-မောင်မြား
ပြည်ထောင်စုဝန်ကြီးများ အပါအ၀င် အစိုးရယန္တရားကြီး အတွင်းရှိ တာဝန်ရှိသူများ လာဘ်ပေးလာဘ်ယူ ရှိနေကြောင်း၊ အဂတိလိုက်စားလျက် ရှိကြောင်း သက်ဆိုင်ရာ အဖွဲ့အစည်းကို တိုင်ကြားသည့်အခါ လိပ်မူ တိုင်ကြားသည့် အဖွဲ့အစည်းမှ သက်ဆိုင်ရာ တာဝန်ရှိ လူပုဂ္ဂိုလ်များသည် ညောင်မြစ်တူး ပုတ်သင်ဥ ပေါ်မည် စိုးသောကြောင့် လည်းကောင်း (၀ါ) ဆက်စပ်နေသည့် အခြား အကြောင်းတရားများကြောင့် လည်းကောင်း လုံးဝ အရေးယူ ဆောင်ရွက်ခြင်းမရှိခဲ့ . . .
ယခင်အပတ်မှအဆက်
၂။ လက်ဆောင် (Gift)
များသောအားဖြင့် ငွေကြေး ပါဝင်လေ့မရှိ။
သို့ရာတွင် ယမကာ နှစ်သက်သူ အကြီးအကဲများ အတွက်မူ သာမန် Black, Red နှင့်
Blue ၀ီစကီမှသည် Louis Thiteen ကဲ့သို့ တန်ဖိုးကြီး ၀ီစကီ ပုလင်းများအထိ
ပါဝင်သည်။ မြန်မာလူမျိုးတို့၏ ဓလေ့ထုံးစံများတွင် ၀ါကျွတ်၊ သင်္ကြန်၊
ခရစ္စမတ်၊ Eid အခါသမယများတွင် လူကြီးသူမများ ဆွေမျိုး သားချင်းများသို့
ဂါရ၀ပြုခြင်း လှူဒါန်းပေးကမ်း ထောက်ပံ့ခြင်း တွေနှင့် ဆက်စပ်ပြီး
“လက်ဆောင်” တွေပါ ရောယှက် ပါဝင်လာပါသည်။
လက်ဆောင်သည် သာမန် “ခြင်း” (Gift Busket)
မှသည် တန်ဖိုးကြီး မော်ဒယ်မြင့် ကားများအထိ ပမာဏ ကြီးလာလေ့ရှိသည်။
လက်ဆောင်ဖြင့် လာဘ်ထိုးရာမှ “လက်ဆောင်ခြင်း (Gift Busket) ယဉ်ကျေးမှုများ
ရန်ကုန် အပါအ၀င် မြို့ကြီး တော်တော်များများတွင် ထွန်းကားလာသည်။ အထူးသဖြင့်
အစိုးရဌာနများ ရုံးအဖွဲ့ အစည်း (Office complex) များတွင် Gift Shop
Culture ထွန်းကား လာသည်နှင့်အမျှ ယင်းဆိုင်များလည်း မှိုလို ပေါက်လာတော့သည်။
တစ်ချိန်ကွင် (Gift Season) လက်ဆောင် ရာသီ ရှိခဲ့သော်ငြားလည်း ယခု
နောက်ပိုင်းတွင် အဆိုပါ Gift Shop များ ရာသီမရွေး ရောင်းဝယ် ဖောက်ကား
လာကြသည်။ ယင်းအချက်ကို ကြည့်လျှင် လာဘ်ပေး လာဘ်ယူမှုတွေ မည်၍မည်မျှ အထိ
“တောထ” နေသည် ဆိုသည်ကို တွက်ချက်လို့ ရသည်။
၃။ ငြိမ်ဆေး
လာဘ်ယူသင့်မယူသင့် စိတ်ဒွိဟ ဖြစ်နေသူကို
ယူဖြစ်အောင် စည်းရုံးသိမ်းသွင်း ဖြားယောင်းပြီး ကျေနပ်သွားအောင်
လာဘ်ထိုးသည်။ Offer လုပ်သူက ကျုံးသွင်း ကမ်းလှမ်းသော လာဘ်ပေးနည်း
တစ်မျိုးဖြစ်သည်။
၎။ ပုံမှန်ဝင်ငွေအပြင် အခြားနည်းမှရသော အခွင့်အရေး (သို့) ရာထူးလုပ်ငန်း သဘာဝအရ ရရှိသော အကျိုးခံစားခွင့် (Perk)
Perk သည် “ရေလောင်း”သည် ဟုလည်း အဓိပ္ပာယ် ရသည်။ “ရေမလာလျှင် ရေမလာ”ဆိုသည့် စကားအသစ် သည် အထင်အရှား ဖြစ်လာသည်။
၅။ အပေါ်ယံမလိုင်ကို ကဲ့ယူခြင်း (Skimp)
ရရှိသည့် ခွဲတမ်း၊ ဘတ်ဂျက်၊ ဝေစု အစရှိသည်
များထဲမှ မိမိအတွက် ဦးဆုံး ဖယ်ထားသည်။ ဒုတိယ ဦးစားပေးအဖြစ် မိမိနှင့်
ယုံကြည်မှု တည်ဆောက် ထားကြသည့် Chronies များအတွက် ချန်သည်။ ကျန်သည့်
အနည်းအကျဉ်း လောက်ကိုသာ အများပြည်သူ ခွဲတမ်းချတော့သည်။
၆။ ဘက်လိုက်မှု ( Favouritism)
အဂတိလိုက်စားမှု အခြေခံဖြစ်သည့်
“တစ်ပတ်စဉ်တည်းကပါ” (Sameintake) “အစ်ကိုကြီး၊ ညီလေး” ”အဘ” စသည့်
လူပုဂ္ဂိုလ်စွဲနှင့် ဒေသစွဲ၊ လူမျိုးဘာသာစွဲ စသည့် ဘက်လိုက်မှုများကို
အခြေခံပြီး လာဘ်ပေး လာဘ်ယူသည့် အဂတိ လိုက်စားကြသည်။
၇။ နေ၊ စား၊ ငြိမ်းခွင့်များ (Free Accomudation)
ယခင်အရှေ့ Chapter များတွင် Defination ဖွင့်ဆိုခဲ့သည့်အတိုင်း ဖြစ်သည်။ အဲဒီ Practice မြန်မာနိုင်ငံတွင် ထွန်းကားလျက် ရှိသည်။
၈။ ခင်မင်ရင်းနှီးမှုကြောင့် သဘောတူညီချက်များ (Sweethearrt Deal)
ယင်း အလေ့အကျင့် သည်လည်း မြန်မာနိုင်ငံတွင်
ရှေးမစွ ကတည်းက ထွန်းကားလာခဲ့သည့် အလေ့အကျင့် ဖြစ်သည်။ နှစ်ပရိစ္ဆေဒ
ကြာရှည်စွာ မြန်မာပြည်တွင် အသုံးပြုနေဆဲ ဖြစ်သည့် အလေ့အကျင့် ဖြစ်သည်။ မိမိ
အပါအ၀င် လူအချို့၏ အကျိုးကို လိုလားသူ၊ မိမိစိတ်တိုင်းကျ
ချယ်လှယ်နိုင်ခွင့် ရှိသူ (သို့) အာဏာရှင်၏ မိသားစုဝင် တစ်ဦးဦးနှင့်
စီးပွားရေး သဘောတူညီမှု (သို့) ခွင်(ဂွင်) တစ်ခု အပေးအယူ ပြုလုပ်ရာတွင်
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ရရှိရေးအတွက် ပြည်ပ လုပ်ငန်းရှင်များနှင့်
ဆက်သွယ်ပေးသည့် လူကြီး သားသမီးများ၊ မကင်းရာ မကင်းကြောင်းများ ဆောင်ရွက်
ပေးမှုကြောင့် လုပ်ငန်းအတွက် သဘောတူညီမှု ရရှိသည်။ အဲဒီအတွက် ပြည်ပ ရင်းနှီး
မြှုပ်နှံသူများဘက်မှ နှစ်ဖက် အကျိုးဆောင်များကို ငွေကြေး၊ ပစ္စည်းစသည့်
အကျိုးဆောင်များ ပေးရသကဲ့သို့ တစ်ဖက်ကလည်း Sleeping Share Holder
အခွင့်အရေးကိုလည်း တောင်းဆိုကြသည်။
မသမာကြေး၊ ဖြတ်စား လျှော်စားငွေ (Kickbracks)
အစိုးရအဖွဲ့အစည်း တစ်ခုခုတွင် မိမိ
လုပ်ငန်း(သို့) မိမိ၏ပုဂ္ဂလိက ငွေရေးကိစ္စအတွက် ပေးဆောင် ရမည့်ငွေထက် ပိုပြီး
တောင်းခံခြင်း သို့ရာတွင် ယင်းငွေများ နိုင်ငံတော် အစိုးရဘဏ္ဍာသို့ မည်သည့်
နည်းနှင့်မျှ ရောက်ရှိ မသွားပေ၊ ရှေ့အခန်းများတွင် ယင်းကို အဓိပ္ပာယ်
ဖွင့်ဆိုခဲ့ပြီးဖြစ်သည်။ အရိုးစွဲနေသည့် အဂတိ လိုက်စားမှုစရိုက်
တစ်ခုဖြစ်သည်။
အလှူငွေနှင့် ၀တ္ထုပစ္စည်းများ (Donation & Property)
လာဘ်ပေးလာဘ်ယူ ကိစ္စသည် သိသာ ထင်ရှားသော
အကျင့်ပျက်မှု တစ်ရပ် အဖြစ်လည်း ခွဲခြားဖော်ပြ နိုင်ကြောင်း ပညာရှင်တွေက
သတ်မှတ်ကြသည်။ ယေဘုယျအားဖြင့် ပထမ အတန်းအစားသည် (ဆိုကြပါစို့) အဖွဲ့အစည်း
တစ်ရပ်သည် အာဏာကို ရင်းပြီး အာဏာကို မြေမြှုပ်မိုင်းကဲ့သို့
မြှုပ်နှံထားသည့်အခါ လုပ်ပိုင်ခွင့် များကို တရားနည်းလမ်းတကျ လုပ်လေ့
မရှိကြောင်း ဖော်ပြကြသည်။ ဒုတိယ အတန်းအစားကား အများပြည်သူ ဆန္ဒမဲဖြင့် အာဏာ
ရရှိထားသည့် အဖွဲ့အစည်းသည် မဲဆန္ဒရှင်များအား မောင်းခံ ထားသည့် ဆန္ဒမဲ၏
မျက်နှာများကို ထောက်ရှုလျက် အခြေအနေ တစ်ရပ်ကို ဖန်တီး ပေးစေသည်ဟု ဆိုသည်။
ဤနည်းအတိုင်းပင် မည်သည့် နိုင်ငံမဟူက အာဏာရှင်တိုင်းသည် အာဏာကို
ဆုပ်ကိုင်ထားပြီး အခြေအနေ အခင်းအကျင်း တစ်ရပ်လုံးကို ထိန်းချုပ်ထားသည့်
အခြေအနေ တစ်ရပ်လုံးမှာ အဂတိလိုက်စားမှု အထင်အရှား ရှိနေသည်ကို
သိနေသော်ငြားလည်း အဂတိလိုက်စားမှုတွင် ပါဝင်ပတ်သက် နေသူများကို အရေးယူခဲ့သည်
ရှိသော် ဘေးဖယ် ခံလိုက်ရသည့် ထိုပုဂ္ဂိုလ်များ နေရာတွင် ယာယီ အစားထိုး
ဆောင်ရွက်ရမည့် အခက်အခဲနှင့် အတူ ယန္တရားကြီး တစ်ခုလုံး ခေတ္တအားဖြင့်
သော်လည်းကောင်း ရပ်ဆိုင်း သွားနိုင်မည် ဖြစ်ကြောင်း ဆင်ခြေ ပေးသည်၊
ဘေးဖယ်ပစ်ခြင်း နှုတ်ထွက် စေခြင်းများသည် အာဏာရှင်၏ အဂတိ လိုက်စားမှုပင်
ဖြစ်သည်။
အဂတိ လိုက်စားမှုများကို သန်းခြောက်ဆယ်သော
ပြည်သူတွေရဲ့ မျက်နှာတစ်ခုတည်းကို ထောက်ရှုလျက် လူသိရှင်ကြား ထောက်ပြ
နိုင်ရမည်ဖြစ်သည်။ လူသိရှင်ကြား ဖော်ပြ ပြောဆိုခွင့်လည်း ရှိရမည်။
အာရှနှင့် အိမ်နီးချင်း နိုင်ငံအချို့တွင် အဂတိလိုက်စားမှု ပကတိ
အခြေအနေများနှင့် ပတ်သက်ပြီး ဖော်ပြပြောဆို ရေးသား တင်ပြ ထားကြသည်။ အဂတိ
လိုက်စားမှုအကြောင်း ရေးသား ချက်များတွင် အဂတိ လိုက်စားမှုများနှင့်
ပတ်သက်ပြီး ကိန်းဂဏန်း၊ ပမာဏနှင့် အချက်အလက်များကို လက်လှမ်းမီသမျှ ရေးသား
တင်ပြနိုင်ခဲ့သည်။ ရေးသားတင်ပြ နိုင်သည်မှာလည်း ဒီမိုကရေစီ နိုင်ငံများ၏
အင်္ဂါရပ်တွေထဲက အချက်များနှင့်အညီ သတင်း အချက်အလက်များ ဖော်ပြထားသည့်အပေါ်
ကြည့်၍ အကဲဖြတ်ရေးသား နိုင်ခြင်း ဖြစ်သည်။
ဒီမိုကရေစီ မဟုတ်သေးသည့်
နိုင်ငံဆိုကြပါစို့ ဖားတစ်ပိုင်း ငါးတစ်ပိုင်း နိုင်ငံများတွင် အဂတိ
လိုက်စား လာဘ်ပေး လာဘ်ယူမှုများကို လူသိရှင်ကြား ဖော်ပြ ပြောဆိုခွင့် မရှိ။
လာဘ်ကင်းသန့်ရှင်းသောအစိုးရ
(Least Corrupt State of Clean Government)
အမှန်ကတော့ TI က ထုတ်ပြသည့် CPI
ညွှန်းကိန်းတွင် Least Corrupt States ၅ နိုင်ငံပါဝင်သည်။ ၁။ Iceland ၂။
Finland ၃။ Newzealand ၄။ Denmark နှင့် ၅။ Singapore အစရှိသည့်
နိုင်ငံမျိုး ဖြစ်အောင် မြန်မာနိုင်ငံ အနေဖြင့် အတော့်ကို ကုန်းရုန်း
ထရဦးမည် ဖြစ်သည်။ ““မြန်မာ့အားကစား ကမ္ဘာကို လွှမ်းရမည်”” ဆိုသော ဆောင်ပုဒ်
ကဲ့သို့ပင် ဖြစ်လာနိုင်ရန် မဖြစ်နိုင်သော Clean Government, good
governance ကောင်းမွန်သော အစိုးရ၊ သန့်ရှင်းသော အစိုးရ””ဆိုသည့် ဆောင်ပုဒ်
ကိုင်စွဲလျက် သံကုန်ဟစ်လျက် ရှိနေ တော့သည်။ Clean government, good
governance ပြောမယ်ဆိုလျှင် Perfect ဖြစ်သော အစိုးရပင် ဖြစ်သည်။ ယခုကဲ့သို့
Perfect ဖြစ်ရမယ်လို့ သံကုန်ဟစ်နေသည် အစိုးရအဖွဲ့သည်-
““အစိုးရသစ် လက်ထက်တွင် ကောင်းမွန်သော
အုပ်ချုပ်ရေး သန့်ရှင်းသော အစိုးရ ဖြစ်ပေါ် လာစေရန် အတွက် ““ပြည်ထောင်စု
အစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ ပြည်နယ် အစိုးရ
အဖွဲ့ဝင်များအဖြစ် တာဝန် ပေးအပ်ခြင်း ခံရသူများသည် ၎င်းတို့၏ ရွှေ့ပြောင်းနိုင်
မရွှေ့ပြောင်းနိုင် ပစ္စည်းများနှင့် အကျိုး စီးပွား များကို ထုတ်ဖော်
ကြေညာပြီး မှတ်တမ်း တင်ထားရန် အများပြည်သူသို့ ပွင့်လင်းမြင်သာမှုရှိရန်
ဖော်ပြ နိုင်ရမည် ဆိုသည့် အဆိုသည်လည်း လွှတ်တော်တွင် ရှုံးနိမ့်သွားသည်။
အရာမထင်ခဲ့ချေ။ အများ ပြည်သူတွေ အကျိုးအတွက် သူတို့ လက်ကိုင်ထားသည်။
ကောင်းမွန်သော အုပ်ချုပ်ရေး သန့်ရှင်းသော အစိုးရ ဖြစ်လာစေရေး ဦးတည်
သွားကြမယ်ဆိုရင် ပထမ ခြေလှမ်း ဖြစ်သည့် ယင်းအဆိုသည် မလွဲမသွေ
အကောင်အထည်ဖော် ဆောင်ရွက်ရမည် ဖြစ်သည်။ သို့ရာတွင် ရာဂဏန်း ပတ်ဝန်းကျင်သာ
ရှိသည်။ ဒီမိုကရက်တစ် အင်အားစု၏ အဆိုသည် ရာကြီးဂဏန်းရှိသည့် လက်ရှိ Ruling
Party ကို မိမိဘက်သို့ ပါလာဖို့ (သို့) ပြည်သူ့ အကျိုးနှင့် ယှဉ်လာလျှင်
ပြည်သူ့မျက်နှာ တစ်ခုတည်းကိုသာ ကြည့်ဖို့ အတော် စည်းရုံး ဆောင်ရွက်ရမည်
ဆိုသည်ကို ပိုမို သတိချပ်ရမည် ဖြစ်ပေသည်။ သို့သော် လွယ်တော့ မလွယ်ကူပါချေ။
ပြည်ထောင်စုဝန်ကြီးများ အပါအ၀င်
အစိုးရယန္တရားကြီး အတွင်းရှိ တာဝန်ရှိသူများ လာဘ်ပေး လာဘ်ယူ ရှိနေကြောင်း
အဂတိ လိုက်စားလျက် ရှိကြောင်း သက်ဆိုင်ရာ အဖွဲ့အစည်းကို တိုင်ကြားသည့်အခါ
လိပ်မူ တိုင်ကြားသည့် အဖွဲ့အစည်းမှ သက်ဆိုင်ရာ တာဝန်ရှိ လူပုဂ္ဂိုလ်
များသည်လည်း တိုင်ကြားခဲ့ရသူ ကာယကံရှင်နှင့် အမှုတွဲ ဆက်စပ်လျက်
ရှိသောကြောင့် (၀ါ) တစ်နွယ်ငင် တစ်စင်ပါ ဖြစ်ကုန်မည်စိုးသည့် အတွက်ကြောင့်
လည်းကောင်း (၀ါ) ညောင်မြစ်တူး ပုတ်သင်ဥ ပေါ်မည် စိုးသောကြောင့် လည်းကောင်း
(၀ါ) ဆက်စပ်နေသည့် အခြား အကြောင်းတရားများကြောင့် လည်းကောင်း လုံးဝအရေးယူ
ဆောင်ရွက်ခြင်း မရှိခဲ့ကြောင်း လေ့လာသူတွေက သုံးသပ်ကြသည်။ အဲဒီကိစ္စအတွက်
သက်ဆိုင်ရာမှ တစ်ဆင့် အကြီးအကဲ ဆီသို့ ဆက်လက် တင်ပြ တိုင်ကြားသည့်အခါ
အကြီးအကဲ ကိုယ်တိုင်ကလည်း ပတ်သက်နေသူ ဖြစ်ကောင်း ဖြစ်မည်။
ဖြစ်နေပြန်သည့်အတွက် တိုင်စသည် တိုင်ပတ်လျက် ရှိနေတော့သည်။
ဒီမိုကရေစီ မထွန်းကားသည့်
နိုင်ငံအချို့တွင် လာဘ်ပေးလာဘ်ယူမှုနှင့် ငွေညှစ်မှု၊ ခြိမ်းခြောက်
ငွေတောင်းမှု တွေသည် ဘယ်ဘက်လက်နှင့် ညာဘက်လက်သာ ပြောင်းလဲသွားသည်။ လုပ်နည်း
လုပ်ဟန်လည်း ကွဲပြား သည်။ သို့သော် အနှစ်သာရကား အတူတူသာ ဖြစ်ကြောင်း
လေ့လာသူတွေ သုံးသပ်ကြသည်။
အစိုးရ အဖွဲ့သစ်အတွင်း ယခင်
လူဟောင်းများကို လူသစ်များဖြင့် အစားထိုးသည် ဆိုရာဝယ် အစိုးရ
အဖွဲ့ခေါင်းဆောင် နှင့်အတူ အရည်အသွေး မပြည့်ဝသူများ၊ ခေါင်းဆောင်နှင့်
ပုဂ္ဂိုလ်ရေး နီးစပ်သူများ၊ မကင်းရာ မကင်းကြောင်း မရှင်းရာမရှင်းကြောင်း
ရှိသူများ (incompetent persons) မလွဲမသွေ ပါဝင် လာခဲ့သော် ယင်းလုပ်ရပ်သည်
Corruption ဖြစ်သည်ဟု သုံးသပ် ပြောဆိုကြသည်။
ဒီမိုကရေစီ မဟုတ်သော (သို့) ဖားတစ်ပိုင်း
ငါးတစ်ပိုင်းနိုင်ငံများ (သို့) စနစ်တစ်ခုမှ အခြားစနစ် တစ်ခုသို့
ပြောင်းလဲနေသည့် နိုင်ငံများတွင် အစိုးရထိပ်ပိုင်း တာဝန်ရှိ
ပုဂ္ဂိုလ်များကို ရာထူး ခန့်အပ်ရာတွင် အရည်အချင်း (Ability) သစ္စာစောင့်သိမှု၊
သစ္စာခံမှု (Loyalty) ပေါ်တွင် မူတည်ပြီး ခန့်အပ်လေ့ ရှိသည်။
ဆွေမျိုး ကောင်းစားရေးဝါဒနှင့် နောက်လိုက်
တပည့်လက်သား ကောင်းစားရေး ၀ါဒသည် ဒီမိုကရေစီ နည်းကျ ရွေးကောက်
တင်မြှောက်ထားခြင်း မရှိသည့် နိုင်ငံမျိုးတွင် Nefrohism နှင့် Cronyism
အကျင့်များ ထွန်းကားသည် ဆိုသော်လည်း ဒီမိုကရေစီ ထွန်းကားသော (သို့)
ဒီမိုကရေစီ နည်းကျ ရွေးကောက် တင်မြှောက်ထားသည့် အစိုးရအဖွဲ့
ရှိရာနိုင်ငံမျိုးတွင်ပင် ယင်းအလေ့အကျင့်များ ထွန်းကားလာသည်။
လုပ်ပိုင်ခွင့်ရှိသူ အစိုးရ တာဝန်ရှိ
ပုဂ္ဂိုလ်များ၏ အာဏာသည် တရားမ၀င်နည်းဖြစ် ပန်းတိုင် ရောက်ရှိရေး
အသုံးပြုသည့်အခါ မိမိအား ဆန့်ကျင့်သူ၊ မိမိနှင့် သဘောချင်း
မတိုက်ဆိုင်သူတွေကို အနာတရ ဖြစ်စေလိုမှု များသည် Corruption အဖြစ် ရောက်ရှိ
လာတော့သည်။ သာဓက အားဖြင့် စာပေ အနုပညာရှင်များနှင့် သတင်း မီဒီယာ
သမားများကို မကြာခဏ ခွင်ဆင်ဖမ်းသည့် အမှုမျိုး ဖြစ်ပေါ်လေ့ ရှိရာ စာပေ
အနုပညာရှင် များနှင့် ဂျာနယ်လစ်များ အရေးသည် နိုင်ငံရေးအရ ထင်ဟပ်
တုံ့ပြန်လွယ်သော အကြောင်းခြင်းရာ (Sensitive Issue) ဖြစ်လာသည်မျိုး
ဖြစ်သည်။
Oligareky ဟုခေါ် နည်းစုံတစ်ရပ်ကို
ကိုယ်စားပြုသည့် အစိုးရ၊ အဖွဲ့အစည်းနှင့် စီးပွားရေး လုပ်ငန်းများသည်
ကြိုးစား ညှိထားသည့် သတ်မှတ်ဈေးနှုန်း (illusive Price-Fixing) ဖိအားပေး
ခံထားရပြီး မှီခိုနေရသည့် စီးပွားရေး လုပ်ငန်းများနှင့်အတူ အဂတိ
လိုက်စားတွေကို ပြောင်ပြောင်တင်းတင်း ကျူးလွန်ကြကုန်သည်။
အဂတိ လိုက်စားသည့် အာဏာရှင်နှင့် သူ၏
အစိုးရကြောင့် ပြည်သူလူထုခမျာ နှစ်ပရိစ္ဆေဒ ကြာရှည်စွာ အထွေထွေ အကျပ်အတည်း
အခက်အခဲနှင့် ချွတ်ခြုံ ကျမှုများစွာကို တနင့်တပိုး ခံစားရသည်။ ပြည်သူလူထု၏
လူမှု အဖွဲ့အစည်းတွင် တရားဥပဒေ စိုးမိုးရေး (The Rule of Law) သည်လည်း
တစ်စစီ ဖြစ်သွားသည်။ အဂတိ လိုက်စားသည့် အာဏာရှင်သည် ဓနဥစ္စာ
ပိုးဦးကြွယ်ပြီး အာဏာ တည်မြဲရေးကိုသာ အာရုံစိုက်လျက် ရှိရာ တိုင်းပြည်တွင်
ဖြစ်ပျက်နေသည့် စီးပွားရေးနှင့် လူမှုရေး ပြဿနာများကို ဥပေက္ခာပြု
လျစ်လျူရှုလေ့ ရှိသည်။
အဂတိ လိုက်စားမှုနှင့် ပတ်သက်ပြီး
Cossuption is the abuse of public power for primate — ဟု ကမ္ဘာ့ဘဏ်
အဖွဲ့အစည်းက အဓိပ္ပာယ် ဖွင့်ဆိုသည်”” ပြည်သူ့ အာဏာကို ပုဂ္ဂိုလ်ရေး
အကျိုးအမြတ်အတွက် အလွဲသုံးစားပြုသည်”” မည်၏။
No comments:
Post a Comment