Labels

Friday, January 3, 2014

အရောင်တွေကင်းစင်တဲ့ ကျောင်းသားသမဂ္ဂ ဖြစ်ပါစေ။

                        


        ကျောင်းသားသမဂ္ဂတွေဖွဲ့ကြ၊ နိုင်ငံရေးအရောင်တွေမြင်သိနေရတော့ စိတ်မချမ်းသာဘူး။ ကျနော်တွေ့ဘူးတဲ့ ကျောင်းသားအဖွဲ့အစည်းတွေအကြောင်းကို ပြည်ပတက္ကသိုလ်မှာ ကျောင်းတက်ခဲ့စဉ်က တွေ့မြင်ခဲ့ရသလောက်လေး ပြောပါရစေ။

ပါမောက္ခတွေက နာယကသဘောမျိုးလောက်ပဲပါပြီး ကျောင်းသားတွေလိုအပ် တာတွေကို ပေါင်းစပ် ညှိနှိုင်းပေးတာ၊ လမ်းညွှန်ပေးတာတွေ ပြုကြပါတယ်။

အဲဒီ ကျောင်းသားအဖွဲ့အစည်းကြီးအောက်မှာ ဓါတ်ပုံဝါသနာရှင်များအဖွဲ့၊ ပန်းချီ ၀ါသနာရှင်များအဖွဲ့၊ တောင်တက် ၀ါသနာရှင်များအဖွဲ့၊ စာပေ၀ါသနာရှင်များအဖွဲ့၊ ဂီတ ၀ါသနာရှင်များအဖွဲ့(ဂီတမှာ အမျိုးအစားကွဲတွေလည်း အများကြီးဖွဲ့ကြ ပါတယ်)၊ လက်မှုပညာ စိတ်ဝင်စားသူများအဖွဲ့၊ အိမ်တွင်းမှု စိတ်ဝင်စားသူများအဖွဲ့၊ အချုပ်အလုပ် စိတ်ဝင်စားသူများအဖွဲ့၊ ဖက်ရှင် စိတ်ဝင်စားသူများအဖွဲ့၊ အက စိတ်ဝင်စားသူများအဖွဲ့၊ အားကစား အမျိုးအစားအလိုက်အဖွဲ့များ၊ စသည်ဖြင့် အဖွဲ့ပေါင်း ၃၀ ကျော်လောက် တွေ့ရပါတယ်။ ဆီမီစတာတိုင်းမှာ အဲအဖွဲ့တွေရဲ့ ပြပွဲကို တက္ကသိုလ်ထဲမှာပဲ ပြခန်းတွေနဲ့ စနစ်တကျ မင်ဘာအသစ် လက်ခံကြပါတယ်။

ကျောင်းသူ၊ကျောင်းသားတွေက ကိုယ်စိတ်ဝင်စားတဲ့၊ ၀ါသနာပါတဲ့ အဖွဲ့မှာ ပုံစံဖြည့်ပြီး အသင်းဝင်လိုက်ရုံပါပဲ။ ၃ ရက် ၄ ရက်လောက်ဆိုတော့ အချိန်လည်းရတယ်။

ကျောင်းချိန်က ယူတဲ့ ဘာသာရပ်အပေါ်မူတည်တော့ အလှည့်ကျထိုင်ပေးနိုင်ကြတယ်။ အတန်းမပျက်ဘူး။

ကိုယ်ယူမယ့် ဘွဲ့တစ်ခုအတွက် အဓိကဘာသာရပ် ၅ခုရှိမယ်ဆိုပါတော့။ စိတ်ကြိုက် ဘာသာရပ်က တကယ်ပဲ သတ်မှတ်ပေးထားတဲ့ ဘာသာတွေထဲက ကိုယ်ကြိုက်တဲ့ ဘာသာကိုယ် ယူနိုင်တယ်။ တစ်ဦးနဲ့တစ်ဦးမတူဘူး။ ဘာသာစကား တစ်ခုခုနဲ့ ဘွဲ့ယူသူတောင် စိတ်ကြိုက်ဘာသာတွဲစနစ်အရ ဥပဒေ၊ စီးပွားရေး၊ အိုင်တီ တို့ကို သင်ခွင့်ရတယ်။ အဓိက ဘာသာတွဲတောင် ပထမနှစ်ဝက် ဘယ်ဘာသာယူမယ်။ ဒုတိယ နှစ်ဝက်မှာ ဘယ်ဘာသာ ယူမယ် ရွေးချယ် ခွင့်ရှိတယ်။ ဒီကပညာရေးလို ဒါပဲ သင်ရမယ်လို့ ကျပ်မထားဘူး။ ဘယ်အချိန်ကနေ ဘယ်အချိန်အထိ ကျောင်းချိန်ဆိုတဲ့ တရားသေ၀ါဒလည်းမရှိဘူး။ ဒါ့ကြောင့် ကျောင်းချိန်မထိခိုက်ပဲ ဆောင်ရွက် နိုင်ကြတယ်။

အဲအဖွဲ့တွေမှာ ကိုယ်ဝါသနာပါရာ ရွေးချယ် ပါဝင် လှုပ်ရှားကြတော့ကာ ကျောင်းစာ အပြင် ပြင်ပဗဟုသုတတွေလည်းစုံလာကြတယ်။ စေတနာရှင်(လူမှု၊ပညာ) အသင်းအဖွဲ့တွေလည်းရှိတော့ အဲကတည်းက လူမှုအသိစိတ်ဓါတ်တွေ ပျိုးထောင်လာနိုင်ကြတယ်။

မြန်မာနိုင်ငံမှာတော့ဗျာ ပညာရေးမှာ အားနည်းချက်တွေများနေတော့ နိုင်ရေးကစား ကွက်ကို ကျောင်းတွေမှာ ဖော်နေတာဟာ နိုင်ငံရေးသမား မပီသပါဘူး။ အနာဂတ်ရဲ့ ခေါင်းဆောင်တွေကို အရောင်မဆိုးကြပဲ စစ်မှန်တဲ့ ပညာရေးစနစ်တစ်ရပ် ပေါ်ထွန်းလာစေဘို့ ၀ိုင်းကူကြရအောင်လားဗျာ။

No comments:

Post a Comment