............ "သတင်းထောက်ဆိုတာ အပင်ပန်း အဆင်းရဲခံရတယ်။ သတင်းလိုချင်ရင် စွန့်စားရတယ်။ စစ်သတင်းထောက်တွေဆိုရင် အသက်သေမယ့်ကြားက သွားလာနေရတယ်။ ကမ္ဘာမှာ သတင်းထောက်တွေ နေ့စဉ်သေနေကြရတယ်။ သတင်းထောက်ဆိုတာ ကားကြုံလိုက်စီး၊ ထမင်းကြုံလိုက်စား၊ လူကြုံလိုက် ပြော ဒီလို လုပ်လို့ မရဘူး။ ၀ါသနာ မပါရင် သတင်းထောက် မလုပ်နဲ့။ အနေအစား ဆင်းရဲ မခံနိုင်ရင် သတင်းထောက် မလုပ်နဲ့။ သတင်းထောက် အလုပ်ကို လွယ်တယ် လို့ အခုခေတ် ကလေးတွေက ထင်နေကြတယ်။ တကယ်တော့ သတင်းထောက်ဆိုတာ အသက်နဲ့ရင်းပြီး လုပ်ကိုင်ရတဲ့ အလုပ်။ အခုခေတ်က သတင်းထောက် ဆိုတာနဲ့ အခွင့်ထူးခံလိုလို ဖြစ်လာနေတာကတော့ သတင်းလောကအတွက် မကောင်းဘူး" ဟု ၀ါရင့် သတင်းစာဆရာကြီး တစ်ဦးက ပြောသည်။
.............................."အခုခေတ် သတင်းထောက်တွေက ဘယ်ဟာက အရေးကြီးသလဲ ဘယ်ဟာက အရေးမကြီးဘူးလဲ မသိကြတော့ဘူး။ သတင်း ဆိုရင် ဒေါ်စု သတင်းမှ သတင်းလို့ ထင်နေကြတာလည်း ရှိတယ်။
............................................................................ ပြည်သူတွေကလည်း မီဒီယာတွေကို ပြန်ပြီး ထောက်ပြ ပြောပြခွင့် ရှိပါတယ်။" ဟု အပတ်စဉ်ထုတ် သတင်းဂျာနယ်တစ်စောင်မှ သတင်းထောက်ချုပ်တစ်ဦးက ပြောသည်။
No comments:
Post a Comment