မစောင်း မစွေ ရစ်စေနှင့်
= = = = = = = = = =
''ပညာ-သမ္ပဇဉ်၊ ဉာဏ် မယှဉ်ဘဲး၊
ဥယျာဉ်သည်မိုက်၊ စရိုက် မကောင်း၊
မျောက်အပေါင်းကို၊ ရေလောင်းခိုင်းမှား၊
ကျိုး ပျက်ပြား၏၊
တရား အမြစ်၊ စစ်သော် တမူ၊
အရင်းယူက၊ ခိုင်းသူအမိုက်၊
ကဲ့ရဲ့ထိုက်၏၊
လူနှိုက် ထိုသို့၊ တရားချို့လည်း၊
မင်းတို့နှိုက်သာ၊ အပြစ်လာလိမ့် .. ။
''ပညာမဲ့ငြား၊ တရားကျင့်ဝတ်၊
မင်းတို့ ချွတ်က၊ ငတ်မွတ် ရေ-စာ၊
ရောဂါ လက်နက်၊ သုံးချက် ဘေးကြီး၊
ဘိစီးပြည်-ရွာ၊ ရောက်တတ်ရာ၏ .. ။
အခါ အခါ၊ အရာရာနှိုက်၊
ပညာ ရှေးယှိ၊ သတိ ထိန်း†ကျောင်း၊
မှန်လမ်း†ကြောင်းဖြင့် . . ။ ။
မစောင်း မစွေ ရစ်စေနှင့် .. ။
မဃဒေ၀လင်္ကာသစ် (၂၀၁) မှ
ဦးနရပတိ ဆရာတော်
မန်း / ငြိမ်းချမ်းရေး ပရိယတ္တိစာသင်တိုက်
= = = = = = = = = =
''ပညာ-သမ္ပဇဉ်၊ ဉာဏ် မယှဉ်ဘဲး၊
ဥယျာဉ်သည်မိုက်၊ စရိုက် မကောင်း၊
မျောက်အပေါင်းကို၊ ရေလောင်းခိုင်းမှား၊
ကျိုး ပျက်ပြား၏၊
တရား အမြစ်၊ စစ်သော် တမူ၊
အရင်းယူက၊ ခိုင်းသူအမိုက်၊
ကဲ့ရဲ့ထိုက်၏၊
လူနှိုက် ထိုသို့၊ တရားချို့လည်း၊
မင်းတို့နှိုက်သာ၊ အပြစ်လာလိမ့် .. ။
''ပညာမဲ့ငြား၊ တရားကျင့်ဝတ်၊
မင်းတို့ ချွတ်က၊ ငတ်မွတ် ရေ-စာ၊
ရောဂါ လက်နက်၊ သုံးချက် ဘေးကြီး၊
ဘိစီးပြည်-ရွာ၊ ရောက်တတ်ရာ၏ .. ။
အခါ အခါ၊ အရာရာနှိုက်၊
ပညာ ရှေးယှိ၊ သတိ ထိန်း†ကျောင်း၊
မှန်လမ်း†ကြောင်းဖြင့် . . ။ ။
မစောင်း မစွေ ရစ်စေနှင့် .. ။
မဃဒေ၀လင်္ကာသစ် (၂၀၁) မှ
ဦးနရပတိ ဆရာတော်
မန်း / ငြိမ်းချမ်းရေး ပရိယတ္တိစာသင်တိုက်
ကလစ်လုပ်ပြီး ပေါ်လာတဲ့လင့်ကနေသွားနိုင်ပါတယ်။
No comments:
Post a Comment