်ပါလား။

ဆေးအစွမ်းက သောက်မိလိုက်တဲ့ မိန်းကလေးဟာ ခဏလေးနဲ့ (၁၅-၃ဝ မိနစ်) ကိုယ်နဲ့စိတ် ပြောင်းလဲမှုတွေဖြစ်လာမယ်။ ဟိုစိတ်တွေ မကဲသင့်ဘဲ ကဲပိုလာမယ်။ အတူနေချင်စိတ်တွေ ဖြစ်ပေါ်လာမယ်။ မဖြစ်သင့်တာအတွက် အဆင်သင့် ဖြစ်လာတော့မယ်။ သတိလက်မလွတ်ပါ။ ဆေးအရှိန်ကုန်ပြီး တခုခု အပြုခံရပြီးမှ နောင်တ ရပါလိမ့်မယ်။ နောက်ကျသွားပါပြီ။

ပိုဆိုးမှာက “မစွမ်းရင်းကလည်းရှိ ကန်စွန်းခင်းကလည်းငြိ” အဖြစ်မျိုးဆိုတာ သင်္ကြန်ကာလမှာ ပိုပြီးဖြစ်နိုင်ပါတယ်။ သင်္ကြန်ကို ပျော်စရာတခုတည်းအတွက်သာလို့ ထင်သူတွေမှာ ဖြစ်နိုင်ပါတယ်။

မြန်မာပြည်မှာ FDA မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနကနေ ကြိုးစားနေပေမဲ့ ဖျက်ဆီးခံထားရတဲ့ ကာလကြီးက ကြာခဲ့တာမို့ ဆင့်ပါးစပ်နှမ်းပက်သာ စစ်ဆေးတာ၊ အရေးယူတာတွေ လုပ်နိုင်ပါသေးတယ်။ ဒီဆေးမျိုး လက်သိပ်ထိုးရောင်းတာတွေ သေချာပေါက်ရှိမှာပါ။

အမှောင်ခေတ်မှာ လူဖြစ်လာသူတွေ ကံဆိုးကြလိုဘဲ အလင်းရောင် ခပ်ဝါးဝါးကာလကလူတွေလဲ ကံမကောင်းကြသေးပါ။ အစိုးရချည်း အားမကိုးကြပါနဲ့။ ကိုယ့်အိမ်ကစ၊ ကိုယ့်ကျောင်း၊ ကိုယ့်အလုပ်ခွင်၊ ကိုယ့်အသိုင်းအဝိုင်းမှာ ဝိုင်းဝန်းပြုပြင်ရေး အားပေးပါရစေ။

ဒေါက်တာတင့်ဆွေ
၇-၄-၂ဝ၁၃

Photo: 23.1.2014

“အမျိုးသမီး-မိန်းကလေးတွေ သတိပေးပါရစေ”

Dirty drugs ညစ်ညမ်းဆေးတွေ

• “အမျိုးသမီး-မိန်းကလေးတွေ သတိပေးပါရစေ”
• “Date Rape Drugs သတိလစ်စေရန် ပြုလုပ်နိုင်သည့်ဆေးဝါးများ” နဲ့
• “ဆေးခတ်မခံရအောင် ဘယ်လိုကာကွယ်မလဲ” ကိုတင်လက်စနဲ့ တပုဒ်တင်ပါရစေ။ အမှန်က သင်္ကြန်ကာလနီးမှ တင်ဘို့ပါ။ မနှစ်က ရာသီဆေးစာအနေနဲ့ ရေးခဲ့တာပါ။
• “ညစ်ညမ်းလက်ဖက်ရည်၊ လေဒီကော်ဖီနဲ့ ညစ်ညမ်းကော်ဖီ” ကိုတော့ (ဘလော့ခ်) မှာဘဲ တင်ထားပါတယ်။

သတိလစ်စေရန် ပြုလုပ်နိုင်သည့်ဆေးဝါးများက အရက်လို၊ ဘီယာလို၊ သောက်တာတခုခုထဲမှာ တည့်တယ်။ ညစ်ညမ်း လက်ဖက်ရည်၊ လေဒီကော်ဖီနဲ့ ညစ်ညမ်းကော်ဖီဆိုတာတွေက ရေနွေးမှာဖျော်ပြီး ရိုးရိုးကော်ဖီလို ဖျားယောင်းတိုက်တဲ့ ဆေးကော်ဖီတွေပါ။ ညစ်ညမ်းဆေးတွေကတော့ သင်္ကြန်မှာ ရေအေးနဲ့ပက်ဖြန်းပြီး အအေးသောက်ရ၊ တိုက်ရတာက ပိုလွယ်ကူပါတယ်။

လက်လှမ်းမီသလောက် (၄) မျိုးသိပါတယ်။ ရှိပါအုံးမယ်။
1) Spanische Fliege
2) German Spanische Love 20ml drop
3) Spanische Fliege extra konzentriert Liebesstropfen 15ml
4) Die Spanische Fliege စတဲ့နာမည်တွေနဲ့ ရောင်းပါတယ်။

ဆေးအရည်ပုလင်းငယ်လေးတွေပါ။ ၁၅-၂ဝ (စီစီ) သာပါလို့ ထိုးဆေးပုလင်းအတိုင်းပါဘဲ။ မိန်းကလေး တယောက်ကို ဖျားယောင်းသွေးဆောင်ဘို့ရာ (သားကာင်းကို ကျော့ကွင်းထောင်ဘို့ရာ) ဆေး ၁ဝ-၁၅ စက်သာလိုပါတယ်။

"ညီမလေး အအေးလေးသုံးဆောင်ပါအုံး" ဆိုပြီး တစိမ်းယောက်ျားဖြစ်ဖြစ် သမီးရည်းစားကဖြစ်ဖြစ် သဘောကောင်းချင်ယောင်နဲ့ တိုက်လာရင် သတိထားပါလေ။ ငါးမျှားချိတ်ကိုမမြင်ကြဘဲ စားစရာသာမြင်လို့သာ ငါးတွေဟာ တငါသည်ဖမ်းတာ ခံကြရတာပါ။ သင်္ကြန်တွင်းမှာသာ အဲလိုလုပ်နိုင်တာ မဟုတ်တာလည်း သတိထားပါ။ ဒီဆေးကို “ယင်ကောင်” တမျိုးကနေ ထုတ်တာပါ။ “အညှီရှိရင် ယင်အုံတယ်” မဟုတ်ပါလား။

ဆေးအစွမ်းက သောက်မိလိုက်တဲ့ မိန်းကလေးဟာ ခဏလေးနဲ့ (၁၅-၃ဝ မိနစ်) ကိုယ်နဲ့စိတ် ပြောင်းလဲမှုတွေဖြစ်လာမယ်။ ဟိုစိတ်တွေ မကဲသင့်ဘဲ ကဲပိုလာမယ်။ အတူနေချင်စိတ်တွေ ဖြစ်ပေါ်လာမယ်။ မဖြစ်သင့်တာအတွက် အဆင်သင့် ဖြစ်လာတော့မယ်။ သတိလက်မလွတ်ပါ။ ဆေးအရှိန်ကုန်ပြီး တခုခု အပြုခံရပြီးမှ နောင်တ ရပါလိမ့်မယ်။ နောက်ကျသွားပါပြီ။

ပိုဆိုးမှာက “မစွမ်းရင်းကလည်းရှိ ကန်စွန်းခင်းကလည်းငြိ” အဖြစ်မျိုးဆိုတာ သင်္ကြန်ကာလမှာ ပိုပြီးဖြစ်နိုင်ပါတယ်။ သင်္ကြန်ကို ပျော်စရာတခုတည်းအတွက်သာလို့ ထင်သူတွေမှာ ဖြစ်နိုင်ပါတယ်။

မြန်မာပြည်မှာ FDA မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနကနေ ကြိုးစားနေပေမဲ့ ဖျက်ဆီးခံထားရတဲ့ ကာလကြီးက ကြာခဲ့တာမို့ ဆင့်ပါးစပ်နှမ်းပက်သာ စစ်ဆေးတာ၊ အရေးယူတာတွေ လုပ်နိုင်ပါသေးတယ်။ ဒီဆေးမျိုး လက်သိပ်ထိုးရောင်းတာတွေ သေချာပေါက်ရှိမှာပါ။

အမှောင်ခေတ်မှာ လူဖြစ်လာသူတွေ ကံဆိုးကြလိုဘဲ အလင်းရောင် ခပ်ဝါးဝါးကာလကလူတွေလဲ ကံမကောင်းကြသေးပါ။ အစိုးရချည်း အားမကိုးကြပါနဲ့။ ကိုယ့်အိမ်ကစ၊ ကိုယ့်ကျောင်း၊ ကိုယ့်အလုပ်ခွင်၊ ကိုယ့်အသိုင်းအဝိုင်းမှာ ဝိုင်းဝန်းပြုပြင်ရေး အားပေးပါရစေ။

ဒေါက်တာတင့်ဆွေ
၇-၄-၂ဝ၁၃
၂၁-၁-၂ဝ၁၄


၂၁-၁-၂ဝ၁၄