Labels

Friday, January 3, 2014

နောက်ပြန်ဆွဲနေသူတွေကို လက်တွဲဖြုတ်ခဲ့မယ်ဆို


Vision , Mission, and Objective သူတို့မှာမရှိဘူး။ ကျုပ်ကျက်လိ ကြည့်ကျက်လုပ်နေကြ တာကို တိုင်းပြည်အတွက် တကယ့်ကို အလုပ်ကြီးအကိုင်ကြီးလုပ်နေတယ်လို့ ထင်နေကြတယ် ဗျာ။ ကြက်ဆူပင်ကိစ္စကိုပဲ ကြည့်လေ။ အဓိကကတော့ ဗီးရှင်းမရှိတာပဲ။ ရှိလည်း အဲဗီးရှင်းအတွက် မစ်ရှင်မချနိုင်ဘူး။ အကောင်အထည်ဖေါ်ပေးရမယ့်အပိုင်းကလည်း အဲဒါတွေ မသိဘူး။ အဲဒါထက်အရေးကြီးတာက မယားငယ်၊ နန်းတော်၊ ငွေ ဘယ်လိုယူ ဘယ်လိုဆောက်မလဲ ဆိုတာပဲ သိနေကြတယ်။ အောက်က ထောက်လာရင် နယ်ပို့မယ်၊ ချောင်ထိုးမယ်၊ အဖွဲ့အစည်းကို မချစ်တတ်ဘူးဆိုပြီး တံဆိပ်ကပ်မယ်။ အခွင့်သာရင် ထုတ်ပစ်မယ်။ အဲလိုလူတွေကြီးစိုးနေတဲ၊ အဲလိုလူတွေနဲ့ တည်ဆောက်ထားတဲ့နိုင်ငံ ဆိုတောဗျာ...

သမ္မတ ဦးသိန်းစိန်က ပြောခဲ့တယ်ဗျ။ “ နောက်ပြန်ဆွဲနေသူတွေကို လက်တွဲဖြုတ်ခဲ့မယ်” တဲ့။ ဒါပေမယ့် တကယ်တမ်းတော့လည်း လက်တွေ့ ပီပီပြင်ပြင် လုပ်ပြတာလည်း မမြင်ရသေးဘူးဗျာ။

No comments:

Post a Comment