အတင်းတံဆိပ်မကပ်ပဲ
ပြည်သူတို့၏နှလုံးသည်းပွတ်ကို သိမ်းကြုံးယူနိုင်ဖို့ မဟာဗျူဟာ
ချနိုင်သင့်တယ်လို့ မြင်ပါတယ်။ Political Marketing ကို နားလည်ရင် ကျနော်
ပြောတာကို နားလည် ပေးနိုင်မယ် ထင်ပါတယ်။ နို့မို့ရင်တော့ ကျနော့်ကို
ဆဲချင်မှာပဲ။
ပြည်သူတွေက (အများစုမှာ အတိုက်အခံ အုပ်စုက) ကြံ့ဖွတ်လို့ ခေါ်တာကို ပါတီတွင်း စည်းကမ်းထိန်းသိမ်းရေး၊ ပြီးတော့ follow up system နဲ့ မထိန်းကြောင်းနိုင်သေးရင် ဖော်ရှိုးတွေ များနေရင် “ထင်သာထင် မ၀င်ဘူး ကျောင်းအမရေ” လို့ ပြောရပါလိမ့်မယ်။ ယခင်ခေတ်က အတွေးအမြင်လောက်နဲ့ လုပ်လို့ မရတော့ဘူးဆိုတာ သဘောပေါက်ရမယ့် အချိန်၊ ပြောင်းလဲ ရမယ့်အချိန်ပါ။
NLD ကို ဘာလို့ မွတ်ဒေါင်းပါတီ အခေါ်ခံနေရလဲ။ ပြည်ခိုင်ဖြိုးကို ဘာလို့ ကြံ့ဖွတ် အခေါ်ခံနေရလဲ။ တစ်နေရာတည်းမဟုတ်ပဲ တစ်ကွက်ကောင်းမဟုတ်ပဲ ဘက်ပေါင်းစုံကနေ Vision ( Bird Eye View) နဲ့ ကြည့်မြင်တတ်ပြီး ခေါက်ရိုး ကျိုးနေတာကနေ ခွဲထွက်သင့်ပါပြီ။
အပေါ်ကလည်း လက်တွေ့ အပြောင်းအလဲနဲ့ စံနမူနာကောင်းတွေ ပြသပေးနိုင်ရမယ့် အချိန်ဖြစ်သလို အောက်ပိုင်းကလည်း လိုက်ပြောင်းနိုင်ရပါမယ်။ ကနေ့ထိ အပေါ်မှာ ပြည်သူ သန်း ၆၀ ရှေ့က မားမားရပ်ရဲတဲ့သူ ဘယ်နှစ်ယောက်ရှိပြီလဲ။ လက်ချိုးရေတွက်လို့ရပါတယ်။
မုံရွာမှာဖြစ်သွားတဲ့ ဖုန်းချပေးဖို့ ကြံခိုင်ရေး အမတ်က တွန်းအားပေးတာမျိုးဟာ အရင်ခေတ်က ငါကြံ့ဖွံ့ကွဆိုတဲ့ အချိုးကို မပြင်နိုင်ကြသေးတာ ပေါ်လွင်နေပါတယ်။ တစ်ခြားမြို့နယ်တွေမှာ ဖြစ်ခဲ့တဲ့ ကိစ္စတွေလည်း အမျိုးစုံလင်စွာ ရှိနေပါသေး တယ်။ အော်တိုကရေစီ ဆန်ဆန် လုပ်ရပ်တွေ အတွေးတွေ အမြင်တွေကို အရင်ပြောင်းနိုင်ရပါမယ်။
နိုင်ငံရေးလုပ်တယ်ဆိုတာ ပြည်သူကို ပေးဆပ်တာပါ။ ပြည်သူ့အကျိုးကို ရှေ့တန်းတင်ရတာပါ။ လိုအပ်ရင် ကိုယ်က အနစ်နာ ခံရတာပါ။ အခု ပါတီတွေကို ကြည့်လိုက်ရင် အတွေးတိမ်မှု၊ အတ္တလွန်ကဲမှုတွေ ဒင်းကြမ်းနဲ့ ချီတက်နေကြတာ အတော် များများ တွေ့နေရပါတယ်။ ပြည်သူ့အတွက်ဆိုပါရဲ့ ပြည်သူက အမြင်မတူလို ငြိမ်းချမ်း စွာ ဆန္ဒပြတာကို အမေကို မချစ်ရကောင်းလားဆိုပြီး ဆင်းရိုက်တဲ့ပါတီ၊ ငါအာဏာရပါတီကကွဆိုပြီး အာဏာပြနေတဲ့ပါတီ (အချို့ကတော့ လေးစားထိုက် ပါတယ်။)၊ ငါနိုင်ငံရေးသမားကွဆိုပြီး ပြည်သူကို လူလို မဆက်ဆံကြတဲ့ ပါတီ စသည်ဖြင့် ပြောရရင် မကုန်နိုင်ပါဘူး။
ဦးတင်အေး ထောက်ပြခဲ့တာတွေကို ဘယ်လောက်အထိပြုပြင် နိုင်ခဲ့ပြီလဲ ပြန် သုံးသပ်နိုင်သင့်ပါတယ်။ မွန်ကထင်ပါတယ် မြို့နယ် ပြည်ခိုင်ဖြိုး ခေါင်းဆောင် တစ်ယောက်ပြောသွားတာလေးမှာ မနက်ဖြန် ကြားဖြတ်ရွေးကောက်ပွဲလုပ်တော့မယ် ဒီနေ့ ထရန်စဖော်မာ သွားဖွင့်ပေးတယ်။ ဒါပေမယ့် မဲအပြတ်အသတ်နဲ့ ရှုံးခဲ့တယ် ဆိုတာလေးဟာ သာမန်တွေးရင် ဘာမှမဟုတ်ပါဘူး။ ဒီ အင်ဖော်မေးရှင်းကို အသုံးချတတ်တဲ့ Vision ရှိရင်တော့ ဒါဟာ သင်ခန်းစာကောင်း တစ်ခု ဖြစ်သလို ဗျူဟာမြောက် လုပ်ဆောင်နိုင်မယ့် အချက်တွေကို မြင်လာနိုင်ပါ တယ်။ ဖေါ်ဆောင် လာနိုင်ပါမယ်။
ဘယ်ကိစ္စမဆို ဘယ်လောက်သွားသွား ဘယ်လောက်လုပ်လုပ် အရွေ့ ဇီးရိုးဆိုရင် အလုပ်မပြီးမြောက်ပါဘူး။ ကိုယ်ကတော့ ငါတကယ်ကို အလုပ်လုပ်နေတာလို့ ထင်နေတတ်ပါတယ်။ ဒီနေ့ခေတ်မှာ Outcome, Result ကို ရအောင်လုပ်ရတာ ပါ။ စေတနာကို နားလည်နိုင်ကြပါစေ။

No comments:
Post a Comment