Labels

Friday, January 3, 2014

“ကွာသုံးကွာ၊ ပါသုံးပါ၊ ချာသုံးချာ”

ဒီချုပ် fb မှာ မေးခွန်တွေမေးပြီး ဆဲနေတဲ့ ကုလားတစ်ကောင်ကြောင့် အမြင်မမှားရအောင်နဲ့ အမှန်ကို အမှန်အတိုင်း သိမြင်နိုင်ကြစေဖို့ပါ။ ဘာသာမတူလို့ မုန်းရန်မရှိပါ။ ကျနော်ကိုယ်တိုင်လည်း ဂျိန်း၊ တာအို အပါအ၀င် ဘာသာ ၁၁ မျိုး လေ့လာ ကိုးကွယ်ခဲ့၊ ဘာသာသာမဲ့ ၃ နှစ် ဖြစ်ပြီးမှ ကျနော် နှစ်သက်တဲ့ ဘာသာခံယူခဲ့တာပါ။
'ဌေး' သာမဏေကျော်

“ကွာသုံးကွာ၊ ပါသုံးပါ၊ ချာသုံးချာ”

ကျွန်တော့ဖခင်ကြီး ပြောသော ပုံပြင်များထဲက အကြောင်းတခုကို (သီတင်းကျွတ်ရက်တွင် ရာရောက်ကန်တော့ကြသော) တူမနှင့်မြေးများ (ယခုအခါ ကျွန်တော့သမီးနှင့် အရွယ်တူများ) ဖတ်ဖို့ ပြောလိုပါသည်။

ဖခင်ကြီးက အိမ်ထောင်ပြုဖို့ စဉ်းစားမယ်ဆိုရင် မလွဲမသွေ ရှောင်ရမယ့် အချက်က ကွာသုံးသွာ၊ ပါသုံးပါ၊ ချာသုံးချာပဲ။ ဒီသုံးပါး သုံးမျိုးကို ယောက်ျားလေးပဲဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ် မိမိနှင့် လက်တွဲမယ့်သူမှာ ပါလာရင်တော့ ဝေးဝေးက ရှောင်ပေတော့။

အဲဒီ သုံးမျိုးသုံးပါး ပါနေတာကို သိပါလျက်နဲ့ အသိဉာဏ် နည်းပါးလို့ ပဲဖြစ်ဖြစ်၊ အသိဉာဏ်ရှိပင် ရှိငြားသော်လည်း မိမိရဲ့ စိတ်အလို လိုက်လို့ပဲ ဖြစ်ဖြစ်၊ မလွှဲမရှောင်သာလို့ပဲ ဖြစ်ဖြစ်၊ တဇွတ်ထိုး လုပ်လိုတဲ့စိတ်ကြောင့်ပဲ ဖြစ်ဖြစ် ဘေးဖယ်ပြီး စဉ်းစားလို့ လက်တွဲလိုက်ပြီးရင်တော့ ဘ၀မှာ အမှားနှင့် တသက်လုံး ရင်ဆိုင်ရလိမ့်မယ်၊ အိမ်ထောင်သည်ဘ၀ရောက်ပြီးမှ အမှားကို ပြင်ပါရစေလို့ဆိုရင် နောက်ကျသွားပြီ၊ အိမ်ထောင်သည်ဘ၀ဟာ တခါရေးပြီးတိုင်း တခါဖျက်ပြီး အသစ်ပြန်ပြင်ရေးနိုင်တဲ့ ကျောက်သင်ပုန်း မဟုတ်ဘူးဆိုတာ သတိချပ်သင့်တယ်။

“ ကွာသုံးသွာ-ဆိုတာ ”

၁။ တိုင်းပြည်နှင့် လူမျိုး ကွာလျှင်
၂။ အယူဘာသာ ကွာလျှင်
၃။ စိတ်ဓာတ်ချင်း ကွာလျှင်-တို့ပဲ ဖြစ်တယ်။
အပေါ် ၁-နှင့်-၂ က တိုင်းခြားပြည်ခြား လူမျိုးခြားနှင့် ဘာသာခြားပဲ ဖြစ်တယ်။ တခြားတိုင်းတပါးသား၊ မိမိတိုင်းရင်းသား မဟုတ်တဲ့ လူမျိုးခြားနှင့် မိမိနှင့် ဘာသာ ကိုးကွယ်ရာ မတူတဲ့ ဘာသာခြားကို ယူမိရင်တော့ မိမိဟာ ကိုယ့်တိုင်းပြည်ကို စွန့်ရလိမ့်မယ်။ ကိုယ့်လူမျိုးရဲ့ ဓလေ့ဘာသာ ယဉ်ကျေးမှုကို စွန့်ရလိမ့်မယ်။ အဆုံးစွန်ကတော့ နိဗ္ဗာန် အဆုံးရှိသည့် ဗုဒ္ဓဘာသာမှ အခြားတပါးသော ဘာသာတခုခုကို ကူးပြောင်းရလိမ့်မယ်။ (မိမိက မပြောင်းရစေဦး မိမိက မွေးတဲ့ သားသမီးက စပြီး အစဉ်တစိုက် ဘာသာခြားပြောင်းသွားရလျှင်) မိမိအဖို့ တဘ၀လုံးသာမက တသံသရာလုံး ရှုံးတာပါပဲ။ ဒါကြောင့် ဘာအကြောင်းပြချက်နှင့်မျှ တိုင်းပြည်နှင့် လူမျိုးကွာလျှင် ဘာသာကွာလျှင် လက်ထပ်ဖို့ ဘ၀အဖော်အဖြစ် လက်တွဲဖို့ မစဉ်းစားပါနဲ့။

လူမျိုးတူ ဘာသာတူပင် ဖြစ်စေဦးတော့ စိတ်ဓာတ်ချင်း ကွာလျှင်လည်း တမိုးအောက်မှာ နှစ်ယောက်အတူနေဖို့ မစဉ်းစားပါနဲ့။ တယောက်က ရုပ်ရှင် ဂီတ စတဲ့ အပျော်အပါး ကြိုက်တယ်၊ တယောက်က ၀ါသနာမပါဘူးဆိုလျှင် အကြိုက်မညီတာကြောင့် သမီးရည်းစားဘ၀မှာ ဟန်ဆောင်အလိုလိုက်ပေးနေပေမဲ့ အိမ်ထောင်သည် ဖြစ်လာပြီဆိုလျှင် အပြစ်မြင်လာမှာ သေချာတယ်။ အလားတူပဲ အခြားကိစ္စများစွာမှာ အကြိုက်မတူ စရိုက်မတူတာတွေရှိလျှင် စောစောကတည်းက စဉ်းစားသင့်ပါတယ်။ အရက်ကြိုက်တဲ့ ယောက်ျားကလေး တယောက်ဟာ ရည်းစားသည်ရှေ့မှာ မသောက်ပေမဲ့ ကွယ်ရာမှာ သောက်မှာပါပဲ၊ ငါ့ကို ချစ်လို့ အရက်တောင် မသောက်တော့ဘူးလို့ ထင်ရင် မှားပါလိမ့်မယ်။ ငါပြောတာ နားထောင်တယ်၊ ငါနှင့် ရပြီးရင် ပြင်ပြီး ယူမယ်ဆိုပြီး ကိုယ့်ကိုယ်ကို ဖန်တီးပေးနိုင်တဲ့၊ အနိုင်ရနေတဲ့သူအဖြစ် ထင်မိရင်တော့ အိမ်ထောင်မကျမီသာ ဟန်ဆောင်ထားတဲ့ မင်းသားခေါင်းအဖြစ် တွေ့ရတော့မှာမို့ မိမိကိုယ် မိမိ အထင်ကြီးပြီး စိတ်ဓာတ်ချင်း စရိုက်ချင်း မတူတဲ့သူနဲ့ လက်တွဲဖို့ လုံးဝ မစဉ်းစားတာအကောင်းဆုံးပါပဲ။

“ ပါသုံးပါ-ဆိုတာ”
၁။ အနာရောဂါ ပါလာလျှင်
၂။ အကြွေး ပါလာလျှင်
၃။ အပိုစားမည့် (လူပိုတွေ) ပါလာလျှင်-တို့ပဲ ဖြစ်တယ်။
အနာရောဂါ ပါလာလျှင်ဆိုတာ ရှင်းပါတယ်။ နှလုံးရောဂါ အစရှိတဲ့ ရောဂါသည်တွေကို သနားပြီး လက်ထပ်တာမျိုး၊ ယခုခေတ်တွင် AIDS ကဲ့သို့ ရောဂါမျိုးနှင့် အခြားရောဂါကြီးမျိုး ရှိနေသူတို့ကို ဇွတ်မှိတ် လက်ထပ်တာမျိုးပါ။ ခေတ္တခဏ နာဖျားမကျန်း မဟုတ်သော နာတာရှည်ရောဂါမျိုး ရှိသူတို့ အကျုံးဝင်ပါတယ်။

အကြွေးပါလာလျှင်ဆိုတာ လက်မထပ်မီကတည်းက အကြွေးတင်နေလျှင် သည်အိမ်ထောင်ဟာ အညွှန့်လူဖို့ အတော်ခဲယဉ်းသွားပါပြီ။ အကြွေးသဘာဝ ရိုးရိုး ဆပ်ရသော အကြွေးနှင့် အတိုးပါ ဆပ်ရသော အကြွေးရှိတာမို့ အတိုးတက်အကြွေးမျိုးဆိုလျှင် အိမ်ထောင်သည်ဘ၀မှာ ပြေဖို့ ကြေဖို့ ခက်ပါပြီ။ ဤနေရာတွင် အကြွေးနှင့် ၀ယ်ယူ ၀တ်ဆင်တတ်တဲ့ အမျိုးသမီးတို့၏ စရိုက်ဟာ အိမ်ထောင်သည်တို့ အတွက် ၀န်ထုပ်ဝန်ပိုးတခု ဖြစ်ပါတယ်။ ဒီလို မိန်းကလေးမျိုးကို ရှောင်သင့်ပါတယ်။

အပိုစားမည့် (လူပို) ပါလာလျှင် အထူး သတိပြုသင့်ပါတယ်။ လူပိုပါလို့ ကျွေးမွေးနိုင်သည် ဖြစ်စေဦး၊ စကားပိုလာသည့် အတွက် ရှင်းရတဲ့ပြဿနာက အဆိုးဆုံးပါပဲ။ လင်မယားနှစ်ယောက်ကိစ္စမှာ အတူလာနေမည့် ညီ-ညီမ၊ အမေ အဖေက အစ အားလုံးဟာ စားသောက်ရုံသက်သက်နဲ့ ပြီးမသွားဘဲ စကားပိုတွေကြောင့် လင်မယားကြား စိတ်ဝမ်းကွဲပြီး ချစ်ခင်မှုကို ပျက်ပြားစေပါတယ်။ အိမ်ထောင်ပြုပြီးလျှင် အကောင်းဆုံးက နှစ်ယောက်တည်းနေဖို့ ဖြစ်နိုင်အောင် အားထုတ်ဖို့ပါပဲ။ နှစ်ဖက်မိဘများ ရှိလို့ တဖက်ဖက်မှာ နေတာဟာ ကောင်းကျိုးထက် ဆိုးကျိုးကို ဖြစ်စေမှာ သေချာပါတယ်။ ယောက်မ၊ ခယ်မ၊ ယောက္ခမ စတာတွေဟာ တယောက်ကို တယောက် အကောင်းမြင်ခဲပါတယ်။ ဝေးဝေးက ပေးကမ်းနေပြီး အခါကြီး ရက်ကြီးနှင့် တခါတရံသာ အတူနေသင့်တဲ့ ဥပဒေအရ (လူ့စည်းကမ်းအရ) တော်ရတဲ့ ဆွေမျိုး in-law တွေပါ၊ ဒါကြောင့် အပိုလူ ပါလာလျှင် အစောကြီးကတည်းက နားလည်မှု ရယူပြီး မိမိဘ၀ မိမိနှစ်ယောက်တည်း ထူထောင်ဖို့ စဉ်းစားပြင်ဆင်သင့်ပါတယ်။

“ ချာသုံးချာ ”

အရေးအကြီးဆုံးဖြစ်တဲ့ ကိုယ်ရည်ကိုယ်သွေးလို့ ဆိုရမယ့် (အထူးသဖြင့် အိမ်ထောင်ကို ဦးဆောင်မှု ပေးရမယ့် အမျိုးသားများအတွက် အဓိကဖြစ်တဲ့) အချက်ချာ သုံးချာဆိုတာ-
၁။ ပညာရေး ချာလျှင်
၂။ စီးပွားရေး ချာလျှင်
၃။ လူမှုရေး ချာလျှင်-တို့ပဲ ဖြစ်တယ်။
အချက် ၁-ပညာရေးက အဓိကပါပဲ၊ ၁-ချာလျှင် ၂-နှင့်-၃ က ကျိန်းသေ ချာမှာပါပဲ၊ (တခါတရံ လူမှုရေးတော်ပြီး ပညာနှင့် စီးပွားချာတာ ရှိတတ်ပေမဲ့ ခြွင်းချက်ပါပဲ) အဓိကမှာ ပညာပါပဲ။ ပညာဆိုရာမှာ အတန်းပညာက လူတယောက်ရဲ့ အသိဉာဏ်၊ အတွေးအခေါ်၊ ဆင်ခြင်တုံတရားနှင့် ကိုယ်ရည်ကိုယ်သွေးကို မြင့်မားစေတာမို့ ပညာတတ်တယောက်ဖြစ်ဖို့ လိုပါတယ်၊ ပညာကို အဆင့်ဆင့် မခွဲဘဲ သုံးနှုန်းတာမို့ သက်မွေးဝမ်းကျောင်းပညာ (ဥပမာ စက်ပြင်၊ ယာဉ်စက်ပြင်၊ လျှပ်စစ်ပြင်၊ နာရီပြင်မှစသော သက်မွေးပညာ တမျိုးမျိုး တတ်တာမျိုး၊ ရောင်းတတ် ၀ယ်တတ်တာမျိုးမှအစ) အကျုံးဝင်ပါတယ်။ အဓိကမှာ ပညာ ဆုံးခန်းတိုင်သောသူ ဖြစ်ပြီး အသိဉာဏ် ဆင်ခြင်တုံ မြင့်မားတာမျိုး ဖြစ်လျှင် အကောင်းဆုံးပါပဲ၊ ပညာ ပြည်ဝသောသူ များစွာဟာ စီးပွားရေးမှာ ချာတာ နည်းပါတယ်၊ မချမ်းသာပေမဲ့ မဆင်းရဲပါဘူး၊ (ဘွဲ့ရတာချင်း တူလျှင် သက်မွေးဝမ်းကျောင်း ပညာဘွဲ့ ဖြစ်တဲ့ စက်မှု၊ ဆရာဝန်၊ လေကြောင်း၊ ရေကြောင်းသိပ္ပံ၊ သူနာပြု၊ စီးပွားရေး စတဲ့ ပညာတတ်များက အလုပ်ရတာ၊ ဘ၀ဖူလုံတာ၊ ၀င်ငွေကောင်းတာ တွေ့ရမှာပါပဲ)။

ပညာရေးနှင့် စီးပွားရေးဟာ ဆက်စပ်နေပါတယ်။ တခုမြင့်လာလျှင် ကျန်တခုဟာ အချိုးတူ မြင့်လာပါတယ်။ တခု နိမ့်ကျနေလျှင် ကျန်တခု နိမ့်ကျဖို့ သေချာပါတယ်။ ပညာမတတ်ဘဲ ချမ်းသာနေတဲ့ လူတွေကို တွေ့ရပေမဲ့ ပညာမတတ်ခဲ့လျှင် ငွေပင် ရှိစေဦးတော့ ပွဲလယ် မတင့်တယ်ပါဘူး။ ပညာနှင့် သက်မွေးဝမ်းကျောင်းမှု မပြုဘဲ ချမ်းသာလာတဲ့သူ အများစုဟာ အနေအထိုင်၊ စရိုက်၊ ဟန်ပန်တွေမှာ ပညာတတ်သူကို မမီနိုင်ဘဲ ငွေပေါတာက လွဲပြီး အသိဉာဏ် နည်းတတ်ပါတယ်။

ဤတွင် ကျွန်တော့်ဖခင်ကြီးပြောသော ကွာသုံးကွာ၊ ပါသုံးပါ၊ချာသုံးချာ-ကို ဖခင်ကြီးတို့ခေတ်က အပြောအဆိုများကို ယနေ့ခေတ် လူငယ်များ နားလည်အောင် ပြောစကားဖြင့် ပြင်ဆင် ဖော်ပြခဲ့ခြင်း ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်တော့်တူမနှင့် မြေးမလေးများကို အကြောင်းပြု၍ သက်တူ ရွယ်တူနှင့် ဘ၀တူများ ဆင်ခြင်နိုင်ကြရန် အကျိုးရှိသော စကားကို ပြောရပါသည်။

အပြစ်တင်ခြင်းသည် အကျိုးမရှိပါ၊ ထို့ကြောင့် အပြစ်တင်မည့်အစား ချစ်ခင်စွာ ဆိုအပ်သော ဤအကြောင်းများကို ဆင်ခြင်၍ အကောင်းကို ရွေးချယ်နိုင်ပါစေ၊ အမှန်ကို တွေ့ပါစေဟု ဆုတောင်းပါသည်။

မောင်ကောင်းမြင့် (အပျိုစင် ၂၀၀၅-ခု ဖေဖော်ဝါရီလ) MBL စာကြည့်တိုက်ရှိ စာအုပ်တွေထဲမှ
ဖတ်မိသမျှ ကောင်းနိုးရာရာကို တင်ပြလိုက်ပါသည်။
မေတ္တာဖြင့် မော်လူး

By - မင်္ဂလာဗျူဟာ


ရောမရောက်လျှင် ရောမလိုကျင့်ပါ
***********************

မြန်မာပြည်မှာ ဘယ်သူမှ လူမျိုးမတူ တာနဲ့ မမုန်းပါဘူ။ (သူ့ နိုင်ငံမှာပဲ သူနေရင်ပေါ့။) ဘာသာ မတူတာလဲ မမုန်းပါဘူး။ (သူ့ဘာသာ သူ ကိုးကွယ်နေ ရင်ပေါ့။) ဒါပေမဲ့ ကိုယ်နိုင်ငံ ထဲ ကို တိုင်းတပါးသားတွေ ကျူးကျော်လာရင်၊ ကိုယ့် ဘာသာ ထဲ တခြားဘာသာ အယူဝါဒတွေ သွပ်သွင်း ၀ါဒဖြန့်လာရင်။ ကိုယ်နိုင်ငံ ထဲ မှာ နေပြီး ကိုယ့် မြန်မာ ယဉ်ကျေးမှု ဓလေ့ထုံးစံ ကို လက်မခံပဲ တသီးတခြား တိုင်းတပါး ယဉ်ကျေမှု တွေ ပေါ်ပေါ်ထင်ထင်... တင်သွင်း လာရင် မုန်းမုန်း၊ မမုန်းမုန်း (လူများစုက) လက်မခံ နိုင်ကြပါဘူး။ ဒါ ကိုယ်က ရန်လိုတာ လဲ မဟုတ်ပါဘူး။ ကိုယ့် တိုင်းပြည်ကို၊ ကိုယ့် ဘာသာ တရားကို၊ ကိုယ့် ယဉ်ကျေးမှု ကို ရန်စ ခံရတာပါ။
အာဖဂန်တို့ ပါကစ္စတန် မှာ လဲ ဌာနေ လူမျိုးတွေ (အများစု) က (ယခင် ဗုဒ္မဘာသာ ၀င် အများစု ရှိနိုင် ခဲ့ သော်လဲ) လက်ရှိ အချိန်မှာ အစ္စလာမ်တွေ ဖြစ်နေတော့ ကျန် ဘာသာတွေ ကို ဧည့် သည် လို့ပဲ သတ်မှတ်ကြ ပါတယ်။ ဥရောပ နဲ့ အမေရိက မှာလဲ (လွတ်လပ်စွာ ယုံကြည် ကိုးကွယ်ခွင့် ရှိတယ် ဆိုသ်ာလဲ) ခရစ်ယာန် နိုင်ငံ တွေ လို့ သူတို့ကို သူတို့ သတ်မှတ်ကြတယ်။ (ခရစ်ယာန် ဒီမို ကရက်တစ် ပါတီ၊ အစ္စလာမ်မစ် ပါတီ စသဖြင့် အမည်တပ်တာတွေ ရှိပါတယ်။) နိုင်ငံ တကာ ဓလေ့ လို့တောင် ပြောနိုင် ပါတယ်။ အဲဒီ့ (အစ္စလာမ်) နိုင်ငံတွေမှာ ဗုဒ္မဘာသာ ကို ဌာနေ မသတ်မှတ် လို့ ရှေးဟောင်း ရုပ်ပွားတော်တွေ ကိုတောင် ဖျက်ကြသဗျ။ (ယခု ပဋိပက္ခတွင် ဗလီများ အဖျက်ခံ ရသည်ကို ထောက် ခံနေ တာ မဟုတ်ပါ။)
မြန်မာပြည်တွင်းရှိ ဘာသာကြီး ၄မျိုးမှာ ဗုဒ္မဘာသာ၊ ခရစ်ယာန် ဘာသာ နဲ့ ဟိန္ဒူဘာသာ ကိုးကွယ် ကြသူ မြန်မာပြည်သား တွေ ကြားမှာ (ကွဲပြားမှုမရှိ ပူးပေါင်း ညီညွတ်နေပြီး) Homogeneous ဖြစ် နေ တော့  ဘာသာရေး ပဋိပက္ခ မရှိတာ တွေ့ရ ပါတယ်ဗျာ။ မြန်မာ လူမျိုးတွေ ဘာသာခြားတိုင်း ကို ရန်လိုနေ တာတော့ မဟုတ် ပါဘူး။
နိုင်ငံတိုင်း တွင် ခိုင်မြဲနေသော ယဉ်ကျေးမှု၊ ဓလေ့ ထုံးစံများ ရှိနေ ပါသည်။ ထို ယဉ်ကျေးမှု ဓလေ့ ထုံးစံများနှင့် အညီ နေထိုင် နိုင်ခြင်းဖြင့် သာ (Cultural Shock) ပဋိပက္ခ များ လျှော့နည်း ပါမည်။ လက်ရှိ မြန်မာ-မွတ်စလင် ပြသနာ ကို ကြည့်ရင် ရှေးရိုးဆန်တဲ့ (Conservative Society အများ စု ရှိ) မြန်မာပြည်မှာ Form ပုံစံ ကလဲ နှစ်ဖက်လုံး အတွက် ပြသနာ ရှိပါတယ်။ လူနည်းစု က Adaptation မရှိရင် ဒီပြသနာ မပြေလည် နိုင်ပါဘူး။ ဘာသာ ၂ခုရဲ့ Norm, Value, Custom Culture က တော်တော် ဆန့် ကျင် ဘက် ဖြစ်နေပါ တယ်။ အထူးသဖြင့် အစ်နေ့မှာ (ဘာသာရေး အကြောင်းပြပြီး) နွားတွေ အစုလိုက် အပြုံလိုက် အသတ် ခံနေရ တာ ဟာ မြန်မာပြည်သူတွေ စိတ် မချမ်း သာ ကြ ပါဘူး။ မြန်မာတွေ က နွား ကို မိတ်ဆွေလို့ သဘောထား တာပါ။ အစ္စလာမ် နိုင်ငံ အမည်ခံထားတဲ့ (မလေးရှား၊ အင်ဒို နီးရှား၊ ဆော်ဒီ စတဲ့ အစ္စလာမ် မစ် အမည်ခံ) နိုင်ငံတွေ မှာတောင် ဒီနွား သတ်တာကို မလုပ်ကြ ပါဘူး။ ဒီကြားထဲ စအိုမာ ဘင်လာဒင် ပေါ် လာတော့ မြန်မာပြည်နေ အစ္စလာမ် ဘာသာဝင် တွေ ကြားမှာ (နဂိုထဲက မြန်မာနဲ့ သွင်ပြင် လက္ခဏာ မတူရ တဲ့ အထဲ) မုတ်ဆိတ် ထား တာတွေ ခေတ် စား လာတယ်။ မွတ်စလင် နံမယ်တွေ ခေတ် စား လာ တယ်။ ခေါင်းမြီခြုံ တွေ ပေါ လာပါတယ်။ဒီတော့ ဗုဒ္မဘာသာ တွေကလဲ (ဗုဒ္မံ၊ ဓမ္မံ၊ သံဃံ အစား) ၉၆၉ ရေး တာ၊ ၉၆၉ ကို အားပေးဘို့ စည်းရုံးတာ တွေ ရှိလာတယ်။ အခြားသူ၏ ယုံကြည် ကိုးကွယ်မှုကို မထိပါးပဲ မိမိ တို့၏ အမျိုး ဘာသာ သာသနာ တိုး တက်အောင် လူတိုင်း လွပ်လပ် စွာ ဆောင်ရွက် နိုင်ပါသည်။ ၉၆၉ ကို လက်မခံသူ များ လက်မခံ ပိုင်ခွင့် ရှိပါသည်။ လက်ခံသူများ လက်ခံပိုင်ခွင့် ရှိပါသည်။ သို့သော် ၉၆၉ သည် (အခြား ဘာသာဝင် များအား) အကြမ်း ဖက်ရန် လှုံဆော်ခြင်း မဟုတ်ပါ။ (အကြမ်း ဘက် လို သူ များ သည် မည်သည့် ဘာသာကို ကိုးကွယ်သည် ဖြစ်စေ အကြမ်းဖက် လိုစိတ် များ ရင်တွင်း ကိန်းအောင်းနေ သူများ ဖြစ် ပါသည်။) ၉၆၉ ကို အကြမ်းဖက် မှုနဲ့ ပေါင်း မြင် တာ၊ ပေါင်း ပြောတာ ဟာ ဥာဏ်မမီ တဲ့သူတွေပါ။ သူတို့ ကိုယ်တိုင် အစွန်းရောက် အမြင် ရှိနေတာပါ။ ထို့ကြောင့် လူတိုင်း လွတ်လပ် စွာ ရွေးချယ် ပိုင်ခွင့် ရှိပါသည်။ ကျွန်တော့ သဘောထား က အခြားသူ၏ ယုံကြည် ကိုးကွယ်မှုကို မထိပါးပဲ မိမိ တို့၏ အမျိုး ဘာသာ သာသနာ တိုး တက်အောင် လူတိုင်း လွပ်လပ် စွာ ဆောင် ရွက် ခြင်း ကို ထောက်ခံ ပါသည်။ အကြမ်းဖက်ရန် (အကြမ်း ဖက်ခြင်း ကို) တော့ မထောက်ခံ ပါ။ တောင်တော ရယ် သာ --- ဆိုပြီး သီချင်း ဆို တာကို မြောက်တော က သူတွေက ငါတို့ မြောက်တော ကို စော်ကား တာ ပဲလို့ အဓိပ္ဖာယ် ဖွင့် တတ်တာ တော့ ဘယ်သူ့ အပြစ်လဲ ဆိုတာ ပညာသတိနဲ့ ဆင်ခြင်ကြည့်ရင် သိနိုင်ပါတယ်။
မြန်မာပြည်မှာ ဘာသာ ပေါင်းစုံက လွတ်လပ်စွာ ကိုးကွယ် ခွင့် ရပြီး သား ပါ။ ဒါပေမဲ့ မြန်မာပြည် မှာ မွေးပြီး အနောက်တိုင်း ယဉ်ကျေးမှု (၀တ်စား ဆင်ယဉ်မှု က အစ) ကို တရားလွန် ကျင့်သုံး လာရင် မြန်မာ အများစု အမြင်မှာ (မြန်မာ အချင်း ချင်းတောင်) ကြည့် မရပါဘူး။ ဒီတော့ မြန်မာ ပြည်မှာ မွေးတဲ့ မြန်မာ မွတ်စလင်များက (ပြည်ပက) မွတ်စလင် ဓလေ့ထုံးစံတွေကို ဘာသာရေး အကြောင်းပြပြီး မတင်သွင်းလာဘို့ လိုပါတယ်။
ဒီတော့ လက်ရှိ ပဋိပက္ခကို ရေရှည် အတွက် အဖြေရှာမယ် ဆိုရင် အမျှော်အမြင်ရှိတဲ့ ဆရာချယ် (မြန်မာ မွတ်စလင် ရှေး လူကြီးတွေ) စကား ကို မွတ်စလင်တွေ လိုက်နာစေချင်တယ်။
""ဆရာချယ်"" - """ မွတ်စလင်များ မြန်မာ နိုင်ငံ သားဟု ကိုယ့်ကိုယ်ကို ခံယူပါက မြန်မာနဲ့ တူအောင် (Homogeneous) နေကြ ပါ။"""
""ရန်ကုန်တွင် နေလျှင် ရန်ကုန် ဓလေ့၊ မကွေး တွင် နေ လျှင် မကွေး ဓလေ့၊ မန္တလေး၊ မြစ်ကြီး နား၊ တောင်ကြီး၊ စသည့် နေရာဒေသ အလိုက် ဓလေ့ များ အပြင် လူမျိုးစု အလိုက် ဓလေ့များ၊ ကို လိုက်လျှော ညီထွေ နေ ထိုင်ကြ ရ ခြင်းကို ဆိုလိုပါသည်။ ဘင်္ဂလီ ဓလေ့များ၊ အာရပ် ဓလေ့များ၊ ကို မြန်မာ့ ဓလေ့တွင် စာရင်း မသွင်း ပါ"""

U Aung Hlaing (အရှင်သုမင်္ဂလ)



Options


Myanmar Defense League - MDL



“ မျက်လုံးကိုတစ်ဘက်တည်းပဲလှည့်မကြည့်ပါနဲ့ ”

မျီုးစောင့်ဥပဒေမရှိခဲ့၍ အချိန်က ကမ္ဘာပေါ်မှာ ထင်ရှားခဲ့သော ဗုဒ္ဓဘာသာနိုင်ငံဖြစ်တဲ့
အင်ဒိုနီးရှား မလေးရှား ပါကစ္စတန် စတဲ့နိုင်ငံတွေခု ဘာနိုင်ငံတွေဖြစ်ကုန်ပြီလဲ
အမျီုးစောင့်ဥပဒေကို လက်မခံတဲ့သူတွေဟာ မြန်မာနိုင်ငံကို မူဆလင်နိုင်ငံအဖြစ်
အသက်သွင်းနေသူတွေလား.....ကိုယ်ဘာသာ ကိုယ့်သာသနာကိုစော်ကားနေ
ကြတာလား ဘာနိုင်ငံထူထောင်ချင်နေသေးလို့မမှတ်ကြသေးဘူးလား မြို့ထဲကနေ
မြို့ပြင်ထွက်နေရတဲ့ဘ၀ကို သတိလေးထားကြပါဦး...။

မျိုးစောင့်ဥပဒေအတွက် ဆောင်ရွက်နေကြသော ဆရာတော် သံဃာတော်များကို ၀ိနည်းနဲ့ မညီဘူးလို့လဲ စွပ်စွဲကြပါတယ်..။ ဘယ်သိက္ခာပုဒ်နဲ့ ငြိစွန်းနေပါသလဲ.. သိက္ခာပုဒ်အထောက်အထားနဲ့ပဲ ပြောပြကြပါ.. ၀ိနည်းနဲ့ မညီရင် ဘုန်းဘုန်းတို့ အခုလုပ်နေတဲ့ အလုပ်ကို အခုချက်ချင်းရပ်ပေးပါ့မယ်..။ ပိဋကတ်စာပေမှာ .. ဉာတကာနဉ္စ သင်္ဂဟော.. လောကတ္ထစရိယံ .. ဉာတတ္ထစရိယံ.. တို့ဟာ လူပုဂ္ဂိုလ်တွေနဲ့ အရင်းနီးဆုံး စကားလုံးတွေပါ.. ဒီစကားလုံးတွေဟာ အမျိုးဘာသာ သာသနာကို ချီးမြှောက်စောင့်ရှောက်ဖို့ ဟောခဲ့တဲ့ စကားတော်တွေပါ..။

နောက်တစ်ခါ အိမ်ထောင်သားမွေး ကိစ္စတွေကို ဘုန်းဘုန်းတို့နဲ့ မဆိုင်ဘူးလို့ ဘုန်းဘုန်းတို့က ကိုယ့်အလုပ် ကိုယ်မလုပ်ဘူးလို့ ပြောလာကြတယ်.. ဆိုင်လိုက်တာမှ ကလေးမွေးတဲ့ နေရာထိတောင် ဆိုင်ပါတယ်.. အင်္ဂုလိမာလသုတ်ကို ကြည့်လေ.. ကလေးမမွေးနိုင်တဲ့ အမျိုးသမီးတွေကို ဘုရားရှင်လက်ထက်တော်က အင်္ဂုလိမာလ မထေရ်မြတ်ကိုတော်တိုင် အိမ်တိုင်ရာရောက် လိုက်ပါဆောင်ရွက်ပေးတော်မူခဲတာပဲ..။ ဗုဒ္ဓဘာသာဝင်တို့ရဲ့ အိမ်ထောင်ရေးကိစ္စမှာ ဘုန်းဘုန်းတို့နဲ့ ဆိုင်လို့ ဘုန်းဘုန်းတို့ လုပ်နေကြတယ်ဆိုတာ သဘောပေါက်ကြပါ..။

ဘုန်းဘုန်းတို့ကတော့ အမျိုးဘာသာ သာသနာ မကွယ်ပျောက်ဖို့အတွက် .. ဗုဒ္ဓသာသနဘာရော အ၀ဿံ ၀ဟိတဗ္ဗော = ငါသည် ဗုဒ္ဓသာသနာ့တာဝန် (အမျိုးဘာသာ သာသနာ တာဝန်)ကို မချွတ် ထမ်းဆောင်ရမည် ဟူသော သန္နိဋ္ဌာန်ဖြင့် မျိုးစောင့်ဥပဒေ မှ အစ အမျိုးဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများကို အသက်ထက်ဆုံး လုပ်ဆောင်သွားမည်ဖြစ်ပါကြောင်း..။

ဆရာတော် ဦးနရပတိ
( ငြိမ်းချမ်းရေး ပရိယတ္တိစာသင်တိုက်

No comments:

Post a Comment