(GMT+08:00) 2012-03-06 18:28:12
ပီကင်းရောက်တဲ့ တစ်နှစ်ကျော်အတွင်း ဒီလိုစိတ်လွတ်ကိုယ်လွတ် ပျော်စရာပွဲကို ဒီနေ့ရခဲ့ပါတယ်။
ရခဲ့ရပုံလေးကတော့-
တစ်နေ့မှာ မေအားမာန်လိုပဲ ပီကင်းမြို့ကို ရောက်နေတဲ့ မြန်မာလူမျိုးတစ်
ယောက်က အားမာန်ကို ဖုန်းဆက်လာပါတယ်။( အားမာန်ကလည်း ပီကင်းရောက်မှ
မြန်မာလူမျိုး ဟေ့ ဆိုလိုက်တာနဲ့ ကိုယ့်ဆွေကိုယ့်မျိုးတွေ့လိုက်ရသလို လွှတ်ကိုပျော်ပြီး၊
ဇွတ်ကိုခင်တော့ တာ ပါပဲ၊) လာမယ့် တနင်္ဂနွေနေ့မှာ အားမလား လို့ မေးလာတယ်၊ (
အားမာန်ဆိုတဲ့ သူကလည်း မအားခဲ့ ဘူးဆိုရင်တောင် မအား အားအောင် လုပ်တတ်တဲ့
သဘာဝက ရှိတတ်တဲ့သူပါလေ၊ ဒါကတော့ အခု ပီကင်းရောက်မှ မဟုတ်ပါဘူး။ ငယ်တည်းက
အဲသဘာဝက ရှိခဲ့သူပါ၊)
အားမာန်
ကလည်း စက္ကန့် တောင် မဆိုင်းဘဲ ဟာ အားတာပေါ့၊ ဘာကိစ္စများရှိလို့ပါလဲ လို့
မေး လိုက်တော့.. သူက အဲနေ့မှာ ပီကင်းရောက် မြန်မာတွေ(လက်လှမ်းမီသလောက်
ပေါ့) ဆုံကြမလို့ လေလို့ ပြောလာတော့၊ အားမာန် ပိုပျော်သွားတာပေါ့။ ဟုတ်ကဲ့
လာဖြစ် အောင်လာပါမယ် ဆိုပြီး ပြောလိုက်တယ်လေ။
အဲလိုနဲ့
အဲနေ့လေးကို ရောက်ခဲ့ပါတယ်။ ဒါပေမဲ့ တစ်ခုလောက် ကြား ဖြတ်ပြောပါ စေဦး၊
အဲဒါက ဘာလဲဆိုတော့ ကျွန်မ မေအားမာန်ဆိုတဲ့သူကလေ ပီကင်းရောက်မှ
အကျင့်ဆိုးတစ်ခု စွဲကပ် နေ တယ်။(သူငယ်ပြန်သလိုတောင်
ကိုယ့်ကိုကိုယ်ထင်မိပါရဲ့) ကလေးတို့ သဘာဝ တစ်နေရာရာကို သွားဖို့ရှိရင်
သိပ်ပျော်နေတတ်သလိုမျိုးပေါ့၊ အားမာန်လည်း ဘယ်နေ့ ဘယ်နေရာကို သွားရမယ်
ဆိုရင် အဲနေ့ညမှာ အိပ်မရတတ်တော့ဘူး။ ပြီးရင် မနက်လင်းမှ အိပ်ပျော်
နေတတ်တဲ့ သဘာဝက ဖြစ်နေလေတော့ အားမာန်အမှန်အတိုင်း ၀န်ခံပါရစေ၊ မနက်အိပ်ရာထ
နောက်ကျပါတော့တယ်။ ဒါဆို အားလုံးသိကြပါပြီနော်။
ချိန်းထားတဲ့နေရာကို
အားမာန်ဆိုတဲ့ ကျွန်မ နောက်ကျပေပြီပေါ့၊ ပိုဆိုး တာက ပီကင်းလမ်းခရီးကို
မကျွမ်းတာလည်း ပါတယ်။(အကြောင်းပြချက် မဟုတ်ပါဘူးနော်)
ဘာလို့ဆိုရင်ကိုယ့်ပြည်ကိုယ့်ရွာမှာ အချိန်နောက်ကျနေပြီဆိုရင် ဘယ်လာအခုလို
နောက်ကျခံ ပါ့မလဲနော်။ ချက်ချင်းကားဌားစီးသွားလိုက်မှာပေါ့လေ။ အခုတော့
ကားဌားစီးချင် ပေမဲ့လည်း တရုတ်ဘာသာ စကားကိုလည်း ကျွမ်းကျွမ်းကျင်ကျင်
မပြောတတ်လေတော့ မဌားရဲဖြစ်နေတယ်လေ။
အဲနေ့
ဆုံကြမယ့်သူတွေထဲမှာ ကိုယ့်ထက် သမ္ဘာရင့်ဝါရင့် ဂုရုကြီးများပါ
ပါနေလေတော့ ပိုပြီး ရှက်မိ အားနာမိရပါတယ်။ ကျွန်မ မေအားမာန် နှုတ်နဲ့လည်း
ဝန်ခံတောင်းပန်ခဲ့ပါတယ်။ အခုလည်း ထပ်ပြီး တောင်းပန်ပါတယ်။ နောက်နောင်ကို
ပိုပိုပြီး သတိထားဆင်ခြင်ရမယ့် အချက်အဖြစ် အားမာန် ဂရု စိုက်သွားပါမယ်။
ဒါပေမယ့် အားလုံးက နားလည်ပေးကြပါ တယ်။ အားလုံးက နားလည်ပေးလေ ကျွန်မ
မေအားမာန် ပိုပြီးအားနာရလေဖြစ်နေရပါပြီ။
အဲဒိ
ဆုံဖြစ်ကြတဲ့ပွဲလေးကို ဧည့်ခံကျွေးမွေးသူကတော့ စောစောက အားမာန်ဆီ
ဖုန်းဆက်လာသူပဲ ဖြစ်ပါတယ်။ သူက အလွန်မျိုးချစ်စိတ်၊ ကူညီရိုင်းပင်းလိုစိတ်
ထက် သန်သူတစ်ဦးပါ။ အားမာန်တို့ အားလုံး လူ ၂၀ ကို အခုလို
တစ်တိုင်းတစ်ပြည်မှာ ဧည့်ခံ ကျွေးမွေးတယ်ဆိုတာ နည်းတဲ့ စေတနာ မဟုတ်ဘူးလို့
အားလုံးနားလည်ကြပါတယ်။
အဲပွဲလေးမှာ
ပိုပြီးအမှတ်တရဖြစ်စေတဲ့ အကြောင်းလေးတစ်ရပ်က အားလုံးရဲ့ရင်ထဲက လာတဲ့ အဖြူ
ရောင်စကားလုံးတွေနဲ့ ပျော်ပျော်ပါးပါးပြောဆိုခဲ့ကြလို့ပါပဲ။ ကျွန်မ မေအား
မာန်တောင် ဒီလောက် ပျော်တယ်ဆိုရင် အားလုံးရဲ့ ရင်ထဲမှာလည်း
အပျော်တွေနဲ့ပြည့်နေ မယ်လို့ ………
(မတ်လ လေးရက်နေ့မှာ ဆုံဖြစ်ခဲ့တဲ့ပွဲလေးအတွက် အမှတ်တရဖြစ်စေဖို့….)
No comments:
Post a Comment