Labels

Friday, January 24, 2014

တိုးတက်စေဖို့ အပြောလျော့ ပုဂ္ဂိုလ်စွဲလျော့ ပုတ်ခတ်ပြောဆိုမှုလျော့ကြစို့

၂၀၁၅ခုနှစ်နီးလားတာနှင့်အမျှ ပါတီတစ်ခုနှင့်တစ်ခု မဲစွယ်စည်းရုံးမှုတွေ သူ့နည်းသူ့ဟန်နဲ့ ပြုလုပ်လာ ကြလာပါသည်။ မဲစွယ်စည်းရုံးမှုပြုလုပ်လာတာနှင့်အမျှ မိမိပါတီ၊ မိမိက မည်သည့် ရာထူးရလျှင် ဘာတွေလုပ် ပေးမည်။ ဘယ်လိုဖြစ်အောင် စွမ်းဆောင်ပေးမည်ဟု အမျိုးမျိုးစည်းရုံး ကြမည်သာဖြစ်သည်။ ပြည်သူတွေကို စည်းရုံးမည့် သူများအနေဖြင့် မိမိတို့ လုပ်ဆောင်နိုင်မည်ကို သာပြောဆိုပြီး မလုပ်ဆောင်နိုင်တာကို ပါးစပ် ကသာ ပြောဆိုမှုမပြုလုပ်ရင် ပိုကောင်းပါမည်။ မိမိပြုလုပ်မည့်အရာသည် နိုင်ငံနှင့် လူမျိုးအတွက် အကျိုးယုတ် မည့်အရာ အဆိုးကျိုးဖြစ်မည့် အရာများကို ဆွဲဆောင်စည်းရုံးမှုမပြုကြရန်လိုအပ်ပါမည်။

မြန်မာလူမျိုးတို့သည် ပုဂ္ဂိုလ်စွဲ၊ အယူဝါဒစွဲ၊ ဒေသစွဲ အရမ်းကြီးသော လူမျိုးများဖြစ်သည်ဟု ပင်ပြောကြ ပါလိမ့်မည်။ မိမိနှင့် အဆင်ပြေမည့်သူကို ကောင်းအောင်ပြောဆိုရေးသားကြ သော်လည်း၊ မိမိ၏ အယူဝါဒ အမြင် မတူသည့်သူများကို မကောင်းပြောဆိုကြတာ က အတွေ့အကြုံ မရင့်ကျက်ခြင်းသာဖြစ်ပေလိမ့်မည်။ ကျယ်ပြန်သောလွင်ပြင်ကျယ်ကြီး( စင်္ကြ၀ဠာကြီး) တွင် ထောင့်ချိုး မရှိချေ။ ထောင့်ချိုးရှိနေခြင်းသည် မိမိ၏ မကျယ်ပြန်သော အတွေးအမြင်များကြောင့် ထောင့်ချိုး(အမြင်ကျဉ်းမှုများ) ရှိနေတာဖြစ်ကြောင်း ကမ္ဘာ့ပေါ် ရှိ ဘာသာတရားများတွင် အတိအလင်းဖော်ပြထားတာတွေ့ရပေမည်။

မင်းကြီးက နည်းနည်း စားတော်ကဲ က ကဲကဲ ပုံစံမျိုးဖြစ်နေပေသည်။ မြန်မာ့သမိုင်းနဲ့ ကမ္ဘာ သမိုင်း ကို ကြည့်ရင် ဘုရင်သားက ဘုရင်ဖြစ်ပေမယ့် ဘုရင်လောက်မတော်ပါဘူး။ သက်ဦးဆံပိုင်ဘုရင်စနစ်ကို မလိုလား ဘူးဖျောက်ချင်တယ်ဆိုသော်လည်း ထိုသူများက သက်ဦး ဆံပိုင် ဘုရင်စနစ် အာဏာရှင်စနစ်ကို အသက်သွင်း နေသယောင်ဖြစ်နေပါသည်။ မြန်မာတွေ ဘာကြောင့်ကျွန်ဖြစ်ခဲ့တာလဲ ဘာကြောင့် မတိုးတက်တာလဲ သေချာ ပြန်စဉ်းစားဖို့ လိုနေပါပြီး စည်းလုံးညီညွှတ်မှု မရှိခဲ့လို့ စည်းကမ်း မရှိခဲ့လို့ပါ။ သူတစ်ပါးကို အပြစ်တင်နေမယ့် အစား မိမိ ကိုယ်ကို ကောင်းအောင် လုပ်ဆောင်ဖို့ လိုနေပါပြီး။ ပညာရေးမကောင်းဘူး စစ်အစိုးရ ကြောင့်လို့ ပြောကြပါတယ်။ ဘွဲ့တွေသာ ရတယ် ဘာအလုပ်မှမရှိဘူး အလုပ်လက်မဲ့တွေဖြစ်နေကြတယ် အစိုးရကြောင့် ပြောဆိုမှုကို ငြင်းဆန်လိုမှု မရှိသော်လည်း။ ဘွဲ့ရသူများ က ဘွဲ့နဲ့ ထိုက်တန်တဲ့ အသိပညာ၊ အတက်ပညာ ကို ရရှိခဲ့ပါသလားဆိုတာ မိမိကိုယ်ကို ပြန်လည်မေးမြန်းဖူးကြ ပါသလား???? အလုပ်အကိုင်မရှိသူများကရော အလုပ်ကို လက်ကြောတင်းအောင် လုပ်ဆောင်လိုကြပါသလား???? မိမိပညာအရည်အချင်း (အတန်ပညာကို ပြောချင်းမဟုတ်ပါ) အလိုက်တာ လစာရရှိနိုင်မှာဖြစ်ပါသည်။

ဒီလူကြောင့် ငါတို့နိုင်ငံမတိုးတက်ဖူးပြောနေမယ့်အစား မိမိတို့ ကိုယ်တိုင်ကရော နိုင်ငံ တိုးတက်အောင် မိသားစုအရေး တိုးတက်အောင် ဘာတွေစွမ်းဆောင်ခဲ့ဖူးပါလဲ-- ဘယ်နိုင်ငံမှာဘဲ ဖြစ်ဖြစ် ဘယ်သမ္မတဘဲ တက်တက် နိုင်ငံသားတွေက နိုင်ငံတိုးတက်အောင် အလုပ်ကို ကြိုးစားလုပ်မှသာ တိုးတက်မှာဖြစ်ပါသည်။ စစ်အစိုးရကြောင့် နိုင်ငံကြီး ဆုတ်ယုတ်ခဲ့တယ်လို့ ပြောနေမယ့်အစား ကိုယ်ကိုယ်တိုင် နိုင်ငံတိုးတက် အောင် မိမိတက်စွမ်းသည့် ဘက်မှ လုပ်ဆောင် ကြ ပါ။ နှမ်းတစ်စေ့ က ဆီမဖြစ်နိုင်သော်လည်း နမ်းစေ့ပေါင်းမြောက်များ စွာ ပေါင်းလိုက်တော့ ဆီဆိုတာဖြစ်တယ်ဆို အားလုံးသိထားပြီးဖြစ်ပါသည်။ အခုလက်ရှိမြန်မာနိုင်ငံက တိုးတက်လာတဲ့ လမ်းပေါ်ရောက်နေပါပြီး သူတစ်ပါး တစ်ခြားအဖွဲ့အစည်းကို ဘေးထိုင်ဘုပြော နေမယ့် အစား မိမိကိုယ်တိုင် နိုင်ငံကောင်းကျိုးကို လုပ်ဆောင်စေချင်ပါသည်။

ပါတီတစ်ခုတည်း လူတစ်ဦးတစ်ယောက်တည်းမှ နိုင်ငံကိုကောင်းအောင် ဘယ်လိုနည်းနဲ့မှ လုပ်ဆောင် နိုင်မှာ မဟုတ်ပါဘူး။ ဘယ်သူခေါင်းဆောင်သည်ဖြစ်စေ ခေါင်းဆောင်သူ နောက်ကို နိုင်ငံသားတွေက မလုပ် ဆောင်ပါက နိုင်ငံတိုးတက်မှာမဟုတ်ပါဘူး။ နိုင်ငံခေါင်းဆောင်က ဖန်ဆင်း ရှင် မဟုတ်ပါဘူး။ ဟိုလူလုပ်တာ မကောင်းဘူး ဒီလူလုပ်တာ မကောင်းဘူးဟု ပြောနေမယ့် အစား မိမိကိုယ်ကိုကိုယ် ကောင်းအောင်လုပ်သင့် ပါသည်။ သဒ္ဒါလွန်ကျွန်ဖြစ် ဆိုတဲ့စကားပုံရှိပါသည်။ မိမိတို့ဘာသာ ဝေဖန်စဉ်းစားတက်ဖို့လိုပါသည်။ ယခု အချိန်မှာ ကျွန်တော်တို့ နိုင်ငံက စည်းလုံးဖို့ အချိန်တန်နေပါပြီး တစ်ဦးတစ်ယောက် တစ်ဖွဲ့နှင့် တစ်ဖွဲ့ တစ်ပါတီ နှင့် တစ်တစ်ပါတီ အပြစ်တွေ ပြော နေမယ့် အစား ပူးပေါင်းပြီးနိုင်ငံကောင်းအောင်လုပ်သင့်ပါသည်။ မကောင်း ရင် ကောင်းအောင် လုပ်သင့်နေပါပြီး။ ပြီးခဲ့တဲ့အပြစ်တွေကို ပြန်ဖော်နေမယ့်အစား လက်ရှိအချိန်ကို ကောင်း အောင် ပူးပေါင်းဆောင်ရွက်ပြီး အနာဂတ်ကို ကောင်းအောင်လုပ်သင့်နေသည့် အချိန်ရောက်နေပါပြီး ဘယ်ပုဂ္ဂိုလ် သမ္မတ ဖြစ်မှ နိုင်ငံတိုးတက်မှမဟုတ်ပါဘူး။ မိမိတို့ကိုယ်တိုင်ကြိုးစားမှ နိုင်ငံသား အားလုံး သူနေရာ နှင့်သူ ကြိုးစားမှ နိုင်ငံတိုးတက်မှာ ဖြစ်ပါမည်။

မိမိကိုယ်တိုင်ကြိုးစားမှုမရှိ၊ အလုပ်မလုပ်ဘဲ တခြားသူများကို အပြစ်ပြော ဒီလူမှခေါင်းဆောင် သမ္မတ လုပ်မှ ဟိုလူလုပ်ရင် မတိုးတက်ဘူး ပြောနေမယ့်အစား မိမိကိုယ်တိုင် အုတ်တစ်ချပ် သဲတစ်ပွင့်အနေနဲ့ ကြိုးစား မှသာ နိုင်ငံတိုးတက်မှဖြစ်တာမို့ ပုဂ္ဂိုလ်စွဲတွေ အပြောတွေလျော့ အပြစ်တင်နေတာတွေကို လျော့ပြီး နိုင်ငံတိုးတက်အောင် ကျွန်တော်တို့ နိုင်ငံသားအားလုံး ကြိုးစားပြီး နိုင်ငံတိုးတက်အောင် လုပ်ဆောင်မှသာ နိုင်ငံတိုးတက်မည်ဟု ယုံကြည်ပါသည်။

မုဒုံ မောင်ကောင်း(mudonmgkaung1978@gmail.com) မှပို့ပေးဖော်ပြပါတယ်ရှင်
Photo: 24.1.2014

https://www.facebook.com/photo.php?fbid=512814872169834&set=a.417881671663155.1073741826.100003239786335&type=1

No comments:

Post a Comment