မနေ့ညက ပို့စ်တင်တာမရ။ ပေါက်ကွဲ ကြေကွဲ ၀မ်းနည်းခဲ့ရတဲ့ ည။ အထီးကျန်စွာ တစ်ယောက်တည်း ဖြတ်သန်းခဲ့ရတဲ့ ည။
မိသားစုအတွက် စီပီကြက်ကင်နဲ့ အသားကင်တွေသွားပို့ပေးပြီး ဖောင်ကြီးရွာထဲက သီဟမှာ ဘီယာဝင်သောက်ပြီးနှစ်သစ်ကို ကြိုဆို။ သူငယ်ချင်းများလာတွေ့။ ည ၁၁ နာရီ အကျော်မှာ ပြန်ခဲ့။ ၁၁း၄၅ မှာ လှည်းကူးပြန်ရောက်။ ချမ်းစိမ်တဲ့ ဖောင်ကြီး လှည်းကူး ကတ္တရာ လမ်းမမှာ တစ်ယောက်တည်း ဆိုင်ကယ်စီးရင်း ရင်မှာနာကြင်စွာ ခံစားခဲ့ရ။
ပြင်းပြင်းထန်ထန် လက်တုန့်ပြန်ရန် ဆုံးဖြတ် သစ္စာပြုခဲ့တဲ့ ည။ လုပ်ပိုင်ခွင့်နဲ့ အာဏာကို အလွဲသုံးစားပြီး စည်းမျဉ်းစည်းကမ်း ဥပဒေတွေကို ချိုးဖောက်၊ မိုးခါးရေ မသောက်ခဲ့တဲ့ ငါ့ကို၊ ကျန်တဲ့ Vacancy တစ်နေရာ ကျန်တာကို ပေးမယ်လို့ ညှိတာကို လက်မခံခဲ့ပဲ ဆက်လက် တိုက်ပွဲဝင်ခဲ့တဲ့ ငါ့ကို မတရား Dismiss လုပ်ရုံနဲ့ အားမရ မိသားစုနဲ့ ဝေးကွာစေဖို့ တက္ကသိုလ်ကပါ နှင်ထုတ်ခဲ့တဲ့ ရာထူးဝန် ဥက္ကဌနဲ့ အဖွဲဝင်တစ်ဦး ဖောင်ကြီးက ၀န်ထမ်း ခရိုနီ မ ၃ ယောက်ကို လက်တုန့်မပြန်ရမခြင်း ငါမကြေ။
သင်းတို့ရဲ့ မတရားမှုတွေအတွက် နှစ်ဆ ပြန်ပေးဆပ်စေရမယ်။ ၂၀၁၄ နှစ်သစ်တွင် ငါ့ရဲ့ တိုက်ပွဲခေါ်သံနဲ့ လက်တုန့်ပြန်မှု အရှိန်အဟုန် မြှင့်တင်ဖို့ ငါ သန္နိဌာန် ပြုပါ၏။

No comments:
Post a Comment