Labels

Tuesday, January 7, 2014

ခရိုနီများ၏ လုပ်ကွက်

PhotoPhotoဗဟိုဝန်ထမ်းတက္ကသိုလ်(ဖောင်ကြီး)မှာ ကျောင်းပိုင် လယ်ယာမြေတွေကို တက္ကသိုလ်မှ တာဝန်ရှိသူများနှင့် ခရိုနီများ ပူးပေါင်းကာ အုပ်လုပ်ငန်းများ လုပ်ကိုင်နေကြောင်း သတင်းပေးပို့လာပါသည်။

ဗဟိုဝန်ထမ်းတက္ကသိုလ်ဖောင်ကြီးတွင် ကြီးပြင်းလာသောသူ ငယ်မွေး ခြံပေါက် တစ်ဦးက “ဒီလယ်မြေတွေက မိုးကောင်းလယ်မြေတွေ။ အရင်ပါချုပ်တုန်းကလည်း သူ့ကိုယ်ကျိုးအတွက် ခုလို အုတ်ဖုတ်ပြီး စီးပွားရေးလုပ်သွားတယ်။ ကျောင်းပိုင် မလေးရှားတောကိုလည်း ခုတ်၊ ကျောင်းထဲက သစ်ပင်တွေလည်း ခုတ်ပြီး အုတ်ဖုတ် သွားတာပဲ။ ခုပါချုပ်ကလည်း ဒါကို ဆက်ပြီး အကောင်အထည်ဖော်နေတယ်။ နောက် လာတဲ့ မောင်ပုလဲ ဒိုင်းဝန်ထက် ကဲနေပြီလားမသိဘူး။” ဟုဆိုသည်။

“အပြင်က လူပေါင်းစုံ လာလုပ်နေကြတာဆိုတော့ လုံခြုံရေးလည်း စိတ်မချရဘူး။ တိုင်းဆောက် အလုပ်သမားတွေ ဓါးခုတ်မှုဖြစ်ခဲ့တာတွေကလည်းရှိထားတယ်” ဟု ၀န်ထမ်းတစ်ဦးက ဆိုသည်။

လယ်ယာမြေတွေပျက်စီးပြီး ကျင်းတွေ ချိုင့်တွေဖြစ် မိုးတွင်းမှာ ရေတွေပြည့်နေပြီး ကလေးများအတွက်လည်း အန္တရာယ်ရှိနိုင်ကြောင်းလည်း ကြားသိရသည်။

“ခင်ဗျားတို့ ၀န်ထမ်းတွေ သက်သာချောင်ချိရေးအတွက် မဟုတ်လား” ဟု မေးကြည့်ရာ “ ဘာသက်သာချောင်ချိရေးလည်းဗျာ။ ခုပဲ လုပ်အားပေးကပြန် လာရတာ။ ငွေလေး ၅၀၀၀ နှစ်ပတ်လည်အတွက်ရတာများ ပြန်တောင် အမ်းလိုက်ချင်သေးတယ်။ ကျွန်တော်တို့ကိုလည်း လုပ်အားပေးမခိုင်းနဲ့။ အချိန်တန်တော့ သူတို့ အိတ်ထဲပဲ ထည့်သွားတာပဲ။ ဘာမှ ပွင်းလင်းမြင်သာမှု မရှိဘူး။ ပေးတာယူ၊ ကျွေးတာစား၊ ခိုင်းတာလုပ်၊ ခံမပြောနဲ့ သံသရာက ဘယ်တော့များမှ လွတ်မယ် မသိပါဘူး” ဟု ပြောပြသည်။

No comments:

Post a Comment