(GMT+08:00) 2011-11-16 17:30:58

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှပြည်ထောင်စုမြန်မာနိုင်ငံတော်သို့
စတုတ္ထအကြိမ်အဖြစ် ဗုဒ္ဓမြတ်စွယ်
တော်ပင့်ဆောင်ပူဇော်သည့်အခမ်းအနားသို့ပါဝင်ပင့်ဆောင်ဖူးမြော်ခွင့်ရခဲ့တာဟာ
တန်ဖိုးမဖြတ်နိုင်တဲ့ အခွင့်အရေးတစ်ခုဖြစ်သလို၊အဲလိုပါဝင်ခွင့်ရအောင်
ခွင့်ပြုပေးတဲ့သက်ဆိုင်ရာအကြီးအကဲများနဲ့ ညီမ ငယ်ခင်ဆွေဆွေဝင်းကို
အလွန်ကျေးဇူးဥပကာရတင်မိပါတယ်။
တရုတ်ပြည်၊ပီကင်းမြို့ကိုစတင်ခြေချပြီဆိုကတည်းက ဗုဒ္ဓမြတ်စွာဘုရားရဲ့
အထက်လက်ဝဲဘက် မြတ်စွယ်တော်ကိန်းဝပ်စံပယ်လျက်ရှိတဲ့
မြို့ကြီးကိုရောက်လာပြီပဲဆိုပြီး၊အလွန့်အလွန်ဝမ်းသာကြည်
နူးနေမိပါတယ်။ဒါကြောင့် ဗုဒ္ဓမြတ်စွယ်တော်ကိန်းဝပ်စံပယ်တည်ရှိရာနေရာ Ba Da
Chu ကိုအရောက် သွားချင်ခဲ့မိလို့
စကားစပ်မိတိုင်းပြောဖြစ်နေတာကြောင့်၊ကျွန်မရဲ့လုပ်ဖော်ကိုင်ဖက်တွေဖြစ်တဲ့
မေကြော့ရှင်း
နဲ့နွဲ့ကြိုင်ကြိုင်တို့ကလိုက်ပို့ပေးလို့ပထမဆုံးအကြိမ်ဖူးမြော်ခွင့်ရခဲ့ပါပြီ၊ဒါပေမဲ့အဲဒိတုန်း
ကတော့ မြတ်စွယ် တော်ကိန်းဝပ်ရာစေတီတော်ကိုပဲ
ဖူးမြော်ခွင့်ရခဲ့ခြင်းဖြစ်ပါတယ်၊ဘာလို့ဆိုတော့ ပီကင်းမြို့ရှိ ဗုဒ္ဓမြတ်
စွယ်တော်တိုက်ကိုအမြဲတစေဖူးမြော်ခွင့်မရလို့ပါပဲ၊သတ်မှတ်ထားတဲ့အဖွဲ့
အစည်းနဲ့သတ်မှတ်ထားတဲ့
နေ့ရက်တွေမှာပဲအများပြည်သူတို့ကိုဖူးမြော်ခွင့်ပေးပါတယ်။
အဲလိုမျိုးဖူးမြော်မှုကိုသုံးကြိမ်တိုင်တိုင် ဖူးမြော်ရင်းနဲ့ပဲ
ကြည်နူးမှု၊ပူဇော်မှု၊လေးစားမှုများစွာ ကိုတင်းတိမ်စွာနှလုံသွင်း ရင်းနေလာရက
တစ်နေ့မှာတော့ အခု ပီကင်းမှာ မြတ်စွယ်တော်တိုက်ထဲ
ဝင်ရောက်ဖူးမြော်ခွင့်ရတယ်ဆိုတဲ့သတင်း လည်းကြားရော၊ဘယ်လိုနေလို့ရတော့မ
လဲ၊သွားပြီးဖူးမြော်ချင်တဲ့စိတ်များကြောင့်၊ပီကင်းမြို့ကို
ပညာတော်သင်အဖြစ်နဲ့ရောက်လာကြတဲ့ ကျောင်းသူကျောင်းသားများနဲ့
သွားရောက်ဖူးမြော်လိုက်ရတဲ့အခါ
ရရှိတဲ့ကြည်နူးမှု၊၀မ်းမြောက်မှု၊ယုံကြည်သက်ဝင်မှုများကတစ်စတစ်စ
ဖြစ်တည်လာပြီး၊အခုလိုဒုတိယ အကြိမ်ဖူးမြော်ခွင့်ရခဲ့ပြီဆိုတော့
အေးလှတဲ့ပီကင်းရာသီနဲ့အပြိုင်အေးမြတဲ့စိတ်ခံစားမှုရလဒ်ကုသိုလ်၊
ကျွန်မပွားများတဲ့ဘာဝနာကုသိုလ်အစုစုတို့အတွက် ကမ္ဘာပေါ်ရှိလူသားများအားလုံး သာဓုအနုမောဒနာ ပွားများနိုင်ကြပါစေလို့……………
No comments:
Post a Comment