(GMT+08:00) 2012-04-18 15:31:11
ဆရာတော်ကြီးက ဆုတောင်းမေတ္တာပို့သနေစဉ်၊

လင်ကွန်းဘုန်းတော်ကြီးကျောင်းမှ နာယကဆရာတော်ကြီး၏ မြန်မာ့နှစ်သစ်ကူးနှစ်ဆန်းတစ်ရက်နေ့အတွက် စတင်ဆုမွန်ကောင်း တောင်းနေစဉ်၊

ပီကင်းရောက် ရှမ်းလူမျိုးတို့ကလည်း မြန်မာ့နှစ်ဆန်းတစ်ရက် နေ့ အလှုဒါနပွဲမှာ ပါဝင်ကြပါတယ်။
မြန်မာ့ရိုးရာသင်္ကြန်နှစ်သစ်ကူးပွဲတော်၊ ၁၃၄၇ခုနှစ်၊၁၇.၄.၁၀၁၂
မြန်မာနှစ်ဆန်း တစ်ရက်နေ့တွင်၊ တရုတ်နိုင်ငံဆိုင်ရာ ပြည်ထောင်စု
မြန်မာနိုင်ငံတော်၊ မြန်မာနိုင်ငံသံအမတ်ကြီး ဦးတင်ဦး ကဦးဆောင်ပြီး
စွယ်တော်မြတ်စေတီတွင် အလှုဒါန ကုသိုလ် ကောင်းမှုများ ပြုလုပ်ပြီး၊
ကိုးပါးသီလများ ဆောက်တည် ခံယူကြပါသည်။လင်ကွန်းဘုန်းတော်ကြီးကျောင်းမှ နာယက
ဆရာတော်ကြီးထံ လှုဖွယ်ဝတ္တုအစုစုတို့ကို ဆက်ကပ်ကာ၊
ဇီဝိတဒါနငှက်လေးများကိုလည်း ဘေးမဲ့ လွှတ်ကြ ပါသည်။ ဆရာတော်ကြီးနှင့်တကွ
ပင့်သံဃာတော်တို့အား မြန်မာ့ရိုးရာ အစားအစာများဖြင့်
အာရုံဆွမ်းဆက်ကပ်လှုဒါန်းပါသည်။
အမိမြေနှင့်ဝေးကွာနေသော
မြန်မာပြည်သားများအတွက် နှစ်သစ် ကူးမြန်မာနှစ်ဆန်းတစ်ရက်နေ့ အလှုဒါနများကို
မြန်မာသံအမတ်ကြီး ဦးတင်ဦးက ဦးဆောင်ပြီး စွယ်တော်မြတ် စေတီတော်ကြီးတွင်
စည်ကား သိုက်မြိုက်စွာကျင်းပခဲ့ပါသည်။
No comments:
Post a Comment