ကိုကျော်ရင်ဦးရေ
အစိုးရ အဖွဲ့အစည်းတွေမှာ ဒါလောက်က အသေးအမွှားပဲ ရှိသေးတယ်။ နိုင်ငံခြာက တစ်ခေါက်ပြန်လာရင် အိမ်က ရွှေ ၂ ကျပ်သားလောက် ထွက်တာတွေ၊ ဒါတောင် နည်းလို့ အဲငြိုညင်ခံရတာတွေ၊ ကိုယ့်အောက် ၂ ဆင့် ၃ ဆင့်လောက်ကွာတဲ့ တပည့်ဖြစ်သူတွေက ကိုယ့်အထက် ရောက်သွားတာတွေ၊ ပညာအရ လုပ်သက်အရ စွမ်းဆောင်ရည်အရ မဟုတ်ပဲ ကျော်တက်သွားတာတောင် ငုတ်တုတ် ထိုင်ကြည့်နေရတာတွေပြောရရင် အများကြီးပါပဲဗျာ.......။
ပဲ့တင်သံဂျာနယ်
‘ဟယ်လို…ကျော်ရင်ဦးလား ‘
‘အင်း… အစ်မ ဘာလဲ‘
‘သြော်၊ မင်း… မစန်းကို ရုံးပို့ပြီးရင် အိမ်ဝင်ခဲ့ဦးလို့ ပြောမလို့‘
‘အင်း… ၀င်ခဲ့မယ်လေ ဘာဖြစ်လို့လဲ‘
‘ဘာမှ မဖြစ်ပါဘူး၊ ၀င်သာဝင်လာခဲ့ပါ‘
‘အေး..အေး.. အဲ့ဒါဆို ဒါပဲနော်‘
အစ်မ ဖုန်းချသွှားတော့၊ ကျွှန်တော့်စိတ်ထဲ လေးလံပြီး ကျန်ရစ်ခဲ့တယ်။ ဘာဖြစ်လို့ ပါလိမ့်။ ခုနကပဲ အစ်မနဲ့ သီသီတို့ အိမ်ကနေ ပြန်သွှားခဲ့ကြတာ၊ ညီမလေးသီသီ နေပြည်တော်မှာ ရာထူးတိုးစာမေးပွှဲ သွှားဖြေခဲ့ပြီး ပြန်ရောက် လာလို့ လက်ဆောင်တွေ လာပေးသွှား ကြတာပါ။ အခုပဲ ပြန်သွှားပြီး၊ အခုပဲ အရေးကြီးတဲ့ပုံစံနဲ့ ဖုန်းပြန်ဆက် လာ တာဆိုတော့ ဘာဖြစ်လို့ပါလိမ့်။
အမေတို့ အိမ်ရောက်တော့ အမေ ကော အစ်မပါ မျက်နှာမကောင်းကြ။ သီသီကိုတော့မတွေ့ရပေ။ ‘ဘာဖြစ် လို့လဲ အစ်မ၊ အမေ နေမကောင်း ဘူးလား‘ဆိုတော့မှ အမေက ‘အမေ နေကောင်းပါတယ် သားရယ်၊ မင်းညီမ သီသီလေ၊ ရာထူးတိုးစာမေးပွှဲမှာ သူ ကျလို့တဲ့ အခုပဲ နေပြည်တော်က ဖုန်း ရတယ်။ အဲ့ဒါ အိမ်ပေါ်မှာ ငိုနေလေ ရဲ့ကွှယ်‘
‘ဟင်‘ သူ့စိတ်ထဲ ထိတ်ခနဲ ဖြစ်ပြီး ညီမလေးအတွှက် အလွှန်ကို စိတ်မကောင်းဖြစ်သွှားရတော့တယ်။ မနေ့ကပဲ နေပြည်တော်ကနေ ရာထူး တိုးစာမေးပွှဲဖြေပြီး ပြန်ရောက်တယ်။ ဒီနေ့စာမေးပွှဲကျတယ်ဆိုတဲ့ သတင်း ကို ညီမလေး ကြားလိုက်ရပြီ။ ဘယ် လိုဖြစ်တာလဲ။ ညီမလေး စာမေးပွှဲ ဖြေပြီးတဲ့နေ့က သူနဲ့ ဖုန်းရတုန်းက တောင် တော်တော်လေး ဖြေနိုင်တယ်လို့ ပြောပြီး၊ ညီမလေး ပျော်နေခဲ့သေးတာ။ သူလည်း စိတ်တွင် ချမ်းသာပြီး ညီမလေးအတွှက် ၀မ်းသာခဲ့သေးတာ။ အခုတော့ ညီမလေး မျှော်လင့်ချက်တွှေ ပျောက်ဆုံးသွှားခဲ့ရပြီပေါ့။
‘လေးဆယ့်တစ်ယောက် ဖြေတာမှာ နေရာလွှတ်က လေးနေရာပဲ ရှိတာဆိုတော့ တော်ရုံတန်ရုံနဲ့တော့ ဘယ်အောင်ပါ့မလဲ သားရယ်‘
‘တောက်‘
သူ တောက်တစ်ချက် ခပ်ဆောင့်ဆောင့် ခေါက်မိသွှားတယ်။ မိုက်ရိုင်းလိုက် တာ။ ဆိုးဝါးလိုက်ကြတာ။ ညီမလေးက ဒီတစ်နှစ်တည်း ဖြေပြီး ကျခဲ့တာမဟုတ်ဘူး။ အရင်နှစ်တွှေကလည်း ဒီလိုပဲ ရာထူးတိုးသွှားဖြေပြီး ကျခဲ့ရတာ။ ဒီနှစ်နဲ့ ဆို သုံးနှစ်ရှိပြီး။ ပြီးတော့ သူတို့ဌာနက ၀န်ထမ်းတွေကို ရာထူးတိုး ဖြေခိုင်းပုံ မဟုတ်သေးဘူးလို့ အစကတည်းက ကျွှန်တော် တွှေးမိပြီး ပြောခဲ့ဖူးတယ်။ နေရာလေး လေးနေရာလောက် လွှတ်တာကို တစ်နိုင်ငံလုံးမှာ ရှိတဲ့ ရာထူးတိုးဖို့ နှစ်စေ့နေတဲ့ ၀န်ထမ်းတွေအားလုံးက သွှား ဖြေကြရတာ။ လေးနေရာလောက် လွှတ်တာကို လေးဆယ့်တစ်ယောက် က ဖြေတာဆိုတော့ သုံးဆယ့် ခုနစ်ယောက်က ကျဖို့ သေချာတာပေါ့။ အဲဒီလေးနေရာလေးမှာ ကိုယ်ပါဖို့ အတွှက်ကို ညီမလေးခမျာ လွှန်ခဲ့တဲ့ လေး၊ ငါး၊ ခြောက်လလောက်က တည်းက စာတွှေ မနားမနေ ကျက်ခဲ့ရ တာ။ ပြီးတော့ စာမေးပွှဲဖြေဖို့ သွှားခါ နီးမှာ ရုံးချုပ်က လူကြီးတွှေအတွှက် ဆိုပြီး လက်ဆောင်ပစ္စည်းတွေ ယူသွှားရတာကလည်း သူတို့လို အောက်ခြေ အငယ်တန်းစာရေး တစ်ယောက်အနေနဲ့ ဆိုရင် နည်းတာမှ မဟုတ်တာ။ ဟို ဆရာကြီး အတွှက်က ဒေသထွှက် ပုဆိုး၊ ဟိုဆရာမကြီး အတွှက်က ဒေသ ထွှက် လုံချည်၊ ဟိုညွှန်မှူး အတွှက်က ပိုးဝမ်းဆက်၊ ဟိုလက်ညွှန်က လက်ဖက်ခြောက် စသဖြင့် လေးငါးဆယ်ယောက်ထက် မနည်းတဲ့သူတွေကို ဟိုလူမရ၊ ဒီလူမပေးနိုင်နဲ့ မျက်နှာမငယ်ရအောင် ငါးသောင်း၊ တစ်သိန်းအောက်ထစ် ၀ယ်သွှားကြရ ရှာတာ။ ဒါကလည်း ‘ဂါရဝေါစ နိဝါတောစ‘ကို နာမည်ကောင်း တပ်ပြီး ထုံးစံအတိုင်း အပေးအယူ လုပ်နည်း တစ်မျိုးပဲ မဟုတ်လား။
လွှန်ခဲ့တဲ့နှစ်တွေကလည်း ညီမလေး စာမေးပွှဲဖြေ သွှားဖို့အတွှက် ဒီလိုပဲ ယူသွှားရတာတွှေက နည်းတာမှ မဟုတ်တာ။ နေရာလေးလွှတ်တာက လေးနေ ရာ၊ ဖြေကြရတာက အယောက်လေးဆယ်ကျော်ဆိုတော့ ဂါရ၀ကို နာမည်လှ လှတပ်ပြီး အောင်တဲ့အထဲမှာ ကိုယ်ပါဖို့အတွှက် မရှိမဲ့ရှိမဲ့လေးတွေနဲ့ အလုအယက် ၀ိုင်းဂါကြရတာ။ ကိုယ်မဂါရင် ကိုယ်မပါရုံပဲ ရှိမယ် ဆိုတာကတော့ သေချာနေပြီးသားကိစ္စ။ တကယ်လို့ အရည်အချင်း အလွှန့်အလွှန် ရှိနေလို့ မပါ မဖြစ် ပါသွှားခဲ့တယ်ဆိုရင်တောင် မဂါလို့ကတော့ ရွှေစိတ်တော် ညှိုးခံရပြီး ချောင်ထိုးခံရမှာက သေချာတယ်။
အဓိကကတော့ ဌာနတွှင်း ရားထူးတိုးစာမေးပွှဲ စစ်ပုံတွှေကို ကျွှန်တော် သဘောကို မကျတာပါ။ နယ်က ၀န်ထမ်းတွေဆို တစ်နှစ်တစ်ခါ ရုံးချုပ်ထိ သွှားပြီး စာမေးပွှဲ ဖြေရတာ စားစရိတ်၊ သောက်စရိတ်၊ လမ်းခရီး စရိတ်ဆိုတာ နည်းမှ မနည်းတာ။ ဂါရ၀ဖို့ကလည်း အပို ဆောင်းပြီး အထိနာရသေးတာ ဆိုတော့ အောင်ရင်တော့ ကိစ္စမရှိ။ နှစ်တိုင်း အောင်စာရင်းမှာ ကိုယ်မပါလို့ကတော့ ‘မိအေး နှစ်ခါနာ ဖြစ်ပါပေါ့လေး‘ ဆိုတာလို့ ဖြစ်ရတော့တာပေါ့။
အမှန်ဆို ဖြစ်သင့်တာက ရာထူးတိုး ပေးဖို့နေရာက လေးနေရာ၊ လစ်လပ်တယ် ဆိုပါစို့။ ၀င်ဖြေရမယ့် ၀န်ထမ်းက လေးဆယ့်တစ်ယေက် ဆိုရင် ပထမနှစ်က အားလုံးကို ဖြေခိုင်း သင့်ပါတယ်။ နည်းလမ်းလည်း ကျပါတယ်။ အဲဒီမှာ လေးဆယ့်တစ်ယောက် ထဲက လေးနေရာ၊ လေးယောက် လျော့သွှားတော့ သုံးဆယ့်ခုနစ်ယောက် ကျန်ရော အဲဒီ သုံးဆယ့် ခုနစ်ယောက်ကို ရမှတ် အစဉ်အလိုက် စီနီယာစဉ်ထား ပြီး ရာထူးလစ်လပ် လာတယ်ဆိုရင် စီနီယာအလိုက် ရာထူးတိုး ပေးသွှားသင့် တာပေါ့။ ပြီးတော့ သူတို့တွေ ဖြေရတဲ့ရာထူး ဆိုတာကလည်း အငယ်တန်း စာရေးကနေ အကြီးတန်းစာရေး အဆင့်ကို တက်ဖို့ပဲ မဟုတ်လား။ အရမ်း အရေးကြီးတဲ့ ဦးစီး အရာရှိလို ရာထူးမျိုးလည်း မဟုတ်တဲ့အတွှက် အရည်အချင်းတွေ တင်းပြည့်ကျပ်ပြည့်ကြီး စစ်နေရမယ့် အဆင့်တွှေလည်း မဟုတ်ဘူး မဟုတ်လား။
အခုတော့ ဒီလိုမဟုတ်ပါဘူး။ ကျန်တဲ့ သုံးဆယ့်ခုနစ်ယောက်က နောက်နှစ်ပြန်ဖြေ နောက်နှစ် အလုအယက် ပြန်ဂါ။ အဲဒီနှစ်မှာ နောက်ထပ် လေးယောက် လျှော့သွှားတယ် ထားပါတော့၊ နောက်ကျန်တဲ့ သုံးဆယ့်သုံးယောက်က ပြန်ဖြေ၊ ပြန်ဂါ။ နောက်တက်လာတဲ့ ဂျူနီယာအငယ်တန်း စာရေးတွေကလည်း ရာထူးတိုးဖို့ နှစ်စေ့လာတော့ စီနီယာ အငယ်တန်းစာရေးတွှေနဲ့ ရောပြီး လစ်လပ်နေရာ အတွှက် ပြန်ဂါ၊ ပြန်ဖြေ။ ဒီလိုနဲ့ပဲ လုံးလည်ချာလည်လိုက်ပြီး ပြန်ဖြေ၊ ပြန်ဂါ စနစ်ထဲမှာ စာညံ့တဲ့ဝန်ထမ်း၊ ဥာဏ်ထိုင်းတဲ့ ၀န်ထမ်းကတော့ လေး၊ ငါး၊ ဆယ်နှစ် ပြန်ဖြေ၊ ပြန်ဂါ ၀ဲသြဃထဲမှာ စုံးစုံးမြုပ်ဖို့သာ ရှိတော့တာပေါ့။ ဌာန အကြီးအကဲတွှေကတော့ အရည်အချင်း အစစ်ကိုလိုချင်လို့ အမှန်အကန်စစ်တာ လို့ ပြောမှာပေါ့။ ဒါဆို သူတို့နဲ့နီးစပ်တဲ့ ကလေးတွေ ၀န်ထမ်းတွှေ တစ်နှစ်ပြီး တစ်နှစ် ပါပါသွှားကြတာကြတော့ကော ဘယ်လိုပြောမလဲ။ အမှန်ကတော့ သူတို့ ဌာနတွေဆိုတာကလည်း ဘာမှ ခက်ခက်ခဲခဲ အလုပ်တွှေ ရှိတာလည်း မဟုတ်ပါဘူး။ လုပ်ရင်းကိုင်ရင်းနဲ့ ကျွှမ်းကျင် တတ်မြောက်သွှား ကြရတာပါ။ အခုတော့ အလွှတ်ကျက်၊ အလွှတ်ဖြေ၊ ကြက်တူရွှေးစနစ်က ၀န်ထမ်းလောကထဲမှာ ပါလာပြီး အသုံးပြုနေကြတာ၊ အသုံးတည့်နေ ကြတာဆိုတော့ ၀န်ထမ်းတွှေကတော့ ‘မိအေးတွှေ ဖြစ်ကုန်ကြရတော့တာ ပေါ့လေ။
ကျွှန်တော် အိမ်အောက်ထပ်မှာ ထိုင်နေတုန်း၊ အပေါ်ထပ်ကနေ တအင့်အင့်နဲ့ ရှိုက်ငိုနေရှာတဲ့ ညီမလေး ငိုသံကို စိတ်မချမ်းသာစွှာ ကြားနေရပါတယ်။ ရင်ထဲမှာ ၀န်ထမ်းဌာနတွေရဲ့ ရာထူးတိုး စာမေးပွှဲတွေ စစ်တဲ့ စနစ်ကြီးကိုလည်း မနှစ်မြို့စွှာ အော့နှလုံးနာ နေမိပါတယ်။
ဒါပေမဲ့လည်းပေါ့ ညီမလေးရယ် ဒီလူ၊ ဒီမူ၊ ဒီစနစ်တွှေနဲ့ ဒီသံသရာ ၀ဲသြဃထဲမှာတော့ တစ်နှစ်မအောင်လည်း တစ်နှစ်အောင်ရမှာပေါ့။ အခုတော့ ‘ဗေဒါပျံ အံကိုခဲ ပန်းပန်လျက်ပဲ‘ဆိုတာလို အံကိုခဲပြီး အားတင်းထားပေါ့ ငါ့ညီမလေးရယ်။
ကျော်ရင်ဦး

No comments:
Post a Comment