Labels

Wednesday, January 8, 2014

မြန်မာနိုင်ငံကြုံတွေ့နေရသည့် crisis များ



ဝန်ထမ်းလစာ တိုးမှုတွေ၊ အလုပ်သမား အခွင့်အရေး သတ်မှတ်မှုတွေ၊ မြို့ပြစီမံကိန်းဆိုတာတွေ ကို ဆောင်ရွက် နေတယ် ဆိုပေမယ့် ခြေအေးဝမ်းယောင် အကောင်အထည်ဖော်မှုတွေက socio- economic crisis အတွက် မျက်မမြင် ပုဏ္ဏားခြောက်ယောက် ဆင်စမ်းပုံ ဖြစ် နေတယ်။

သမ္မတ ကိုယ်တိုင် ဦးဆောင်လို့ တစ်မျိုး၊ အခြား အခြားသောသူတွေနဲ့ တစ်မျိုး ကော်မတီတွေ အမျိုးမျိုးဖွဲ့ကာ၊ ဆင်းရဲမွဲတေမှု ပပျောက်ရေးစလို့ ခေါင်း စဉ်တွေ အမျိုးမျိုး တတ်ထားပေမယ့် မည်မည်ရရ အကောင်အထည် ပေါ်လာ တယ်ဆိုရုံဖြစ်တဲ့ တန်ဖိုးနည်းဖုန်း၊ အသေးစား ချေးငွေ စတာတွေ မှာတောင် ပြဿနာတွေ ရှင်းမနိုင် ပေါ်နေတာဟာ လည်း capacity crisis ရဲ့ စိုးရိမ်ရေမှတ် ရောက်ရှိနေ မှုကို ညွှန်းနေတယ်။

စကားတွေသာ အဖတ်တင်ဖောင်း ပွနေတဲ့ ပြည်တွင်းတည်ငြိမ်ရေး ငြိမ်း ချမ်းရေးဖြစ်စဉ်တွေဟာ ရှေ့တစ် လှမ်းတိုး ယောင်ယောင်၊ နောက်တစ်လှမ်းဆုတ် ယောင်ယောင်နဲ့ပဲ သုံးရာသီ တစ်ပတ် လည်လာ တာ။ ကောက်ရိုး မီးလို ဘယ်ထောင့်က လောင်ဦးမယ်ဆိုတာ သတိရှိနေရတဲ့ ပဋိပက္ခ ညှော်နံ့ တလူလူ။ တစ်နေ့ လေးပွဲပြတဲ့ ရုပ်ရှင်ရုံလို ထောင် တံခါးဝကနေ လူဟောင်းတွေ ရုံခါနေ ပေမယ့် လူသစ်တွေ ရိုက်သွင်းနေတဲ့ ဥပဒေတွေ။ ထိုထိုသော အကြောင်းများ ရဲ့ ဘူမိနက်သန် ၂၀၀၈ ဖွဲ့စည်းပုံ ပြင် ဆင်ရေးလွန်ဆွဲပွဲချိန်ခွင်လျှာ သရုပ်ပြ တွေ။ ဒါတွေဟာလည်း security crisis ပေါက်ပြဲယိုယွင်းနေဆဲ ဆိုတာ ကို သိသာနေစေတယ်။

ဒီလိုနဲ့ ၂၀၁၃ ဟာ စနစ်၊ ဥပဒေ၊ လူ သုံးဖြာသုံးမြွာရဲ့ legi democracy crisis အစီးအနင်းကြောင့် မျက်ကလူး ဆန်ပျာ ခေတ်ကြီးကို ဖြတ်သန်းပြီးပြည် သူတွေရဲ့ အထွေထွေကျပ်တည်းမှုဝန်ထုပ်ဝန်ပိုးကြီးကို အဲဒီခေတ်ထဲ မှာပဲ ပစ်ထားရစ်ခဲ့တယ်။ သက္ကရာဇ်တွေရဲ့ ရိုးရာအဖြစ် နောက်ထပ်ပြက်္ခဒိန်စာရွက်တွေ တစ်ရွက်ပြီးတစ်ရွက် အကူး အပြောင်း ကတော့ အစဉ်လာမပျက်စတမ်း လာ လေဦးမပေါ့။

 အပတ်စဉ်ထုတ် သံတော်ဆင့်ဂျာနယ်ပါ ထက်ခေါင်မင်း၏ “ထွက်ခွာသွားပြီးနောက် ကျကျန်ခဲ့တာတွေ” ဆောင်းပါးမှ ကောက်နှုတ်ဖေါ်ပြပါသည်။

No comments:

Post a Comment