၂၁ ရာစုမှာ အောင် မြင် ချင် တဲ့သူတစ်ယောက်ဖြစ်ဖို့ EQ ဟာ မရှိမဖြစ်အရည်
အချင်းတစ်ခုပါပဲ။EQဟာ မြင် လွယ်တဲ့ ရုပ်ပိုင်းဆိုင် ရာ ဂုဏ်သတ္တိမဟုတ်ပါဘူး။
အင် မတန် သိမ် မွေ့တဲ့စွမ်းရည်တစ်မျိုးပါ။ခေါင်းဆောင် တွေနဲ့အောင် မြင်
ိုသူတွေသာမကပဲ သာမန် လူတွေမှာလည်း EQ ကောင်းဖို့လိုအပ်
ပါတယ်။ဘာကြောင့်လဲဆိုတော့ ကျနော် တို့နေ့စဉ်ကြုံတွေ့နေရတဲ့ ပြသနာအများစုကို
EQက ဖြေရှင်း ပေးနိုင် လိုပါပဲ။
လူမှူဆက် ဆံရေး နယ်ပယ် အပါ အဝင် စီးပွါးရေး နိုင် ငံရေး နယ်ပယ် များထိ တိုင် အောင် EQ စွမ်းရည် ဟာ အသုံးဝင် လှပါတယ်။
ငွေကုန်ကြေးကြ မရှိပဲ မြှင့်တင် နိုင် တဲ့အတွက် ဖွံ့ဖြိုးဆဲနိုင် ငံ တွေမွှာ အထူး အ လေး ပေးမြှင့် တင်
ပေးသင့်တဲ့ အရည်အချင်း တစ် ရပ် ပါ။ဗုဒ္ဓဘာသာဝင် တွေ အ နေ နဲ့ သိပ်မစိမ်းလှပါဘူး။
သတိပဌာန် တရား အားထုတ်ဖူးသူများ ဝိပဿနာ ရှူမှတ်ဖူးသူများအလွယ် တကူ လေ့ကျင့်နိုင် ပါတယ်။ဘာသာရေး ကျင့်စဉ်ကို မိမိ ရဲ့ နေ့စဉ်ဘဝနဲ့ လုပ်ငန်းခွင် တွေမှာ ပြန်အသုံးချနိုင် ခဲ့ရင် လောကီ ရော လောကုတ္တရာ နှစ်ဖြာ အကျိုးခံစားရမှာ အ သေအချာပါ။
ဒီ ဆောင်းပါးမှာ တော့ နေ့စဉ် လူမှူ ဘဝနဲ့ လုပ် ငန်းခွင် အတွက် ရည် ရွယ် ရေးထားပါတယ်။
EQ (Emotional Quotient)ို နှလုံးရည် စွမ်းရည် တစ်ခုပါပဲ။ စိတ်ခံစားမှူ တွေကို စီမံထိန်းချုပ်ပြီး ခန့်ခွဲ နိုင် တဲ့စွမ်းရည် တစ် ရပ် ပါ။EQ ကောင်းတဲ့သူဆိုတာဟာ မိမိစိတ်ကို သိရှိထိန်းချုပ်နိုင် ပြီး သူတပါးစိတ်ကို ခံစားနားလည်နိုင် ကာ စီမံခန့်ခွဲနိုင် တဲ့ အရည်အချင်း ကောင်း ရှိသူကို ဆိုလိုတာပါ။EQ မှာ အဆင့် ၄ဆင့် ရှိပါတယ်။
အဆင့်(၁) မိမိစိတ်ဖြစ်စဉ် (Process of Mind)ကု စောင့်ကြည့်မှတ်တမ်းတင် ခြင်း
အဆင့် (၂) ဖြစ်နေတဲ့စိတ် ရဲ့ Tempoကို ထိန်းချုပ်ခြင်း
အဆင့်(၃) သူတစ်ပါးစိတ်ကို နားလည်အောင် ကြည့်ခြင်း (ကိုယ်ချင်းစာကြည့်ခြင်း)
အဆင့်(၄) မိမိနားလည်ထားတဲ့ သူတစ်ပါးစိတ်ကို စီမံခန့်ခွဲခြင်း
အဆင့်(၁) မိမိစိတ်ဖြစ်စဉ်(Process of Mind)ကို စောင့်ကြည့်မှတ်တမ်း တင် ခြင်း
ကျနော်တို့စိတ်ကိုသိအောင် လုပ်ဖို့အတွက် ကျနော်တို့ရဲ့ စိတ်ဖြစ်စဉ်(Process of Mind)ကို နားလည် ရပါမယ်။ ဗုဒ္ဓရဲ့ ဟောကြားချက်အရ စိတ်ဟာ စက္ကန့်ပိုင်းတွင်းမှာပဲ လျင်မြန်စွာ ဖြစ်ပျက် ပြောင်းလဲနေပါတယ်။အင် မတန် မြန်လွန်းပြီး သိမ်မွေ့တဲ့အတွက် စိတ်မှာဘာတွေဖြစ်နေလဲဆိုတာကို စောင့်မကြည့်ပဲ အလွယ်တကူမသိနိုင် ပါဘူး။ကျနော်တို့စိတ်ကို TVကြည့်သလို ပြန်ပြီးစောင့်ကြည့်ရပါမယ်။ စောင့်ကြည့်တဲ့နေရာမှာ သတိကပ်ပြီး စောင့်ကြည့်ပါ။ အ လေ့အကျင့် ရလာ ရင် စိတ်မှာဖြစ်နေတဲ့ အညစ်အ ကြေး(လောဘ ဒေါသ မောဟ)တွေရှိနေတာကို သိမြင် လာ ပါမယ်။နောက် တစ်ဆင့် အ နေ နဲ့ စိတ် ရဲ့ Tempo အနိမ့်အမြင့်ကို နားလည်လာပါလိမ့်မယ်။ဒေါသဖြစ်တာဟာ အရှိန်ဘယ်လောက်လဲ လောဘက ဘယ်လောက်များနေလဲ စသည်ဖြင့် သိလာမှာဖြစ်ပါတယ်။ စိတ် ရဲ့ Tempo ဟာ အ ခြေ အ နေ ပေါ်မူတည်ပြီး ကွာခြားသွားပါတယ်။မနက်ခင်းမှာဖြစ်တဲ့ Tempo နေ့လည်မှာဖြစ်တဲ့ Tempo မတူသလို ပူလွန်းတဲ့အခါ အေးလွန်းတဲ့အခါ မှာလည်း Tempo မတူပါဘူး။ အစာစားချင် တဲ့အခါ စားနေတဲ့အခါ စာပြီးတဲ့အခါ မှာလည်း Tempo တွေ မတူတာ သတိပြုမိလာပါလိမ့်မယ်။သတိပြုမိလာတာနဲ့အမျှ ဒေါသဖြစ်နေတယ် ဆို ရင် ဒေါသဖြစ်နေတာကိုသိပြီး အရမ်းဖြစ်နေလား နည်းနည်းပဲ လား စသည်ဖြင့် Tempo ကို သတိနဲ့ မြင် အောင် ကြည့်ပါ။တိုးလာရင် တိုးလာတာကို သိပါ။လျော့သွားရင် လျော့လာတာကိုသိပါ။ ဘာ ကြောင့်တိုးလာလဲ လျော့လာသလဲကို မြင် အောင် ကြည့်ပါ။ဒီလိုပဲ လောဘကိုလည်း မြင် အောင် ကြည့်ပါ။ မနာလိုစိတ် ကအစ သူများကို ကဲ့ရဲ့ရှူတ်ချ ချင် တဲ့ စိတ်စသည် ဖြင့်စိတ်မှာ ဖြစ်နေတဲ့အညစ်အ ကြေးကို မြင် အောင် ကြည့်ရပါမယ်။ တဆက်တည်းမှာပဲ ဘယ်လောက် ဖြစ်နေလဲဆိုတဲ့ Tempo အနိမ့်အမြင့်ကိုပါ သိပါစေ။
အဆင့်(၂)ဖြစ်နေတဲ့ စိတ် ရဲ့ Tempoကို ထိန်းချုပ်ခြင်း
ခုနက ကြည့်ထားတဲ့ လောဘ ဒေါသ မနာလိုစိတ် ချီးမွမ်းခံလိုစိတ် စတဲ့ စိတ် တွေရဲ့ Tempoကို ပုံမှန်ဖြစ် အောင် ကိုယ်တိုင် လှူံ့ဆော် (Auto Suggestion)နည်း နဲ့ ထိန်းချုပ် ရပါမယ်။ဒေါသဖြစ်နေပြီဆို ရင် ''ငါဒေါသဖြစ်နေပြီ ဒါဟာ မ ကောင်းဘူး မှားနိုင် တယ် လျော့လျော့ ''စသည်ဖြင့် ကိုယ့်ဘာသာထိန်းချုပ် ရပါမယ်။လောဘပဲဖြစ်ဖြစ် မနာလိုစိတ်ပဲဖြစ်ဖြစ် အဖျက်စိတ် မှန်သမျှကို လျော့ရမယ် ဆိုပြီး တိုက်တွန်း ရပါမယ်။စိတ်ကောင်းစေတနာ ကောင်း (Good Will)ကို တော့ လှူံ့ဆော် ပြီး မြှင့်ပေးပါ။ကိုယ့်စိတ်မှာဘာဖြစ်နေလဲ Tempoဘယ်လောက်လဲ မသိပဲနဲ့တော့ ထိန်းချုပ်လို့ မရနိုင် ပါ။ ဒါ ကြောင့် စိတ်ကို စောင့်ကြည့်ပြီး စိတ်ထဲမှာ ဖြစ်နေတာ တွေကို သတိ လေးထားပြီး မြင် အောင် ကြည့်နိုင် မှသာ ဖြစ် နေတဲ့စိတ်နဲ့ Tempoကို ထိန်းညှိနိုင် မှာပါ။
အဆင့်(၃) သူတပါးစိတ်ကို နားလည်အောင် ကြည့်ခြင်း(ကိုယ်ချင်းစာခြင်း)
ကျနော်တို့စိတ်မှာ ဖြစ်တတ်တဲ့စိတ်နဲ့ Tempoကို နားလည်လာတဲ့အခါ သူတပါးရဲ့ စိတ်ဖြစ်စဉ်(Process of Mind)ကို မြင် အောင် ကြည့်ဖို့ လွယ်သွားပါပြီ။ သူ့နေရာမှာ ငါ ဆို ရင် ဆိုတဲ့ ကိုယ်ချင်းစာစိတ် နဲ့ ကြည့်ရပါမယ်။ ဆရာက တပည့်ကို မိဘက သားသမီးကို ခေါင်းဆောင် က လက် အောက် ငယ်သားကို ဈေးသည်က ဝယ်သူကို စသည်ဖြင့် သူတပါးစိတ်မှာ ဘာတွေခံစားနေရမလဲ ဘာတွေမျော်လင့်နေမလဲ ဘာတွေတောင့်တ နေမလဲ ဆိုကို မြင် အောင် ကြည့်ပါ။ သူတပါးစိတ် ရဲ့ လိုလားချက်ကို ကိုယ့်ခံစားချက်နဲ့ နှိုင်းပြီးscan ဖတ်ကြည့်တဲ့သ ဘောပါပဲ။
အဆင့်(၄) မိမိနားလည်ထားတဲ့ သူတပါးစိတ်ကို စီမံခန့်ခွဲခြင်း
ကိုယ် နဲ့ဆက်ဆံနေတဲ မိသားစု သူ ငယ်ချင်း လုပ်ဖော်ကိုင် ဖက် စသည်ကို ကိုယ်ချင်းစာစိတ်နဲ့ Scan ဖတ်ပြီးတဲ့အခါမှာ သူတို့စိတ်မှာ ဖြစ်နေတဲ့ လိုလားမှူ တောင့်တမှူ မျော်လင့် ချက် တွေကို သူတို့ကျေနပ် အောင် ဒါမှမဟုတ် အဆင် ပြေဆုံးဖြစ်အောင် စီမံခန့်ခွဲရပါမယ်။ဒေါသဖြစ် နေတဲ့ စိတ် ရဲ့ Tempoကို ဘယ်လိုလျော့ယူမလဲ။ လောဘတက် နေတဲ့ သူ့Tempoကို ဘယ်လိုအ ပေးအယူ လုပ်မလဲ စသည်ဖြင့် ကိုယ် နဲ့ ဆက်ဆံနေ ရတဲ့သူရဲ့ ဖြစ်နေတဲ့ စိတ်နဲ့ Tempoကို ထိန်းညှိ ရမှာ ဖြစ်ပါတယ်။အစပိုင်းမှာ ခက် နေပါလိမ့်မယ်။အ လေ့အကျင့် ရလာတဲ့အခါ လွယ်လွယ်ကူကူစီမံ ခန့်ခွဲသွားနိုင် မှာပါ။
မိဘက သားသမီးနေရာ
ဆရာက တပည့်နေရာ ခေါင်းဆောင် က လက် အောက် ငယ်သား နေရာစသည်ဖြင့် သူ့နေရာမှာ ငါသာဆိုရင် စိတ် ထားပြီး သူ့ခံစားမှူကို နားလည် အောင်
လုပ်ပြီး တဖက်သူခံစားမှူကို တုန့်ပြန် စီမံတဲ့ ရတာ ဖြစ် ပါတယ်။
EQ ရဲ့ အသက်ဟာ သတိ ပါပဲ။သတိ ရှိနေဖို့အင် မတန် လိုပါတယ်။EQကို လူမှူဆက်ဆံရေးမှာ အသုံးချနိုင် သလို လုပ်ငန်းခွင် မှာလည်း အသုံးချနိုင် ပါတယ်။ခေါင်းဆောင် ဖြစ်ချင် တဲ့သူ အောင်မြင် ချင် တဲ့သူတွေအတွက် တော့ EQ စွမ်းရည် ဟာ မဖြစ် မ နေ မြှင့်တင် ရမဲ့စွမ်းရည် တစ် ရပ် ပါပဲ။လူငယ် တွေရဲ့ HR ကို မြှင့် တင် တဲ့နေ ရာမှာ EQကိုပါ တပါနည်း မြှင့်တင် ပေး ရပါမယ်။ ဒီနေ့ခတ်ဟာ ပညာတတ် ရုံနဲ့ ပြီးတဲ့ ခေတ် မဟုတ် တော့ ပါဘူး။တတ်ထားတဲ့ ပညာကို EQ စွမ်းရည် နဲ့ ပေါင်းစပ် မှသာ အောင် မြင် လာနိုင် တဲ့ ခေတ် ရောက် ပါပြီ။ ဒါ ကြောင့် ဦးနှောက်နဲ့နှလုံးသားစွမ်းရည် ပေါင်းစပ်လုပ်ကိုင် နိုင် ဖို့ အထူးလိုအပ် ပါတယ်။
စာ ရေးသူအ နေ နဲ့တော့ ပညာကို ဖောဖောသီသီ မသင် နိုင် တဲ့ မြတ်မာနိုင် ငံမှာ EQမြှင့်တင် ရေး ဟာ ငွေကုန် ကြေးကြ မရှိပဲနဲ့ HR ကို မြှင့်ပေးနိုင် တဲ့ နည်းလမ်း အဖြစ် ယုံကြည်မိပါတယ်။EQဟာ ငွေမကုန်ပဲနဲ့ တတ် မြောက်နိုင် တဲ့ စွမ်းရည်တစ် ရပ် ဖြစ်တာ ကြောင့် စာရေးသူတို့လို ဖွှုံဖြိုးဆဲ နိုင် ငံတွေအတွက် အကျိုးရှိလှ ပါတယ်။ဒါ ကြောင့် မိမိကိုယ် တိုင် လည်း EQကောင်းအောင် မြှင့်ယူပြီး မိမိပတ်ဝန်းကျင် နဲ့ နောက် မျိုးဆက် ကိလည်း EQ ကောင်းလာအောင် မြှင့် တင် ပေးစေချင် ပါတယ်။ဦးနှောက်နဲ့ နှလုံသားစွမ်းရည် ပေါင်းစပ် လုပ်ကိုင် ခြင်းဖြင့် အောင် မြင် သော လူမှူဝန်းကျင် တစ် ရပ်ကို ဖန်တီးကြပါစို့ဗျာ။
လွင်မောင်မောင်

No comments:
Post a Comment